အခန်း (၅၁၉)
Vol. 49 Ch. 519
အခန်း ၅၁၉ - ဝိညာဉ်ခန္ဓာကူပိုးကောင်၊ ရှီဝမ်ရှန်းကျွဲ့နှင့် လက်နက်သန္ဓေသား
ကျိယွမ်သည် သခင်လေးထူစန်းနှင့် ကျန်ဝမ်ယုတို့ ထွက်သွားပြီးနောက် ကျိယွမ်သည် နတ်ဘုရားသစ်တောတံဆိပ်ကို ထုတ်ယူကာ စိတ်ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်၏။
"နောက်ဆက်တွဲဆိုးကျိုးတွေ အားလုံး ရှင်းလင်းသွားပြီဆိုတော့ အပြင်ထွက်ပြီး လမ်းလျှောက်ရမယ့် အချိန်ရောက်ပြီ"
သူသည် ရှန်လင်ရွှမ်းထံ သွားရောက်တွေ့ဆုံရမည် ဖြစ်၏။
သမက်ဖြစ်သူ၏ အခန်းကဏ္ဍ ပြီးပြည့်စုံရန် နောက်ဆုံးအဆင့်သည် ရှန်လင်ရွှမ်းအပေါ်၌ မှီခိုနေသည်။
ထို့ပြင် ကောင်းကင်နှင့်လူသားတစ်သားတည်းဖြစ်ခြင်း အဆင့်သို့ ရောက်ရန်အတွက်လည်း အရည်အသွေးမြင့်မားသော မျှော်လင့်ခြင်းလမင်းများစွာလည်း လိုအပ်သေး၏။
"ဟေ့ မင်းတို့ သွေးဆူးအဖွဲ့မှာ ကောင်းကင်အဆင့်၊ နတ်ဘုရားအဆင့်တွေ ဘယ်လောက်ရှိလဲ"
ကျိယွမ်က စကားပြောခန်းထဲသို့တိုက်ရိုက် မေးလိုက်သည်။
ရေချိုးနေသော ကျီဝူယွန်းသည် ထိုစာကို မြင်သောအခါ ယနေ့သည်လည်း စကားမပြောနိုင်လောက်အောင် ဆွံ့အရသည့် နေ့တစ်နေ့ဖြစ်သည်ဟု ခံစားလိုက်ရ၏။
ထိုနှစ်ဦး၏ စကားပြောပုံမှာ အဘယ့်ကြောင့်ပုံမှန်မဟုတ်ရသနည်း။
"သိပ်မရှိပါဘူး အရေအတွက်က အရမ်းနည်းတယ်"
သွေးဆူးအဖွဲ့ဝင်က ပြန်ပြော၏။
"နတ်ဘုရားအဆင့်ဆို ငါးယောက်ပဲ ရှိတယ်"
ထိုသို့ပြောရင်း သွေးဆူးအဖွဲ့ဝင်၏မျက်လုံးထဲတွင် ဂုဏ်ယူသော အရိပ်အယောင်များ ပြသနေ၏။
"အင်း..မင်းတို့ သွေးဆူးအဖွဲ့ကို အားကိုးလို့ မရတော့ဘူးပဲ နတ်ဘုရားအဆင့်က အဲလောက်ပဲ ရှိတာကိုး။
ဒီနှစ်တွေမှာ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့် တိုးတက်မှု ရှိမရှိနဲ့ သေချာ လေ့ကျင့်ရဲ့လားဆိုတာ သူတို့ကို ပြန်သုံးသပ်ခိုင်းလိုက်ဦး"
"..."
သွေးဆူးအဖွဲ့ ဝင်၏ မျက်နှာထက်မှ အပြုံးများ အေးခဲသွား၏။
"မင်း ငါ့အတွက် သူတို့ကို စကားပါးပေးလိုက်ပါ ။ဒီည အစားအများကြီး မစားနဲ့၊ မအိပ်နဲ့၊ ကြိုးစားပြီး ကျင့်ကြံကြပါ၊ ပြီးတော့ ကျင့်ကြံခြင်းအဆင့်ကို အမြန်ဆုံး မြှင့်တင်ပါလို့"
ကျိယွမ်က သေသေချာချာမှာကြားလိုက်သည်။
ဤလူများသည် မကြိုးစားဘဲ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးနေပါက အရည်အသွေးမြင့် လမင်းများ မည်သို့ ဖြစ်လာနိုင်မည်နည်း။
သူသည် သာမန်လမင်းများကို စိတ်မဝင်စားတော့ပေ။
ယခုအခါ ကောင်းကင်နှင့် လူသားတစ်သားတည်း ဖြစ်စေနိုင်သော ကောင်းကင်အဆင့် လမင်းများကသာ သူ၏ နှလုံးသားကို လှုပ်ခတ်စေနိုင်သည်။
ထို့ကြောင့် သူသည် သွေးဆူးအဖွဲ့ကို စစ်ဆေးကြည့်သည့်အခါ အလွန် မကျေမနပ် ဖြစ်နေမိ၏။
"မင်းတို့အတွက် လေ့ကျင့်ရေးအစီအစဉ်တစ်ခု ဆွဲပေးရမလား။
ဒီကမ္ဘာမှာ အစီအစဉ်ဆွဲတဲ့နေရာမှာ ငါ့ထက် တော်တဲ့သူ မရှိဘူး။
တကယ်လို့ မင်းတို့ ငါ့အစီအစဉ်အတိုင်း လေ့ကျင့်ရင် သုံးလအတွင်း နတ်ဘုရားအဆင့်စစ်သည် အနည်းငယ် ပိုထွက်လာမှာ သေချာတယ်"
ကျိယွမ်က အလွန်ကူညီချင်နေ၏။
ထိုစာကြောင့် ကျီဝူယွန်းသည် ငုံထားသော ရေချိုးရေများကိုပင် ဖူးခနဲမှုတ်ထုတ်လိုက်မိသည်။
သွေးဆူးအဖွဲ့ဝင်မှာလည်း စိတ်ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ရှိနေ၏။
"ညီအစ်ကိုသားလှီးဓား... ငါ အခု ရှန်မုယွမ်နဲ့ မင်း တွေ့ဆုံမယ့်အချိန်ကို ပိုပြီး မျှော်လင့်နေပါပြီ၊ မင်း ဘယ်လိုပုံစံလဲဆိုတာ မြင်ချင်မိတယ်"
"ချင်းရှန်းနယ်မြေက ဘယ်လို ကုသိုလ်ကံမျိုး ရှိလို့ မင်းလို ခန့်ညားချောမောသူတစ်ယောက်ကို မွေးထုတ်ပေးနိုင်ရတာလဲ"
"မင်းတို့တွေ ကြိုးစားဖို့ စိတ်မဝင်စားကြသေးဘူးပဲ"
ကျိယွမ်က သက်ပြင်းချလိုက်သည်။
လုပ်ငန်း အုပ်ချုပ်သူများအားလုံးသည် နားနားနေနေအပန်းပြေဟူသော စကားလုံးကို မနှစ်သက်ကြသည်မှာ မဆန်းတော့ချေ။
သူသည် အုပ်ချုပ်သူ မဖြစ်သေးသော်လည်း သွေးဆူးအဖွဲ့သားများ ကြိုးစားမှု မရှိခြင်းအတွက် စိုးရိမ်နေမိ၏။
"အစ်ကိုသားလှီးဓား... တကယ်လို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ရလဒ်ကို မပြောင်းလဲနိုင်ရင် ကြိုးစားရတာ ဘာအဓိပ္ပာယ် ရှိမှာလဲ"
သွေးဆူးအဖွဲ့ဝင်က တစ်စုံတစ်ခု ခံစားချက်ရှိပုံရ၏။သူက အနညိးငယ်ပေါက်ကွဲလာသည်။
"ဘယ်လိုလဲဆိုတော့ မင်း အစီအစဉ် မဆွဲလို့ပေါ့။
ငါ ဂိမ်းအများကြီးကို နှစ်ပေါင်းများစွာ ကစားခဲ့တယ်၊ ငါလုပ်ချင်တဲ့ အရာတွေက အချိန်တန်ရင် ပြီးမြောက်ခဲ့တာချည်းပဲ"
"အစ်ကိုသားလှီးဓားက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာပဲ။ မင်း ချင်းရှန်းနယ်မြေရဲ့ ဇာတ်သိမ်းကို ပြောင်းလဲနိုင်မလားဆိုတာ ငါ သိချင်မိတယ်"
