← Chapters

အခန်း (၅၁၇)

Vol. 49 Ch. 517

အခန်း (၅၁၇)

Vol. 49 Ch. 517

အခန်း (၅၁၇) မျက်မမြင်လက်နက်သွန်းလုပ်ပညာရှင်နှင့် ဘုန်းတန်ခိုးကြီးသော ကျန်းယွန်းရှီ

"နင့်ရဲ့ မွေးနေ့ ဟုတ်လား၊ တိုက်ဆိုင်လိုက်တာ"

"နင့်ရဲ့ မွေးနေ့မှာ မိစ္ဆာတွေကို သတ်ပြီး လူဆိုးတွေကို နှိမ်နင်းတာ ကြည့်ရတာ နင်က တကယ့်ဇာတ်လိုက်နဲ့ ပိုတူလာပြီပဲ"

"အင်း...ဒါဆိုရင် ငါ ခဏတော့ နေဦးမယ်..."

ဓား၏အသံသည် ရဲ့ရေကန်၏ ရေပြင်ထက်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကျန်းယွန်းရှီ၏ စိုးရိမ်နေခဲ့သော မျက်နှာလေးက ရွှင်မြူးသွားရှာသည်။

ခန့်မှန်းခြေ နှစ်နာရီခန့် ကြာပြီးနောက်။

ဖြူစင်ပြီး နုနယ်သော လက်တစ်ဖက်သည် သေးသွယ်သောစုတ်တံကို ကိုင်ထားရင်း စာရွက်အကောင်းစားပေါ်တွင် ခပ်စောင်းစောင်းနှင့် မညီမညာသော စာလုံးများကို ရေးသားနေ၏။

"ပြီးခဲ့တဲ့ ရက်အနည်းငယ်က ငါ ဒိုင်ယာရီ မရေးဖြစ်တာက အရမ်းအဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုကို လုပ်နေလို့ပဲ"

"...ငါ့လက်ထဲမှာ ဓားက လည်ပတ်နေပြီး လျှပ်စီးတွေက ရေလှိုင်းတွေလို တက်ကြွနေတယ်၊ ငါ့ရဲ့အကြည့်ကျရောက်သွားတဲ့ နေရာတိုင်းမှာ ဝိညာဉ်မှင်စာတွေ အုပ်စုလိုက် လဲပြိုကုန်ကြတယ်"

"နောက်ဆုံးဗိုလ်ချုပ်ကြီးဖြစ်တဲ့၊ လူတွေကို ဒုက္ခပေးနေတဲ့ ကြောက်မက်ဖွယ် ရေသခင်ဟာ ငါ့ရဲ့ သူရဲကောင်းဓားရဲ့ စွမ်းအားရှေ့မှာ ရုန်းတောင်မရုန်းကန်နိုင်ခဲ့ဘူး"

"သူ့ရဲ့ သေခါနီး အချိန်မှာ ရေသခင်က သူ့ရဲ့ ဝမ်းနည်းစရာ ဇာတ်ကြောင်းကို ငါ့ကို ပြောပြခဲ့တယ်"

"သူက တစ်ချိန်က လူသားတစ်ယောက် ဖြစ်ခဲ့ပြီး ကောင်းကင်ဂိုဏ်းရဲ့တပည့်တစ်ယောက် ဖြစ်ခဲ့တယ်တဲ့၊ သူ အလွန်တန်ဖိုးထားရတဲ့ ငယ်သူငယ်ချင်းနဲ့ စီနီယာအစ်ကိုလည်း ရှိခဲ့ဖူးတယ်"

"ဒါပေမဲ့ ဂိုဏ်းအပြင်ဘက်မှာ စွန့်စားခန်းသွားရင်း ကံဆိုးစွာနဲ့ အသက်ဆုံးရှုံးခဲ့ရတယ်၊ သူ ပြန်နိုးလာတဲ့အခါမှာတော့ လူသားတစ်ယောက် မဟုတ်တော့ဘူး..."

"တွေ့လား၊ ကြီးမားတဲ့ လူဆိုးကြီးတိုင်းမှာ စိတ်လှုပ်ရှားစရာ နောက်ခံသမိုင်းကြောင်း ရှိကြတယ်"

ကျန်းယွန်းရှီသည် စုတ်တံကို ချလိုက်ပြီး ဘေးနားရှိ ဓားကို ကြည့်ကာ ပျော်ရွှင်မှု၊ နှမြောမှုတို့ဖြင့် ခံစားလိုက်ရ၏။

ဓားက သူမ၏ ရင်ခွင်ထဲတွင် သွေးများဖြင့် ကွဲအက်မသွားခဲ့ခြင်း၊ သို့မဟုတ် သူမ၏ မျက်လုံးတစ်ဖက် သို့မဟုတ် ခြေထောက်တစ်ဖက် ဆုံးရှုံးမသွားခဲ့ခြင်းကတော့ နှမြောစရာ ဖြစ်သည်။ ထိုသို့ ဖြစ်ခဲ့မှသာ သူမ၏ ကမ္ဘာကြီးကို ကယ်တင်သူ ခရီးစဉ်က တကယ့်ကို ဒဏ္ဍာရီဆန်ပြီး မေ့မရနိုင်သောအရာ ဖြစ်လာလိမ့်မည်။

သူမ၏ ဒိုင်ယာရီထဲတွင် ထိုခရီးစဉ်ကို အန္တရာယ်များပြည့်နှက်ပြီး သွေးထွက်သံယို တိုက်ပွဲများအဖြစ် ပုံဖော်ထားသော်လည်း အမှန်တရားမှာ သူမသည် ဘာအန္တရာယ်မှမရှိဘဲ လွယ်လွယ်ကူကူ ဖြတ်သန်းခဲ့ခြင်း ဖြစ်၏။

"ငါရေးတဲ့ ကယ်တင်ရှင်ဇာတ်ကြောင်းက တကယ်ဖြစ်ပျက်ခဲ့တာထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းနေတာပဲ"

