အခန်း (၅၂၃)
Vol. 49 Ch. 523
အခန်း ၅၂၃ - ဒါက အတည်ပေါက်ကစားရတဲ့ ဂိမ်းကွ၊ လာမနောက်နဲ့
ချန်ခန်းပေါင်သည် သူ၏ရင်ဘက်ထဲမှ ပေါက်စီကို ထုတ်ယူကာ အလောင်းတစ်လောင်း၏ ရှေ့တွင် ချထားလိုက်၏။
သူသည် ပေါက်စီ အမြောက်အမြား ယူဆောင်လာခဲ့ခြင်း ဖြစ်ရာ အားလုံးကို ချထားပေးရန် ခုနစ်မိနစ် သို့မဟုတ် ရှစ်မိနစ်ခန့်အချိန် ယူလိုက်ရသည်။
သို့သော်လည်း သူသည် ကျန်ရှိနေသော ခြောက်သွေ့သောအရိုးစုများကို ကြည့်ကာ နှမြောတသသော မျက်နှာပေးဖြင့် ပြောလိုက်၏။
"သခင်၊ ကျွန်တော် ယူလာတဲ့ ပေါက်စီတွေက သူတို့စားဖို့ မလောက်ဘူး ဖြစ်နေတယ်"
ကျိယွမ်က တည်ငြိမ်သော အမူအရာဖြင့် အကြံပြု၏။
"ငါ့မှာ ဟင်းသီးဟင်းရွက်တွေ အများကြီး ရှိတယ်၊ မင်း ချက်လိုက်"
သူ စကားပြောနေစဉ်မှာပင် မုန်လာထုပ်များ၊ ဝက်နံရိုးများ၊ ဆန်နှင့် ခေါက်ဆွဲ အမျိုးမျိုးတို့သည် သိုလှောင်ရတနာထဲမှ ပျံထွက်လာကြ၏။
အသားလှီးဓားမကြီးအဖြစ် သရုပ်ဆောင်စဉ်က သူသည် ကုန်ကြမ်းပစ္စည်း အမြောက်အမြား ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
ချန်ခန်းပေါင်သည် ချက်ပြုတ်ခြင်းကို အလျင်အမြန် စတင်လိုက်တော့၏။
ကျန်သော စစ်သည်တော်များကတော့ မြေပြင်ပေါ်ရှိ စာသားများကို ကြည့်ကာ တစ်ခါတစ်ရံ စဉ်းစားနေကြပြီး တစ်ခါတစ်ရံ ငေးငိုင်နေကြသည်။
သို့သော်လည်း ဤစာသားများသည် ရိုးရှင်းလွန်းလှပြီး သုတ်သင်ရှင်းလင်းခြင်းကပ်ဘေး ဆိုသည်မှာလည်း သူတို့နှင့် အလွန် ဝေးကွာလွန်းနေသည်ဟု ခံစားရ၏။
ထို့အပြင် အငွေ့အသက်ကို ဖန်တီးပေးမည့် သင့်တော်သော နောက်ခံတေးဂီတလည်း မရှိသဖြင့် သူတို့၌ ကိုယ်ချင်းစာစိတ်တော့ သိပ်မရှိကြချေ။
ပညာရှိဝတ်စုံဝတ်လူတစ်ဦးသာလျှင် သူ၏အစ်ကိုကြီး ဤနေရာတွင် သေဆုံးခဲ့ရသဖြင့် အလွန်ဝမ်းနည်းပူဆွေးနေ၏။
"လောကကြီးက ပျက်စီးနေပြီပဲ... အပြင်လောကက ဒီလောက် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကို... ငါတို့ကို ဘာလို့ ဘယ်သူမှ မပြောခဲ့ကြတာလဲ"
တုစီဟိုင်က အံ့ဩတုန်လှုပ်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။
"တကယ်လို့ အထက်က မှတ်တမ်းတင်ထားတာ မှန်မယ်ဆိုရင် ငါတို့နယ်မြေက... အလွန် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေနိုင်တယ်"
မျက်မမြင်အဖိုးအို၏ အသံက တုန်ရီနေ၏။
