← Chapters

အခန်း (၅၁၈)

Vol. 49 Ch. 518

အခန်း (၅၁၈)

Vol. 49 Ch. 518

အပိုင်း (၅၁၈) - ကျွမ်းမိုရွှန်း

တစ်ရက်ဝက်ခန့် ကြာပြီးနောက် ဝါးတောကြီးတစ်ခုထဲ၌ ဖြစ်၏။

ရှဲ့ထန်းရန်သည် လာရောက်သူကို မယုံကြည်နိုင်သော မျက်နှာထားဖြင့် ကြည့်နေသည်။

"ဘာလို့လဲ၊ ဘာဖြစ်လို့လဲ"

မိမိဘက်မှ အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံစွာ ဖြေဆိုခဲ့ပြီး ပြီးပြည့်စုံစွာလည်း ဟန်ဆောင်နိုင်ခဲ့ပါလျက်နှင့် မင်းသမီးက ဘာကြောင့် သူ့ကို သတ်ရန် လူလွှတ်ခဲ့သနည်းဟု သူ တွေးမရ ဖြစ်နေ၏။

အကယ်၍ အရင်ကဆိုလျှင် သူ၏ ရာထူးဂုဏ်သတင်းအရ မင်းသမီးကို အနည်းငယ်မျှပင် ကြောက်ရွံ့မည် မဟုတ်ပေ။

သို့သော် ယခုမူ မင်းသမီးသည် ကျီနင်ခရိုင်ကြီးတစ်ခုလုံးကို ကယ်တင်ခဲ့ပြီး ဖြစ်၏။ သူမက သူ့ကို သတ်ချင်လျှင် ခေါင်းတစ်ချက် ညိတ်ပြရုံသာလိုသည်။

သူသည် လုံးဝ မခုခံနိုင်ခဲ့ပါ။

"မင်းသမီးက ပြောတယ်၊ မင်းဟာ လူသတ်သမား၊ ဓားပြ၊ လူမိုက်တစ်ယောက် မဟုတ်ဘူးလို့ မင်း မငြင်းခဲ့ဘူးတဲ့..."

ဝတ်ရုံနက်အဘိုးအို၏ မျက်နှာတွင် တည်ကြည်သော အရိပ်အယောင်များ ရှိနေပြီး သူ၏ လက်ထဲမှ မှော်လက်နက်သည် တုန်ခါနေ၏။

ရှဲ့ထန်းရန်၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်သွားကာ အထိတ်တလန့်ဖြေလိုက်သည်။

"ဒါပေမဲ့.. သူကလည်း..မမေးခဲ့ဘူး လေ"

မမေးဘဲနှင့် မည်သို့ ဖြေရမည်နည်း။ ရှဲ့ထန်းရန် လုံးဝမကျေနပ်ပါ။

ကံဆိုးသည်မှာ သူမကျေနပ်သော်လည်း ဘာတတ်နိုင်တော့မည်နည်း။ သူ၏ ခန္ဓာကိုယ်သည် ပြိုလဲသွားပြီး ထိုနေရာ၌ပင် သေဆုံးသွားသည်။

ဝတ်ရုံနက်အဘိုးအိုသည် တစ်ချက်ကြည့်လိုက်ပြီးနောက် ပျောက်ကွယ်သွား၏။

၁၅ မိနစ်ခန့် ကြာသောအခါ ပေါက်စီတစ်လုံးကို ပါးစပ်တွင် ကိုက်ထားသော အဘိုးအိုတစ်ဦး ပေါ်လာသည်။

သူသည် မြေပြင်ပေါ်ရှိ အလောင်းကို ကြည့်ကာ အရည်တစ်မျိုးကို လောင်းချလိုက်၏။

ဇိဇိ...

ရှဲ့ထန်းရန်၏ ခန္ဓာကိုယ်သည် အရည်ပျော်သွားပြီး အရိုးပင်မကျန်တော့ပေ။

"သခင် ပြောတဲ့အတိုင်းပဲ၊ သူက အခု သရဲတစ္ဆေ ဖြစ်ဖို့တောင် အခွင့်အရေး မရှိတော့ဘူး"

ချန်ခန်းပေါင်သည် ကောက်ကျစ်သော အပြုံးဖြင့် ဝါးတောထဲသို့ ပျောက်ကွယ်သွားပြန်၏။

ကောင်းကင်ဂိုဏ်း၌ ဖြစ်သည်။

ကျိုးရွှန်း၏ မျက်နှာသည် အလွန်အမင်း ညိုမှောင်နေပြီး မလှမ်းမကမ်းတွင် ရှိနေသော ဝမ်ချင်းယီကို ချက်ချင်းပင် အရိုအသေပေးလိုက်၏။

"လွန်ခဲ့တဲ့ ရက်ပိုင်းက ထန်းရန်ဟာ လင်းရွှန်းအပေါ် ရိုင်းစိုင်းမိပါတယ်။ ကျွန်တော် သူ့ကိုယ်စား တောင်းပန်ပါတယ်"

ယခုတင် သူသည် မိမိတပည့် သေဆုံးသွားကြောင်း သိလိုက်ရခြင်းဖြစ်ပြီး ရှဲ့ထန်းရန်သည် မင်းသမီး ကျန်းယွန်းရှီ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ သူ ဒေါသထွက်သော်လည်း ဘာမျှ မတတ်နိုင်ပါ။

ပထမအချက်အနေဖြင့် ကျန်းယွန်းရှီက ရောက်လာသည်နှင့် လော့ထုံရေသခင်ကို သတ်ကာ အခြေအနေကို ထိန်းချုပ်ခဲ့သည်။

ဒုတိယအချက်အနေဖြင့် ထွက်ပေါ်လာသော သတင်းသစ်များအရ လော့ထုံရေသခင်နှင့် ကောင်းကင်ဂိုဏ်းသည် နက်ရှိုင်းစွာ ပတ်သက်နေကြောင်း သိရ၏။ ဝမ်းနည်းလေပြေလက်ဝါး ဝေကွန်းလည်း ထိုအကြောင်းကြောင့် သေဆုံးခဲ့ရသည်။ ဤကိစ္စတွင် ကောင်းကင်ဂိုဏ်းက အကြောင်းပြချက် မရှိပေ။

တတိယအချက်အနေဖြင့် ဝေကွန်း သေဆုံးမှုသည် ကောင်းကင်ဂိုဏ်း၏ အင်အားကိုလည်း ဆုတ်ယုတ်စေခဲ့သည်။

ယခုအခါ ရှဲ့ထန်းရန် သေဆုံးသွားပြီဖြစ်ရာ ပြီးခဲ့သည့်အကြိမ်က ကိစ္စကြောင့် ရှန်မိသားစုက ရှဲ့ထန်းရန်၏ မျိုးနွယ်စုဝင်များကို ရန်မရှာစေရန် သူက တပည့်ဖြစ်သူကိုယ်စား တောင်းပန်ရခြင်း ဖြစ်၏။

ဤအရာသည်ပင် ယခုအခါ၌ ဆရာဖြစ်သူအနေဖြင့် သူလုပ်ပေးနိုင်သော တစ်ခုတည်းသော အရာ ဖြစ်သည်။

"ဟွန့်"

ဝမ်ချင်းယီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

"မတရားတာ လုပ်တဲ့သူဟာ အခုလိုအပြစ်ပေးခံရမှာပဲ"

ကျိုးရွှန်းသည် အနေခက်သော မျက်နှာထားဖြင့် စကားလမ်းကြောင်း လွှဲလိုက်သည်။

"မင်းသမီး ယွန်းရှီ ကိုင်ထားတဲ့ မီးဖိုချောင်သုံးဓားက... သူမ ပြောသလို တကယ်ပဲ ပျက်စီးသွားတာလား"

ဝမ်ချင်းယီသည် ထိုလျှို့ဝှက်ဆန်းကြယ်သော မီးဖိုချောင်သုံးဓားအကြောင်း ကြားရသောအခါ မျက်နှာ တည်ကြည်သွား၏။

"အဲ့ဒါ လိမ်တာ ဖြစ်ရမယ်။ ငါ ရဲရဲကြီး ပြောရဲတယ်။ မင်းသမီး ယွန်းရှီရဲ့ အင်အားအရဆိုရင် မင်းတို့ ဆယ်ယောက်ပေါင်းရင်တောင် ငါ့တပည့် လင်ရွှမ်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး။

လော့ထုံရေသခင်နဲ့ သွေးဆူးက အကြီးအကဲတွေကို သတ်ဖို့ဆိုတာ အလွန် ခက်ခဲတယ်။

ဒါကို ကြည့်ရင် အဲ့ဒီမှော်လက်နက် မီးဖိုချောင်သုံးဓားက အလွန် ကြောက်စရာကောင်းတာ သေချာတယ်... ဘယ်လိုလုပ် ပျက်စီးသွားမှာလဲ"

"တော်ဝင်မိသားစုက ဒီမှော်လက်နက်ကို ရသွားတော့ သူတို့အင်အားက အများကြီး တိုးတက်သွားပြီ။ ကောင်းကင်ဂိုဏ်းနဲ့ မိုးကြိုးဂိုဏ်းတို့အတွက် ခက်ခဲတော့မယ်"

ကျိုးရွှန်းက သက်ပြင်းချ၏။

နင်နိုင်ငံတွင် တော်ဝင်မိသားစုသည် ဆုတ်ယုတ်နေပြီး ကောင်းကင်ဂိုဏ်းနှင့် မိုးကြိုးဂိုဏ်းတို့ထက် အင်အားနည်းပါးသည်။ သို့သော် တော်ဝင်မိသားစုတွင် ထိုမီးဖိုချောင်သုံးဓား ရှိနေသဖြင့် အခြေအနေက အလွယ်တကူ ပြောင်းလဲသွားနိုင်၏။

"မင်းသမီး ယွန်းရှီက ဒီမှော်ဆန်တဲ့ လက်နက်ကို ဘယ်လိုရခဲ့တာလဲ။ ဒီမှော်လက်နက်ကို... ဘယ်ဆရာကြီးက လုပ်ခဲ့တာပ်လိမ့်"

ဝမ်ချင်းယီသည် သိချင်စိတ် ပြင်းပြနေပြီး မျက်ဝန်းထဲတွင် ဇဝေဇဝါ ဖြစ်နေ၏။

၄င်းက တကယ့်ကို ပုစ္ဆာတစ်ပုဒ် ဖြစ်သည်။

မည်သို့ပင်ဆိုစေ နင်နိုင်ငံတွင် လက်ရှိ၌ ကောင်းကင်အဆင့်လက်နက်သခင် မရှိကြောင်း အားလုံး သိကြ၏။

အနီးနားရှိ မြို့တော်များတွင်လည်း မီးဖိုချောင်သုံးဓားနှင့် တူသော မှော်ဆန်သော လက်နက်ကို လုပ်နိုင်သည့် ဆရာကြီးများအကြောင်း တစ်ခါမျှ မကြားဖူးပေ။

ထိုမီးဖိုချောင်သုံးဓားက... ကြည့်ရသည်မှာ အလွန် ရိုးရှင်းလွန်းလှ၏။

မီးဖိုချောင်သုံးဓားသည် အလွန်စွမ်းအားကြီးမားသော်လည်း လူတိုင်း၏ မျက်စိထဲတွင်မူ ရယ်စရာကောင်းနေသလိုလိုပင်။

ထိုအချိန်တွင် ကျိုးရွှန်းသည် တစ်ခုခုကို တွေးမိကာ တိုးတိုးလေး ပြောလိုက်မိသည်။

"ရိုရှားနိုင်ငံတော်က လူတွေလည်း ဒီလိုမှော်ဆန်တဲ့ လက်နက်ကို စိတ်ဝင်စားကြလိမ့်မယ် ထင်တယ်။ မင်းသမီး ယွန်းရှီ အဲ့ဒါကို ထိန်းသိမ်းထားနိုင်မလား မသိဘူး"

ဝမ်ချင်းယီ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။

"ကျိုးရွှန်း၊ ဘာပဲဖြစ်ဖြစ် ဒါက ငါတို့ နင်နိုင်ငံရဲ့ ပြည်တွင်းတိုက်ပွဲပဲ။

မှော်ဆန်တဲ့ မီးဖိုချောင်သုံးဓားက တော်ဝင်မိသားစုလက်ထဲမှာ ရှိရှိ၊ တခြားလူလက်ထဲမှာ ရှိရှိ၊ ငါတို့ နင်နိုင်ငံအတွက်တော့ ကောင်းတဲ့အရာပဲ။

တကယ်လို့ မင်းက..."