ထိုအချိန်တွင် ကျန်းယွန်းရှီသည် စာရေးခြင်း၌ လုံးဝ စိတ်ပါဝင်စားနေ၏။

"ဒါက အမှန်တရားက အရမ်းချောမွေ့လွန်းလို့ အလှအပ နည်းနည်း လိုအပ်နေတာကြောင့်လား"

"ဓားအိုကြီး... ရှင် ဘာလုပ်နေတာလဲ"

သူမ၏ အတွေးများက ပြန်လည်လွင့်ပျံသွားပြီး ကျိယွမ်ဆီသို့ လှည့်မေးလိုက်သည်။

"ငါက ဒီတစ်ကြိမ် အတွေ့အကြုံကနေ ရရှိတာတွေကို ပြန်လည်သုံးသပ်နေတာ"

ကျိယွမ်က တိုတိုတုတ်တုတ်သာ ပြန်ဖြေပြီး အခြားရှင်းလင်းချက် မပေးပေ။

သို့သော် သူပြောသည်မှာ တစ်ဝက်သာမှန်ပြီး တစ်ဝက်မှားနေ၏။

ထိုအချိန်တွင် သူ၏ စိတ်ခံစားချက်များက ရှုပ်ထွေးနေသည်။

"ဇာတ်ကောင်သရုပ်ဆောင်မှု ပြီးဆုံးတဲ့အတွက် ဆုလာဘ်က... သစ်သား ဖြစ်နေတယ်"

ဓားအဖြစ် ပထမဆုံး သရုပ်ဆောင်စဉ်က ဆုလာဘ်များသည် သံ၏ ထက်မြက်မှုနှင့် သက်ဆိုင်သည်။ နောက်ဆက်တွဲ ဆုလာဘ်များသည်လည်း သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်ပေးခဲ့ပြီး ကောင်းကင်လက်နက်တစ်ခုနှင့်ပင် နှိုင်းယှဉ်နိုင်သော ခန္ဓာကိုယ်ကို ရရှိစေခဲ့၏။

သို့သော် ယခုအခါ ဇာတ်ကောင်သရုပ်ဆောင်မှု ပြီးဆုံးသွားသည့်အတွက် ဆုလာဘ်မှာ "သစ်သားဓာတ်၏အသက်စွမ်းအား" ဖြစ်သည်။

ကြီးမားလှပြီး ကုန်ခမ်းခြင်းမရှိသော အသက်စွမ်းအားများသည် ကျိယွမ်၏ ခန္ဓာကိုယ်ထဲသို့ ပြည့်နှက်သွား၏။

"ဒါဆိုရင် ဒီသစ်သားက... ဓားရိုးကို ကိုယ်စားပြုတာလား"

ဒါက ကျိယွမ် ဆွဲထုတ်နိုင်သော တစ်ခုတည်းသော ကောက်ချက် ဖြစ်သည်။

နောက်ဆုံး ဆုလာဘ်က ဓားရိုးနှင့် ဆက်စပ်နေပုံရ၏။

"မူလက ငါက နည်းစနစ်ကိုပဲ အားကိုးတဲ့ တိုက်ခိုက်ရေးသမား ဖြစ်ခဲ့တယ်၊ ဒါပေမဲ့ ဒီလို ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်နဲ့ဆိုရင် ငါက တားဆီးလို့မရတဲ့ အင်အားတစ်ခု ဖြစ်လာခဲ့တယ်၊ အခုဆို အဆုံးမရှိတဲ့ အသက်စွမ်းအားကြောင့် ငါက... တကယ်ကို သတ်လို့မရတဲ့သူလို ဖြစ်လာပြီ"

ဤဆုလာဘ်က ငြင်းပယ်၍မရအောင် တန်ဖိုးရှိလှ၏။

အဆုံးမရှိပုံရသော အသက်စွမ်းအားသည် သူ၏စွမ်းရည်တစ်ဖြစ်သော သေခြင်းအလင်းရောင်နှင့် ပူးပေါင်းကာ ရန်သူများ ဝိုင်းရံထားသည့် အချိန်တွင် ကြီးမားသော စွမ်းအားကို ထုတ်လွှတ်နိုင်လေသည်။

အကယ်၍ သူသည် တူညီသော အင်အားရှိသည့် ရန်သူများ၏ ဝိုင်းရံခြင်းကို ခံရပါက သူသည် ပြိုင်ဘက်ကင်းသော အခြေအနေကို ရရှိနိုင်မှာ သေချာ၏။

[ဓားဇာတ်ကောင်သရုပ်ဆောင်မှု ပြီးဆုံးပါပြီ။ စတုတ္ထမြောက်ဇာတ်ကောင်ကို ဖွင့်လှစ်လိုက်ပါပြီ။]

[စတုတ္ထမြောက်ဇာတ်ကောင် - မျက်မမြင်အတတ်ပညာရှင်။]

ရုတ်တရက် အချက်အလက် အမြောက်အမြား ကျိယွမ်၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာ၏။

မျက်မမြင်အတတ်ပညာရှင်သည် မွေးရာပါ မျက်စိကွယ်ခဲ့သူ ဖြစ်သည်။ သူ၏ မိဘများသည် ဆင်းရဲပြီး မျက်မမြင်ကလေးငယ်ကို မပြုစုနိုင်သဖြင့် မိုးသက်မုန်တိုင်းကျသော ညတစ်ညတွင် သူ့ကို မြစ်ထဲသို့ စွန့်ပစ်ခဲ့ကြ၏။

အံ့သြစရာကောင်းလောက်အောင် ကလေးငယ်သည် အသက်ရှင်ကျန်ရစ်ခဲ့ပြီး တောင်တန်းများဆီသို့ မျောပါသွားရာ အဘိုးအိုတစ်ယောက်က ရှာတွေ့ပြီး မွေးစားခဲ့သည်။

ထိုအဘိုးအိုသည် တကယ့် အတတ်ပညာရှင်တစ်ယောက် ဖြစ်လာရန် ဘဝတစ်ခုလုံး အိမ်မက်မက်ခဲ့သော်လည်း မအောင်မြင်ခဲ့သော အလုပ်သင်တစ်ယောက် ဖြစ်၏။