မိုင်ပေါင်းများစွာ ဝေးကွာသော နေရာတွင် သွေးဆူးအဖွဲ့ဝင်သည် ထိုသို့ပြောပြီးနောက် မျက်လုံးထဲ၌ ဂုဏ်ယူဝံ့ကြွားသော အမူအရာများဖြစ်ပေါ်လာ၏။
သူသည် နေရာမှထရပ်ကာ ပြတင်းပေါက်ကို ဖွင့်လိုက်ရာ လတ်ဆတ်သော လေထုက အခန်းထဲသို့ ရုတ်တရက် တိုးဝင်လာသည်။
လက်နှစ်ဖက်ဖြင့် ပြတင်းပေါက်ဘောင်ကို ကိုင်ထားစဉ် စိမ်းလန်းစိုပြေသော ရှုခင်းက မြင်ကွင်းထဲသို့ ဝင်ရောက်လာ၏။
သူက သဘာဝတရားကို ငေးကြည့်ကာ ရေရွတမလိုက်သည်။
"တောင်တန်းတွေထဲမှာ ပြိုင်ဘက်ကင်းသားရဲတွေက အမြဲပုန်းကွယ်နေတတ်တယ်ဆိုတာ အမှန်ပဲ၊ သူတို့ကို မသိနိုင်ပေမဲ့ သူတို့နဲ့ နီးစပ်သွားရင် သူတို့ ဘယ်လောက် ထူးခြားလဲဆိုတာ ခံစားနိုင်တယ်။
ငါ ချင်ရှန်းရှုတစ်အုပ်လုံးကို ဖတ်ပြီးပြီ၊ ဒါပေမဲ့ သူ့ရဲ့ ခြေရာလက်ရာကို လုံးဝ မတွေ့ဖူးဘူး၊ သူက နာမည်မရှိတဲ့ သာမန်လူတစ်ယောက် ဖြစ်ရမယ်"
ထိုချင်ရှန်းရှုစာအုပ်ကို သူသည် ဟင်လင်းပြင်နတ်ဘုံတွင် လဲလှယ်ခဲ့ခြင်း ဖြစ်၏။
ဤစာအုပ်သည် ရောင်ခြည်အသင်းမှ လာခြင်း ဖြစ်ပြီးတန်ဖိုးအလွန်ကြီးမားသည် ။၎င်းကို လဲလှယ်ရန် သူ၏ ကုသိုလ်ကောင်းမှု အမြောက်အမြား ကုန်ဆုံးခဲ့ရ၏။
ထိုအရာသည် ဤတာဝန်ကို ထမ်းဆောင်ရန် သူ အားကိုးရမည့် အရာ လည်း ဖြစ်သည်။
.........
လမ်းမကြီးပေါ်တွင် မြင်းလှည်းများသည် ဖြည်းညှင်းစွာ မောင်းနှင်နေသော်လည်း တစ်ခါတစ်ရံ၌ လျင်မြန်သော မြင်းများက ၄င်းတို့ကို ဖြတ်ပြေးသွားကြသည်။
ချန်ခန်းပေါက်သည် မြင်းလှည်းကို စိတ်အေးလက်အေး မောင်းနှင်နေ၏။
"သခင်... ကောင်းကင်ဂိုဏ်းဌာနချုပ်ကို ရောက်ဖို့ မိုင်တစ်ရာပဲ လိုပါတော့တယ်၊ မှောင်ရီပျိုးစမှာ ရောက်နိုင်လိမ့်မယ် ထင်ပါတယ်"
ကျိယွမ်၏ ရည်မှန်းချက်မှာ ကောင်းကင်ဂိုဏ်းသို့ တိုက်ရိုက် ဦးတည်ရန်ပင်။
သမက်အဖြစ် သရုပ်ဆောင်ရမည့် ကျိယွမ်၏ နောက်ဆုံးအဆင့်မှာ ရှန်လင်ရွှမ်းနှင့် အတူရှိရန် ဖြစ်နိုင်သည်။
ဤအဆင့်ကို သေချာစဉ်းစားပြီး ဖြည်းဖြည်းချင်း လုပ်ဆောင်ရပေလိမ့်မည်။
ကျိယွမ်က ရှေ့သို့ ကြည့်လိုက်ရာ အဆုံးမဲ့အောင်ရှည်လျားသောတောင်နှင့်မြစ်များကို မြင်လိုက်ရသည်။
အတားအဆီးမဲ့ပြီး အဆုံးကို မမြင်နိုင်ချေ။
ကောင်းကင်ဂိုဏ်းဌာနချုပ်သည် တောင်တန်းများထဲတွင် တည်ရှိသည်။
ထိုတောင်တန်းများသည် မော့ရှန်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ရှီဝမ်ရှန်းကျွဲ့၏ ဘေးတွင် ရှိနေ၏။
အစပိုင်းတွင် မော့ရှန်းနိုင်ငံ၏ စစ်တပ်သည် တိုက်ရိုက် ချီတက်လာခဲ့ပြီး နင်ပြည်နယ်သည် ၎င်းကို မခုခံနိုင်ခဲ့ပေ။
နောက်ဆုံးတွင် မော့ရှန်းနိုင်ငံ စစ်တပ်၏ တိုက်ခိုက်မှုကို တားဆီးရန် ဘိုးဘေးဓားကို အသုံးပြုခဲ့သူမှာ ကောင်းကင်ဂိုဏ်း၏ တာအိုခေါင်းဆောင် ဖြစ်သည်။
ထိုအချိန်မှစ၍ မော့ရှန်းနိုင်ငံ၏ စစ်တပ် ရပ်တန့်သွားပြီး နှစ်နိုင်ငံ ဆွေးနွေးပွဲ စတင်ခဲ့ကာ နင်ပြည်နယ်သည် နေရာအချို့ကို ဆုံးရှုံးခဲ့ရ၏။
သို့သော် ကောင်းကင်ဂိုဏ်း၏ တာအိုခေါင်းဆောင်သည်လည်း ပြင်းထန်သော ဒဏ်ရာများကြောင့် ပြည်နယ်အချို့ ဆုံးရှုံးပြီးနောက် ခြောက်လအကြာတွင် ကွယ်လွန်ခဲ့သည်။
"တောင်ဘက်က တောင်တွေက... တောင်တန်းတစ်ရာဆိုတာ ဖြစ်ရမယ်။ တိုက်ဆိုင်လိုက်တာ၊ ငါတို့ ဒီမြေအောက်ကမ္ဘာကို ဖြတ်သွားရတာပဲ"
ကျိယွမ်က ပြောရင်း ချန်ခန်းပေါင်ကို ကြည့်လိုက်၏။
ချန်ခန်းပေါင်သည် ရှီဝမ်ရှန်းကျွဲ့နှင့် တစ်စုံတစ်ရာ ဆက်စပ်မှု ရှိပုံရသည်။
ကျိယွမ်သည် ဖုန်းထဲ့ကို သတ်လိုက်စဉ်က ဤသဲလွန်စကို ရရှိခဲ့ခြင်း ဖြစ်၏။
"ငါတို့ တစ်ချိန်ချိန်မှာ ရှီဝမ်ရှန်းကျွဲ့ကို သွားကြည့်ရင် ဘယ်လိုလဲ။ အဲဒီမှာ ရတနာတွေ အများကြီး ရှိနိုင်တယ်"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ခေါင်းဆောင်ငယ်အဆင့်ရှိ အထူးစစ်သည်တော်နှစ်ဦးဖြစ်သော ဟန်ရှန်းမဟာဆရာကြီးနှင့် ဖုန်းထဲ့တို့သည် တစ်စုံတစ်ခုကို ရှာဖွေရန် ရှီဝမ်ရှန်းကျွဲ့သို့ စူးစမ်းလေ့လာခဲ့ကြဖူးသည်။
"သခင်ရဲ့ သဘောအတိုင်းပါပဲ"
ချန်ခန်းပေါင်က ထောက်ခံ၏။ သူသည် ရှီဝမ်ရှန်းကျွဲ့ကို ကြည့်ရင်း ပို၍ ဗိုက်ဆာလာပုံဖြင့် ပေါက်စီနောက်တစ်ခုကို အမြန်စားလိုက်၏။ သူ၏ ဝမ်းဗိုက်မှာ ဖောင်းကားနေသော်လည်း ဆာလောင်မှုကို ခံစားနေရဆဲ ဖြစ်ပုံရသည်။
"ညီလေး... မင်းတို့ အဆင်ပြေရင် ငါ မင်းတို့နဲ့ အတူ လိုက်ခဲ့လို့ ရမလား"
ထိုအချိန်တွင် အိုမင်းသော အသံတစ်သံ ထွက်ပေါ်လာပြီး သန်မာသော အဖိုးကြီးတစ်ဦး ပေါ်လာသည်။ သူသည် ကတုံးပေါက်ကေနှင့် ဆံပင်တို ရှိပြီး လူမိုက်တစ်ဦးနှင့် တူလှ၏။
"ရပါတယ်"
