← Chapters

အခန်း (၅၂၀)

Vol. 49 Ch. 520

အခန်း (၅၂၀)

Vol. 49 Ch. 520

အခန်း ၅၂၀ - ရှန်လင်ရွှမ်းကို သူ့ယောက်ျား ရောက်နေတယ်လို့ ပြောလိုက်ပါ

"သခင်... ငါ့မှာ... တကယ်ကြီး ခြေထောက်လေးချောင်း ရှိနေတယ်"

ကျားသည် ချန်ခန်းပေါင်၏ ပခုံးပေါ်တွင် ဝပ်နေသဖြင့် သူသည် အလွန်လန့်ကာ အပြေးအရှိန်လည်း တော်တော်လေး မြန်လာသည်မှာ ဂျက်အင်ဂျင်တစ်ခု တပ်ဆင်ထားသည့်အတိုင်း ဖြစ်နေ၏။

"အေး"

ကျိယွမ်၏ လက်လှုပ်ရှားမှုနှင့်အတူ ဟိန်းဟောက်နေသော ကျားသည် ချက်ချင်း အနေအထား ပြောင်းသွား၏။ ၎င်း၏ ရှေ့ခြေထောက်များသည် ချန်ခန်းပေါင်၏ ပခုံးပေါ်တွင် မရှိတော့ဘဲ ကျားအစွယ်များက သူ၏ ခါးပတ်ကို ကိုက်ထား၏။

ချက်ချင်းပင် သူသည် ခြေထောက် ခြောက်ချောင်း ဖြစ်သွားလေသည်။

မြင်းလှည်းသည် ဖုန်တထောင်းထောင်း ထလျက် ရှီဝမ်ရှန်းကျွဲ့ဆီသို့ ဦးတည်သွားတော့သည်။

မြင်းလှည်းကို မြင်းမပါဘဲ အဖိုးကြီးတစ်ဦးက ဆွဲကာ ကျားလိုဟိန်းပြီး တရကြမ်းပြေးနေသည်ကိုမြင်လျှင် လမ်းတစ်လျှောက်ရှိ လူအများမှာ အံ့သြသွားပြီးနောက် တဟားဟားအော်ရယ်ကြတော့သည်။

ဤသို့ဖြင့် ညအချိန်သို့ရောက်သောအခါ တောင်ပေါ်တည်းခိုခန်းတစ်ခုတွင် မီးရောင်များ လင်းထိန်နေ၏။

လက်ရန်းများသည် နှစ်ပေါင်းများစွာ ကြာနေသည့်အလား ဆွေးမြည့်နေပြီး သွေးရောင်ကို ဖုံးကွယ်ရန် ဆေးအထပ်ထပ် သုတ်ထားသည်။

သေချာကြည့်လျှင် လက်ရန်းအများအပြားပေါ်တွင် ဓားရာများကိုလည်း တွေ့ရပေလိမ့်မည်။

ပုံမှန်ဆိုလျှင် ထိုတည်းခိုခန်းသည် ဝေးလံခေါင်သီသောနေရာတွင် ရှိသဖြင့် ဧည့်သည်အလွန်နည်း၏။

ယခုမူ စီးပွားရေး အလွန်ကောင်းနေပြီး ပြင်ပမှ လူအများအပြား ရောက်နေလေသည်။

မူလက ထောင်လွှားသော ဆိုင်ရှင်အိုကြီးသည် အင်ပါယာသံတမန်များကို မြင်သောအခါ ကုန်းကုန်းကွကွ ဖြစ်သွား၏။ ဤမျှအဆင့်အတန်းမြင့်သော ဧည့်သည်များကို တွေ့ရခြင်းမှာ ၎င်း၏ ဘဝတွင် ပထမဆုံးအကြိမ်ပင်။

"လူကြီးမင်းတို့... လက်နက်သန္ဓေသား ပေါ်လာပြီ... ခင်ဗျားတို့မှာ ဝေမျှစရာ အသုံးဝင်တဲ့ သတင်းအချက်အလက် ရှိလား"

ထိုအချိန်တွင် ဆိတ်ကဲ့သို့မုတ်ဆိတ်ဖားဖားနှင့် အဖိုးကြီးတစ်ဦးက စကား စပြောလာ၏။ သူ၏ မျက်နှာမှာ ဖြူဖျော့နေသော်လည်း မျက်လုံးများက တောက်ပနေပြီး ခါးတွင် ဗူးသီးခြောက်ကို ချိတ်ထားသည်။

"အခုတော့ ဆရာကြီးကျိုက စကားပြောပြီပဲ... သတင်းတွေကို မဖုံးကွယ်ထားဘဲ အပျက်အစီးတွေကို အားလုံးအတူတူ ရှာဖွေနိုင်အောင် ပြောပြကြပါ... မဟုတ်ရင် ကောင်းကင်အဆင့်စစ်သံတမန်တွေ ထပ်ရောက်လာရင် ကျွန်တော်တို့ စွပ်ပြုတ်တစ်ငုံတောင် သောက်ရမှာ မဟုတ်ဘူး"

လူကြီးလူကောင်းပုံဝတ်စားထားသူတစ်ဦးကလည်း ပြော၏။

သူသည် ရှေးဟောင်းလိုင်ဂိုဏ်း၏ အကြီးအကဲ ဖြစ်၏။ သူကျင့်ကြံသော ရတနာလက်နက်မှာ ပိုးမျှင်တစ်ထောင်ရွှေရောင်ငှက်မွှေးဝတ်စုံ ဖြစ်ပြီး ကာကွယ်ရေးတွင် အကောင်းဆုံးဖြစ်၏။

"တကယ်ပဲ... ဒီအပျက်အစီးတွေက သိပ်ထူးဆန်းတယ်... ဝင်ဖို့ခက်ရုံတင်မကဘူး... ဝင်သွားရင်တောင် အတွင်းထဲမှာ ထူးဆန်းတာတွေ ဖြစ်ပျက်နေပြီး လူကို ထုံကျင်စေတယ်"

"အထဲမှာ ထူးဆန်းတဲ့ဝိညာဉ်တွေ အများကြီးပဲ... ဒါပေမဲ့ သွေးဆူးအဖွဲ့ရဲ့ ဝိညာဉ်မှင်စာသားပေါက်နေရာနဲ့ နည်းနည်းဆင်တူတယ်"

"မဟာဆရာကြီးဝူကန်းကတော့ မနေ့က အတင်းဝင်သွားတယ်... ခေါင်းဆောင်ငယ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ယောက်အနေနဲ့ အပျက်အစီးတွေထဲမှာ သူ့ကို ရန်ပြုနိုင်တာ မရှိဘူးအထင်နဲ့ သူ ဇွတ်ဝင်သွားတာ... ဒါပေမဲ့ ဘယ်သူသိမှာလဲ... ရွှံ့ရုပ်လေးတစ်ရုပ် ရုတ်တရက် ပေါ်လာပြီး သူ့ကို တစ်ချက်တည်းနဲ့ ထိုးသတ်သွားတယ်"

ထိုရွှံ့ရုပ်အကြောင်း ပြောလိုက်သောအခါ ရှိနေသူအားလုံး၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ကြည့်နေ၏။

မဟာဆရာကြီးဟု ခေါ်ဝေါ်နိုင်သူများသည် ကမ္ဘာမြေအထွတ်အထိပ်အဆင့်စစ်သည်တော်များ ဖြစ်ကြသည်။ အကယ်၍ သူတို့သည် ကျိယွမ်၏ အစီအစဉ်အတိုင်း ကြိုးစားကျင့်ကြံပြီး ပျင်းရိခြင်းမရှိလျှင် ကောင်းကင်အဆင့်စစ်သည်တော်များ ဖြစ်လာရန် မျှော်လင့်နိုင်သူများ ဖြစ်ကြ၏။

သို့သော်လည်း သူသည် ရွှံ့ရုပ်လေး၏ ထိုးသတ်ခြင်းကို ခံလိုက်ရသည်။

မည်သူက မကြောက်ဘဲ နေမည်နည်း။

"ဒီအပျက်အစီးတွေက သိပ်အန္တရာယ်များတယ်... ကမ္ဘာမြေအဆင့်စစ်သည်တော်တွေတောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာ မဟုတ်ဘူး... ကောင်းကင်အဆင့်စစ်သည်တော်တွေပဲ အနိုင်ယူနိုင်လိမ့်မယ် ထင်တယ်"

