← Chapters

အခန်း ၃၄၇

Vol. 35 Ch. 347

အခန်း ၃၄၇

Vol. 35 Ch. 347

အခန်း ၃၄၇ - ထူးဆန်းသော ရနံ့

ဧကရာဇ်က တံခါးအပြင်ဘက်တွင် ဘယ်လောက်ကြာကြာ နားထောင်နေခဲ့မှန်း ကုမင်တာ့ မသိခဲ့သော်လည်း သူ၏ ကိုယ်ပိုင်အတန်းတွင် အခြားသူများနှင့် ကွာခြားသော်လည်း နေရာနှင့် မကိုက်ညီခြင်းမျိုးတော့ မရှိခဲ့ချေ။

ကုမင်တာ့ ဤနေရာကို တွေးမိသောအခါ သက်ပြင်းတစ်ချက် ချလိုက်တော့သည်။

ဧကရာဇ်သည် အပြင်ဘက်တွင် ရပ်မနေတော့ဘဲ အထဲသို့ ဝင်လာလေ၏။

"ကျုံးတယ်ရဲ့ အတန်းက တကယ်ကို ထူးခြားတာပဲ..."

ဧကရာဇ်က ချီးကျူးလိုက်သည်။

ကုမင်တာ့က ချက်ချင်း လက်ကမ်းကာ ပြောလိုက်လေ၏။

"အရှင်မင်းကြီးက ကျွန်တော်မျိုးကို အရေးကြီးတဲ့ တာဝန်တွေ ပေးအပ်ထားတာဆိုတော့ နည်းနည်းလေးမှ မပေါ့ဆရဲပါဘူး... ကျောင်းသားတွေကို တိုးတက်စေနိုင်တယ်ဆိုရင် ဒီခရီးက တန်တယ်လို့ ခံစားရမှာပါ..."

အတန်းထဲတွင် ပြဿနာရှာရန် အကြောင်းပြချက် ရှာနေခဲ့သော ဆရာကြီးဝူနှင့် နှိုင်းယှဉ်လျှင် သူ ဝန်ခံခဲ့သော တာဝန်များကို အလေးအနက်ထား ကိုင်တွယ်နေကြောင်း ကြားသောအခါ ဧကရာဇ်သည် အလွန်ကျေနပ်သွားတော့သည်။

နျိုနျိုလေးက ဘေးတွင်ရပ်နေပြီး မျက်လုံးများ ပြူးကျယ်ကာ နားမလည်သော မျက်နှာဖြင့် ဧကရာဇ်ကို ကြည့်နေလေ၏။

ဧကရာဇ်သည် သူမ ချစ်စရာကောင်းသည်ကို မြင်သောအခါ မထိန်းနိုင်တော့ပေ။ သူက လက်လှမ်းကာ သူမ၏ ဆံပင်လေးများကို ပွတ်သပ်ရင်း မေးလိုက်သည်။

"ဒီနေ့ ဖေဖေက သေချာ သင်ပေးလိုက်တာ... ဘာတွေ သင်ယူခဲ့ရလဲ..."

နျိုနျိုလေးက အားပါးတရ ခေါင်းညိတ်ပြပြီး ဂုဏ်ယူစွာဖြင့် ပြောလိုက်လေ၏။

"ဖေဖေ သေချာသင်ပေးတာကို သမီး မှတ်မိတယ်... ဖေဖေက ကျန့်ပေါ်ခယ့်သွမ့်ယွီယန် အကြောင်း ပြောပြတာ... "

ကောင်မလေးက ယနေ့ ဟောပြောပွဲ၏ အကြောင်းအရာကို တိုတိုတုတ်တုတ် ပြောပြလိုက်တော့သည်။ ကုမင်တာ့ ပြောသည်ဖြစ်စေ၊ အခြားကောင်မလေးများ ပြောသည်ဖြစ်စေ နျိုနျိုလေးက ခိုင်ခိုင်မာမာ မှတ်မိနေချေသည်။

လူတိုင်းက စာကြိုးစားသော ကလေးများကို သဘောကျကြပြီး ဧကရာဇ်သည်လည်း ချွင်းချက်မဟုတ်ပေ။ သူက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သော်လည်း သူက ပြောလိုက်သေးသည်။

"မင်းအဖေ ဒီမှာရှိနေတော့ မင်းလို မျောက်လေးကို ထိန်းနိုင်တာပေါ့..."