ကျိယွမ်က ထိုအဖိုးကြီးကို လှမ်းကြည့်လိုက်၏။
ထိုသူမှာ ထူစိဟိုင် ဖြစ်သည်။
ထူစိဟိုင်သည် မြင်းပေါ်မှ ခုန်ဆင်းကာ ကျိယွမ်၏ မြင်းလှည်းပေါ်သို့ တက်လာခဲ့သည်။
သူ၏ မြင်းသည် ထွက်မသွားဘဲ မြင်းလှည်းနောက်မှ လိုက်ပါလာ၏။
"ညီလေး... ငါက ဓားပြတစ်ယောက် ဖြစ်နေမှာကို မင်းမကြောက်ဘူးလား"
ထူစိဟိုင်က ရယ်မောလိုက်ပြီး သူ၏ အသံမှာ မြူးကြွနေသည်။
"မကြောက်ပါဘူး၊ ငါက မကောင်းမှုကို နှိမ်နင်းပြီး ကောင်းမှုကို မြှင့်တင်ရတာ သဘောကျတယ်"
ကျိယွမ်သည် စည်းမျဉ်းများကို အမြဲ လိုက်နာသူ ဖြစ်၏။
သူသည် အပြစ်မဲ့သူများကို မည်သည့်အခါမျှ မနာကျင်စေဘဲ၊ နာကျင်စေလိုပါက သူ၏မျှော်လင့်ခြင်းလမင်းများကိုသာ နာကျင်စေတတ်၏။
ကျိယွမ်က စကားပြောရင်း ထူစိဟိုင်ကို ကြည့်ကာ မေးလိုက်ငည်။
"မင်း လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ၊ တိုက်ရိုက်ပဲ ပြောပါ"
ခေါင်းဆောင်ငယ်အထွတ်အထိပ်အဆင့် စစ်သံတမန်တစ်ဦးသည် နင်ပြည်နယ်၏ ထိပ်သီးဆရာ သုံးဆယ်အတွင်း ပါဝင်သည်။ ထို့ကြောင့် သူ့ထံ လာရောက်တွေ့ဆုံခြင်းမှာ စိတ်ကူးပေါက်ရုံသက်သက် မဟုတ်သည်မှာ ထင်ရှား၏။
"ညီလေး... မင်းမှာ ကြီးမြတ်တဲ့ ကောင်းချီးတွေ ရှိနေပေမဲ့... အခု ဒုက္ခရောက်နေပြီ"
ထူစိဟိုင်က ကျိယွမ်အားကြည့်ကာ တည်ကြည်စွာ ပြောသည်။
"ဟေ...မင်းက ဗေဒင်ဆရာလား၊ ငါလည်း ဗေဒင်ဟောတတ်တယ်"
ကျိယွမ်က အားကျမခံပြန်ကြွားလိုက်သည်။
သူသည် လူများစွာအတွက် ဗေဒင်ဟောပေးခဲ့ဖူးပြီး နောက်ဆုံးတွင် သူ၏ ဗေဒင်ဟောချက်များမှာ အလွန် တိကျခဲ့သည်။
သွေးထွက်သံယို ကပ်ဘေးရှိသည်ဟု သူပြောလျှင် တကယ်ပင်ဖြစ်လာခဲ့၏။
ထူစိဟိုင်က ခေါင်းခါလိုက်သည်။
"ငါ မင်းကို နောက်နေတာ မဟုတ်ဘူး ညီလေး၊ သေချာကြည့်ပါ"
သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ကြေးမုံပြင်တစ်ခု ကျိယွမ်၏ မြင်ကွင်းထဲသို့ ပေါ်လာသည်။
ကြေးမုံပြင်၏ မျက်နှာပြင်မှာ ချောမွေ့ခြင်းမရှိဘဲ အစက်အပြောက်ငယ်များစွာ ရှိနေကာ မှန်လက်ကိုင်တွင် ကြေးရေညှိများ ရှိနေသဖြင့် အလွန် ဟောင်းနွမ်းနေပုံရ၏။
"ညီလေး... သေချာကြည့်ပါ"
ထူစိဟိုင်သည် ကပ်ဘေးနှိမ်နင်းရေးကြေးမုံကို ကျိယွမ်၏ ရှေ့တွင် ထားလိုက်ရာ ကျိယွမ်သည် ကြေးမုံထဲသို့ မကြည့်ဘဲ မနေနိုင်ဖြစ်သွားသည်။
ထူစိဟိုင်၏ မျက်နှာတွင် ဂုဏ်ယူသော အမူအရာ ရှိနေ၏။
ကြည့်လိုက်စမ်း..မင်းလန့်သွားမှာသေချာတယ်။
သို့သော် ကျိယွမ်သည် ကြေးမုံထဲမှ မြင်ကွင်းကို မြင်သောအခါ အလွန် တည်ငြိမ်နေခဲ့သည်။
"ငါ့နောက်ကို လိုက်နေတဲ့ ထူးဆန်းတဲ့ ဝိညာဉ်တစ်ခု တကယ် ရှိနေတာပဲ၊ဒါပေမဲ့ ငါ့အကြည့်ကို ရှောင်နေလို့ ငါ သတိမထားမိခဲ့တာလား"
ကျိယွမ်၏ လေသံမှာ တည်ငြိမ်နေ၏။
သူသည် ကြေးမုံထဲသို့ ကြည့်လိုက်ရာ ကြေးမုံထဲမှ သူ၏ ပုံရိပ်ဘေးတွင် အရောင်အသွေးစုံလင်သော ကူပိုးကောင်တစ်ကောင် ရှိနေသည်ကို မြင်လိုက်ရသည်။
ဤကူပိုးကောင်သည် ဘောလုံးတစ်လုံးခန့် အရွယ်အစား ရှိသည်။ ၎င်းပေါ်ရှိ ပုံစံများသည် အရောင်အသွေး စုံလင်လှ၏။ ၎င်းသည် ကြောက်စရာကောင်းပုံရပြီး ရင်ဆိုင်ရန် အလွန် ခက်ခဲပုံရသည်။
သို့သော် ဤကူပိုးကောင်သည် သေဆုံးနေပုံလည်း ရ၏။
"ဟွန့်... ဒါက ဝိညာဉ်ခန္ဓာကူပိုးကောင်ပဲ၊ ထူးဆန်းတဲ့အမျိုးအစားပေါ့။
သူ့မှာ ခန္ဓာကိုယ် မရှိဘူး၊ ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းတွေ စုစည်းနေတာ။သူ့ကို သာမန်မျက်စိနဲ့ မမြင်နိုင်ဘူး၊ ကောင်းကင်နဲ့ လူသားတစ်သားတည်းဖြစ်တဲ့ ကောင်းကင်အဆင့် စစ်သည်တော်တွေပဲ သူ့ရဲ့ တည်ရှိမှုကို ရှာဖွေနိုင်တယ်"
(ဤအပိုင်းများသို့ရောက်သောအခါ ကျင့်ကြံဆင့်များကို လက်နက်သခင်ဟု မသုံးတော့ဘဲ စစ်သည်တော်များဟုပြောင်းသွားခဲ့ပါသည်။ ၄င်းမှာ ဘာသာပြန်သူပြင်ထားခြင်းမဟုတ်ဘဲ မူရင်း English စာဖိုင်အတိုင်းဖြစ်ပါသည်)
ထူစိဟိုင်က ဆက်ပြောပြနေ၏။
"ငါ့မှာ ဒီကပ်ဘေးနှိမ်နင်းရေးကြေးမုံ မရှိရင် ဒီဝိညာဉ်ခန္ဓာကူပိုးကောင်ကို ရှာဖွေနိုင်မှာ မဟုတ်ဘူး"
မြင်းလှည်းမောင်းနေသော ချန်ခန်းပေါင်ကလည်း ကြေးမုံထဲမှ ကူပိုးကောင်ကို ကြည့်ကာ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာ၏။
"သခင်... ဒီအကောင်က သေပြီးတာတောင် ငါတို့နောက်ကို လိုက်နေတုန်းပဲ၊ အရမ်း ကြောက်ဖို့ကောင်းတယ်"
ချန်ခန်းပေါင်မှာ အနည်းငယ် ကြောက်လန့်နေသော်လည်း ကျိယွမ်ကတော့ ပေါ့ပေါ့ပါးပါးပင်။
ထူစိဟိုင်သည် ကျိယွမ်ကို စိတ်ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဒီဝိညာဉ်ခန္ဓာကူပိုးကောင်က မင်းကို ကာကွယ်ဖို့ သန်မာတဲ့သူတစ်ယောက်က အသုံးပြုခဲ့တာ ဖြစ်ရမယ်။