အဘယ်ကြောင့်ဆိုသော် အထက်ပါစကားများအရ နယ်မြေမှ ပါရမီရှင် လက်နက်သွန်းလုပ်သူ အယောက် သုံးသိန်းနီးပါးသည် ဤနေရာတွင် စုဝေးခဲ့ကြပြီး ထိုအထဲတွင် နတ်ဘုရားအဆင့် လက်နက်သွန်းလုပ်သူ အများအပြား ပါဝင်ခဲ့သည်။ ရည်ရွယ်ချက်မှာ ထျန်ယွမ်ကို သွန်းလုပ်ရန်၊ နတ်ဘုရားများ၏ အကြည့်ကို ဆွဲဆောင်ရန်နှင့် အမှောင်ညကို တိုက်ခိုက်ရန်အတွက် တောက်ပရတနာ၏ အပိုင်းအစများအဖြစ် ပြောင်းလဲရန် ဖြစ်၏။
"လူသုံးသိန်းက သူတို့နာမည်တွေကို ဖျောက်ကွယ်ထားခဲ့ကြပေမဲ့ လောကကြီးထဲမှာ ဘာကောလာဟလမှ မရှိခဲ့ဘူး။ ဒီလူတွေကို... ငါ တကယ် လေးစားမိတယ်"
ဆွဲဆောင်မှုရှိသော သက်ပြင်းချကာ အမျိုးသမီးက ပြောလိုက်သည်။
သူတို့သည် မြေအောက်နန်းတော်သို့ ဝင်ရောက်စဉ်က တစ်ခုခု ရရှိလိမ့်မည်ဟု ထင်မှတ်ခဲ့ကြ၏။
သို့သော် အရိုးစုများမှလွဲ၍ ကျန်ရှိသော မှော်ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများအားလုံးသည် ၎င်းတို့၏ စွမ်းဆောင်ရည်များ ဆုံးရှုံးကုန်ကြပြီး အမှိုက်သရိုက်များနှင့် မခြားတော့ချေ။
မြေအောက်နန်းတော်ထဲတွင် တန်ဖိုးရှိသော အရာဟူ၍ ဘာမျှမရှိတော့ဟုပင် ပြောနိုင်သည်။
"ထျန်းယွမ်က သူတို့ သွန်းလုပ်ခဲ့တဲ့အရာလား"
ဟေရှားညီအစ်ကိုထဲမှ အစ်ကိုဖြစ်သူက လေးနက်သောအသံဖြင့် မေးလိုက်၏။
"ဒီလောက်များပြားတဲ့ လက်နက်သွန်းလုပ်သူတွေ စုဝေးပြီး ဆယ်စုနှစ်များစွာ ပင်ပန်းစွာကြိုးစားရခြင်းရဲ့ အဆုံးမှာ လက်နက် အမြောက်အမြားကို ဖန်တီးနိုင်ခဲ့ကြတယ်၊ ဒါပေမဲ့ နောက်ဆုံးမှာတော့... ထျန်းယွမ်ကို သွန်းလုပ်လို့ မအောင်မြင်ခဲ့ဘူး။ လက်နက်သွန်းလုပ်သူ သုံးသိန်းရဲ့ သွေးသားတွေနဲ့ မြေအောက်နန်းတော်ထဲက အရာအားလုံးကို ဝါးမြိုတာပဲ တတ်နိုင်ခဲ့တယ်။ ဒီထျန်ယွမ်က ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ..."
"မဟုတ်ဘူး၊ တကယ်လို့ ငါတို့ ဇွတ်ဝင်သွားရင် ထျန်းယွမ်က ငါတို့ကိုပါ ဝါးမြိုပစ်မှာလား"
ဝမ်သောက်၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွား၏။
အဘယ်ကြောင့်ဆိုသော် နတ်ဘုရားအဆင့် လက်နက်သွန်းလုပ်သူများပင် ဝါးမြိုခံရပြီး သေဆုံးခဲ့ကြရသည်။ တကယ်လို့ သူတို့ ဇွတ်ဝင်သွားလျှင် အကျိုးဆက်ကို တွေးကြည့်ရုံဖြင့် သိနိုင်သည် မဟုတ်ပါလား။
"မှတ်တမ်းတွေအရ ထျန်းယွမ်က ဝါးမြိုပြီးသွားပြီ ဖြစ်ရမယ်... ငါတို့ စိုးရိမ်စရာ မရှိနိုင်ဘူး၊ ဒါပေမဲ့... သူတို့ အောင်မြင်ခဲ့ကြရဲ့လား"
ထူစီဟိုင်က သံသယဖြင့် မေးလိုက်သည်။
ဤလက်နက်သွန်းလုပ်သူများသည် ထျန်းယွမ်ကို နေ့ညမပြတ် သွန်းလုပ်ရန်နှင့်၊ နတ်ဘုရားများကို ဖိတ်ခေါ်ကာ အလင်းရောင် ပေးသနားရန် ဤထူးဆန်းသော မြေရိုင်းသို့ လာခဲ့ကြခြင်း ဖြစ်၏။