သူကိုယ်တိုင်၏ ရည်မှန်းချက်များကို မအောင်မြင်နိုင်ခဲ့သဖြင့် သူ၏ မျှော်လင့်ချက် အားလုံးကို ထိုမျက်မမြင်ကလေးငယ်အပေါ်တွင် ပုံအပ်ခဲ့သည်။

မျက်မမြင်အတတ်ပညာရှင် အသက်ခုနစ်နှစ် အရွယ်သို့ ရောက်သောအခါ အဘိုးအို ကွယ်လွန်သွားခဲ့ပြီး ဘဝတစ်ခုလုံး၏ နောင်တများကို ချန်ထားခဲ့၏။

ထိုနောင်တသည် မျက်မမြင်အတတ်ပညာရှင်အတွက် နှလုံးသားနတ်ဆိုး ဖြစ်လာခဲ့ပြီး သူ၏ ဆရာသမား၏ မပြည့်ဝခဲ့သော အိမ်မက်ကို အောင်မြင်အောင် လုပ်ဆောင်ရန် သစ္စာဆိုခဲ့သည်။

သူ၏ ပါရမီက ထူးခြားဆန်းပြားလှ၏။ သူသည် အံ့သြစရာကောင်းသော မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားပြီး အမျိုးမျိုးသော အတတ်ပညာများကို လွယ်ကူစွာ တတ်မြောက်ခဲ့သည်။

သို့သော် သူသည် မျက်စိကွယ်နေ၏။

အကောင်းဆုံး ဆေးဝါးသန့်စင်သူများကို ရှာဖွေခဲ့သော်လည်း သူ၏ မျက်စိကွယ်မှုကို မကုသနိုင်ဟု သတ်မှတ်ခြင်း ခံခဲ့ရသည်။

မျက်စိကွယ်ခြင်းသည် အတတ်ပညာ ဖန်တီးမှုအတွက် အလွန်ကြီးမားသော အတားအဆီးကြီးတစ်ခု ဖြစ်၏။

မြင့်မားသော ပါရမီ ရှိနေသော်လည်း မျက်မမြင်အတတ်ပညာရှင်သည် ကောင်းကင်အဆင့်ထက် ပို၍မတိုးတက်နိုင်ခဲ့ပေ။

သူ၏ အကြီးမားဆုံး ဆန္ဒမှာ နတ်ဘုရားအဆင့် အတတ်ပညာရှင် ဖြစ်လာရန် သို့မဟုတ် ထိုထက်မက မြင့်မားသော အဆင့်သို့ ရောက်ရှိကာ အမြင့်ဆုံးမှနေ၍ ကမ္ဘာကြီးကို ကြည့်ရှုရန် ဖြစ်သည်။

"ဒါကမှ ငါ့ရဲ့ သွေးတွေကို ဆူပွက်စေတဲ့ ဇာတ်ကြောင်းမျိုးပဲ၊ အသုံးမကျတဲ့ သမက် ကျိယွမ်နဲ့ နှိုင်းယှဉ်ရင်....."

" အဲဒါက တကယ် ဖြုန်းတီးမှုပဲ"

ကျိယွမ်က စဉ်းစားရင်း သူ၏ကိုယ်ပိုင်သီအိုရီများကို ဖော်ထုတ်နေ၏။

ဤဂိမ်းလောက ပျက်စီးသွားစဉ်က သူသည် မိမိ၏ သွေးများကို ထည့်သွင်းကာ ဤလောကအား ပျက်စီးခြင်းမှ ကာကွယ်ခဲ့သည်။

ယခု သူ သရုပ်ဆောင်နေသော ဇာတ်ကောင်များသည် ထိုသွေးများ၏ ဖော်ပြချက်များ ဖြစ်ပုံရ၏။

သို့သော် ကျိယွမ်သည် မိမိသွေးမျိုးဆက်၏ အမျိုးအစားများကွဲပြားမှုကို အံ့သြမဆုံး ဖြစ်နေမိသည်။

၎င်းက သနားစရာကောင်းသော သမက်ကိုသာမက အသိဉာဏ်ရှိသော ဓားတစ်လက်ကိုလည်း ဖြစ်ပေါ်စေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ယခုအခါ တကယ့်ကိာ အလားအလာရှိသော ပုဂ္ဂိုလ်ဖြစ်သည့် မျက်မမြင်အတတ်ပညာရှင်ကိုလည်း ဖြစ်ပေါ်စေခဲ့လေပြီ။

ကျိယွမ်သည် မျက်မမြင်အတတ်ပညာရှင်၏ မှတ်ဉာဏ်များထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လေလေ ရေတွက်၍မရနိုင်သော ရှေးဟောင်းအတတ်ပညာများနှင့် ပြုပြင်မွမ်းမံသည့် နည်းလမ်းများက သူ၏ဦးနှောက်ထဲသို့ စီးဆင်းလာလေလေ ဖြစ်သည်။

လက်နက်အမျိုးမျိုးဖန်တီးခြင်း လမ်းစဉ်အပေါ် သူ၏ နားလည်မှုက သိသာစွာ နက်ရှိုင်းလာ၏။

"ဒီမျက်မမြင်အတတ်ပညာရှင်က တကယ်ကို ပါရမီရှင်ပဲ၊ သူ၏ ပါရမီက အတုမဲ့ပဲ၊ နေ့တိုင်း အနိုင်ကျင့်ခံနေရပြီး ယောက္ခမအတွက် ခြေဆေးရေ သွားခပ်ပေးနေရတဲ့ အသုံးမကျတဲ့ အိမ်ပါသမက်နဲ့ မတူဘူး"

ကျိယွမ် စိတ်သက်သာရာ ရသွား၏။

အနည်းဆုံးတော့ သူ၏ သွေးမျိုးဆက်က လုံးဝ ဖြုန်းတီးမသွားပေ။

"ဟင်..."

