← Chapters

အခန်း (၅၁၆)

Vol. 49 Ch. 516

အခန်း (၅၁၆)

Vol. 49 Ch. 516

အခန်း (၅၁၆)- ကျန်းယွန်းရှီ ဤနေရာသို့ ရောက်ခဲ့သည်

ရေအောက်နန်းတော်ထဲ၌ ရေမြွေအကြီးအကဲသည် သူ၏ခန္ဓာကိုယ်ကို လှည့်ပတ်လှုပ်ရှားရင်း ရှေ့တွင် အဆုံးမရှိ စီးဆင်းနေသော ဝိညာဉ်မှင်စာငါးများကို ကြည့်ကာ ရက်စက်ကြမ်းကြုတ်မှု၊ စိတ်လှုပ်ရှားမှုတို့ဖြင့် ရေရွတ်နေ၏။

"ဒီအစီအစဉ် အောင်မြင်သွားရင် ငါရမယ့် ကောင်းမှုတွေနဲ့ ဌာနချုပ်ရဲ့ ဗဟိုကို ပြောင်းရွှေ့ခံရနိုင်တယ်၊ နောက်ဆုံးကျရင်... ဒီလောကထက် ကျော်လွန်ပြီး သူတို့ထဲက တစ်ယောက် တကယ်ကိုဖြစ်လာလိမ့်မယ်"

ထိုအတွေး ဝင်လာသည်နှင့် ရေမြွေအကြီးအကဲ၏ မျက်နှာအမူအရာသည် ရူးသွပ်မှုများ ပြည့်နှက်သွားလေ၏။

သွေးဆူးအဖွဲ့၏ နောက်ကွယ်တွင် ရှေးဟောင်းပြီး နားလည်ရခက်လောက်အောင် အစွမ်းထက်သော အဖွဲ့အစည်းကြီးတစ်ခု ရှိနေသည်။

၎င်းတို့နှင့် ပူးပေါင်းပါက သေခြင်းတရား သို့မဟုတ် ပျက်စီးခြင်း ကင်းဝေးပြီး ထာဝရရှင်သန်ခြင်းကို ရရှိသည်ဟု ဆိုကြ၏။

ထိုထာဝရရှင်သန်ခြင်းသည် ဝိညာဉ်မှင်စာများ၏ သက်တမ်းရှည်သောအခြေအနေမျိုးနှင့် မတူပေ။

အမှန်တော့ တောင်ပြာလောကနှင့် အခြားလောကများတွင် ဝိညာဉ်မှင်စာများ ပေါ်ထွက်လာခြင်းသည် ထိုလျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်း၏ စနက်မကင်းဟု ဆိုရမည်ဖြစ်သည်။

"အကြီးအကဲ... ဝိညာဉ်မှင်စာငါးတွေ အရှိန်အဟုန်နဲ့ ပွားများနေပါတယ်၊ အချိန်ကြာလာရင် ဒီဒေသတစ်ခုလုံး ဝိညာဉ်မှင်စာငါးတွေရဲ့ နားခိုရာနေရာ ဖြစ်လာပါလိမ့်မယ်"

မီးခိုးရောင်ဝတ်အကြီးအကဲက ရိုသေစွာ ပြောလိုက်၏။ သူ၏ ပြောင်းလဲနေသော ခန္ဓာကိုယ်တစ်ပိုင်းသည် ဝိညာဉ်မှင်စာတစ်ကောင်နှင့် ထူးဆန်းစွာ တူနေသည်။ သူ စကားပြောလိုက်သောအခါ မျက်နှာပေါ်ရှိ ပါးဟက်များက ပွင့်လိုက်ပိတ်လိုက် ဖြစ်နေသဖြင့် ကြောက်မက်ဖွယ် ရုပ်အဆင်းကို ဖြစ်ပေါ်စေ၏။

"ဒါပေမဲ့... မကြာသေးခင်က အသစ်ဖန်တီးထားတဲ့ ဝိညာဉ်မှင်စာငါး အများအပြား အသတ်ခံလိုက်ရတယ်လို့ ထင်ရပါတယ်၊ အချို့ကို ကောင်းကင်ဂိုဏ်းကတောင် ရှာတွေ့သွားပါပြီ"

မီးခိုးရောင်ဝတ်အကြီးအကဲ၏ အသံတွင် စိုးရိမ်စိတ်များ ပါဝင်နေ၏။

"ရှာတွေ့တော့ ဘာဖြစ်လဲ၊ ဒီလောက်များတဲ့ ဝိညာဉ်မှင်စာငါးတွေထဲက တချို့တလေသေတာ သဘာဝပဲ၊ ငါတို့ ဆက်ပြီး ထုတ်လုပ်နေသရွေ့ နည်းနည်းပါးပါးအသတ်ခံရတာ ဘာမှမဖြစ်ဘူး၊ ပင်လယ်ထဲကို ရေတစ်ခွက် သွန်ချလိုက်သလိုပဲ"

ရေမြွေအကြီးအကဲက ဂရုမစိုက်သလို ပြောလိုက်၏။

"အကြီးအကဲ ပြောတာ လုံးဝမှန်ပါတယ်"

မီးခိုးရောင်ဝတ်အကြီးအကဲက သဘောတူလိုက်သည်။

"ဒါနဲ့ ဘယ်လောက် အသတ်ခံရလို့လဲ... ခန့်မှန်းချေပြောစမ်း ၊ အကောင်အရာချီလောက်လား"

ရေမြွေအကြီးအကဲက ဝတ္တရားအရ ပေါ့ပေါ့ပါးပါး မေး၏။

"အနီးစပ်ဆုံးပြောရရင်.. ဟို..ခုနစ်သောင်းလောက်ပါ"

မီးခိုးရောင်ဝတ်အကြီးအကဲက ပြန်ဖြေသည်။

"သြော်...ခုနစ်ရာ... ဟမ်...နေဦး"

" ဘာကြီး ..ခုနစ်သောင်း ဟုတ်လား"

ရေမြွေအကြီးအကဲ၏ မျက်နှာကြီးက အံ့အားသင့်ကာ ပျက်ယွင်းသွား၏။

"ငါတို့လွှတ်လိုက်တဲ့ အကောင်အားလုံးနီးပါး သေကုန်တာလား၊ အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ထိုခုနစ်သောင်းသော ဝိညာဉ်မှင်စာငါးများသည် ရေနှင့်အလွန်ကိုက်ညီပြီး အလွန်ဖျတ်လတ်ကြ၏။ မြေကမ္ဘာအဆင့် လက်နက်သခင်တစ်ယောက်ပင် သူတို့အားလုံးကို သတ်ရန် ရုန်းကန်ရပေလိမ့်မည်။

"ပြောစမ်း...ဒါကို ဘယ်သူလုပ်တာလဲ"

ရေမြွေအကြီးအကဲက မေးလိုက်ရင်း သူ၏စိတ်ထဲတွင် မလုံခြုံမှုများ ဝင်ရောက်လာ၏။

"ကျွန်တော်မသိပါဘူး"

မီးခိုးရောင်ဝတ်အကြီးအကဲက ခေါင်းခါလျက် ပြန်ဖြေသည်။

"မမျှော်လင့်ထားတဲ့ အပြောင်းအလဲတစ်ခု ရှိနေတာလား"

ရေမြွေအကြီးအကဲ၏ မြွေ ခန္ဓာကိုယ်သည် ဂနာမငြိမ်နိုင်တော့ဘဲ လှုပ်ရှားနေ၏။ ထို့နောက် ခဏအကြာတွင် သူက ခေါင်းခါလိုက်သည်။

"ဝေလုံရွှန်းယွမ်က ပျက်စီးနေပြီ၊ နင်နိုင်ငံတော်မှာ အခုရှိတဲ့ အင်အားနဲ့ဆိုရင် ရေသခင်ကို ဘယ်သူမှ မခြိမ်းခြောက်နိုင်ဘူး၊ မမျှော်လင့်ထားတာတစ်ခုခု ဖြစ်လာရင်တောင် ဘာမှစိုးရိမ်စရာမရှိဘူး"

သူ့ကိုယ်သူ စိတ်သက်သာရာရစေပြီးနောက် ရေမြွေအကြီးအကဲသည် သက်ပြင်းချလိုက်၏။

ရေသခင်သည် သူ၏ နောက်ဆုံးဝှက်ဖဲ ဖြစ်သည်။

ရဲ့ရေကန်တွင် ရေသခင်သည် ငြင်းပယ်၍မရသော ဘုရင်ဖြစ်၏။

ဝေလုံရွှန်းယွမ်ကို ပြုပြင်မွမ်းမံခြင်း မရှိဘဲ ကောင်းကင်ဂိုဏ်း၏ တာအိုခေါင်းဆောင်ပင် ဤနေရာတွင် အောင်ပွဲရလိမ့်မည်မဟုတ်ပေ။

"ဒီနေရာကနေ ထွက်သွားတဲ့ ဝိညာဉ်မှင်စာငါးတွေကို ဆက်ပြီး စောင့်ကြည့်စမ်း၊ ပုံမှန်မဟုတ်တာတစ်ခုခု ဖြစ်ရင် ငါ့ကို ချက်ချင်း အကြောင်းကြား"

ရေမြွေအကြီးအကဲက အမိန့်ပေးလိုက်၏။

"နားလည်ပါပြီ... အကြီးအကဲ၊.."

