← Chapters

အခန်း (၅၂၂)

Vol. 49 Ch. 522

အခန်း (၅၂၂)

Vol. 49 Ch. 522

အခန်း ၅၂၂ - မင်းက သမက်တစ်ယောက်သက်သက်ပဲ

ကောင်းကင်အဆင့်တစ်ဦးသည် တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရ၏။

ဆိုနာမှုတ်နေသူများ အဘယ့်ကြောင့် မတုန်လှုပ်ဘဲနေမည်နည်း။

ဤကမ္ဘာတွင် ကောင်းကင်အဆင့်စစ်သည်တော်များကို အနိုင်ယူနိုင်သော မြေကမ္ဘာအဆင့်စစ်သည်တော်ဆိုသည်မှာ အလွန်နည်းပါးလှ၏။

ကောင်းကင်နှင့်လူသားတစ်ထပ်တည်းကျခြင်းအခြေအနေကို အစပျိုးထားသော ကောင်းကင်အဆင့်တစ်ဦးကို သတ်ခဲ့သည့် ဖြစ်ရပ်တစ်ခုသာ ရှိခဲ့ဖူးသည်။ ထိုသူသည် အပျော်အပါးမက်လွန်းသဖြင့် ကျင့်ကြံခြင်းကို ထိခိုက်ခဲ့ပြီး သူသည် ကောင်းကင်နှင့်လူသားတစ်ထပ်တည်းကျခြင်းကို အသုံးပြုစဉ် တောင့်မခံနိုင်ဘဲ တိုက်ရိုက်သေဆုံးသွားခဲ့ခြင်းပင်။

သို့သော် ယခုအခါ မိုဆန်းခုန်းသည် ကျိယွမ်၏လက်သီးတစ်ချက်ဖြင့် မှုန့်မှုန့်ညက်ညက်ကြေသွား၏။

ဤကဲ့သို့သော ခွန်အားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ဇဝေဇဝါဖြစ်ခြင်း၊ အလွန်ဝမ်းသာခြင်း၊ သံသယဖြစ်ခြင်း၊ တုန်လှုပ်ခြင်းစသည့် ခံစားချက်မျိုးစုံသည် လူတိုင်း၏မျက်နှာတွင် ပေါ်လာ၏။

ထိုအချိန်တွင် ချန်ကန်းပေါင်၏မျက်နှာတွင် ပိုမိုဆန်းပြားသောအမူအရာပေါ်လာပြီး ထအော်လေသည်။

"ဒီ အိမ်ပါသမက်က တော်တော်စွမ်းတာပဲ"

ကျိယွမ်သည် ဤစကားကို ကြားရသဖြင့် အလွန်ဂုဏ်ယူသွား၏။

သူအလိုရှိသည်မှာ ဤခံစားချက်မျိုးသာ ဖြစ်သည်။

ပညာရှိဝတ်စုံဝတ်ဆင်ထားသူသည် ထိုစကားကို ကြားသောအခါ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ဤမျှ အစွမ်းထက်ပြီး နက်နဲလှသော တည်ရှိမှုက သမက် ဖြစ်နေသည်တဲ့လား။

"တကယ် သန်မာတာပဲ"

တုစိဟိုင်ကလည်း တံတွေးတစ်ချက် ကို ခက်ခက်ခဲခဲမျိုချလိုက်ရ၏။

ယနေ့တွင်မူ သူသည် မိမိ၏ ယခင်မာနထောင်လွှားမှုများအတွက် လုံးဝ နောက်တရသွားခဲ့ရလေပြီ။

ဟေးရှားညီအစ်ကိုထဲမှ ညီဖြစ်သူမှာမူ ပို၍ပင် စိုးရိမ်နေပြီး သူ၏ ယခင်က မလေးမစားပြုမှုများကြောင့် ကျိယွမ် စိတ်အနှောင့်အယှက်ဖြစ်သွားမည်ကို ကြောက်ရွံ့နေသည်။

"ဒီလို ထူးဆန်းတဲ့လူနဲ့ လက်ထပ်ထားတဲ့ မိန်းကလေးလင်ရွှမ်းက ဘယ်လောက်တောင် အလှကြီး လှနေမလဲဆိုတာ တကယ် မြင်ဖူးချင်လိုက်တာ"

ကျိယွမ်ကတော့ သူတို့အားအရေးမစိုက်အားပါ ။ သူက မိုစန်းခုန်း၏ သိုလှောင်လက်နက်ကို ယူကာ အတွင်းရှိ ငွေများကို သိမ်းဆည်းပြီးနောက် ကုန်ကြမ်းပစ္စည်းအချို့ကို ရွေးချယ်လိုက်၏။

"ကျန်တဲ့ မှော်လက်နက်တွေကတော့ မင်းတို့အတွက်ပဲ"

သူက ဒီအတိုင်း ပစ်ပေးလိုက်သည်။

သူ့အတွက်မူ ကောင်းကင်အဆင့်မှော်လက်နက်များသည် ကောင်းကင်အဆင့်ကုန်ကြမ်းပစ္စည်းများလောက် အသုံးမဝင်ပေ။

သူ လိုအပ်သော ကုန်ကြမ်းများကို ထုတ်ယူရန်အတွက် ထိုလက်နက်များကို ပြန်လည်အရည်ကျိုရမည် ဖြစ်ရာ အလွန်လက်ဝင်လှ၏။

သို့သော်လည်း ယခုနေရာ၌ ရှိနေသော စစ်သေနာပတိများအတွက်မူ မတူညီချေ။ သူတို့က လက်နက်သွန်းလုပ်သူများ မဟုတ်ကြပါ။ ထို့ကြောင့် ယခုလို အချောထည်လက်နက်ကိုသာ အလိုရှိကြသည်။

သူတို့သည် မျက်ဝန်းများတောက်ပကာ စိတ်လှုပ်ရှားမှုများဖြင့် မှော်လက်နက်ကို ယူလိုက်ကြ၏။ဝမ်သောက်ပင်လျှင် မြေကမ္ဘာအထွတ်အထိပ်အဆင့်ရှိသော မှော်လက်နက်တစ်ခု ရရှိခဲ့သည်။

ကျိယွမ်သည် ပညာရှိဝတ်စုံဝတ်ဆင်ထားသူကို တည်ငြိမ်သော အကြည့်ဖြင့် ကြည့်လိုက်၏။

"မင်း ချန်ခန်းပေါင်ကို သိလို့လား"

ချန်ခန်းပေါင်မှာ အနည်းငယ်တုန်သွားပြီး နားမလည်သော မျက်နှာပေးဖြင့် ပြန်မေးမိလေသည်။

"ဟေ့...မင်း ငါ့ကို သိလို့လား"

ပညာရှိဝတ်စုံဝတ်ဆင်ထားသူ၏ မျက်နှာတွင် အတိတ်ကို ပြန်လည်အောက်မေ့ဟန် ပေါ်လာ၏။

"လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က ငါ ငယ်ရွယ်စဉ်မှာ လောကအနှံ့ ခရီးဆန့်ခဲ့ပြီး ပါရမီအလွန်ထူးချွန်ပြီး ဉာဏ်ပညာကြီးမားတဲ့ လက်နက်သွန်းလုပ်သူ ညီအစ်ကိုချန်နဲ့ သိကျွမ်းခဲ့တယ်"

ချန်ခန်းပေါင်သည် ထိုစကားကို ကြားသောအခါ အလွန်ဝမ်းသာသွား၏။

"သခင်... ကြားတယ်မလား... ကျွန်တော်က ဉာဏ်ပညာကြီးမားတယ်တဲ့ အတိုင်ပင်ခံလုပ်ဖို့ လုံလောက်တယ်"

ပညာရှိဝတ်စုံဝတ်ဆင်ထားသူသည် ချန်ခန်းပေါင်၏ ရူးသလိုလိုပေါသလိုလိုပုံစံကို ကြည့်ကာ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

"နောက်တော့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်စုက ညီအစ်ကိုချန်ဆီ ရောက်လာကြတယ်... သူတို့က ညီအစ်ကိုချန်ကို သူတို့နဲ့ ပူးပေါင်းပြီး အကြီးကြီး ကြံစည်ဖို့ ဖိတ်ခေါ်ခဲ့ကြတယ်... အဲဒါက အတိအကျ ဘာလဲဆိုတာ ငါ မသိပေမဲ့ အံ့မခန်းမှော်လက်နက်တစ်ခုကို သွန်းလုပ်ဖို့ ဖြစ်မယ်လို့ပဲ ငါ သိတယ်"

"ရောင်ခြည်အဖွဲ့လား"

ကျိယွမ်က ရုတ်တရက် မေးလိုက်၏။

အဘယ်ကြောင့်ဆိုသော် ဤရုပ်ခန္ဓာ၏ ဖခင်ဖြစ်သူသည် မျက်မမြင်လက်နက်သွန်းလုပ်သူတစ်ဦးကို အဖွဲ့အစည်းတစ်ခုသို့ ဝင်ရန် ဖိတ်ခေါ်ခဲ့ဖူးပြီး ထိုအဖွဲ့သည်လည်း အစွမ်းထက်သော မှော်လက်နက်တစ်ခုကို သွန်းလုပ်နေပုံရသည်ဟု သူ ပြန်လည်မှတ်မိသောကြောင့် ဖြစ်သည်။