အဖိုးကြီးတစ်ဦးကလည်း စိတ်ပျက်လက်ပျက် အသံဖြင့်ညည်းလေသည်။

သူတို့သည် ခေါင်းဆောင်ငယ်အဆင့်၏ အထွတ်အထိပ်များ ဖြစ်ကြသဖြင့် နယ်မြေတစ်ခု၏ အုပ်စိုးသူများ ဖြစ်ပြီး တစ်ဒေသလုံးကို လွှမ်းမိုးနိုင်သော စွမ်းအား ရှိကြ၏။

သို့သော် ရှေ့ရှိ အပျက်အစီးများထဲတွင်မူ သူတို့မှာ ကိုယ့်ကိုယ်ကိုယ်ပင် မကာကွယ်နိုင်ကြချေ။

"ကျွန်တော့်ဘဝမှာ ဒီလောက် အန္တရာယ်များတဲ့ အပျက်အစီးမျိုး ကြုံဖူးတာ ဒါပထမဆုံးပဲ"

"ဟုတ်တယ်... သာမန် မကောင်းဆိုးဝါးအရပ်မှာဆိုရင် စွမ်းအားကြီးတဲ့ ထူးဆန်းဝိညာဉ်တစ်ကောင်ပဲ ရှိတတ်ပြီး အများဆုံး အဲဒီလိုဝိညာဉ်မျိုး တစ်ရာလောက်ပဲ ရှိတာ...

ဒါပေမဲ့ ဒီအပျက်အစီးက မတူဘူး... အခုထိ ရှာတွေ့ထားတဲ့ မှင်စာအမျိုးအစားတင် ရာဂဏန်း ရှိနေပြီ... တကယ် ထူးဆန်းလွန်းတယ်"

ရှိနေသောသူများသည် လောကဓံအမျိုးမျိုးကို ကြုံတွေ့ဖူးကြသော်လည်း ယနေ့ကဲ့သို့ အခြေအနေမျိုးကို တစ်ခါမျှ မမြင်ဖူးကြချေ။

ယနေ့ မြင်ကွင်းမျိုးမှာ တစ်ခါမျှ မကြားဖူးသော အရာ ဖြစ်၏။

အားလုံးသည် အမျိုးမျိုးတွေးနေကြပြီး အချို့က မျက်မှောင်ကုတ်ထားကာ အချို့က မျက်စိမှိတ်ထားကြ၏။

"ဒီအပျက်အစီးတွေနဲ့ ပတ်သက်ပြီး ကျွန်မမှာ အမြင်အချို့ ရှိတယ်"

ဟူရှန်းမှအဘွားအိုက အက်ကွဲကွဲအသံဖြင့် ပြောလိုက်ရာ ရှိနေသူအားလုံး သူမကို ကြည့်လိုက်သည်။

"လူတိုင်း သိကြတဲ့အတိုင်းပဲ ။ မူလအစ၏လျှို့ဝှက်ချက်ကျမ်းထဲမှာ မှတ်တမ်းတင်ထားတာက... အဲဒီနေ့မှာ အမှောင်ထုကြီး ကျရောက်ခဲ့တယ်တဲ့"

စကားလုံး နည်းလေလေ အကြောင်းအရာ ကြီးမားလေလေ ဖြစ်၏။

ထိုစကားကို ကြားလိုက်ရသောအခါ အားလုံးမျက်နှာများ အကြီးအကျယ် ပျက်သွားကြ၏။

"ဒါက တားမြစ်နယ်မြေ ဖြစ်နေတာလား"

"ဒီကမ္ဘာမှာ တားမြစ်နယ်မြေက အမှန်တကယ် ရှိနေတာပဲ"

ခေါင်းဆောင်ငယ်အဆင့်အများအပြား သည် နောက်ဆုတ်လိုစိတ်များ ဖြစ်ပေါ်လာကြ၏။

ချင်းရှန်းလောကတွင်(တောင်ပြာလောကတွင်) ယခင်က မှင်စာများ မရှိခဲ့ချေ။

ရုတ်တရက် တစ်နေ့တွင် အမှောင်ထု ကျရောက်လာပြီး ကမ္ဘာမြေပေါ်သို့ ကျရောက်ကာ နယ်မြေအများအပြားသည် ထောင်ချောက် ဖြစ်သွားခဲ့၏။

အစပိုင်းတွင် မည်သူမျှ ဂရုမစိုက်ဘဲ သာမန် မတော်တဆမှုတစ်ခုဟုသာ ထင်ခဲ့ကြ၏။

သို့သော် သီးခြားနေရာများထဲတွင် ထိတ်လန့်ဖွယ်သတ္တဝါများနှင့် မှင်စာများ အမှန်တကယ် မွေးဖွားလာလိမ့်မည်ဟု မည်သူထင်ခဲ့မည်နည်း။

ဘေးအန္တရာယ်သည် ပြန့်နှံ့သွားပြီး ရေတွက်မရသော ထူးဆန်းသည့် ဝိညာဉ်များသည် အကျဉ်းထောင်ထဲမှ ဆက်တိုက် ထွက်လာကာ သေမျိုးများကို စိတ်ကြိုက် သတ်ဖြတ်ခဲ့ကြ၏။

ကမ္ဘာကြီးသည် ငရဲဘုံ ဖြစ်သွားခဲ့သည်။

ဆယ်စုနှစ်တစ်ခုအတွင်းမှာပင် ချင်းရှန်းလောက၏ လူဦးရေသည် သုံးပုံနှစ်ပုံကျော် ကျဆုံးသွားခဲ့၏။

ထိခိုက်သေဆုံးမှုများမှာ သန်းပေါင်းများစွာ ကျော်လွန်ခဲ့လေသည်။

နောက်ဆုံးတွင် ကမ္ဘာ့ပြင်ပမှ မဟာမိတ်တပ်ဖွဲ့များ ရောက်ရှိလာပြီး ချင်းရှန်းကမ္ဘာကို ကူညီကာ ထူးဆန်းသော ဝိညာဉ်များကို နှိမ်နင်းပေးခဲ့၏။

မကောင်းဆိုးဝါးဝိညာဉ်ကြီးဆယ်ပါးစလုံးကို နှိမ်နင်းချေမှုန်းနိုင်ခဲ့ပြီး မကောင်းဆိုးဝါးဝိညာဉ်ဒီရေလှိုင်းသည် လုံးဝ ကွယ်ပျောက်သွားခဲ့၏။

သို့သော် ထူးဆန်းသော ဝိညာဉ်များသည် ချင်းရှန်းလောကတွင် အမြစ်တွယ်သွားပြီး အချိန်အတိုင်းအတာတစ်ခုရောက်လျှင် အသစ်များ မွေးဖွားလာတတ်သည်။

ထို့အပြင် သေးငယ်သော သို့မဟုတ် ပျက်စီးနေသော ထောင်ချောက်အချို့သည်လည်း ကျန်ရှိနေဆဲ ဖြစ်၏။

"ဒါက ထောင်ချောက်တစ်ခုဆိုရင်... ဒဏ္ဍာရီလာ နတ်ဘုရားအဆင့်စစ်သည်တွေပဲ ဒါကို ရှင်းလင်းနိုင်လိမ့်မယ် ထင်တယ်"

ကျင့်ကြံသူများ ထိတ်လန့်သွားကြ၏။

"မစိုးရိမ်ပါနဲ့... ဒီအပျက်အစီးတွေက ထောင်ချောက်တစ်ခု ဖြစ်ရင်တောင် ပျက်စီးနေတဲ့ ထောင်ချောက်ပဲ ဖြစ်ရမယ်... မဟုတ်ရင် ကျွန်တော်တို့ သေတာ ကြာလှပြီ"

"ဟုတ်တယ်... အကျဉ်းထောင်က ပြီးပြည့်စုံနေရင် နင်နိုင်သံနဲ့ မော့ရှန်းနိုင်ငံတို့ ပျက်စီးသွားတာ ကြာပြီပေါ့"

"ဒါက ထောင်ချောက်တစ်ခုဆိုရင်... အထဲက အကျိုးအမြတ်တွေက လုံးဝ ဆွဲဆောင်မှု ရှိမှာပဲ"

"ရတနာလက်နက်ရဲ့ ကုန်ကြမ်းအများစုက တားမြစ်မြို့တော်ကနေ လာတာလေ"

အင်ပါယာစစ်သည်အများအပြားမှာ ကိုယ်ပိုင်အကြံအစည်များ ရှိနေကြ၏။

လက်နက်သန္ဓေသားကို မလုယူနိုင်လျှင်တောင် အခြား အဖိုးတန်ပစ္စည်းများကို လုယူနိုင်ပါက အမြတ်အစွန်းများစွာ ရရှိပေလိမ့်မည် ။

"ဒီနေရာက ထောင်ချောက်တစ်ခု ဖြစ်တဲ့အတွက် ထင်ထားတာထက် ပိုအန္တရာယ်များမှာ သေချာတယ်... ကျွန်မတို့အားလုံး အဖွဲ့ဖွဲ့ပြီး ရှာဖွေဖို့ အကြံပြုချင်တယ်...