"အစ်မကြီး၊ ကျွန်တော် တလွဲတွေးမိတာပါ။ ကျွန်တော် ဘယ်တော့မှ အဲလိုမျိုး မလုပ်ပါဘူး"

ကျိုးရွှန်းက အမြန်ပြောလိုက်၏။

"ဟွန့်"

ဝမ်ချင်းယီက နောက်တစ်ကြိမ် နှာခေါင်းရှုံ့ပြန်သည်။

ကျိုးရွှန်း၏ နဖူးတွင် ချွေးစေးများ ပြန်လာ၏။ သူ အနည်းငယ် စိုးရိမ်သွားသည်။ ယနေ့ သူသည် အဘယ်ကြောင့် စကားလမ်းကြောင်း လွဲပြီး အစ်မကြီးကို စိတ်ဆိုးအောင် လုပ်မိသနည်း။

သူသည် စကားကို လွှဲရမည့်ပုံရ၏။

သူသည် ရှန်လင်ရွှမ်းကို ကြည့်ကာ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

"ပန်းသူခိုး ဟန်ရှန်းမဟာဆရာကြီးဟာ လင်ရွှမ်းကို အန္တရာယ်ပြုဖို့ အခွင့်အရေး စောင့်နေတယ်လို့ ကြားတယ်။ နည်းနည်းတော့ ထူးဆန်းတယ်။ ဒီရက်ပိုင်းအတွင်း သူ့ရဲ့ အရိပ်အယောင်ကို ဘာလို့ မမြင်ရတာလဲ"

"ဟွန့်၊ သူသာ ပေါ်ရဲရင် ငါ သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး"

ဝမ်ချင်းယီက ပြတ်သားစွာ ဆို၏။

ဘေးတွင် ရှိနေသော ရှန်လင်ရွှမ်းသည် မျက်နှာတွင် ပိတ်ပါးစည်းထားသဖြင့် သူမ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူမထံမှ အလွန်အေးစက်သော အငွေ့အသက်ကို ခံစားနေရဆဲ ဖြစ်သည်။

သူမသည် ထိုနေ့က ကျောင်းတော်အပြင်ဘက်တွင် ဓားကိုင်ထားသော လူငယ်လေးကို တွေးမိသွား၏။

သူမသည် ထိုလူက မည်သူမည်ဝါဖြစ်ကြောင်းကို အလွန် သိချင်နေသည်။

ထိုလူသည် ကောင်းကင်နှင့် လူသား တစ်ထပ်တည်းကျခြင်းအရှိန်အဝါမျိုး မရှိသော်လည်း မြေကမ္ဘာအဆင့် အထွတ်အထိပ်ကို သူ၏ ဓားဖြင့် အလွယ်တကူ သတ်နိုင်ခဲ့၏။

ဤကဲ့သို့သော စွမ်းအားသည် အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။

"သူ ပေါ်လာရင် ကျွန်တော်လည်း သူ့ကို အလွှတ်ပေးမှာ မဟုတ်ပါဘူး"

ကျိုးရွှန်းက အမြန်ပြန်ပြောကာ ဖားလိုက်သည်။

"အင်း"

ဝမ်ချင်းယီက သက်ပြင်းချကာ ရှန်လင်ရွှမ်းအားကြည့်၏။

"လင်ရွှမ်း... နင် မျိုးနွယ်စုဆီ ခဏလောက်ပြန်ရင် မကောင်းဘူးလား"

နက်နဲယင်ခန္ဓာသည် အလွန်လွှမ်းမိုးနိုင်စွမ်းကြီးမားသည်။ ရှန်လင်ရွှမ်းသည် မြေကမ္ဘာအဆင့် အထွတ်အထိပ်သို့ မရောက်သေးသဖြင့်သာ တော်သေး၏။ သို့မဟုတ်ပါက အခြားနိုင်ငံမှ ကောင်းကင်အဆင့် မိစ္ဆာအိုကြီးများက ၎င်းကို လုယူရန် ကြိုးစားကြလိမ့်မည်။

နက်နဲယင်ခန္ဓာ၏ အကျိုးကျေးဇူးကို အပြည့်အဝ ရရှိရန်အတွက် ရှန်လင်ရွှမ်းသည် အနည်းဆုံး မြေကမ္ဘာအဆင့် ဖြစ်ရမည်ဖြစ်ပြီး မြေကမ္ဘာအဆင့် အထွတ်အထိပ် ဖြစ်ပါက ပိုကောင်း၏။

ယခုလည်း ဟန်ရှန်းမဟာဆရာကြီးသည် မည်သည့်နေရာတွင် ပုန်းနေမှန်း မသိရပေ။ ထို့အပြင် ရိုရှားနိုင်ငံတော်မှ ကောင်းကင်အဆင့် စစ်သံတမန်များမှာလည်း ရဲ့ရေကန်အကြောင်းကို သိကြပေလိမ့်မည်။ သူတို့က ရှန်လင်ရွှမ်းကို မက်မောလာလျှင် မည်သို့လုပ်မည်နည်း။

ဝမ်ချင်းယီမှာ ထိုကိစ္စကို စိုးရိမ်စိတ်လည်း ရှိနေ၏။

ရှန်လင်ရွှမ်း၏ မျက်ဝန်းများကတော့ တည်ငြိမ်နေပြီး အတန်ကြာစဥ်းစားပြီးမှ ခေါင်းညိတ်လိုက်ကာ ဖြေသည်။

"ကောင်းပါပြီ"

ဂိုဏ်းထဲတွင် လမ်းပြသူများ၊ တခြား မြေကမ္ဘာအဆင့် စစ်သေနာပတိများနှင့် မြေကမ္ဘာအဆင့်လက်နက်များဖြင့် ဖွဲ့စည်းထားသော အစီအရင် ရှိသဖြင့် ကောင်းကင်အဆင့် စစ်သံတမန်များပင်လျှင် သူမကို ဖမ်းဆီးရန် ခက်ခဲလိမ့်မည်။

ထို့အပြင် သူမ၏ အတိတ်ဘဝက သုံးခဲ့သော ဓားသည်လည်း ဂိုဏ်းထဲတွင် ရှိနေ၏။ အကယ်၍ စွမ်းအားကြီးသော ရန်သူ ပေါ်လာပါက သူမတွင် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း အနည်းငယ် ရှိသည်။

ယခုအခါ ဘေးပတ်ပတ်လည်တွင် ဝံပုလွေများ စောင့်ဆိုင်းနေသကဲ့သို့ ဖြစ်နေသဖြင့် သူမအနေဖြင့် အပြင်လောကတွင် ဆက်ရှိနေရန် အမှန်တကယ် ခက်ခဲလှ၏။

အထူးသဖြင့် ပြီးခဲ့သည့်အကြိမ်က ဟန်ရှန်းမဟာဆရာကြီးကို သတ်ရန် ပြင်ဆင်စဉ်က သူမသည် မြေကမ္ဘာအဆင့်၏ စွမ်းအားကို ထုတ်ဖော်ပြသခဲ့သည်။

အကယ်၍ ထိုလူငယ်ကသာ သူမကို ဖွင့်ချလိုက်ပါက သွေးချောင်းစီးသည့် တိုက်ပွဲများ ဖြစ်လာနိုင်၏။

မြေကမ္ဘာအဆင့်ကိုရောက်နေသော နက်နဲယင်ခန္ဓာ၏ဆွဲဆောင်မှုသည် ကောင်းကင်အဆင့် စစ်သည်များကိုပင် ရူးသွပ်သွားစေရန် လုံလောက်သည်။

ရှန်လင်ရွှမ်းသည် ခန်းမထဲမှ ထွက်ခွာပြီး သူမ၏ နေအိမ်သို့ ပြန်လာခဲ့၏။

ထိုအခိုက် ခြေတံရှည်သွယ်များနှင့် ကျော့ရှင်းသော ကျိရွှန်း ရောက်လာသည်။

ရှန်လင်ရွှမ်းက အေးစက်သော လေသံဖြင့် မေးလိုက်၏။

"ငါ့ယောကျ်ား.. သူ ပြန်မလာသေးဘူးလား"

"မလာသေးဘူး"

ကျိရွှန်းက ဒေါသတကြီးဖြင့် ခေါင်းခါပြသည်။

"သူက လွန်လွန်းပါတယ်။ သူ ရဲ့ရေကန်ကို လာတုန်းက သခင်မနဲ့တောင် မတွေ့ခဲ့ဘူး၊ အခုတော့ သူ့ရဲ့ အရိပ်အယောင်တောင် ပျောက်နေပြီ"

"သူ အန္တရာယ် မရှိဘူးမလား"

ရှန်လင်ရွှမ်းက မေးပြီးနောက် ခေါင်းခါလိုက်၏။

မကွယ်လွန်မီက ဆရာကြီးကျိသည် သူ၏ သား ကျိယွမ်အတွက် လက်ဆောင်တစ်ခု ချန်ထားခဲ့သဖြင့် သူသည် သာမန် စစ်သံတမန်များ၏ အန္တရာယ်ကို စိတ်ပူစရာမလိုပေ။

"ငါ အခု ထျန်မုတောင်ကို သွားတော့မယ်။ နင် ပစ္စည်းတွေ သိမ်းပြီး ငါနဲ့ လိုက်ခဲ့ပါ"

ရှန်လင်ရွှမ်းက ပြတ်သားစွာ ပြောလိုက်သည်။

"အိမ်ပြန်ချင်လို့လား"

ကျိရွှန်းက အံ့သြသွားကာ ရှန်လင်ရွှမ်းအားကြည့်ကာမေး၏။

ရှန်လင်ရွှမ်းက မျက်မှောင်ကုပ်သွားပြီးမှ ခေတ္တစဥ်းနေပြီး ခေါင်းခါလိုက်သည်။

"ထားလိုက်ပါတော့၊ အဲဒါက ငါ့မိဘတွေကို ပိုပြီး စိုးရိမ်ရုံပဲ ရှိလိမ့်မယ်"

တစ်ဘက်ရှိ ရှန်မိသားစုစခန်းတွင်တော့ ကျိယွမ်နှင့် ချန်ခန်းပေါင်တို့သည် အေးအေးလူလူ ပြန်ရောက်လာကြ၏။

ယခုအချိန်တွင် ကျိယွမ်သည် လက်ထဲ၌ နတ်ဘုရားသစ်သားတံဆိပ်ပြားကို ကိုင်ထားပြီး လက်ဖက်ရည်သောက်ကာ စကားပြောနေ၏။

"ဒီရက်ပိုင်း နင်နိုင်ငံ ရဲ့ရေကန်မှာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တယ်လို့ ကြားတယ်။