နောက်ပိုင်းတွင် ရောင်ခြည်အဖွဲ့မှ ဖန်းရှီစန်းက သူ့ကို တိတ်တဆိတ်ပင် တိုက်ခိုက်ခဲ့သေးသည်။ တကယ်လို့ သူကသာ ဝိညာဉ်ခန္ဓာကူး ဂူပိုးကောင်ကို မကြောက်ပါက တိုက်ရိုက် အရေးယူကောင်း ယူလိမ့်မည်။

ပညာရှိဝတ်စုံဝတ်ဆင်ထားသူ၏ မျက်နှာက အကြိမ်ကြိမ် ပျက်သွားပြီးနောက် နောက်ဆုံးတွင် သူက ခေါင်းညိတ်လိုက်၏။

"ဒါပဲလား"

ချန်ခန်းပေါင်သည် ဤအရာကို စိတ်မဝင်စားပေ။

"မင်း ငါ့ကို သိမှတော့ ငါ့မှာ တခြား ဘာအားသာချက်တွေ ရှိသေးလဲ... မင်းက စာပေသမားဆိုတော့ ၊ လေးလုံးစပ်ကဗျာလေးတွေနဲ့ ဂုဏ်ရှိရှိ ဖော်ပြပေးပါဦး"

ချန်ခန်းပေါင်သည် ပညာရှိဝတ်စုံဝတ်ဆင်ထားသူကို မျှော်လင့်တကြီး ကြည့်လိုက်၏။

"ခေါင်းမာပြီးနှိမ့်ချမှုရှိတယ်... ကျောက်စိမ်းကဲ့သို့အေးစက်တယ်..."

ပညာရှိဝတ်စုံဝတ်ဆင်ထားသူသည် အတော်ကြာ စဉ်းစားပြီးမှ ဤစကားလုံးများကို ညှစ်ထုတ်လိုက်ရသည်။

ယနေ့ခေတ် ချန်မုကျိ(ချန်ခန်းပေါင်)သည် ရူးကြောင်ကြောင် ဖြစ်နေပြီး ၎င်းက သူ သိခဲ့သော စည်းစိမ်ဂုဏ်ဒြပ်ကိုဥပေက္ခာပြုပြီး ဆင်းရဲသားလူထုကိုငဲ့ညှာသော ပါရမီရှင်လက်နက်သွန်းလုပ်သူနှင့် လုံးဝ ကွဲပြားနေ၏။

"ဟားဟား ဟားဟား .. ဒီအဘိုးကြီးမှာ ဒီလောက် အားသာချက်တွေ အများကြီး ရှိလိမ့်မယ်လို့ ထင်မထားမိဘူး"

ချန်ခန်းပေါင်တစ်ဖြစ်လဲ ချန်မုကျိက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။

"မင်း ဒီကို ဘာလာလုပ်တာလဲ"

ကျိယွမ်က ပညာရှိဝတ်စုံဝတ်ဆင်ထားသူကို ကြည့်လိုက်၏။

ပညာရှိဝတ်စုံဝတ်ဆင်ထားသူသည် ချန်မုကျိကို ရှုပ်ထွေးသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

"အစကတော့ ညီအစ်ကိုချန်တင်မကဘဲ ငါ့ရဲ့ အစ်ကိုကြီးလည်း ရောင်ခြည်အဖွဲ့ရဲ့ ဖိတ်ခေါ်ခြင်းကို ခံခဲ့ရတာ... ငါက... သူ ပြင်ပနယ်မြေမှာ မြေပုံမကျန်ရစ်စေဖို့ သူ့ရဲ့ အရိုးစုတွေကို ပြန်သယ်ချင်လို့ပါ"

ဤအကြောင်းကို ပြောရင်း ပညာရှိဝတ်စုံဝတ်ဆင်ထားသူ၏ မျက်ဝန်းများ မှေးမှိန်သွား၏။

"ဒါဆိုရင် သူတို့က ရောင်ခြည်အဖွဲ့ရဲ့ ဖိတ်ခေါ်ချက်နဲ့ ရှီဝမ်တောင်တန်းမှာ မှော်လက်နက်တစ်ခု သွန်းလုပ်နေကြတာပေါ့"

ကျိယွမ်က တွေးဆလိုက်သည်။

ချန်ခန်းပေါင်သည် ရှီဝမ်တောင်တန်းအကြောင်း ကြားသောအခါ အဘယ်ကြောင့် တုံ့ပြန်မှုရှိသည်ကို မဆန်းတော့ပေ။ ထိုအရာက သူ့ကို အစပျိုးစေသော ဇာတ်ကွက် ဖြစ်နေ၍ ဖြစ်၏။

"ဒါဆိုရင် ငါတို့ အထဲဝင်ပြီး မိန်းကလေးလင်ရွှမ်းကို ရှာကြစို့"

ကျိယွမ်ကပြောရင်း ရှေ့သို့ တည့်တည့် လျှောက်သွားလေသည်။

သူ့နောက်မှလူများသည်လည်း အလျင်အမြန် လိုက်ပါလာကြ၏။

ပညာရှိဝတ်စုံဝတ်ဆင်ထားသူသည် ခဏမျှ စဉ်းစားပြီးနောက် ဒဏ်ရာများကို ဂရုမစိုက်ဘဲ သူတို့နောက်သို့ လိုက်လာခဲ့သည်။

အပျက်အစီးနေရာတွင် အလင်းရောင်မရှိဘဲ မှောင်မိုက်နေပြီး ထောင့်စွန်းများက အလွန် စိုစွတ်နေ၏။

တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာပြီးနောက် လူတိုင်းသည် ကျောက်ပြားကြီးတစ်ခုပေါ်တွင် ရပ်တန့်လိုက်ကြသည်။

ထိုကျောက်ပြားသည် အလျားနှင့် အနံ မီတာတစ်ရာခန့် ရှိပြီး တစ်ဆက်တည်း ဖြစ်နေ၏။

၎င်းပေါ်တွင် ရေညှိများ ထူထပ်စွာဖုံးလွှမ်းနေပြီး သွေးကွက်များစွာ ပေကျံနေသည်။

ထိုအခိုက် တတောက်တောက်မြည်သံများ ထွက်ပေါ်လာ၏။

ထို့နောက် ရုတ်တရက် ဟိန်းဟောက်သံကြီးတစ်ခုလည်း ထွက်ပေါ်လာသည်။

ထိုအသံသည် စူးရှပြီး ကြားရသူများအဖို့ အလွန် နားမခံသာရှိလှ၏။

အသံပိုင်ရှင်သည် လူမျက်နှာပါရှိသော ထူးဆန်းသော ပိုးဖလံကောင်သဏ္ဍာန်ဝိညာဉ်တစ်ခု ဖြစ်ပြီး အလွန်ကြောက်စရာကောင်းလေသည်။

"မှင်စာလေးတစ်ကောင်က ဘာလို့ ဒီလောက် ရဲတင်းနေတာလဲ... အိမ်ပါသမက်က မင်းကို ဘာလုပ်မလဲဆိုတာ ကြည့်လိုက်စမ်း"

ကျိယွမ်က အော်ဟစ်ပြီး ရှေ့သို့ ရုတ်တရက် လျှောက်သွားသည်။

ပညာရှိဝတ်စုံဝတ်ဆင်ထားသော စာဆိုသည် ခဏမျှ ကြောင်အသွားပြီး အနည်းငယ် ထူးဆန်းသလို ခံစားရ၏။

ထိုအချိန်တွင် ထူစိဟိုင်က စိုးရိမ်တကြီး အော်ပြောလိုက်သည်။

"ဒါက ရွှမ်အဆင့်လူမျက်နှာပိုးဖလံကောင်ပဲ... ပြီးတော့ အဲဒါက ရွှမ်အဆင့်အထွတ်အထိပ်ကို ရောက်နေပြီ... အမြန်နှုန်းမှာ အတော်ဆုံးပဲ.."

"ဘာ.."