ရုတ်တရက် ကျိယွမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

မျက်မမြင်အတတ်ပညာရှင်၏ မှတ်ဉာဏ်များထဲတွင် သူသည် ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရ၏။

"ဒါက... သမက်ကောင်ရဲ့ အဖေ့အသံမလား"

"သူက မျက်မမြင်အတတ်ပညာရှင်နဲ့ ဆက်စပ်မှု ရှိခဲ့တာလား"

ကျိယွမ် စိတ်ဝင်စားသွား၏။

ကမ္ဘာကြီးက တကယ် ကျဉ်းမြောင်းလှပါလား။

"ဆရာ... ဆရာ့ရဲ့ ပါရမီက အတုမဲ့ပဲ၊ ဆရာက နတ်ဘုရားအဆင့် ဒါမှမဟုတ် အဲဒီအထက်ကိုတောင် ရောက်ရှိဖို့ ကံပါလာသူပဲ၊ ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ ပူးပေါင်းပါ၊ ကျွန်တော်တို့ အတူတူ တောင်ပြာလောကကို ကာကွယ်ကြမယ်၊ ကျွန်တော်တို့ရဲ့ နေရပ်ကို စောင့်ရှောက်ပြီး အလင်းရောင် ပြန်လည်ရရှိဖို့ မှောင်မိုက်ခြင်းကို မောင်းထုတ်ကြမယ်"

ထိုအသံသည် အခြားသူမဟုတ်ဘဲ ကျိယွမ်၏ ဖခင်ဖြစ်သူ၊ အိမ်ပါသမက်ကောင်၏ ဖခင် ဖြစ်၏။

မျက်မမြင်အတတ်ပညာရှင်၏ မှတ်ဉာဏ်များအရ ကျိယွမ်သည် သူ၏ ဖခင်က လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းတစ်ခုနှင့် ပူးပေါင်းခဲ့ကြောင်း သိခဲ့ရသည်။ ထိုအဖွဲ့သည် နားလည်ရခက်ပြီး ကမ္ဘာကြီး ပျက်စီးတော့မည်ဟု အမြဲတမ်း ကြေညာလေ့ရှိကြ၏။ သူတို့က အတတ်ပညာရှင် အားလုံးကို စုစည်းပြီး အတုမဲ့လက်နက်ကို ဖန်တီးမှသာ ထိုကပ်ဘေးကို တားဆီးနိုင်လိမ့်မည်ဟုလည်း ယုံကြည်ကြသည်။

ကျိယွမ်၏ဖခင်သည် မျက်မမြင်အတတ်ပညာရှင်ကို သူတို့၏ ရည်မှန်းချက်တွင် ပူးပေါင်းရန်နှင့် အထွတ်အထိပ်လက်နက်ကို ဖန်တီးရန် ဖိတ်ခေါ်ခဲ့၏။

သို့သော် မျက်မမြင်အတတ်ပညာရှင်က ငြင်းပယ်ခဲ့သည်။

"ဒါကို ငါ မှတ်သားထားရမယ်"

ကျိယွမ်က တွေးလိုက်သည်။

"ငါ သမက်အဖြစ် ပီပြင်အောင်သရုပ်ဆောင်ချင်ရင် သက်ဆိုင်တဲ့ အချက်အလက် အားလုံး လိုအပ်လိမ့်မယ်"

"မျက်မမြင်အတတ်ပညာရှင်အဖြစ် သရုပ်ဆောင်ဖို့ဆိုရင်..."

ကျိယွမ် စဉ်းစားရင်း မျက်လုံးများကို ကျုံ့လိုက်၏။

"ဒီဇာတ်ကောင်က ထူးဆန်းတယ်၊ ငါ အစပြုလိုက်တာနဲ့ ငါ တကယ်ပဲ မျက်စိကွယ်သွားလိမ့်မယ်၊ ပြီးတော့ ငါ့ဇာတ်ကောင်တာဝန် မပြီးဆုံးမချင်း ငါက အမြဲတမ်း မျက်စိကွယ်နေမှာလား"

အခြားဇာတ်ကောင်များတွင် ထိုကဲ့သို့သော ကန့်သတ်ချက်များ မရှိပေ။

သူသည် ဓား၊ နတ်ဘုရားကိုယ်ပွားနှင့် သမက်တို့အကြား လွတ်လပ်စွာ ပြောင်းလဲနိုင်ခဲ့သည်။

သို့သော် မျက်မမြင်အတတ်ပညာရှင်နှင့်မူ သူ ဇာတ်ကောင်ကို လက်ခံလိုက်သည်နှင့်တစ်ပြိုင်နက်တည်းဖြင့် ပြီးဆုံးအောင် လုပ်ဆောင်ရမည် ဖြစ်၏။

"ဒါက သူ့ရဲ့စိတ်ဓာတ်အင်အားက ဇာတ်ကောင်အားလုံးထဲမှာ အသန်မာဆုံး ဖြစ်နေပြီး လွှမ်းမိုးထားလို့လား"

၄င်းက ဖြစ်နိုင်ချေ ရှိပေသည်။

"ကောင်းပြီ၊ ငါ မျက်မမြင်အတတ်ပညာရှင် ဇာတ်ကောင်ကို အခုချက်ချင်း မလုပ်သေးဘူး၊ လောလောဆယ် သမက်နဲ့ နတ်ဘုရားကိုယ်ပွားကိုပဲ ဆက်ထားမယ်"

သို့သော် သူ လောလောဆယ် ရှောင်လွှဲထားလျှင်ပင် စနစ်က ငါးလသတ်မှတ်ချက်ကို ပေးထား၏။ အကယ်၍ သူက ဇာတ်ကောင်ကို မယူပါက ငါးလကြာပြီးနောက် အတင်းအကျပ် လုပ်ဆောင်ခိုင်းလိမ့်မည် ဖြစ်သည်။

"မလောပါဘူး၊ ငါ့မှာ ငါးလ ရှိသေးတယ်၊ အဲဒီအချိန်အတွင်းမှာ ငါ့ကိုယ်ငါ မြန်မြန်အားကောင်းအောင် အာရုံစိုက်ရမယ်"

"ပြီးတော့ ငါက အဲဒီအချိန်အတွင်းမှာ နတ်ဘုရားအဆင့် အတတ်ပညာရှင် ဖြစ်အောင် လုပ်နိုင်ရင် ငါ ဇာတ်ကောင်ကို အစပြုတာနဲ့ ချက်ချင်း ပြီးဆုံးနိုင်လိမ့်မယ်"