ဒါဆိုရင် ကောင်းကင်အဆင့်နဲ့ တွေ့ရင်တောင် ခုခံနိုင်စွမ်း လုံးဝ မရှိတာမျိုး မဖြစ်တော့ဘူး"

"ဟုတ်တယ်... အဖွဲ့ဖွဲ့ကြမယ်"

ရှိနေသော ခေါင်းဆောင်ငယ်အဆင့် များသည် သဘောတူစွာဖြင့် အဖွဲ့များကို လျင်မြန်စွာ ဖွဲ့စည်းလိုက်ကြ၏။

ထူစိဟိုင်သည်လည်း တည်းခိုခန်းထဲတွင် ရှိနေပြီး လူဟောင်းအချို့နှင့် အဖွဲ့ဖွဲ့ထားလေသည်။

"အင်း... ကျွန်မတို့ ငါးယောက်စလုံးက ကောင်းကြပါတယ်... ဒါပေမဲ့ နှမြောစရာကောင်းတာက ထိပ်တန်းမဟာဆရာကြီးတစ်ယောက်မှ မပါဘူး"

ညှို့ဓာတ်ပြင်းသောမိန်းမပျိုတစ်ဦးက ချိုသာစွာ ပြောလိုက်၏။

"ထိပ်တန်းသခင်က နည်းနည်းပဲ ရှိတာ... ပြီးတော့ သူတို့က ကျွန်တော်တို့နဲ့ မရင်းနှီးဘူး... သူတို့က ဘာလို့ ကျွန်တော်တို့နဲ့ အဖွဲ့ဖွဲ့မှာလဲ"

မျက်လုံးတစ်ဖက်ကန်းအဖိုးကြီးက စိတ်ပျက်လက်ပျက် ပြော၏။

"ကောင်းကင်အဆင့်နဲ့ မတွေ့သရွေ့တော့ ကျွန်တော်တို့ရဲ့ အင်အားနဲ့ သတိထားရင် ဘာမှမဖြစ်နိုင်ပါဘူး"

ကျန်နှစ်ယောက်မှာ အမြွှာညီအစ်ကိုများ ဖြစ်ကြ၏။ သူတို့နှစ်ဦးစလုံးသည် ကမ္ဘာမြေအဆင့်၏ အထွတ်အထိပ်သို့ ရောက်ခါစ ဖြစ်သော်လည်း စိတ်ချင်းဆက်နွှယ်နေသဖြင့် အတူတူဆိုလျှင် အလွန်အစွမ်းထက်ကြ၏။

"ညီအစ်ကိုဟေရှာလည်း ဒီမှာ ရှိနေတာဆိုတော့ ကျွန်တော်တို့ မညံ့ပါဘူး... ဒါကြောင့် အဆင်ပြေမှာပါ"

ထူစိဟိုင်က ရေရွတ်လိုက်သော်လည်း သူတို့သိသော ထိပ်တန်းသခင်က ယခုတစ်ကြိမ်တွင် မရှိသဖြင့် စိတ်ပျက်နေဆဲပင်။

ကျန်လူများရှိသော်လည်း သူတို့နှင့် မရင်းနှီးသဖြင့် ပူးပေါင်းရန် မဝံ့ရဲကြချေ... ထိုထိပ်တန်းသခင်များသည်လည်း သူတို့နှင့် ပူးပေါင်းလိုစိတ် ရှိမည်မဟုတ်ပါ။

ယခုအချိန်တွင် ခေါင်းဆောင်ငယ်အဆင့်တစ်ရာနီးပါး စုဝေးပြီး ကိုယ်ပိုင်အဖွဲ့များ ဖွဲ့စည်းလိုက်ကြ၏။

ထိုစဉ် ဝေးလံသောနေရာမှ မြင်းခွာသံကဲ့သို့ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ထို့နောင် အဖိုးကြီးတစ်ဦးသည် မြင်းတစ်ကောင်ကို ဆွဲလျက် ချွေးတပြိုက်ပြိုက်နှင့် အတင်းပြေးလာသည်ကို တွေ့ရ၏။

သူ့နောက်တွင်မူ သူ၏ခါးပတ်ကို ကိုက်ထားသော ကျားတစ်ကောင် ရှိနေလေသည်။

ဤမြင်ကွင်းမှာ အလွန်ရယ်စရာကောင်းပြီး ထူးဆန်းသဖြင့်စစ်သည်အများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားလေ၏။

ထိုအချိန်တွင် မြင်းလှည်း၏ လိုက်ကာပွင့်သွားပြီး အမျိုးသမီးများကို အံ့ဩမင်သက်သွားလောက်အောင် နုပျို ခန့်ညားသောမျက်နှာတစ်ခု ပေါ်လာခဲ့သည်။

ခန့်ညားသောလူငယ်လေးက လက်ဝှေ့ယမ်းလိုက်ရာ ရှေ့ရှိ ကျားသည် ချက်ချင်း ငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူ၏ အင်္ကျီလက်ထဲသို့ ဝင်သွားလေသည်။

ရှိနေသော ခေါင်းဆောင်ငယ်အဆင့် စများသည် ဤမြင်ကွင်းကို မြင်သောအခါ အနည်းငယ် အံ့ဩသွားကြ၏။

"တကယ့်ကို ခန့်ညားတဲ့လူငယ်လေးပဲ"

"ဒါက... မျက်လှည့်လှည့်စားမှုပဲ... ပရိယာယ်တချို့တော့ ရှိသားပဲ"

ထူစိဟိုင်သည် ရောက်လာသူကို မြင်သောအခါ အံ့ဩသွားပြီး ထအော်မိသည်။

"ကျိ...ညီအစ်ကိုကျိ"

"ရှင် သူ့ကို သိလို့လား"

ညှို့ဓာတ်ပြင်းသောမိန်းမပျိုက ကျိယွမ်အားပြုံးကာကြည့်ရင်း သူမ၏နှုတ်ခမ်းလှလှများကို လျှာဖြင့် ဆွဲဆောင်မှုရှိစွာ လျက်လိုက်၏။

"ငယ်ရွယ်ပြီး တက်ကြွတဲ့ ခန္ဓာကိုယ်လေးပါလား"

"လျှောက်မလုပ်နဲ့ ၊ သူက... သာမန်မဟုတ်ဘူး"

ကျိယွမ်က ဝိညာဉ်ခန္ဓာ ကူပိုးကောင်ကို ပင် သာသာယာယာမျိုချခဲ့သည်ကို ပြန်သတိရမိပြီး ထူစိဟိုင်ကြက်သီးထလာသည်။

ဒါပေမဲ့ ညီအစ်ကို ကျိယွမ်က ဒီနေရာကို စိတ်မဝင်စားဘူး မဟုတ်လား... သူတို့ ဘာကြောင့် ဒီကို ရောက်လာတာလဲ။

