အခန်း ၈၉၄
Vol. 60 Ch. 894
အခန်း (၈၉၄) နေဝင်ဆည်းဆာခေတ်၊ ဟင်းလင်းပြင် စတုတ္ထအလွှာ (အပိုင်း-၂)
နှစ်လ အကြာတွင်
လုံမင် မျိုးနွယ်စု နှင့် အခြားသော မိစ္ဆာမျိုးနွယ်စု ဝင်များသည် လူယောင်ဖန်ဆင်းကာ ချန်ကု အင်မော်တယ်မြို့တော် ၏ နယ်မြေများအတွင်း လှည့်လည်သွားလာ နေကြ၏။ လူသားမျိုးနွယ်စု မှ ပါရမီရှင်များကို ဗြောင်ကျကျ ရန်စကာ... ပြဿနာပေါင်းများစွာကို ဖန်တီးခဲ့ကြသည်။ လူသား ကျင့်ကြံသူ များစွာမှာ ဒေါသထွက်လွန်းသော်လည်း မည်သူမှ မပြောရဲ မဆိုရဲ ဖြစ်နေခဲ့ကြရ၏။
ချန်ကု အင်မော်တယ်မြို့တော် သည် အမှောင်ထုခေတ် တစ်ခုသို့ တရားဝင် ရောက်ရှိသွားခဲ့လေပြီ။
...
မြေကမ္ဘာအင်မော်တယ်စံအိမ်။
စုယွီက တာအိုဆရာ ဟုန်ယွဲ့၊ ရွှေဝိညာဉ် ရေနဂါး မိစ္ဆာ အရှင်သခင် (ရွှေဝိညာဉ် မိစ္ဆာအရှင်သခင်)၊ ဖန်ရှောင်၊ တာအိုဆရာ ထျန်းယွီ နှင့် ဟွမ်ကျူး တို့ကို မြေကမ္ဘာ လျှို့ဝှက်နယ်မြေ သို့ ခေါ်ယူလိုက်ပြီး... ချန်ကု အင်မော်တယ်မြို့တော် ၏ နယ်မြေများအတွင်း ဖြစ်ပေါ်နေသော အပြောင်းအလဲများကို ဆွေးနွေးခဲ့ကြ၏။
စုယွီက ချန်ကု အင်မော်တယ်မြို့တော် ၏ နယ်မြေများအတွင်း ဖြစ်ပေါ်နေသော အပြောင်းအလဲများကို ရှင်းပြလိုက်သောအခါ... တာအိုဆရာ ဟုန်ယွဲ့၊ ရွှေဝိညာဉ် ရေနဂါး မိစ္ဆာ အရှင်သခင် နှင့် အခြားသူများ၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
ဤသတင်းများကို စုယွီ မည်သို့ ရရှိလာခဲ့မှန်း သူတို့ မသိသော်ငြားလည်း... စုယွီ၏ သတင်းအချက်အလက် မှန်ကန်မှုက သံသယ ဝင်စရာ မရှိပါ။
တာအိုဆရာ ဟုန်ယွဲ့ ၏ မျက်နှာအမူအရာမှာ အလွန်အမင်း လေးနက်သွားပြီး လေးနက်သော လေသံဖြင့် ပြောလိုက်၏။
"ချန်ကု အင်မော်တယ်မြို့တော် ရဲ့ အဓိက ကျင့်ကြံခြင်း မျိုးနွယ်စုကြီး ငါးခုကို... အမိန့်တွေကို နာခံပြီး မိစ္ဆာမျိုးနွယ်စု အပေါ် ထားရှိတဲ့ သူတို့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲသွားအောင် လုပ်နိုင်တဲ့သူဟာ... သေချာပေါက် သာမန်လူ မဟုတ်ဘူး... တာအို ပေါင်းစည်း အဆင့်..."