"ရှုံးနိမ့်ခဲ့တာ ဖြစ်လိမ့်မယ်"
ပညာရှိဝတ်စုံဝတ်လူ၏ အသံက ပဟေဋိဆန်နေပြီး မရေမရာနိုင်လှသည်။
"တကယ်လို့ အောင်မြင်ခဲ့ရင် ရောင်ခြည်အဖွဲ့က လူတွေ ဒီနေရာကို စောစောစီးစီး လာပြီး ထျန်ယွမ်ကို ယူသွားကြမှာပေါ့။
အခုတော့ နယ်မြေတစ်ခုလုံး ဖုန်မှုန့်တွေ ဖုံးလွှမ်းနေပြီး ဘယ်သူမှ လာမယူကြဘူးဆိုတာက... ထျန်ယွမ်ဟာ နတ်ဘုရားတွေ၏ ကရုဏာကို မရရှိခဲ့သလို တောက်ပရတနာရဲ့ အပိုင်းအစအဖြစ်လည်း ပြောင်းလဲမသွားခဲ့ဘူးဆိုတာကို ပြနေတာပဲ"
ရှီဝမ်တောင်တန်း၏ လျှို့ဝှက်နယ်မြေတစ်ခု တည်ထောင်ပြီး လက်နက်သွန်းလုပ်ခြင်း ပါရမီရှင်များကို စုဆောင်းထားသဖြင့် ရောင်ခြည်အဖွဲ့အနေဖြင့် ဤနယ်မြေ၏ တိုးတက်မှုကို သေချာပေါက် အာရုံစိုက်မှာသေချာ၏။
တစ်ကြိမ် အောင်မြင်သည်နှင့် သူတို့သည် တောက်ပရတနာ၏ အပိုင်းအစများကို ဤနေရာတွင် ဖုန်မှုန့်အောက်၌ ပစ်မထားဘဲ အပြင်လောကသို့ သေချာပေါက် ယူဆောင်သွားကြလိမ့်မည်။
ယခုကြည့်ရသည်မှာ ဤနယ်မြေသည် မေ့လျော့ခံထားရသလို ဖုန်မှုန့်များ ဖုံးလွှမ်းနေပြီ ဖြစ်သည်။ လက်နက်သွန်းလုပ်သူ သုံးသိန်း၏ သွေးသားများကို ထျန်ယွမ်ထံ ကျွေးမွေးခဲ့ကြသည်တိုင် နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ကြရသည်ကို မြင်တွေ့နိုင်၏။
"တကယ်လို့ ရှုံးနိမ့်ခဲ့တယ်ဆိုရင်လည်း အခု ထျန်းယွမ်က ဘယ်မှာလဲ"
သူတို့သည် ထိုမေးခွန်းကြောင့် အနည်းငယ် စိုးရိမ်ပူပန်လာကြသည်။
၄င်းက တုန်လှုပ်ဖွယ်ကောင်းသော မိစ္ဆာလက်နက်ကြီးတစ်ခု ဖြစ်နေပါက.....။
မြေအောက်နန်းတော်မှာ အလုံးစုံ ပျက်စီးခြင်းသို့ ရောက်နေပြီဖြစ်ရာ အတန်ဖိုးရှိဆုံးအရာမှာ ထျန်ယွမ်ဟု ခေါ်ဆိုသောအရာသာ ဖြစ်ပေလိမ့်မည်။
၄င်းက ရတနာလက်နက် အမြောက်အမြားနှင့် လက်နက်သွန်းလုပ်သူ သုံးသိန်း၏ သွေးသားများကို ဝါးမြိုထားခြင်း ဖြစ်ရာ... ပုံမှန်လက်နက်များထက် ကျော်လွန်နေမည်ကို စိုးရိမ်ရသည် မဟုတ်ပါလား။
သို့သော် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုသည်ပင် နတ်ဘုရားများ၏ အကြည့်ကို မဆွဲဆောင်နိုင်ခဲ့ဘဲ တောက်ပရတနာ၏ အပိုင်းအစများအဖြစ် မပြောင်းလဲနိုင်ခဲ့ချေ။
ဒဏ္ဍာရီလာ တောက်ပရတနာ ဆိုသည်မှာ မည်မျှတိုင်အောင် အဖိုးတန်သော အရာ ဖြစ်နေလိမ့်မည်နည်း။
"သခင်လေးကျိ..ကျွန်တော် အစ်ကိုကြီးဆီ သွားပြီး နှုတ်ဆက်ရပါမယ်"
ပညာရှိ ဝတ်စုံဝတ်လူက လက်သီးဆုပ်၍အလေးပြုကာ မြေအောက်နန်းတော်၏ အနက်ရှိုင်းဆုံးဆီသို့ လျှောက်လှမ်းသွားတော့၏။