နျိုနျိုလေးက ထိုစကားကို ကြားသောအခါ ခါးသီးသော မျက်နှာဖြင့် ပြောလိုက်လေ၏။

" ဦးလေး... သမီးက မျောက် မဟုတ်ပါဘူး... သမီးက ယုန်လေးပါ..."

နျိုနျိုလေးသည် ယုန်နှစ်ဖွားဖြစ်ရာ သူမကိုယ်သူမ ယုန်လေးတစ်ကောင်အဖြစ် အမြဲတမ်း မှတ်ယူထားတော့သည်။

ထိုစကားကို ကြားပြီးနောက် ဧကရာဇ်က ထပ်မံရယ်မောခြင်းကို မထိန်းနိုင်တော့ပေ။

ကုမင်တာ့က ဘေးတွင်ရှိနေပြီး သမီးဖြစ်သူနှင့် ဧကရာဇ်တို့ ပေါင်းသင်းဆက်ဆံပုံကို ကြည့်ကာ သူ၏ ရင်ထဲတွင် စိတ်အေးသွားသော်လည်း အနည်းငယ် အချဉ်ပေါက်ခြင်းကို မထိန်းနိုင်တော့ချေ။ ဧကရာဇ်သည် ယခု ကြည့်ရသည်မှာ နျိုနျိုလေး၏ ဖခင်အရင်းထက် ပို၍ ဖခင်နှင့် တူနေပေသည်။

ချန်ရုံရှန်း ဝင်လာပြီး ဧကရာဇ်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်လေ၏။

"အရှင်မင်းကြီး... လော်မေ့ရန် ရဲ့ အနီးကပ်အစေခံဝင်လာပြီး ကျောင်းဆင်းပြီလားလို့ လာမေးပါတယ်... မိဖုရားက နျိုနျိုလေးကို ကျောင်းလာကြိုဖို့ စောင့်နေတာပါ..."

လော်မေ့ရန်သည် အတွင်းနှင့် အပြင်ကြား ကွာခြားချက်ကို သိရှိထားပေသည်။ ဤကျောင်းသို့ ကိုယ်တိုင် ဝင်ရန် သူမ မဝံ့ရဲခဲ့ချေ။ ထိုအစား သူမက အဝေးတွင် ရပ်နေခဲ့သည်။ ယနေ့တွင် သူမသည် အချိန်အကြာကြီး စောင့်ဆိုင်းနေရသဖြင့် သူမ၏ အနီးနားရှိ မိန်းမစိုးများကို စူးစမ်းရန် ဝင်ခွင့်ပြုလိုက်ရတော့သည်။

ယနေ့ ပိုင်စွန်းယွမ် အပြင်ဘက်ရှိ လေထုမှာ တည်ငြိမ်နေသဖြင့် ဧကရာဇ်၏ မြင့်မြတ်သော ရထားတော် ဤနေရာတွင် ရှိနေကြောင်း ပြင်ပလူများက မမြင်နိုင်ကြချေ။ လော်မေ့ရန်သည် ပုံမှန်အတိုင်းပင် မိန်းမစိုးငယ်ကို ဝင်ရောက်စုံစမ်းရန် တောင်းဆိုခဲ့လေ၏။

ဧကရာဇ်က ပေါ့ပေါ့ပါးပါး လက်ယမ်းပြကာ ပြောလိုက်သည်။

"ဒီလိုဆိုရင်တော့ နျိုနျို... မင်း ရှိုကန်းနန်းဆောင်ကို အရင်ပြန်သွားပါ... ဦးလေးက မင်းအဖေနဲ့ စကားနည်းနည်း ပြောစရာရှိလို့..."