တာအိုဆရာ ဟုန်ယွဲ့ က ဆက်မပြောတော့သော်လည်း... စုယွီ နှင့် အခြားသူများက သူ ဆိုလိုသည်ကို နားလည်လိုက်ကြသည်။
ဖြစ်နိုင်ခြေ အများဆုံးကတော့... တာအို ပေါင်းစည်း အဆင့် မှာ ရှိတဲ့ လူသားမျိုးနွယ်စု က စွမ်းအားရှင် တစ်ပါး ပေါ်လာတာပဲ။
ထိုကဲ့သို့သော ပုဂ္ဂိုလ်၏ အမိန့်ပေးမှုအောက်တွင်... ထူးခြားသော အဆင့်အတန်း တစ်ခုခု ရှိနေနိုင်သောကြောင့်... ချန်ကု အင်မော်တယ်မြို့တော် ၏ အဓိက ကျင့်ကြံခြင်း မျိုးနွယ်စုကြီး ငါးခုက သူ၏ အမိန့်ကို ဖီဆန်ရဲပါမည်လော။
ထိုကဲ့သို့သော တည်ရှိမှုမျိုးနှင့် ရင်ဆိုင်ရချိန်တွင်... ချန်ကု အင်မော်တယ်မြို့တော် ၏ အဓိက ကျင့်ကြံခြင်း မျိုးနွယ်စုကြီး ငါးခုက အညံ့ခံရန် ရွေးချယ်ခဲ့ကြသည်မှာ ထင်ရှားလှသည်။
ဒါဆိုရင်... ဒီအမိန့်တွေက ချန်ကု အင်မော်တယ်မြို့တော် ရဲ့ နယ်မြေ ပြင်ပမှာ ရှိတဲ့ သူတို့အပေါ်ကိုရော သက်ရောက်မှု ရှိနိုင်မလား။
အကယ်၍ ထိုသူ၏ အမိန့်ကျလာခဲ့မည် ဆိုပါက... တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ အနေဖြင့် မည်သို့ တုံ့ပြန်သင့်သနည်း။
တာအိုဆရာ ထျန်းယွီ ၏ မျက်နှာအမူအရာက အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက် လေသံတိုးတိုးဖြင့် ပြောလိုက်၏။
"ရွှမ်လိပ် ပင်လယ် မျိုးနွယ်စု ရဲ့ ပင်လယ် နယ်မြေကနေ လှုပ်ရှားမှုတွေ ရှိနေပြီ... သူတို့က ငါတို့ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ ကို အမှန်တကယ် တိုက်ခိုက်ဖို့ ရွေးချယ်တာ ဖြစ်နိုင်ခြေ များတယ်"
ဒီလိုအချိန်မှာ... ချန်ကု အင်မော်တယ်မြို့တော် ကနေ ဒီလိုသတင်းတွေ ထွက်ပေါ်လာတော့... သူတို့ ဆက်ပြီး တိုက်ခိုက်ရဲပါဦးမလား။
ရွှေဝိညာဉ် ရေနဂါး မိစ္ဆာ အရှင်သခင် က မိန်းမလှ တစ်ဦး အဖြစ် အသွင်ပြောင်းကာ တာအိုဆရာ ဟုန်ယွဲ့ ၏ ဘေးတွင် ရပ်နေသည်။ သူမက သူမ၏ ကိုယ်ပိုင် ရေနဂါး အကြေးခွံ ချပ်ဝတ် မှ ဖန်တီးထားသော ရွှေရောင် ဂါဝန်ရှည် ကို ဝတ်ဆင်ထား၏။ အရပ်မြင့်ကာ အထက်တန်းကျပြီး ညို့ငင်နိုင်စွမ်း ရှိသည့် အလှတရား ကို ပိုင်ဆိုင်ထားသည်။
ရွှေဝိညာဉ် ရေနဂါး မိစ္ဆာ အရှင်သခင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
"လူသားမျိုးနွယ်စု က အဲဒီ စွမ်းအားရှင် က... အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲနဲ့တော့ ဒီလို အမိန့်မျိုး ထုတ်ပြန်မှာ မဟုတ်ဘူး"