လမ်းတစ်လျှောက်တွင် ရေတွက်၍မရနိုင်သော အရိုးဖြူများသည် တောနက်နှင့်တောအုပ်ကြီးများထဲ၌ မြှုပ်နှံခြင်း ခံထားရသည်။
ထိတ်လန့်ဖွယ်ကောင်းသော ဆိတ်သုဉ်းတောင်ကြားနယ်မြေကြီးပင် မဟုတ်ပါလား။
နောက်ဆုံးတွင် သူသည် လှေကားထစ်တစ်ခုပေါ်၌ ရပ်တန့်လိုက်ပြီး ထိုနေရာတွင် အလောင်းတစ်လောင်း ရှိနေ၏။ မသေဆုံးမီက ပုံစံကို ကြည့်ရသည်မှာ လှေကားထစ်ကို မှီလျက် နေပူဆာလှုံနေသည့် ပုံစံမျိုး ဖြစ်ဟန်တူသည်။
ဤအလောင်းကို မြင်လိုက်ရသောအခါ ပညာရှိဝတ်စုံဝတ်လူသည် မိမိ၏ အစ်ကိုကြီးနှင့် တွေ့ဆုံရပြီဖြစ်ကြောင်း သိလိုက်ရ၏။
"အစ်ကိုကြီး..."
ပညာရှိ၏ အသံက ရှိုက်ကြီးတငင် ဖြစ်သွားသည်။
အစ်ကိုကြီး ပျောက်ဆုံးသွားကတည်းက သံသယများ ရှိခဲ့သော်လည်း အစ်ကိုကြီး၏ ရုပ်အလောင်းကို မြင်တွေ့ရသောအခါ ဝမ်းနည်းမှုကို မထိန်းနိုင်ခဲ့ချေ။
အစ်ကိုကြီးသည် မိသားစု၏ သားကြီးဖြစ်ပြီး လွတ်လပ်စွာနေထိုင်သူ တစ်ဦး ဖြစ်ကာ လောကအလယ်တွင် လှည့်လည်သွားလာရသည်ကို နှစ်သက်သူ ဖြစ်၏။
အစ်ကိုကြီး၏ စိတ်နေစိတ်ထားနှင့် မိသားစု၏ တာဝန်နှင့်ဝန်ထုပ်ဝန်ပိုးများကို မည်သို့ ထမ်းဆောင်နိုင်ပါမည်နည်းဟု ဖခင်ဖြစ်သူက အမြဲတစေ စိုးရိမ်ခဲ့ရသည်။
အစ်ကိုကြီးလိုလူက ဤနယ်မြေသို့ လာခဲ့ခြင်းကလည်း သူကို အံ့ဩစေခဲ့သည်။
သူ၏ အကြည့်က အစ်ကိုကြီး၏ ရုပ်အလောင်းမှ လက်ဖဝါးပေါ်သို့ ကျရောက်သွား၏။ လက်ချောင်းရိုးများကြားမှတစ်ဆင့် နောက်ကွယ်ရှိ လှေကားထစ်တွင် ထုဆစ်ထားသော စာသားအချို့ကို မြင်တွေ့လိုက်ရသည်။
"တကယ်လို့ နောင်လာနောက်သားတစ်ယောက်ယောက်က ဒီစာကို ဖတ်မိရင် ငါ့ရဲ့ လက်နက်သွန်းလုပ်နည်းဖော်မြူလာကို ပေးချင်ပါတယ်။ နောင်လာနောက်သားတွေအနေနဲ့ ရှန်နိုင်ငံ၏ထျန်ယွမ်မြို့တော်မှာရှိတဲ့ ထျန်ရှန်းယွမ်ကို သွားပြီးတော့ အန်ရှန်းရဲ့ အသက်ကို ကယ်တင်ပေးဖို့ပဲ မျှော်လင့်ပါတယ်၊ ကျေးဇူးတင်ပါတယ်"
စာသားအနည်းငယ်မျှသာ ဖြစ်သော်လည်း ပညာရှိဝတ်စုံဝတ်လူ၏ မျက်လုံးများတွင် နောင်တများ ပြည့်နှက်သွား၏။
ဤလက်ရေးသည် သူ၏ အစ်ကိုကြီး လက်ရေးပင်။
အစ်ကိုကြီးသည် ငယ်စဉ်က လွတ်လပ်စွာ နေထိုင်တတ်ပြီး သီချင်းနားထောင်ခြင်းကို အနှစ်သက်ဆုံး ဖြစ်ခဲ့သည်။
သူသည် မိန်းမပျော်တစ်ဦးကို ချစ်မိခဲ့ပြီး အိမ်သို့ ခေါ်ဆောင်ကာ လက်ထပ်ချင်ခဲ့သော်လည်း ဖခင်ဖြစ်သူက ကန့်ကွက်ခဲ့၏။
ဤအကြောင်းကြောင့် အစ်ကိုကြီးနှင့် ဖခင်ဖြစ်သူတို့၏ ဆက်ဆံရေးမှာ အလွန် တင်းမာခဲ့ရသည်။