ကျိယွမ်သည် အကန်းတော့မဖြစ်ချင်ပါ။

သူသည် ကျန်းယွန်းရှီကို ကြည့်ကာ မျက်လုံးများထဲတွင် စဉ်းစားရကျပ်သော အမူအရာ ပေါ်လာ၏။

"ဒီဆက်သွယ်မှု ကွန်ရက်ကို... အသုံးချတာက ပိုကောင်းလိမ့်မယ်"

---

ရေသခင်၏ သေဆုံးမှုသည် ကြီးမားသော ရိုက်ခတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ရေအောက်နန်းတော်ထဲသို့ ဝင်ရောက်ခဲ့ကြသော လက်နက်သခင် ဆယ်ယောက်ထဲတွင် အစွမ်းအထက်ဆုံး ဖြစ်သော ဝေကွန်းသည် နောက်တွင် နေရစ်ခဲ့၏။

သို့သော် အခြားသူများ ထွက်ခွာသွားပြီးနောက် မကြာမီ အချိန်အတွင်းမှာပင် ရေအောက်နန်းတော်သည် ကျယ်လောင်သော ပေါက်ကွဲမှုနှင့်အတူ ပြိုကျသွားခဲ့သည်။ တစ်ချိန်က ခိုင်ခံ့ခဲ့သော တည်ဆောက်ပုံသည် လုံးဝ ပျက်စီးသွားခဲ့၏။

ဝေကွန်းသည် အပျက်အစီးများကြားတွင် သေဆုံးသွားခဲ့ပြီး အသက်ရှင်လျက် ပြန်မထွက်လာနိုင်ခဲ့ပေ။

၄င်းက ကျန်ရှိနေသော လက်နက်သခင်များကို နက်ရှိုင်းစွာ ဂနာမငြိမ် ဖြစ်စေခဲ့သည်။ အများစုက ထိုဇာတ်ကြောင်း၏ နောက်ကွယ်တွင်... လျှို့ဝှက်ဆန်းကြယ်သော ပူးပေါင်းကြံစည်မှုတစ်ခု ရှိနေသည်ဟု သံသယဝင်ခဲ့ကြ၏။

ထိုသို့သော မရေရာမှုများကြားတွင် ရေသခင်၏ အလောင်းပေါ်၌ ရေးထွင်းထားသော ကျန်းယွန်းရှီ၏ စာသားများ သတင်းသည် တောမီးကဲ့သို့ ပြန့်နှက်သွားခဲ့သည်။

ထို့နောက် နောက်တစ်နေ့မှာပင် ကျန်းရှန်းနယ်စားကြီးသည် ကျန်းယွန်းရှီကို ရှာတွေ့ခဲ့၏။

ရေအောက်နန်းတော်ရှိ ဖြစ်ရပ်များနှင့် ပတ်သက်၍ မေးမြန်းသောအခါ ကျန်းယွန်းရှီသည် ထစ်ထစ်ငေါ့ငေါ့ဖြင့် အရေးကြီးသောအရာများကို ရှောင်လွှဲဖြေခဲ့သည်။ သို့သော် ထိုညနှောင်းပိုင်းတွင် နယ်စားကြီးသည် သူမ၏ ကိုယ်ပိုင်ဒိုင်ယာရီကို ရှာတွေ့ခဲ့ပြီး အမှန်တရားအားလုံးကို သိရှိသွားခဲ့၏။

"ကျန်းယွန်းရှီက ကံကြမ္မာရဲ့ ကလေးငယ်ပဲ၊ သူမကို လျှို့ဝှက်ဆန်းကြယ်တဲ့ အဘိုးအိုတစ်ယောက်က ရွေးချယ်ခဲ့ပြီး အစွမ်းထက်တဲ့ လက်နက်ဖြစ်တဲ့ ဓားကို ပေးခဲ့တယ်၊ အဲဒါကြောင့် သူမက ရေသခင်ကို သတ်နိုင်ခဲ့တာ"

"မြေကမ္ဘာအဆင့် လက်နက်သခင်သက်သက်က ကောင်းကင်ဂိုဏ်းတောင် မကိုင်တွယ်နိုင်တဲ့ ရန်သူကို အနိုင်ယူခဲ့တာ... ဒါက ဘယ်လိုလက်နက်မျိုးလဲ"

"ဒီနေ့ကစပြီး ငါက ကျန်းယွန်းရှီရဲ့ သစ္စာရှိ နောက်လိုက်ပဲ"

"ရေသခင်က ပျောက်ကွယ်သွားပြီ... ဒီအတိုင်း ပျောက်ကွယ်သွားတာလား"

ထိုသတင်းကြောင့် လူတိုင်း မှင်တက်သွားကြ၏။

အတတ်ပညာရှင်များညီလာခံက အရှိန်အဟုန် ရနေပြီး ရေတွက်၍မရသော လက်နက်သခင်များသည် ရေသခင်နှင့် သူသေကိုယ်သေတိုက်ပွဲအတွက် ပြင်ဆင်နေကြစဉ်မှာပင် ထိုခြိမ်းခြောက်မှုက ပျောက်ကွယ်သွားခဲ့သည်။

သူတို့၏ ရန်သူကြီးမှာ နာမည်မရှိသောအမျိုးသမီးလေးတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ထိုနေမှစ၍ ကျန်းယွန်းရှီ၏ ကျော်ကြားမှုသည် မိုးထိအောင် မြင့်တက်သွားခဲ့သည်။

နယ်စားကြီး၏ ယာယီနေအိမ်တွင် လက်ဆောင်ပစ္စည်းများ သယ်ဆောင်လာကြသော ဧည့်သည်များဖြင့် ပြည့်နှက်နေ၏။

နယ်စားကြီးသည် သူတို့အားလုံးကို တောက်ပသော အပြုံးများဖြင့် ကြိုဆိုခဲ့ပြီး အလွန် ပျော်ရွှင်နေခဲ့သည်။