ပညာရှိဝတ်စုံဝတ်လူသည် မိမိနားကိုပင် မယုံနိုင် ဖြစ်သွားရသည်။

"လူမျက်နှာပိုးဖလံကောင်မှင်စာက မှင်စာတွေထဲမှာ အထူးခြားဆုံးပဲ... အဲဒါက မှင်စာတွေရဲ့ ဘုရင်.. မင်းက အိမ်ပါသမက်လေးတစ်ယောက်ပဲလေ... သေကြောင်းမကြံစမ်းနဲ့"

ပညာရှိဝတ်စုံဝတ်လူက အချင်းချင်း ပြန်နှိပ်ကွပ်နေသော ထူစိဟိုင်အား နားမလည်သလို ကြည့်လိုက်သည်။

"ဒီလူ ရူးနေတာလား"

"တကယ်လို့ မင်းက ကြီးမြတ်တဲ့ လူမျက်နှာပိုးဖလံကောင်ကို စော်ကားရင် ရှန်မိသားစုရဲ့ အပြစ်ပေးမှုကိုသာ စောင့်နေလိုက်တော့"

"ဒီနင်ဟဲခရိုင်မှာ မင်းအတွက် ရပ်တည်စရာ နေရာ ရှိမှာ မဟုတ်တော့ဘူး"

ကျန်သော မြေကမ္ဘာအဆင့်စစ်တမန်များကလည်း ကျိယွမ်အား လှောင်ပြောင်သရော်နေကြပြန်၏။ သူတို့၏ စကားများအရ လူမျက်နှာပိုးဖလံကောင်သည် အလွန်အစွမ်းထက်သဖြင့် အိမ်ပါသမက်တစ်လေးယောက်အနေဖြင့် ဤမျှ မရဲတင်းသင့်ကြောင်း ဆိုလိုနေပုံရသည်။

ဤမြင်ကွင်းကြောင့် ပညာရှိဝတ်စုံဝတ်ဆင်ထားသူသည် ဘာလုပ်ရမှန်း မသိဖြစ်သွားသည်။

သူသည် ကောင်းကင်အဆင့် စစ်တမန်တစ်ယောက် ဖြစ်ရာ ရွှမ်အဆင့်လူမျက်နှာပိုးဖလံကောင်ကို တစ်ချက်ကြည့်ရုံဖြင့် ၄င်း၏အဆင့်ကို အကဲခတ်နိုင်၏။

ဒါမှမဟုတ်...ငါပဲ မှားသွားတာလား။

ဤအချိန်တွင် သူသည် မိမိကိုယ်ကိုယ် ပင် သံသယဝင်လာသည်။

ဒီဖလံကောင်က ရွှမ်အဆင့်ထက်မြင့်နေတာလား။

"ဟွန်း... ငါက အိမ်ပါသမက်ဖြစ်နေရင်တောင် လူတကာက ငါ့ကို စော်ကားလို့ မရဘူးကွ"

ကျိယွမ် နာကျည်းစွာပြောပြီးနောက် သူ၏ ခန္ဓာကိုယ်သည် အမြောက်ကျည်တစ်ခုကဲ့သို့ ဖြစ်သွားပြီး လူမျက်နှာပိုးဖလံကောင်ဆီသို့ ရုတ်တရက် ပြေးဝင်သွား၏။

လှောင်ပြောင်သံများ ရပ်တန့်သွားပြီး ဆိုနာသံများက ရုတ်တရက် ထွက်ပေါ်လာသည်။

"အိမ်ပါသမက်တစ်ယောက်ကို မစော်ကားသင့်ဘူး"

အစွမ်းထက်သော လက်သီးတစ်ချက်က လေထုကို တုန်ခါသွားစေပြီး ဖြူဖွေးသော အခိုးအငွေ့များ ထွက်ပေါ်လာ၏။

ရက်စက်ကြမ်းကြုတ်စွာ ကြည့်နေသော လူမျက်နှာပိုးဖလံကောင်ခမျာ ကြောင်အ သွားသည်။

မင်းက ဒီလောက် သန်မာနေတာကို ဘာလို့ဘေးကကောင်တွေက ဝိုင်းနှိမ်နေကြတာလဲ။ ငါ့ကို ခဏဝမ်းသာအောင် လုပ်ကြတာလား။

ဝုန်း...

လက်သီးတစ်ချက်တည်းနှင့်

လူမျက်နှာပိုးဖလံကောင်၏ ခန္ဓာကိုယ်သည် ကြေမွသွားပြီး ဘာမျှ ကျန်မနေခဲ့ချေ။

"ဟ... အိမ်ပါသမက်တစ်ယောက်က တကယ်ပဲ လူမျက်နှာပိုးဖလံကောင်ကို သတ်လိုက်တာလား"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အဲဒါက ရွှမ်အဆင့်လူမျက်နှာပိုးဖလံကောင်လေ"

ပတ်ဝန်းကျင်ရှိ စစ်သည်တော်များသည် ပလွေများကို အလျင်အမြန် ချလိုက်ပြီး သူတို့၏ စွမ်းဆောင်ရည်ကို ပြသလိုက်ကြ၏။

ပညာရှိဝတ်စုံဝတ်ဆင်ထားသူမှာ ယခုအခါ စကားပင် မပြောဝံ့တော့ချေ။

ဤလူများအားလုံး ရူးနေကြသည်ဟုသာ သူ ခံစားလိုက်ရသည်။

"နှမြောစရာပဲ... အဲဒါက လုံလောက်အောင် မကြိုးစားထားဘူး... တကယ်လို့ ကောင်းကင်အဆင့်အထိ ရောက်အောင် ကြိုးစားထားရင် အကောင်းသား"

ကျိယွမ်သည် အနည်းငယ် စိတ်ပျက်သွားသည်။

ဤလူမျက်နှာပိုးဖလံကောင်ကို သတ်ခြင်းက အတွေ့အကြုံရမှတ်အနည်းငယ်သာ ရခဲ့သည်။

တကယ်လို့ ၎င်းက ကောင်းကင်အဆင့်တွင် ရှိပါက အတွေ့အကြုံရမှတ် ပိုများမည်ဖြစ်ပြီး ကျိယွမ်သည် ကောင်းကင်နှင့်လူသားတစ်ထပ်တည်းကျခြင်းကို ဝါးမြိုနိုင်မည်လည်း ဖြစ်၏။

မိုစန်းခုန်နှင့် ဝိညာဉ်ခန္ဓာကူး ဂူပိုးကောင်တို့က သူ့ထံ ယူဆောင်လာပေးသော ကောင်းကင်နှင့်လူသားတစ်ထပ်တည်းကျခြင်းသည် အလွန်နည်းပါးလှသဖြင့် သူ့ကို အဆင့် ၁၂၀ သို့ ရောက်ရှိရန် မပံ့ပိုးပေးနိုင်ချေ။

ငါ့ရဲ့မျှော်လင့်ခြင်းလမင်းတွေကို မြန်မြန်ရှာရမယ် ။

........

"ဒီနေရာက တကယ်ပဲ ထောင်ချောက်တစ်ခု ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး"

ပဥ္စမမြောက်ဝေသည် ရွှေချည်ထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင်ကျောက်စိမ်းပိုးချည်ဖြင့်ထိုးထားသောစပါးအုန်းမြွေတက်တူးများကြောင့် ရက်စက်ကြမ်းကြုတ်ဟန်နှင့်အတူ ခန့်ညားထည်ဝါလှ၏။

"ဒါက တားမြစ်နယ်မြေတင်မကဘဲ... ထူးဆန်းနယ်မြေလည်း ဖြစ်နေတာပဲ"

အဘိုးကြီးတစ်ဦး၏ မျက်နှာတွင် အလွန်အမင်းဝမ်းသာရိပ်များ ပြည့်နှက်နေပြီး သူ၏ ပုခုံးများပင် တုန်ခါနေသည်။

"ဘာလဲ... ချီယုလား"

ပဥ္စမမြောက် ဝေသည်လည်း ခဏမျှ ကြောင်အသွားပြီး မျက်နှာတွင် အလွန်ဝမ်းသာရိပ်များ ပေါ်လာ၏။

"လွန်ခဲ့တဲ့ အနှစ်ငါးဆယ်က ရောင်ခြည်အဖွဲ့ဟာ နတ်ဘုရားအဆင့်ထက် ကျော်လွန်တဲ့ မှော်လက်နက်တစ်ခုကို ဖန်တီးဖို့အတွက် လောကအနှံ့က အတော်ဆုံး လက်နက်သွန်းလုပ်သူတွေကို စုဆောင်းခဲ့တယ်လို့ ကောလာဟလတွေ ရှိခဲ့တယ်"

လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း ပါရမီရှင်လက်နက်သွန်းလုပ်သူများသည် တစ်ဦးပြီးတစ်ဦး ဖိတ်ခေါ်ခြင်းခံရပြီး ထူးဆန်းသောနယ်မြေထဲသို့ စေလွှတ်ခြင်း ခံခဲ့ရသည်။

သို့သော် လူများသည် ချီယုနယ်မြေက ဘယ်မှာရှိမှန်း ဘယ်သူမှ မသိခဲ့ကြချေ။ လွန်ခဲ့သည့် တစ်ဆယ့်ငါးနှစ်က ရောင်ခြည်အဖွဲ့ ပျောက်ကွယ်သွားပြီးနောက် ပါရမီရှင်လက်နက်သွန်းလုပ်သူများလည်း ထပ်မံဖိတ်ခေါ်ခြင်း မခံရတော့ပေ။ အရှင်မင်းကြီးက ချီယုရှိ လက်နက်သွန်းလုပ်မှု ကျရှုံးခဲ့သည်ဟု ခန့်မှန်းခဲ့သည်။