ထိုအချိန်တွင် မြင်းလှည်းရပ်သွားပြီး လူငယ်သည် မြင်းလှည်းပေါ်မှ ဆင်းလာ၏။

သူသည် ရှိနေသောသူများကို ကြည့်ကာ ကျယ်လောင်သောအသံဖြင့် ကြေငြာလိုက်၏။

" မိုဆန်းခုန်းဆိုတာက ဘယ်သူလဲ... ထွက်လာပြီး သေစမ်း...မင်းကဘာကောင်မို့ ငါ့ဇနီးကို အနိုင်ကျင့်ရဲတာလဲ... "

အိမ်ပါသမက်သည် အနိုင်ကျင့်ခံရမည် ဖြစ်သော်လည်း မိသားစုဝင် ဖြစ်နေဆဲ ပင်။အိမ်သားများက သမက်ကို အနိုင်ကျင့်ခြင်းသည် သဘာဝဖြစ်သော်လည်း အပြင်လူတွေရဲ့ အနိုင်ကျင့်ခြင်းကိုတော့ လက်ခံန်ုင်စရာမရှိပေ။

သူ၏အသံသည် ရှိနေသော လူအုပ်ကြီး၏နားထဲသို့ ဟိန်းသွားလေ၏။

လူအများကြီး ရှိနေသဖြင့် ကျိယွမ်သည် မိုဆန်းခုန်းကို ရှာရန် တစ်ယောက်ချင်းစီ လိုက်ရှာရန် ပျင်းလေသည်။

ကွင်းထဲရှိ ခေါင်းဆောင်ငယ်အဆင့် များ၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွားကြ၏။ အချို့က ပွဲကောင်းကြည့်ရတော့မည်ဟူသော အမူအရာ ရှိကြပြီး အချို့ကမူ ကျိယွမ်သည် သတ္တိ အလွန်ကောင်းလွန်းသည်ဟု ထင်ကာ မျက်မှောင်ကုတ်ထားကြ၏။

"မင်းအဘိုး မိုရှန်းခုန်း ဒီမှာ ရှိတယ်"

ကျယ်လောင်သော အော်သံတစ်ခု ထွက်လာပြီး ခရမ်းရောင်ရွှေတူကြီးတစ်ချောင်းကို ကိုင်ထားသော သန်မာထွားကျိုင်းသောလူကြီးတစ်ဦး ထွက်လာ၏။ သူသည် ရင်ဘတ်ဟင်းလင်းဖြစ်သော အင်္ကျီကို ဝတ်ဆင်ထားသဖြင့် စူထွက်နေသော ဝမ်းဗိုက်ကို မြင်နေရပြီး ထိတ်လန့်ဖွယ်အရှိန်အဝါများ ထွက်ပေါ်နေ၏။

"ဒီလူငယ်မျိုးဆက်သစ်က သတ္တိရှိလှချေလား... မိုရှန်းခုန်းကိုတောင် တကယ် စိန်ခေါ်ရဲတယ်... မိုရှန်းခုန်းက ထိပ်တန်းသခင်တွေထက် တစ်ဆင့်ပဲ နိမ့်တာ"

ကျိယွမ်သည် သန်မာထွားကျိုင်းသောလူကြီးကို ကြည့်ကာ ခေါင်းခါသည်။

"မင်းက မိုရှန်းခုန်းပဲ... ငါရှာနေတာ မိုဆန်းခုန်း... မိုဆန်းခုန်းက မိန်းမစိုး"

"မင်းက ငါ့ကို မိန်းမစိုးလို့ ပြောတယ်ပေါ့"

သန်မာထွားကျိုင်းသောလူကြီးက ဒေါသထွက်ကာ မျက်လုံးများ ပြူးကြည့်၏။

"မင်း... ငါ့တူကို မြည်းကြည့်လိုက်စမ်း"

အသံဆုံးသည်နှင့် ဧရာမတူကြီးက ဖျတ်ခနဲ လှုပ်ရှားသွားကာ မိုရှန်းခုန်းသည် ပြင်းထန်သော တူချက်ဖြင့် ကောင်းကင်သို့ ပျံတက်သွား၏။

တူတစ်ချက်၏ စွမ်းအားက ပြင်းထန်ရုံတင်မကဘဲ တောင်ကို ဖြိုခွဲနိုင်ပြီး ကျောက်တုံးများကို အက်ကွဲစေနိုင်၏။

သာမန် ကမ္ဘာမြေအဆင့်စစ်သည်များပင် ဤတူချက်ဖြင့်ထိမှန်ပါက ပြင်းထန်စွာ ဒဏ်ရာရမှာအသေအချာပင်။

သို့သော်လည်း ကျိယွမ်၏ အမူအရာက မပြောင်းလဲချေ။

"မင်းရဲ့တူက အဆင်မပြေဘူး"

သူသည် သူ၏ဖြူဖွေးသော လက်ဖဝါးကို ဆန့်ထုတ်ကာ တူကို ညင်သာစွာ ပုတ်လိုက်၏။

ဝုန်း...

ရုတ်တရက် ဖော်ပြရန်မတတ်နိုင်သော စွမ်းအားတစ်ခုသည် တူတစ်လျှောက် စီးဆင်းသွားပြီး မိုရှန်းခုန်း၏ လက်မောင်းကို တိုက်ရိုက် ထိမှန်သွားသည်။

ကိုက်ခဲခြင်း၊ ထုံကျင်ခြင်းနှင့် နာကျင်မှုတို့ကို ပြင်းထန်စွာခံစားလိုက်ရပြီး မိုရှန်းခုန်း၏ ကြီးမားသော ခန္ဓာကိုယ်သည် ရုတ်တရက် လဲကျကာ နောက်သို့ ခုနစ်မီတာခန့် လွင့်ထွက်သွား၏။

ဤမြင်ကွင်းကြောင့် ရှိနေသောသူများ အားလုံး တုန်လှုပ်သွားကြ၏။

"သူက မိုရှန်းခုန်းရဲ့ တူကို လက်ဖဝါးနဲ့ တကယ် ဖမ်းလိုက်တာလား... ဒီလက်တွေက သံနဲ့ လုပ်ထားတာလား"

"မိုရှန်းခုန်းကို တစ်ကွက်တည်းနဲ့ အနိုင်ယူလိုက်တယ်... သူက ကောင်းကင်နဲ့လူသားတစ်သားတည်းဖြစ်ခြင်းတောင် မရှိသေးတာ အသိသာကြီးကို.. ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ"

မလှမ်းမကမ်းရှိ ထူစိဟိုင်သည်လည်း လေအေးတစ်ချက် ရှူလိုက်မိပြီး သူ၏ အမူအရာက တောင့်သွားလေသည်။

"ညီအစ်ကိုကျိက အရမ်းသန်မာတာပဲ"

ကျိယွမ်သည် ဝိညာဉ်ခန္ဓာ ကူပိုးကောင်ကို မျိုချသည်ကို မြင်ခဲ့ရသော်လည်း ကျိယွမ်၏ အင်အားအပေါ် ကိုတော့ သူအရမ်းကြီး မမျှော်လင့်ခဲ့ပါ။

ငယ်လွန်းသဖြင့် အလွန်ဆုံးရှိမှ ခေါင်းဆောင်ငယ်အဆင့်သို့ ရောက်ခါစသာ ဖြစ်လိမ့်မည်။

သို့သော် ယခု လှုပ်ရှားမှုသည် ရှိနေသော သူများထက် ပို၍သန်မာကြောင်း သိသာလှ၏။

သူ့တွင် ကောင်းကင်နှင့်လူသားတစ်သားတည်းဖြစ်ခြင်းသာ ရှိလျှင် သူတို့အားလုံးက သူ့ကို ကောင်းကင်အဆင့်စစ်သည်တော်တစ်ဦးအဖြစ် သတ်မှတ်ကြပေလိမ့်မည်။

ထိုအချိန်တွင် ကျိယွမ်သည် ရှေ့သို့ တစ်လှမ်းတိုးကာ မြေပြင်ပေါ်ရှိ မိုရှန်းခုန်းကို ကြည့်ပြီး တည်ငြိမ်သော အသံဖြင့် ပြောလိုက်၏။

"အခု သေသေချာချာ စကားပြောလို့ ရပြီလား"

မိုရှန်းခုန်းသည် သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး ရက်စက်ကြမ်းကြုတ်မှုများ ပျောက်ကွယ်သွားသည်။