ထိုအခိုက် မီးခိုးရောင်ဝတ်အကြီးအကဲမျက်နှာပျက်သွား၏ ။ သူက သတင်းကို ချက်ချင်းတင်ပြလိုက်သည်။

" သတင်းဆိုးပါ၊ ငါတို့အခုလေးတင် လွှတ်လိုက်တဲ့ ဝိညာဉ်မှင်စာငါး သုံးသောင်း... ပျောက်ကွယ်သွားပါပြီ"

"ဘာကွ"

"အခုတင်ပဲ နောက်ထပ် နှစ်သောင်းလည်း အသတ်ခံလိုက်ရပြန်ပါပြီ"

မီးခိုးရောင်ဝတ်အကြီးအကဲ၏ နဖူးတွင် ချွေးစေးများ ထွက်လာ၏။

ဤနေရာတွင် ဖန်တီးထားသော ဝိညာဉ်မှင်စာငါးများကို ရေစီးကြောင်းမှတစ်ဆင့် ရဲ့ရေကန်ထဲသို့ အမြဲမပြတ် ပို့လွှတ်နေခြင်း ဖြစ်သည်။ သူတို့၏ အရေအတွက်သည် သိန်းချီရှိ၏။

သို့သော် ယခုအခါ ထွက်ခွာသွားသော ငါးများသည် အုပ်စုလိုက် သတ်ဖြတ်ခြင်းကို ဆက်တိုက်ခံနေရသည်။

မီးခိုးရောင်ဝတ်အကြီးအကဲသည် ကြောက်ရွံ့လွန်းသဖြင့် တုန်ရင်နေ၏။ နားလည်၍မရသော စွမ်းအားတစ်ခုခုက ငါးထွက်ပေါက်တွင် စောင့်ဆိုင်းကာ ဝိညာဉ်မှင်စာငါးများ ထွက်လာသည်နှင့် သတ်ဖြတ်နေသကဲ့သို့ ဖြစ်နေသည်။

"သူတို့ ထွက်သွားတာနဲ့ အသတ်ခံရတာလို့ ထင်ရပါတယ်"

မီးခိုးရောင်ဝတ်အကြီးအကဲက နဖူးမှချွေးကို သုတ်ရင်း တုန်တုန်ရီရီ တင်ပြ၏။

ရေမြွေအကြီးအကဲ၏ မျက်နှာမှာ ညိုမှောင်သွားသည်။

"တစ်ယောက်ယောက်က ထွက်ပေါက်မှာ စောင့်နေတာလား၊ ဒါမှမဟုတ်... အခြားအကြောင်းရင်းတစ်ခုခု ရှိနေတာလား"

သူ စဉ်းစား၍ မရနိုင်တော့ပေ။

"သွားပြီး စစ်ဆေးကြည့်ရအောင်"

ရေမြွေအကြီးအကဲက ချက်ချင်းဆုံးဖြတ်လိုက်ပြီး မီးခိုးရောင်ဝတ်အကြီးအကဲကို ခေါ်ကာ ငါးထွက်ပေါက်ဆီသို့ ဦးတည်သွားတော့၏။

တစ်ချိန်တည်းမှာပင် ထိုထွက်ပေါက်၌ ကျန်းယွန်းရှီသည် လက်ထဲတွင် ဓားကို ကိုင်ထားရင်း မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်ကာ ရပ်နေ၏။

"ဝိညာဉ်မှင်စာတွေကို သတ်ရတာ ဒီလောက်လွယ်လိမ့်မယ်လို့ ငါမထင်ထားဘူး"

သူမသည် မလှုပ်မယှက် ရပ်နေပြီး ထွက်ပေါက်ရှိ ရေကန်ထဲသို့ သူမ၏ဓားကို ချထားရုံသာ လိုသည်။ထို့နောက် ဝိညာဉ်မှင်စာငါးများ ရေကန်ထဲသို့ ကူးခတ်လာသည်ကိုသာ စောင့်ဆိုင်းနေ၏။

ဓားထက်တွင် လျှပ်စီးများပတ်ခွေနေပြီး စဉ်ဆက်မပြတ် မြည်ဟည်းနေသည်။

ရေကန်ထဲသို့ ကူးခတ်လာသော ဝိညာဉ်မှင်စာငါးတိုင်းသည် လျှပ်စစ်ရှော့ခ်ဖြစ်ကာ သေဆုံးသွားပြီး သူတို့၏ အသက်မဲ့သော ခန္ဓာကိုယ်များသည် ရဲ့ရေကန်ထဲသို့ မျောပါသွားကြ၏။

"ဒါက တကယ့်စားဖိုမှူးတစ်ယောက်ရဲ့ လုပ်ရပ်ပဲ၊ လက်ထဲမှာ ဓားကိုကိုင်ပြီး ရဲ့ရေကန်ကြီးကို ဒယ်အိုးကြီးတစ်ခုလို ငါးကြော်နေတာ"

ကျိယွမ်က သဘောကျစွာ ပြောလိုက်၏။

"ငါးတွေကို လျှပ်စစ်နဲ့ သတ်နေရုံတင် မလုပ်နဲ့၊ အရည်အချင်းပြည့်မီတဲ့ စားဖိုမှူးတစ်ယောက် ဖြစ်ဖို့ဆိုရင် အရိုးနွှင်တာ၊ အကြေးခွံခွာတာနဲ့ ကျောရိုးထုတ်တာတွေကိုလည်း လုပ်ရမယ်"

ကျိယွမ်က သူမကို သတိပေးလိုက်သည်။

"ဓားအိုကြီး... ရှင်ပြောတာ အဓိပ္ပာယ်ရှိတယ်၊ ဒါပေမဲ့ ဒီငါးကို ဘယ်သူက စားရဲမှာလဲ"

ကျန်းယွန်းရှီက ငါးအသေများကို ကြည့်နေရင်းမှ နားမလည်မေး၏။ တစ်ခါတရံတွင် သူမ၏ ဦးနှောက်သည် လုံးဝဗလာဖြစ်မနေပေ။

ဝိညာဉ်မှင်စာငါးကို စားရဲမည့်သူ မရှိပေ။

သို့သော် သူမသည် ကျိယွမ်၏ အကြံဉာဏ်ကို လိုက်နာကာ လျှပ်စစ်ဖြင့် သေဆုံးသွားသော ငါးများကို စနစ်တကျ အရိုးနွှင်ရန် စတင်လိုက်၏။

"လူအိုကြီးက စားလိမ့်မယ်"

ကျိယွမ်က တည်ငြိမ်စွာ ပြန်ဖြေသည်။

တောင်ပံရေမြွေအကြီးအကဲပင် ချန်ခန်းပေါင်အတွက် သရေစာ ဖြစ်သွားခဲ့ရာ ဤငါးကြော်များသည် ပြဿနာမဟုတ်ပေ။

"ဓားအိုကြီး... သူတို့က အများကြီးပဲ၊ရှင်ရှိနေလို့ တော်သေးတယ်၊ ဘာအားစိုက်ထုတ်မှုမှ မလိုဘဲ သူတို့ကို သတ်ရတာ အရမ်းလွယ်တယ်"

ကျန်းယွန်းရှီသည် ပျော်ရွှင်စွာ ပြောရင်း ငါးများကို လှီးဖြတ်ရန် ဓားကို မြူးတူးစွာ လွှဲယမ်းလိုက်၏။

သို့သော် ရုတ်တရက် ကျန်းယွန်းရှီ၏ မျက်သူငယ်များ ကျုံ့သွားကာ ခန္ဓာကိုယ်သည် ကြောက်ရွံ့မှုကြောင့် တုန်ရင်သွားသည်။

"ဓားအိုကြီး... ငါးခေါင်းနဲ့လူ့ကိုယ်ရှိတဲ့ အဘိုးကြီးတစ်ယောက်ကို ရှင်ဖူးလား"

"ငါးခေါင်းလူသားလား"

