အခန်း (၅၂၁)
Vol. 49 Ch. 521
အခန်း ၅၂၁ - အပျက်အစီးများကို စူးစမ်းခြင်း
အပျက်အစီးများသည် သေခြင်းတရားအငွေ့အသက်များအတွင်း လွင့်မျောနေပြီး အဆုံးမဲ့မှောင်မိုက်ခြင်းထဲ ရောက်နေသကဲ့သို့ ရှိ၏။
အလင်း၏အရိပ်အယောင်လေးပင် မရှိသလောက်ပင်။၎င်းတို့ ကျရှုံးသွားခဲ့သည်မှာ သိသာလှသည်။
"ချင်းရှန်းနယ်မြေရဲ့ လက်နက်သွန်းလုပ်တဲ့ အတတ်ပညာရှင်မျိုးဆက်... ပြတ်တောက်သွားပြီလို့ သတ်မှတ်ရမယ်"
ထိုစဉ် ရှန်လင်ရွှမ်း၏ အနား၌ မိန်းကလေးတစ်ဦး၏ အသံ ထွက်ပေါ်လာ၏။
၎င်းမှာ ဖလံကောင်အရွယ်အစားရှိသော လိပ်ပြာနှင့်တူသည့် ပိုးကောင်လေးတစ်ကောင် ဖြစ်လေသည်။
ဤသတ္တဝါသည် ကောင်းကင်နှင့်မြေကမ္ဘာဝိညာဉ် ဖြစ်၏။ ကောင်းကင်နှင့် မြေကမ္ဘာတို့ ပထမဆုံးထွက်ပေါ်လာစဉ်ကတည်းက တည်ရှိခဲ့သော သတ္တဝါဟု ပြောကြသည်။
ထိုအရာလေးသည် ရှန်လင်ရွှမ်း အပျက်အစီးများဆီသို့ လာချိန်တွင် ကြုံတွေ့ခဲ့ရသော အရာ ဖြစ်၏။
"တောက်ပရတနာ အပိုင်းအစတွေကို လာပြီး သွန်းလုပ်ကြတဲ့သူတိုင်းဟာ တကယ်ကို ပါရမီပါတဲ့ အတတ်ပညာရှင်တွေ ဖြစ်ကြတယ်။ သူတို့မရှိရင်... ချင်းရှန်းလောကရဲ့ လက်နက်တစ်ခုဟာ နှစ်ပေါင်းရာချီ အထိတိုးတက်မှု နောက်ကျသွားလိမ့်မယ်။"
ပိုးကောင်မလေး ချိုင်တိ၏ အသံက တိုးညင်းလှသဖြင့် သူမ၏အသံကို နားလည်ရန် ခက်ခဲလှ၏။
ပိုးကောင်မလေးချိုင်တိ၏ အမြင်တွင်မူ ဤတားမြစ်နယ်မြေသို့ လာကြသော လက်နက်သွန်းလုပ်သူများသည် ပါရမီရှင်များဖြစ်ကြ၏။
အကယ်၍ သူတို့သာ ပုံမှန်အတိုင်း ကြီးပြင်းလာပါက ထိုသူများသည် တောက်ပသော အနာဂတ် ရှိလာမည်မှာ အသေအချာပင်။
ပိုးကောင်မလေးချိုင်တိက ရှန်လင်ရွှမ်းကို ကြည့်ကာ ဆက်ပြောလေသည်။
"လင်ရွှမ်း... နင်က ကံကြမ္မာရှိတဲ့သူပဲ၊ အထူးကံကြမ္မာ ရှိတဲ့သူ ဖြစ်တယ်။ နင်က ထောင်ချောက်ထဲက တခြားအရာတွေကို မလိုချင်ပေမယ့် ထောင်ချောက်ရဲ့ အရင်းအမြစ်ကိုတော့ ရအောင်ယူရမယ်။
ကံကြမ္မာကသာ လျှို့ဝှက်ဆန်းကြယ်မှုရဲ့ အရင်းအမြစ်ကို ဖိနှိပ်ထားနိုင်ပြီး ကြီးထွားမလာအောင် တားဆီးနိုင်တယ်။ ပြီးတော့... လျှို့ဝှက်ဆန်းကြယ်မှုအရင်းအမြစ်ကို သန့်စင်ခြင်းအားဖြင့် နင်က အထူးစွမ်းရည်အမျိုးမျိုးကို ရနိုင်ပြီး ချင်းရှန်းနယ်မြေထဲမှာ... ပြင်ပလူတွေ မသိအောင် ဖုံးကွယ်ထားနိုင်လိမ့်မယ်။"
ပိုးကောင်မလေး ချိုင်တိ၏ မျက်နှာထားမှာ တည်ကြည်နေပြီး လေးနက်စွာရှင်းပြနေဆလသည်။
"မဟုတ်ရင် နင်က လူနဲ့သဘာဝသဟဇာတဖြစ်ခြင်း အဆင့်ကို ရောက်တာနဲ့ ပြင်ပလူတွေရဲ့ သတိထားမှုကို မလွဲမသွေ ဆွဲဆောင်မိလိမ့်မယ်။ ပြီးရင် နင် အတိတ်ဘဝကလိုပဲ သေရလိမ့်မယ်။"
ရှန်လင်ရွှမ်း၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အေးစက်သည့် အရှိန်အဝါများ ထွက်ပေါ်လာ၏။
အတိတ်ဘဝများမှ အမှတ်တရများသည် ယခုအချိန်တွင် ပြန်လည် ရိုက်ခတ်လာခဲ့သည်။
အတိတ်ဘဝတွင် သူမသည် ကောင်းကင်ဘုံ၏ဂုဏ်ယူဖွယ်သမီးပျို ဖြစ်ခဲ့ပြီး အလေးအနက် ကျင့်ကြံခဲ့၏။ သို့သော် တစ်နေ့တွင် ရုတ်တရက် ကောင်းကင်မှ ဓားအလင်းတန်းတစ်ခု ကျဆင်းလာကာ သူမ၏ ခန္ဓာကိုယ်သည် တစ်ခဏချင်းအတွင်း ကြေမွသွားခဲ့ရပြီး ရုပ်အလောင်းပင် မကျန်ရစ်ခဲ့သည့်အဖြစ်မျိုးနှင့်ကြုံရမည်ကို မည်သူ သိမည်နည်း။
ဘဝခြားနေပြီဖြစ်သော်လည်း ထိုဓားချက်ကို တွေးမိတိုင်း သူမ အနည်းငယ် ကြောက်ရွံ့နေမိဆဲပင်။
ထိုသို့သော တည်ရှိမှုမျိုးသည် ဒဏ္ဍာရီလာ နတ်ဘုရားအဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်နိုင်၏။
"ကံကြမ္မာက ဘာကို ကိုယ်စားပြုတာလဲ။"
ရှန်လင်ရွှမ်းက မေးလိုက်၏။
ပိုးကောင်မလေးက ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ဆက်ပြောလေသည်။
"ဒါက ကမ္ဘာမြေရဲ့အလိုဆန္ဒနဲ့ ကမ္ဘာမြေရဲ့ပိုင်ဆိုင်မှုကို ကိုယ်စားပြုတယ်။"
သူမသည် စကား အများကြီး မပြောသော်လည်း ပဟေဠိဆန်လှ၏။
သို့မဟုတ် သူမက ထိမျှလောက်သာ သိထားသည်လည်း ဖြစ်နိုင်သည်။
နက်မှောင်သော ဂါဝန်ရှည်ကို ဝတ်ဆင်ထားသဖြင့် ရှန်လင်ရွှမ်းသည် နှင်းဆီနက်တစ်ပွင့်ကဲ့သို့ အေးစက်ခက်ထန်နေပုံရ၏။
"မိုစန်းခုန်းက အပြင်မှာ ရှိနေတယ်။ ရိုရှားနိုင်ငံက ကောင်းကင်အဆင့်စစ်တမန်တွေလည်း ဒီကို လာနေကြပြီ။ ငါ့အတွက် သူတို့ကို ရင်ဆိုင်ဖို့ ခက်ခဲရုံတင်မကဘူး... လျှို့ဝှက်ဆန်းကြယ်မှုအရင်းအမြစ်ဆီ ရောက်ဖို့က အရမ်း ခက်ခဲတယ်။"
ပိုးကောင်မလေး ချိုင်တိက ခေါင်းခါသည်။
"ဒါက ပြဿနာပဲ။ ကံမကောင်းစွာနဲ့ ငါ့မှာ တိုက်ခိုက်ရေးစွမ်းရည် မရှိဘူး။ ခေါင်းဆောင်ငယ်အဆင့်ဧကရာဇ်စစ်သည်တော်တွေကိုတောင် ငါ မရင်ဆိုင်နိုင်ဘူး။"
"ဒါပေမဲ့ ငါ အပြင်ထွက်ပြီး နင့်အတွက် လမ်းသွားစုံစမ်းပေးလို့ရတယ်။ ဒါဆိုရင် ဘေးအန္တရာယ်အချို့ကို ရှောင်ရှားနိုင်လိမ့်မယ်။"
ပိုးကောင်မလေးက ပြောပြီး သက်ပြင်းရှည်ကြီးချလိုက်၏။
ထိုအချိန်တွင် အခြားနေရာ၌ ။
"ကောင်းပြီ... အပျက်အစီးတွေကို မစူးစမ်းခင်မှာ အများကြီး စားထားရမယ်။ မဟုတ်ရင် အားအင်အလုံအလောက် ရှိမှာမဟုတ်ဘူး။"
ချန်ခန်းပေါင်က ပြောရင်း သူ၏ရင်ဘက်ထဲမှ ပေါက်စီများကို ထုတ်ကာ ပါးစပ်ထဲသို့ ပလုပ်ပလောင်းသွင်းလိုက်၏။