ကုမင်တာ့နှင့် နျိုနျိုလေးတို့သည် ဖသားအဖနှစ်ဦး ရှားရှားပါးပါး ပြန်လည်ဆုံတွေ့ရခြင်း ဖြစ်ပေသည်။ သူတို့သည် ယခင်က သူတို့အကြောင်း အများကြီး ပြောခဲ့ပြီးဖြစ်ရာ ဤအချိန်တွင် တွန့်ဆုတ်နေမှုမှာ အလွန်အမင်း မပြင်းထန်တော့ချေ။

နျိုနျိုလေးက ခုန်ပေါက်ကာ လော်မေ့ရန်၏ အနားသို့ ပြေးသွားလေ၏။ သူမ၏ ရင်ခွင်ထဲသို့ မခုန်ဝင်မီမှာပင် သူမ၏ နှာခေါင်းလေး ရုတ်တရက် ရှုံ့သွားတော့သည်။

လော်မေ့ရန်က အလျင်အမြန် မေးလိုက်သည်။

"လိမ္မာတဲ့ကလေးလေး... ဒါက ဘာဖြစ်တာလဲ... ဘယ်နေရာက နေမကောင်းဖြစ်နေတာလဲ..."

နျိုနျိုလေးက ခေါင်းခါပြပြီး ပြောလိုက်လေ၏။

"အစ်မမေ့ရန်... ဒီနေ့ အစ်မကိုယ်ပေါ်က အနံ့က မွှေးပေမယ့် နည်းနည်း ထူးဆန်းနေတယ်..."

လော်မေ့ရန် ထိုစကားကို ကြားပြီးနောက် ထူးခြားချက် တစ်ခုမျှ သတိမပြုမိဘဲ ပြောလိုက်သည်။

"နန်းတွင်းက အမျိုးသမီးတွေ စုရုံးတဲ့နေ့မှာ အမွှေးတိုင် ထွန်းကြတယ်လေ... အဲ့ကလူတိုင်းက အမွှေးနံ့ မရတဲ့သူမှ မရှိတာ..."

"မတူဘူး... မနေ့က အမွှေးနံ့နဲ့ မတူဘူး... ဒီနေ့ အမွှေးနံ့ကို သမီး သိပ်မကြိုက်ဘူး... အနံ့ရပြီးတာနဲ့ ချက်ချင်း နေမကောင်းဖြစ်လာတယ်..."

လော်မေ့ရန်က ပြောလိုက်သည်။

"ဒါပေမဲ့ ဒီနေ့သုံးတဲ့ အမွှေးတိုင်နဲ့ မနေ့က သုံးတာ အတူတူပဲလေ..."

လော်မေ့ရန်သည်လည်း အစေခံကို လက်ယမ်းခေါ်လိုက်လေ၏။

အစေခံသည်လည်း အနားသို့လာကာ အနံ့ခံကြည့်ပြီးနောက် ပြောလိုက်သည်။

"သခင်မလေး... ကျွန်မရဲ့ နှာခေါင်းက သခင်မလေးလောက် အာရုံမခံနိုင်ဘူး... တကယ်ပဲ ဘာထူးဆန်းနေလဲဆိုတာ မသိပါဘူး..."

လော်မေ့ရန်က နျိုနျိုလေး၏ လက်ကို ကိုင်ကာ ပြောလိုက်လေ၏။

"လိမ္မာတဲ့ကလေးလေး... အစ်မက ဥယျာဉ်တော်ထဲကို ဖြတ်သွားရုံနဲ့ ခန္ဓာကိုယ်မှာ ပန်းရနံ့တချို့ စွန်းထင်းသွားပြီး အနံ့တွေ ရောထွေးသွားတာ ဖြစ်နိုင်ပါတယ်..."

နျိုနျိုလေးက မျက်မှောင်ကြုတ်နေဆဲပင်။

လော်မေ့ရန်က ကောင်မလေး လုံးဝ ရှုပ်ထွေးသွားသည့်ပုံစံကို ကြည့်ကာ ပြောလိုက်လေ၏။

"ကောင်းပါပြီ... ကောင်းပါပြီ... မင်း မကြိုက်ဘူးဆိုရင် အစ်မက နောင်ကျရင် ဒီအမွှေးတိုင်ကို မသုံးတော့ပါဘူး..."