"အထင်လွဲတာပါ... အထင်လွဲတာပါ... ကျွန်တော့်ရဲ့ အင်အားနဲ့ဆိုရင် သခင်လေးရဲ့ ရန်သူဖြစ်ဖို့ မထိုက်တန်ပါဘူး"

ထစ်ခနဲဆို စိတ်တိုတတ်သော မိုရှန်းခုန်းသည် စကားပြောရ လွယ်ကူသွားလေပြီ။

"မင်းက သိပ်သတ္တိရှိပြီး... ငါလုပ်တာ... လို့ ရဲရဲဝံ့ဝံ့ ပြောမယ် ထင်နေတာ"

ကျိယွမ်က ပေါ့ပေါ့ပါးပါး သက်ပြင်းချလိုက်၏။

တစ်ခါတရံ တစ်စုံတစ်ဦးက မဟုတ်မမှန် စွပ်စွဲခံရသောအခါ ကျိယွမ်သည် မိမိကိုယ်ကို သက်သေပြရန်ပင် မကြိုးစားတော့ဘဲ တစ်ဖက်လူကို သေအောင် ရိုက်နှက်ပြီးမှ "ငါလုပ်တာ... ဘာဖြစ်လဲ" ဟု ပြောတတ်၏။

သို့သော်... ဤနေရာက အခြေအနေက တော့ တကယ်ပင် အထင်လွဲခြင်းသာ ဖြစ်သည်။

"ဒီကိစ္စကို ဒီမှာတင် ထားလိုက်တော့"

ကျိယွမ်သည် မိုရှန်းခုန်းကို စကားပြောရန် ပျင်းနေသဖြင့် ဆက်ပြောမနေတော့ဘဲ သူက လူတိုင်းကို တစ်ချက်ကြည့်လိုက်၏ ။

"မကောင်းဆိုးဝါး မိန်းမစိုးအိုကြီး မိုဆန်းခုန်းရဲ့ သတင်းရှိတဲ့လူ ရှိရင်... ကျွန်တော့်ကို ပြောပြရင်... ကျွန်တော် အရမ်းကျေးဇူးတင်မိမှာပဲ"

ရှန်လင်ရွှမ်း၏ သတင်းကိုတော့ သူမမေးပါ။

ရှန်လင်ရွှမ်းသည် ဒုက္ခများကို ရှောင်ရှားရန် ဤနေရာသို့ လာခြင်းဖြစ်သဖြင့် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သေချာပေါက် ဖုံးကွယ်ထားမည် ဖြစ်၏။ ရှာရန် မလွယ်ကူချေ။

ဤလူများကို မေးလျှင်လည်း သိကြမည် မဟုတ်ချေ။

ရှိနေသော လူအုပ်ကြီးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း မကောင်းဆိုးဝါး မိန်းမစိုးအိုကြီး မိုဆန်းခုန်းကို မြင်ဖူးသူ မရှိချေ။

မိုရှန်းခုန်းမှာမူ ရှက်ကိုးရှက်ကန်း ဖြစ်နေ၏။ သူ ရှာနေသည်မှာ တကယ်ပင် မိမိ မဟုတ်ခဲ့ပါ။

အသက်ရှူကြိမ် ငါးကြိမ်ခန့် တိတ်ဆိတ်သွားပြီးနောက် တိုးညင်းသောအသံတစ်ခု ထွက်ပေါ်လာ၏။

"စီနီယာ ပြောတဲ့လူက ငှက်ဖိုသံလို အသံမျိုးနဲ့ နှုတ်ခမ်းမွေး မရှိတဲ့ အဖိုးကြီးလား..."

ဝမ်သောက်သည် သတ္တိမွေးကာ ပြောလိုက်၏။ သူသည် ခေါင်းဆောင်ငယ်အဆင့်သို့ ရောက်ခါစ ဖြစ်ပြီး အခွင့်အရေးကို လုယူရန် ဤနေရာသို့ လာခြင်း ဖြစ်၏။

သို့သော် သူ၏ အင်အားက နိမ့်ကျသဖြင့် ယခုထိ မည်သူမျှ သူ့နှင့်အဖွဲ့မဖွဲ့ကြသေးချေ။ အကယ်၍ သူ ဇွတ်ဝင်သွားပါက သနားစရာကောင်းစွာ သေဆုံးရပေလိမ့်မည်။

သို့သော် သူ မထွက်ခွာခဲ့ချေ... အကြောင်းမှာ သူ့တွင် အတွင်းကြေဒဏ်ရာရောဂါ ရှိနေသောကြောင့် ဖြစ်၏။ အကယ်၍ သူ ဤနေရာသို့ လာပြီး မကြိုးစားပါက မကြာမီ သေဆုံးရပေလိမ့်မည်။

ထို့ကြောင့် သူသည် နောက်ဆုံးတွင် စကားပြောရန် သတ္တိမွေးလိုက်ခြင်းပင်။

"အင်း..မင်းပြောတာ သူပဲ ဖြစ်နိုင်တယ်"

ကျိယွမ်က ပြောလိုက်၏။

အနီးနားရှိ နိုင်ငံများတွင်ရှိသော မိန်းမစိုးများမှာ ကျင့်ကြံခြင်း မရှိချေ။ ဤငှက်ဖိုသံရှိသူသည် ကျိယွမ် ရှာနေသော မိုဆန်းခုန်း ဖြစ်ရမည်။

"သူ ဘယ်မှာလဲ"

ကျိယွမ်က လိုရင်းကို မေးလိုက်၏။

ပထမဆုံးမျှော်လင့်ခြင်းလမင်းကို သတ်ရန် သူအလွန်တတ်ကြွနေလေပြီ။

မိုဆန်းခုန်းကို သတ်ခြင်းဖြင့် ပထမဦးစွာ အတွေ့အကြုံရမှတ်များစွာ ရရှိမည်ဖြစ်ပြီး ဒုတိယအနေဖြင့် ကောင်းကင်နှင့်လူသားတစ်သားတည်းဖြစ်ခြင်းကိုလည်း လုယူနိုင်ပေလိမ့်မည်။

ဝမ်သောက်သည် ထိုပုံရိပ်ကို ချက်ချင်း သတိရမိပြီး မျက်လုံးထဲတွင် ပြင်းထန်သော ကြောက်ရွံ့မှုများ ပေါ်လာသည်။

ထိုလူသည် သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားသော်လည်း မတော်တဆ ထွက်ပေါ်လာသော အရှိန်အဝါကပင် ထိတ်လန့်စရာကောင်းပြီး အနည်းဆုံး ထိပ်တန်းသခင်တစ်ဦး ဖြစ်နိုင်၏။

သူ့တွင် အတွင်းကြေဒဏ်ရာရောဂါ မရှိဘဲ မလုပ်မဖြစ် အခြေအနေမျိုး မဟုတ်ပါက သန်မာသူများ၏ တိုက်ပွဲတွင် ပါဝင်မည် မဟုတ်ချေ။

သတိမထားမိပါက အပိုင်းအစများအဖြစ် ကြေမွသွားနိုင်သည် မဟုတ်ပါလား။

"စီနီယာ... အဲဒီလူက အပျက်အစီးတွေရဲ့ အရှေ့မြောက်အရပ်မှာ ရှိတဲ့ ၁၇ ခုမြောက်တံခါးနက်ကနေ ဝင်သွားပါတယ်"

ဝမ်သောက်က အမှန်အတိုင်း ဖြေလိုက်၏။

"မင်း ဘာလိုချင်လဲ"

ဝမ်သောက် လိမ်မပြောကြောင်း အတည်ပြုပြီးနောက် ကျိယွမ်သည် မိုဆန်းခုန်းကို ရှာရန်မစောင့်နိုင်တော့ပေ။

"ဟို... စီနီယာ . အပျက်အစီးတွေကို သွားရှာတဲ့အခါ ကျွန်တော့်ကို ခေါ်သွားပေးစေချင်ပါတယ်... စီနီယာ အဆင်ပြေရင် ကျွန်တော့်ကို ကာကွယ်ပေးပါ"

ဝမ်သောက်က အခွင့်အရေးရခိုက် အံကြိတ်ကာ ပြောလိုက်၏။

ဘယ်လိုပဲဖြစ်ဖြစ် သေရမည့် အတူတူ တိုက်ပွဲဝင်ရမည် မဟုတ်ပါလား။

"ဒါပဲလား"