မင်းသမီး ယွန်းရှီဟာ ထူးခြားတဲ့ မှော်လက်နက် မီးဖိုချောင်သုံးဓားကို ကိုင်ပြီး လော့ထုံရေသခင်ကို သတ်လိုက်တယ်။

တစ်ချိန်တည်းမှာပဲ သွေးဆူးအဖွဲ့ရဲ့ ​ရေမြွေအကြီးအကဲလည်း သေဆုံးသွားခဲ့တယ်။

အစ်ကိုသားလှီးဓား၊ ဒီမှော်လက်နက် မီးဖိုချောင်သုံးဓားက အစ်ကိုနဲ့ ပတ်သက်နေတာလား"

သွေးဆူးအဖွဲ့ချုပ်မှတစ်ဦးက အဖွဲ့ထဲတွင် မေးလိုက်၏။

ကျိဝူယွန်းသည် ထိုမေးခွန်းကို မြင်သောအခါ စကားဆွံ့အသွားသည်။

"မင်းက အစ်ကိုသားလှီးဓားဟာ မှော်လက်နက် မီးဖိုချောင်သုံးဓား ဖြစ်နေတယ်လို့ သံသယဝင်နေတာလား။ မှော်လက်နက်မှာ သူ့ရဲ့ တကယ့်အသိစိတ် မရှိဘူး၊ သူက ငါတို့နဲ့ ဘယ်လို စကားပြောနိုင်မှာလဲ။

ရှိရင်တောင် အဲဒါက နတ်ဘုရားလက်နက်ပဲ၊ ဒါပေမဲ့ နတ်ဘုရားလက်နက်ရဲ့ ဉာဏ်ရည်ဟာ အလွန်ဆုံး ခြောက်နှစ် ဒါမှမဟုတ် ခုနစ်နှစ်အရွယ် ကလေးတစ်ယောက်လောက်ပဲ ရှိတာ။ အစ်ကိုဓားက ကလေးနဲ့ တူလို့လား"

သွေးဆူးအဖွဲ့၀င်မှာ တစ်ဖက်လူ၏ ထောက်ပြချက်ကို ဖတ်ကာ စကားဆွံ့အသွားလေ၏။

သူက အစ်ကိုသားလှီးဓားကို မီးဖိုချောင်သုံးဓားမှော်လက်နက်ကို သန့်စင်ပေးခဲ့သော ကောင်းကင်အဆင့်လက်နက်သခင် ဖြစ်သည်ဟု ပြောချင်နေခြင်း ဖြစ်သည်။သို့သော် တစ်ဖက်လူက တစ်လွဲထင်နေ၏။

"ဒါနဲ့ ပတ်သက်လို့ မင်းတို့သွေးဆူးအဖွဲ့က ငါ့ကိုလျော်ကြေးပေးသင့်တယ် မဟုတ်ဘူးလား။ အဲဒီ​ရေမြွေအကြီးအကဲက ငါ့ကို တော်တော်လေးစိတ်အနှောင့်အယှက်ပေးခဲ့တယ်။ ငါ စိတ်ဒဏ်ရာရမှုအတွက် လျော်ကြေး လျှောက်ထားတယ်"

ကျိယွမ်ကတော့ ဘယ်သူဘာထင်ထင် သူ၏ ရပိုင်ခွင့်ကိုသာ ပြောလိုက်၏။

"အစ်ကိုသားလှီးဓား ရှန်မုယွမ်ကို လာခဲ့လိုက်၊ငါ ငွေသား တစ်သိန်း လျော်ကြေးပေးပါ့မယ်"

"အေး...မင်း စကားကို ပြန်မပြင်နဲ့နော်"

"အစ်ကိုသားလှီးဓား မသွားနဲ့။ သွေးဆူးက လူတွေဟာ ရှန်မုယွမ်အပြင်ဘက်မှာ ထောင်ချောက်တွေ ဖြန့်ထားတာ သေချာတယ်"

"မဖြစ်နိုင်တာ။ သွေးဆူးက လူတွေက အတော်လေး ကောင်းပါတယ်၊ သူတို့မှာလည်း ပိုက်ဆံရှိတယ်"

ကျိယွမ်က ထိုအရာကို ဂရုမစိုက်ပေ။

"အစ်ကိုသားလှီးဓားက အမြင်စူးရှတာပဲ။ ငါတို့ သွေးဆူးအဖွဲ့မှာ အန္တရာယ်ပြုဖို့ ရည်ရွယ်ချက် မရှိပါဘူး"

"လူတွေကို အန္တရာယ်မပြုဘူး ဟုတ်လား။ လူတွေကို ဝိညာဥ်မှင်စာဖြစ်အောင်ပြောင်းလဲတာက အန္တရာယ်ပြုတာ မဟုတ်ဘူးလား"

"ဘယ်ကသာ .မှင်စာလို့မခေါ်ရဘူး ၊ ထူးဆန်းဝိညာဉ်တွေလို့ ခေါ် ၊ ထူးဆန်းဝိညာဥ်ဆိုတာ သက်ရှိတွေရဲ့ နောက်ထပ် တည်ရှိမှု ပုံစံတစ်ခုပဲ"

"ဥပမာအားဖြင့် မင်းက ငါတို့ သွေးဆူးအဖွဲ့ကို ရှောင်ပြီး ယောကျာ်းတစ်ယောက်အဖြစ် ဟန်ဆောင်နေတာဟာလည်း မင်းရဲ့ တည်ရှိမှု ပုံစံကို ပြောင်းလဲထားတာလို့ သတ်မှတ်နိုင်တာပဲလေ ဟုတ်တယ်မှတ်လား"

ကျိဝူယွန်း စကားမပြောရဲတော့ပေ။

သွေးဆူးအဖွဲ့ဝင်က ဆက်ပြောသည်။

"လူ့သက်တမ်းက တိုတောင်းလွန်းတယ်၊ ငါတို့ဟာ နှစ်အနည်းငယ် ရာစုလေးလောက်ပဲ အသက်ရှင်နိုင်ကြတာ။

ကံကြမ္မာကောင်းသာ ရောက်မလာရင် မင်းဟာ ခဏလောက်တော့ ပိုပြီး အသက်ရှင်နိုင်လိမ့်မယ်။"

"ကျန်တဲ့သူတွေကတော့ ဒီလောကထဲမှာ ဒီလိုပဲ ခဏတဖြုတ် ဖြတ်သန်းသွားသူတွေပဲလေ။ သူတို့ အရိပ်အယောင်အချို့ ချန်ထားခဲ့ရင်တောင် ဘာအရေးလဲ။တကယ်လို့ မင်းက မင်းတို့ပြောတဲ့ ဝိညာဥ်မှင်စာ ဖြစ်သွားရင် အနည်းဆုံး နှစ်တစ်ထောင်လောက် အသက်ရှင်နိုင်မယ်..ဟုတ်တယ်မှတ်လား"

"ပြီးတော့... အစ်ကိုသားလှီးဓား၊ မင်းရဲ့ ပါရမီနဲ့ဆိုရင် ငါတို့ သွေးဆူးအဖွဲ့ကို ဝင်ပါ၊ နတ်ဘုရားသစ်တောတံဆိပ်ပြားကို အပ်နှံပြီး ငါတို့ရဲ့ ကြီးမြတ်တဲ့ လုပ်ငန်းမှာ ပူးပေါင်းလိုက်"

"ငါတို့ရဲ့ ကုသိုလ်တွေဟာ ငါတို့ကို ပြင်ပလောကသို့ သွားခွင့်ရစေနိုင်တဲ့အပြင် ဘိုးဘွားရုပ်တုကိုလည်း ကိုးကွယ်ပြီး မသေမျိုး တည်ရှိမှုအဖြစ် ပြောင်းလဲစေနိုင်လိမ့်မယ်"

သွေးဆူးအဖွဲ့သားက မက်လုံးပေးကာ အပိုင်စည်းရုံး​လိုက်၏။

"မလိုဘူး..ငါက အခုကတည်းက မသေမျိုး ဖြစ်နေပြီ"

ကျိယွမ်က တိုက်ရိုက် ငြင်းပယ်လိုက်သည်။

သူ့လိုအလွန်ခန့်ညားသောသူက သရဲတစ္ဆေကဲ့သို့သော သတ္တဝါအဖြစ် မည်သို့ ပြောင်းလဲချင်မည်နည်း။

"အစ်ကိုသားလှီးဓား၊ မင်းက ငါတို့ သွေးဆူးအဖွဲ့အပေါ် အထင်လွဲတာတွေ ရှိနေတယ်ထင်တယ်။ ငါတို့ သွေးဆူးအဖွဲ့ဟာ ကမ္ဘာကြီးကို ဖျက်ဆီးနေတာ မဟုတ်ပါဘူး။ တကယ်တော့ ငါတို့က ကမ္ဘာကြီးကို ကယ်တင်နေတာပါ။

ကမ္ဘာကြီးက ဖျားနာနေတာကို မင်း မသတိထားမိဘူးလား။

ဘုရင်က မရိုးသားဘူး၊ မျိုးနွယ်စုတွေက သောင်းကျန်းနေကြတယ်၊ အကျင့်ပျက်ခြစားအမှုထမ်းတွေက ထင်ပေါ်နေကြတယ်၊ သူတို့က ဘုရင့်ဥပဒေကို ဘာမျှမရှိသလို သဘောထားကြပြီး ပြည်သူတွေကတော့ ဒုက္ခတွင်းထဲမှာ အသက်ရှင်နေရတယ်"

"အင်း...မင်းပြောတာ အကြောင်းပြချက် ရှိပါတယ်။ သူတို့ရဲ့ အငွေ့အသက်က အလွန် ပုပ်စော်နံလွန်းတယ်"

ထိုအချက်ကိုတော့ ကျိယွမ်လည်း ထပ်တူ ခံစားရ၏။

သူပြောသည်ကို ထောက်ခံလ်ုက်သဖြင့် သွေးဆူးအဖွဲ့ဝင်က ဝမ်းသာအားရဖြင့် ထပ်ပြောလေသည်။

"အစ်ကိုသားလှီးဓားက ငါတို့ သွေးဆူးအဖွဲ့နဲ့အတူ ကမ္ဘာကြီးကို ပြောင်းလဲဖို့ ဆန္ဒရှိတာလား"

"ထားလိုက်ပါတော့၊ မင်းတို့ သွေးဆူးအဖွဲ့ရဲ့ အငွေ့အသက်ကလည်း အဲလောက် မကောင်းပါဘူး။ အဲဒီအဘိုးကြီးက ငါ့ကို ထောက်ပံ့ချင်နေတာဆိုတော့ ၊ ငါ မင်းတို့ကို နည်းနည်းပါးပါးတော့ ပြောင်းလဲပေးမယ်"

"အော်..အစ်ကိုသားလှီးဓားက ဆန္ဒမရှိဘူး ထင်တယ်"

သွေးဆူးအဖွဲ့သား အနည်းငယ် စိတ်ပျက်သွား၏။

"ငါက အစ်ကိုသားလှီးဓားနဲ့ စိတ်တူကိုယ်တူ ဖြစ်မယ်လို့ ထင်ထားတာ"

"တော့လိုက်တော့ ဒီလို ရွံစရာကောင်းတဲ့ စကားတွေကို မပြောနဲ့တော့"

နတ်ဘုရားသစ်တောတံဆိပ်ပြားထဲမှ ထွက်လိုက်ပြီးနောက် ကျိယွမ်သည် ထိုင်ကာတွေးနေမိသည်။

"လက်ရှိအချိန်အထိ ရထားတဲ့ ဇာတ်ကွက် အချက်အလက်တွေအရဆိုရင် ဒီသွေးဆူးအဖွဲ့ကို လူဆိုးအသေးစားလို့ သတ်မှတ်ရမလား"