ကျိယွမ်က သဘောကျသွားသလို ပြန်မေးလိုက်သည်။

"ငါးခေါင်းအမျိုးသမီးတွေ၊ ပုစွန်ခေါင်းလူသားတွေ၊ ပုစွန်ခေါင်းအမျိုးသမီးတွေကို ငါဖူးပါတယ်၊ ဒါပေမဲ့ ငါးခေါင်းလူသားကတော့ ဒါပထမဆုံးပဲ"

သူသည် ကုန်ရှင်းရှိ တောင်နှင့် ပင်လယ်ပန်းချီကားကို ရှာဖွေစူးစမ်းစဉ်က ယွီရှန်းငါးကညာများကဲ့သို့ ရေနေသတ္တဝါများနှင့် ကြုံတွေ့ခဲ့ဖူးပြီး အချို့မှာ အထင်ကြီးစရာ ခန္ဓာကိုယ် တည်ဆောက်ပုံပင် ရှိကြ၏။

"နင်က ဘယ်သူလဲ"

ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ရေမြွေအကြီးအကဲသည် ကျန်းယွန်းရှီကို ဒေါသတကြီး စိုက်ကြည့်နေ၏။

သူမ၏ လက်ထဲတွင် ဓားတစ်လက်ကို ကိုင်ထားပြီး ဓားသွားပေါ်ရှိ လျှပ်စီးများက အနီးသို့ ရောက်လာသော ဝိညာဉ်မှင်စာငါးမှန်သမျှကို ကြော်ပစ်နေသည်ကို မြင်ရကတည်းက သူအလွန်ဒေါသထွက်နေလေပြီ။

"ဟင်..လူစကားပြောတတ်တဲ့ မြွေလား"

ကျန်းယွန်းရှီ အံ့အားသင့်သွား၏။ ထို့နောက် အရာတစ်ခုကို သတိပြုမိကာ သူမက သတိကြီးစွာ ပြန်မေးလိုက်သည်။

"ရှင်..ရှင်က သွေးဆူးအဖွဲ့ရဲ့ အကြီးအကဲလား"

သူမ၏မျက်နှာသည်လည်း ကြောက်ရွံ့မှုကြောင့် ဖြူစုတ်သွား၏။

သူမဖတ်ဖူးသော ပုံပြင်စာအုပ်များထဲတွင် သွေးဆူးအဖွဲ့ကို ဆိုးယုတ်ပြီး အစွမ်းထက်သော၊ ကြောက်မက်ဖွယ်ကောင်းသော လူဆိုးများအဖြစ် အမြဲတမ်း ပုံဖော်ထားလေ့ရှိသည်။

ယခုလို အဆုံးမရှိသော ဝိညာဉ်မှင်စာငါးများသည် သွေးဆူးအကြီးအကဲတစ်ယောက်၏ လက်ချက် ဖြစ်နေသည်တဲ့လား။

"ဓားဝိညာဉ်... ငါတို့ ဘာလုပ်ကြမလဲ၊ ဒါက ကမ္ဘာကြီးကို ခြိမ်းခြောက်နေတဲ့ လူဆိုးကြီးဖြစ်တဲ့ သွေးဆူးအကြီးအကဲပဲ"

"လူဆိုး ဟုတ်လား၊ ငါ့မျက်စိထဲတော့ အရည်အသွေးမြင့် ပါဝင်ပစ္စည်းတစ်ခုလိုပဲ မြင်တယ်"

ကျိယွမ်က တည်ငြိမ်စွာ အသံလွှင့်လိုက်၏။

"နင်က စားဖိုမှူးတစ်ယောက်ပဲ၊ ကမ္ဘာကြီးကို ကယ်တင်ဖို့ ကံပါလာတဲ့ စားဖိုမှူးတစ်ယောက်၊ ကောင်းမွန်တဲ့ ပါဝင်ပစ္စည်းတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ နင် ဘာလို့ တုံ့ဆိုင်းနေရတာလဲ"

"ပါဝင်ပစ္စည်း ဟုတ်လား"

ကျန်းယွန်းရှီ တုံ့ဆိုင်းသွားသည်။

ထိုအချိန်တွင် ရေမြွေအကြီးအကဲ၏ မျက်လုံးများသည် သူမ၏ ဓားပေါ်သို့ ကျရောက်ကာ တောက်ပသွား၏။

"ဒါက ဘာလက်နက်လဲ၊ ဒဏ္ဍာရီလာ ကောင်းကင်အဆင့် လက်နက်များလား"

တစ်ချက်ကြည့်ရုံဖြင့် ကျန်းယွန်းရှီ၏ စွမ်းရည်များသည် ရယ်စရာကောင်းလောက်အောင် နိမ့်ကျပြီး ရွှမ်အဆင့်မျှသာ ရှိမှန်းသိ၏။

သို့သော် သူမ၏ လက်ထဲမှ ဓားက ထူးခြားဆန်းပြားသည်။ လျှပ်စီးများက ၎င်းအပေါ်တွင် ဖြတ်သန်းနေပြီး ၎င်းကို ထိမိသော ဝိညာဉ်မှင်စာငါးတိုင်း ချက်ချင်း သေဆုံးသွားကြသည်။

၄င်းက မြေကမ္ဘာအဆင့် လက်နက်တစ်ခု ပိုင်ဆိုင်နိုင်သော စွမ်းအားမျိုး မဟုတ်ပေ။ ၄င်းက ကောင်းကင်အဆင့် လက်နက် ဖြစ်ရမည်။

ရေမြွေအကြီးအကဲသည် ရတနာသိုက်ကြီးကို ရှာဖွေတွေ့ရှိလိုက်ရသလို ခံစားလိုက်ရ၏။ ပထမက ရေသခင်၊ ယခုမူ ဤလက်နက် ဖြစ်သည်။

ကံကြမ္မာကိုယ်တိုင်က သူ့ဘက်မှာ ရှိနေတာလား။

ထိုစဉ် မမျှော်လင့်ထားသောအရာ ဖြစ်ပျက်ခဲ့သည်။

ဓားက...။

စကားပြောလိုက်၏။

"ဝိညာဉ်မဲ့နတ်ဘုရား.. ဆူးများဖုံးလွှမ်းနေသောသွေး၊ ငါက အကြွေးတောင်းဓားပဲ၊ မင်းရဲ့ ငွေတွေကို အပ်စမ်း"

"ဘာ..."

ရေမြွေအကြီးအကဲသည် မယုံကြည်နိုင်ဘဲ မှင်တက်သွား၏။

လွန်ခဲ့သော အချိန်အနည်းငယ်က ဌာနချုပ်က သူ့ကို ညွှန်ကြားထားသည်မှာ ဤစကားဝှက်ကို ပြောနိုင်သော မည်သူ့ကိုမဆို မှတ်မိနေစေရန်နှင့် ငွေအားလုံးကို ချက်ချင်း ပေးအပ်ရန် ဖြစ်သည်။

သို့သော် စကားပြောသူသည်... ဓားတစ်လက် ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ရေမြွေအကြီးအကဲ၏ လောဘစိတ်သည် ပိုမိုနက်ရှိုင်းသွား၏။

"စကားပြောနိုင်တဲ့ လက်နက်ပဲ... ဒါက သာမန် ကောင်းကင်အဆင့် လက်နက်မဟုတ်ဘူး"

ရေမြွေအကြီးအကဲ၏ အတွေးများ မြန်ဆန်လာ၏။ ကောလာဟလများအရ အချို့သော ရှားပါးလက်နက်များသည် ကလေးငယ်တစ်ဦးကဲ့သို့ အသိဉာဏ်ရှိကြပြီး စကားပြောနိုင်ရုံသာမက လွတ်လပ်စွာလည်း လှုပ်ရှားနိုင်ကြသည်ဟု ဆိုသည်။ ထိုကဲ့သို့သော လက်နက်များသည် ရတနာများထဲမှ ရတနာများဖြစ်ပြီး မည်သည့်လောကတွင်မဆို ရှာဖွေရန် ရှားပါးလှ၏။

ယခုမူ သူ၏ရှေ့တွင် ထိုကဲ့သို့သော လက်နက်တစ်ခု ရှိနေလေပြီ။

"ငါ့နောက်ကို လိုက်ခဲ့ပါ၊ ငါ့မှာရှိတဲ့ ငွေအားလုံးက မင်းအတွက်ပဲ"

ရေမြွေအကြီးအကဲက မကွယ်ဝှက်နိုင်သော လောဘမျက်လုံးများဖြင့် ဓားကို စိုက်ကြည့်ရင်း အသံကို ညင်သာစွာ ပြုလုပ်ကာ ကမ်းလှမ်းလိုက်၏။

"မင်းက ငါ့ကို သိမ်းထားချင်တာလား"