ကျိယွမ်၏ မျက်လုံးထဲတွင် ရှုပ်ထွေးသော အမူအရာတစ်ခု ဖျတ်ခနဲ ပေါ်သွားသော်လည်း မငြင်းခဲ့ပေ။

"ကောင်းပြီလေ... ပြဿနာမရှိဘူး"

သူက ထိုသို့ ပြောပြီးနောက် မလှမ်းမကမ်းရှိ ထူစိဟိုင်ကို လှမ်းကြည့်လိုက်၏။

"အဖိုးကြီးထူ...ငါနဲ့ အဖွဲ့ဖွဲ့ချင်လား... ငါ မင်းကို ကျေးဇူးတစ်ခု ကြွေးတင်နေတာ... ဒီတစ်ကြိမ်မှာ ပြန်ဆပ်ပေးမယ်"

ကျိယွမ်က တစ်လက်စတည်း ဖိတ်ခေါ်လိုက်သည်။သူသည် အကြွေးတင်နေသော ခံစားချက်ကို မနှစ်သက်ချေ။

ထူစိဟိုင်၏ မျက်လုံးများ တောက်ပသွားပြီး သဘောတူလုနီးပါး ဖြစ်သွား၏။

သူတို့အဖွဲ့တွင် ထိပ်တန်းမဟာဆရာကြီးတစ်ဦး လိုအပ်နေပြီး ကျိယွမ်သည် ထိပ်တန်းမဟာဆရာကြီးထက် ပိုမို သန်မာပုံရလေသည်။

ထိုအချိန်တွင် သူ့ဘေးရှိ မျက်မမြင်အဖိုးကြီးက တင်ပြောလာ၏။

"အဖိုးကြီးထူ... အဲဒီ မိုဆန်းခုန်းက ရင်ဆိုင်ရ လွယ်ကူမှာ မဟုတ်ဘူး... အကယ်၍ မင်း ပါဝင်ပတ်သက်သွားရင်..."

သူက ကိစ္စတစ်ခုကိုတွေးကာ စိတ်ပူနေလေသည်။ ကျိယွမ်၏ ဖိတ်ခေါ်မှုသည် မိုဆန်းခုန်းကို ရင်ဆိုင်ရန် သူတို့၏ စွမ်းအားကို အသုံးချရန် ဖြစ်နိုင်သည်ဟုပင် သူ ထင်နေ၏။

လောကအလယ်တွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သဖြင့် မျက်မမြင်အဖိုးကြီးသည် လူအများကို လွယ်လွယ်နှင့် မယုံကြည်ချေ။

"မစိုးရိမ်ပါနဲ့... မိုဆန်းခုန်းက ဘာမှမဟုတ်ပါဘူး... သူ့ကို ရှာတွေ့တာနဲ့ လက်တစ်ဖက်တည်းနဲ့တောင် နှိမ်နင်းနိလို့ရတယ်"

ကျိယွမ်က ညင်သာစွာ ပြောလိုက်ပြီး သူ၏အသံတွင် ယုံကြည်မှုများ ပြည့်နှက်နေ၏။

ညှို့ဓာတ်ပြင်းသောမိန်းမပျိုက ချိုသာစွာ ပြုံးလိုက်သည်။

"ကျွန်မတို့အဖွဲ့ထဲကိုဝင်ဖို့ ကြိုဆိုပါတယ်"

"ဟုတ်တယ် ကျွန်တော်တို့လည်း မကန့်ကွက်ပါဘူး"

ဟေရှာညီအစ်ကိုကလည်း တစ်ပြိုင်နက် ခေါင်းညိတ်ကြ၏။

မျက်မမြင်အဖိုးကြီးသည် ဘာမှ ထပ်မပြောတော့ချေ။

ထူစိဟိုင်က မျက်နှာတွင် ရှုပ်ထွေးသော အပြုံးတစ်ခုဖြင့် ကျိယွမ်ကို အရိုအသေပြု၏။

"ညီအစ်ကိုကျိ... ကျွန်တော့်ကို ဘေးကင်းအောင် စောင့်ရှောက်ပေးပါဦး"

"မစိုးရိမ်ပါနဲ့... ငါ့နောက်ကို လိုက်ရင် ဒီအပျက်အစီးတွေထဲမှာ ဘာအန္တရာယ်မှ ရှိမှာမဟုတ်ဘူး"

ကျိယွမ်သည် ယုံကြည်မှု ပြည့်ဝနေ၏။

သူက ထိုသို့ ပြောပြီးနောက် ရှိနေသော ခေါင်းဆောင်ငယ်အဆင့် အားလုံးကို တစ်ချက် ကြည့်လိုက်၏။

"လူတိုင်း... ကျွန်တော့်ကို ကူညီနိုင်မလား"

သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ငွေစက္ကူ အချပ်ရေ ဒါဇင်ပေါင်းများစွာ ပျံထွက်သွား၏။

ငွေစက္ကူတစ်ခုချင်းစီသည် တစ်သောင်းလျန် တန်ဖိုးရှိသဖြင့် အံ့ဩစရာကောင်းလှ၏။

ထိုမြင်ကွင်းကို မြင်သောအခါ အားလုံး မှာ လေပြင်းပြင်းတစ်ချက် ရှူလိုက်မိကြသည်။

ဒီကောင်လေးက တကယ် ချမ်းသာတာပဲ။

ထိပ်တန်းမဟာဆရာကြီးတစ်ဦးပင် လျှင် ဤမျှလောက် ချမ်းသာကြွယ်ဝမှု ရှိမည်မဟုတ်ချေ။

ထို့အပြင် ထိုလူငယ်က အလွယ်တကူ ထုတ်ပေးလိုက်သဖြင့် သူ့မှာ ငွေအများကြီး ရှိနေသေးသည်ကို ပြသနေ၏။

ညှို့ဓာတ်ပြင်းသောမိန်းမပျိုပင် ကျိယွမ်ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်နေသည်။

အခြားအမျိုးသမီးအများအပြားကလည်း ကျိယွမ်ကို မျက်စိမှိတ်ပြကြ၏။

"လူကြီးမင်းက ဘာကူညီစေချင်တာလဲ. ပြောပါ"

အခြားလူများကလည်း ကျိယွမ်၏ အင်အားကို မြင်လိုက်ကြသဖြင့် ရိုရိုသေသေ ဆက်ဆံကြလေသည်။

"ခင်ဗျားတို့ အပျက်အစီးတွေထဲ သွားတဲ့အခါ တခြားလူတွေနဲ့ တွေ့ရင်... ကျားမ မရွေး တွေ့တဲ့သူတိုင်းကို ပြောပေးပါ... ရှန်လင်ရွှမ်း... မင်းရဲ့ ခင်ပွန်းက မင်းကို လာရှာနေတယ်... မကြောက်နဲ့... လို့ ပြောပေးပါ"

ကျိယွမ်က သူ၏ စွမ်းရည်ကို အသုံးပြုလိုက်၏။

"ကျွန်တော့်အတွက် ဒီအလုပ်ကို လုပ်ပေးသရွေ့... ဒီငွေတစ်သောင်းလျန်က ခင်ဗျားတို့ဟာပဲ"

ငွေတစ်သောင်းလျန်သည် ခေါင်းဆောင်ငယ်အဆင့်တစ်ဦးအတွက် ကောင်းမွန်သော ဝင်ငွေပင်။

ယခုလို စကားလေး ပါးရုံမျှဖြင့် တစ်ဦးလျှင် ငွေတစ်သောင်းလျန် ရရှိမည် ဖြစ်ရာ အမြတ်များလွန်းသည် မဟုတ်ပါလား။

စကားလေးတစ်ခွန်းအတွက် ငွေတစ်သောင်းသုံးသည်ကိုကြားရသောအခါ အားလုံး အံ့ဩသွားကြသည်။

ထူစိဟိုင်ကမူ ကျိယွမ်၏ ယခင် လုပ်ရပ်များကို တွေးမိသဖြင့် မအံ့ဩတော့ချေ... ။ညီအစ်ကိုကျိက အမြဲတမ်း ထူးဆန်းစွာ ပြုမူတတ်သူ ဖြစ်၏။

"ကောင်းပါပြီ"

အားလုံးက တက်ကြွစွာက တုံ့ပြန်လိုက်ကြပြီး သဘောတူလိုက်ကြသည်။

ရုတ်တရက် ငွေစက္ကူများသည် သူတို့၏ လက်ထဲသို့ ကျရောက်သွား၏။

သို့သော် ခေါင်းဆောင်ငယ်အဆင့် သုံးဦးကတော့ ပါဝင်ပတ်သက်ခြင်း မရှိချေ။ သူတို့တွင် ငွေများပေါများနေပြီး အခြားကိစ္စများ ရှိနေသောကြောင့် ဖြစ်နိုင်လေသည်။

"ပိုက်ဆံ ယူပြီးပြီဆိုတော့ ကျွန်တော့်အတွက် အလုပ်လုပ်ပေးရမယ်... မဟုတ်ရင်..."