"ဒါတွေက အရေးမကြီးပါဘူး။ အရေးကြီးတာက ငါ့အင်အားကို မြှင့်တင်ဖို့နဲ့... သရုပ်ဆောင်ဖို့ပဲ"

"ဟူး...အဆင့်တက်ဖို့က အရမ်းခက်ခဲလွန်းတယ်။ ငါက အခု အဆင့် ၁၁၉ ပဲ ရှိသေးတယ်"

ရေသတ္တဝါ အမြောက်အမြားနှင့် လော့ထုံရေသခင်ကို သတ်ပြီးနောက် ကျိယွမ်၏ အတွေ့အကြုံဘားတန်းသည် အဆင့် ၁၁၉ သို့ ရောက်ရှိသွားခဲ့သည်။

ယခုလောက၏ အခေါ်အဝေါ်ဖြင့်ဆိုလျှင် မြေကမ္ဘာအဆင့် အထွတ်အထိပ် ဖြစ်၏။

နောက်ထပ် ခြေလှမ်းတစ်လှမ်းကတော့ ကောင်းကင်အဆင့်ဖြစ်သည်။

ယခုအကြိမ်တွင် သားလှီးဓားအဖြစ် သရုပ်ဆောင်ခြင်းက အဆင့် ၂၀ ကျော် တိုးတက်လာခဲ့သော်လည်း သမက်ကျိယွမ်နှင့် နှိုင်းယှဉ်ပါက အရှိန်သည် နှေးကွေးသည်ဟု ယူဆရ၏။

"နည်းနည်းတော့ ထူးဆန်းတယ်။ အကျိုးအကြောင်းအရဆိုရင် ငါ့ရဲ့ အတွေ့အကြုံဘားတန်းက မှင်စာတွေ အများကြီးနဲ့ လော့ထုံရေသခင်ကို သတ်ပြီးပြီဆိုတော့ အဆင့် ၁၂၀ ကို ဝင်ရမှာ၊ ဒါပေမဲ့ အခုထိ မဝင်သေးဘူး... ဒီလောကရဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းတွေကြောင့်လား"

သူ ဝမ်ယုကုန်းမြေတိုက်တိုက်ကြီးတွင် ရှိစဉ်က ကျိယွမ်သည် အဆင့်တစ်ခုတွင် တစ်ခါ ပိတ်မိခဲ့ဖူးသည်။

အတွေ့အကြုံဘားတန်းက မြင့်တက်နေသော်လည်း အဆင့်မတက်ခဲ့ပေ။

ယနေ့တွင်လည်း ထိုပြဿနာနှင့်ပင် ထပ်မံ ရင်ဆိုင်နေရပြန်၏။

"ဒီလောကရဲ့ စည်းမျဉ်းတွေကြောင့် ကန့်သတ်ခံထားရတာ ဖြစ်ရမယ်"

"သူတို့ရဲ့ လက်နက်သခင်တွေက အဆင့်တက်ချင်ရင် ကောင်းကင်နဲ့ လူသား တစ်ထပ်တည်းကျခြင်းကို သဘောပေါက်ပြီးမှသာ တက်လှမ်းနိုင်ကြတာ"

"ဒါဆို ငါလည်း တစ်ထပ်တည်းကျရမှာလား"

ကျိယွမ် ခန့်မှန်းလိုက်၏။

သူ၏ မှတ်ဉာဏ်ထဲတွင် ကောင်းကင်အဆင့်လက်နက်သခင်အဖြစ်သို့ အဆင့်တက်ခဲ့သော မျက်မမြင်လက်နက်သခင်တစ်ဦး၏ မှတ်ဉာဏ်များနှင့် အတွေ့အကြုံများ ရှိနေသည်။

ထို့အပြင် သူသည် မူလကပင် ခရမ်းရောင်နန်းတော်အဆင့်စွမ်းအားရှင်တစ်ဦး ဖြစ်သဖြင့် ကောင်းကင်နှင့် လူသား တစ်ထပ်တည်းကျခြင်း ဆိုသည်မှာ... သူ့အတွက် အလွန် ရိုးရှင်းလှ၏။

လာစမ်း...။

ခဏချင်းတွင်ပင် သူသည် သဘာဝတရားနှင့် လူသား တစ်ထပ်တည်းကျသော အခြေအနေသို့ ရောက်ရှိသွားသည်။

ကျိယွမ်၏ အမြင်အရ ကမ္ဘာကြီးသည် ငြိမ်းချမ်းနေ၏။

လေငြိမ်သွားပြီး မိုးလည်း စဲသွားခဲ့သည်။

မြစ်ရေသည် စီးဆင်းမှု ရပ်တန့်သွား၏။

မှည့်နေသော ပန်းသီးများသည် လေထုထဲတွင် ဆွဲဆိုင်းနေသည်။

သူသည် ဤကမ္ဘာကြီးထဲသို့ ပေါင်းစပ်သွားပြီး ၎င်းနှင့် တစ်ထပ်တည်း ဖြစ်သွားပုံရ၏။

ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများသည် သူ၏ လက်ထဲတွင် စီးဆင်းနေပြီး မူလအစသည် ကလေးတစ်ယောက်ကဲ့သို့ သူ့ထံသို့ ချဉ်းကပ်လာသည်။

ကျိယွမ်သည် သူသာလက်ကို ဆန့်ထုတ်ပြီး မူလအစကို ဆုပ်ကိုင်လိုက်လျှင် ကောင်းကင်နှင့် လူသား တစ်ထပ်တည်း ဖြစ်သွားနိုင်သည်ဟု ခံစားချက်တစ်ခု ရနေ၏။

သို့သော် မကြာမီပင် သူ၏ မျက်နှာတွင် ခါးသီးမှုများ ပေါ်လာသည်။

"ကောင်းကင်နဲ့ လူသား တစ်ထပ်တည်းကျတယ်ဆိုတာ ကောင်းကင်က ကြီးပြီး လူသားက သေးငယ်တယ်၊ ဒါကြောင့် တစ်ထပ်တည်းကျနိုင်တာ။ ဒါပေမဲ့ ငါက... ကြီးလွန်းနေပုံရတယ်၊ ဒါကြောင့် ငါက ကောင်းကင်နဲ့ မြေကြီး တစ်ထပ်တည်းကျတာ ဖြစ်သွားတယ်"

သူသည် ဤဂိမ်းထဲသို့ သူ၏ သွေးများကို လောင်းထည့်ခဲ့ပြီး ဖြစ်ရာ ဤဂိမ်း၏ ထုတ်လုပ်သူနှင့် အစုရှယ်ယာရှင်အဖြစ်လည်း သတ်မှတ်နိုင်၏။

သူသည် ကောင်းကင်နှင့် လူသားကို တစ်ထပ်တည်းဖြစ်အောင်လုပ်သော်လည်း ကောင်းကင်နှင့် မြေကြီး တစ်ထပ်တည်း ဖြစ်ခြင်း ဖြစ်သွားသည်။

"ဒါဆို ငါက ကောင်းကင်နဲ့ လူသား တစ်ထပ်တည်း မကျနိုင်ဘူးပေါ့"

ကျိယွမ် အကျပ်ရိုက်သွားလေ၏။

"ဒီပုံဆို ငါက တခြားလူတွေရဲ့ ကောင်းကင်နဲ့ လူသား တစ်ထပ်တည်းကျခြင်း... ဝါးမြိုရတော့မယ် ထင်တယ်"

ကျိယွမ် သက်ပြင်းချလိုက်သည်။

အစားရှောင်မယ်တော်က သူ့အား ဝါးမြိုခြင်းခန္ဓာကို ပေးခဲ့သဖြင့် သူသည် ဝါးမြိုနိုင်စွမ်းကို ရရှိခဲ့သဖြင့်

ကောင်းကင်နှင့် လူသား တစ်ထပ်တည်းကျခြင်းကိုလည်း ဝါးမြိုနိုင်ပေသည်။

"ငါ ကောင်းကင်အဆင့်မှာ ရှိတဲ့ မျှော်လင့်ခြင်းလမင်းတချို့ကို ရှာရတော့မယ် ထင်တယ်"

ယခုအခါ သူသည် ကောင်းကင်နှင့် မြေကြီးကိုသာ ပေါင်းစည်းနိုင်ပြီး ကောင်းကင်နှင့် လူသားကို မပေါင်းစည်းနိုင်ပေ။ အကယ်၍ သူက အဆင့်တက်ခြင်း ကန့်သတ်ချက်ကို ချိုးဖျက်လိုပါက ကောင်းကင်အဆင့် များကို သတ်ပြီး သူတို့၏ ကောင်းကင်နှင့်လူသားအစွမ်းကို ဝါးမြိုရန် လိုအပ်လေသည်။

ကျိယွမ်သည် သူ၏ ချစ်လှစွာသော မျှော်လင့်ခြင်းလမင်းကြီးများကို မည်သည့်နေရာတွင် ရှာရမလဲဟု တွေးနေစဉ် အသံတစ်ခုက သူ၏ နားထဲသို့ ရုတ်တရက် ဝင်လာ၏။

ထိုအသံသည် ဝေဝါးနေပြီး မည်သည့်နေရာမှ လာမှန်း မသိရပေ။

"နည်းနည်းလေးပါပဲ.. ကျွမ်းမိုရွှန်း..."

"ဟင်.."

ကျိယွမ်၏ မျက်ခုံးများမြင့်တတ်သွားပြီး အတွေးမှနိုးထသွားသည်။

သူသည် ကောင်းကင်နှင့်မြေကြီးတစ်ထပ်တည်းကျသော အခြေအနေမှ ချက်ချင်း နုတ်ထွက်လိုက်ပြီး

သူ၏ မျက်ဝန်းထဲတွင် စူးစမ်းလိုစိတ်များ ပေါ်လာသည်။

"ငါ ထပ်ပြီး စိတ်ချောက်ချားတာလား"

သူသည် ထိုအသံပိုင်ရှင်ကို ရှာဖွေရန် ကောင်းကင်ကို ကြည့်လိုက်သော်လည်း ဘာမျှ မတွေ့ရပေ။

"ဟေး၊ ဘယ်သူ စကားပြောနေတာလဲ"

ကျိယွမ်သည် သူ၏ စွမ်းအားကို အသုံးပြုပြီး ထိုအသံပိုင်ရှင်နှင့် စကားပြောရန် ကြိုးစားလိုက်၏။ သို့သော် တိတ်ဆိတ်နေပြီး မည်သည့်အသံမျှ ထွက်မလာပေ။

"ဒီဂိမ်းထဲမှာ ချို့ယွင်းချက်တစ်ခု ရှိနေတာလား"

"ဒါက ပုံမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် ဂိမ်းက ပျက်စီးလုနီးပါး ဖြစ်ခဲ့တာ၊ ငါ့ရဲ့ သွေးထည့်ပေးလို့သာ ဒါကို ပြန်လည်ပတ်အောင် ကူညီပေးခဲ့တာ။ ချို့ယွင်းချက်နည်းနည်း ရှိတာက ပုံမှန်ပါပဲ"

"နေဦး ..ငါ ဒီချို့ယွင်းချက်ကို အသုံးချလို့ ရမလား"

"ဒါက မတရားလုပ်တာလို့ မသတ်မှတ်လောက်ပါဘူး ၊ ဂိမ်းရဲ့ ဘက်ကိုသုံးတာ သဘာဝပဲကို "

ကျိယွမ်သည် အတွေးများထဲသို့ ပြန်လည်နစ်မြောသွား၏။

ထို့နောက်သူသည် နတ်ဘုရားသစ်တောတံဆိပ်ပြားကို ထုတ်လိုက်သည်။

"ဟေး၊ မင်းတို့ထဲက ဘယ်သူကများ 'နည်းနည်းလေးပါ ၊ ကျွမ်းမိုရွှန်း' ရဲ့ အကြောင်းကို သိလဲ"