သို့သော် ကျန်းယွန်းရှီကတော့ လူအများရှေ့သို့ မထွက်ဘဲ အတတ်ပညာရှင်များညီလာခံက ပေးပို့လာသော ရှေးဟောင်းအတတ်ပညာ စာသားများကို ဖတ်ရှုရင်း အချိန်ကုန်လွန်စေခဲ့၏။

သူမ၏ ထိုအပြုအမူက အများ၏လေးစားမှု ပို၍ရရှိစေခဲ့သည်။

"ဝင့်ကြွားခြင်းမရှိဘဲ နှိမ့်ချမှုရှိတယ်... သခင်မလေးက လူသားတွေထဲက ဒေါင်းမလေးတစ်ကောင် ဖြစ်လာမယ့် အရည်အချင်း ရှိတာပဲ"

"နှမြောစရာကောင်းတာက အဲဒီဓားပဲ... အဲဒီဒဏ္ဍာရီလာ လက်နက်က ရေသခင်နဲ့ တိုက်ပွဲအတွင်းမှာ သူမကို ကာကွယ်ရင်း ပျက်စီးသွားခဲ့တာ"

ထိုအခြေအနေများကြားတွင် ခြံဝင်းတစ်ခု၏ အပြင်ဘက်၌ ရှဲ့ထန်ရန်သည် တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ရပ်နေ၏။

သူ၏ ရပ်တည်မှုက ဖြောင့်မတ်ပြီး တည်ငြိမ်နေသော်လည်း ဂရုတစိုက် ကြည့်ပါက သူ၏ မျက်လုံးများထဲတွင် မလုံခြုံမှု အရိပ်အယောင်များကို တွေ့နိုင်ပေသည်။

သူသည် တံခါးဝတွင် ရိုသေစွာ ရပ်နေပြီး သူ၏ အမူအရာက နှိမ့်ချမှုကို ပြသနေ၏။

မကြာမီ အစေခံမိန်းကလေးတစ်ယောက် ပေါ်လာသည်။

"သခင်လေးရှဲ့... ဝင်ခဲ့ပါ၊ သခင်မလေးက ရှင့်ကို စောင့်နေပါတယ်"

ရှဲ့ထန်ရန်က ရိုသေစွာ ဦးညွှတ်လိုက်ပြီး သူမ၏ နောက်သို့ လိုက်ပါသွားတော့၏။

သူ၏ စိတ်ထဲတွင် စိတ်ခံစားချက်များက ရှုပ်ထွေးနေသည်။

လွန်ခဲ့သော ရက်အနည်းငယ်ကမှ သူသည် ရဲ့ရေကန်အနား၌ အသုံးမကျပုံရသော ဤအမျိုးသမီးလေးနှင့် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က သူတို့ ပဋိပက္ခ ဖြစ်ခဲ့ကြ၏။

သူမက ကမ္ဘာကြီးကို ကယ်တင်ရန် ကံပါလာသူ ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး သူမအား လမ်းဖယ်ပေးရန် တောင်းဆိုခဲ့သည်။

သူက သူမ၏ စကားများကို လှောင်ပြောင်မှုများဖြင့် လျစ်လျူရှုခဲ့ပြီး သူမ၏ ဝင့်ကြွားမှုကို စိတ်ထဲတွင် ရယ်မောခဲ့သည်။

သို့သော် ယခုမူ အခြေအနေအားလုံးကို ကျော်လွန်၍ သူမက ရေသခင်ကို အမှန်တကယ်ကြီး သတ်ဖြတ်ခဲ့ပြီ ဖြစ်၏။

"ကျန်းယွန်းရှီက ဖြောင့်မတ်တယ်၊ ရိုးအတယ်၊ ပြီးတော့ စိတ်သဘောထားကောင်းတယ်၊ သူမ အရင်က ငါ့အပေါ် စိတ်ဆိုးခဲ့ရင်တောင် ငါ အကွက်ချကစားနိုင်ရင် ငါ့အပေါ် ထားတဲ့ သူမရဲ့ အမြင်ကို ပြောင်းလဲနိုင်မလား၊ ကောက်ကျစ်တဲ့ ရှန်လင်ရွှမ်းနဲ့ မတူဘဲ သူမက လှည့်စားရတာ ပိုလွယ်တယ်"

ရှဲ့ထန်ရန်သည် သူ၏ မျက်နှာအမူအရာကို ပြုပြင်လိုက်ပြီး ကောင်းမွန်သော အထင်အမြင် ရရှိစေရန်အတွက် ပိုမိုဖြောင့်မတ်စွာ ပြုမူလိုက်၏။

မကြာမီ သူသည် လိုက်ကာနောက်ကွယ်တွင် ကျန်းယွန်းရှီ စောင့်ဆိုင်းနေသော အခန်းထဲသို့ ရောက်ရှိသွားခဲ့သည်။

ရှဲ့ထန်ရန်သည် ချက်ချင်း ဒူးထောက်လိုက်ပြီး သူ၏ အသံတွင် ရိုသေမှုများ ပြည့်နှက်နေ၏။

"ကောင်းကင်ဂိုဏ်းက ရှဲ့ထန်ရန်က သခင်မလေး ကျန်းယွန်းရှီကို ဂါရဝပြုပါတယ်၊ လူတွေကို ဘေးအန္တရာယ်ကနေ ကယ်တင်ခဲ့တဲ့ သခင်မလေးရဲ့ သတ္တိက တကယ်ကို လေးစားစရာကောင်းလှပါတယ်"

သူသည် မြေပြင်နှင့် ထိလုနီးပါး နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်ပြီး သူ၏ အမူအရာက နောင်တရမှုကို ပြသနေ၏။

"ရဲ့ရေကန်မှာတုန်းက ကျွန်တော် မျက်စိမွဲခဲ့ပါတယ်၊ ကျွန်တော့်ရဲ့ လုပ်ရပ်တွေက မရိုသေခဲ့ပါဘူး၊ အဲဒါကို ပြန်တွေးမိတိုင်း ကျွန်တော် နောင်တရလို့ မဆုံးပါဘူး"