ဓားဖြစ်သော ကျိယွမ်က မယုံကြည်နိုင်သလို မေးသည်။

"စိတ်မကောင်းပါဘူး၊ မင်းက ငါ့ရဲ့ လမင်းစံနှုန်းတွေနဲ့ မကိုက်ညီဘူး၊ ရေလည်း မကြာခဏ မချိုးဘူး၊ နည်းနည်းလည်း အသက်ကြီးတယ်၊ ငါက တစ်ယောက်ယောက်ရဲ့ အပိုင်ပစ္စည်း ဖြစ်ရမယ့် အတွေးမျိုးကို သဘောမကျဘူး"

ထပ်မစောင့်ဆိုင်းတော့ဘဲ ကျိယွမ်သည် နတ်ဘုရားသစ်တောတံဆိပ်ပြားမှတစ်ဆင့် ဆက်သွယ်မှုကို တိတ်တဆိတ် အသက်သွင်းလိုက်ပြီး သွေးဆူးအဖွဲ့၏ အတွင်းပိုင်းသို့ သတင်းပို့လိုက်၏။

"မင်းတို့ အဖွဲ့အစည်းရဲ့ စံနှုန်းတွေ တကယ် ကျဆင်းသွားပြီ၊ လျှို့ဝှက်စကားစုကို ပြောပြီးတာတောင် ငါက ငွေတောင်းတာကို မပေးတဲ့အပြင် ဒီလူအိုကြီးက ငါ့ကို သူကိုယ်ပိုင်လက်နက်အဖြစ် သိမ်းထားဖို့တောင် ကြိုးစားသေးတယ်၊ ဒီလို အကျင့်ပျက်ခြစားမှုကို ခွင့်မပြုနိုင်ဘူး၊ မင်းတို့ရဲ့ ကိုယ်ပိုင်အကျိုးအတွက် မင်းတို့ရဲ့ လူတွေကို ရှင်းလင်းလိုက်ပါ"

သတင်းစကား ပို့ပြီးနောက် ကျိယွမ်က ကျန်းယွန်းရှီကို စကားဆို၏။

"မှတ်ထားပါ၊ ချက်ပြုတ်ခြင်းက ပြတ်သားရမယ်၊ တကယ့်စားဖိုမှူးတစ်ယောက်က ပါဝင်ပစ္စည်းတွေကို သူတို့ရဲ့ ကံကြမ္မာဆီ လျင်မြန်သန့်ရှင်းစွာ ရောက်သွားအောင် လုပ်ရတယ်၊ ဒါမှမဟုတ်ရင် အဲဒါက ချက်ပြုတ်ခြင်းမဟုတ်ဘဲ ညှဉ်းပန်းနှိပ်စက်ခြင်း ဖြစ်သွားလိမ့်မယ်"

ကျန်းယွန်းရှီသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး ဓားကို တင်းတင်းဆုပ်ကိုင်လိုက်၏။ သူမ ကြောက်ရွံ့နေသော်လည်း စိတ်ထဲတွင် သူမသည် ပုံပြင်များထဲမှ သူရဲကောင်းမလေး ဖြစ်လာမည့် အိမ်မက်များကို သတိရမိသည်။

သူမ၏ စိတ်ဓာတ်က ပိုမိုခိုင်မာလာ၏။

"ငါက စားဖိုမှူးရုံတင် မဟုတ်ဘူး... ငါက ကမ္ဘာကြီးရဲ့ ကယ်တင်ရှင်ပဲ၊ ပါဝင်ပစ္စည်းသက်သက်က ငါ့ကို ဘာလို့ အတားအဆီး အဖြစ်ခံရမှာလဲ"

သူမသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး ဓားကို မြှောက်လိုက်၏။ သူမ၏ အသံသည် တုန်ရင်နေသော်လည်း ပြတ်သားမှု ရှိနေသည်။

"ဆိုးယုတ်တဲ့ အဘိုးကြီး... နင်က ငါ့ရဲ့ သူရဲကောင်းပုံပြင်အတွက် ခြေနင်းကျောက်တစ်ခုထက် ဘာမှမပိုပါဘူး"

"ဟွန့်... ရွှမ်အဆင့် လက်နက်သခင်သက်သက်က ငါ့ကို စိန်ခေါ်ရဲတာလား"

ရေမြွေအကြီးအကဲ၏ အသံသည် လှောင်ပြောင်မှုများ ပါဝင်နေပြီး တိုက်ခိုက်ရန် သူ၏ မြွေခန္ဓာကိုယ်ကို လှည့်ပတ်လိုက်၏။

သူမ ကိုင်ဆောင်ထားသော လက်နက်သည် ကောင်းကင်အဆင့် ဖြစ်နေပါစေဦး၊ အသုံးပြုသူက အလွန် အားနည်းနေသည်။ သူ ကြောက်ရွံ့စရာ အကြောင်းမရှိပေ။

"မင်းက ငါ့ရှေ့မှာ ရပ်နေဖို့ တောင် မတန်ဘူးကွ"

သူသည် အော်ဟစ်လိုက်ပြီး သူ၏ အမြီးဖြင့် ရိုက်ခတ်လိုက်တော့၏။

သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ လှောင်ပြောင်သော မျက်နှာအမူအရာသည် အေးခဲသွားသည်။

ကျန်းယွန်းရှီက သူမ၏ဓားကို လွှဲယမ်းလိုက်သည့် အခိုက်အတန့်တွင် လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်အလယ်တည့်တည့်ကို ဖြတ်တောက်သွား၏။ သူ၏ ခန္ဓာကိုယ်သည် ခါးလည်မှ တိခနဲပြတ်တောက်သွားကာ ရုန်းကန်နေသော အပိုင်းနှစ်ပိုင်းအဖြစ်ကွဲအက်သွားတော့သည်။

"ဒါ... မဖြစ်နိုင်တာ..."

ရေမြွေအကြီးအကဲ၏ မျက်လုံးများသည် မယုံကြည်နိုင်ဘဲ ကျယ်ပြန့်သွားပြီး ၎င်းတို့ထဲမှ အလင်းရောင်များ ကွယ်ပျောက်သွား၏။

သူ၏နောက်တွင်တော့ ကျန်းယွန်းရှီသည် အသက်ကို ပြင်းထန်စွာ ရှူရှိုက်ရင်း ရပ်နေသည်။ ရန်သူ၏ ခန္ဓာကိုယ် အပိုင်းနှစ်ပိုင်းကို ကြည့်နေစဉ် သူမ၏ ရင်ဘတ်သည် အရှိန်အဟုန်ဖြင့် နိမ့်ချည်မြင့်ချည် ဖြစ်နေလေ၏။

"ငါ... ငါ တကယ် လုပ်နိုင်ခဲ့တာလား"

သူမသည် မယုံကြည်နိုင်ဘဲ ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။

ရေမြွေအကြီးအကဲ၏ အလောင်းကိုသေချာကြည့်ပြီးနောက် သူမ၏မျက်နှာသည် ထိန်းမနိုင်သိမ်းမရ ပျော်ရွှင်မှုများဖြင့် လင်းလက်သွား၏။

"ငါက တကယ် အံ့သြဖို့ကောင်းတာပဲ"

ကျိယွမ်က ဂရုမစိုက်ဟန်ဖြင့် မှတ်ချက်ချသည်။

"နင်ရဲ့ လှီးဖြတ်တဲ့ နည်းစနစ်က လေ့ကျင့်ဖို့ လိုသေးတယ်၊ အာလူးခွာသလိုမျိုး ပါးပါးနဲ့ ညီညီညာညာ လှီးဖြတ်တာက စားဖိုမှူးတစ်ယောက်ရဲ့ စံနှုန်းပဲ၊ အဲဒါကို ကြိုးစားပါ"

သို့သော် ကျန်းယွန်းရှီအတွက်မူ အကြီးအကဲ၏ သေဆုံးမှုသည် ကြီးမားသော အောင်ပွဲတစ်ခု ဖြစ်သည်။ သူမ၏ ယုံကြည်မှုများ မြင့်တက်လာသည်ကို ခံစားလိုက်ရ၏။

"နောက်ထပ် တစ်ယောက် ကျန်သေးတယ်၊ ပါဝင်ပစ္စည်းကောင်းတွေကို မဖြုန်းတီးနဲ့"

ကျိယွမ်က သူမကို သတိပေးလိုက်သည်။

"ဟုတ်ကဲ့"

သူမ၏ အသစ်ရရှိထားသော ယုံကြည်မှုများဖြင့် ကျန်းယွန်းရှီသည် လက်ထဲတွင် ဓားကိုကိုင်ကာ မီးခိုးရောင်ဝတ်အကြီးအကဲဆီသို့ ပြေးဝင်သွားတော့၏။ သနားစရာကောင်းသော ထိုလူကြီးသည် ကြောက်ရွံ့မှုကြောင့် တုန်ရင်နေပြီး နောက်သို့ ဆုတ်သွားသော်လည်း အလွန် နှေးကွေးလွန်းလှသည်။