သို့သော် ကျရှုံးခဲ့လျှင်ပင် ချီယုနယ်မြေထဲမှ ရတနာတွေက အံ့မခန်းပင်။

ထိုလက်နက်သွန်းလုပ်သူအများစုသည် ကောင်းကင်အဆင့်များ ဖြစ်ကြပြီး ဒဏ္ဍာရီလာ နတ်ဘုရားအဆင့်ပင် ရှိ၏...။

တကယ်လို့ ငါ သူတို့ရဲ့ အမွေအနှစ်တွေကို ရရင်တော့...။

အဘိုးကြီးသည် ရူးသွပ်ပြီး လောဘဇောများ တက်နေသည်။

ဤနေရာရှိ ရတနာများသည် နိုင်ငံတစ်ခု၏ ချမ်းသာကြွယ်ဝမှုထက်ပင် ပိုမိုများပြားလှ၏။

ရောက်ရှိနေသော ကောင်းကင်အဆင့်စစ်သည်တော်များသည် အသက်ရှုသံများ မြန်ဆန်လာကြသည်။

"ဟားဟားဟား... ပထမဆုံး နက်နဲယင်ခန္ဓာကိုယ် ရှိတယ်၊ ပြီးတော့ ထူးဆန်းနယ်မြေလည်း ရှိနေတယ်... ကံကြမ္မာက ငါ့ဘက်မှာပဲ"

ပဉ္စမ​မြောက်ဝေက ကျယ်လောင်စွာ ရယ်မောလိုက်၏။

တကယ်လို့ သူသာ ဤနေရာရှိ ရတနာကို ရရှိပါက သူ၏ စွမ်းအားက မည်မျှအထိ တိုးတက်လာမည်နည်း။

နက်နဲယင်ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်ခြင်းဖြင့် နတ်ဘုရားအဆင့်သို့ ရောက်ရှိရန်မှာ စိတ်ကူးယဉ်အိပ်မက် မဟုတ်တော့ပေ။

ဤအရာက နတ်ဘုရားအဆင့် ဖြစ်၏။

ရိုရှားနိုင်ငံ၌ပင် နတ်ဘုရားအဆင့်တည်ရှိမှုဟူ၍ လက်ချိုးရေတွက်နိုင်ရုံမျှသာ ရှိသည်။

"ဒီအကြောင်းပြောရရင် ငါ မှတ်မိသလောက်တော့ နတ်ဘုရားသေဆုံးခြင်းသာ မရှိခဲ့ရင် ရောင်ခြည်အဖွဲ့ဟာ လောကရဲ့ ပါရမီအရှိဆုံး လက်နက်သွန်းလုပ်သူတွေကို ချီယုနယ်မြေထဲကို ဒီလောက် ဗြောင်ကျကျ ခေါ်သွားဝံ့မှာ မဟုတ်ဘူး"

ကောင်းကင်အဆင့် စစ်တမန်တစ်ဦးက လျှို့ဝှက်ချက်ကို ပြောပြလိုက်၏။

"ရှန်လင်ကျဆုံးခြင်းက တစ်စုံတစ်ရာသော ပြင်ပကမ္ဘာပဋိပက္ခနဲ့ ဆက်စပ်နေပြီး အဲဒါက ချီယုနဲ့ ဆက်စပ်နေတယ်လို့ အဆိုတစ်ခု ရှိတယ်"

အဘိုးကြီးတစ်ဦးကလည်း ပြန်လည်မှတ်မိသွားသည်။

ရောင်ခြည်အဖွဲ့၏ ကြားဝင်စွက်ဖက်မှုကြောင့် ပဉ္စမမြောက် ကျောက်စိမ်းနတ်မိမယ်သည် ရှန်လင်ကို ကိုင်တွယ်ရာတွင် ရက်စက်ကြမ်းကြုတ်ခဲ့ခြင်း ဖြစ်၏။

ထိုအချိန်တွင် အဘိုးကြီးက မျက်လုံးများကို ကျဉ်းမြောင်းကာ အော်ဟစ်လိုက်သည်။

"ဘယ်သူလဲ"

ခပ်လှမ်းလှမ်းတွင် လိပ်ပြာကဲ့သို့သော သတ္တဝါတစ်ကောင် ဖြတ်ပြေးသွားသည်ကို သူ မြင်လိုက်ရပြီး ၎င်းက လှစ်ခနဲ ပျောက်ကွယ်သွားတော့သည်။

"မှင်စာလား... မဟုတ်ဘူး"

အဘိုးအိုသည် အံ့ဩသွားပြီးနောက် အလျင်အမြန် လိုက်လံဖမ်းဆီးလိုက်၏။

သူ၏ စွမ်းအားဖြင့် ထိုလိပ်ပြာသတ္တဝါကို ဖမ်းမိရန် အချိန်အနည်းငယ်သာ ကြာလိမ့်မည်။

"အဘိုးကြီးဝမ်... မလိုက်နဲ့တော့... ထူးဆန်းတဲ့သတ္တဝါလေးသက်သက်ကို ကြောက်စရာမလိုပါဘူး... ငါတို့ရဲ့ အဓိကတာဝန်က ထူးဆန်းနယ်မြေထဲကို ဝင်ဖို့ပဲ"

ပဉ္စမမြောက်ဝေက ကျယ်လောင်သော အသံဖြင့် တားမြစ်လိုက်သည်။

ထိုသတ္တဝါအား လိုက်ဖမ်းနေသော အဘိုးအို ရပ်တန့်သွား၏။

"အရာအားလုံးက မင်းသားရဲ့အမိန့်ပေါ်မှာပဲ မူတည်ပါတယ်"

"ဟွန်း... မိုစန်းခုန်းဆိုတဲ့ကောင်က တကယ့် အသုံးမကျတဲ့ကောင်ပဲ... အခုထိ အဲဒီ ရှန်လင်ရွှမ်းကိုတောင် မဖမ်းနိုင်သေးဘူး... ငါတို့ ချီယုထဲက ရတနာကို ရပြီးပြီ... သူ့ကို စောင့်နေလို့ မဖြစ်တော့ဘူး၊ အိမ်ကို အမြန်ပြန်ရမယ်"

ပဥ္စမမြောက် ဝေက တိုးတိုးရေရွတ်လိုက်သည်။

မဟုတ်ပါက ချီယု၏ သတင်းပျံ့နှံ့သွားပြီး အစွမ်းထက်သောသူများ ပိုမိုပေါ်ပေါက်လာပါက သူသည် ချီယုတွင် ရရှိထားသော ရတနာများကို ကာကွယ်နိုင်မည် မဟုတ်ပေ။

အခြားတစ်ဖက်တွင်မူ အင်းဆက်မိန်းကလေးသည် သူမ၏ အတောင်ပံများကို အလျင်အမြန် ခတ်လိုက်၏။ သူမနောက်သို့ မည်သူမျှ လိုက်မလာကြောင်း သေချာမှသာ လျှို့ဝှက်အခန်းတစ်ခုထဲသို့ ပျံသန်းဝင်ရောက်သွားသည်။

"မကောင်းတော့ဘူး... ရိုရှားနိုင်ငံရဲ့ ကောင်းကင်အဆင့်စစ်တမန်တွေက ချီယုနယ်မြေရဲ့ ဝင်ပေါက်ကို ရောက်လုနီးပါး ဖြစ်နေပြီ... သူတို့က ချီယုက ရှေ့မှာ ရှိနေမှန်း သိနေကြပြီ"

အင်းဆက်မိန်းကလေးက စိုးရိမ်တကြီး ကြည့်လိုက်၏။

အရင်းအမြစ်သည်လည်း ထူးဆန်းသောနယ်မြေထဲတွင် ရှိနေသည်။

အစပိုင်းတွင် ရောင်ခြည်အဖွဲ့သည် ထူးဆန်းသောနယ်မြေကို ဖန်တီးရန်အတွက် ထူးဆန်းသောအရင်းအမြစ်၏ စွမ်းအားကိုလည်း အားကိုးခဲ့၏။

ရိုရှားနိုင်ငံမှ စစ်သည်တော် အုပ်စုသည် အလွန်အစွမ်းထက်လှရာ သူတို့သာ ချီယုနယ်မြေထဲကို ဝင်သွားလျှင် ထို အရင်းအမြစ်ကို ယူရန် မိမိတို့အတွက် ခက်ခဲသွားပေလိမ့်မည်။

ရှန်လင်ရွှမ်းသည်လည်း မျက်မှောင်ကြုတ်ကာ အခက်တွေ့နေ၏။

ထိုအချိန်တွင် အင်းဆက်မိန်းကလေး က ရုတ်တရက် မေးလိုက်သည်။

"ရှင့်မှာ ခင်ပွန်း ရှိလား"

"အမ်..."