လိုက်ကာနောက်ကွယ်တွင် ကျန်းယွန်းရှီသည် သူမ၏ ခြေချောင်းလေးများကို ပျော်ရွှင်စွာ လှုပ်ရှားနေ၏။ သူမသည် ထိုချီးမွမ်းစကားများကို အလွန် သဘောကျနေခဲ့သည်။

သို့သော် ဓားအိုကြီး၏ အကြံဉာဏ်ကို သတိရကာ သူမက နှာမှုတ်လိုက်ပြီး သမင်ငယ်တစ်ကောင်ကဲ့သို့ စူးရှသော်လည်း ချိုသာသော အသံဖြင့် ဆို၏။

"နင်က ရှန်လင်ရွှမ်းကို ရိုရှားနိုင်ငံတော်က လာတဲ့ ဧည့်သည်တွေဆီ ပေးသနားဖို့ ဆိုးယုတ်တဲ့ အစီအစဉ်ကို အဆိုပြုခဲ့တယ်လို့ ငါကြားတယ်"

ရှဲ့ထန်ရန် မှင်တက်သွား၏။ဒီတွေ့ဆုံမှုက ငါ့ရဲ့အရင်က မရိုသေမှုအတွက် မဟုတ်ဘူးလား၊ ဒါကို ဘာလို့ လာမေးရတာလဲ။

သူက ခေါင်းကို ပိုမိုငုံ့လိုက်ပြီး သူ၏ အသံကို တည်ကြည်ကာ ဝမ်းနည်းဖွယ် ဖြစ်အောင် ပြုလုပ်လိုက်၏။

"သခင်မလေး... မသိလို့ပါ၊ ရှန်လင်ရွှမ်းက ကျွန်တော် ဘဝမှာ အမြတ်နိုးဆုံးသူပါ၊ သူမကို ရိုရှားနိုင်ငံတော်ဆီ ပို့မယ့် အတွေးက ကျွန်တော့်ကို စကားလုံးတွေနဲ့ ဖော်ပြလို့မရအောင် နာကျင်စေပါတယ်"

"ဒါပေမဲ့ ကျွန်တော် စိတ်နှလုံး ကွဲအက်ရရင်တောင် ကျီနင်စီရင်စုက လူတွေအတွက် စဉ်းစားရပါမယ်၊ သူတို့ရဲ့ အသက်တွေက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဆန္ဒတွေထက် ပိုအရေးကြီးပါတယ်၊ သူတို့အတွက်ကြောင့်ပဲ ကျွန်တော် ဒီလို မခံစားနိုင်တဲ့ အကြံပြုချက်ကို လုပ်ခဲ့ရတာပါ"

ရှဲ့ထန်ရန်၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်လာပြီး ရင်ဘတ်ကို ထုကာ သနားစရာကောင်းအောင် ငိုကြွေးလေတော့၏။

လိုက်ကာနောက်ကွယ်တွင် ကျန်းယွန်းရှီသည် သူ၏ သရုပ်ဆောင်မှုကြောင့် ခဏမျှ စိတ်လှုပ်ရှားသွားခဲ့သည်။

ဓားအိုကြီး မှားသွားတာများလား။

ရှဲ့ထန်ရန်က တကယ်ပဲ လူကောင်းတစ်ယောက် ဖြစ်ပြီး လူတိုင်းရဲ့ နားလည်မှု လွဲမှားခြင်းကို ခံနေရတာလား။

သို့သော် သူမသည် ဓားအိုကြီး၏ ညွှန်ကြားချက်များကို ပြန်လည်တွေးတောမိကာ အေးစက်စွာ နှာမှုတ်လိုက်၏။

"ဟွန့်... နင် စိတ်ထဲမှာ ဘယ်လို ဆိုးယုတ်တဲ့ အတွေးတွေ ဝှက်ထားလဲ ဘယ်သူသိမှာလဲ"

"လူတွေအတွက်ဆိုရင် ကျွန်တော့်ရဲ့ ခန္ဓာကိုယ် ပျက်စီးသွားရင်တောင် ဝမ်းမြောက်မိမှာပါ"

သူတို့နှစ်ဦး အပြန်အလှန် စကားပြောဆိုခဲ့ကြ၏။

ကျန်းယွန်းရှီတွင် အသိဉာဏ် အနည်းငယ် ရှိနေသော်လည်း သူမက အလွန် ထက်မြက်သူ မဟုတ်ပေ။

နာရီဝက်ခန့် စကားပြောပြီးနောက် သူမသည် ရှဲ့ထန်ရန်၏ စကားများကြောင့် စိတ်လှုပ်ရှားလာခဲ့သည်။

ရှဲ့ထန်ရန်၏ ယုံကြည်မှုများ မြင့်တက်လာ၏။ သူသည် နောက်ထပ် နာရီအနည်းငယ်ဆိုလျှင် သူမကို လုံးဝ သိမ်းပိုက်နိုင်လိမ့်မည်ဟု ယုံကြည်ကာ ရင်ဘတ်ကို ပိုမိုမတ်လိုက်သည်။

"နင် သွားလို့ရပြီ"

ထိုအခိုက် ကျန်းယွန်းရှီက ရုတ်တရက် လက်ယမ်းကာ မောင်းထုတ်လိုက်၏။

ရှဲ့ထန်ရန်သည် သူ၏ ဝှက်ဖဲအားလုံးကို မထုတ်ရသေးသကဲ့သို့ ခံစားရသဖြင့် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။

သို့သော် သူသည် ဦးညွှတ်ကာ နောက်ဆုတ်သွားရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

"ဓားအိုကြီး... ရှဲ့ထန်ရန်က တကယ် လူကောင်းတစ်ယောက် ဖြစ်နိုင်တယ်လို့ ငါထင်တယ်"

သူ ထွက်သွားပြီးနောက် ကျန်းယွန်းရှီက ရေရွတ်လိုက်၏။

"သူ စကားပြောတဲ့အခါ တကယ် ဖြောင့်မတ်ပြီး စိတ်အားထက်သန်ပုံရတယ်၊ သူက ပုံပြင်စာအုပ်ထဲက တရားမျှတတဲ့ လူကြီးလူကောင်းတစ်ယောက်နဲ့ တကယ်တူတယ်"