ကျန်းယွန်းရှီသည် ဓားကို အကြိမ်နည်းငယ် ရမ်းလိုက်ရုံဖြင့် သူ့ကို ခုတ်လှဲနိုင်လိုက်၏။ ဒုတိယမြောက် အလောင်းကို ကြည့်နေစဉ် သူမ၏ အသက်ရှူသံများ ပြင်းထန်နေသော်လည်း မျက်လုံးများတွင် ဂုဏ်ယူမှုများ တောက်ပနေသည်။

"ဟားဟားဟား... သွေးဆူးအဖွဲ့ရဲ့ အကြီးအကဲတွေက စက္ကူကျားတွေထက် ဘာမှမပိုပါလား"

ကျန်းယွန်းရှီက အောင်ပွဲခံသည့် အထိမ်းအမှတ်အဖြစ် ဓားကို မြှောက်ကာ အော်ဟစ်လိုက်၏။ သူမ၏ ဖွံ့ထွားသောရင်ဘတ်သည် မောပန်းမှုကြောင့် လှုပ်ရှားနေသော်လည်း အပြုံးက တောက်ပနေသည်။

"ဆက်သွားရအောင်၊ ဒီနေရာမှာ ရှင်းလင်းရမယ့် ဝိညာဉ်မှင်စာငါးတွေ အများကြီး ရှိသေးတယ်"

ကျိယွမ်က တည်ငြိမ်စွာ ပြောလိုက်၏။

"ဟုတ်ကဲ့"

ကျန်းယွန်းရှီသည် စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ပြီး ယုံကြည်မှုများ ပြည့်နှက်ကာ ဓား၏ ညွှန်ကြားချက်များကို လိုက်နာတော့၏။

............

ငါးရက်အကြာတွင် ရဲ့ရေကန်ပေါ်ရှိ သင်္ဘောကြီးတစ်စင်းပေါ်၌ ကျန်းရှန်းနယ်စားကြီး၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေ၏။

"ယွန်းရှီရဲ့ အရိပ်အယောင် အခုထိ မတွေ့သေးဘူးလား"

ကျန်းယွန်းရှီ ပျောက်ဆုံးသွားသည်မှာ သုံးရက်ရှိပြီ ဖြစ်သည်။

ကျယ်ပြောလှသော ရဲ့ရေကန်ကြီးကို ရှာဖွေရန် သူ၏ လက်အောက်ခံ အားလုံးကို စေလွှတ်ထားသော်လည်း သူမ၏ အရိပ်အယောင်ကို မတွေ့ရပေ။

ကျန်းယွန်းရှီကို ဓားရောင်းခဲ့သော လျှို့ဝှက်ဆန်းကြယ်သူ ချန်ခန်းပေါင်ကို ဖမ်းဆီးရန်ပင် သူ အမိန့်ပေးခဲ့သည်။ သို့သော် ပေါက်စီများ ပြည့်နှက်နေသော ခြံဝင်းတစ်ခုကိုသာ ရှာဖွေတွေ့ရှိခဲ့ပြီး ချန်ခန်းပေါင်ကိုယ်တိုင်မှာမူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

"မတွေ့ပါဘူး အရှင်"

ယွန်းလီက အရှက်ရစွာဖြင့် ခေါင်းငုံ့ကာ ပြော၏။ သူ၏ မျက်နှာအမူအရာက ဖြူလျော်နေပြီး အသံက တုန်ရင်နေသည်။

"ဒါ ကျွန်တော့်အပြစ်ပါ၊ သခင်မလေးကို ကျွန်တော် ကောင်းကောင်း မကာကွယ်နိုင်ခဲ့ဘူး၊ အပြစ်ပေးတဲ့အနေနဲ့ သေဒဏ်ကို ရင်ဆိုင်ဖို့ အသင့်ပါပဲ"

"မင်းရဲ့ ပြဇာတ်တွေကို တော်လိုက်တော့၊ ယွန်းရှီကို အရင်ရှာဦး၊ ပြီးမှ ပြန်လာပြီး အသေခံ"

နယ်စားကြီးက ဒေါသတကြီး ဖြတ်ပြောလိုက်၏။ သူ၏ မျက်လုံးများတွင် သွေးကြောများ နီမြန်းနေပြီး ရက်အတော်ကြာ အိပ်မပျော်ခဲ့ကြောင်း ပြသနေသည်။

"ကျယ်ပြောလှတဲ့ ရဲ့ရေကန်ကြီးထဲမှာ... သူမ ဘယ်နေရာကို သွားနိုင်မှာလဲ"

လွန်ခဲ့သော အပတ်များက သူ၏ သမီးဖြစ်သူ၏ ထူးဆန်းသော အပြုအမူများကို ပြန်လည်တွေးတောမိသောအခါ သူ၏ စိုးရိမ်စိတ်က ပိုမိုနက်ရှိုင်းလာ၏။

"အဲဒီလူလိမ်က သူမကို ကမ္ဘာကြီးရဲ့ ကယ်တင်ရှင်ဖြစ်လာမယ်ဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေနဲ့ပဲ ခေါင်းထဲ ရိုက်သွင်းနေခဲ့တာ"

ဘေးနားရှိ မြေကမ္ဘာအဆင့် လက်နက်သခင်တစ်ယောက်က ဒေါသတကြီး ရေရွတ်လိုက်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က ယွန်းလီနှင့် ယွန်းဟူတို့သည် ကျန်းယွန်းရှီ၏ လုပ်ရပ်များ ဖြစ်သော ဓားကို အသုံးပြု၍ ငါးများကို လျှပ်စစ်ရှော့ခ်တိုက်ခြင်းကို သတင်းပို့ခဲ့ကြသည်။

နယ်စားကြီးသည် မယုံကြည်နိုင်ဖြစ်ခဲ့ရပြီး အခြားလက်နက်သခင်များကလည်း သံသယမျက်လုံးများဖြင့် အချင်းချင်း ကြည့်ခဲ့ကြ၏။

သို့သော် သူမကို လုံးဝပျောက်ဆုံးသွားသည့် သတင်းကို ဆက်လက်ကြားရသောအခါ နယ်စားကြီး၏ မယုံကြည်နိုင်မှုသည် ကြောက်ရွံ့မှုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"အဲဒီဓားက ထူးခြားတဲ့ စွမ်းအားတွေ ရှိနေရင်တောင်၊ အဲဒါက မြေကမ္ဘာအဆင့် လက်နက်ဖြစ်နေရင်တောင် ယွန်းရှီရဲ့ အဆင့်နဲ့ အဲဒါကို ဘယ်လိုလုပ် ကောင်းကောင်း ကိုင်တွယ်နိုင်မှာလဲ၊ သူမ ရေထဲ ပြုတ်ကျသွားတာ ဒါမှမဟုတ် ရေသခင်နဲ့ ကြုံတွေ့သွားတာဆိုရင်..."

နယ်စားကြီး၏ အသံ တုန်ခါသွားပြီး သူ၏ စိုးရိမ်မှုက ထင်ရှားနေ၏။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ရဲ့ရေကန်ရှိ ဖြစ်ရပ်များသည် ပိုမိုရှုပ်ထွေးလာခဲ့သည်။

အတတ်ပညာရှင်များညီလာခံသည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း မျှော်လင့်ထားသည့်အတိုင်း ဝေလုံရွှန်းယွမ်ကို မည်သူမျှ မပြုပြင်နိုင်ခဲ့ကြပေ။

လူငယ်ပါရမီရှင်တစ်ယောက်က ပြုပြင်မွမ်းမံမည့် နည်းလမ်းတစ်ခုကို အကြံပြုခဲ့သော်လည်း ထိုလုပ်ငန်းစဉ်သည် အနည်းဆုံး နှစ်တစ်ရာခန့် ကြာမြင့်လိမ့်မည် ဖြစ်သည်။ ၄င်းက ကောင်းကင်ဂိုဏ်းကို စိတ်ပျက်အားငယ်စေခဲ့ပြီး ကျီနင်စီရင်စု၏ ထင်ရှားသော မိသားစုများကို ရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့၏။

တစ်ချိန်တည်းမှာပင် ရှဲ့ထန်ရန်၏ အငြင်းပွားဖွယ် အဆိုပြုချက်နှင့် ပတ်သက်သည့် ကောလာဟလများ ပြန်လည် ထွက်ပေါ်လာခဲ့သည်။

အချို့သောအုပ်စုများသည် ကျီနင်စီရင်စုကို ကယ်တင်ရန်အတွက် ရှန်လင်ရွှမ်းကို ရိုရှားနိုင်ငံတော်၏ ကောင်းကင်အဆင့် လက်နက်သခင်များထံ ပေးသနားရန် အဆိုပြုချက်ကို တိတ်တဆိတ် ထောက်ခံခဲ့ကြ၏။

သို့သော် လူတိုင်း အံ့အားသင့်စေသည်မှာ ရှန်မိသားစုနှင့် ကျီနင်စီရင်စု၏ ထိပ်တန်းမျိုးနွယ်ဖြစ်သော ထူမိသားစုတို့က ထိုအကြံပြုချက်ကို ပြင်းထန်စွာ ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။

ဤအစွမ်းထက်သော မိသားစုနှစ်ခု၏ ပူးပေါင်းဆန့်ကျင်မှုကြောင့် ထိုအဆိုပြုချက်ကို နောက်ဆုံးတွင် စွန့်လွှတ်ခဲ့ရ၏။

"ဒီနေ့က ယွန်းရှီရဲ့ မွေးနေ့ပဲ..." န

ယ်စားကြီး၏ အသံသည် နောင်တနှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တို့ကြောင့် တုန်ရင်နေသည်။

"ငါကတော့... ငါကတော့..."