ဒါပေမဲ့ အဲဒီလူ သေဆုံးသွားခဲ့ပြီး ဒီဝိညာဉ်ခန္ဓာကူပိုးကောင်လည်း နားမလည်နိုင်တဲ့ အကြောင်းပြချက်ကြောင့် သေဆုံးသွားခဲ့တယ်။"
"သေဆုံးသွားတဲ့ ဝိညာဉ်ခန္ဓာ ကူပိုးကောင်က မင်းနောက်ကို ထပ်ပြီး လိုက်နေတာ... မင်းအတွက် ကောင်းတဲ့အရာ မဟုတ်ဘူး။ဝိညာဉ်ခန္ဓာကူပိုးကောင်မှာ မှောင်မိုက်ပြီး မကောင်းဆိုးဝါးဆန်တဲ့ စွမ်းအင်တွေ ရှိတယ်၊ အလောင်းကနေ ကပ်ဘေးစွမ်းအင်လှိုင်းတွေ မရည်ရွယ်ဘဲ ထွက်ပေါ်လာလိမ့်မယ်။ မင်း သူနဲ့ အကြာကြီး အတူနေရင် သေချာပေါက် သေလိမ့်မယ်"
ထူစိဟိုင်က မျက်ခုံးပင့်ကာ ဂုဏ်ယူစွာ ထပ်ပြောသည်။
"ကောင်လေး... ငါ့ကို အမြန် မကျေးဇူးတင်ဘူးလား။ ငါ ဒါကို ထောက်မပြရင် မင်းရဲ့ အသက်က နောက်နှစ်အနည်းငယ်အတွင်း အန္တရာယ်ရှိနိုင်တယ်"
"အသိပေးလို့ ကျေးဇူးတင်ပါတယ်"
ကျိယွမ်က တည်ငြိမ်စွာ အလေးပြုလိုက်သည်။
ဤဝိညာဉ်ခန္ဓာကူပိုးကောင်သည် သူ့ကို လုံးဝ ခြိမ်းခြောက်မှု မရှိဟု ဆိုသော်လည်း၊ အချိန်အတန်ကြာပြီးနောက် သူသည် ကောင်းကင်နှင့် လူသားတစ်သားတည်း ဖြစ်သွားပါက ဤဝိညာဉ်ခန္ဓာကူပိုးကောင်ကို မြင်နိုင်မည် ဖြစ်သည်။
သို့သော် ထူစိဟိုင်က သူ့ကို အမှန်တရားကို ပြောပြသဖြင့် ကြိုတင်သိရှိခွင့်ရခဲ့ရာ ဤကရုဏာကို သူ၏ နှလုံးသားထဲတွင် မှတ်သားထားလိုက်၏။
"အဖိုးကြီး... နောက်နောင် ဒုက္ခတွေ့ရင် ငါ ကျိယွမ်ဆီ လာခဲ့ပါ၊ ငါ မင်းကို ဘေးကင်းအောင် စောင့်ရှောက်ပေးမယ်"
ကျိယွမ်သည် ရက်ရောတတ်ပြီး လုံးဝ ဝန်တိုမှု မရှိပေ။
"ကောင်လေး..မင်းက... အမူအကျင့် လုံးဝမရှိဘူးပဲ"
ထူစိဟိုင်က ထိုသို့ပြောသော်လည်း ဒေါသ လုံးဝမထွက်ပေ။ သူသည် လည်း စိတ်သဘောထားကောင်းသူ ဖြစ်သည်မှာ ထင်ရှား၏။
"ငါက သိက္ခာရှိတဲ့ ခေါင်းဆောင်ငယ်အဆင့်တစ်ယောက်ပဲ။ မင်းက ငါ့ကို ဘေးကင်းအောင် စောင့်ရှောက်ဖို့ လိုဦးမလား၊ နင်ပြည်နယ်မှာ ငါ့ထက် တော်တဲ့သူ အများကြီး မရှိဘူး"
ထူစိဟိုင်က ဝင့်ကြွားစွာပြောသည်။
"ကဲ... စကားကို ချိုချိုသာသာ ပြောစမ်းပါ။ ငါ့ကို တောင်းပန်ရင် ဒီဝိညာဉ်ခန္ဓာကူပိုးကောင်ကို ရှင်းထုတ်ဖို့ ငါ ကူညီပေးမယ်"
ဤဝိညာဉ်ခန္ဓာကူပိုးကောင်၏ အလောင်းသည် သူ့အတွက်လည်း ကောင်းမွန်သောအရာ ဖြစ်သဖြင့် သုတေသနအတွက် အသုံးပြုနိုင်၏။
"ဘာလို့ မင်းကို ဒုက္ခပေးရမှာလဲ၊ ငါ့ဘာသာငါ ဖြေရှင်းနိုင်ပါတယ်"
ကျိယွမ်က ဂရုမစိုက်ပါ။
"မင်း လူသာငယ်တာ ငါငယ်ငယ်ကထက်တောင် ပိုပြီး လေလုံးထွားနိုင်သေးတယ်"
"ဒီဝိညာဉ်ခန္ဓာကူပိုးကောင် အသက်ရှင်နေတုန်းက ကောင်းကင်အဆင့်စစ်သည်တော်တစ်ယောက်နဲ့ ညီမျှတယ်။ ငါ ဖြေရှင်းချင်ရင်တောင် အလွန် ခက်ခဲလိမ့်မယ်။ မင်းက သူ့ကိုတောင် ရှာမတွေ့တာ၊ ဘာလို့ ဖြေရှင်းနိုင်မယ်လို့ ထင်နေရတာလဲ"
ထူစိဟိုင်သည် ကျိယွမ်က အလွန်ကြွားဝါနေသည်ဟု ခံစားလိုက်ရ၏။
သူသည် ငယ်ရွယ်ပြီး အသက်နှစ်ဆယ်ထက် မပိုလောက်ပေ။
သူ မည်မျှပင် ပါရမီပါစေ၊ ခေါင်းဆောင်ငယ်အဆင့်တစ်ဦးသာ ဖြစ်နိုင်သည်။
သူ့ကို ဘေးကင်းအောင် စောင့်ရှောက်ရန် အဘယ်ကြောင့် လိုအပ်မည်နည်း။
"အဖိုးကြီး... သေချာကြည့်ထား"
ထိုအချိန်တွင် ကျိယွမ်သည် သူ၏နောက်ကွယ်မှ ဝိညာဉ်ခန္ဓာကူပိုးကောင်ကို ကြည့်ကာ ရုတ်တရက် ပါးစပ်ကို ဟလိုက်သည်။
ထူစိဟိုင် တုံ့ပြန်ခြင်း မပြုနိုင်မီ သူ၏ ပါးစပ်က ရုတ်တရက် ပြန်ပိတ်သွား၏။
ခဏချင်းတွင် လုံးဝန်းသော ဝိညာဉ်ခန္ဓာကူပိုးကောင်သည် ကျိယွမ်၏ ဝမ်းဗိုက်ထဲသို့ ရုတ်တရက် တိုးဝင်သွားသည်။
ထူစိဟိုင်သည် မိစ္ဆာတစ်ကောင်ကို ကြည့်နေသကဲ့သို့ ကျိယွမ်ကို မျက်လုံးပြူးကြည့်ကာ မေးလိုက်၏။
"မင်း...မင်း.. အဲဒါကို စားလိုက်တာလား"
၄င်းက ဝိညာဉ်ခန္ဓာကူပိုးကောင် ဖြစ်သည်။ထူးခြားသော ကောင်းကင်အဆင့်မှင်စာလည်း ဖြစ်၏။
ဒါကိုသူက ဒီအတိုင်းစားပစ်တာလား။
ထိုမြင်ကွင်းသည် သူ၏ စိတ်ကူးနှင့် သိမြင်မှုထက် လုံးဝ ကျော်လွန်နေခဲ့သည်။
လူသားတစ်ဦးက မှင်စာကို မည်သို့ စားနိုင်မည်နည်း။
ဘေးနားရှိ ချန်ခန်းပေါင်က တံတွေးကို မျိုချလိုက်သည်။
"သခင်... အဲဒါက အရသာရှိလား၊ သွားကြားထဲ မညှပ်ဘူးလား။တကယ်လို့ သွားကြားထဲ ညှပ်နေရင် ထုတ်ပြီး ငါ့ကို မြည်းစမ်းခွင့်ပေးပါဦး"
ထူစိဟိုင်သည် ထိုစကားကို ကြားသောအခါ သူတို့နှစ်ယောက်အား တစ်ပြန်တလဲကြည့်မိပြီး ထိုနှစ်ဦးမှာ ပုံမှန်မဟုတ်ဟု ခံစားလိုက်ရ၏။
သူ၏ ခြေထောက်များ ထုံကျင်သွားပြီး အနည်းငယ် လန့်လာခဲ့သည်။
"အရသာရှိတယ်၊ ငါ ထပ်စားချင်သေးတယ်"
ကျိယွမ်က သူ၏ ဝမ်းဗိုက်ကို ပွတ်သပ်လိုက်သည်။
ဤဝိညာဉ်ခန္ဓာကူပိုးကောင်သည် လေကို စားနေရသကဲ့သို့ ခံစားရသော်လည်း ကောင်းကင်နှင့် လူသားတစ်သားတည်းဖြစ်ခြင်း၏ စည်းမျဉ်းများကို မခုခံနိုင်ပေ။