သူသည် လက်ကို ဆန့်တန်းကာ အစ်ကိုကြီး၏ အရိုးများကို ထိတွေ့ရန် ကြိုးစားလိုက်၏။
သို့သော်လည်း လက်နှင့် ထိလိုက်မိသည်နှင့် အရိုးများသည် ထိုခဏ၌ပင် ပြာအဖြစ် ပြောင်းလဲသွားတော့သည်။
ဤလောကတွင် အစ်ကိုကြီး တည်ရှိခဲ့သည့် အမှတ်အသားအားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။
ပညာရှိဝတ်စုံဝတ်လူ၏ လက်လှုပ်ရှားမှု ရပ်တန့်သွားပြီး သက်ပြင်းချသံ ထွက်ပေါ်လာသည်။
"လူသုံးသိန်းက တောင်တန်းတွေထဲမှာ ပုန်းအောင်းပြီးတော့ သူတို့ရဲ့ သတ္တိနဲ့ သစ္စာတရားတွေနဲ့ အေးစက်တဲ့ညကို တောက်ပစေခဲ့ကြတယ်။
အရိုးစုတောင်ကြားမှာ မင်းတို့ နောင်တတွေ ရှိနေ....."
သူ၏ရေရွတ်သံမဆုံးမိမှာပင် အသံတစ်ခုက ကြားဖြတ်လိုက်လေ၏။
"ဟားဟား ဟားဟား ၊ ရှန်နိုင်ငံရဲ့ မဟာယဇ်ပူဇော်ဝိုင်နဲ့ ဒီနေရာမှာ တွေ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
အသံနှင့်အတူ လူတစ်စုသည် သူရှိရာသို့ လျှောက်လာကြရာ အားလုံးပေါင်းဆယ်ယောက်ထက်မက ရှိ၏။
ခေါင်းဆောင်မှာ ပဉ္စမမြောက်ဝေဖြစ်လေသည်။
သူသည် ပြင်းထန်သော မိစ္ဆာအငွေ့အသက်များနှင့်အတူ အထက်တန်းစားအချို့၏ မာနထောင်လွှားမှုများကို ဆောင်ကြဉ်းထား၏။
သူသည် မြေပြင်ပေါ်ရှိ အလောင်းများကို မြက်ပင်များကဲ့သို့ နင်းခြေလျက် ဂရုမစိုက်သော အမူအရာဖြင့် လှမ်းလာခဲ့သည်။
ထိုလူကို မြင်လိုက်ရသောအခါ ပညာရှိဝတ်စုံဝတ်လူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားလေ၏။
"ပဉ္စမမြောက်ဝေ"
"ဝမ်ထိုင်းစံအိမ်ရဲ့ မဟာယဇ်ပုရောဟိတ်နဲ့ တရားစီရင်ရေးညီလာခံက အမြဲတမ်း ရှုပ်ထွေးနေတာပဲ။ တရားစီရင်ရေးညီလာခံက လူပြတ်တွေ ထွက်လာဝံ့သလားဆိုတာကို မင်းကို ဖမ်းပြီးတော့ ကြည့်ရသေးတာပေါ့"
ပဉ္စမမြောက်ဝေ၏ အသံတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေ၏။
မြေအောက်နန်းတော်သို့ ရောက်ရှိပြီးနောက် ဘာမျှမရရှိသဖြင့် သူ၏ စိတ်အခြေအနေက မကောင်းလှချေ။
ထို့ကြောင့် ပညာရှိဝတ်စုံဝတ်လူကို မြင်လိုက်ရသောအခါ သူ၏ စိတ်ထဲ၌ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။
ရုတ်တရက် သန်မာထွားကျိုင်းသော ကောင်းကင်အဆင့်စစ်သည်တော်တစ်ဦးက ရှေ့သို့ တိုးလာပြီး ပညာရှိဝတ်စုံလူကို တိုက်ခိုက်ရန် ပြင်လိုက်၏။
သို့သော် ထိုခဏ၌ မိုးခြိမ်းသံကဲ့သို့ တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"ရပ်လိုက်စမ်း၊ငါ အိမ်ပါသမက်တော် ကျိယွမ် ဒီမှာ ရှိနေတယ်၊ မရိုမသေ မလုပ်နဲ့"