သူသည် စားနေရင်း လက်ထဲမှ ပေါက်စီကို ကိုင်ကာ ထူစိဟိုင်နှင့် တခြားသူများကို လှည့်ကာကြည့်လိုက်သည်။
"မင်းတို့ စားဦးမလား။"
ညှို့ဓာတ်ပြင်းသော မိန်းမပျိုက ပေါက်စီပေါ်မှ ချွေးနံ့ကို မနှစ်သက်သကဲ့သို့ သူမ၏ ပါးစပ်ကို ပိတ်လေ၏။
"အဘိုးကြီးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။"
ချန်ခန်းပေါင်သည် ကျိယွမ်၏ နောက်လိုက်ဖြစ်နေသဖြင့် ဒေါသတော့ မထွက်ဝံ့ချေ။
"ငါလည်း မစားဘူး။"
"ငါလည်း ဗိုက်ပြည့်နေတယ်"
အခြားသူများကလည်း ငြင်းပယ်ကြ၏။
ဝမ်သောက်တစ်ဦးတည်းကသာ ပြုံးကာခေါင်းညိတ်လေသည်။
"ကျွန်တော် စားမယ်..။ . အဘိုးကြီး.. တကယ်ပဲ ကျေးဇူးတင်ပါတယ်။"
ချန်ခန်းပေါင် အလွန် ဝမ်းသာသွားလေ၏။
"ဒီမှာ ရော့"
ဝမ်သောက်ကလည်း ပေါက်စီကို ချက်ချင်းယူကာ မဆိုင်းမတွ ပါးစပ်ထဲ ထိုးသွင်းလိုက်သည်။
"အရသာရှိလိုက်တာ။"
"သွားကြစို့... အပျက်အစီးတွေကို စူးစမ်းပြီး မိုစန်းခုန်းကို ရှာရမယ့်အချိန် ရောက်ပြီ။"
ကျိယွမ်က ဦးဆောင်လိုက်သဖြင့် လူရှစ်ယောက်အဖွဲ့သည် အထုပ်အပိုးများကို ပြင်ဆင်ကာ အရှေ့မြောက်ဘက်ရှိ ရှီဝမ်ရှန်းကျွဲ့ဆီသို့ ဦးတည်လိုက်ကြ၏။
ဝမ်သောက်၏ စကားအရ မိုစန်းခုန်းသည် အရှေ့မြောက်ဘက်ရှိ ဆယ့်ခုနစ်ခုမြောက်တံခါးနက်မှ ဝင်သွားခဲ့ခြင်းပင်။
အားလုံးသည် အမှောင်ကို အခွင့်ကောင်းယူကာ လျင်မြန်စွာ ခရီးဆက်ခဲ့ကြသည်။
ထိုစဉ် ကျိယွမ်က မျက်မမြင်အဘိုးအိုကို ကြည့်ကာ နှိမ့်ချစွာ မေး၏။
"အဘိုး... ကျွန်တော်လည်း နောက်အနည်းငယ်ကြာရင် မျက်စိကွယ်သွားနိုင်တယ်။ မျက်မမြင်တစ်ယောက်အတွက် အရေးကြီးဆုံးအရာက ဘာလဲလို့ ထင်ပါသလဲ။"
နောက်လအနည်းငယ်အတွင်း သူသည် မျက်မမြင်လက်နက်ပညာရှင်အဖြစ် သရုပ်ဆောင်ရမည် ဖြစ်၏။ မျက်မမြင်တစ်ယောက်နှင့် ဆုံတွေ့ရန် မလွယ်ကူသဖြင့် ယခုလိုဆုံခိုက် သူ အကြံဉာဏ်တောင်းရမည် ဖြစ်၏။
မျက်မမြင်အဘိုးအိုသည် ခဏမျှ မှင်တက်သွားလေသည်။ သူ၏ ဘယ်ဘက်မျက်လုံးမှာ ကွယ်နေသော်လည်း ညာဘက်မျက်လုံးမှာ ကောင်းမွန်နေဆဲ မဟုတ်ပါလား။
"ဖြစ်နိုင်တာကတော့... အလင်းကို ပြန်မြင်ရဖို့ပေါ့။"
"အလင်းကို ပြန်မြင်ရဖို့လား။"
ကျိယွမ်က သေချာတွေးလိုက်မိ၏။
မျက်မမြင်လက်နက်သခင်၏ ယခုဘဝတွင် အကြီးမားဆုံး ဆန္ဒမှာ နတ်ဘုရားအဆင့် လက်နက်သခင် ဖြစ်လာရန် သို့မဟုတ် ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိရန် ဖြစ်သင့်သည်။
သို့သော် မျက်စိကွယ်နေပါက ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိနိုင်ရန် ဖြစ်နိုင်ပါ့မလား။
၈ မိနစ်ခန့် ကြာပြီးနောက် အားလုံးသည် အမှောင်ထုထဲတွင် တောင်ကြားအနိမ့်ပိုင်းတစ်ခုသို့ ရောက်ရှိလာကြ၏။
ဤနေရာတွင် ငလျင်လှုပ်ခတ်ခဲ့သကဲ့သို့ မြေကြီးနှင့် ကျောက်တုံးများ ပြိုကျပျက်စီးနေပြီး အပျက်အစီးများ၏ ထောင့်စွန်းတစ်ခု ပေါ်ထွက်နေသည်။
ထိုနေရာသို့ရောက်သည်နှင့် လျှို့ဝှက်ဆန်းကြယ်သောအမှတ်အသားများ ရှိနေသည့် သံနက်တံခါးကြီး ဆယ်ခုကျော်ကို သူတို့မြင်လိုက်ရ၏။
"ဒီမှာရှိတဲ့ သံတံခါးဝက်လောက်က ပွင့်နေတယ်။ ကံကောင်းတာက ငါတို့ဝင်ချင်တဲ့ တံခါးကလည်း ပွင့်နေတယ်... မဟုတ်ရင်တော့ ငါတို့ အချိန်အတော်အများကြီး ကုန်ဆုံးသွားလိမ့်မယ်။"
ထူစိဟိုင်က တံခါးများကို ကြည့်ရင်းဝမ်းသာအားရဆို၏။
အပျက်အစီးများထဲမှ သံတံခါးများသည် အလွန်တရာ မာကျောလှသဖြင့် ထိပ်တန်းသခင်များပင် ဖျက်ဆီးရန် ခက်ခဲလှသည်။
"ဘယ်နေရာမှာ ပွင့်နေလို့လဲ။ ခွေးတိုးပေါက်တစ်ခု ရှိနေတာ မဟုတ်ဘူးလား။"
ချန်ခန်းပေါင်က အံ့ဩတကြီး မှတ်ချက်ချ၏။
"အဲဒီ ဘဲသံလိုလို ကြက်သံလိုလို အသံနဲ့ကောင်က အဲဒီတုန်းက ဒီခွေးတိုးပေါက်ကနေ ဝင်သွားတာပါ။"
ဝမ်သောက်သည် ထိုသို့ပြောလိုက်သော်လည်း အနည်းငယ် ကြောက်ရွံ့နေဆဲပင်။
"ဘာခွေးတိုးပေါက်လဲ... ဒါက နဂါးနဲ့ဖီးနစ်လှိုဏ်ဂူပါ။"
ညှို့ဓာတ်ပြင်းသော မိန်းမပျိုက တခိခိ ရယ်မောလိုက်၏။
ထူစိဟိုင်ကလည်း ပြုံးလေသည်။
"ငါတို့အားလုံးက ရင်းနှီးနေကြတာပဲ။ ကိုယ့်ကိုယ်ကိုယ် မလိမ်ကြပါနဲ့။ ကြောက်ရင်နေခဲ့လို့ရတယ် ရှက်စရာမလိုပါဘူး။"
ထိုစကားကြောင့် မျက်မမြင်အဘိုးအိုက ညှို့ဓာတ်ပြင်းသော မိန်းမပျိုကို ကြည့်လိုက်၏။
"ငါက မကြောက်ပါဘူး ၊နင့်ရဲ့ ရင်ဘတ်ပေါ်က ဝက်သားပေါင်ချိန် တစ်ဝက်လောက်ရှိတဲ့ အသားတွေက ကြီးလွန်းလို့ ဝင်ဆံ့နိုင်ပါ့မလားလို့ ငါ စိုးရိမ်မိတယ်။"
"အဘိုးကြီး... ရှင် ဝင်တဲ့အခါ သတိထားဦး။ ကျွန်မက ရှင်ရဲ့ ကောင်းတဲ့မျက်လုံးကိုပါ မှားထိုးမိရင် တာဝန်မယူဘူးနော်။"
ညှို့ဓာတ်ပြင်းသော မိန်းမပျိုသည် ဒေါသမထွက်သည့်အပြင် ရယ်မောကာပြန်လည်စနောက်နေ၏။
သို့သော် ကျိယွမ်က သူမအား တစ်ချက်ကြည့်ကာ တည်ကြည်စွာ ခေါင်းညိတ်သည်။
"မျက်မမြင်အဘိုးကြီး ပြောတာ မှန်တယ်။မင်း ထိန်းထိန်းသိမ်းသိမ်းဝင်သင့်တယ် "
ညှို့ဓာတ်ပြင်းသော မိန်းမပျို၏ မျက်နှာ နီမြန်းသွားလေ၏။
အကယ်၍ တခြားသူများက ဤသို့ပြောလျှင် သူမ ခံစားရမည်မဟုတ်ပါ။
ကျိယွမ်သည် လျှို့ဝှက်ဆန်းကြယ်ပြီး အင်အားကြီးသော အမျိုးသားတစ်ဦး ဖြစ်၏။ သူသည် အနာဂတ်တွင် ကောင်းကင်အဆင့်စစ်သည်တော် ဖြစ်လာရန် ရာနှုန်းပြည့် သေချာနေပြီး အလွန်နုပျိုကာ ခန့်ညားလှ၏။