"ချန်ကု အင်မော်တယ်မြို့တော် ရဲ့ အဓိက ကျင့်ကြံခြင်း မျိုးနွယ်စုကြီး ငါးခု က ဒီလို ရွေးချယ်မှုမျိုး လုပ်ခဲ့တာဟာ သေချာပေါက် စဉ်းစား သုံးသပ်ပြီးမှ ဖြစ်လိမ့်မယ်... မဟုတ်ရင်... သူတို့ရဲ့ အင်အား နဲ့ နောက်ခံ အရဆိုရင်... ဒီလို လုပ်စရာ အကြောင်း မရှိဘူးလေ"
"ဒါကြောင့်... ငါတို့ အင်မော်တယ်ဂိုဏ်း တွေကလည်း ဒီအပြောင်းအလဲနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေပြီး... ငါတို့ရဲ့ အစွယ်တွေကို ခဏလောက် ရုပ်သိမ်းထားသင့်တယ်"
"အခြေအနေတွေ ပိုပြီး ရှင်းလင်းလာတဲ့ အခါ... ဒါမှမဟုတ် အဲဒီ နောက်ကွယ်က အကြောင်းရင်းကို ငါတို့ သိရတဲ့ အခါကျမှ... နောက်ထပ် ဘာလုပ်ရမလဲ ဆိုတာ ဆုံးဖြတ်လို့ ရနိုင်မယ်"
ထိုစကားကို ကြားသောအခါ ဖန်ရှောင် ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး လေသံတိုးတိုးဖြင့် မေးလိုက်၏။
"အကြီးအကဲ ရွှေဝိညာဉ်... မြေကမ္ဘာ အင်မော်တယ်စံအိမ် က ကျွန်မတို့ကရော မိစ္ဆာမျိုးနွယ်စု ကို အညံ့ခံရမယ်လို့ မျှော်လင့်ထားတာပါလား"
ဖန်ရှောင်အား ရွှေဝိညာဉ် ရေနဂါး မိစ္ဆာ အရှင်သခင် က အနည်းငယ် ခေါင်းယမ်းပြကာ ပြောလိုက်၏။
"ငါတို့က မိစ္ဆာမျိုးနွယ်စု ကို အညံ့ခံသင့်တယ်လို့ ငါ ဆိုလိုတာ မဟုတ်ဘူး... အင်မော်တယ်ဂိုဏ်း တွေ အနေနဲ့ လောလောဆယ်မှာ အနည်းငယ် ထိန်းချုပ်ထားသင့်တယ်လို့ ပြောတာပါ... မိစ္ဆာမျိုးနွယ်စု ကို စတင် တိုက်ခိုက်တာမျိုး မလုပ်ဘဲ... ကာကွယ်ရေး ဘက်ကိုပဲ အာရုံစိုက်ထားသင့်တယ်"
"ကျင့်ကြံခြင်း ကမ္ဘာ က အရမ်းကို ကျယ်ဝန်းပြီး ကြီးမားလှတယ်... ချန်ကျိုး နယ်မြေ ထဲမှာတောင်မှ ငါတို့ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ ဟာ ချန်ကု အင်မော်တယ်မြို့တော် ရဲ့ နယ်မြေ နဲ့ တွေးကြည့်လို့တောင် မရနိုင်လောက်အောင် အလှမ်းဝေးတယ်လေ"
"လူသားမျိုးနွယ်စု က အဲဒီ စွမ်းအားရှင် ဟာ ချန်ကျိုး နယ်မြေ ရဲ့ လူသား ကျင့်ကြံခြင်း ကမ္ဘာ တစ်ခုလုံးကို ထိန်းချုပ်ဖို့ ကြိုးစားလိမ့်မယ်လို့ သိပ်မထင်ရဘူး"
"ပြီးတော့ ချန်ကု အင်မော်တယ်မြို့တော် က ထုတ်ပြန်လိုက်တဲ့ အမိန့်ဟာ သူတို့ရဲ့ နယ်မြေ အတွင်းမှာပဲ သက်ရောက်မှု ရှိတာ... ချန်ကု အင်မော်တယ်မြို့တော် ရဲ့ အဓိက ကျင့်ကြံခြင်း မျိုးနွယ်စုကြီး ငါးခု ဟာ သူတို့ရဲ့ နယ်မြေ ပြင်ပ ကိစ္စတွေကို ဝင်ရောက် စွက်ဖက်ဖို့ စိတ်ဝင်စားမှု မရှိဘူး ဆိုတာ ရှင်းရှင်းလင်းလင်း ပြသနေတယ်"