လူတစ်စု သူတို့ဘက်သို့ လျှောက်လာကြသည်ကို မြင်လိုက်ရပြီး ရှေ့ဆုံးမှ လျှောက်လာသော လူငယ်လေးမှာ ခန့်ညားပြီး ပျင်းရိသော အမူအရာ ရှိလေ၏။
သူသည် ပညာရှိဝတ်စုံဝတ်လူကို ပြုံးလျက် ကြည့်နေ၏။
ဤအဖိုးအိုသည် တကယ်ပင် သူ့အတွက် ကောင်းချီးတစ်ခုပင်။
သူ့ထံသို့ မိုစန်းခုန်းကို ခေါ်ဆောင်လာခဲ့ဖူး၏။
ယခုလည်း ကောင်းကင်အဆင့်စစ်သည်တော် ဆယ့်နှစ်ယောက်ကို သူ့ထံ ခေါ်ဆောင်လာခဲ့ပြန်လေပြီ ။
ပဉ္စမမြောက်ဝေက သူတို့အားနှာခေါင်းရှုံ့လျက် ကြည့်၏။
"ကြက်အုပ်စုတစ်စုက ဒီနေရာကို လာပြီး အသေခံဝံ့ကြတယ်ပေါ့"
သူက မောက်မာစွာပြောလိုက်သည်။
သူ့နောက်မှ ကောင်းကင်အဆင့်စစ်သည်တော်များကလည်း ကျိယွမ်နှင့် အခြားသူများ၏ အခြေအနေကို မြင်သောအခါ ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။
မြေကမ္ဘာအဆင့်စစ်သံတမန်များ အုပ်စုကို သူတို့ထဲမှ မည်သူမဆို လွယ်ကူစွာ သတ်ဖြတ်နိုင်သည် မဟုတ်ပါလား။
ဤအချိန်တွင် တုစိဟိုင်က စိုးရိမ်တကြီးဖြင့် သတိပေး၏။
"အစ်ကိုကျိ၊ သူတို့က အလွန် အစွမ်းထက်တဲ့ ကောင်းကင်အဆင့်ဧကရာဇ်စစ်သည်တော်တွေပဲ။ မင်းက အိမ်ပါသမက်လေးတစ်ယောက်ပဲမို့လို့ သတိထားပါ"
ပဉ္စမမြောက်ဝေ ထိုစကားကို ကြားလိုက်ရသောအခါ တုစိဟိုင်၏ စကားထဲတွင် တစ်ခုခု ပါဝင်နေသလို ခံစားလိုက်ရ၏။
အခြားသော မြေကမ္ဘာအဆင့်စစ်သံတမန်များကလည်း အလျင်အမြန် ဝင်ပြောကြသည်။
"မင်းက အိမ်ပါသမက်လေးတစ်ယောက်ပဲ၊ ကောင်းကင်အဆင့်စစ်သည်တော်တွေကို ဘယ်လို ယှဉ်နိုင်မှာလဲ။ တကယ်လို့ ဒီလူကြီးမင်းတွေကို စိတ်ဆိုးအောင်လုပ်ရင် နင်နိုင်ငံမှာ မင်းအတွက် နေရာရှိမှာ မဟုတ်ဘူး"
"ဟုတ်တယ်၊ မင်း အမြန် ဒူးထောက်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်လိုက်ပါ၊ ကောင်းကင်အဆင့်ဧကရာဇ်စစ်သည်တော်က မင်းကို ခွင့်လွှတ်ပေးဖို့ တောင်းပန်လိုက်"
လူတစ်စုသည် စကားနာထိုးခြင်းအမျိုးမျိုးဖြင့် ကျိယွမ်ကို အားရပါးရ နှိမ့်ချနေကာ သူတို့ပြောနေကြပုံများက စိတ်ရင်းမှန်ပုံ ပေါက်နေသော်လည်း ရောက်ရှိနေသော ကောင်းကင်အဆင့်စစ်သည်များထဲမှ မည်သူကမျှ သူတို့၏ အသံထဲတွင် ကြောက်ရွံ့မှုကို မခံစားရချေ။
ထို့အပြင်... သူတို့သည် ထူးဆန်းသော အငွေ့အသက်များကိုပါ ပြသနေကြသေးသည်။
ကောင်းကင်အဆင့်စစ်သည်များသည် အနည်းငယ် ဝေခွဲမရ ဖြစ်သွားကုန်၏။
ရှေ့မှ မြင်ကွင်းက တကယ်ပင် ထူးဆန်းလွန်းလှသည်။
ထိုလူများ ဝိုင်းအော်နှိမ့်ချနေခြင်းက.. ကျိုးကြောင်းဆီလျော်ပုံ ရသော်လည်း တစ်ခုခုတော့ လွဲနေသလိုပင်။