သူ အဆင့် ၁၂၀ သို့ မချိုးဖျက်နိုင်ခြင်းမှာ ကောင်းကင်နှင့် လူသားတစ်သားတည်း ဖြစ်ခြင်းကို လိုအပ်နေခြင်းကြောင့် ဖြစ်၏။
ယခုမူ သူသည် အနည်းငယ် ဖြည့်ဆည်းနိုင်ခဲ့ပြီ။ အရေအတွက် နည်းပါးပြီး အဆင့် ၁၂၀ သို့ ချိုးဖျက်ရန် မလုံလောက်သော်လည်း၊ သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ များစွာ တိုးတက်လာခဲ့သည်။
"မင်း..မိစ္ဆာကောင်"
ထူစိဟိုင်က တံတွေးကို မျိုချလိုက်ပြီး မျက်နှာတစ်ခုလုံး ဇဝေဇဝါ ဖြစ်နေ၏။
"မင်း ဒါကို ဘယ်လို လုပ်လိုက်တာလဲ"
သူ တော်တော်လေး ကြောက်လန့်နေမိသည်၊ ရှေ့တွင် ဖြစ်ပျက်နေသည့် အရာမှာ သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေ၏။
"စားချင်ရင် စားလိုက်ရုံပါပဲ"
ကျိယွမ်က ပျင်းရိသော ပုံစံဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ထူစိဟိုင်က အသက်ပြင်းပြင်းရှူလိုက်၏။
"ငါ မင်းရဲ့ နာမည်ကို မသိသေးဘူး၊ ငါက ဟွမ်းရှန်းဓားဂိုဏ်းက ထူစိဟိုင်ပဲ"
"ကျိယွမ်"
ထူစိဟိုင်သည် ထိုနာမည်ကို မှတ်သားထားပြီး စိတ်ထဲတွင် ဆက်တိုက် တွေးတောနေသော်လည်း ကျိ အမည်ရှိသော မည်သည့် အစွမ်းထက်သူကိုမျှ မစဉ်းစားမိချေ။
"ဟွမ်းရှန်းဂိုဏ်းက ယွန်းဟိုင်နိုင်ငံရဲ့ ဂိုဏ်းတစ်ခု ဖြစ်ပုံရတယ်။ မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ အဖိုးကြီး"
ကျိယွမ်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
မည်သို့ပင်ဆိုစေ ထူစိဟိုင်သည် သူ့ကို ကူညီခဲ့ဖူးသဖြင့် ကျိယွမ်သည် သူ၏ ကရုဏာကို မှတ်မိနေဆဲ ဖြစ်၏။
ထူစိဟိုင်သည် ကျိယွမ်ကို အနည်းငယ် ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်ကာ စဉ်းစားလျက် ပြောသည်။
"ရှီဝမ်ရှန်းကျွဲ့မှာ ရတနာတစ်ခု ရှိတယ်လို့ ကောလာဟလတွေ ထွက်နေတယ်၊ အဲဒါကြောင့် သန်မာသူတွေ အများကြီးက ရှီဝမ်ရှန်းကျွဲ့ကို အပြေးအလွှား သွားနေကြတာ"
"ဘာရတနာလဲ"
ယခုအခါမှာတော့ ကျိယွမ်က အံ့သြသွားသည်။
နောက်ထပ် တောင်တန်းပေါင်းတစ်ရာလား။
ဤမြေအောက်ကမ္ဘာသည် သူနှင့် အမှန်တကယ် ရေစက်ပါပုံရ၏။
ထူစိဟိုင်က မျက်မှောင်ကြုတ်ကာ အသံကို နှိမ့်၍ ပြောသည်။
"လက်နက်သန္ဓေသား"
ကောင်းကင်အဆင့် မှော်လက်နက်၏ အထက်တွင် နတ်ဘုရားလက်နက် ရှိသည်။
ဘေးပတ်ဝန်းကျင်ရှိ နိုင်ငံငယ် ဒါဇင်ပေါင်းများစွာတွင် နတ်ဘုရားလက်နက်၏ ခြေရာလက်ရာ လုံးဝမရှိချေ၊ ကောင်းကင်အဆင့် လက်နက်များပင် ရှားပါးလှ၏။
လက်နက်သန္ဓေသားသည် တစ်ပိုင်းတစ်စ ပြီးစီးရုံသာ ရှိသေးသော လက်နက် ဖြစ်သည်။
၎င်းသည် ဤကမ္ဘာတွင် ပေါ်လာသည်နှင့် တပြိုင်နက် ဘေးပတ်ဝန်းကျင်မှ အစွမ်းထက်သူများစွာကို ဆွဲဆောင်နိုင်မည် ဖြစ်၏။
လက်နက်သန္ဓေသားသည် နတ်ဘုရားလက်နက် မဟုတ်သော်လည်း တန်ဖိုးအရမူ အထွတ်အထိပ် ကောင်းကင်အဆင့်လက်နက်ဆယ်ခု သို့မဟုတ် အခုနှစ်ဆယ်နှင့်ပင် မနှိုင်းယှဉ်နိုင်ချေ။
"ဒါပဲလား"
ကျိယွမ်က ထိုအရာဆိုလျှင်တော့ သိပ်ဂရုမစိုက်ပေ။
သူကိုယ်တိုင်က အထွတ်အထိပ် လက်နက် ဖြစ်သဖြင့် ၎င်းကို သဘာဝအတိုင်း အထင်သေးလေ၏။
ထူစိဟိုင်သည် အံ့သြသွားသော်လည်း လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ မေးလိုက်သည်။
"တကယ်လို့ ညီအစ်ကိုကျိက စိတ်ဝင်စားရင် ငါနဲ့ အတူ လိုက်ခဲ့မလား"
ကျိယွမ်၏ ဝိညာဉ်ခန္ဓာကူပိုးကောင်ကို ဝါးမြိုလိုက်သော အပြုအမူကြောင့် သူသည် ကျိယွမ်ကို အဆင့်တူသူတစ်ဦးအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်၏။
"ထားလိုက်ပါတော့၊ ငါ့ဇနီးကို သွားတွေ့ရမယ်။ နောက်တစ်ခေါက်မှပဲ ဒီမြေအောက်ကမ္ဘာကို သွားတော့မယ်"
ကျိယွမ်သည် လက်နက်သန္ဓေသားတစ်ခုကို ဂရုမစိုက်ချေ။
လက်နက်သန္ဓေသားကို စား၍မရပါ။
ထူစိဟိုင်သည် ဤစကားကို ကြားသောအခါ စိတ်ထဲတွင် အတွေးများစွာ ဖြတ်ပြေးသွားသည်။
သူသည် ဤကျိယွမ်တွင် သာမန်အစွမ်းသာ ရှိနိုင်သော်လည်း ထူးဆန်းသော နည်းလမ်းများ ရှိနေသဖြင့် စွန့်စားမှုများ ပြုလုပ်ရန် ရှီဝမ်ရှန်းကျွဲ့သို့ မသွားလိုခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းလိုက်၏။
ယခုတစ်ခေါက် ရှီဝမ်ရှန်းကျွဲ့သို့ သွားကြသူများအနက် အားနည်းဆုံးသူများမှာ ကမ္ဘာမြေအဆင့်များ ဖြစ်ကြပြီး၊ ကမ္ဘာမြေအဆင့်၏ အထွတ်အထိပ်တွင် ရှိသူများလည်း ရှိနေကာ၊ ကောင်းကင်အဆင့်များပင် ပေါ်လာနိုင်သည်။
ထို့ကြောင့် ကျိယွမ်က အားနည်းသဖြင့် မသွားခြင်းမှာ ပုံမှန်ပင်။
မည်သို့ပင်ဆိုစေ လက်နက်သန္ဓေသားများသည် မည်သည့်ကျင့်ကြံသူအတွက်မဆို အလွန် ဆွဲဆောင်မှု ရှိလှသည်။