ထို့ကြောင့် သူမအပေါ်အမြင်ဆိုးများ မရှိစေချင်ပေ။
ထိုစဉ် ကျိယွမ်က ဆက်ပြောလိုက်သည်။
"ဒါက ပျက်စီးနေတဲ့ တံခါးတစ်ခုပဲ။ အားလုံး ကြည့်နေကြ... အိမ်ပါသမက်က နည်းနည်းအစွမ်းပြတော့မယ်။"
ကျိယွမ်က ပြောရင်း သံနက်တံခါးဆီသို့ တည့်တည့် လျှောက်သွားကာ အကဲခတ်နေ၏။
ဟေးရှာ ညီအစ်ကို၏ မျက်လုံးများတွင် အံ့ဩရိပ်များ ပေါ်လာ၏။ ညီဖြစ်သူက မနေနိုင်ဘဲ လက်တို့လေသည်။
"ဒီတံခါးနက်ကို ထူးဆန်းတဲ့သံနဲ့ လုပ်ထားတာ။ ကောင်းကင်အဆင့်စစ်သည်တော်တောင် ဖျက်ဆီးဖို့ ခက်တယ်။"
သူသည် ကျိယွမ်ကို သိပ်အထင်မကြီးပါ။
"မှန်တယ်... အဲဒီလို ခံစားချက်မျိုးပဲ။ မင်းတို့က ဒီလိုမျိုး စကားတွေကို များများ ပိုပြောသင့်တယ်... မဟုတ်ရင် ငါ အစွမ်းပြရတာ ပျင်းစရာကောင်းလိမ့်မယ်။"
တံခါးအားကြည့်နေသော ကျိယွမ်၏ မျက်လုံးထဲတွင် အပြုံးတစ်ခု ရှိနေ၏။
အိမ်ပါသမက်က အစွမ်းမပြခင်မှာ မည်သူကမှ သူ့ကို အထင်သေးပြီးလှောင်ပြောင်ခြင်း မပြုလျှင်စိတ်ဝိညာဉ် မရှိသကဲ့သို့ ဖြစ်နေပေလိမ့်မည် မဟုတ်ပါလား။
သူ့ပါးစပ်ကို ဖြတ်ရိုက်နိုင်မည့် လှပချောမောသောသခင်လေး ရှိလျှင် ပိုကောင်းမှာသေချာ၏။
သို့သော် ကျိယွမ်သည် နာကျင်မည်ကို ကြောက်သဖြင့် သူ၏ မျက်နှာကိုသာ ရိုက်စေချင်သည်။
ဟေးရှာညီအစ်ကိုထဲမှ ညီဖြစ်သူ၏ မျက်နှာမှာ အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်သွား၏။
ထူစိဟိုင်သည် ခဏမျှ မှင်တက်သွားသော်လည်း ကျိယွမ်၏ ထူးဆန်းသော စရိုက်ကို သတိရကာ စမ်းသပ်သည့်အနေဖြင့် နည်းနည်းမီးရှို့ပေးလိုက်သည်။
"ညီအစ်ကိုကျိရဲ့အင်အားနဲ့.. ဒီတံခါးကို ရိုက်တာက အသုံးဝင်ပါ့မလားလို့ ငါ စိုးရိမ်မိတယ်။"
ကျိယွမ်က သူ့အားဆက်ခနဲလှည့်ကြည့်၏။သူ၏မျက်ဝန်းများထဲ၌ အားမရမှုများ ပြည့်နေလေသည်။
"စော်ကားမှုက အရမ်း အားနည်းလွန်းတယ်။ မင်းတို့က ဇာတ်ညွှန်းတွေဘာတွေရော သေချာဖတ်ကြရဲ့လား၊ မင်းတို့ကို ပြဇာတ်တွေဘာတွေ ပြဖို့လိုပြီ"
ကျိယွမ်က စိတ်ပျက်စွာ ခေါင်းခါလိုက်၏။ထိုစော်ကားမှုက မလုံလောက်ပေ။
မျက်မမြင်အဘိုးအိုက ဘာမှမပြောချေ။ သူသည် ကျိယွမ်၏ ထောင်လွှားတတ်သော စရိုက်ကို မနှစ်သက်သဖြင့် အေးစက်စွာသာ ကြည့်နေ၏။
ထိုအချိန်တွင် ကျိယွမ်သည် နောက်ထပ်အပိုစကားများ မပြောတော့ဘဲ သူ၏လက်ကို ဆန့်ထုတ်ကာ ရှေ့သို့ အနည်းငယ် တွန်းလိုက်သည်။
ရုတ်တရက် ပြင်းထန်သော စွမ်းအားကြီးတစ်ခုက လက်မှထွက်ပေါ်လာလေသည်။
သူ၏ လက်များသည် ထက်မြက်သော မီးဖိုချောင်သုံးဓားများကဲ့သို့ တံခါးကြီးအား ဖြတ်တောက်လိုက်၏။
ဒုန်း...
သံချင်းထိသလိုအသံကြီးတစ်ခုသာ ကြားလိုက်ရပြီး ဖျက်ဆီး၍မရသော တံခါးနက်သည် တို့ဖူးတုံးများကဲ့သို့ ကြေမွသွားလေသည်။
လူတစ်ယောက်စာ အမြင့်ရှိသော ဝင်ပေါက်တစ်ခုက အားလုံး၏ မြင်ကွင်းထဲတွင် ပေါ်လာ၏။
"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။"
"တကယ်ပဲ ပျက်စီးသွားပြီ။"
အားလုံးမှာ မယုံကြည်နိုင်သော မျက်နှာထားများဖြင့် တုန်လှုပ်ခြောက်ခြားသွားကြပြီး တံခါးကြီးကိုတစ်လှည့် ကျိယွမ်ကိုတလှည့်ကြည့်နေကြ၏။
သူတို့သည် ကျိယွမ်ကို အလွန်သန်မာလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ဤမျှအထိ စွမ်းအားကြီးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။
တစ်ချက်တည်းဖြင့် တံခါးနက်ကို ကြေမွစေနိုင်သည့် ဤသို့သော အင်အားမျိုးကို... ကောင်းကင်အဆင့်စစ်သေနာပတိတစ်ဦးကသာ လုပ်ဆောင်နိုင်မည် မဟုတ်ပါလား။
လူအုပ်ကြီးက ပါးစပ်အဟောင်းသားဖြစ်နေသည်ကိုမြင်သောအခါ ကျိယွမ်က သဘောကျသလို ခေါင်းညိတ်၏။
"မင်းတို့ရဲ့ အခု တုံ့ပြန်မှုက ပုံမှန်ဖြစ်သွားပြီ။ ဒါက တီဗီမှာ ပြသတဲ့အတိုင်းပဲ။ အရင်က လှောင်ပြောင်မှုက အရမ်း အားနည်းလွန်းတယ်။"
ကျိယွမ်က ပြောရင်းသဘောကျစွာ လက်ခုပ်တီးလိုက်၏။
အားလုံးမှာ ဘာပြန်ပြောရမှန်းမသိဖြစ်ကုန်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။
သူက တစ်မျိုးတော့ တစ်မျိုးပဲ။
"ညီအစ်ကိုကျိက ဒီလောက် သန်မာလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ဒီလျှို့ဝှက်နယ်မြေ စူးစမ်းမှုကတော့ ညီအစ်ကိုကျိအပေါ်မှာပဲ လုံးလုံး မူတည်တော့မယ် ထင်တယ်။"
ထူစိဟိုင်က သင့်တော်သော အချိန်တွင် ချီးကျူးရမည်မှန်းကို ကောင်းကောင်းသိ၏။သူက အခွင့်သာခိုက် မြှောက်ပင့်ပေးလိုက်သည်။
မျက်မမြင်အဘိုးအိုသည်လည်း ကျိယွမ်ကို တစ်ချက်ကြည့်ကာ သူ၏ ယခင်က အတွေးများကို ရုပ်သိမ်းလိုက်၏။
ဝမ်သောက်ကတော့ ကျိယွမ်က အလွန်သန်မာနေသဖြင့် အလွန်ပျော်ရွှင်နေလေသည်။
ထိုစဉ် ဟေးရှာညီအစ်ကိုထဲမှ အစ်ကိုဖြစ်သူက သတိပေးလိုက်၏။
"အရာအားလုံးအတွက် ညီအစ်ကိုကျိကိုပဲ အားကိုးနေရရင် ရတနာကို ရှာတွေ့တဲ့အခါ ဘယ်လို ခွဲဝေကြမလဲ။"
သူ၏စကားကြောင့် အခြားသူများအားလုံး တိတိဆိတ်သွားကြလေသည်။
နေရာတိုင်း၌ ကျိယွမ်ကချည်း ဆောင်ရွက်နေလျှင် ရတနာများကို မည်သို့ ခွဲဝေမည်နည်း။
ကျိယွမ်က ရတနာအားလုံးကို ယူဆောင်သွားခြင်းမျိုး ဖြစ်နိုင်မလား။
"ဘယ်သူက မင်းတို့ကို မကူညီနိုင်ဘူးလို့ ပြောလို့လဲ။ မင်းတို့လည်း လုပ်နိုင်ပါတယ်..."