ထိုစကားကို ကြားသောအခါ နျိုနျိုလေးသည် မျက်ခုံးများ အနည်းငယ် ပြေလျော့သွားပြီး လော်မေ့ရန်၏ လက်ကိုင်ကာ ရှိုကန်းနန်းဆောင်သို့ ပြန်သွားတော့သည်။

ပိုင်စွန်းယွမ် ခြံဝင်းအတွင်းတွင် ဧကရာဇ်က ကုမင်တာ့၏ စားပွဲပေါ်ရှိ စာအုပ်များကို ပေါ့ပေါ့ပါးပါး လှန်လှောကြည့်နေလေ၏။

ကုမင်တာ့သည် ကောင်မလေးများ၏ အမှန်တကယ် သင်ယူမှု တိုးတက်မှုကို မသိသဖြင့် စာအုပ်များစွာ ပြင်ဆင်ထားခဲ့ပေသည်။

"ပြင်ဆင်မှုရှိပြီး စာနာတတ်တာပဲ..."

ဧကရာဇ်က ချီးကျူးလိုက်သည်။

ဧကရာဇ်သည် မူလက ယာယီအကြံဉာဏ်တစ်ခု ရရှိခဲ့ပြီး ကုမင်တာ့အား မျိုးနွယ်စုမှ ကလေးများကို စာသင်ပေးရန် တောင်းဆိုခဲ့သည်။ ယခုအခါ ကောင်မလေးများ၏ ဟောပြောပွဲများကိုပင် သူက ပြင်ဆင်နေသည်ကို ကြည့်ပြီး ရတနာတစ်ခု ကောက်ရလိုက်သကဲ့သို့ ခံစားလိုက်ရချေသည်။

"မွန်းလွဲပိုင်း အတန်းအတွက်... ကုအိုက်ချင်း က ဘယ်လိုပြောဖို့ ပြင်ဆင်ထားလဲ..."

ဧကရာဇ်က မေးလိုက်လေ၏။

ကုမင်တာ့က ကိုယ်ကိုကိုင်းကာ ပြန်ဖြေလိုက်သည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုးက ငတုံးပါ… မနက်ပိုင်းက ကလေးမလေးတွေကိုတော့ ဒီလိုပဲ သင်ပေးနိုင်ခဲ့ပေမဲ့ မွန်းလွဲပိုင်း အတန်းကိုတော့ ကျွန်တော်မျိုး ဘယ်လိုစပြောရပါ့မလဲဘုရား..."

ဧကရာဇ် ထိုစကားကို ကြားသောအခါ မိန်းမောသွားတော့သည်။ ကောင်မလေးတစ်စုကို အနာဂတ် ဧကရာဇ်နှင့် ဘယ်လို နှိုင်းယှဉ်နိုင်မလဲဟု သူ ပြောချင်ခဲ့ပေသည်။

ကုမင်တာ့က ဆက်ပြောလိုက်သည်။

"အရှင်မင်းကြီး... လူတွေကို သင်ကြားပေးခြင်းရဲ့ နောက်ဆုံး ရည်မှန်းချက်က အသိပညာ ပမာဏ တိုးပွားလာဖို့ မဟုတ်ဘဲ စာအုပ်ထဲမှာ ပေးချင်တဲ့ အမှန်တရားကို နားလည်ဖို့နဲ့ ကျောင်းသားတွေကို သူတို့ ဘယ်လိုလူမျိုး ဖြစ်ချင်လဲဆိုတာ သိစေဖို့လို့ ဒီကဝန်ကြီးက အမြဲခံစားရပါတယ်..."