ရှန်လင်ရွှမ်းသည် အင်းဆက်မိန်းကလေးက အဘယ်ကြောင့် ဤသို့မေးသည်ကို အနည်းငယ် အံ့ဩသွားပြီး ခေါင်းညိတ်လိုက်၏။

"ငါ ခုနက အပြင်မှာ ရှိနေတုန်း အဘိုးကြီးတစ်ယောက်က တခြားလူတွေကို ပြောနေတာ မြင်လိုက်တယ်... ရှန်လင်ရွှမ်း... မင်းရဲ့ ခင်ပွန်းက မင်းကို လာရှာတယ်.. မကြောက်နဲ့တဲ့"

အင်းဆက်မိန်းကလေး၏ မျက်ဝန်းထဲတွင် သိလိုစိတ်များ တောက်ပနေ၏။

"မင်းရဲ့ ခင်ပွန်းက မကောင်းဘူးလား... မင်းရဲ့ယင်ဓာတ်က အရင်အတိုင်း မပျက်မစီး ရှိနေသေးတယ်"

ငါ ဒီတားမြစ်နယ်မြေထဲမှာ ရှိတဲ့ ထူးဆန်းတဲ့ ဝိညာဉ်တစ်မျိုးကို သိတယ်... သူ့ရဲ့ မျက်လုံးတွေက ကာမစိတ်ကို နှိုးဆွပေးနိုင်တယ်... မင်း နည်းနည်းလောက် ယူချင်လား။

ရှန်လင်ရွှမ်းသည် ခဏမျှ ကြောင်အသွား၏။

"ငါ့ခင်ပွန်းဆိုတော့"

"... ကျိယွမ်လား"

သူမ၏ အေးစက်ပြီး လှပသောမျက်နှာတွင် သံသယရိပ်တစ်ခု ပေါ်လာသည်။

သူမသည် ကျိယွမ်နှင့် တစ်ခါမျှ မဆုံဖူးဘဲ သူသည် သခင်ကျိ၏ သားဖြစ်ကြောင်းသာ သိသည်။

ကျိရွှန်း၏ အကဲဖြတ်ချက်အရ သူသည် ကြောက်တတ်ပြီး အစွမ်းမဲ့သောသူ ဖြစ်၏။

ဇာတိမြေသို့ ခရီးတစ်ခု သွားပြီးနောက် သူ၏ ဦးနှောက် ပျက်စီးသွားကာ ထူးဆန်းစွာ ပြုမူနေသည်ဟုလည်း ဆိုသည်။

သူ... ဒီကို လာတာလား။

သို့သော် ရှန်လင်ရွှမ်းသည် ထိုအရာက မဖြစ်နိုင်ဟု ခံစားလိုက်ရ၏။

သူက စစ်တမန်တစ်ယောက်တောင် မဟုတ်ဘဲနဲ့ ဒီကို ဘယ်လိုလုပ် လာဝံ့မှာလဲ။

ဖြစ်နိုင်သည်က နက်နဲယင်ခန္ဓာကိုယ်ကို လောဘတက်နေသော မိစ္ဆာအိုကြီးတစ်ဦး ဖြစ်နိုင်သည်။

"သူက ဘယ်လောက် သန်မာလဲ... ကောင်းကင်အဆင့်စွမ်းအား ရှိလား... တကယ်လို့ ရှိရင် ငါတို့ သူ့ကို ရှာတွေ့ရင် အရင်းအမြစ်ကို ရနိုင်ခြေ ပိုများလိမ့်မယ်"

အင်းဆက်မိန်းကလေးက သူမ ထင်ရာကို ဆက်ပြောသည်။

သို့သော် ရှန်လင်ရွှမ်းက ခေါင်းခါ၏။

"ဒီလူက ငါ့ခင်ပွန်း မဟုတ်လောက်ပါဘူး"

"မဟုတ်ဘူးလား"

"သူက သာမန်လူတစ်ယောက်လေ ၊ ဒီလိုနေရာကို မလာရဲဘူး "

"ဟင်..ရှင်က သာမန်လူတစ်ယောက်ကို လက်ထပ်လိုက်တာလား"

အင်းဆက်မိန်းကလေးက နားမလည်သလို ကြည့်၏။

ရှန်လင်ရွှမ်းကဲ့သို့သောသူသည် အဘယ့်ကြောင့် သာမန်လူအား လက်ထပ်ခဲ့ရသနည်း။

........

လူကိုးဦးပါသော အုပ်စုသည် တံခါးတစ်ခု၏ ရှေ့တွင် ရပ်တန့်လိုက်ကြသည်။

သူတို့ထဲမှ လူအချို့မှာ အနည်းငယ် ထိတ်လန့်နေ၏။

အဘယ်ကြောင့်ဆိုသော် သူတို့ မြင်တွေ့နေရသည်မှာ မြေအောက်နန်းတော်တစ်ခု ဖြစ်သောကြောင့်ပင်။

၎င်းက မြေအောက်နန်းတော်ဆိုသော်လည်း ခံတပ်တစ်ခုနှင့် ပိုတူလှ၏။

မြေအောက်နန်းတော်ကို သတ္တုဖြင့် ပြုလုပ်ထားပြီး မည်သည့် အပေါက်မျှ မရှိဘဲ တစ်သားတည်း ဖြစ်နေသည်။

"ဒါ.. ဒါက ချီယုနယ်မြေပဲ"

ပညာရှိဝတ်စုံဝတ်ဆင်ထားသူက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။

"ချီယုနယ်မြေထဲမှာ ချင်းရှန်းနယ်မြေတစ်ခုလုံးက ပါရမီရှင်လက်နက်သွန်းလုပ်သူ သုံးသိန်းလောက် ရှိတယ်... သူတို့က ချီယုနယ်မြေထဲကို တိတိတဆိတ်ဝင်ရောက်ခဲ့ကြပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ လက်နက်တစ်ခုကို သွန်းလုပ်ခဲ့ကြတယ်... ဓားလက်နက်တစ်ခုပေါ့"

ပညာရှိဝတ်စုံဝတ်ဆင်ထားသူကလည်း အများကြီး မသိချေ။

သူ မထွက်ခွာလာမီ သူ၏အစ်ကိုကြီးက ဤမှော်လက်နက်သည် ချင်းရှန်းနယ်မြေ၏ ရှင်သန်မှုနှင့် ဆက်စပ်နေကြောင်း ပြောပြခဲ့၏။

ချင်းရှန်းကမ္ဘာ၌ ထိုလျှို့ဝှက်ဆန်းကြယ်သော မှော်လက်နက် မရှိပါက မကြာမီ ကပ်ဘေးကြီးတစ်ခုနှင့် ရင်ဆိုင်ရလိမ့်မည်ဟုလည်း ဆိုသည်။

"သူတို့ အားလုံး အထဲမှာလား"

ကျိယွမ်၏ အသံက တည်ငြိမ်နေပြီး ရှေ့မှသံမဏိခံတပ်ကြီးကို ကြည့်နေ၏။

ပညာရှိဝတ်စုံဝတ်ဆင်ထားသူသည် ချန်ခန်းပေါင်ကို ကြည့်လိုက်သည်။

"ဟုတ်တယ်... လူအနည်းငယ်ပဲ အပြင်ကို ထွက်လာနိုင်ခဲ့တယ် ထင်တယ်... ညီအစ်ကိုချန်ကလွဲလို့ ကျန်တဲ့သူတွေကတော့ နှိပ်စက်ညှင်းပန်းခံရပြီး သေဆုံးသွားကြပြီ"

ထိုအကြောင်းကို ပြောရင်း ပညာရှိဝတ်စုံဝတ်ဆင်ထားသူသည် အနည်းငယ် စိတ်မကောင်း ဖြစ်သွားရသည်။

အစပိုင်းတွင် ချီယု၌ ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီး မှော်လက်နက်သွန်းလုပ်ရာတွင် ပြဿနာရှိသည်ဟုသာ သံသယရှိခဲ့သည်။

လူအနည်းငယ်သာ ထူးဆန်းနယ်မြေမှ လွတ်မြောက်ခဲ့ကြ၏။

ထို့နောက် အစွမ်းထက်သူများသည် ချီယုနယ်မြေမှ လွတ်မြောက်လာသူများကို ဖမ်းဆီးကာ နှိပ်စက်ညှင်းပန်းခဲ့ကြပြီး ချီယု၏ တည်နေရာကို သိရှိရန် ကြိုးစားခဲ့ကြသည်။

သို့သော်လည်း အမျိုးမျိုးသော အပြစ်ပေးမှုများနှင့် မိသားစုဝင်များ၊ ဇနီးမယားနှင့် သားသမီးများကို ခြိမ်းခြောက်မှုများ ရှိလင့်ကစား ထိုလူများထဲမှ တစ်ဦးကမျှ ချီယု၏ လိပ်စာကို ထုတ်မပြောခဲ့ကြချေ။

ထိုကဲ့သို့သော အပြစ်ပေးမှုများက ခန္ဓာကိုယ်သာမက ဝိညာဉ်ကိုပါ အလွန်အမင်း နာကျင်စေခဲ့သည်။

နောက်ဆုံးတွင် လူတိုင်း သေဆုံးသွားခဲ့ကြ၏။

ထို့ကြောင့် ပညာရှိဝတ်စုံဝတ်ဆင်ထားသူသည် နင်ဟဲခရိုင်၌ ချန်မုကျိ(ချန်ခန်းပေါင်) ကို တွေ့ရှိသောအခါ သူ ရူးသွပ်နေသည်ကို မြင်ပြီး သူ့ကို မနှောင့်ယှက်တော့ခြင်း ဖြစ်သည်။