ချန်ခန်းပေါင်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးရင်း သူ၏လက်များကို လှန်ပြလိုက်၏။
"ရန်သူနဲ့ ကြုံတွေ့ရတိုင်း မင်းတို့က သခင့်ကို စိတ်ဓာတ်တက်ကြွအောင် ဆိုနာမှုတ်ပြီး ကူညီပေးရမယ်။"
သူ၏ လက်ထဲတွင် ဆိုနာများ၊ မောင်းများနှင့်ဗုံများ ရှိနေ၏။
အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဘာပြန်ပြောရမှန်းမသိဖြစ်ကုန်၏။
"သခင်က ကြင်နာတတ်တဲ့နှလုံးသား ရှိတယ်။ သူ့ရန်သူတွေ တိတ်တဆိတ် သေဆုံးသွားတာကို မကြည့်ရက်လို့ သူတို့အတွက် ကြီးကျယ်တဲ့ နာရေးပွဲတစ်ခု ကျင်းပပေးတာ။ ဧည့်ခံပွဲအတွက် ပေါက်စီတွေတောင် ငါ ယူလာသေးတယ်။"
ချန်ခန်းပေါင်သည် ကျိယွမ်၏ အကြံပေးပီသလှ၏။ သူသည် ကျိယွမ်၏ အတွေးများကို သိရှိပြီး အပြည့်အဝ ပြင်ဆင်ထားခြင်းပင်။
ဟေးရှာ ညီအစ်ကိုထဲမှ ညီဖြစ်သူ၏မျက်နှာမှာ ဖြူလျော်သွားလေ၏။
ယခုလို ဆိုနာမှုတ်ခိုင်းခြင်းက သူ့ကို စော်ကားခြင်းပင် မဟုတ်ပါလား။
ထိုစဉ် မျက်မမြင်အဘိုးအိုက ဆိုနာကို ယူလိုက်သည်။
"ငါ ဆိုနာမှုတ်ရင် ဒါက ငါ့ရဲ့ ပံ့ပိုးကူညီမှုလို့ ရေတွက်မှာလား။ အဲဒါဆို ဆိုနာမှုတ်ရလည်း ဘာဖြစ်လဲ။အဓိကက အလကားလူမဖြစ်ဖို့ပဲ"
ဆိုနာမှုတ်ခြင်းနှင့် နှိုင်းယှဉ်ပါက အပျက်အစီးများထဲတွင် လွင့်မျောနေရခြင်းက အလွန် အန္တရာယ်များလှ၏။
"ဒီလို ကောင်းတဲ့အရာ ရှိသေးတာလား။"
ညှို့ဓာတ်ပြင်းသော မိန်းမပျိုကလည်း ဆိုနာကို ယူကာ ညှို့ဓာတ်ပြင်းသော မျက်လုံးများဖြင့် ပြော၏။
"ငါက မှုတ်တဲ့နေရာမှာ အရမ်းတော်တယ်။"
ဝမ်သောက်ကလည်း ဆိုနာတစိလက်ကို ချက်ချင်းယူလိုက်သည်။
သူတို့၏လှုပိရှားမှုများကို မြင်သောအခါ ဟေးရှာ ညီအစ်ကိုထဲမှ ညီဖြစ်သူသည် တုံ့ဆိုင်းနေမိ၏။ သူ၏ အစ်ကိုဖြစ်သူက ဆိုနာ သွားယူသည်ကို မြင်မှသာ သူလည်း တစ်လက်ယူလိုက်သော်လည်း မျက်နှာအမူအရာမှာ အနည်းငယ် တောင့်တင်းနေသည်။
အားလုံး ဆိုနာများ ကိုင်ထားကြသည်ကို မြင်ရသောအခါ ကျိယွမ်သည် ဖန်ထုန်နယ်မြေထဲသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
သူသည် ချင်းရွှေရွာမှ ရွာသားများကို ဦးဆောင်ကာ အရပ်မျက်နှာအားလုံးကို အောင်နိုင်ခဲ့သည်မဟုတ်ပါလား။
သူတို့ ပျေည်ပျော်ပါးပါးသတ်ဖြတ်ပြီး အားရပါးရစားသောက်ကြ၏။
"စိတ်မပူပါနဲ့... ငါက ဒီဂိမ်းထဲက ရှယ်ယာရှင်တစ်ယောက်ပဲ။ ငါ့နောက်ကို လိုက်ခဲ့... ဘယ်သူမှ မင်းတို့ကို မတိုက်ခိုက်ဝံ့စေရဘူး။"
"မတော်တဆ တိုက်ခိုက်ခံရရင်တောင် နောက်ကျရင် ငါ မင်းတို့ကို ရှာပြီး ငါ့ရဲ့ မရဏကမ္ဘာထဲ ထည့်ပေးမယ်။"
ကျိယွမ်က ယုံကြည်မှုအပြည့်ရှိသော မျက်နှာဖြင့် အာမခံလိုက်၏။
အိမ်ပါသမက်တစ်ယောက်သည် ယုံကြည်မှု ရှိရမည် ဖြစ်၏။
သူ့ဘေးနားရှိ လူများသည် ဝေခွဲမရဖြစ်နေသော်လည်း ဘာပြောရမှန်း မသိကြချေ။
ချန်ခန်းပေါင်တစ်ဦးတည်းသာ အသံထွက်လာ၏။
"သခင်က ကောင်းကင်က လာတဲ့ နတ်ဘုရားတစ်ပါးပဲ။ သခင်နောက်ကို လိုက်ရင် နေ့တိုင်း စားဖို့ ပေါက်စီတွေ ရှိလိမ့်မယ်။"
ဟေးရှာ ညီအစ်ကိုထဲမှ ညီဖြစ်သူက ချန်ခန်းပေါင်ကို ကြည့်လိုက်ရာ သူ၏မျက်လုံးထဲတွင် အထင်သေးသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
ဤအဘိုးကြီးသည် အလွန် အရှက်မရှိသလို တန်ဖိုးလည်းမဲ့လှသဖြင့် စစ်တမန်တစ်ဦး ဖြစ်ရန်ပင် မထိုက်တန်ချေ။
"ကဲ စလိုက်ကြစို့"
ကျိယွမ်၏ ဦးဆောင်မှုအောက်တွင် အားလုံး တံခါးနက်ထဲသို့ ဝင်ခဲ့ကြ၏။
၁၅ မိနစ်ခန့် ကြာပြီးနောက် ဆိုနာသံ ထွက်ပေါ်လာလေသည်။
မကြာမီမှာပင် ဒေါသခက်ထန်နေသော မျက်နှာထားများနှင့် အရိပ်နက် ငါးခု ပေါ်လာ၏။တစ်ခုချင်းစီတွင် မြေကမ္ဘာအဆင့်တစ်ဦး၏ အင်အား ရှိနေကြပြီး သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်နေကြသည်။
သူတို့က အားလုံးကို သတ်ဖြတ်ရန် လာကြခြင်းပင်။
"ငါ့အစွမ်းကို ပြပြီးတာတောင်... မင်းတို့က ငါ့ကို သတ်ဖို့ လာဝံ့သေးတယ်ပေါ့။ ငါ့ကို တကယ်ပဲ အသုံးမကျတဲ့ အိမ်ပါသမက်လို့ ထင်နေတာလား။"
ကျိယွမ်က တည်ငြိမ်စွာ ကြည့်ရင်း မြေပြင်ကို ခြေထောက်ဖြင့် အသာအယာဆောင့်လိုက်ရာ ကျောက်ခဲ ငါးလုံး လွင့်တက်လာ၏။သူက ထိုကျောကိခဲများကို လှလှပပ ကန်ထုတ်ပေးလိုက်သည်။
ဝှစ်......။
ကျောက်ခဲများသည် အမြောက်ဆန်များကဲ့သို့ အရိပ်နက် ငါးခုဆီသို့ ပျံသန်းသွားသည်ကို အားလုံး မြင်လိုက်ရ၏။
အရိပ်နက်ငါးခု၏ ခန္ဓာကိုယ်များ တွန့်လိမ်သွားပြီးနောက် ကောင်းကင်မှ ရုတ်တရက် ပြုတ်ကျသွားကြလေသည်။မြေပြင်ပေါ်ရောက်သောအခါ မည်သူမျှထွက်သက်ဝင်သက် မရှိတော့ချေ။
ချန်ခန်းပေါင်၏ မျက်နှာတွင် အပြုံးကြီးကြီးတစ်ခု ရှိနေ၏။
"သခင်က တကယ့်ကို သန်မာတာပဲ။ ဆိုနာသံ မြည်တာနဲ့ ဒီမှင်စာတွေ သေကုန်ကြပြီ။"
ထူစိဟိုင်ကတော့ ဤမြင်ကွင်းကို ကြည့်ကာ ထပ်မံ၍ မျက်လုံးပြုူးသွားတော့သည်။