ဧကရာဇ်သည် တွေးတောခြင်း မပြုဘဲ မနေနိုင်တော့ချေ။

ကုမင်တာ့က လိမ်ပြောနေသည်ဟု သူ မထင်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ရှန်ချန်ဖုန်းက သက်ရှိ ဥပမာတစ်ခု ဖြစ်လေ၏။

ရှန်ချန်ဖုန်းသည် နံပါတ်တစ် ပညာရှင်ဖြစ်သော ကုမင်တာ့အား သူ၏ ဆရာအဖြစ် ကိုးကွယ်ပြီးနောက် ဤကလေးသည် ဆရာဖြစ်သူကဲ့သို့ အစိုးရစာမေးပွဲ လမ်းကြောင်းကို လျှောက်လှမ်းလာလိမ့်မည်ဟု လူတိုင်းက ထင်ခဲ့ကြသည်။ ကုမင်တာ့တွင် အမှန်တကယ် စွမ်းရည်ရှိမရှိနှင့် သစ်ဆွေးတုံးမှ ပန်းများကို ထွင်းထုနိုင်ခြင်း ရှိမရှိ သူတို့က စောင့်ကြည့်နေကြဆဲပင်။

အကယ်၍ ရှန်ချန်ဖုန်းသည် ကျောင်းသားတစ်ဦး ဖြစ်လာပါက လူတစ်ယောက်တည်း ဖြစ်လျှင်တောင်မှ မြို့တော်ရှိ လူများသည် ကုမင်တာ့ကို သန့်ရှင်းသော ဆရာနေရာသို့ ခေါ်ဆောင်သွားကြလိမ့်မည်။

ကုမင်တာ့တွင် အရည်အချင်းရှိသော်လည်း ဤစွမ်းရည်ကို မနစ်မြုပ်သွားစေရန် အရှင်မင်းကြီးက မြင်တွေ့ရန်ကြိုးစားရပေလိမ့်မည်။

ဧကရာဇ်က သူ့ကို ယခင်က ခေါ်ယူဖူးသော်လည်း အသေးစိတ်အချက်များစွာ ရှိနေခဲ့သည်။ ဧကရာဇ်က လုံးဝ မမြင်ခဲ့သလို သူကလည်း ကိုယ်တိုင် အစပျိုး၍ စကားမပြောနိုင်ခဲ့ချေ။

အတန်းတက်ပြီး အချိန်အနည်းငယ်အကြာတွင် သူသည် ဧကရာဇ်၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လိမ့်မည်ဟု မူလက ထင်ခဲ့လေ၏။

ထိုအချိန်က သူ၏ သင်ကြားရေးခံယူချက်များကို ဧကရာဇ်အား ရှင်းပြရန် အချိန်ကောင်းဖြစ်ပေသည်။

ကုမင်တာ့သည် နျိုနျိုလေးအပေါ် ဧကရာဇ်၏ ချစ်ခင်မှုကို လျှော့တွက်ခဲ့ပြီး ကျောင်းစတက်သည့် ပထမဆုံးနေ့မှာပင် သူက ဧကရာဇ်၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

သူသည် အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ အနုပညာ၊ ကုန်ပစ္စည်းတွေနဲ့ ဧကရာဇ်ရဲ့ မိသားစုအကြောင်း သင်ယူထားရသည်။

သူက ထိပ်တန်းနေရာအတွက် မယှဉ်ပြိုင်ချင်ဘူးဆိုရင် ဘာလို့ အရာရှိဖြစ်ဖို့ အစိုးရစာမေးပွဲ ဖြေဖို့ လိုအပ်မှာလဲ။

ကုမင်တာ့သည် သူ၏ ဇနီး၊ ကလေးများနှင့် မိသားစုကို ချစ်မြတ်နိုးသည်။ သူ၏ သားအရင်းသည် တားမြစ်နန်းတော်ထဲတွင် ရှိနေနိုင်ပြီး သူ၏ မွေးစားသမီးလေးက သူမ၏ ဘဝအတွေ့အကြုံမှ မိုးကြိုးတစ်စင်းကို ဖုံးကွယ်ထားဆဲပင်။ ဤအရာအားလုံးကို ကာကွယ်ရန် သူ့တွင် အာဏာလိုအပ်လေ၏။

သေချာသည်မှာ သူကိုယ်တိုင်က စိတ်သန့်ရှင်းပြီး ဆန္ဒနည်းပါးသူ မဟုတ်ချေ။

"ဧကရာဇ်ရဲ့ ရှေ့မှောက်မှာ သာမန်ဆရာတစ်ယောက် ဖြစ်ရတာ ဘာအသုံးကျမှာလဲ... သဘာဝကျကျ အခြားသူတွေနဲ့ ကွာခြားသင့်တယ်... အရင်က ဘာသာရပ်တွေ ဖွင့်လှစ်ရာမှာ ဖော်ပြခဲ့တဲ့ အမြင်တွေက အမြည်းတွေချည်းပါပဲ..."