"ညီအစ်ကိုကျိ... ဝိညာဉ်ခန္ဓာကူပိုးကောင်ရဲ့အဆိပ်က ပြေသွားပြီဆိုတော့ ငါ ဆက်မနေတော့ပါဘူး။ ငါတို့ နှုတ်ဆက်ကြစို့၊ အခွင့်အရေးရှိရင် ပြန်တွေ့ကြတာပေါ့"
ထူစိဟိုင်က တွေဝေခြင်းမရှိဘဲ ပြောလိုက်သည်။
ထို့အပြင် ဤသခင်နှင့် အစေခံအတွဲမှာ အမှန်တကယ် ထူးဆန်းလှသဖြင့် သူ အနီးကပ် မနေရဲဘဲ ထွက်ခွာသွားခြင်းက ပို၍ ကောင်းမွန်၏။
"တကယ်လို့ မင်း ဒုက္ခရောက်ရင် ကောင်းကင်ဂိုဏ်းကို လာခဲ့ပါ၊ ငါ မင်းကို တစ်ကြိမ် ကယ်တင်ပေးမယ်"
ကျိယွမ်က ရက်ရောစွာ ပြောလိုက်သည်။
"ညီအစ်ကိုကျိ... ကျေးဇူးတင်ပါတယ်"
ထူစိဟိုင်သည် ကောင်းကင်ဂိုဏ်းကို စိတ်ထဲတွင် သေချာ မှတ်သားထားလိုက်၏။
ထိုဂိုဏ်းသည် နင်ပြည်နယ်၏ ထိပ်သီးဂိုဏ်းနှစ်ခုအနက် တစ်ခု ဖြစ်သည်။ အစွမ်းအစအရမူ သူ အနည်းငယ် ကြောက်ရွံ့သော်လည်း ထိုမျှသာ ဖြစ်၏။
ထူစိဟိုင်သည် လှည်းပေါ်မှ ထရပ်ကာ မြင်းပေါ်သို့ ခုန်ချ၍ စီးနင်းထွက်ခွာသွား၏။
"ကောင်းကင်ဂိုဏ်းကို အမြန်သွားကြစို့"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ဝိညာဉ်ခန္ဓာ ကူပိုးကောင်နှင့် ပတ်သက်၍ သူ၏ စိတ်ထဲတွင် ခန့်မှန်းချက်အချို့ ရှိနေ၏။
ဤအရာသည် ကျိယွမ်ကို ကာကွယ်ရန် ကျိယွမ်၏ ဖခင် ချန်ထားခဲ့သော အရာ ဖြစ်ရမည်။
ဖန်းရှီစန်းနှင့် သွေးဆူးအဖွဲ့မှ ကျီးကန်းနက်အကြီးအကဲတို့သည် ဝိညာဉ်ခန္ဓာကူပိုးကောင်ကို ကြောက်ရွံ့သောကြောင့် ကျိယွမ်ကို တိုက်ရိုက် မတိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်သည်။
"ဝိညာဉ်ခန္ဓာကူပိုးကောင်က ငါ့ကို ကာကွယ်ပေးရုံတင်မကဘူး... ရှန်မုလင်ကို ကာကွယ်ဖို့လည်း ဖြစ်နိုင်တယ်"
ကျိယွမ်က တွေးမိ၏။
"ဒီသမက်ကျိယွမ်ရဲ့ အဖေကလည်းသာမန်တော့ မဟုတ်ဘူးပဲ"
"ဒါဆိုရင် ငါ သရုပ်ဆောင်တဲ့အခါ သူ့ကိုပါ ထည့်သွင်းစဉ်းစားရမယ်၊ ဒါမှ ပြီးပြည့်စုံမှာ"
အတွေးများဖြင့် ရှုခင်းများကို ကြည့်ရှုနေစဉ် မြင်းလှည်းသည် တောင်တန်းများကို ပေါ့ပေါ့ပါးပါး ဖြတ်ကျော်ကာ နေဝင်ချိန်တွင် ကောင်းကင်ဂိုဏ်းသို့ ရောက်ရှိလာခဲ့သည်။
"ရှန်လင်ရွှမ်းရဲ့ခင်ပွန်း ကျိယွမ်က တွေ့ဆုံခွင့် တောင်းပါတယ်"
တောင်ခြေရှိ ပင်မခန်းမတွင် ကျိယွမ်က တိုးတိုးလေး ပြောလိုက်၏။
သာမန် လာရောက်တွေ့ဆုံမှုများအတွက် ကြိုတင် အကြောင်းကြားစာ မပို့ထားပါက တောင်ခြေရှိ ပင်မခန်းမတွင် လာရောက်ရသည့် ရည်ရွယ်ချက်ကို ပြောပြရမည် ဖြစ်သည်။
ကျိယွမ်၏ အသံ ဆုံးသွားသည်နှင့် ချောမောလှပသော မိန်းမပျိုတစ်ဦး လျှောက်လာလေသည်။ သူမသည် ကျိယွမ်၏ ပုံစံကို မြင်သောအခါ မျက်လုံးထဲတွင် အံ့သြသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
"စီနီယာအစ်ကိုကြီးကျိယွမ်.. တကယ် ရောက်နေတာပဲ။ ငါ အကြီးအကဲတွေကို ချက်ချင်း အကြောင်းကြားလိုက်မယ်၊ စီနီယာအစ်ကိုကြီးကျိယွမ် ခဏ စောင့်ပေးပါဦး"
ကျိယွမ်သည် အိမ်ပါသမက်တစ်ဦး ဖြစ်သော်လည်း ရှန်လင်ရွှမ်း၏ ခင်ပွန်းလည်း ဖြစ်သဖြင့် ၎င်းတို့ကဲ့သို့ သာမန်တပည့်များ မပြစ်မှားဝံ့သော တည်ရှိမှု ဖြစ်၏။
နာရီဝက်ခန့် ကြာပြီးနောက် ဝမ်ချင်းယီသည် တာအိုဝတ်စုံဖြင့် ပေါ်လာပြီး သူမ၏ မျက်လုံးထဲတွင် အံ့သြသော အရိပ်အယောင်များ ရှိနေ၏။
"မင်း ဒီကို ဘာလို့ လာတာလဲ"
သစ်သားဆံထိုးကို ဆံပင်တွင် ကျပန်း ထိုးထားသော ဝမ်ချင်းယီ၏ မျက်လုံးထဲတွင် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေသည်။
"ကျုပ် လင်ရွှမ်းကို မတွေ့ရတာ ရက်ပေါင်းများစွာ ရှိပြီ။ သူမကို တွေ့ချင်လို့ပါ၊ သူမ ဒီမှာ ရှိလား သိချင်ပါတယ်"
ကျိယွမ်က သူ လာရသည့် ရည်ရွယ်ချက်ကို ရှင်းပြလိုက်၏။
ဝမ်ချင်းယီက မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ မျက်လုံးထဲမှ စိုးရိမ်မှုများက ပို၍ ဆိုးရွားလာသည်။
"လင်ရွှမ်းက အခု ဂိုဏ်းမှာ မရှိဘူး"
သူမသည် ကျိယွမ်နှင့် ချန်ခန်းပေါင်ကို လှမ်းကြည့်လိုက်၏။
"အခု ကောင်းကင်ဂိုဏ်းအနီးမှာ ပြဿနာတွေ အများကြီး ဖြစ်နေတယ်။ မင်းတို့ ဖုန်းရှန်းခရိုင်ကို အမြန်ဆုံး ပြန်သင့်တယ်၊ မင်းတို့ ရောက်နေတဲ့အကြောင်းကို ငါ လင်ရွှမ်းကို အကြောင်းကြားလိုက်မယ်"
ဝမ်ချင်းယီက ပြောရင်း တစ်စုံတစ်ခုကို တွေးမိပုံရ၏။
"မင်းတို့ နှစ်ယောက်တည်း ပြန်တာ မလုံခြုံဘူး။ မင်းတို့ကို ပြန်လိုက်ပို့ဖို့တပည့်တွေကို ငါ ခိုင်းလိုက်မယ်"
"စီနီယာဝမ်... လင်ရွှမ်းက ဘယ်ကို သွားတာလဲ"
ကျိယွမ်ကသူမ၏ စကားကိုအရေးမထားဘဲ သူသိချင်သောအရာကိုသာ မေးလိုက်သည်။
ကျိယွမ်က ခဏမျှ စဉ်းစားပြီးမှ စီနီယာဟု ခေါ်ဆိုလိုက်ခြင်း ဖြစ်၏။
"ဒါက မင်း သိသင့်တဲ့ အရာ မဟုတ်ဘူး"