ညီအစ်ကိုကျိက အရမ်းသန်မာလွန်းတယ်။
ဟေးရှာ ညီအစ်ကိုထဲမှ ညီဖြစ်သူပင်လျှင် ကျိယွမ်အားငေးကြောင်ကာ ကြည့်နေ၏။
အကယ်၍ သူတို့ချည်းသာ လာပါက ဤမှင်စာငါးကောင်ကို သတ်ရန် တိုက်ပွဲကြီးတစ်ခု ဆင်နွှဲရမှာ အသေအချာပင်။
"လာကြ... စားသောက်ပွဲ လုပ်မယ်... ဒါမျိုးက ပွဲ လုပ်ရမဲ့အချိန်ပဲ။"
ချန်ခန်းပေါင်က အားရပါးရပြောရင်းမှ သူ၏ရင်ခွင်ထဲမှ ပေါက်စီများကို ထုတ်လိုက်၏။ယခုအကြိမ်တွင်တော့ အားလုံးမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးနောက် ပေါက်စီတစ်လုံးစီစားလိုက်ကြရသည် ။ သူတို့ စက်ဆုပ်ရွံရှာနေလျှင်ပင် နှာခေါင်းကိုပိတ်ကာ ပေါက်စီများကို ကြိတ်မှိတ်ကာ မျိုချလိုက်ကြ၏။
"ဒီမှင်စာမှာ မျက်လုံးလှလှလေးတွေ ရှိနေပြီး တန်ဖိုးနည်းနည်းရှိပုံရတယ်။ မင်းတို့က ဆိုနာမှုတ်ပေးနေရတာဆိုတော့ ဒါက မင်းတို့ ပိုင်ဆိုင်တာပေါ့။"
ကျိယွမ်၏ စကားကြောင့်
ပေါက်စီအား ကြိတ်မှိတ်မျိုချနေသော ထူစိဟိုင် ခဏမျှ မှင်တက်သွား၏။
"ဒီမျက်လုံးအိမ်တွေက... တန်ဖိုးရှိလို့လား။"
ထူးဆန်းသော မျက်လုံးများသည် ကြည့်ကောင်းသော်လည်း အသုံးမဝင်သလောက်ပင်။
ဒီမျက်လုံးအိမ်တွေကို စားလို့ရလို့လား။
"အင်း..တန်ဖိုး သိပ်မရှိပါဘူး... ရာဂဏန်းလောက်ပဲ တန်လိမ့်မယ်။"
"ဒီတစ်ခါတော့ ညီအစ်ကိုကျိက အကုန်အားထုတ်ခဲ့တာပဲ။ ဒီရတနာက ညီအစ်ကိုကျိပဲ ပိုင်သင့်တာပါ။"
ဟေးရှာ ညီအစ်ကိုထဲမှ အစ်ကိုဖြစ်သူက ယဉ်ကျေးစွာ ဝင်ပြောလိုက်၏။
"ငါ မလိုချင်ဘူး။"
ကျိယွမ်က ခေါင်းခါ၏။
တခြားသူများကလည်း ထိုအရာကို အလေးအနက် မထားကြချေ။ ၎င်းသည် အဆင့်မြင့် ရတနာတစ်ခု မဟုတ်လောက်သဖြင့် ထိုမျှလောက်ကိုတော့ သူတို့ စွန့်လွှတ်နိုင်ပါသည်။
ထူစိဟိုင်က ထိုအချိန်တွင် ဝင်မေးလိုက်၏။
"ဒီမျက်လုံးတွေက... ဘာအတွက် သုံးတာလဲ။"
"ကာမအားတိုးဆေး... ပြီးတော့... အဲဒါက မိန်းမတွေကို..."
ကျိယွမ်၏ စကားမဆုံးခင်မှာပင် အလောတကြီးအသံတစ်ခု ထွက်ပေါ်လာပြီး လူငါးယောက်သည် ထိုထူးဆန်းသောဝိညာဉ်ကောင်များ၏ အလောင်းများဆီသို့ ပြေးသွားကြ၏။
"အစ်ကို... ငါ့အတွက် တစ်ခု ချန်ထားဦး။ အစ်ကိုက နှစ်ခုရသွားပြီ။"
ဟေးရှာ ညီအစ်ကိုထဲမှ ညီဖြစ်သူသည် သူမရလိုက်မှာ အလွန် စိုးရိမ်နေ၏။
"ညီလေး... မင်းက ငယ်သေးတယ်။ အကြီးကို ဦးစားပေးရမယ်မှတ်လား။"
"ဘာငယ်တာလဲ ၊ ငါတို့က အမြွှာတွေလေ။"
မလှမ်းမကမ်းတွင်ရှိနေသော ညှို့ဓာတ်ပြင်းသော မိန်းမပျို၏ မျက်နှာတွင် စက်ဆုပ်ရွံရှာသလို အပြုံးတစ်ခု ပေါ်လာ၏။
"အသုံးမကျတဲ့ ယောက်ျားတွေပဲ။"
သူမက ပြောပြီးနောက် မျက်လုံးများကို ဝင်လုနေသော မျက်မမြင်အဘိုးအိုကို ကြည့်လိုက်သည်။
"မျက်မမြင်... ရှင်က အမြဲတမ်း မြင့်မြတ်နေတာ မဟုတ်ဘူးလား။ ရှင်က မိန်းမတွေနဲ့ မနီးစပ်ဘူးလေ။"
"ဟွန်း။"
မျက်မမြင်အဘိုးအိုက နှာခေါင်းရှုံ့လေ၏။
"ငါ့မှာ သူငယ်ချင်းတစ်ယောက် ရှိလို့... သူ့အတွက် ယူပေးတာ။"
သူက ပြောရင်း မျက်လုံးအိမ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ သူ၏ သိုလှောင်ရေးမှော်လက်နက်ထဲသို့ အမြန်ထည့်လိုက်သည်။
"ငါ ကြယ်ပြာကို ပြန်မသွားနိုင်တာ ကံဆိုးတာပဲ။ မဟုတ်ရင် ဒီမျက်လုံးတွေကို ယူသွားမှာ။"
ကျိယွမ်ကလည်း ခံစားချက်အပြည့် ညည်းညူ၏။
သူသည် ချမ်းသာကြွယ်ဝရန် အခွင့်အရေးများစွာကို လွဲချော်ခဲ့ရသည် မဟုတ်ပါလား။
အကယ်၍ သူသာ ထိုကဲ့သို့သော မျက်လုံးအိမ်များကို အမြောက်အမြား ထုတ်လုပ်နိုင်ပါက ကြယ်ပြာပေါ်တွင် သူ သူရဲကောင်းအဖြစ် သတ်မှတ်ခံရမှာ အသေအချာပင်။
"ဆက်သွားကြစို့။"
လမ်းတစ်လျှောက်တွင် အားလုံးသည် ဘေးအန္တရာယ်များစွာနှင့် ကြုံတွေ့ခဲ့ကြရ၏။ရလဒ်အနေဖြင့် ၎င်းတို့အားလုံးကို ကျိယွမ်က လွယ်ကူစွာ ချေမှုန်းပစ်ခဲ့သည်။
ဆိုနာသံသည် မကြာခဏဆိုသလို မြည်လာတတ်သော်လည်း အသက်ရှုကြိမ်အနည်းငယ်အတွင်း ရုတ်တရက် ရပ်တန့်သွားတတ်၏။
ကျိယွမ်သည် ဘက်စုံတော်သောစစ်သည်တော်ကဲ့သို့ အားနည်းချက် လုံးဝမရှိဘဲ အလွန် သန်မာလွန်းလှသည်။
မြန်ဆန်သော မှင်စာများ၊ သန်မာသော မှင်စာများ...အားလုံးမှာ သူ့ကို မယှဉ်နိုင်ကြချေ။
ကျိယွမ်သည် ပြိုင်ဘက်ကင်း အနေအထားဖြင့် ရှေ့သို့ တိုးဝှေ့သွားခဲ့သည်ဟုပင် ပြောနိုင်၏။
"သတိထားကြ... ငါ ပါးစပ်ရွဲ့တော့မယ်။"
"တည်ခင်းဧည့်ခံပွဲ စပြီ။"
"သတ်... သတ်... သတ်။"
နောက်က လိုက်လာကြသူများသည် အစပိုင်းတွင် မရဲတရဲရှိကြသော်လည်း အတွင်းထဲသို့ နက်ရှိုင်းစွာ ရောက်ရှိလာသည်နှင့်အမျှ သူတို့ မရှက်မကြောက် ဖြစ်လာကြသည်။
"ညီအစ်ကို... ငါ ကျယ်ကျယ်လေး မှုတ်ရမလား။"
"မင်းမှုတ်တာထက် ငါမှုတ်တာက ပိုကျယ်တယ်"
"တော်စမ်း မင်းတို့ကကျယ်တာပဲရှိတာ ၊ ငါက သံစဥ်အတတ်အကျမှန်တယ် "
သူတို့လူအုပ်သည် ဆိုနာများကို အလုအယက်မှုတ်ကာ သူထက်ငါ ရှေ့သို့တိုးဝင်လာကြတော့သည်။
.........