"ဒါကို ကြည့်ရင်... ငါတို့ အနေနဲ့ မလိုအပ်ဘဲ အလျှော့ပေးဖို့ အကြောင်းမရှိဘူး... ခိုင်ခိုင်မာမာ ရပ်တည်သင့်တဲ့ နေရာမှာ အားနည်းပြစရာ မလိုဘူး"
ထို့နောက် တာအိုဆရာ ဟုန်ယွဲ့ က စုယွီကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး မေးလိုက်၏။
"ဂျူနီယာညီလေး... မင်း ဘယ်လိုထင်လဲ"
ခေတ္တမျှ စဉ်းစားပြီးနောက်... ရွှေဝိညာဉ် ရေနဂါး မိစ္ဆာ အရှင်သခင် ပြောခဲ့သည်များမှာ မိမိ ကိုယ်ပိုင် အတွေးများနှင့် ကိုက်ညီသည်ဟု စုယွီ ခံစားလိုက်ရသည်။
ချန်ကု အင်မော်တယ်မြို့တော် ၏ အဓိက ကျင့်ကြံခြင်း မျိုးနွယ်စုကြီး ငါးခု သည် အခြားသော ကျင့်ကြံခြင်း နယ်မြေများကို ထည့်သွင်း စဉ်းစားရန် ရည်ရွယ်ချက် လုံးဝ မရှိပေ။
ဤရည်ရွယ်ချက်မှာ အလွန် ရှင်းလင်း၏။ သူတို့က အခြားနေရာများကို စီမံခန့်ခွဲနိုင်စွမ်း မရှိသောကြောင့်တည်း။
သင် လုပ်သင့်တာကို သင် သင့်တော်သလိုသာ လုပ်ရမည်။
တာ့ချန် အနေဖြင့် ဤသတင်းကြောင့် ထိတ်လန့်နေရန် မလိုအပ်။ ထိုမျှမက ချန်ကု အင်မော်တယ်မြို့တော် မှ ထိုစွမ်းအားရှင်၏ လွှမ်းမိုးမှုသည် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ သို့ပင် မရောက်ရှိသေးချေ။
စဉ်းစား သုံးသပ်ပြီးနောက်... စုယွီက လေသံကို နှိမ့်ကာ ပြောလိုက်၏။
"အကြီးအကဲ ရွှေဝိညာဉ် ပြောတာ တော်တော်လေး မှန်ပါတယ်... အကြီးအကဲ ရွှေဝိညာဉ် ရဲ့ အကြံပြုချက်ကို ကျွန်တော် သဘောတူပါတယ်၊ စီနီယာအစ်ကိုကြီး"
"ဒါ့အပြင်... ကျွန်တော့်အထင် ရွှမ်လိပ် ပင်လယ် မျိုးနွယ်စု ကို အခက်အခဲတွေ မြင်အောင် လုပ်ပြီး... သူတို့ရဲ့ သဘောဆန္ဒ အလျောက် ရန်လိုမှု ရပ်တန့်ပြီးတော့... ဖူလင်း ပင်လယ် နယ်မြေ ရဲ့ အနက်ရှိုင်းဆုံး အပိုင်းကို ဆုတ်ခွာသွားအောင် လုပ်နိုင်မမယ် ထင်ပါရဲ့"
တာအိုဆရာ ဟုန်ယွဲ့၊ ရွှေဝိညာဉ် ရေနဂါး မိစ္ဆာ အရှင်သခင် နှင့် ဖန်ရှောင် တို့အားလုံး အံ့အားသင့်သွားကြပြီး စုယွီကို စူးစိုက်ကြည့်လိုက်ကြသည်။
တာအိုဆရာ ထျန်းယွီ ကတော့ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး လေသံတိုးတိုးဖြင့် သတိပေးလိုက်၏။
"ကိုယ့်ကိုယ်ကို အထင်မကြီးနဲ့ ကောင်လေး... ရွှမ်လိပ် ပင်လယ် မျိုးနွယ်စု နေထိုင်တဲ့ ပင်လယ် အနက်ပိုင်း ဆိုတာ မင်း အခုအချိန်မှာ သွားချင်တိုင်း သွားလို့ရတဲ့ နေရာ မဟုတ်ဘူး"
သို့သော် စုယွီက တာအိုဆရာ ဟုန်ယွဲ့ ကို ကြည့်ကာ ပြောလိုက်၏။