"သိပ်ပြီး စိုးရိမ်မနေပါနဲ့ အရှင်၊ သခင်မလေးက အမြဲတမ်း ကံကောင်းခြင်းတွေနဲ့ ပြည့်စုံတဲ့သူပါ၊ သူမ ရေသခင်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရရင်တောင် လွတ်မြောက်ဖို့ နည်းလမ်းတစ်ခုခု ရှာတွေ့မှာ သေချာပါတယ်"

ဘေးနားရှိ လက်နက်သခင်တစ်ယောက်၏ စေတနာပါသော်လည်း အချိန်အခါမသိသော မှတ်ချက်ကြောင့် နယ်စားကြီးက စူးစိုက်ကြည့်လိုက်၏။

ဒီထက် ပိုကောင်းအောင် မပြောနိုင်ဘူးလားဟု သူ ဒေါသတကြီး တွေးလိုက်သည်။

သူမ ဖမ်းဆီးခံရတယ်လို့ ဘာလို့ တွေးနေရတာလဲ၊ သူမ ရဲ့ရေကန်ကို စူးစမ်းရင်း လမ်းပျောက်နေတာပဲ မဖြစ်နိုင်ဘူးလား။

ထိုအချိန်တွင် လူတစ်ယောက် အပြေးအလွှား ဝင်လာပြီး သူ၏ မျက်နှာအမူအရာက အရေးကြီးနေ၏။

"အရှင်... ကျွန်တော်တို့ သွေးဆူးအဖွဲ့ဝင်တစ်ယောက်ကို ဖမ်းဆီးရမိပါတယ်၊ သူက ရဲ့ရေကန်ရဲ့ အောက်ခြေမှာ ဝိညာဉ်မှင်စာသားဖောက်နေရာတစ်ခု ရှိနေပြီး ရေမြွေအကြီးအကဲက အဲဒီမှာ စခန်းချနေတယ်လို့ ဝန်ခံလိုက်ပါတယ်"

ထိုသတင်းကို ကောင်းကင်ဂိုဏ်းအကြီးအကဲတစ်ယောက်က လာရောက် ကြေညာခြင်း ဖြစ်သည်။

"ဘာလဲ... သွေးဆူးအဖွဲ့မှာ ဝိညာဉ်မှင်စာသားဖောက်နေရာ ရှိနေတာလား၊ ဒါဆိုရင် ဝိညာဉ်မှင်စာငါးတွေက... ဒါတွေအားလုံး သူတို့ရဲ့ လက်ချက်ပဲပေါ့"

နယ်စားကြီး၏ အတွေးများ မြန်ဆန်လာပြီး အကြောင်းအရာများကို ချိတ်ဆက်မိသွား၏။

သူမ၏ သမီးဖြစ်သူ၏ ဓား၊ ဝိညာဉ်မှင်စာငါးများကို လျှပ်စစ်ရှော့ခ်တိုက်ခြင်း၊ ဒါတွေက သွေးဆူးအဖွဲ့ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်သွားတာလား။

သူတို့က သူမကို ဖမ်းခေါ်သွားတာလား။

"အဲဒီနေရာက ဘယ်မှာလဲ၊ ငါကိုယ်တိုင် ဦးဆောင်ပြီး သွားမယ်"

၄င်းက ခန့်မှန်းချက်သက်သက် ဖြစ်နေပါစေဦး၊ နယ်စားကြီးအနေဖြင့် ထိုဖြစ်နိုင်ချေကို လျစ်လျူမရှုနိုင်ပေ။

ထို့အပြင် သွေးဆူးအဖွဲ့သည် တောင်ပြာလောကတစ်ခုလုံးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။

ရေသခင်၏ ပြဿနာနှင့်တင် ရုန်းကန်နေရချိန်တွင် သွေးဆူးအဖွဲ့၏ အစီအစဉ်များ ထပ်မံတိုးပွားလာခြင်းသည် ကျီနင်စီရင်စုအတွက် သေချာပေါက် ပျက်စီးခြင်းကို ဖြစ်ပေါ်စေလိမ့်မည်။

---

နာရီဝက်ခန့်အကြာတွင် လှေငယ်တစ်စင်းသည် ရဲ့ရေကန်ပေါ်၌ မျောပါနေပြီး ၎င်းပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော မြေကမ္ဘာအဆင့် လက်နက်သခင် ဆယ်ယောက် ပါရှိနေ၏။

၄င်းက ရဲ့ရေကန်တွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်အချို့ ဖြစ်ကြပြီး သူတို့၏ တည်ရှိမှုက ငြိမ်သက်နေသော်လည်း စွမ်းအားက အထင်အရှား ရှိနေသည်။

"ဒီတစ်ကြိမ်တော့ ငါတို့ ရှုံးနိမ့်လို့မဖြစ်ဘူး"

ဝေကွန်းက အေးစက်စွာ ပြောလိုက်၏။ သူ၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒက ထင်ရှားနေသည်။

ထိုအဖွဲ့သည် သွေးဆူးအဖွဲ့၏ အခြေစိုက်စခန်းကို ဖျက်ဆီးရန်နှင့် ဖြစ်နိုင်ပါက ကျန်းယွန်းရှီကို ကယ်တင်ရန်အတွက် သူတို့၏ ရည်မှန်းချက်ကို ပြတ်သားစွာ ထားရှိကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့ကြ၏။

သူတို့သည် ရဲ့ရေကန်အောက်ခြေ၌ ဆယ်စုနှစ်ပေါင်းများစွာ လျှို့ဝှက်စွာ တည်ရှိနေခဲ့သော ကြီးမားလှသည့် ရေအောက်နန်းတော်ထဲသို့ သတိကြီးစွာဖြင့် ဝင်ရောက်ခဲ့ကြသည်။

သူတို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လေလေ ထူးဆန်းသော အခြေအနေတစ်ခုကို ပိုမိုသတိပြုမိလေလေ ဖြစ်၏။

ပြင်းထန်သော သွေးညှီနံ့များက လေထုထဲတွင် ပြည့်နှက်နေပြီး ထူးဆန်းသော မီးလောင်ကျွမ်းသည့် အနံ့တစ်ခုနှင့် ရောနှောနေသည်။

"ဒါ ဘာအနံ့လဲ... တူးနေသလိုပဲ"

မြေကမ္ဘာအဆင့် လက်နက်သခင်တစ်ယောက်က မျက်မှောင်ကြုတ်ရင်း မှတ်ချက်ချ၏။

"ဒါ သွေးနံ့ပဲ၊ ဒါပေမဲ့ ထူးဆန်းတာတစ်ခုခု ရှိနေတယ်"

အခြားတစ်ယောက်က တိုးညှိ သတိကြီးစွာဖြင့် ပြန်ဖြေသည်။

"သတိထားကြပါ"

ဝေကွန်းက သတိပေးလိုက်၏။

သူတို့ ဆက်လက် လျှောက်လှမ်းစဉ် ရေအောက်နန်းတော်၏ ကြီးမားကျယ်ပြန့်မှုက အပြည့်အဝ မြင်တွေ့လာရသည်။ ရှုပ်ထွေးဆန်းပြားသော ဗိသုကာလက်ရာများက ဒါသည် သွေးဆူးအဖွဲ့၏ အရေးပါသော အခြေစိုက်စခန်းတစ်ခု ဖြစ်ကြောင်း ညွှန်ပြနေ၏။

အကြီးအကဲတစ်ယောက်က နံရံများကို ကိုင်တွယ်ကာ တည်ဆောက်ပုံကို ဂရုတစိုက် စစ်ဆေးသည်။

"ဒီနန်းတော်က အနည်းဆုံး ဆယ်စုနှစ် သုံးခုလောက် တည်ရှိနေခဲ့တာပဲ"