"အဟွတ်..."
ထိုအချိန်၌ အပျက်အစီးများ၏ အတွင်းပိုင်းအနက်တွင် ကွန်ဖြူးရှပ်ဝတ်စုံဝတ်ပညာရှိတစ်ဦးသည် ချောင်းဆိုးလိုက်ရာ သူ၏ ပါးစပ်ထောင့်မှ သွေးများ လျှံကျလာ၏။
မိုစန်းခုန်း၏ မျက်လုံးထဲတွင် နောက်ပြောင်လိုသော အရိပ်အယောင်များ ရှိနေသည်။
"ငါ နင်နိုင်ငံကို လာတဲ့အခါ... ရှန်နိုင်ငံ ဝမ်တိုင်းစံအိမ်ရဲ့ မဟာယစ်ပူဇော်ဝိုင်နဲ့ ဆုံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"
ရှန်နိုင်ငံသည် ရိုရှားနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံငယ်တစ်ခု ဖြစ်၏။
ရှန်နိုင်ငံတွင် ဘုရင်မရှိဘဲ အကြီးအကဲများအဖွဲ့သာ ရှိလေသည်။
ထိုသို့သော စနစ်အောက်တွင် ရှန်နိုင်ငံသည် ဒဏ္ဍာရီလာ တရားစီရင်ရေးနတ်ဘုရားကို အလွန်အားထားကိုးကွယ်ကြ၏။
တရားစီရင်ရေးနတ်ဘုရား ရှိနေဆဲအချိန်တွင် ရှန်နိုင်ငံသည် ရိုရှားနိုင်ငံ၏ လက်အောက်ခံနိုင်ငံ ဖြစ်ခဲ့ပြီး နတ်ဘုရား၏ တည်ရှိမှုအလင်းရောင်သည် ရှန်နိုင်ငံအပေါ်တွင်လည်း တောက်ပခဲ့သည်။
သို့သော် နတ်ဘုရားကျဆင်းသွားကတည်းက ရှန်နိုင်ငံသည် ရိုရှားနိုင်ငံမှ ပြတ်ပြတ်သားသား ထွက်ခွာခဲ့၏။
၄င်းသည် ရိုရှားနိုင်ငံကို အလွန်အမင်း ဒေါသထွက်စေခဲ့သည်။
အထူးသဖြင့် ရှန်နိုင်ငံသည် တရားစီရင်ရေးအဖွဲ့ကို တိတ်တဆိတ် ကူညီပေးခဲ့ခြင်းပင်။ ရှန်နိုင်ငံ၏ တိတ်တဆိတ် ကူညီမှုကြောင့်သာ တရားစီရင်ရေးအဖွဲ့သည် အင်အားများစွာကို ထိန်းသိမ်းထားနိုင်ခဲ့ခြင်း ဖြစ်၏။
ယခုအခါ မိုစန်းခုန်းသည် ရှန်နိုင်ငံ၏ မဟာယစ်ပူဇော်ဝိုင်ကို နောက်ပြောင်လိုသော အပြုံးဖြင့် ကြည့်နေ၏။
မဟာယစ်ပူဇော်ဝိုင်ကို သတ်ပစ်ခြင်းသည် အောင်မြင်မှုတစ်ခုပင်။
"မင်းက ကောင်းကင်အဆင့်ကို ဝင်ခါစပဲ ရှိသေးတာ။ ငါ့ကို ဘယ်လို ပြိုင်မလဲ။"
မိုစန်းခုန်းက ကွန်ဖြူးရှပ်ဝတ်စုံဝတ်လူကို ကြည့်လိုက်ရင်း သူ၏မျက်လုံးထဲတွင် ရက်စက်သော အပြုံးတစ်ခုပေါ်လာ၏။
ထို့နောက် လင်းယုန်လက်သည်းကဲ့သို့ ထက်မြသော လက်တစ်ဖက်သည် ကွန်ဖြူးရှပ်ဝတ်စုံဝတ်လူဆီသို့ လှစ်ခနဲရိုက်ခတ်သွား၏။ ကွန်ဖြူးရှပ်ဝတ်စုံဝလူက လျင်မြန်စွာ ခုခံခဲ့သော်လည်း သူ၏ ပခုံးပေါ်တွင် သွေးရာတစ်ခု ကျန်ရစ်ခဲ့ပြီး သွေးများ စီးကျလာသည်။
မိုစန်းခုန်းက ဆက်လက် တိုက်ခိုက်တော့မည့်အချိန်တွင် ရုတ်တရက် မလှမ်းမကမ်းမှ ဆိုနာသံတစ်ခု ထွက်ပေါ်လာ၏။
သူက ရုတ်တရက် လှည့်ကြည့်လိုက်ရာ ကြေးတံခါးတစ်ခု ပွင့်လာပြီး လူအချို့ သူ့ရှေ့သို့ ရောက်လာသည်ကို မြင်လိုက်ရလေသည်။
လူရှစ်ယောက်အဖွဲ့သည် သူ၏ မြင်ကွင်းထဲတွင် ပေါ်လာ၏။
ဆိုနာသံ ရပ်တန့်သွားသည်။
ဆိုနာမှုတ်သူများသည် မိုစန်းခုန်းကို မြင်သောအခါ မျက်နှာများတွင် အံ့ဩခြင်းနှင့် ကြောက်ရွံ့ခြင်းများ ပေါ်လာကြကာ ချက်ချင်းရပ်ကုန်၏။
"ကောင်းကင်နဲ့လူသားတစ်သားတည်းဖြစ်ခြင်း... ဒါက ကောင်းကင်အဆင့်စစ်တမန်ပဲ။"
"တခြားတစ်ယောက်ကလည်း... ကောင်းကင်အဆင့်စစ်သည်တမန်တော်တွေ တိုက်ခိုက်နေတာလား။"
ဝမ်သောက်သည် တစ်စုံတစ်ခုကို ပြောတော့မည့်အချိန်တွင် တစ်ခုခုကို တွေးမိကာ သူ၏ပါးစပ်ထဲမှ စကားလုံးများကို ပြန်မျိုချလိုက်၏။
သူ အရင်က မိုစန်းခုန်းနှင့် ဆုံတွေ့စဉ်က မိုစန်းခုန်းသည် မည်သည့်အင်အားကိုမျှ မပြခဲ့သဖြင့် သူသည် သန်မာသော မြေကမ္ဘာအဆင့်စစ်တမန်တစ်ဦးဟု ထင်ခဲ့သည်။
သို့သော် ယခုအခါ မိုစန်းခုန်းသည် တခြားသူများနှင့် တိုက်ခိုက်နေသဖြင့် သူ၏ လူနှင့်သဘာဝသဟဇာတဖြစ်ခြင်းအရှိန်အဝါသည် သိသာထင်ရှားစွာ ပေါ်လွင်နေ၏။
ကျိယွမ်က သန်မာသော်လည်း ကောင်းကင်နှင့်လူသားတစ်သားတည်းဖြစ်ခြင်းကို မပြသခဲ့ချေ။
သူ၏ ခွန်အားနှင့် အရှိန်သည် မိုစန်းခုန်းထက် များစွာ သာလွန်နေလျှင်ပင် လူနှင့်သဘာဝသဟဇာတဖြစ်ခြင်း အခြေအနေကို သန်မာသော ခွန်အားနှင့် မြန်ဆန်သော အရှိန်ဖြင့် အစားမထိုးနိုင်ချေ။
ထူစိဟိုင်သည်လည်း တစ်စုံတစ်ခုကို သိရှိသွားပြီး လျင်မြန်စွာ ပြော၏။
"စီနီယာ... ကျွန်တော်တို့က ကျူးကျော်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါကြောင့် အခုပဲ ထွက်သွားပါ့မယ်။"
သူသည် အလွန် နှိမ့်ချနေ၏။
ထိုစဉ် မိုစန်းခုန်း၏ မျက်လုံးထဲတွင် လှောင်ပြုံးတစ်ခု ရုတ်တရက် ပေါ်လာပြီး သူတို့အားတုန့်ပြန်လိုက်သည်။
"မင်းတို့ ထွက်သွားလို့ရတယ်... ဒါပေမဲ့ အဲဒီအဘိုးကြီးကတော့ ကျန်ခဲ့ရမယ်။"
သူသည် ရူးသွပ်သော မျက်လုံးများဖြင့် ချန်ခန်းပေါင်ကို ညွှန်ပြလိုက်ပြီး ကွန်ဖြူးရှပ်ဝတ်စုံဝတ်ပညာရှိကို ပြန် ကြည့်လိုက်ရာ သူ၏မျက်လုံးထဲတွင် ကောက်ကျစ်သော အပြုံးတစ်ခု ဖြတ်ပြေးသွား၏။
"မင်းက ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဖုံးကွယ်ထားပေမယ့် ဒီအဘိုးကြီး ပေါ်လာတဲ့အချိန်မှာ မင်းရဲ့ မျက်လုံးထဲမှာ ဖြတ်ပြေးသွားတဲ့ အံ့ဩမှုနဲ့ စိုးရိမ်မှုကို ငါ သတိထားမိသေးတယ်။ မင်း သူ့ကို သိနေတာပဲ... ပြီးတော့ အရမ်း ရင်းနှီးတယ်။"
မိုစန်းခုန်းသည် လေထဲတွင် ရပ်နေပြီး သူ၏ မျက်လုံးများသည် ယုံကြည်မှုနှင့် ခမ်းနားသော အရှိန်အဝါများဖြင့် ပြည့်နှက်နေ၏။