ကျိယွမ်၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်သော်လည်း ရုတ်တရက် သူ၏ လက်က အနည်းငယ် လှုပ်ရှားသွား၏။

ဝူးခနဲ အသံနှင့်အတူ ပုံရိပ်တစ်ခု ကောင်းကင်မှ ကျလာပြီး မြေပြင်ပေါ်သို့ လဲကျသွား၏။

သူသည် ပိန်လှီသော အဖိုးကြီးတစ်ဦး ဖြစ်ပြီး မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာ ရှိနေ၏။ သူ၏ နဖူးပေါ်တွင် အထက်မှ အောက်သို့ အမာရွတ်တစ်ခု ပေါ်လာပြီး အသက်ရှူသံ ဆက်တိုက် အားနည်းသွားကာ နောက်ဆုံးတွင် သေဆုံးသွား၏။

"ပစ္စည်းခိုးတာက တရားမဝင်ဘူး... ဒါကြောင့် ငါ့ပစ္စည်းကို ခိုးတဲ့ ပြစ်မှုက အဆင့်သုံးဆင့် အပြစ်ပေးခံရမယ်"

သူက ငါ့ပစ္စည်းကို ခိုးချင်ရုံတင်မကဘူး... ငါ့ကို သေအောင် ချောင်းမြောင်း တိုက်ခိုက်ဖို့လည်း ကြံစည်နေတာ။"

ကျိယွမ်၏ အသံက အေးစက်နေ၏။

ရှိနေသော ခေါင်းဆောင်ငယ်အဆင့်များအားလုံး ကြောက်ရွံ့သွားကြသည်။

၄င်းက ကျိယွမ်သည် သူတို့အား အင်အားပြပြီး သတိပေးနေခြင်းဖြစ်ကြောင်း သူတို့ သိကြ၏။

သို့သော် တကယ်ပင် လေသည်။

"ဒါက ရှန်းယွန်းစူးပဲ... သူတောင်မှ တစ်ကွက်တည်းနဲ့ အသတ်ခံလိုက်ရတယ်"

"သူက ထိပ်တန်းသခင်တစ်ယောက်ပဲလေ"

"သူက အလွန်မြန်ပြီး ကိုယ်ယောင်ဖျောက်ရာမှာ အတော်ဆုံးပဲ... ငါတို့တောင် သတိမထားမိလိုက်ဘူး"

"ဒီလောက် အင်အားမျိုးနဲ့ဆိုရင်... ကောင်းကင်အဆင့်စစ်သည်က ကောင်းကင်နှင့်လူသားတစ်သားတည်းဖြစ်ခြင်းကို အသုံးမပြုရင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး ထင်တယ်"

"ဘယ်လိုများ ကျင့်ကြံထားတာလဲ"

အားလုံး တုန်လှုပ်သွားကြ၏။

ထူစိဟိုင်၏ မျက်လုံးများက တောက်ပလာသည်။

ဒီညီအစ်ကိုကျိက သိပ်သန်မာတာပဲလား။

ယခုတစ်ကြိမ် အပျက်အစီးများဆီသို့ သွားခြင်းက ပြဿနာသိပ်မရှိလောက်တော့ပေ။

ဝမ်သောက်၏ မျက်နှာတွင်လည်း အံ့ဩမှုများဖြင့် မှင်သက်နေ၏။ ကျိယွမ် ပိုမို သန်မာလေလေ သူ ပိုမို ဘေးကင်းလေလေပင်။

"အဲဒီ မကောင်းဆိုးဝါး မိန်းမစိုးအိုကြီး မိုဆန်းခုန်းကို သွားရှာကြစို့"

ကျိယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ကောင်းပြီ"

အဖွဲ့ဝင် ငါးဦးစလုံးသည် တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်း လိုက်သွားကြတော့သည်။

ဝမ်သောက်သည်လည်း ကျိယွမ်နောက်သို့ လျင်မြန်စွာ လိုက်သွား၏။

ထိုအချိန်တွင် ထူစိဟိုင်က မမေးဘဲ မနေနိုင်တော့ချေ။

"ညီအစ်ကိုကျိ... မင်းရှာနေတဲ့ ရှန်လင်ရွှမ်းက ကောင်းကင်ဂိုဏ်းက နက်နဲယင်ခန္ဓာကိုယ်ပိုင်ရှင်လား"

"အင်း"

ကျိယွမ်က ခေါင်းညိတ်ပြလိုက်သည်။

"သူမပဲလား... သူမလည်း ဒီမှာ ရှိနေတာလား..။ ဒါဆို ညီအစ်ကိုကျိ... မင်းက သူမကို အန္တရာယ်ဖြစ်အောင် လုပ်လိုက်တာ ဖြစ်နိုင်တယ်..."

"ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက နက်နဲယင်ခန္ဓာကိုယ်လေ... တစ်ယောက်ယောက်က ရှာတွေ့သွားရင် ဘာဖြစ်မလဲ..."

"မစိုးရိမ်ပါနဲ့... သူမက နာမည်အရ ငါ့ဇနီးပဲလေ... ဘယ်လိုလုပ် စွမ်းရည်မရှိဘဲ နေမှာလဲ"

ကျိယွမ်သည် ရှန်လင်ရွှမ်းနှင့် နှစ်ကြိမ် တွေ့ဖူး၏။ရှန်လင်ရွှမ်း၏ အင်အားက အများမြင်ထားတာထက် ပိုမို သန်မာလေသည်။

မိုဆန်းခုန်းက သူမကို ဖမ်းဆီးရန် မလွယ်ကူပါ။

သူမသည် အပျက်အစီးများထဲသို့ ဝင်ရောက်ခြင်းသည် အခြားအကြံအစည်များလည်း ရှိနိုင်သလို သူမ၏ အင်အားကို ထုတ်ဖော်မိပြီး ရိုရှားနိုင်ငံမှ ကောင်းကင်အဆင့် ဝိုင်းရံမှုကို ဆွဲဆောင်မိမည်ကို ရှောင်ရှားလိုခြင်းလည်း ဖြစ်နိုင်၏။

"မောင်လေး... နင်က သူတို့ကို သတင်းပါးခိုင်းလိုက်တာ... သူတို့က သခင်မလေးရှန်ကို ပြောပြရင်တောင် နင်က မသိနိုင်ဘူး... သခင်မလေးရှန် ကြားရင်တောင် နင် ဘယ်မှာလဲဆိုတာ သူမ သိမှာမဟုတ်ဘူးလေ"

ညှို့ဓာတ်ပြင်းသောမိန်းမပျိုက သူမ၏ သံသယကို ပြောပြလိုက်သည်။

ကျိယွမ်သည် ဇနီးကို ရှာနေခြင်းဖြစ်ကြောင်း မြင်သောအခါ သူမသည် ညှို့ဓာတ်မပြင်းတော့ဘဲ ရိုးသားဟန် ဆောင်လိုက်ရ၏။

"ဒါက... ရှင်းပြရတာ ရှုပ်ထွေးတယ်"

ကျိယွမ်က ပေါ့ပေါ့ပါးပါး ​ရှင်းပြသည်။

"ရိုးရိုးရှင်းရှင်း ပြောရရင်... ကျွန်တော့်မှာ နည်းပညာ ရှိတယ်"