တစ်ခုခု ထူးဆန်းနေပြီး တမင်တကာ ဝိုင်းနှိမ်ပြောနေကြသလို သူတို့ခံစားရသည်။
ထိုအချက်က ကောင်းကင်အဆင့်စစ်သည် ဆယ့်နှစ်ယောက်ကို စိတ်ရှုပ်ထွေးစေခဲ့၏။
"ဘာလဲ ..မင်းတို့က မကြောက်ကြဘူးပေါ့လေ"
ပဉ္စမမြောက်ဝေက မမေးဘဲ မနေနိုင်တော့ချေ။
"ကြောက်တာပေါ့၊ ကြောက်လို့ သေတော့မယ်၊ မင်းတို့က ကောင်းကင်အဆင့်စစ်သည်တော်ပဲဥစ္စာ"
ထူစီဟိုင်က အလျင်အမြန် ပြန်ပြောလိုက်သည်။
"သွားပြီ၊ သမက်တော် ကျိယွမ်၊ မင်း တကယ်လို့ သူတို့ကို ခွင့်လွှတ်ဖို့ မတောင်းပန်ရင် သူတို့က ငါတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး"
ဝမ်သောက်ကလည်း နောက်မှ ဝင်ပြောလိုက်၏။
သူတို့သည် ကျိယွမ်အား နှိပ်ကွပ်သောစကားများကို အမူအရာကောင်းကောင်းဖြင့် သရုပ်ဆောင်နေကြခြင်းပင်။
သို့သော်လည်း ပဉ္စမမြောက်ဝေနှင့် ကောင်းကင်အဆင့်စစ်သည်များသည် ထိုစကားများကို ကြားသောအခါ စိတ်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာကြ၏။
ငါ ထူးဆန်းတဲ့ စိတ်ခံစားမှုတစ်ခုထဲ ရောက်နေသလိုပဲ။
ပဉ္စမမြောက်ဝေ၏ မျက်နှာတွင် ဒေါသများ ထွက်ပေါ်လာ၏။
"မင်းတို့က တကယ်ကို လွန်လှချေလား၊ သေချင်နေကြတာပဲ"
သူက ဒေါသတကြီးအော်ဟစ်လိုက်သည်။သူသည် ပါရမီရှင်တစ်ဦး ဖြစ်ပြီး လူတိုင်း၏ ချီးမွမ်းခြင်းကို ခံရသူဖြစ်ရာ သူ၏ မျက်လုံးထဲတွင် အမှားအယွင်း တစ်စုံတစ်ရာကိုမျှ ခွင့်မလွှတ်နိုင်ချေ။
စကားဆုံးသည်နှင့် သူသည် ဒေါသထွက်ကာ တိုက်ခိုက်လိုက်လေ၏။
"ငါ မင်းတို့ရဲ့ ပါးစပ်တွေကို ဆွဲဖြဲပစ်မယ်"
သူသည် ကျိယွမ်ထံသို့ မသွားဘဲ စကားဖောင်ဖွဲ့နေသော မြေကမ္ဘာအဆင့်စစ်သံတမန်များထံသို့ ဦးတည်လိုက်သည်။
ထူစိဟိုင်၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ထွက်ပေါ်လာပြီး ဤတစ်ကြိမ်တွင်မူ သူ တကယ် ကြောက်လန့်သွားခြင်းပင်။
"ငါ့ပါးစပ်ကို မဖြဲပါနဲ့၊ အစ်ကိုကျိ ပါးစပ်ကိုပဲ ဖြဲပါ၊ သူက ပါးစပ်ရွဲ့တတ်လို့ပါ"
သူက အလန့်တကြား အော်ဟစ်လိုက်၏။
ကောင်းကင်အဆင့်စစ်သည်တော်က တိုက်ခိုက်လာသည့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် သူ့ကို ထိတ်လန့်စေကာ သူ၏ ခန္ဓာကိုယ်မှာ တင်းမာနေပြီး သတ္တဝါကြီးတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံနေရသလို လှုပ်ရှား၍ပင် မရတော့ချေ။
"ဟွန်း"
ကျိယွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
"ပဉ္စမမြောက်ဝေ၊ မင်းက ငါလို အိမ်ပါ သမက်ကိုတင်မကဘဲ သာမန်လူတွေကိုပါ အနိုင်ကျင့်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