"ဒီထူးဆန်းနယ်မြေထဲမှာ ဘာလျှို့ဝှက်ချက်တွေ ရှိလို့ သူတို့က အသေခံပြီးတော့တောင် ထုတ်မပြောကြတာလဲ"

ဟေးရှားညီအစ်ကိုထဲမှ ညီဖြစ်သူက နားမလည်စွာ မေးလိုက်၏။

"မင်း ပြောပုံအရဆိုရင် သူတို့ ရှုံးနိမ့်သွားတာပဲ... သူတို့ ရှုံးနိမ့်သွားတာကို ဘာလို့ တခြားလူတွေ ရှာတွေ့မှာကို ကြောက်နေကြတာလဲ"

တုစိဟိုင်ကလည်း နားမလည် ဖြစ်နေသည်။

"ဖြစ်နိုင်တာကတော့ သူတို့ ရှုံးနိမ့်သွားရင်တောင် လုံးဝဥဿုံ ရှုံးနိမ့်သွားတာ မဟုတ်ဘူး... သူတို့က တခြားလူတွေ ဝင်လာပြီး ပျက်စီးသွားမှာကို ကြောက်နေကြတာ ဖြစ်လိမ့်မယ်"

ကျိယွမ်က ခန့်မှန်းလိုက်၏။

"ချီယုနယ်မြေထဲမှာ ​တညါနေရာကူးပြောင်းအစီအရင်တစ်ခု ရှိတယ်ထင်တယ်... အဲဒီလူတွေက တည်နေရာကူးပြောင်းအစီအရင်ကနေတစ်ဆင့် ထွက်ခွာသွားကြတာ"

ပညာရှိဝတ်စုံဝတ်ဆင်ထားသူက သူသိထားသလောက် ဆက်ပြောသည်။

သို့သော် သူသည် ခေါင်းငုံ့ထားပြီး မျက်ဝန်းများမှာ မှေးမှိန်နေ၏။

"ထူးဆန်းနယ်မြေတစ်ခုလုံးက အပိတ်ကြီးလေ ၊ တစ်သားတည်း ဖြစ်နေတာ... ငါတို့ ဝင်ပေါက်တစ်ခု ရှာတွေ့နိုင်မလား မသိဘူး"

"ဝင်ပေါက် မလိုပါဘူး... ဒီနေရာက အတော်လေး အားနည်းတယ်"

ကျိယွမ်၏ အကြည့်က တံခါး၏ အစိတ်အပိုင်းတစ်ခုပေါ်သို့ ကျရောက်သွားသည်။

သူ၏ မျက်လုံးများက ထိုနေရာသည် ပြင်းထန်သော ရိုက်ခတ်မှုကို ခံခဲ့ရဖူးပြီး နတ်ဘုရားအဆင့်စစ်သည်တော်တစ်ဦးက ၎င်းကို ဖျက်ဆီးရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ကျရှုံးခဲ့ပုံရကြောင်း ဖော်ပြနေ၏။

ဤမြေအောက်နန်းတော်သည် အလွန်ကြံ့ခိုင်ကြောင်း ထင်ရှားလေသည်။

သို့သော်လည်း သူ၏ အမြင်အရမူ ၎င်းက သန်မာသော်လည်း အကန့်အသတ် ရှိ၏။

၎င်းက... နှစ်ပေါင်းများစွာအတွင်း စွမ်းအင်များ ကုန်ခမ်းသွားခဲ့ခြင်း ဖြစ်နိုင်သည်။

မဟုတ်ပါက မူလအခြေအနေတွင် ရှိနေပါက ကျိယွမ်ကိုယ်တိုင်ပင် နတ်ဘုရားအဆင့်ကို မသုံးဘဲ ဖျက်ဆီးရန် ခက်ခဲမှာ အသေအချာပင်။

"ဖျက်ဆီးစမ်း"

ကျိယွမ်၏ မျက်ဝန်းများသည် မီးရှူးတိုင်ကဲ့သို့ လင်းလက်သွားသည်။

နောက်ကွယ်တွင် လှောင်ပြောင်သံများကလည်း သင့်တော်သလို ထွက်ပေါ်လာ၏။

ကျိယွမ်၏ လက်မောင်းသည် ဤအချိန်တွင် သားလှီးဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။

အစွမ်းထက်ပြီး မဖျက်ဆီးနိုင်သော သားလှီးဓားသည် မြေအောက်နန်းတော်၏ အားနည်းချက်ကို တိခနဲ ဖြတ်တောက်လိုက်၏။

ဝုန်း....

အစွမ်းထက်သော ခုတ်ချက်တစ်ခုက နှစ်မီတာခန့် ရှိသော ကွဲအက်ကြောင်းတစ်ခုကို တိုက်ရိုက် ဖြစ်ပေါ်စေခဲ့သည်။

ပညာရှိဝတ်စုံဝတ်ဆင်ထားသူ၏ မျက်ဝန်းထဲတွင် အံ့ဩရိပ်များ ပေါ်လာပြီး ၎င်းက ဝေခွဲမရခြင်းမှ ရှုပ်ထွေးခြင်းများအဖြစ် ပြောင်းလဲသွား၏။

"ငါတို့... အထဲဝင်ပြီး ကြည့်ကြရအောင်"

သူ ရရှိထားသော သတင်းအရမူ ချီယုရှိ လက်နက်သွန်းလုပ်သူ ကျရှုံးခဲ့သည်ဟုဆိုကြ၏။

ဒါပေမဲ့... တကယ်လို့ သူတို့ မကျရှုံးခဲ့ရင်ကော။

သူ၏ နှလုံးသားထဲတွင် မျှော်လင့်ချက်အလင်းရောင် အနည်းငယ် ရှိနေဆဲ ဖြစ်သည်။

လူတိုင်းသည် သိလိုစိတ်များစွာဖြင့် အထဲသို့ ချက်ချင်း ဝင်သွားလိုက်ကြ၏။

ရုတ်တရက် ဆွေးမြည့်ခြင်းနှင့် အလောင်းပုပ်နံ့များ ကူးစက်လာသည်။

၎င်းက နှစ်တစ်ထောင်မဖွင့်ရသေးသောရှေးဟောင်းဂူသင်္ချိုင်းတစ်ခုနှင့် တူလှ၏။

တုစိဟိုင်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်နှာအမူအယာက သိသိသာသာ ပျက်စီးသွားလေသည်။

ကျန်သောလူများကတော့ နှာခေါင်းကို ပိတ်ထားကြ၏။

ထိုအချိန်တွင် ချန်ခန်းပေါင်က ရုတ်တရက် ထအော်လေသည်။

"ငါ...ဗိုက်ဆာတယ်"

ပြောရင်းနှင့် သူက မုန့်လုံးတစ်လုံးကို ချက်ချင်း ထုတ်ယူကာ အပုပ်နံ့များကို ဂရုမစိုက်ဘဲ ပါးစပ်ထဲ ထည့်ပြီး အား ပါးရ ဝါးစားလိုက်သည်။ သူ၏ ဗိုက်မှာ ပြည့်အင့်ကာ လုံးဝန်းနေသော်လည်း သူက ဆာလောင်မွတ်သိပ်စွာဖြင့် ဝါးစားနေဆဲပင်။

အခြားသူများက​တော့ အပုပ်နံ့များကြောင့် အစာစားရန်အသာထား အသက်ပင်မရှုချင်ကြပေ။

ကျိယွမ်က အတွင်းထဲသို့ ကြည့်လိုက်သည်။

သူ မြင်သမျှအရာအားလုံးမှာ ဖြူဖွေးနေသော အရာများသာ ဖြစ်သည်။

အားလုံးက အရိုးစုများပင်။

ဤအရိုးစုများသည် မြေပြင်ပေါ်တွင် လဲလျောင်းနေကြပြီး သူတို့၏ ပုံစံများက ပုံပျက်ပန်းပျက် ဖြစ်နေကာ သူတို့အသက်ရှင်နေစဥ်က တစ်စုံတစ်ရာကို အောင့်အည်းသည်းခံခဲ့ရပုံရသည်။

အချို့မှာမူ တည်ငြိမ်စွာ သေဆုံးသွားခဲ့ကြသည့်အတိုင်း မတ်မတ်ထိုင်နေကြ၏။

ကျိယွမ်က ကြည့်လိုက်ရာ သူ၏ အကြည့်က အလောင်းတစ်ခုပေါ်တွင် ရပ်တန့်သွားသည်။

၎င်းကို ဝတ်ရုံနက်ဖြင့် ဖုံးလွှမ်းထားပြီး လက်ထဲတွင် ဓားကျိုးတစ်လက်ကို ကိုင်ဆောင်ထား၏။

ဤဓားကျိုးသည် အန္တရာယ်ရှိသော အရှိန်အဝါကို ထုတ်လွှတ်နေသော်လည်း သူ၏ ဝိညာဉ်ပိုင်းစွမ်းအားကတော့ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

"ဒါက... မှော်လက်နက်လား"