ငွေစက္ကူက တကယ်ပဲ ငွေစက္ကူလား။

ကျိယွမ်တွင် ကျင့်ကြံခြင်းအပြင် ကုန်ရှင်းပေါ်မှ နည်းပညာများလည်း ရှိ၏။

သူ့အတွက် ငွေစက္ကူကို ပြုပြင်မွမ်းမံခြင်းက ရိုးရှင်းလွန်းလှသည်။

သူတို့ ရှန်လင်ရွှမ်းကို မြင်သည်နှင့် ကျိယွမ်သည် သူမ၏ တည်နေရာကို ချက်ချင်း သိလိမ့်မည် ဖြစ်၏။

ထိုနည်းဖြင့် သူ အမြန် ရောက်သွားနိုင်ပေလိမ့်မည်။

ရှန်လင်ရွှမ်း၏ ရုပ်ဖျက်မှုက မည်မျှပင် ကောင်းမွန်ပါစေ... သူမသည် ဤခေါင်းဆောင်ငယ်အဆင့် များကို လှည့်စားနိုင်သော်လည်း ကျိယွမ်၏ နည်းပညာကိုမူ လှည့်စားနိုင်မည် မဟုတ်ပါ။

ကုန်ရှင်းပေါ်ရှိ နည်းပညာသည် ရှေးဟောင်းလူမျိုးစုများ၏ အပျက်အစီးများနှင့် မူလအစ တူညီပုံရလေသည်။

ရှေးဟောင်းလူမျိုးစုများ၏ အကြွင်းအကျန်များသည် ကြီးမားသော နောက်ခံသမိုင်းကြောင်း ရှိ၏။

နောက်ခံသမိုင်းကြောင်းအရ ထိုမျိုးနွယ်နယ်မြေသည် မသေမျိုးနယ်မြေထက်များစွာပို၍ သန်မာလိမ့်မည်ဟု ခန့်မှန်းရလေသည်။

ထိုနယ်မြေ၌ ယင်နတ်ဘုရားများပင်လျှင် အာဟာရချို့တဲ့သော မွေးကင်းစကလေးတစ်ဦးသာ ဖြစ်သည်မဟုတ်ပါလား ။

"နည်းပညာ...အဲ ဒါက ဘာလဲ"

အားလုံး အနည်းငယ် ဇဝေဇဝါဖြစ်ကုန်ကြပြီး ဤဝေါဟာရနှင့် မရင်းနှီးကြချေ။

"နည်းပညာက... အခြားရွေးချယ်စရာတာအိုလမ်းစဉ်တစ်ခုပဲ"

ကျိယွမ်က သူခံစားမိသည့်အတိုင်း ဖော်ပြလိုက်၏။

သူ ပိုမို သန်မာလေလေ... ထိုးထွင်းသိမြင်မှုများ ပိုမို ရရှိလေလေပင်။

မသေမျိုးအမတပညာ၊ လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရားနှင့် နည်းပညာတို့သည်... တာအိုလမ်းစဉ်တစ်ခုတည်း ဖြစ်ကြ၏။

တာအိုလမ်းစဉ်တစ်ခုစီ၏ အဆုံးသတ်က အလွန် ထိတ်လန့်စရာကောင်းနိုင်လေသည်။

"ကဲ ဆက်သွားကြစို့"

........

တစ်ချိန်တည်းမှာပင် အပျက်အစီးများထဲရှိ ပိတ်လှောင်ထားသော အခန်းကျဉ်းလေးတစ်ခုတွင်ဖြစ်သည်။

ရှန်လင်ရွှမ်းသည် အနက်ရောင်ဝတ်စုံနရှည်ကို ဝတ်ဆင်ထားပြီး အေးစက်သော အရှိန်အဝါများ ထွက်ပေါ်နေ၏။

သူမ၏ လှပသောမျက်နှာပေါ်ရှိ မျက်ခုံးနှစ်ဖက်မှာ မျက်မှောင်ကုတ်နေပြီး သူမရှေ့တွင် သစ်သားသေတ္တာတစ်လုံးရှိလေသည်။ ထိုသေတ္တာမှာ ပွင့်နေပြီး အတွင်း၌ ဒိုင်ယာရီမှတ်တမ်းတစ်ခု ရှိနေ၏။

သူမသည် ဒိုင်ယာရီကို ကြည့်ကာ သေသေချာချာ ဖတ်ရှုနေခြင်းပင်။

"ဒီနေ့ သူတို့ ကျွန်မဆီ ထပ်လာပြန်ပြီ... ကျွန်မ တကယ် ငြင်းချင်ပေမဲ့ သူတို့ပေးတဲ့ ဆုလာဘ်ကို မငြင်းဆန်နိုင်ဘူး... ကျွန်မရဲ့ သနားစရာကောင်းတဲ့ကလေး အဆင်ပြေပြေ မွေးဖွားလာနိုင်ဖို့အတွက် ကျွန်မ သူတို့ကို အနိုင်ယူရမယ်"

"လျူမေ ဒီနေ့ ဟင်းတစ်ခွက် ချက်တတ်လာတယ်... အရသာ သိပ်ရှိတာပဲ"

"ကျွန်မ မျက်မမြင်လက်နက်သခင်တစ်ယောက်နဲ့ တွေ့ခဲ့တယ်... သူက ကျွန်မမြင်ဖူးသမျှထဲမှာ ပါရမီအရှိဆုံး လက်နက်သခင်ပဲ... ကျွန်မ သူ့ကို ကျွန်မတို့နဲ့ ပူးပေါင်းလာအောင် ဖိတ်ခေါ်ဖို့ အမိန့်ရခဲ့ပေမဲ့ နှမြောစရာကောင်းတာက သူ ငြင်းပယ်ခဲ့တယ်"

"ဒီလုပ်ရပ်က မှန်လားမှားလား ကျွန်မ မသိဘူး... ဒါပေမဲ့ ကျွန်မမှာ တခြားရွေးချယ်စရာမရှိဘူး... ဗရမ်းဗတာကြယ်တာရာနယ်မြေ ပျက်စီးသွားတာနဲ့ ချင်းရှန်းကမ္ဘာလည်း... အမှောင်ထုထဲ ရောက်သွားလိမ့်မယ်"

"အောင်မြင်နိုင်ပါ့မလား......"

"တောက်ပရတနာရဲ့ အပိုင်းအစတွေကို... တကယ်ပဲ ဖန်တီးနိုင်မလား"

"နတ်ဘုရားက ကျွန်မတို့ကို လမ်းပြပေးတယ်... နတ်ဘုရားက... ကျွန်မတို့ကို တကယ် ကာကွယ်ပေးမှာလား"

"စတင်နေပြီ... နောက်ဆုတ်စရာလမ်းမရှိဘူး... ငါသေရင်သေ... မဟုတ်ရင် ရတောက်ပရတနာ ပေါ်လာလိမ့်မယ်... ဒါမှမဟုတ်... ငါသေရမယ်... နတ်ဘုရားက အလင်းကို လမ်းမပြပေးခဲ့ဘူး"

ဒိုင်ယာရီထဲတွင် သတင်းအချက်အလက်များစွာ ပါရှိ၏။

ရှန်လင်ရွှမ်းသည် သေသေချာချာ ဖတ်ရှုနေပြီး သူမ၏ မျက်လုံးထဲတွင် ဝမ်းနည်းခြင်း သို့မဟုတ် ပျော်ရွှင်ခြင်း မရှိချေ။

အချိန်မည်မျှ ကုန်လွန်သွားသည်မသိဘဲ သူမသည် ဒိုင်ယာရီကို ပိတ်ကာ သက်ပြင်းအရှည်ကြီး ချလိုက်၏။

"သေချာပါတယ်... ဆရာကျိက တောက်ပရတနာရဲ့ အပိုင်းအစတွေကို ကျင့်ကြံဖို့ သူတို့နဲ့ ပူးပေါင်းခဲ့တာပဲ... ဒါက ထိုက်တန်ရဲ့လား"

သူမသည် ရှေ့ရှိ အပျက်အစီးများကို ကြည့်ကာ ခေါင်းယမ်းလိုက်သည်။

"ရှုံးနိမ့်ခြင်းပဲ..."

All Chapters