သူ့တွင်အခြားမေးစရာမရှိသဖြင့် အဆင်ပြေသည့်နေရာ၌သာ မေးလိုက်ရ၏။

"အစ်ကိုသားလှီးဓားက ရှန်မုယွမ်ကို တကယ်ရောက်ဖူးတာပဲ"

သွေးဆူးအဖွဲ့ဝင်များသည် အလွန် အားနေပုံရပြီး သတင်းကို မြင်တိုင်း ချက်ချင်း ပြန်ဖြေကြသည်။

"ဟမ်...အဲဒါက ရှန်မုယွမ်နဲ့ ဘာဆိုင်လို့လဲ"

"နတ်ဘုရားသစ်တောတံဆိပ်ပြားပေါ်မှာ ရေးထားတဲ့ အရာတစ်ခု ရှိတယ်၊ အစ်ကိုသားလှီးဓား သိသင့်တယ်"

"ယူမု... ရွှမ်ဟွန်း"

ကျိယွမ်က ချက်ချင်းပြန်ဖြေလိုက်၏။

နတ်ဘုရားသစ်တောတံဆိပ်ပြား၏ ရှေ့တွင် 'မု' (သစ်သား) ဟု ရေးထားပြီး နောက်ကျောတွင် 'ရွှမ်ဟွန်း' ဟု ထုဆစ်ထားသည်။

"ရှန်မုယွမ်ရဲ့ ဝင်ပေါက်မှာ ပျက်စီးနေတဲ့ ကျောက်စာတုံးတစ်ခု ရှိတယ်၊ အဲဒီပေါ်မှာ စာအချို့ မှတ်တမ်းတင်ထားတယ်"

"ငါ ပြောခဲ့တဲ့ အရာ ရှိလို့လား"

ကျိယွမ်က လိုရင်းကိုဖြတ်မေးလိုက်၏။

"အတိတ်တုန်းက သစ်ပင်တစ်ပင် ရှိခဲ့တယ်၊ ငြိမ်သက်ပြီး နက်နဲလှလေတယ်။

ဒီနေ့မှာတော့ နွေဦးကို မျှော်လင့်နေတဲ့ သစ်ပင်တစ်ပင်လို ငါမင်းကို လွမ်းဆွတ်မိပါရဲ့။

အဲဒါက အလွန်သေးငယ်ပါတယ်၊ မရှာပါနဲ့တော့"

"ဒါတွေက ကျောက်စာတုံးပေါ်မှာ ထုဆစ်ထားတဲ့ စာတွေပဲ။ ဒါပေမဲ့ ပထမဆုံး သစ်သားစာလုံးက ပျောက်ဆုံးနေတယ်။ ညာဘက်အခြမ်းမှာ အပိုင်းအစတစ်ခု ပျောက်နေတာ။ အဲဒီစာလုံးက ဘာလဲဆိုတာတော့ ငါ မသိဘူး"

"မု (သစ်သား) နဲ့ ဟွန်း (ဝိညာဉ်) က ကာရန်မညီတာ အမှန်ပဲ၊ စာလုံးတစ်လုံး ပျောက်နေတာ တကယ် ဖြစ်နိုင်တယ်။

ဒီစာကို ဘယ်သူ ထုဆစ်ခဲ့တာလဲ"

ကျိယွမ်က စူးစမ်းစွာ မေးလိုက်သည်။

"မူလအစ လျှို့ဝှက်ချက် အရဆိုရင် ဒါက ရှန်မုချောက်နက်ထဲက နတ်ဘုရားသစ်ပင်နဲ့ ပတ်သက်နေနိုင်တယ်"

သွေးဆူးအဖွဲ့ဝင်က ရှင်းပြရင်းမှ စိတ်ဝင်စားစွာ မေးလိုက်သည်။

"ဒီဒဏ္ဍာရီတွေက အလွန် ဟောင်းနွမ်းလွန်းလှပြီ။ အစ်ကိုသားလှီးဓားက ဘာလို့ ဒါတွေကို ရုတ်တရက် စိတ်ဝင်စားသွားတာလဲ"

"ဘာလို့လဲဆိုတော့ ငါက တော်လို့လေ"

"အမ်.."

...............

နင်နိုင်ငံ၏ မြို့တော်သည် မည်းမှောင်သော တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေ၏။

ဂျိမ်း...

မိုးသီးကြွေသံများနှင့် မိုးခြိမ်းသံများ ကလည်း ဆက်တိုက်လ်ုလိုထွက်ပေါ်နေသည်။

ရွှေချည်ထိုးထားသော ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် သူ၏ လက်ကို ဆန့်ထုတ်ကာ မိုးသီးတစ်လုံးကို ဖမ်းပြီး ပါးစပ်ထဲ ထည့်ကာ ကိုက်လိုက်၏။

"နင်နိုင်ငံရဲ့ မိုးသီးက ရိုရှားနိုင်ငံရဲ့ မိုးသီးလောက် မချိုဘူး"

ခါးကုန်းနေသော မိန်းမစိုးဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးက အမြန်ပြောသည်။

"တော်ဝင်မိသားစု ရှိနေလို့ ရိုရှားနိုင်ငံတော်မှာ မိုးသီးနဲ့ လေထုကအစ ချိုမြိန်နေတာပါ"

"ဟဟ"

ပဉ္စမမြောက်ဝေက အလွန် ဂုဏ်ယူစွာဖြင့် ရယ်မောလိုက်၏။

ရိုရှားနိုင်ငံတော်၏ တော်ဝင်မိသားစုသည် ပဉ္စမမြောက် မျိုးရိုးအမည် ရှိသည်။

ပဉ္စမမြောက်ဧကရာဇ်သည် ရိုရှားနိုင်ငံတော်၏ နေမင်းလည်း ဖြစ်၏။

ရှန်လင် ပျက်စီးသွားကတည်းက ရိုရှားနိုင်ငံတော်၏ တော်ဝင်မိသားစုသည် တားဆီး၍မရအောင် ဖြစ်ခဲ့ပြီး သူသည် ရိုရှားနိုင်ငံတော်၏ စစ်မှန်ဧကရာဇ် ဖြစ်လာခဲ့သည်။

"ကံဆိုးတာက တချို့ သစ္စာဖောက်လူဆိုးတွေက ရိုရှားနိုင်ငံတော် ဒီလောက် လှပနေတာကို မမြင်ချင်ကြဘဲ တရားစီရင်ရေးနတ်ဘုရားကို ပြန်လည် ကြိုဆိုချင်နေကြတာပဲ"

ထိုစကားကို ပြောသအခါ ပဉ္စမမြောက်ဝေ၏ မျက်နှာမှာ အေးစက်သွားပြီး သတ်ဖြတ်လိုစိတ်များ ပြင်းပြလာ၏။

သူ့ဘေးပတ်ပတ်လည်တွင် ရှိနေသော အခြားလူများ၏ မျက်နှာအမူအရာလည်း ပြောင်းလဲသွားကာ အချို့ဆိုလျှင် မသိစိတ်ထဲမှ တုန်လှုပ်သွားကြသည်။

တရားစီရင်ရေးနတ်ဘုရား ဟူသော အမည်က သူတို့ကို အလွန်အမင်း ဖိအားပေးလွန်းလှ၏။

လွန်ခဲ့သော နှစ်တစ်ရာကပင် ထိုအမည်သည် သူတို့၏ ခေါင်းပေါ်တွင် ဆွဲဆိုင်းထားသော ထက်မြက်သည့် ဓားတစ်စင်း ဖြစ်ခဲ့သည်။ ထိုထက်မြက်သည့် ဓားသည် မည်သည့်အချိန်တွင် ကျလာမည်ကို မည်သူမျှ မသိနိုင်ခဲ့ကြပေ။

"ဘာလဲ၊ မင်းတို့က သူ့ကို ကြောက်နေကြတာလား"

ပဉ္စမမြောက်ဝေက လှောင်ပြောင်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် အထင်သေးသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

သူသည် ရှန်လင်နတ်ဘုရား ပျက်စီးသွားပြီးနောက်မှ မွေးဖွားခဲ့သူ ဖြစ်သဖြင့် နတ်ဘုရားကို တစ်ခါမျှ မမြင်ဖူးပေ။

ထို့ကြောင့် နတ်ဘုရားအပေါ် ရိုသေလေးစားမှု မရှိသည်မှာ သဘာဝပင် ။

ထို့အပြင် သူသည် အလွန်ငယ်ရွယ်ပြီး နှစ်တစ်ရာမပြည့်မီမှာပင် ကောင်းကင်အဆင့်သို့ ရောက်ရှိခဲ့သည်။ သူသည် လက်ရှိတွင် တော်ဝင်မိသားစု၌ အသက်အငယ်ဆုံးကောင်းကင်အဆင့်စစ်သည် ဖြစ်၏။ သဘာဝအတိုင်းပင် သူသည် ပြိုင်ဘက်ကင်းဟု သူ့ကိုယ်သူအလွန် ဂုဏ်ယူနေသည်။

"မဟုတ်ပါဘူး"

မိန်းမစိုးအိုကြီးက ပါးနပ်စွာ အမြန်လျှောက်လိုက်သည်။

"အဲဒါက ပျက်စီးနေတဲ့ လက်နက်တစ်ခုလောက်ပါပဲ၊ ကျွန်တော်တို့က ဘာလို့ ကြောက်ရမှာလဲ"

သန်မာထွားကျိုင်းသောလူကြီးကလည်း ဝင်ပြော၏။

ပဉ္စမမြောက်ဝေ၏ မျက်ဝန်းထဲတွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာကာ ခေါင်းညိတ်သည်။

"ရှန်လင်က ပျက်စီးသွားခဲ့ပြီ။ အပြင်မှာ ကျန်ရှိနေတဲ့ လက်နက်တွေ ရှိနေရင်တောင် အဲဒါတွေက အထီးကျန် ဝိညာဉ်တွေပဲ။ ငါတို့က လူတစ်ယောက်တည်းရဲ့ အင်အားနဲ့တင် သူတို့ကို နှိမ်နင်းနိုင်တယ်။

ဒါတင်မကဘူး၊ ငါတို့ တော်ဝင်မိသားစုဟာ မူလကတည်းက နတ်ဘုရားဆင်းသက်ခြင်းကို နှိမ်နင်းနိုင်ခဲ့တာပဲ။ သူ အပြည့်အဝ ပြန်လာရင်တောင် ငါတို့ တော်ဝင်မိသားစုက ဒုတိယအကြိမ် ထပ်ပြီး နှိမ်နင်းနိုင်ရုံပေါ့"

ထ်ုစကားကိုကြားသောအခါ အခြား ကောင်းကင်အဆင့်များမှာ အချင်းချင်းကြည့်ကာ သက်ပြင်းကြိတ်ကာ ချလိုက်ကြ၏။

သူတို့က ပြောချင်နေကြသည်မှာ၊ အရှင်မင်းသား၊ အရမ်းကြီး မမောက်မာသင့်ပါဘူး ဟူ၏။သို့သော် မည်သူမှ မပြောရဲကြပါ။

တရားစီရင်ရေးနတ်ဘုရားသည် သူ၏ အပြည့်အဝ စွမ်းအားဖြင့်ဆိုလျှင် လူတစ်ယောက်တည်းနှင့် နိုင်ငံတစ်ခုကို စိုးမိုးနိုင်စွမ်း ရှိသည်။