ကျိယွမ်၏ အသံက တည်ငြိမ်နေ၏။

လွန်ခဲ့သည့် ဆယ့်ငါးနှစ်ကျော်က ဤဝတ်ရုံနက်ဝတ်ထားသော လူသည် မြေအောက်နန်းတော်ကို ဓားကျိုးဖြင့် ခုတ်ထစ်ကာ လွတ်မြောက်ရာလမ်းကို ရှာဖွေရန် ကြိုးစားခဲ့ခြင်း ဖြစ်နိုင်သည်။

ဤဓားကျိုးသည် ဝိညာဉ်ပိုင်းဆိုင်ရာ စွမ်းအားအားလုံး ဆုံးရှုံးသွားခဲ့ပြီး ကောင်းကင်အဆင့်လက်နက်ထက်ပင် နိမ့်ကျသွား၏။

"ဒါက နတ်ဘုရားအဆင့်ကျွမ်းကျင်သူတစ်ယောက်ရဲ့ အလောင်းပဲ"

ကျိယွမ်၏ အသံက တည်ငြိမ်နေသည်။

ကျန်ရှိသော လူများသည် အသက်ရှုသံများ မြန်ဆန်လာကြပြီး သူတို့၏ အကြည့်များက အလောင်းပိုင်ရှင်၏ သိုလှောင်ရတနာပေါ်သို့ မကြည့်ဘဲ မနေနိုင် ဖြစ်နေကြ၏။

သို့သော်လည်း ကျိယွမ်က ဘာမှမလုပ်သဖြင့် သူတို့လည်း ဘာမှမလုပ်ဝံ့ကြချေ။

ပညာရှိဝတ်စုံဝတ်ဆင်ထားသူသည် မြေပြင်ပေါ်ရှိ အလောင်းဖြူများကို မြင်သောအခါ သူ၏ တင်းထားသမျှ စွမ်းအင်များ ရုတ်တရက် ပြိုလဲသွားပြီး ဝမ်းနည်းတကြီး ဟစ်ကြွေးလေတော့သည်။

"သေပြီ... အားလုံး သေကုန်ပြီ..."

သူသည် မြေပြင်ပေါ်သို့ ဒူးထောက်ကျ သွားပြီး ဝမ်းနည်းတကြီးကြောင်ငေး နေသည်။

ထိုအခိုက် ကျိယွမ်၏ အကြည့်က ကျောက်ပြားပေါ်သို့ ကျရောက်သွား၏။

"ဒီမှာ စာလုံးတွေ ရှိတယ်"

ကျန်သောလူများကလည်း အလျင်အမြန် ကြည့်လိုက်ကြသည်။

မြေပြင်ပေါ်ရှိ ကျောက်ပြားများပေါ်တွင် စာလုံးများကို အပြည့်အသိပ် ထုဆစ်ထားသည်ကို မြင်လိုက်ရ၏။

"ငါ့နာမည်က ချန်မုကျိ ဖြစ်ပြီး ရှန်နိုင်ငံရဲ့ နိုင်ငံတော်ဆရာကြီးပါ..."

"ဒါက ကမ္ဘာပေါ်မှာ ထိပ်တန်းနတ်ဘုရားအဆင့်ကျွမ်းကျင်သူသုံးဦးထဲက တစ်ဦးဖြစ်တဲ့ ချန်မုကျိ ဖြစ်နေတာပဲ... သူက လွန်ခဲ့တဲ့ အနှစ်ငါးဆယ်က ပျောက်ကွယ်သွားခဲ့တာ၊ ဒါပေမဲ့ သူက လည်း ဒီမှာ ရှိနေတာကို"

တုစိဟိုင်၏ အသက်ရှုသံများ မြန်ဆန်လာသည်။

"အမှောင်ထုကြီး ကျရောက်လာနေပြီ၊ မှင်စာများလျှံထွက်နေပြီ၊ ရှေ့တန်းစစ်မျက်နှာများ ပိတ်ဆို့နေပြီး နယ်မြေအားလုံး ကျဆုံးသွားခဲ့ပြီ... ချင်းရှန်းနယ်မြေက... နောက်ထပ် ကျဆုံးမယ့် ကမ္ဘာ ဖြစ်လာလိမ့်မယ်"

ရောက်ရှိနေသော စစ်သည်တော်များသည် ဤအရာကို မြင်သောအခါ ထိတ်လန့်သွားကြ၏။

"ထောင်ချောက်ကို မရှင်းလင်းရသေးဘူးလား... ဘယ်လိုလုပ်ပြီး..."

သူတို့သည် ကပ်ဘေးကြီးတစ်ခု ကြုံတွေ့ရတော့မည့်အလား ခံစားလိုက်ရပြီး တစ်စုံတစ်ရာသော လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ တုန်လှုပ်ကုန်၏။

"နှစ်ပေါင်းတစ်ထောင်အတွင်းမှာတင် နယ်မြေ ဆယ့်ခုနစ်ခု ကျဆုံးသွားပြီး မှင်စာများရဲ့ နတ်ဘုံအဖြစ် ပြောင်းလဲသွားခဲ့ပြီ"

နောက်ထပ် နှစ်တစ်ထောင်ကြာရင် ကျဆုံးမယ့်အရာက... ချင်းရှန်းနယ်မြေပဲ။ "

"တကယ်လို့ ငါက ချင်းရှန်းနယ်မြေကို ကာကွယ်ချင်ရင် တောက်ပရတနာတစ်ခုကို ဖန်တီးဖို့အတွက် လက်နက်သွန်းလုပ်သူအားလုံးရဲ့ စွမ်းအားကို စုစည်းရမယ်လို့ ရောင်ခြည်အဖွဲ့က ငါ့ကို ပြောတယ်"

နတ်ဘုရားဉာဏ်အလင်းပွင့်ခြင်းရှိမှသာ ငါတို့ မျှော်လင့်ချက်အလင်းရောင် အနည်းငယ် ရနိုင်လိမ့်မယ်။

လွန်ခဲ့တဲ့ အနှစ်သုံးဆယ်အတွင်းမှာ အလွန်များပြားတဲ့ ပါရမီရှင်လက်နက်သွန်းလုပ်သူတွေဟာ တိတ်တဆိတ် ငါတို့နဲ့ ပူးပေါင်းခဲ့ကြပေမဲ့ ငါတို့ ရှုံးနိမ့်ခဲ့ရတယ်။ "

ကျောက်ပြားပေါ်တွင် ထုဆစ်ထားသော စကားလုံးများသည် အလွန် ရိုးရှင်းသော်လည်း ရောက်ရှိနေသော လူအများအပြားမှာ စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။

"ချီယုနယ်မြေထဲမှာ ပါရမီရှင်လက်နက်သွန်းလုပ်သူ သုံးသိန်း ရှိတယ်... သူတို့ထဲက တစ်ယောက်ချင်းစီက တကယ့် ကောင်းကင်ယံရဲ့ ဂုဏ်ယူစရာတွေပဲ... တကယ်လို့ သူတို့ ကြီးပြင်းလာရင် ထိပ်သီးလူတန်းစားတွေ ဖြစ်လာကြမှာ၊ အချို့ဆိုရင် ခေတ်အဆက်ဆက် တောင် ကျော်ကြားကြလိမ့်မယ်"

ပညာရှိဝတ်စုံဝတ်ဆင်ထားသူက တိုးတိုးရေရွတ်လိုက်သည်။

လူသုံးသိန်းသည် တောင်တန်းများထဲတွင် ပုန်းအောင်းရင်းမှ တောက်ပရတနာအပိုင်းအစများကို သွန်းလုပ်ရန်နှင့် ချင်းရှန်းကမ္ဘာသည်လည်း မိစ္ဆာဝိညာဉ်များကို ခုခံတွန်းလှန်ရန် မိမိ၏ ကိုယ်ပိုင်အစွမ်းထက်သော စွမ်းအား ရှိလာစေရန် မျှော်လင့်ခဲ့ကြသည်။

"လူ့နှလုံးသားက ကောင်းကင်လို မသန်မာဘူး၊ နတ်ဘုရားတွေကလည်း နောက်ဆုံးမှာ ငါတို့ကို သနားညှာတာမှု မပြခဲ့ကြဘူး... ငါ လက်မလျှော့ချင်ဘူး... ငါတို့ အောင်မြင်ဖို့ လက်တစ်ကမ်းအလိုပဲ လိုတော့တာ၊ ငါတို့ ဘယ်လိုလုပ် လက်လျှော့နိုင်မှာလဲ...