သူက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။

"ဘာလဲ... ဆယ်စုနှစ် သုံးခု ဟုတ်လား"

အခြားအကြီးအကဲတစ်ယောက်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"ဒါဆိုရင် သွေးဆူးအဖွဲ့က ဒါကို နှစ်ပေါင်း အသက်သုံးဆယ်လုံးလုံး စီစဉ်နေခဲ့တာပေါ့၊ ဒါက အခွင့်အရေးရလို့ ဝင်ရောက်နှောင့်ယှက်တာမျိုး မဟုတ်ဘူးပဲ"

ထိုအမှန်တရားကို သိရှိသွားသောအခါ အဖွဲ့တစ်ခုလုံး တိတ်ဆိတ်သွားကြ၏။

သွေးဆူးအဖွဲ့၏ အစီအစဉ်များသည် ဤမျှလောက် ကြာမြင့်စွာ လှုပ်ရှားနေခဲ့ခြင်း ဖြစ်ပါက ဝိညာဉ်မှင်စာငါးများ ပေါ်ထွက်လာခြင်း၊ ရေသခင်၏ ထမြောက်လာခြင်း စသည့် အရာအားလုံးသည် ဂရုတစိုက် စီစဉ်ထားခြင်း ဖြစ်နိုင်ပေသည်။

ဝေကွန်း၏ မျက်နှာအမူအရာ ညိုမှောင်သွားပြီး သူ၏ လက်နက်ကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။

"မြန်မြန်လှုပ်ရှားကြရအောင်၊ ဒါကို ဆက်ပြီး ခွင့်ပြုထားလို့မဖြစ်ဘူး"

သူတို့သည် နန်းတော်၏ အလယ်ဗဟိုဆီသို့ ဆက်လက် ချီတက်ခဲ့ကြသော်လည်း မကြာမီ အချိန်အတွင်းမှာပင် အားလုံး အေးခဲသွားကြတော့သည်။

အလောင်းများက တောင်တစ်တောင်ကဲ့သို့ ဖြစ်နေပြီး သူတို့၏ လမ်းကို ပိတ်ဆို့ထား၏။

ထိုအပုံကြီးသည် ရေတွက်၍မရနိုင်သော ဝိညာဉ်မှင်စာငါးများ၏ အသက်မဲ့သော ခန္ဓာကိုယ်များဖြင့် စုပုံနေခြင်း ဖြစ်သည်။

"ဒါ... ဒါ ဘာဖြစ်သွားတာလဲ"

လက်နက်သခင်တစ်ယောက်က ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်၏။

"ဒါက တစ်စုံတစ်ယောက် ဒါမှမဟုတ် အရာတစ်ခုခုရဲ့ လက်ချက် ဖြစ်ရမယ်"

ဝေကွန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

သို့သော် သူတို့ အနီးသို့ ချဉ်းကပ်သွားသောအခါ အခြားအရာတစ်ခုက သူတို့၏ အာရုံကို ဆွဲဆောင်သွား၏။ ဝိညာဉ်မှင်စာငါးများ၏ အလောင်းများကြားတွင် လူသားအလောင်း အချို့လည်း ရှိနေသည်။

ဝေကွန်းသည် တစ်ခုကို စစ်ဆေးရန် ဒူးထောက်လိုက်၏။ သူ၏ မျက်နှာ တင်းမာသွားသည်။

"ဒါ ရေမြွေအကြီးအကဲပဲ"

"ဘာ..."

အခြားသူများက ဝိုင်းအုံကြည့်ကြ၏။

သေချာပါသည်၊ ထိုအလောင်းသည် သွေးဆူးအဖွဲ့၏ အကျော်ကြားဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သော ရေမြွေအကြီးအကဲ ဖြစ်သည်။ သူ၏ မြွေကဲ့သို့သော ခန္ဓာကိုယ်သည် အပိုင်းနှစ်ပိုင်းအဖြစ် ပြတ်တောက်နေပြီး သူ၏ မျက်နှာအမူအရာက မယုံကြည်နိုင်မှုများဖြင့် အေးခဲနေ၏။

"ဒါ မဖြစ်နိုင်ဘူး၊ ရေမြွေအကြီးအကဲက မြေကမ္ဘာအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတာ"

အကြီးအကဲတစ်ယောက်က တုန်ရီသောအသံဖြင့် ပြော၏။

"သူ့ကို ဒီလောက်လွယ်လွယ်နဲ့ ဘယ်သူက သတ်နိုင်မှာလဲ"

ဒဏ်ရာ၏ တိကျမှုက သံသယဖြစ်စရာမရှိပေ။ ဒါသည် ပြင်းထန်သော တိုက်ပွဲတစ်ခု သို့မဟုတ် အတွင်းပိုင်း ပဋိပက္ခတစ်ခုကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။

"ဆက်သွားရအောင်"

ဝေကွန်းက အမိန့်ပေးလိုက်၏။

အဖွဲ့သည် ရှေ့သို့ ဆက်လက် လျှောက်လှမ်းစဉ် နန်းတော်သည် ပိုမိုကြောက်မက်ဖွယ်ကောင်းသော အခြေအနေများကို ဖော်ပြနေသည်။

ကြမ်းပြင်ပေါ်တွင် ဝိညာဉ်မှင်စာငါးများ၊ ဝိညာဉ်မှင်စာပုစွန်များနှင့် သွေးဆူးအဖွဲ့က မွေးမြူထားသော အခြား ကြောက်မက်ဖွယ် သတ္တဝါများ၏ အလောင်းများ ပြန့်ကျဲနေ၏။

သူတို့ကြားတွင် သွေးဆူးလှုပ်ရှားသူများ အများအပြား၊ မဟုတ်သေးပါ၊ ရာနှင့်ချီသော သွေးဆူးလှုပ်ရှားသူများ အားလုံး အသတ်ခံထားရသည်။ မည်သူမဆို တူညီသော တိကျသည့်ဒဏ်ရာများကို ရရှိထားကြ၏။

"တစ်စုံတစ်ယောက်က သူတို့ကို အစုလိုက်အပြုံလိုက် သတ်ပစ်ခဲ့တာပဲ"

လက်နက်သခင်တစ်ယောက်က ကြက်သီးများထကာ တိုးတိုးရေရွတ်လိုက်သည်။

"သာမန်လူလည်း မဟုတ်ဘူး"

ဝေကွန်းက ထပ်လောင်းပြော၏။

"ဒီလိုမျိုး တိကျမှုက... ဒါက ကျွမ်းကျင်သူတစ်ယောက်ရဲ့ လက်ချက်ပဲ"

သူတို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လေလေ တင်းမာမှုက ပိုမိုမြင့်မားလေလေ ဖြစ်သည်။ အလောင်းများ၏ အရေအတွက်က အလွန်များပြားလှပြီး နန်းတော်၏ တိတ်ဆိတ်မှုက အခြေအနေကို ပိုမိုဆိုးရွားစေ၏။

သူတို့သည် လမ်းခွဲများပြားလှသော စင်္ကြံများကို ဖြတ်သန်းရင်း သုံးနာရီခန့် ကြာမြင့်သွားခဲ့သည်။

အလောင်းများက အဆုံးမရှိသကဲ့သို့ ဖြစ်နေ၏။

ရုတ်တရက် ဝေကွန်း အေးခဲသွားပြီး သူ၏ ထက်မြက်သော မျက်လုံးများက ရှေ့ရှိ အရာတစ်ခုကို မြင်တွေ့သွားသဖြင့် ကျုံ့သွားသည်။

"နေဦး..."