သူသည် လောက၏အရှင်သခင်ကြီး ဖြစ်နေသည့်အလားပင် ။
"သူ ကျန်ခဲ့မယ်... မင်းတို့ ထွက်သွား။"
"မဟုတ်ရင်... အားလုံး သေရလိမ့်မယ်။"
သူ၏အသံသည် အာဏာစက်ပြင်းပြီး အထင်သေးမှုများဖြင့် ပြည့်နှက်နေ၏။
ကွန်ဖြူးရှပ်ဝတ်စုံဝတ်လူသည် စိုးရိမ်ပူပန်မှုများနှင့်အတူ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်များဖြင့် ပြည့်နှက်သွားလေသည်
ငါ့ကြောင့် သခင်ကြီးချန်ကို ထိခိုက်အောင် လုပ်မိတာ။
အခြားတစ်ဖက်တွင် ထူစိဟိုင်နှင့် တခြားသူများသည်လည်း အနည်းငယ် စိုးရိမ်နေကြ၏။
အဘယ်ကြောင့်ဆိုသော် ဤမိုစန်းခုန်းသည် သူတို့ မြင်ဖူးသမျှ ကောင်းကင်အဆင့်စစ်သေနာပတိများထက် ပိုမိုပြင်းထန်သော ဖိအားကို ပေးနေသောကြောင့် ဖြစ်၏။
သူတို့ ပူးပေါင်းလျှင်ပင် ဤသူကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
ကျိယွမ်က ဘယ်လောက်ပဲ သန်မာပါစေ... သူသည် ကောင်းကင်နှင့်လူသားတစ်သားတည်းဖြစ်ခြင်း အဆင့်သို့ မရောက်သေးသဖြင့် မိုစန်းခုန်းအား မယှဥ်နိုင်ပါ။
ထိုအချိန်တွင် ကျိယွမ်ထံမှ အသံထွက်လာ၏။
"ဟေး... မိန်းမစိုးအိုကြီး... မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား။"
သူက မိုစန်းခုန်းအား အံ့သြသလိုကြည့်ကာ ဆက်ပြောလေသည်။
"မင်း ငါတို့ကို လွှတ်ပေးရင်တောင် ငါက မင်းကို မလွှတ်ပေးချင်ဘူး။"
မိုစန်းခုန်း၏ မျက်နှာအမူအရာသည် ရုတ်တရက် အေးစက်သွား၏။ လူတွေ သူ့ကို မိန်းမစိုးဟု ခေါ်သည်ကို သူ မနှစ်သက်ပါ ။ ၄င်းက သူ့ကို နာကျင်စေသည်။
"ကောင်းပြီ... ဒီနိုင်ငံငယ်လေးမှာ ဒီလောက်အထိ သတ္တိရှိပြီး မဆင်မခြင် လုပ်ဝံ့တဲ့သူတွေ အများကြီး ရှိလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒီနေ့... မင်းတို့ ဘယ်သူမှ မထွက်ခွာနိုင်စေရဘူး။"
မိုစန်းခုန်း၏ စိတ်ထဲတွင် သတ်ဖြတ်လိုသောဆန္ဒများထွက်ပေါ်လာ၏။
ထူစိဟိုင်နှင့် တခြားသူများသည် ခိကိခိင်း သတိအနေအထားဖြစ်သွားကြသည်။
ထူစိဟိုင်က အံကြိတ်ကာ ဆို၏။
"ညီအစ်ကိုကျိ... မင်းက အဓိက တိုက်ခိုက်သူ လုပ်ပါ... ငါတို့က မင်းကို ကူညီမယ်... ငါတို့ အတူတူ တိုက်ခိုက်ကြတာပေါ့။"
ယခုအချိန်တွင် မိုစန်းခုန်းသည် သတ်ဖြတ်လိုသော ဆန္ဒများဖြင့် ပြည့်နှက်နေလေပြီ သူတို့ ဘာပြောပြော အသုံးမဝင်တော့ချေ။ တိုက်ခိုက်မှသာ အားလုံး ရှင်သန်နိုင်ခွင့် ရှိလိမ့်မည်။
ကျိယွမ်က သူတို့အား အလိုမကျသလိုလှည့်ကြည့်၏။
"မင်းတို့က လက်နက်တွေထုတ်ပြီး ဘာလုပ်နေတာလဲ။ သီချင်း ဆက်တီးကြ... ဆိုနာကို ဆက်မှုတ်ကြလေ.. ငါ သူ့ကို နှုတ်ဆက်လိုက်မယ်။"
အားလုံးမှာ ကြောင်တောင်တောင်ဖြစ်ကုန်သည်။
"ဒါပေမဲ့ သူက ကောင်းကင်အဆင့်လေ။အကုန်ဝိုင်းတိုက်ရမှာ မဟုတ်ဘူးလား"
မျက်မမြင်အဘိုးအိုက သူ၏ကျန်နေသော မျက်လုံးတစ်ဖက်ဖြင့် ကျိယွမ်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေ၏။
သူက တကယ်ပဲ ရူးသွားတာလား။
"ဟွန်း... ကောင်းကင်အဆင့်စစ်တမန်လေး တစ်ယောက်ကများ ငါ့ သခင်ကို လာရင်ဆိုင်တယ်တဲ့ ၊ အသက်ပျောက်ချင်နေလို့ပေါ့ "
ချန်ခန်းပေါင်က လက်ထဲမှ ပေါက်စီကို ပါးစပ်ထဲသို့ ထိုးထည့်ပြီး ကိုက်ထားကာ လက်မြှောက်အမိန့်ပေး၏။
"သီချင်းတီးစမ်း။"
ထူစိဟိုင်နှင့် တခြားသူများသည် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ လက်နက်များကိုသိမ်းကာ ဆိုနာကို ပြန်ထုတ်ယူပြီး မှုတ်လိုက်ကြ၏။ သို့သော် သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေပြီး
အချိန်မရွေး တုန့်ပြန်ရန် ပြင်ဆင်ထားကြလေသည်။
ထိုစဉ် ကျိယွမ်က မိုစန်းခုန်းကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။
"မိုစန်းခုန်း... မင်း ဘာရာဇဝတ်မှု ကျူးလွန်ခဲ့လဲဆိုတာ မင်း သိလား။"
မိုစန်းခုန်း၏ မျက်နှာအမူအရာသည် အနည်းငယ် မှင်တက်သွား၏။
"မင်း ငါ့ကို သိတာလား။"
"သိတာပေါ့ ၊ မင်းက ငါ့ဇနီး ရှန်လင်ရွှမ်းကို တကယ်ပဲ လုယူချင်နေတာလေ။ မင်းသာ သူ့ကို လုယူရင် ငါ ဘယ်လိုလုပ် အိမ်ပါသမက်ဖြစ်နိုင်တော့မှာလဲ။
မင်းက သေဒဏ်ထိုက်တဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့တာမို့ ခွင့်လွှတ်လို့မရဘူး။
မင်း ဦးခေါင်းညွတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်ဆိုရင် မင်း သေပြီးနောက် မင်းရဲ့ ကိုယ်ပိုင်ထမင်းကို စားနိုင်အောင် ငါ အကျိုးကျေးဇူးတချို့ ပေးနိုင်ပါတယ်။"
ကျိယွမ်သည် အလွန် သဘောထားကြီးပြီး ကြင်နာတတ်သူ ဖြစ်၏။ ရာဇဝတ်ကောင်များကို ရင်ဆိုင်ရချိန်တွင်ပင် သူတို့၏ လူ့အခွင့်အရေးကို လေးစားသည်။
သို့သော် သေပြီးနောက် ကိုယ်ပိုင်ထမင်းကို မည်သို့ စားနိုင်မည်နည်း။
ဒါက အလွန် ရိုးရှင်းလှ၏။ သူ၏ ဝမ်းဗိုက်ကို ဓားဖြင့်ခွဲကာ ပေါက်စီကို အတွင်းထဲသို့ သွတ်သွင်းလိုက်ရုံသာ။
"မင်းက သေချင်နေတာပဲ။"
မိုစန်းခုန်း အလွန်ဒေါသထွက်သွားတော့သည်။