တရားစီရင်ရေးနတ်ဘုရား မည်သို့ ကျဆုံးခဲ့သည်ကို သူတို့ အသိဆုံး ဖြစ်၏။

ပထမ၌ တော်ဝင်မိသားစုသည် မိမိတို့ခေါင်းပေါ်တွင် ဆွဲဆိုင်းထားသော ဓားတစ်စင်းကဲ့သို့ရှိနေသော တရားစီရင်ခြင်းအပေါ် မကျေမနပ် ဖြစ်ခဲ့ကြသဖြင့် ရှန်လင်ကို အပြတ်ရှင်းရန် အင်အားကြီးမိသားစုအချို့နှင့် ပူးပေါင်းရန် ပြင်ဆင်ခဲ့ကြသည်။

သို့သော် သူတို့တွင် ထိုသို့လုပ်ရန် သတ္တိ ဘယ်က ရပါ့မလဲ။

နောက်ဆုံးတွင် သူတို့သည် မိမိတို့၏ နောက်ကျောကို ဖြတ်တောက်ကာ ရန်သူနှင့် ပူးပေါင်းပြီး အဆိပ်အတောက် ဖြစ်စေသော ဗျူဟာများကို အသုံးပြုခဲ့ကြသည်။

မည်သို့ပင်ဆိုစေ နတ်ဘုရားဆင်းသက်ခြင်းသည် မှော်လက်နက်တစ်ခုမျှသာ ဖြစ်သည်။ စည်းမျဉ်းများကို လိုက်နာခြင်းဖြင့် ၎င်းကို ပစ်မှတ်ထားကာ အလွယ်တကူ ကိုင်တွယ်နိုင်သည်။

ထို့ကြောင့် တော်ဝင်မိသားစုသည် ရန်သူနိုင်ငံနှင့် ပူးပေါင်းခဲ့၏။

ရန်သူနိုင်ငံက ဝိုင်းရံရန် စစ်တပ်အမြောက်အမြား လွှတ်ခဲ့ပြီး တော်ဝင်မိသားစုက ထိုအခြေအနေကို အသုံးချကာ နတ်ဘုရားများကို ပင့်ဖိတ်ခဲ့သည်။

နတ်ဘုရားသည် ကောင်းကင်မှ ဆင်းသက်လာပြီး ဝူသည် ၎င်းကို ကိုင်ဆောင်ကာ ဖုန်းလော့မြို့ပြင်ပတွင် ရန်သူစစ်တပ်ကို ခုခံခဲ့သည်။

တော်ဝင်မိသားစုသည် စည်းမျဉ်းများကို အသုံးချကာ ရှန်လင်ကို မြို့ထဲသို့ လုံးဝ ပြန်ဝင်ခွင့်မပြုခဲ့ပေ။ ရှန်လင် ပျက်စီးသွားလျှင်တောင် နတ်ဘုရားအဆင့်လက်နက်သခင်များကို ပြုပြင်ခွင့် မပေးခဲ့ပေ။

ရှန်လင်တွင် မှော်လက်နက်တစ်ခုသာ ရှိပြီး ထောက်ပံ့မှု မရှိခဲ့ပေ။ သူသည် ဖုန်းလော့မြို့ပြင်ပတွင် ရန်သူနှင့် နေ့တစ်ဝက်ခန့် တစ်ယောက်တည်း တိုက်ခိုက်ရန် ဖိအားပေးခံခဲ့ရပြီး နောက်ဆုံးတွင် ပျက်စီးသွားခဲ့ရသည်။

ထိုအချိန်မှစ၍ ရိုရှားနိုင်ငံတော်သို့ မည်သည့်နတ်ဘုရားမျှ ကြွရောက်ခြင်း မရှိတော့ဘဲ တော်ဝင်မိသားစုနှင့် မျိုးရိုးမြင့်မိသားစုများ၏ ခေါင်းပေါ်ရှိ ထက်မြက်သော ဓားများလည်း ပျောက်ကွယ်သွားခဲ့သည်။

ပဉ္စမမြောက်ဝေသည် ဤသမိုင်းကြောင်းများကို သိသော်လည်း ထိုတိုက်ပွဲ၏ ရက်စက်မှုကို တစ်ခါမျှ မမြင်ဖူးသဖြင့် ရှန်လင်ကို သူ၏ နှလုံးသားထဲမှ အထင်သေးနေခြင်းပင်။

သို့သော် ကျန်သောလူများကတော့ မတူပေ။ သူတို့သည် နတ်ဘုရား ကြွရောက်ခြင်း၏အစွမ်းနှင့် ကြောက်စရာကောင်းပုံကို သေချာသိကြသည်။

"နတ်ဘုရားဆင်းသက်ခြင်းက တကယ်ပဲ ပျက်စီးသွားခဲ့ပါပြီ။ အခု ထူးဆန်းတဲ့ ဖြစ်စဉ်တွေ ရှိနေတော့ အပိုင်းအစအချို့ ပေါ်လာတာ ဖြစ်ရမယ်။ ကြောက်စရာ ဘာမှမရှိပါဘူး"

သန်မာထွားကျိုင်းသောလူကြီးက လေးနက်သော လေသံဖြင့် ပြောသည်။

အမှန်ပင်.. နတ်ဘုရားဆင်းသက်ခြင်းသည် လွန်ခဲ့သော အချိန်ကတည်းက ဖျက်ဆီးခံခဲ့ရပြီး ဖြစ်၏။

တော်ဝင်မိသားစု၏ ရက်စက်မှုနှင့်ဆိုလျှင် နတ်ဘုရားသည် မည်သို့ အသက်ရှင်နိုင်ပါမည်နည်း။

ထိုစဉ်က လော့ဖုန်းမြို့ တိုက်ပွဲအပြီးတွင် တော်ဝင်မိသားစုသည် ရှန်လင်၏ အပိုင်းအစများကို ရှာဖွေခဲ့ပြီးနောက် နတ်ဘုရားအဆင့်လက်နက်သခင် သုံးဦးကို စုစည်းကာ ရှန်လင်၏ အပိုင်းအစများကို အရည်ပျော်စေပြီး ပြာအဖြစ် ခြေမွှပစ်ခဲ့သဖြင့် ရှန်လင်သည် လုံးဝ မတည်ရှိတော့ပေ။

ထို့နောက် တရားစီရင်ရေးနတ်ဘုရား၏ ရုပ်တုများကို အကြီးအကျယ် ရှာဖွေခဲ့ပြီး ရုပ်တုအားလုံးကို ဖျက်ဆီးကာ နတ်ဘုရား၏ တည်ရှိမှုကို လုံးဝ သုတ်သင်ပစ်ခဲ့သည်။

အပြင်တွင် ရှန်လင်၏ အပိုင်းအစများ ကျန်နေခဲ့လျှင်တောင် ရုပ်တုများမရှိ၊ တခြားအရာများ မရှိသဖြင့် ကောင်းကင်ကို ဖောက်ထွက်လျှင်တောင် မြေကမ္ဘာအဆင့် တိုက်ခိုက်ရေးစွမ်းရည်သာ ရှိလိမ့်မည်ဟု ပြောနိုင်သည်။ ရှန်လင်သည် ထူးခြားပြီး ရိုရှားနိုင်ငံတော်တွင် နံပါတ်တစ် လက်နက် ဖြစ်နေလျှင်ပင် ကောင်းကင်အဆင့် တိုက်ခိုက်ရေးစွမ်းရည်နီးပါးသာ ရှိလိမ့်မည်။

၄င်းက ပဉ္စမမြောက်ဝေအတွက် ဘာမျှ မဟုတ်ပေ။

"ဟွန့်၊ တရားစီရင်ရေးအဖွဲ့က မြောင်းထဲက ကြွက်တွေလို ကျန်ရစ်နေတဲ့ ဝိညာဉ်တွေနဲ့ နတ်ဘုရားဆင်းသက်ခြင်း အပိုင်းအစတွေသာ မရှိရင် ငါကိုယ်တိုင် ဒီကို လာဖို့ ဘာလို့ လိုအပ်မှာလဲ"

ပဉ္စမမြောက်ဝေက မနှစ်မြို့စွာ ဆိုသည်။

နတ်ဘုရား ဆင်းသက်ခြင်းသည် ပြောပလောက်အောင်အစွမ်း မရှိသော်လည်း တရားစီရင်ရေးအဖွဲ့ကမူ အနည်းငယ် ခက်ခဲပြီး ထိုထဲတွင် ကောင်းကင်အဆင့်များစွာ ရှိနေသည်။

အကယ်၍ သူတို့က တရားစီရင်ရေးနတ်ဘုရား အပိုင်းအစများကို ရှာတွေ့ပြီး အဖွဲ့တစ်ခုလုံး၏ အင်အားကို စုစည်းကာ ၎င်းတို့ကို ဖြည်းဖြည်းချင်း ထောက်ပံ့ပြီး နတ်ဘုရားများကို ရှင်သန်အောင် လုပ်နိုင်လျှင် တစ်နေ့တွင် နတ်ဘုရားအပိုင်းအစများသည် အဆောင်အယောင်အချို့ ရှိလာပြီး မှော်လက်နက်၏ စွမ်းအားကို ထုတ်ဖော်နိုင်ကောင်း ထုတ်ဖော်နိုင်လိမ့်မည်။

ထိုအရာက ပြဿနာဖြစ်လာနိုင်၏။

"ဒီလောက် နှစ်တွေ ကြာပြီးတာတောင် တရားစီရင်ရေးအဖွဲ့က အရှိတရားကို အသိအမှတ်မပြုနိုင်သေးဘူး။ တကယ်ပဲ မိုက်မဲတာပဲ"

သန်မာထွားကျိုင်းသောလူကြီးကလည်း ဒေါသတကြီး ဆိုသည်။

"မင်းတို့ဆီမှာ နတ်ဘုရားဆင်းသက်ခြင်းအပိုင်းအစအကြောင်း အချက်အလက်တစ်ခုခု ရှိလား"

ပဉ္စမမြောက်ဝေက သတိရသွားသလို မေးလိုက်၏။

မိန်းမစိုးအိုကြီူက အမြန်ပြောသည်။

"နင်ဟဲခရိုင်၊ ကျန်းကျိုးမှာ နတ်ဘုရားတွေ ကြွရောက်ခဲ့တဲ့ အရိပ်အယောင်တွေ ရှိခဲ့ပါတယ်"

သူသည် တိမ်နီရွာတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြောပြလိုက်၏။

ပဉ္စမမြောက်ဝေက ၄င်းကို ကြားသောအခါ လှောင်ပြောင်သော အပြုံးဖြင့် မရယ်ဘဲ မနေနိုင် ဖြစ်သွားသည်။

"အဝါရောင်အဆင့်မှင်စာဒါဇင်လောက်ကို ကိုင်တွယ်ဖို့တောင် ဒီလောက်အကြာကြီး တိုက်ခိုက်ခဲ့ရသေးတယ်။ ဒီနတ်ဘုရားဆင်းသက်ခြင်းအပိုင်းအစက တကယ်ပဲ ရယ်စရာကောင်းလောက်အောင် အားနည်းနေတာပဲ။ ငါ သွားဖို့ ဘာလိုလဲ၊ မိုဆန်ကုန်း ... မင်းမှာ အမြစ်မရှိရင်တောင် မင်းရဲ့ ဆီးနဲ့တင် အဲဒါကို မြှုပ်ပစ်လို့ ရတယ်"

မိန်းမစိုးအိုကြီး မိုဆန်ကုန်းသည် အနေခက်စွာ ပြုံးလိုက်ပြီး ပို၍ ခါးကုန်းလိုက်ကာ ဖားလိုက်၏။

"အရှင်မင်းသား ပြောတာ မှန်ပါတယ်"