"စီနီယာအစ်ကိုကြီး... ဟင်းလင်းပြင် ကြေးအိုးငယ်လေး ကရော"
တာအိုဆရာ ဟုန်ယွဲ့ က အတွေး တစ်ချက်ဖြင့် ဟင်းလင်းပြင် ကြေးအိုးငယ်လေး ကို ဆင့်ခေါ်လိုက်ပြီး စုယွီကို ပြန်ပေးလိုက်၏။
တဆက်တည်း၌ သူက မျက်မှောင်ကြုတ်လျက် မေးလိုက်၏။
"ဂျူနီယာညီလေး... အဲဒီ နတ်ဘုရားပစ္စည်း ကို မင်း သုံးဖို့ စီစဉ်နေတာလား"
သူကိုယ်တိုင်ရော၊ တာအိုဆရာ ထျန်းယွီ၊ ရွှေဝိညာဉ် ရေနဂါး မိစ္ဆာ အရှင်သခင်၊ ဖန်ရှောင် နှင့် ဟွမ်ကျူး တို့ တစ်ယောက်မှ ထိုအချိန်က စုယွီ၏ အစစ်အမှန် စွမ်းအားကို မသိခဲ့ကြပေ။
စုယွီက ဟင်းလင်းပြင် ကြေးအိုးငယ်လေး ကို လှမ်းယူလိုက်၏။
ထိုအခိုက်အတန့်၌... သူ၏ ပတ်လည်ရှိ ဟင်းလင်းပြင် တာအိုနယ်ပယ် ၏ စွမ်းအားများ စုစည်းသွားကာ... ငွေရောင် ကြေးအိုးလေး က စုယွီနှင့် ခေတ္တမျှ ပေါင်းစပ်သွားသလို ဖြစ်သွားသည်။
စုယွီ၏ ပုံရိပ်သည်ပင်လျှင် ဟင်းလင်းပြင် ထဲသို့ ပေါင်းစပ်သွားသလို ရှိနေသည်။
စုယွီက တာအိုဆရာ ဟုန်ယွဲ့ ကို ကြည့်ကာ ပြုံးလိုက်၏။
"စီနီယာအစ်ကိုကြီး... တတ်နိုင်ရင် ကျွန်တော့်ကို ဖမ်းကြည့်ပါလား"
တာအိုဆရာ ဟုန်ယွဲ့ က ခေါင်းခါလိုက်ပြီး...
"ဂျူနီယာညီလေး... တော်တော့..."
သူ၏ စကားများ မဆုံးမီ... နောက်တစ်စက္ကန့်မှာပင် တာအိုဆရာ ဟုန်ယွဲ့ ၏ ပုံရိပ်က ရုတ်တရက် တဖျပ်ဖျပ် လင်းလက်သွား၏။ တဆက်တည်း၌ မဟာတာအို ၏ ခမ်းနားကြီးကျယ်သော အင်မော်တယ် အရှိန်အဝါကြီး တစ်ခုက စုယွီ အပေါ်သို့ မိုးကြိုးကဲ့သို့ ဖိကျလာသည်။
ဟင်းလင်းပြင် သည်ပင်လျှင် ထိုအခိုက်အတန့်၌ ခိုင်မာသွားသလို ဖြစ်သွားပြီး... စုယွီကို လွှမ်းခြုံကာ ဖိနှိပ်ထားသည့် လှောင်ချိုင့် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပါ၏။
သို့သော်... တာအိုဆရာ ဟုန်ယွဲ့ က စုယွီကို လက်ဖြင့် ဖမ်းဆုပ်ရန် လှမ်းလိုက်သောအခါ... ၎င်းက စုယွီ၏ ပုံရိပ်ကို ဖြတ်သန်းသွားသည်။
၎င်း၏ မူလနေရာတွင် ကျန်ရစ်ခဲ့သည်မှာ စုယွီ၏ နောက်ချန်ပုံရိပ် တစ်ခုသာ ဖြစ်သည်။
တာအိုဆရာ ဟုန်ယွဲ့ ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားရ၏။
သို့သော် နောက်တစ်စက္ကန့်မှာပင် သူက တုံ့ပြန်လိုက်ပြီး စုယွီနောက်သို့ လိုက်ရန် ဟင်းလင်းပြင် အတွင်းသို့ ပျောက်ကွယ်သွားသည်။