ဝမ်ချင်းယီက ဘာမျှ မပြောပြပေ။
ရှန်လင်ရွှမ်း၏ ခင်ပွန်းသည် သာမန်လူတစ်ဦးသာ ဖြစ်သည်ကို သူမ သိထား၏။
ပြောပြလိုက်လျှင် ကောင်းလိမ့်မည် မဟုတ်ပေ။
ယခုမူ သူ့ကို ဖုန်းရှန်းခရိုင်သို့ ပြန်ပို့ပြီး ဤနေရာတွင် မနေစေခြင်းက အကောင်းဆုံး ဖြစ်သည်။ ရိုရှားနိုင်ငံ၏ ကောင်းကင်အဆင့်များက သိသွားပါက အရာအားလုံး အလွန် ရှုပ်ထွေးသွားမှာကို စိုးရိမ်ရ၏။
လွန်ခဲ့သော ရက်အနည်းငယ်က ကောင်းကင်အဆင့် စစ်သံတမန်သည် ခြိမ်းခြောက်မှုများဖြင့် ရောက်လာခဲ့ပြီး၊ သူ၏ စွမ်းအားများဖြင့် အခြားသူများကို ဖိနှိပ်ကာ ရှန်လင်ရွှမ်းကို ပဉ္စမမြောက်မင်းသားထံ အမှုထမ်းရန် အခွင့်အရေး ပေးခဲ့သည်။
ကောင်းကင်ဂိုဏ်းသည် မလိုက်နာခဲ့သဖြင့် ကောင်းကင်အဆင့်သံတမန်သည် ယဉ်ကျေးခြင်းမရှိတော့ဘဲ ၎င်းတို့ကို တိုက်ရိုက် ဖိနှိပ်ခဲ့သည်။
သို့သော် ထျန်းကျုံးသည် အမွေအနှစ်များစွာ ရှိသော ဂိုဏ်းကြီးတစ်ခု ဖြစ်သဖြင့် တာအိုခေါင်းဆောင်သည် ရန်သူကို ခုခံရန် ဘိုးဘေးဓားကို အသုံးပြုခဲ့ရ၏။
ကောင်းကင်အဆင့် စစ်တပ်ဗိုလ်ချုပ်သည် အနည်းငယ် ကြောက်ရွံ့သွားပြီး ထပ်မံ အရေးယူခြင်း မပြုတော့ဘဲ အပြင်ဘက်တွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။
လက်ရှိအချိန်တွင် ကောင်းကင်ဂိုဏ်းသည် ထိတ်လန့်ချောက်ချားနေခဲ့၏။
မိစ္ဆာအိုကြီး မိုဆန်းခုန်း၏ အစွမ်းဖြင့် ဂိုဏ်း၏ ကာကွယ်ရေးကို ဖောက်ရန်မှာ အချိန်အနည်းငယ် ထပ်ယူရုံသာ လိုအပ်သည်။
ထိုအချိန်တွင် ရှန်လင်ရွှမ်းသည် သေချာပေါက် အန္တရာယ်ရှိလေပြီ။
တိုက်ဆိုင်စွာပင် ရှီဝမ်ရှန်းကျွဲ့တွင် အဖြစ်အပျက်များ ဖြစ်ပွားခဲ့ပြီး ကမ္ဘာမြေအဆင့်နှင့် ကောင်းကင်အဆင့်များစွာ ရောက်ရှိလာကြပြီး ရှီဝမ်ရှန်းကျွဲ့ကို ပရမ်းပတာ ဖြစ်စေခဲ့သည်။
ထိုအချိန်တွင် ရှန်လင်ရွှမ်းသည် သူမအနေဖြင့် ရှီဝမ်ရှန်းကျွဲ့သို့ သွားရန် ရုတ်တရက် အဆိုပြုခဲ့သည်။
ဂိုဏ်းတွင် နေထိုင်ခြင်းမှာ မလုံခြုံတော့သဖြင့် ရှီဝမ်ရှန်းကျွဲ့တွင် ပုန်းကွယ်နေခြင်းက ပို၍ ကောင်းမွန်၏။
ရှန်လင်ရွှမ်းတွင် သူမ၏ ခန္ဓာကိုယ်ပုံသဏ္ဌာန်ကို ပြောင်းလဲနိုင်သော မှော်လက်နက်တစ်ခု ရှိနေသဖြင့် သူမသည် ရုပ်ဖျက်နိုင်သည်။
သို့သော် ဝမ်ချင်းယီက ကန့်ကွက်ခဲ့ပြီး သူမ၏ တပည့်ကို အန္တရာယ်ထဲသို့ မတွန်းပို့လိုခဲ့ပေ။
နောက်ဆုံးတွင် တာအိုခေါင်းဆောင်က ရှန်လင်ရွှမ်း၏ အဆိုပြုချက်ကို သဘောတူညီခဲ့ပြီး သူမကို ဂိုဏ်းအပြင်ဘက်သို့ တိတ်တဆိတ် ပို့ဆောင်ခဲ့သည်။
သူမသည် ဤအရာများကို ကျိယွမ်ကိုပြောပြမည် မဟုတ်ပေ။
"ကောင်းကင်အဆင့်လမိုဆန်းခုန်းတဲ့လား"
ကျိယွမ်က စိတ်ထဲတွင် တိုးတိုးလေး ရေရွတ်လိုက်သည်။
ဝမ်ချင်းယီ မသိသည်မှာ သူမ ယခုလေးတင် တွေးတောနေသည့် အရာများကို ကျိယွမ်က ကြားနေရခြင်း ဖြစ်၏။
ကျိယွမ်၏ အသံများကို ကြားနိုင်သော စူပါအကြားစွမ်းအားသည် တည်ငြိမ်ခြင်း မရှိပါ။ လူတိုင်း၏ အသံကို မကြားနိုင်သော်လည်း၊ ဝမ်ချင်းယီ၏ စိတ်ထဲမှ အသံကိုမူ သူ တိုက်ဆိုင်စွာ ကြားလိုက်ရသည်။
"ကောင်းပါပြီ စီနီယာဝမ်၊ ကျွန်တော် အခုပဲ ပြန်ပါ့မယ်။ ဘယ်သူမှ လိုက်ပို့ဖို့ မလိုပါဘူး၊ ကျွန်တော့်ဘာသာ လာနိုင်သလို ပြန်လည်း ပြန်နိုင်ပါတယ်"
အဖြေကို ရရှိပြီးနောက် ကျိယွမ်သည် ပထမဆုံးအကြိမ်အဖြစ် လိမ်ညာလိုက်၏။
သူသည် ဝမ်ချင်းယီနှင့် ငြင်းခုံပြီး ပြဇာတ်ကို ဖန်တီးရန် ပျင်းရိနေခဲ့သည်။
ထို့ကြောင့် တိုက်ရိုက်သာ ပြန်သွားလိုက်တော့မည်။
ဝမ်ချင်းယီသည် ခဏမျှ ဆွံ့အသွားပြီး ကျိယွမ်က ဤမျှ အလွယ်တကူသဘောတူလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သူမ ကျိယွမ်ကို ကြည့်သည့်အခါ မျက်လုံးထဲတွင် စိတ်ပျက်ရိပ်အချို့ ရှိနေခဲ့သည်။
သူမ တွေးမိသည်မှာ သမက်ဖြစ်သူသည် ကြောက်လန့်ပြီး ထွက်ပြေးသွားခြင်း ဖြစ်သည်။
ဤအရာကို တွေးမိသောအခါ သူမသည် သူမ၏ တပည့်အတွက် ပို၍ပင် စိုးရိမ်လာမိ၏။
"ဒါဆိုရင်လည်း သွားတော့"
ဝမ်ချင်းယီ၏ မျက်နှာက အေးစက်သွားပြီး ကျိယွမ်ကို ကောင်းမွန်သော မျက်နှာအမူအရာ မပြတော့ပေ။
ကျိယွမ်ကလည်း ဂရုမစိုက်ခဲ့ပါ။
"အဖိုးကြီး... မြန်မြန်မောင်း၊ ငါတို့ ပြန်ကြစို့"
"ကောင်းပါပြီ"
ချန်ခန်းပေါင်သည် မြင်းလှည်းကို လျင်မြန်စွာ မောင်းနှင်ခဲ့ရာ မကြာမီ မြင်းလှည်းသည် ဝမ်ချင်းယီ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
ဝမ်ချင်းယီက တိုးတိုးလေး သက်ပြင်းချလိုက်၏။
"တိုင်းပြည်ဆူပူတဲ့ ဆောင်းဦးရာသီမှာ၊ အရင်က လောင်ထုံရွှေကျွင်း ရှိခဲ့ပြီး နောက်ပိုင်းမှာ လက်နက်သန္ဓေသား ရှိနေတယ်၊ လင်ရွှမ်း... သူမကတော့... ..."