"ဒီနိုင်ငံက အလွန် အားနည်းပြီး ကြောက်တတ်နေတာပဲ၊ သူတို့ကသာ နတ်ဘုရားဆင်းသက်ခြင်းအပိုင်းအစရဲ့ 'စွမ်းဆောင်ချက်' ကို နတ်ဘုရားလို သဘောထားကြမှာ။

ပိုပြီး ရယ်စရာကောင်းတာက သာမန် ​အဆင့်ရေမှင်စာလေးတစ်ကောင်ကိုတောင် တစ်နိုင်ငံလုံးက လုံးဝ မတတ်နိုင်ဘဲ မင်းသမီး ယွန်းရှီက မှော်ဆန်တဲ့ မီးဖိုချောင်သုံးဓားနဲ့ သတ်လိုက်ရတယ်တဲ့"

ပဉ္စမမြောက်ဝေက တည်ငြိမ်စွာ ပြောသည်။

ပါးနပ်သော မိန်းမစိုးအိုကြီး မိုဆန်ကုန်းက အမြန်ထပ်ဖားလိုက်သည်။

"တကယ်လို့ မင်းသားက အဲဒီမှော်လက်နက်ကို စိတ်ဝင်စားရင် ကျွန်တော် အခုပဲ ရဲ့ရေကန်ကို သွားပြီး မင်းသားအတွက် ရအောင် ယူပေးပါ့မယ်"

"ဟွန့်၊ သာမန် ကောင်းကင်အဆင့် မှော်လက်နက်တစ်ခုက ငါ့မျက်စိထဲမှာ မရှိပါဘူး"

ပဉ္စမမြောက်ဝေက အထင်သေးသော လေသံဖြင့် ပြောလိုက်ပြီးမှ ထပ်ပြောသည်။

"ဒါပေမဲ့ ဒီနယ်မှာ နက်နဲယင်ခန္ဓာ ရှိတယ်လို့ ကြားတယ်၊ ငါ အဲဒါကို စိတ်ဝင်စားတယ်။"

"သူမက ကောင်းကင်ဂိုဏ်းရဲ့ တပည့်ပဲ။ မင်း ငါ့ရဲ့ လက်ရေးစာကို ယူပြီး ကောင်းကင်ဂိုဏ်းကို သွားပါ၊ ပြီးတော့ ငါက နက်နဲယင်ခန္ဓာကို အခွင့်အရေးတစ်ခု ပေးချင်တယ်လို့၊ သူမကို ငါ့ရဲ့ အိမ်စေအဖြစ် ငါ့နောက်ကို လိုက်ခဲ့ခိုင်းလိုက်ပါ"

ပဉ္စမမြောက်ဝေသည် အလွန်ပင် ဗိုလ်ကျလွှမ်းမိုးလိုစိတ် ရှိပြီး ကြောက်စရာကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

ရိုရှားနိုင်ငံတော်တွင် သူ ကြောက်ရသော လူအချို့ ရှိသော်လည်း နင်နိုင်ငံတွင်မူ သူသည် တကယ်ပင် ပြိုင်ဘက်ကင်း ဖြစ်နေ၏။

သတိထားရမည့် တစ်ခုတည်းသော အရာမှာ တရားစီရင်ရေးအဖွဲ့သာရှိသည်။

"ဟုတ်ကဲ့ပါ"

မိန်းမစိုးအို မိုဆန်ကုန်းက အမြန်ခေါင်းညိတ်သည်။

ကျန်ရှိနေသော ကောင်းကင်အဆင့် စစ်သည်များ၏ မျက်နှာတွင် မနာလိုသော အမူအရာများ ပေါ်လာ၏။

"မင်းသားကို ဂုဏ်ပြုပါတယ်၊ ဒီမိန်းကလေးကို ရရင် မင်းသားရဲ့ ကျင့်ကြံမှုဟာ အများကြီး တိုးတက်လာမှာပါ"

"နက်နဲယင်ခန္ဓာ ရှိနေတာကြောင့် မင်းသားရဲ့ ကျင့်ကြံမှုဟာ သေချာပေါက် ပိုပြီး နက်နဲလာမှာပါ"

ပဉ္စမမြောက်ဝေ၏ မျက်နှာထက်မှ အပြုံးသည် ပို၍ ကျယ်ပြန့်လာ၏။

"အဲဒီနက်နဲယင်ခန္ဓာက အကောင်းနဲ့ အဆိုးကို ခွဲခြားသိဖို့ မျှော်လင့်ပါတယ်၊ ငါ့ရဲ့ ရိုသေမှုကို ထိုက်တန်အောင် လှပဖို့လည်း လိုလိမ့်မယ်"

.....

လော့ထုံရေသခင် ဖျက်ဆီးခံလိုက်ရပြီး အတတ်ပညာရှင်များညီလာခံ ပြီးဆုံးသွားသော်လည်း အဓိကမိသားစုကြီးများသည် ချက်ချင်း ထွက်မသွားကြပေ။

ယခုအကြိမ်တွင် လက်နက်သခင်များနှင့် စွမ်းအားရှင်များစွာ စုဝေးမိကြသဖြင့် ၎င်းသည် ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်သည်။

လေလံပွဲများနှင့် ဖလှယ်ပွဲများကို ဆက်တိုက် ကျင်းပနေကြ၏။

ခြံဝန်းငယ်လေးထဲတွင် ကျိယွမ်သည် ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး နတ်ဆိုးတစ်ပါးကဲ့သို့ ဖြစ်နေသည်။

"စကားပုံ ရှိသလိုပဲ 'မင်းရဲ့ ခန္ဓာကိုယ်က ကြိုးကြာငှက်လို ဖြစ်အောင် ကျင့်ကြံပါ၊ နန်းတွင်းအိမ်စေက သန်းခေါင်ယံမှာ မင်းရဲ့ လည်ပင်းကို ညှစ်လိမ့်မယ်'... မဟုတ်ဘူး၊ မင်း သင်ယူနေတာက 'လိပ်အသွင်ပြောင်းလဲခြင်းအတတ်ပညာ' ဖြစ်ပြီး မင်း တုပချင်တာက လိပ်တစ်ကောင်ပဲ။"

"ဒါကြောင့်ကျင့်ကြံတဲ့အခါ လိပ်တစ်ကောင် လမ်းလျှောက်တာကို တုပပြီး နေပူစာလှုံဖို့ လိုအပ်တယ်"

ကျိယွမ်က သူ့ဘေးရှိ ကျန်ဝမ်ယုကို ပြောလိုက်၏။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ကျန်ဝမ်ယုသည် သူ့ထံသို့ လာရောက်ကာ "လိပ်အသွင်ပြောင်းလဲခြင်းအတတ်ပညာ" အကြောင်း မေးမြန်းခဲ့သည်။

သခင်လေးထူသည်လည်း သူ၏ ပိုက်ဆံဖြင့် တခြား အလင်းဓားများကို မဝယ်နိုင်သဖြင့် "လိပ်အသွင်ပြောင်းလဲခြင်းအတတ်ပညာ" ကို ဝယ်ယူကာ ကျင့်ကြံရန် ဆုံးဖြတ်ခဲ့၏။

"လိပ်လို လမ်းလျှောက်ဖို့ သင်ယူရမှာလား"

ကျန်ဝမ်ယုသည် အလွန် ပါရမီပါသဖြင့် ချက်ချင်းပင် မြေပြင်ပေါ်သို့ ဝပ်လိုက်သည်။

"ဒီလိုမျိုးလား"

"ဟုတ်တယ်၊ မင်းရဲ့ နားလည်မှုပါရမီက အားကောင်းတာပဲ။ လိပ်တစ်ကောင် လမ်းလျှောက်ခြင်းရဲ့ လျှို့ဝှက်ချက်က 'နှေးကွေးခြင်း' ဆိုတဲ့ စာလုံးမှာ ရှိတယ်"

"ဆရာကျိက ကျွန်တော့်ကို ကောင်းကောင်း သင်ပေးထားလို့ပါ"

ကျန်ဝမ်ယုက ကျိယွမ်ကိုပြန်ချီးကျူး၏။

သူ့ဘေးတွင် ရှိနေသော သခင်လေးထူစန်းသည် မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။

အကယ်၍ သူသည် ကျိယွမ်၏ စွမ်းအားကို မမြင်ဖူးပါက ကျိယွမ်ကို လူလိမ်တစ်ယောက်ဟု အမှန်တကယ် ထင်မိပေလိမ့်မည်။

လိပ်လို လမ်းလျှောက်တတ်အောင် သင်ယူခြင်းကို ကျင့်ကြံခြင်းဟု ခေါ်သည်တဲ့လား။

"ဒါပေမဲ့ မင်းက ပိုပြီး ရှေ့တိုးရမယ်"

ကျိယွမ်က ပြောရင်း ကျန်ဝမ်ယုကို တွန်းလိုက်၏။

ရုတ်တရက် ကျန်ဝမ်ယုသည် လိပ်တစ်ကောင်ကဲ့သို့ ပက်လက်လှန်သွားသည်။

သူသည် ရုန်းကန်ပြီး ထရန် ပြင်ဆင်နေစဉ် ကျိယွမ် ပြောသည်ကို ကြားလိုက်ရသည်။

"လိပ်တစ်ကောင်က ပက်လက်လှန်ရင် သူ့ဘာသာ ပြန်ထဖို့ခက်ခဲတယ်။ မင်း ဒီလှည့်ကွက်ကို မှတ်ထားရမယ်"

၄င်းကို ကြားသောအခါ ကျန်ဝမ်ယုသည် ကျိုးကြောင်းဆီလျော်သည်ဟု ထင်ကာ ခြေလေးချောင်းလုံးကို မလှုပ်မယှက်ဘဲ နေလိုက်၏။

သခင်လေးထူသည် ခြေကားယားလက်ကားယားကြီး ပက်လက်လန်နေသော ကျန်ဝမ်ယုကိုကြည့်ကာ ဘာပြောရမှန်းမသိဖြစ်သွားရသည်။

မြေကြီးပေါ်မှာ လိပ်လို​ပက်လက်ကြီးလုပ်နေတာက ကျင့်ကြံတာတဲ့လား။

"ထူကျင့်ရှီ၊ မင်း ကောင်းကင်အဆင့် တွေ အများကြီး ရှိတဲ့နေရာ၊ အထူးသဖြင့် ဆိုးတဲ့ကောင်တွေ ရှိတဲ့နေရာကို သိလား"

ရုတ်တရက် ကျိယွမ်က ထူစန်းအား လှည့်မေးလိုက်၏။

သူသည် တခြားလူများထံမှ ကောင်းကင်နှင့်လူသား တစ်ထပ်တည်းကျခြင်းကို လုယူပြီး အဆင့်တက်လိုစိတ်များ ပြင်းပြနေသည်။

"ကျွန်တော်... မသိပါဘူး"

သခင်လေးထူက ခေါင်းခါလိုက်သည်။

နင်နိုင်ငံတွင် ကောင်းကင်အဆင့် မရှိသဖြင့် ကောင်းကင်အဆင့်များ မည်သည့်နေရာတွင် ပို၍ ရှိသည်ကို သူ မသိပေ။

"ဟူး..သက်ရှိတွေက အသက်ရှင်ရတာ ခက်ခဲလှတယ်။ နင်နိုင်ငံက စစ်သည်တွေနဲ့ စစ်သံတမန်တွေက အရမ်းပျင်းလို့ အလုပ်ကြိုးစားမလုပ်ကြဘူး။ ခြင်တွေလောက်တောင် အလုပ်ကြိုးစားမလုပ်ကြဘူးပဲ"