"စိတ်ကောင်းရှိတဲ့သူတစ်ယောက်က သူ့ရဲ့ စစ်မှန်တဲ့ နှလုံးသားကို ထိန်းသိမ်းထားသရွေ့ လူတွေကို ကယ်တင်ဖို့အတွက် လူသတ်နည်းစနစ်တွေကို အသုံးပြုနိုင်တယ်... ဒါပေမဲ့ အဆိပ်ပြင်းတဲ့ နှလုံးသားရှိတဲ့သူက နေ့တိုင်း လူတွေကို ဖျောင်းဖျတဲ့ အနုပညာကို သင်ယူရင်တောင် တခြားသူတွေကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး... ကျွန်တော်မျိုးကို အရှင်မင်းကြီးက ကလေးတွေကို ပြုစုပျိုးထောင်ပေးဖို့နဲ့ စံပြအဖြစ် ကိုယ်တိုင် ပြုမူပြောဆို သင်ကြားပေးဖို့ တာဝန်ပေးအပ်ထားပေမဲ့ နောက်ဆုံးမှာတော့ ကျွန်တော်က လမ်းညွှန်ပေးရုံသာ တတ်နိုင်ပြီး သူ့ရဲ့ စစ်မှန်တဲ့ နှလုံးသားကို တုန်လှုပ်အောင် လုပ်ဖို့ ခက်ခဲပါတယ်..."

ကုမင်တာ့၏ မျက်လုံးများတွင် ရိုးသားမှုများ အပြည့်ဖြစ်နေတော့သည်။

ဧကရာဇ်သည် သူဆိုလိုသည်ကို သဘာဝကျစွာ နားလည်ပြီး ရှန်ချန်ဖုန်း၏ ဥပမာကို တွေးတောလိုက်လေ၏။ ကုမင်တာ့က ဆင်ခြေမပေးဘဲ လမ်းကြောင်းတစ်လျှောက်သာ ထွင်းထုနိုင်ပြီး လူဆိုးတစ်ယောက်ကို လူကောင်းတစ်ယောက်အဖြစ် မပြောင်းလဲနိုင်ကြောင်း ပြောခဲ့ပေသည်။

"ကုအိုက်ချင်းက အလုပ်လုပ်တယ်... ကိုယ်တော် စိတ်ချပါတယ်..."

ဧကရာဇ်၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲဖြစ်ပြီး မည်သည့် တိမ်းညွတ်မှုကိုမျှ မပြသခဲ့ချေ။

ကုမင်တာ့မှာ အလျင်မလိုဘဲ အသင့်တော်ဆုံး အမျိုးသားကို ရှာဖွေရာတွင် အရှင်မင်းကြီးကို ကူညီရန် အချိန်လုံလောက်စွာ ရှိနေပေသည်။

ချန်ရုံရှန်းသည် ဘုရင်နှင့် ဝန်ကြီးတို့ကြား စကားပြောဆိုမှုကို မနှောင့်ယှက်ချင်သော်လည်း ယခုအခါ သတင်းရရှိထားသဖြင့် သူ ဂရုမစိုက်နိုင်တော့ပေ။ သူက ဧကရာဇ်၏ နားနားသို့ အလျင်အမြန် သွားကာ တိုးတိုးလေး ပြောလိုက်လေ၏။

"အရှင်မင်းကြီး... ရှိုကန်းနန်းဆောင်မှာ တစ်ခုခု ဖြစ်နေပါတယ်..."

All Chapters