"ငါ သူ့ကို ရန်စဖို့ ကြိုးစားရင်တောင် သူက စိတ်မဆိုးသလို မရိုသေတဲ့ စကားတစ်လုံးမှ မပြောဘူး"

ဘေးနားရှိ ဓားအိုကြီးသည် စာဖတ်ခြင်းကို ခဏမျှ ရပ်တန့်လိုက်၏။

"နင်က ငယ်သေးတယ်"

သူက ပျင်းရိစွာပြန်ဖြေသည်။

"ငါ မနက်ဖြန် ထွက်ခွာတော့မှာ မို့လို့ နင်ကို နောက်ဆုံး ဘဝသင်ခန်းစာတစ်ခု ပေးခဲ့မယ်"

"ငါ့ကိုပြောစမ်း... နင်တို့ စကားပြောနေတုန်းမှာ ရှဲ့ထန်ရန်က မကောင်းတဲ့ စကားတွေ ဒါမှမဟုတ် စော်ကားတဲ့ စကားတွေကို မသုံးဘဲ ရှောင်လွှဲခဲ့လား"

"ဟုတ်တယ်"

ကျန်းယွန်းရှီ ခေါင်းညိတ်လိုက်၏။

"ဒါက သူက အဲဒီစော်ကားတဲ့ စကားလုံးတိုင်းကို အလွတ်ရနေလို့ အဲဒါတွေကို ပြီးပြည့်စုံအောင် ရှောင်လွှဲနိုင်တာကို ပြတာပဲ"

"ဘာ..."

"တွေ့လား... မကောင်းတဲ့ အပြုအမူတွေကို ကောင်းကောင်း နားလည်ထားတဲ့သူမှသာ အဲဒါကို ဒီလိုမျိုး ပြီးပြည့်စုံအောင် ဝှက်ထားနိုင်မှာ ဖြစ်တယ်"

"သူက သာမန် ကိုယ်ကျင့်တရား ပျက်ပြားတဲ့သူ မဟုတ်ဘူး... သူက အဲဒီလို မဟုတ်တရုတ် ဟန်ဆောင်ရာမှာ ကျွမ်းကျင်တဲ့ ကိုယ်ကျင့်တရား ပျက်ပြားသူတစ်ယောက်ပဲ"

ကျန်းယွန်းရှီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"ဓားအိုကြီး... ရှင်ပြောတာ လုံးဝမှန်တယ်"

သူမ၏ ဦးနှောက်သည် လျှပ်စီး အဖြတ်ခံလိုက်ရသလို လင်းပွင့်သွား၏။

"ပြီးတော့ နောက်တစ်ခု... နင်တို့ စကားပြောနေတဲ့ အချိန်အတွင်းမှာ သူက လူသတ်သမား၊ မုဒိမ်းကောင်၊ ဓားပြ ဒါမှမဟုတ် ဝိညာဉ်မှင်စာ မဟုတ်ပါဘူးလို့ ငြင်းဆိုခဲ့လား"

"မကြားမိဘူး"

"ဒါဆိုရင် အဖြေက ရှင်းနေတာပဲ ၊ မငြင်းဘူးဆိုမှတော့ သူဟုတ်နေလို့ပေါ့"

ကျန်းယွန်းရှီ ကြောက်ရွံ့စွာဖြင့် အသက်ရှူလိုက်မိသည်။

"ပြန်တွေးလေ ပိုကြောက်ဖို့ကောင်းလေပဲ၊ ဓားအိုကြီး... ရှင်သာ မရှိရင် သူ လှည့်စားတာ ဘယ်လောက်ကျွမ်းကျင်လဲ ကျွန်မသိမှာ မဟုတ်ဘူး၊ သူ့ကို ချက်ချင်း သတ်ခိုင်းလိုက်မယ်"

သူမသည် ရှဲ့ထန်ရန်ကို သတ်ရန် အမိန့်ပေးရန်အတွက် ချက်ချင်း ထရပ်လိုက်တော့၏။

ယခုအချိန်တွင် ကျန်းယွန်းရှီသည် ကျီနင်စီရင်စုကို ကယ်တင်ခဲ့သော သူရဲကောင်းတစ်ဦး ဖြစ်သည်။ သူမ၏ အာဏာက ကြီးမားလှပြီး သူမ၏ စကားက အကြွင်းမဲ့ အတည်ဖြစ်၏။

သူမကို စိတ်ဆိုးအောင် လုပ်ခြင်းသည် သေခြင်းတရားကို ရင်ဆိုင်ရခြင်းနှင့် အတူတူပင် ဖြစ်သည်။

"ဓားအိုကြီး...ရှင်က တကယ်ကို ပညာရှိတဲ့ ဆရာတစ်ပါးပဲ၊ စကားအနည်းငယ်နဲ့တင် ကျွန်မကို အလင်းပြနိုင်ခဲ့တယ်၊ဒါပေမဲ့ ကျွန်မဘေးမှာ အမြဲတမ်း မထားနိုင်တာ နှမြောစရာပဲ"

"ငါ့ရဲ့ ပါရမီတွေနဲ့ ရင့်ရဲ့ ညွှန်ကြားမှုအောက်မှာဆိုရင် ကျွန်မက ကမ္ဘာ့အတော်ဆုံးစားဖိုမှူးနဲ့ ကယ်တင်ရှင်ရုံတင် မကဘဲ နင်နိုင်ငံတော်ရဲ့ အတော်ဆုံးလူသားလည်း ဖြစ်လာနိုင်တယ်"

ဓားအိုကြီးသည် သူမ၏ မွေးနေ့အထိ နေရန် ကတိပေးခဲ့သော်လည်း သူမ စုဆောင်းထားသော စာသားများကို ဖတ်ရှုပြီးစီးရန်အတွက် နောက်ထပ် ရက်အနည်းငယ် ထပ်မံ နေထိုင်ခဲ့သည်။

ယခုအခါ စာအုပ်များကို ဖတ်ရှုပြီးစီးသွားပြီ ဖြစ်သဖြင့် သူထွက်ခွာရမည့် အချိန်သို့ ရောက်ရှိလာခဲ့လေပြီ ။

All Chapters