အောင်မြင်ခြင်းက သေခြင်းတရားပဲ၊ ရှုံးနိမ့်ခြင်းကလည်း သေခြင်းတရားပဲ၊ ဒါဆိုရင် ငါတို့ ဘာလို့ သေရမှာကို ကြောက်နေရမှာလဲ... "

"မင်းတို့ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့ လက်နက်တွေကို ကျင့်ကြံကြစမ်း"

"လက်နက်တွေနဲ့ လက်နက်တွေကို ကျင့်ကြံကြစမ်း"

"ငါတို့ရဲ့ အသား၊ သွေးနဲ့ မှော်လက်နက်တွေ အားလုံးကို နတ်ဘုရားဉာဏ်အလင်းပွင့်ခြင်းမီးဖိုထဲကို ပစ်ထည့်လိုက်ကြစမ်း... အဲဒီ ခန့်ညားထည်ဝါလှတဲ့ နတ်ဘုရားက မျက်လုံးဖွင့်ပြီး ထျန်းယွမ်ပေါ်ကို ကျရောက်လာဖို့အတွက်ပဲ"

ထူးဆန်းနယ်မြေထဲတွင် ဤလူများသည် ထျန်းယွမ်ကို သွန်းလုပ်ကြပြီး နတ်ဘုရားများ မျက်လုံးဖွင့်ကာ ထျန်းယွမ်ကို တောက်ပပြီး ထူးဆန်းရတနာအပိုင်းအစများအဖြစ် ပြောင်းလဲပေးရန် မျှော်လင့်ခဲ့ကြသည်။

သို့သော်လည်း သူတို့ ရှုံးနိမ့်ခဲ့ကြ၏။

သူတို့ ကြိုးစားခဲ့ကြသော်လည်း ရှုံးနိမ့်ခဲ့ရသည်။

ထျန်းယွမ်သည် ပြီးပြည့်စုံခြင်း မရှိသဖြင့် နတ်ဘုရားများ၏ အာရုံစိုက်မှုကို မဆွဲဆောင်နိုင်ချေ။

တကယ်လို့ နတ်ဘုရားတွေက ဉာဏ်အလင်းမပွင့်ပေးပါက ထိုအရာက အလင်းရောင်ကို ဘယ်လိုမြင်နိုင်မှာလဲ။

နောက်ဆုံးတွင် သူတို့သည် မှော်လက်နက်အားလုံး၏ ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ထျန်းယွမ်ကို မိမိတို့၏ ကိုယ်ပိုင်အသားနှင့် သွေးများဖြင့် ကျွေးမွေးခဲ့ကြပြီး ထျန်းယွမ်ကို ပိုမိုသန်မာစေကာ ထျန်းယွမ်ကို ပြီးပြည့်စုံစေခဲ့သည်။

သို့သော်လည်း ဒါတောင်မှ နတ်ဘုရားက သူ၏ အကြည့်ကို ချမပေးခဲ့ချေ။

"ငါ အရမ်း ဆာတယ်..."

ချန်ခန်းပေါင်က မြေပြင်ပေါ်တွင် ထိုင်ကာ ပေါက်စီများကို ဆက်တိုက် စားနေသည်။

မြေအောက်နန်းတော်ရှိ အရာအားလုံး၊ မှော်လက်နက်အားလုံး၊ အစားအစာအားလုံးက... ထျန်းယွမ်၏ ဝါးမြိုခြင်းကို ခံခဲ့ရသည်။

ဤအရာများ၏ ဝိညာဉ်များသည်လည်း... ထျန်းယွမ်၏ ဝါးမြိုခြင်းကို ခံခဲ့ရ၏။

ဤလက်နက်သွန်းလုပ်သူများသည်လည်း မိမိတို့၏ ကိုယ်ပိုင်အသားနှင့် သွေးများကို ထျန်းယွမ်အား ကျွေးမွေးခဲ့ကြသည်ဟုပင် ဆိုကြသည်။

"နေ့တိုင်း လူတွေ သေဆုံးနေကြတယ်၊ လူအများအပြားက... အလွန် ဆာလောင်နေကြပေမဲ့ သူတို့က လုံးဝ မစားချင်ကြဘူး... ငါတို့ရဲ့ ကိုယ်ပိုင်အသားနဲ့ သွေးတွေအပါအဝင် အရာအားလုံးကို ထျန်းယွမ်ကို ကျွေးမွေးခဲ့ကြတယ်"

"ငါ မြေအောက်နန်းတော်ကို ဖြတ်တောက်ပြီး ထျန်းယွမ်ကို ကျွေးဖို့တောင် စဉ်းစားခဲ့ဖူးတယ်၊ ဒါပေမဲ့ ငါ ရှုံးနိမ့်ခဲ့ရတယ်"

"ထျန်းယွမ်က ဘယ်လောက်တောင် စားသုံးမလဲဆိုတာ ငါ မသိဘူး၊ ပြီးတော့... နတ်ဘုရားတွေ မျက်လုံးဖွင့်ပြီး ဒီနေရာကို ကြည့်ဖို့ ဘယ်လောက်ကြာမလဲဆိုတာ ငါ မသိဘူး"

ကျောက်ပြားပေါ်ရှိ စာလုံးများသည် အနည်းငယ် ဆွေးမြည့်နေ၏။

"ငါတို့ ဒီမှာ ထိုင်ပြီး သေရမယ့်အချိန်ကို စောင့်နေကြတာ... ဆာလောင်မှုကို မအောင့်နိုင်တဲ့သူတွေကိုတော့ ငါက သူတို့ရဲ့ နာကျင်မှုကို အဆုံးသတ်ပေးပြီး ထျန်းယွမ်ကို ကျွေးမွေးခဲ့တယ်"

သင်သည် မှော်နယ်မြေထဲသို့ တစ်ကြိမ်ဝင်ရောက်ပြီးပါက ထွက်ခွာ၍ မရတော့ပေ။

အဘယ်ကြောင့်ဆိုသော် ထျန်းယွမ်ကြောင့် ဤနေရာသည် ကြာမြင့်စွာကတည်းက သဲကန္တာရအဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်၍ ဖြစ်၏။

ထိုစဉ်က မြေအောက်နန်းတော်တွင် လူသုံးသိန်းသည် အမည်ဝှက်ဖြင့် နေထိုင်ခဲ့ကြပြီး ထျန်းယွမ်ကို သွန်းလုပ်ရန်အတွက် နေ့စဉ်နှင့်အမျှ ကြိုးစားခဲ့ကြသည်မှာ မြင်သာလှသည်။

နှမြောစရာကောင်းသည်က သူတို့ ရှုံးနိမ့်ခဲ့ကြ၏။

သို့သော် သူတို့က ဤအတိုင်း မသေချင်ကြချေ။

ထို့ကြောင့် သူတို့သည် ထျန်းယွမ်ကို မိမိတို့၏ ကိုယ်ပိုင်အသားနှင့် သွေးဝိညာဉ်၊ မှော်လက်နက်ဝိညာဉ်များဖြင့် ကျွေးမွေးခဲ့ကြပြီး ထျန်းယွမ်ကို ပိုမိုပြီးပြည့်စုံစေခဲ့သည်။

သူတို့သည် ဆာလောင်မှုကို အောင့်အည်းသည်းခံကာ တစ်ဦးပြီးတစ်ဦး သေဆုံးသွားခဲ့ကြ၏။

"နောက်ဆုံးမှာတော့ ငါ ရောင်ခြည်အဖွဲ့ရဲ့ နေရာကူးပြောင်းစက်ဝိုင်းကနေတစ်ဆင့် လူငါးဦးကို စေလွှတ်ခဲ့တယ်"

ငါးနှစ်အတွင်းမှာ ရောင်ခြည်အဖွဲ့က လူတွေကို ချီယုဆီ ခေါ်လာနိုင်ဖို့ မျှော်လင့်ပါတယ်... ငါးနှစ်အတွင်းမှာ ထျန်းယွမ်က ဒီမှာ ရှိတဲ့ အရာအားလုံးကို ဝါးမြိုသင့်တယ်"

"နတ်ဘုရားက မျက်လုံးဖွင့်လိုက်ပြီလား... ငါ မမြင်နိုင်တော့ဘူး။ "

ကြမ်းပြင်ပေါ်ရှိ စာသားများက ရုတ်တရက် ရပ်တန့်သွား၏။

ချန်မုကျိသည် ဓားကျိုးတစ်လက်ကို ကိုင်ဆောင်ကာ အေးစက်သော ကျောက်ပြားပေါ်တွင် ထိုင်နေသည်။ နှမြောစရာကောင်းသည်က သူ၏ အသားနှင့် သွေးများ လုံးဝ ဆုံးရှုံးသွားခဲ့ပြီး သူ၏ နောက်ဆုံးအချိန်တွင် သူ၏ မျက်နှာတွင် နာကျင်မှုများ သို့မဟုတ် မျှော်လင့်ချက်များ ပြည့်နှက်နေမလားဆိုတာ သူ မသိချေ။

ချန်ခန်းပေါင်သည် ပေါက်စီကို ပါးစပ်ထဲ ထည့်လိုက်၏။ သူ တစ်စုံတစ်ရာကို တွေးမိသွားပြီး ရုတ်တရက် ပြောလိုက်သည်။

"သခင်... ဒီမှာ လူအများကြီး သေဆုံးသွားခဲ့တာပဲ၊ ငါတို့ ပွဲတော်တစ်ခု လုပ်ကြရအောင်... သူတို့ကိုလည်း နည်းနည်းလောက် စားခိုင်းလိုက်ဦး"

All Chapters