ယနေ့ခေတ်ကောင်းကင်းဂိုဏ်းသည် မရေရာသော အခြေအနေတွင် ရှိနေပြီး ပေါက်ကွဲလုဆဲမီးတောင်၏ ဗဟိုချက်တွင် ရှိနေကာ အချိန်မရွေး မီးကူးစက်သွားနိုင်သည်။
အခြားတစ်ဖက်တွင်မူ မြင်းလှည်းသည် လမ်းမကြီးပေါ်တွင် မောင်းနှင်နေ၏။
ကျိယွမ်၏ မျက်လုံးထဲတွင် အပြုံးတစ်ခု ပေါ်လာသည်။
"ငါ ဒီလောက် ကံကောင်းလိမ့်မယ်လို့ မထင်ထားဘူး။ ငါ့ဇနီးနဲ့ တွေ့ရုံတင်မကဘူး၊ မျှော်လင့်ခြင်းလမင်းတချို့နဲ့ပါ တွေ့နိုင်ဦးမယ်"
ရှီဝမ်ရှန်းကျွဲ့တွင် လက်နက်သန္ဓေသား ပေါ်လာသဖြင့် ကောင်းကင်အဆင့်များစွာ ရောက်လာနိုင်ခြေ ရှိသည်။
ဤအရာသည် ကျိယွမ်အတွက် ကောင်းသောအရာပင် မဟုတ်ပါလား။
"ငါ ကြိုသိရင် အဖိုးကြီးထူရဲ့ ဖိတ်ခေါ်ချက်ကို သဘောတူခဲ့ပါတယ်။ အခုတော့ မိုင်ပေါင်းများစွာ ပိုပြီး သွားရတော့မယ်"
"အဖိုးကြီး... မြန်မြန်မောင်း"
"သခင်... မြင်းက မခံနိုင်တော့ဘူး၊ သူအရမ်း ပင်ပန်းနေပြီ"
ချန်ခန်းပေါင်က စိတ်ဓာတ်ကျစွာပြန်ပြော၏။
မြင်းသည် ပြင်းထန်စွာ အသက်ရှူနေပြီး သိသိသာသာ ပင်ပန်းနွမ်းနယ်နေခဲ့လေသည်။
"ဒီလိုလုပ်ကြစို့၊ ငါ မင်းကို ကောင်းချီးပေးမယ်၊ မင်း မြင်းလှည်းကို ဆွဲ"
ကျိယွမ်သည် အလွန် လိမ္မာပါးနပ်၏။
ယခုတစ်ခေါက် ကောင်းချီးပေးခြင်းသည် စစ်မှန်သော ကောင်းချီးပေးခြင်း ဖြစ်ပြီး ယခင်ကကဲ့သို့ လှည့်စားခြင်း မဟုတ်ပေ။
"သခင်... ဒါက..."
ချန်ခန်းပေါင် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။
"မင်းက အစားအများကြီး စားထားတာ။ တကယ်လို့ အစာခြေဖျက်ဖို့ လေ့ကျင့်ခန်း ပိုမလုပ်ရင် နောက်ထပ် သုံးနှစ်ထက် ပိုအသက်ရှင်ရမှာ မဟုတ်ဘူး"
ကျိယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
ချန်ခန်းပေါင်၏ ခန္ဓာကိုယ်အခြေအနေမှာ အလွန် ရှုပ်ထွေးနေသည်။ သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ဖူးပြီး ယခုတိုင် အသက်ရှင်နေခြင်းမှာ အံ့ဖွယ်အမှု ဖြစ်၏။
"ကောင်းပါပြီ"
ချန်ခန်းပေါင်က အံကြိတ်ကာ မြင်းကို လွှတ်လိုက်သည်။ ကျိယွမ်၏ ကောင်းချီးပေးခြင်းကို ခံယူပြီးနောက် သူသည် မြင်းလှည်းကို ဆွဲကာ စတင်ပြေးတော့၏။
"ကဲ... ပိုမြန်မြန်လေး"
"သခင်... ငါ့မှာ ခြေထောက်နှစ်ချောင်းပဲ ရှိတာ၊ မြန်မြန် မပြေးနိုင်ဘူး"
ချန်ခန်းပေါင်သည် မြင်းလှည်းကို ဆွဲကာ ပျံသန်းသကဲ့သို့ မြန်ဆန်စွာ လျှောက်လှမ်းနေပြီး မြင်းထက်ပင် ပိုမို လျင်မြန်နေခဲ့သည်။
"ဟားဟားဟားဟား ငါသခင်လေးက ကရုဏာစိတ်ရှိလို့ မင်း ပိုမြန်မြန် ပြေးနိုင်အောင် ခြေထောက်လေးချောင်း ပေးပါ့မယ်"
ကျိယွမ်၏ မျက်လုံးထဲတွင် အပြုံးတစ်ခု ဖြတ်ပြေးသွား၏။
သူ့လက်ထဲမှ ဒရုန်းကို ဝှေ့ယမ်းလိုက်ရာ အရာအားလုံး ပြောင်းလဲသွားပြီး ရုတ်တရက် ကျားတစ်ကောင် ဟိန်းဟောက်ကာ ထွက်လာသည်။
ကျားသည် ချန်ခန်းပေါင်နောက်သို့ ပြေးခုန်တက်ကာ ၎င်း၏ ရှေ့ခြေထောက်များကို ချန်ခန်းပေါင်၏ ပုခုံးပေါ်သို့ တိုက်ရိုက်တင်၍ နောက်ခြေထောက်များဖြင့် မြေပြင်ကို ပြင်းထန်စွာ ကန်ကျောက်လိုက်၏။
"အာ့... အား..."
ချန်ခန်းပေါင်သည် သနားစဖွယ် အော်ဟစ်သံကာ ပို၍ပင် လျင်မြန်စွာ ပြေးတော့သည်။
"ခြေထောက်ခြောက်ချောင်းက ခြေထောက်နှစ်ချောင်းထက် ပိုပြီး အသုံးဝင်တာ သေချာတယ်"
ကျိယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
အဆင့် ၁၂၀ ရောက်ပြီးနောက် သူသည် ချန်ခန်းပေါင်၏ ဒဏ်ရာများကို ကုသပေးနိုင်လောက်၏။
မဟုတ်ပါက ဤကဲ့သို့ အမြဲတမ်း စားသောက်နေခြင်းမှာ အမြဲကောင်းမွန်လိမ့်မည် မဟုတ်ပေ။
ကြာရင် ငါလည်းပေါက်စီဖိုးနဲ့ မွဲလိမ့်မယ်။