"ရှန်လင်ရွှမ်းကို ငါ့မင်းသားက သဘောကျထားတာ။ မင်း သူ့ကို ရှာဖွေပြီး ငါ့မင်းသားဆီ ဆက်သလိုက်၊ ပြီးရင် မင်း ကိုယ့်ကိုယ်ကိုယ် သတ်သေ၊ ဒါဆိုရင် မင်းရဲ့ မိသားစုတစ်ခုလုံး အသက်ရှင်နိုင်လိမ့်မယ်။"
" ငါက မိဘမဲ့တစ်ယောက်လေ။ မင်း ငါ့မိသားစုတစ်ခုလုံးကို အသက်ပြန်သွင်းပေးနိုင်လို့လား။"
ထိုအခိုက် ဆိုနာသံသည် မြန်ဆန်လာပြီး ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
တေးသံအတွင်း၌ ဝမ်းနည်းစရာ ကောင်းသော အရိပ်အယောင်အချို့ရောယှက်နေသလိုပင်။
ကွန်ဖြူးရှပ်ဝတ်စုံဝတ်ပညာရှိသည်လည်း အလွန် စိုးရိမ်နေပြီး ဝေခွဲမရ ဖြစ်နေသည်။
ကျိယွမ်သည် အရူးဂေဟာမှ အရူး မဟုတ်ပါလား။
ထိုစဉ်က သူသည် ရိုးရိုးလူတစ်ယောက် သာဖြစ်၏။
ဒါပေမဲ့ သူက အခု ဘာလို့ ဒီလောက်အထိ သန်မာနေရတာလဲ။
"သေစမ်း။"
မိုစန်းခုန်းက ဒေါသတကြီးဟိန်းဟောက်ကာ ကောင်းကင်နှင့်လူသား သဟဇာတဖြစ်ခြင်း အခြေအနေတွင် သူသည် ကောင်းကင်နှင့်မြေကမ္ဘာ၏စွမ်းအားကို တိုက်ရိုက်အသုံးပြုကာ ကျိယွမ်ဆီသို့ ဖိနှိပ်လိုက်၏။
"ကောင်လေး... မင်း ကောင်းကင်အဆင့်ကို မရောက်ရင် နောက်ဆုံးတော့ ပုရွက်ဆိတ်တစ်ကောင်ပဲ ဖြစ်လိမ့်မယ်။ မင်း ကောင်းကင်နှင့်မြေကမ္ဘာ၏စွမ်းအားက ဘာလဲဆိုတာကို မသိသေးဘူး။"
မိုစန်းခုန်းသည် အလွန် အာဏာစက်ပြင်းလှ၏။
သူ၏ ကိုယ်ပိုင်ခွန်အားသည် ကျိယွမ်ထက် မသာလွန်ချေ။
သို့သော် ကောင်းကင်နှင့်လူသားတစ်သားတည်းဖြစ်ခြင်း အခြေအနေတွင် သူသည် မီတာတစ်ဆယ် ပတ်လည်အတွင်းရှိ ကောင်းကင်နှင့်မြေကမ္ဘာ၏စွမ်းအားကို ရယူနိုင်သည်။
ထိုသို့သော စွမ်းအားမျိုးသည် ကီလိုဂရမ် သောင်းချီရှိသဖြင့် လူသားမဟုတ်သော တည်ရှိမှုများပင် မခုခံနိုင်ချေ။
၄င်းသည် ကောင်းကင်အဆင့်စစ်သေနာပတိများနှင့် မြေကမ္ဘာအဆင့်စစ်သေနာပတိများကြားက အကြီးမားဆုံး ကွာခြားချက်ပင်။
သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှုတွင် မြေကမ္ဘာအဆင့်စစ်သေနာပတိက ကောင်းကင်အဆင့်စစ်သေနာပတိကို အနိုင်ယူနိုင်သည့် ဥပမာ မရှိခဲ့ချေ။
"ကောင်းကင်နှင့်မြေကမ္ဘာ၏စွမ်းအားလား။"
ကျိယွမ်က တခိခိ ရယ်မောလိုက်၏။
"မိန်းမစိုးအိုကြီး... မင်း ရှယ်ယာရှင်တွေရဲ့ တန်ဖိုးကို... နားလည်လား။"
သူက ရုတ်တရက် သူ့ကို လက်သီးဖြင့် ဝှစ်ခနဲ ပစ်ထိုးလိုက်၏။
ထိုလက်သီးချက်ကိုမြင်လျှင် မိုစန်းခုန်း၏ မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်သွားသော အရိပ်အယောင်များ ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော် သူ စုဆောင်းထားသော ကောင်းကင်နှင့်မြေကမ္ဘာ၏စွမ်းအားသည် ကြေမွသွားသည် မဟုတ်ပါလား။
မဟုတ်ပါ... ၄င်းက ကြေမွသွားခြင်း မဟုတ်ဘဲ လွင့်စင်ပြီး ပျော့ပြောင်းသွားခြင်းဖြစ်၏။
၄င်းက သားဖြစ်သူသည် နိုက်ကလပ်မှာ အဖေဖြစ်သူနှင့် ဆုံတွေ့ရသကဲ့သို့ပင်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။"
မိုစန်းခုန်းမှာ ထိတ်လန့်မှုနှင့်အတူ ဝေခွဲမရ ဖြစ်နေ၏။
ကောင်းကင်နှင့်မြေကမ္ဘာ၏စွမ်းအားသည် ကောင်းကင်အဆင့်စစ်သည်တော်များအတွက် အင်အားအကောင်းဆုံး အထောက်အပံ့ပင်။
ကောင်းကင်နှင့်မြေကမ္ဘာ၏စွမ်းအားက လူများကို ဖိနှိပ်နိုင်ပြီး ၄င်းသည် သူ့ထက်ပိုမိုသန်မာသော ကောင်းကင်နှင့်မြေကမ္ဘာ၏စွမ်းအားကြောင့်သာ ပျက်ပြယ်နိုင်သောအရာဖြစ်၏။
သို့သော် ယခုတော့ ကောင်းကင်နှင့်မြေကမ္ဘာ၏စွမ်းအားက သာမန်လူတစ်ယောက်၏ လက်သီးချက်ကြောင့် ပိက်ပြယ်သွားလေသည်။
မည်သို့ဖြစ်နိုင်မည်နည်း။
ဝုန်း....
ကံမကောင်းစွာဖြင့် သူ၏ ဝေခွဲမရဖြစ်မှုသည် ဘာမှ အသုံးမဝင်တော့ချေ။
သူသည် ကျိယွမ်၏ အနှစ်သာရနှင့်သွေး မရှိဘဲ ဤကမ္ဘာနှင့် ဤဂိမ်းသည် တည်ရှိလာလိမ့်မည်မဟုတ်ကြောင်းကို လုံးဝ မသိရှိခဲ့ချေ။
ကျိယွမ်က သူသည် ဤကမ္ဘာ၏ ရှယ်ယာရှင်တစ်ယောက် ဖြစ်ပြီး ဤကမ္ဘာတွင် အစုရှယ်ယာများ ရှိသည်ဟု တရားဝင် ပြောနိုင်၏။
ကောင်းကင်နှင့်မြေကမ္ဘာ၏စွမ်းအားက သူ့ကို မည်သို့ မနာခံဘဲ နေဝံ့မည်နည်း။
အက်ကွဲသံတစ်ခုနှင့်အတူ လက်သီးချက်သည် မိုစန်းခုန်း၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
ကောင်းကင်နှင့်မြေကမ္ဘာ၏စွမ်းအား အကာအကွယ်မရှိသဖြင့် သူ၏ ကလီစာများသည် တစ်ခဏချင်းအတွင်း ကြေမွသွားပြီး သူ၏ ခန္ဓာကိုယ်သည်လည်း ပျော့ခွေသွားခဲ့ရ၏။
သူ၏ မျက်နှာတွင် သေဆုံးသွားသည့်တိုင်အောင် မယုံကြည်နိုင်ခြင်းနှင့် ဝေခွဲမရဖြစ်ခြင်းများ ပေါ်နေဆဲပင်။
"မင်း...အော့.."
လက်သီးတစ်ချက်တည်းဖြင့် ကောင်းကင်အဆင့်စစ်သေနာပတိ သေဆုံးသွားခဲ့ရ၏။
ကျိယွမ်၏ ခေါင်းယမ်းကာ ဆိုလိုက်သည်။
"ငါ့အတွက်တော့ မင်းက ဟောဒီ ခေါင်းဆောင်ငယ်အဆင့်စစ်တမန်တွေနဲ့ ဘာမှ မထူးခြားပါဘူး။"
ဆိုနာသံသည်လည်း ရပ်တန့်သွားလေ၏။
အားလုံးမှာ ဆိုနာများကို ပါးစပ်တွင်တေ့ထားရင်းမှ တုန်လှုပ်ခြောက်ခြားစွာ တိတ်ဆိတ်နေကြသည်။
ယခုတစ်ကြိမ် တုန်လှုပ်မှုသည် ယခင် အခေါက်များထက် များစွာကျော်လွန်သွားလေပြီ။
မြေကမ္ဘာအဆင့်တစ်ဦးက ကောင်းကင်နှင့်မြေကမ္ဘာ၏စွမ်းအားကို ဖောက်ထွက်ပြီး ကောင်းကင်အဆင့်တစ်ဦးကို မည်သို့ သတ်ပစ်လိုက်သနည်း။