မူလဝိညာဉ်အဆင့် နဝမအလွှာ တွင်သာ ရှိနေသေးသော ဖန်ရှောင် မှာ... သူမ၏ မျက်စိရှေ့တွင် မှုန်ဝါးသွားသည်ကိုသာ ခံစားလိုက်ရပြီး... ထို့နောက် သူမ၏ ဆရာ နှင့် ဂျူနီယာ ဦးလေးငယ် တို့၏ ပုံရိပ်များ အတူတကွ ပျောက်ကွယ်သွားခဲ့သည်။
သူတို့၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လွန်းလှသဖြင့် ဖန်ရှောင် ပင်လျှင် အမီမလိုက်နိုင်ခဲ့ချေ။
စုယွီ နှင့် တာအိုဆရာ ဟုန်ယွဲ့ တို့ နှစ်ယောက်စလုံး ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း သူမ သိလိုက်ရချိန်တွင်... ဖန်ရှောင်၏ မျက်နှာမှာ အံ့ဩမှုကြောင့် ဖြူဖျော့သွားပြီး... သူမနေရာတွင်ပင် အေးခဲသွားသည်။
သူမ၏ ဆရာတွင် ထိုကဲ့သို့သော စွမ်းအား ရှိနေခြင်းက ပုံမှန်ပင်။
မည်သို့ပင်ဆိုစေ သူက ပကတိဟင်းလင်းပြင် အဆင့် တာအို သခင်ကြီး တစ်ပါး ဖြစ်ပြီး... သူမထက် အများကြီး သာလွန်နေသည် မဟုတ်ပါလား။
ဒါပေမယ့် ဂျူနီယာ ဦးလေးငယ် က...
သူ ဘယ်လိုလုပ် ဒီလောက် မြန်နေရတာလဲ။
ပြီးတော့ ဆရာက ဘာဖြစ်လို့ သူ့နောက်ကို ဟင်းလင်းပြင် ထဲအထိ လိုက်သွားရတာလဲ။
ဖန်ရှောင် သာမက... တာအိုဆရာ ထျန်းယွီ နှင့် ဟွမ်ကျူး တို့ပင် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
သူတို့ထဲမှ တစ်ယောက်က ဝိညာဉ်ခွဲထွက်အဆင့် ဒုတိယအလွှာ တွင် ရှိပြီး... နောက်တစ်ယောက်က အဆင့် (၅) အဆင့်နိမ့် ကျင့်ကြံဆင့် ဖြစ်၏။ နှစ်ယောက်စလုံးက မူလဝိညာဉ်အဆင့် ထက် များစွာ သာလွန်သော စွမ်းအား ရှိကြသည်။
သို့သော်ငြား...
"ငါ... အဲဒီကောင်လေး ဘယ်လို ပျောက်သွားလဲ ဆိုတာတောင် မမြင်လိုက်ရဘူး..."
တာအိုဆရာ ထျန်းယွီ သည် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် တစ်ပါး ဖြစ်နေသဖြင့်... သူ့ ဘဝကိုပင် စတင် သံသယ ဝင်လာတော့သည်။
'ငါက တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ မှ ထိပ်တန်း ကျင့်ကြံသူ တစ်ယောက် မဟုတ်ဘူးလား၊ အခုကျတော့ ဘယ်လိုဖြစ်လို့ ငါ့ရဲ့ တပည့်ကတောင် ငါ့ထက် သာလွန်နေရတာလဲ’
ထိုအမြန်နှုန်းက တာအိုဆရာ ထျန်းယွီ၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေပြီး သူ၏ ဆံပင်များကိုပင် ထောင်ထသွားစေသည်။
‘တကယ်လို့ ဒီကောင်လေး ကသာ ငါ့ကို တိုက်ခိုက်ခဲ့ရင် လခွမ်း...ငါ အချိန်မီ တုံ့ပြန်နိုင်ပါဦးမလား’
သူ့ဘေးရှိ ရွှေရောင် ရေနဂါး မိစ္ဆာ အရှင်သခင် ၏ မျက်နှာပေါ်တွင်လည်း အံ့အားသင့်ရိပ်များ ဖြတ်ပြေးသွား၏။ ထို့နောက် သူမ၏ မျက်ဝန်းများမှ ရွှေရောင် အလင်းတန်း တစ်ခု ဖြာထွက်လာကာ ဟင်းလင်းပြင် ကို ရုတ်တရက် ဖောက်ထွင်းမြင်နိုင်သလို... တာအိုဆရာ ဟုန်ယွဲ့ ၏ အရိပ်အယောင်ကို ရှာဖွေနေသည်။