ဖြန်း။

ကျိယွမ်က ပြောရင်းမှ ခြင်တစ်ကောင်ကို ရိုက်သတ်လိုက်၏။

"ဒီခြင်က ကောင်းကင်အဆင့် စစ်သည်တော်တစ်ယောက် ဖြစ်နေရင် ဘယ်လောက် ကောင်းမလဲ"

သခင်လေးထူသည် တိတ်ဆိတ်စွာ ရပ်နေပြီး မည်သို့ ပြန်ဖြေရမည်ကို မသိပေ။

ထိုအခိုက် ရုတ်တရက် သူသည် တစ်ခုခုကို တွေးမိသွားကာ သူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

"သခင်ကျိ၊ ကြားဖူးလား... မြို့တော်မှာ ရိုရှားနိုင်ငံတော်က ကောင်းကင်အဆင့် စစ်သံတမန်တွေ ရောက်နေကြတယ်။ သူတို့က 'ရှန်လင်' လို့ ခေါ်တဲ့ နတ်ဘုရားတစ်ပါးအတွက် လာပုံရတယ်"

သခင်လေးထူစန်းက ကျိယွမ်၏ မျက်နှာအမူအရာကို ဂရုပြုရင်း ပြောလိုက်၏။

"သူတို့ထဲမှာ ကောင်းကင်အဆင့် စစ်သည်တွေ အများကြီး ရှိပြီး အရမ်း စွမ်းအားကြီးကြတယ်။ သခင်ကျိ သတိထားရမယ်"

သခင်လေးထူက သတိပေးသည်။

"ဟေ..တကယ်လား"

ထိုအရာက သူ့အတွက်သတင်းကောင်းပင် ။

အိပ်ချင်နေတုန်း ခေါင်းအုံးလာပေးကြတာလား။

"အဲဒီလူတွေက အုပ်စုနှစ်စု ကွဲနေကြတယ်၊ တစ်စုက ရှန်လင်အပေါ် ကြင်နာပုံရပြီး တခြားတစ်စုကတော့ ရှန်လင်ကို သတ်ချင်နေပုံရတယ်"

သခင်လေးထူစန်းက ဆက်ပြောသည်။

"ဒါပေမဲ့ ဒါက အပေါ်ယံပဲ ဖြစ်နိုင်တယ်။ အုပ်စုနှစ်စုလုံးမှာ မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ရှိနေပြီး ဟန်ဆောင်နေတာလည်း ဖြစ်နိုင်ပါတယ်"

"ကောင်းပြီ၊ ငါ နားလည်ပြီ"

ကျိယွမ်က ကိုယ်လက်လှုပ်ရှားလိုက်၏။

သူသည် သခင်လေးထူစန်းကို ကြည့်ကာ သူ၏ မျက်ဝန်းထဲတွင် အပြုံးတစ်ခု ရုတ်တရက် ဖြတ်ပြေးသွားသည်။

"မင်း ငါပေးတဲ့ အလင်းဓားကို... မြို့တော်ကို ယူသွားရဲလား"

သခင်လေးထူသည် ဇဝေဇဝါ ဖြစ်သွားပြီး သူ၏ စိတ်ထဲတွင် အတွေးများစွာ ဖြတ်ပြေးသွား၏။

"ဒါက..."

သူ အနည်းငယ် ကြောက်ရွံ့နေသည်။

သခင်လေးကျိက ဘာကြောင့် ဒါကို လုပ်ခိုင်းရသနည်း။

သူ့ကို စမ်းသပ်နေတာလား။

အကယ်၍ သဘောမတူပါက မည်သို့ ဖြစ်လာမည်နည်း။

သူသည် အလွန် ဇဝေဇဝါ ဖြစ်နေပြီး အတွေးများလွန်းသဖြင့် မည်သို့ ပြန်ဖြေရမည်ကိုပင် မသိ ဖြစ်နေ၏။

ထိုအချိန်တွင် ပက်လက်လှန်နေသော ကျန်ဝမ်ယုက အထင်သေးသော လေသံဖြင့် ပြောလိုက်သည်။

"သခင်ကျိက မင်းကို သွားခိုင်းတာကိုတောင်၊ မင်းက ကြောက်နေသေးတာလား။"

"သခင်ကျိက မင်းကို အန္တရာယ်ပြုပါ့မလား။သူ မင်းကို အန္တရာယ်ပြုချင်ရင် ဘာလို့ ဒီလောက် ဒုက္ခခံနေမလဲ၊ မင်းကို ငါးစာပဲ ကျွေးလိုက်မှာပေါ့။"

"တကယ်လို့ မင်း မရဲရင် အလင်းဓားကို ငါ့ကိုပေး၊ ငါပဲ မြို့တော်ကို သွားလိုက်မယ်။"

သခင်လေးထူ ၄င်းကို ကြားသောအခါ ရုတ်တရက် ရှက်သွား၏။

မှန်ပါသည်၊

သခင်ကျိသာ သူ့ကို အန္တရာယ်ပြုချင်ပါက ဘာကြောင့် ဒီလောက် ဒုက္ခခံပြီး လှည့်ပတ်ပြောနေပါ့မလဲ။

မစ္စတာကျိက သူ့အသက်ကိုပင် ကယ်ခဲ့သည်မဟုတ်ပါလား ။

ဤကဲ့သို့သော ကိစ္စအတွက် သူအဘယ့်ကြောင့် ကြောက်ရွံ့နေရမည်နည်း။

အန္တရာယ်များ ပြည့်နှက်နေသော်လည်း ၎င်းသည် အခွင့်အရေးတစ်ခုလည်း ဖြစ်နိုင်သည် မဟုတ်ပါလား။

"ကျွန်တော် သွားပါ့မယ်"

သခင်လေးထူစန်းက အမြန်ပြန်ဖြေလိာက်သည်။

"ဒါပေမဲ့... မြို့တော်ကို ရောက်ရင် ကျွန်တော် ဘာလုပ်ရမလဲ"

ကျိယွမ်က နောက်တစ်ကြိမ် ကိုယ်လက်လှုပ်ရှားလိုက်ပြန်သည်။

"ထားလိုက်ပါ။ မင်း နတ်ဘုရားတွေကို ပင့်ဖိတ်ဖို့ လိုအပ်တယ်လို့ ခံစားရတဲ့အခါ နတ်ဘုရားတွေကို ပင့်ဖိတ်လိုက်ရုံပဲ"

သခင်လေးထူ ဒါကို ကြားသောအခါ အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။

ဒါက သူ့အား အခွင့်အရေးအပြည့်အဝ ပေးလိုက်ခြင်းလော။

သို့သော် သူ တစ်ခုခုကို တွေးမိသောအခါ အံ့အားသင့်သွားသည့် မျက်နှာထားဖြင့် ကြည့်လိုက်သည်။

"နတ်ဘုရားတွေကို ပင့်ဖိတ်လို့ ရသေးတာလား"

ပြီးခဲ့သည့် တိုက်ပွဲအပြီးတွင် သူ၏ဓားက နတ်ဘုရားပင့်ဖိတ်ခြင်း လုပ်ဆောင်ချက် ပျောက်ကွယ်သွားခဲ့သည်။

အလင်းဓားကို အသုံးမပြုနိုင်တော့ပေ။

"အင်း..ဒါပေမဲ့ မင်း ဒီနတ်ဘုရားပင့်ဖိတ်ခြင်းကို သုံးရင် ငါ့အတွက် သုံးပေးတာဆိုတော့ ငါ မင်းကို ဒုက္ခမရောက်စေရပါဘူး။ မင်းကို ဒင်္ဂါး ၃၃၃၄ ပြားပေးမယ်။ ငါက သဘောကောင်းတဲ့သူမို့ မင်းကို နည်းနည်း ပိုပေးထားတာ။ ငါ့ကို ကပ်စေးနှဲလို့ မခေါ်နဲ့"

ကျိယွမ်က ငွေကို ထုတ်ရန် ပြင်လိုက်၏။

"သခင်ကျိ၊ ကျွန်တော်တို့က ဘာလို့ ဆရာသမားရဲ့ ပိုက်ဆံကို ယူရမှာလဲ"

သခင်လေးထူက သူ့ကို အမြန် တားလိုက်သည်။

နှစ်သစ်ကူးတွင် စာအိတ်နီကို လက်ခံရရှိပြီး စာအိတ်နီပေးသော အိတ်ကပ်ထဲသို့ ပြန်ထည့်ကာ ထုတ်မရအောင် တားဆီးနေသည့် လူတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။

ကျိယွမ်ကလည်း အတင်းထပ်မပေးပါ။

သူက ငွေဆိုလျှင် ယူသာယူချင်၏။ ပေးဆိုသောအသံကိုပင် မကြားချင်သူဖြစ်သည်။

"မင်းရဲ့ သဘောထားက ဒီလောက် ပြတ်သားနေတော့လည်း ငါ လူကြီးလူကောင်းတစ်ယောက်ရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ပိုက်ဆံ မပေးတော့ဘူး"

"ဟုတ်ကဲ့"

သခင်လေးထူသည် ကျိယွမ်ထံမှ ပိုက်ဆံကို မတောင်းရဲပါ။

"ဒါပေမဲ့ ငါ မင်းကို ဒုက္ခမရောက်စေရပါဘူး။ မင်း ငါ့အတွက် နတ်ဘုရားပင့်ဖိတ်ခြင်းကို တစ်ကြိမ် သုံးရင် ဒီအလင်းဓားကို နောက်ထပ်တစ်ကြိမ် နတ်ဘုရားပင့်ဖိတ်နိုင်အောင် ပြုပြင်ပေးမယ်။ ဒါပေမဲ့ မင်း အလဟဿတော့ မသုံးနဲ့"

ကျိယွမ်က သဘောကောင်းပေးလိုက်သည်။

သူသည် မျှော်လင့်ခြင်းလမင်းမဟုတ်လျှင် တခြားလူများအပေါ် အခွင့်အရေးယူရသည်ကို မကြိုက်ပေ။

ထိုစကားကို ကြားသောအခါ သခင်လေးထူ၏ မျက်ဝန်းထဲတွင် အတိုင်းထက်အလွန် ဝမ်းသာသွားသည့် အရိပ်အယောင်များ ပေါ်လာ၏။

"စိတ်ချပါ သခင်ကျိ၊ ကျွန်တော် လုံးဝ စည်းမဲ့ကမ်းမဲ့ မသုံးပါဘူး"

သခင်လေးထူက အမြန်ပတိပေးလိုက်သည်။

"ကောင်းပြီ၊ ငါ မင်းကို ထပ်မပြောတော့ဘူး။ ငါ ပစ္စည်းတွေ သိမ်းပြီး ငါ့ဇနီးနဲ့ တွေ့ဖို့ ကောင်းကင်ဂိုဏ်းကို သွားတော့မယ်"

သူသည် သမက်အဖြစ် ဆက်ပြီး သရုပ်ဆောင်ရပေဦးမည်။ အကယ်၍ သူက ကောင်းကောင်း သရုပ်ဆောင်ချငမလျှင် ဇနီးဖြစ်သူနှင့်အဆက်အသွယ် မရှိဘဲ နေလို့မရပေ။

ကောင်းကင်နှင့် လူသား တစ်ထပ်တည်းကျခြင်းအပြင် ရိုရှားနိုင်ငံတော်မှ လာသော လူများနှင့် ပတ်သက်၍မူ သခင်လေးထူကို သူ၏ အလင်းဓားဖြင့် ကိုင်တွယ်ခိုင်းလိုက်ရုံဖြင့် ရ၏။

ငါ့ရဲ့ဇနီးလေးရေ မင်းကိုစီးဖို့ ငါလာပြီ ။

All Chapters