အဖွဲ့သည် ရှေ့သို့ အပြေးအလွှား သွားခဲ့ကြပြီး ချက်ချင်း ရပ်တန့်သွားကြတော့၏။

သူတို့ရှေ့တွင် ရှိနေသည်မှာ ကြီးမားလှပြီး ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီးတစ်ကောင် ဖြစ်ပြီး ၎င်း၏ အရွယ်အစားက ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးကို သေးငယ်သွားစေသည်။

"ဒါ... ရေသခင်ပဲ"

ဝေကွန်းက မယုံကြည်နိုင်စရာ အသံဖြင့် တိုးတိုးလေး ပြောလိုက်၏။

ထိုကြီးမားလှသော သတ္တဝါကြီးသည် အသက်မဲ့စွာ လဲလျောင်းနေပြီး ၎င်း၏ အသားများက စုတ်ပြတ်နေကာ ခန္ဓာကိုယ်က ပျက်စီးနေသည်။ ၎င်း၏ ကြီးမားလှသော မျက်လုံးဖြစ်သည့် ကြောက်မက်ဖွယ်ကောင်းသော ပုံဆောင်ခဲလုံးကြီးသည် ကွဲအက်နေပြီး ၎င်း၏ လည်ပင်းတွင် ကြီးမားသော ဒဏ်ရာတစ်ခု ရှိနေ၏။

"သူ... သေသွားပြီ"

အကြီးအကဲတစ်ယောက်က တုန်ရီသောအသံဖြင့် ပြောသည်။

"ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ... ဒီသတ္တဝါက ရဲ့ရေကန်ထဲမှာဆို ပြိုင်ဘက်ကင်းတဲ့ကောင်ပဲ၊ ကောင်းကင်အဆင့် လက်နက်သခင်တစ်ယောက်တောင် သူ့ကို ဒီနေရာမှာ မသတ်နိုင်ဘူး"

ရေသခင်၏ အလောင်းရှိနေခြင်းက လူတိုင်းကို မှင်တက်သွားစေ၏။

ကျီနင်စီရင်စုကို အချိန်အတော်ကြာ ခြိမ်းခြောက်နေခဲ့သော၊ သူတို့အား စိတ်ပျက်အားငယ်စေခဲ့သော ထိုမိကျောင်းကြီးသည် ယခုအခါ အသက်မဲ့သော အသားပုံကြီးတစ်ခုထက် မပိုတော့ပေ။

"ဒါကို ဘယ်သူလုပ်ခဲ့တာလဲ"

ဝေကွန်းသည် ဒဏ်ရာကို ဂရုတစိုက် စစ်ဆေးလိုက်ရာ သူ၏ လက်များ တုန်ရင်နေ၏။ ဒဏ်ရာက သန့်ရှင်းပြီး တိကျလှကာ သူ တစ်ခါမှ မမြင်ဖူးသော စွမ်းအားများ ကျန်ရှိနေသည်။

"ဒါက လွန်ခဲ့တဲ့ နာရီအနည်းငယ်ကမှ ဖြစ်သွားတာ"

ဝေကွန်းက ရေရွတ်လိုက်၏။

ထိုအသိက သူတို့၏ ကျောရိုးကို အေးစက်သွားစေသည်။ ဒါကို လုပ်ခဲ့သူသည် ယခုထိ အနီးအနားတွင် ရှိနေနိုင်သေးသည်။

"ကြည့်လိုက်ဦး"

လက်နက်သခင်တစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်ပြီး ရေသခင်၏ အလောင်းနောက်ကျောဆီသို့ ညွှန်ပြလိုက်၏။

လူတိုင်း လှည့်ကြည့်လိုက်ရာ သတ္တဝါကြီး၏ အသားပေါ်တွင် ထူးဆန်းသော စာသားများ ရေးထွင်းထားသည်ကို တွေ့ရသည်။

သူတို့ အနီးသို့ ချဉ်းကပ်သွားသောအခါ စာသားများက ရှင်းလင်းသွား၏။

"ကမ္ဘာ့အတော်ဆုံးစားဖိုမှူး၊ နင်နိုင်ငံတော်၏ကယ်တင်ရှင်... ကျန်းယွန်းရှီ။ လူဆိုးကြီးကို သတ်ဖြတ်ခြင်း။ ရေအောက်နန်းတော်သို့ လာရောက်လည်ပတ်ခြင်း"

ထိုစကားလုံးများသည် ရဲရင့်ပြီး မြူးကြွကာ ဤနေရာနှင့် လုံးဝ ကိုက်ညီမှုမရှိသကဲ့သို့ ဖြစ်နေ၏။

အဖွဲ့တစ်ခုလုံး ထိုစာသားကို စိုက်ကြည့်ရင်း တိတ်ဆိတ်သွားကြသည်။

မျက်လုံးအားလုံးက ကျန်းရှန်းနယ်စားကြီးဆီသို့ ကျရောက်သွားကြ၏။

"...ဒါ သူမရဲ့ လက်ရေးပဲ"

နယ်စားကြီးက နောက်ဆုံးတွင် တိုးညှင်းသောအသံဖြင့် ပြောလိုက်သည်။

"ကျန်းယွန်းရှီက... ရေသခင်ကို သတ်လိုက်တာလား"

ကောင်းကင်ဂိုဏ်းအကြီးအကဲတစ်ယောက်က မယုံကြည်နိုင်စရာ အသံဖြင့် မေး၏။

နယ်စားကြီး၏ အတွေးများ ရှုပ်ထွေးနေ၏။

သူသည် သမီးဖြစ်သူ၏ လုပ်ရပ်များ ဖြစ်သော ချက်ပြုတ်ခြင်း သင်ခန်းစာများအကြောင်း ပုံပြင်များ၊ ကမ္ဘာကြီးကို ကယ်တင်မည်ဟူသော သူမ၏ ရယ်စရာကောင်းသည့် ကြေညာချက်များနှင့် စကားပြောတတ်သော ဓားတစ်လက်အပေါ် စွဲလန်းမှုများကို ပြန်လည်တွေးမိသည်။

သူသည် အမြဲတမ်း ထိုအရာများကို ငယ်ရွယ်သူတို့၏ အဓိပ္ပာယ်မရှိသော အပြုအမူအဖြစ်သာ လျစ်လျူရှုခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုမူ...

ဒါက တကယ် ဖြစ်နိုင်ပါ့မလား။

သူ၏ သမီးဖြစ်သူ ကျန်းယွန်းရှီသည် နိုင်ငံတော်တစ်ခုလုံး မလုပ်နိုင်ခဲ့သောအရာကို တကယ်ပဲ အောင်မြင်အောင် လုပ်နိုင်ခဲ့တာလား။

ကောင်းကင်ဂိုဏ်းအကြီးအကဲများသည် မလုံခြုံသော မျက်လုံးများဖြင့် အချင်းချင်း ကြည့်လိုက်ကြ၏။

"ဒါ... ဒါ တကယ် မဖြစ်နိုင်ဘူး၊ ဟုတ်တယ်မလား"

နယ်စားကြီးက ဘာမှမပြောပေ။ သူသည်လည်း သူတို့ကဲ့သို့ပင် မှင်တက်နေခဲ့ပြီ ဖြစ်သည်။

---

တစ်ချိန်တည်းမှာပင် ရဲ့ရေကန်ပေါ်၌ မျောပါနေသော လှေငယ်တစ်စင်းပေါ်တွင် ကျန်းယွန်းရှီသည် အစမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားရင်း လေထဲတွင် ဝတ်စုံစများ လွင့်ပျံကာ ဂုဏ်ယူစွာ ရပ်နေ၏။ သူမ၏ လက်ထဲတွင် သူမ၏အမှတ်သညာဖြစ်သော ဓားကို ကိုင်ထားသည်။

"ကျွန်မ ဘယ်လောက်တောင် အံ့သြဖို့ကောင်းလဲ၊ ဟုတ်တယ်မလား"

သူမက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။

"အရမ်း အံ့သြဖို့ကောင်းတယ်"

ကျိယွမ်က တည်ငြိမ်စွာ ပြန်ဖြေသည်။

"ဟိဟိ... ကျန်းယွန်းရှီက တစ်နေ့မှာ သူရဲကောင်းပုံပြင်ရဲ့ ဇာတ်လိုက် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"

သူမသည် ဂုဏ်ယူစွာဖြင့် ရင်ဘတ်ကို မတ်လိုက်ပြီး ပါးစပ်ပိတ်မရအောင် ပြုံးနေ၏။

သို့သော် ထို့နောက် အရာတစ်ခုကို သတိရသွားသကဲ့သို့ သူမ၏ မျက်နှာအမူအရာက အနည်းငယ် ရှက်ရွံ့သွားဟန် ရှိသည်။ သူမက ဓားကို ငုံ့ကြည့်လိုက်၏။

"ဟို... ဓားသခင်... ဒီနေ့က ငါ့ရဲ့ မွေးနေ့ပဲ သိရဲ့လား"

"နင်က ဓားသခင်လေ"

ကျိယွမ်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"ရှင် ကျွန်မကို စိတ်ဆိုးနေတာလား၊ ကျွန်မဆိုလိုတာက... ဟိုမှာ ရေးထားခဲ့တဲ့ စာသားထဲမှာ ရှင့်နာမည်ကို ထည့်ရေးခဲ့သင့်တာ၊ ဥပမာ... ကျန်းယွန်းရှီနဲ့ ဓားအိုကြီး၊ ရေအောက်နန်းတော်သို့ အတူတူ လာရောက်လည်ပတ်ခြင်း ဆိုတာမျိုးပေါ့"

သူမသည် ယုံကြည်မှုများ လျော့နည်းသွားဟန်ဖြင့် ဓားကို စိုးရိမ်တကြီး ကြည့်လိုက်၏။

All Chapters