ထွက်သက်ဝင်သက် အနည်းငယ် အတွင်း... တာအိုဆရာ ဟုန်ယွဲ့ က ဟင်းလင်းပြင် မှ ပြန်လည် ပေါ်ထွက်လာ၏။ သူ၏ မျက်နှာက အရောင်အသွေး စုံလင်သော မြင်ကွင်း တစ်ခု ဖြစ်နေသည်။ အံ့အားသင့်မှု နှင့် သက်သာရာရမှု အနည်းငယ် ရောနှောနေသော နီမြန်းမှု အချို့ ပင်။
သူ ပြန်လာသည်ကို မြင်သောအခါ တာအိုဆရာ ထျန်းယွီ က အလျင်အမြန် မေးလိုက်၏။
"ဟုန်ယွဲ့... ဘယ်လိုဖြစ်သွားလဲ... အဲဒီကောင်လေး ဘယ်မှာလဲ"
တာအိုဆရာ ဟုန်ယွဲ့ က ခေတ္တမျှ မှင်တက်သွားပြီးမှ သတိပြန်ဝင်လာကာ... အသံ အနည်းငယ် တုန်ရီစွာဖြင့် ပြောလိုက်၏။
"သူ... ဟင်းလင်းပြင် စတုတ္ထအလွှာ
ကို ဝင်သွားပြီ"
တာအိုဆရာ ထျန်းယွီ၊ ဟွမ်ကျူး နှင့် ဖန်ရှောင် တို့၏ စိတ်များ အားလုံး တစ်ပြိုင်နက်တည်း တဝီဝီ မြည်သွားကြသည်။
ဟင်းလင်းပြင် စတုတ္ထအလွှာ ။
အင်မော်တယ် တစ်သောင်းနန်းတော် ၏ တာအို သခင်ကြီး နှစ်ပါး က ဟင်းလင်းပြင် စတုတ္ထအလွှာ
သို့ ဝင်ရောက်သွားခဲ့ပြီး ပျောက်ဆုံးသွား၏။
ယနေ့တိုင်အောင် သူတို့၏ ကံကြမ္မာကို မသိရသေးချေ။
ရွှေရောင် ရေနဂါး မိစ္ဆာ အရှင်သခင် စကားပြောတော့မည့် အခိုက်တွင်... တာအိုဆရာ ဟုန်ယွဲ့ ၏ ဘေးရှိ ဟင်းလင်းပြင် တွန့်ခေါက်လာပြီး... နောက်တစ်စက္ကန့်မှာပင် စုယွီ ပြန်လည် ပေါ်ထွက်လာခဲ့၏။
စုယွီ၏ ဘေးတွင်... ငွေရောင် ကြေးအိုးလေး က ညင်သာစွာ တုန်ခါနေပြီး... ပြင်းထန်သော ဟင်းလင်းပြင် စွမ်းအား အရှိန်အဝါများ ထုတ်လွှတ်နေလေသည်။
မှော်စွမ်းအား နှင့် ဝိညာဉ် စွမ်းအား များစွာ ကုန်ဆုံးသွားခြင်းကြောင့် စုယွီ၏ မျက်နှာက အနည်းငယ် ဖြူရော်နေ၏။
သူက တာအိုဆရာ ဟုန်ယွဲ့ ကို အသာအယာ ပြုံးပြလိုက်၏။
"စီနီယာအစ်ကိုကြီး... ဘယ်လိုထင်ပါသလဲ"
တာအိုဆရာ ထျန်းယွီ က သူ့ကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက်... အရှေ့သို့ ပြေးထွက်လာကာ ဒေါသ နှင့် စိုးရိမ်မှု နှစ်ခုစလုံးဖြင့် ကျိန်ဆဲလိုက်၏။
"ခွေးသားလေး... မင်း တကယ်ပဲ အတင့်ရဲလာပြီပဲ... ဒီနေ့ ငါ မင်းကို သေချာပေါက် ပညာပေးရမယ်"
“ဝှီး…”
စုယွီ၏ ပုံရိပ်က ပြေးထွက်သွားပြီး... တာအိုဆရာ ထျန်းယွီ က ဒေါသတကြီးဖြင့် သူ့နောက်မှ လိုက်ဖမ်းကာ... သွားရင်းဖြင့် ကျိန်ဆဲနေသည်။
"ရပ်စမ်း... သောက်ကလေး..မပြေးနဲ့”