ပဉ္စမမြောက်ဝေ၏ လှုပ်ရှားမှုးများက ရုတ်တရက် ရပ်တန့်သွားပြီး ကျိယွမ်အား နားမလည်သလို ကြည့်၏။
"မင်း ငါ့ကို သိတာလား"
ပညာရှိဝတ်စုံနှင့်လူက သူ၏ နာမည်ကို ခေါ်လိုက်စဉ်က အခြားသူများ ရောက်မလာသေးသည်ကို သူသေချာမှတ်မိပါသည်။
"မင်း ငါ့ဇနီးကို အစေခံမိန်းကလေးအဖြစ် သိမ်းပိုက်ဖို့ မိုဆန်းခုန်းကို လွှတ်ခဲ့တာပဲ၊ ငါ ဘာလို့ မသိရမှာလဲ။
အိမ်ပါသမက်တစ်ယောက်အတွက် သူ့ဇနီးက အရေးကြီးဆုံးပဲဆိုတာ မင်း မသိဘူးလား"
ကျိယွမ်၏ အသံက စိတ်အားထက်သန်နေ၏။
"စကားပုံ ရှိတယ်မဟုတ်လား၊ နဂါးတို့တွင် အထိမခံသောပြောင်းပြန်အကြေးခွံများရှိပြီး ထိလျှင်သေရမည် တဲ့"
"မင်းက အိမ်ပါသမက်တစ်ယောက်ရဲ့ မိန်းမကို ဘယ်လိုတောင် ထိဝံ့ရတာလဲ"
ကမ္ဘာများစွာကို ဖြတ်သန်းပြီးနောက် ကျိယွမ်၏ သရုပ်ဆောင်စွမ်းရည်က အထူး ပြောင်မြောက်နေလေပြီ။
ယခု သူ၏ရုပ်ရည်နှင့် သရုပ်ဆောင်စွမ်းရည်ဖြင့် "နဂါးဘုရင်၏သမက်တော်" ကို ရိုက်ကူးမည်ဆိုပါက သေချာပေါက် ဆုရပေလိမ့်မည်။
ပဉ္စမမြောက်ဝေမှာ ခဏမျှ ဆွံ့အသွားပြီး မယုံကြည်စွာမေးလိုက်သည်။
"မင်းက ရှန်လင်ရွှမ်းရဲ့ ယောက်ျားလား"
သူသည် ကျိယွမ်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီးနောက် ချက်ချင်းပင် ပြုံးလိုက်၏။
"ငါ စိတ်ပြောင်းသွားပြီ။ မင်းကို သတ်မယ့်အစား သင်းကွပ်ခြင်းပြီးတော့ နန်းတော်ထဲကို ပို့ပေးမယ် ၊ အဲဒါဆို မင်းရဲ့ မိန်းမက ဘယ်လိုမျိုး..."
ပဉ္စမမြောက်ဝေ စကားပြောရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် နောက်ထပ် စကားလုံးများကို ပြော၍မရတော့ကြောင်း ရုတ်တရက် သိလိုက်ရ၏။
သို့မဟုတ် ပြောလိုက်သော်လည်း အသံထွက်မလာတော့ပေ။
" ဒါက အတည်ပေါက်ကစားရတဲ့ ဂိမ်းကွ။ ထိခိုက်လွယ်တဲ့စကားတွေကို မပြောနဲ့။ တကယ်လို့ ဂဏန်းသခင်ကို ဆွဲဆောင်မိရင် ဘယ်လိုလုပ်မလဲ။
တကယ်လို့ အဘမ်းခံရရင် မင်း ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုကို လျော်ကြေးပေးမှာလား"
ချီယွမ်က ပဉ္စမမြောက်ဝေကို ကြည့်ကာ အနည်းငယ် ဒေါသထွက်နေ၏။
ဒီကောင်က ငါ့ဂိမ်းကိုအဘမ်းခံရအောင် လုပ်နေတာလား။
"မင်း..."
ပဉ္စမမြောက်ဝေ အနည်းငယ် တုန်လှုပ်သွားသည်။
ယနေ့ ဖြစ်ပျက်ခဲ့သောအရာများက ထူးဆန်းလွန်းလှ၏။
အထူးသဖြင့် သူ ပြောလိုက်သည့်စကားများက အကြောင်းရင်းမရှိဘဲ အသံထွက်မလာခဲ့ခြင်း သို့မဟုတ် အသံက အပြင်သို့ မရောက်ရှိခြင်း ဖြစ်နေခြင်းပင်။
"မင်း..မင်းနဲ့ ၊ ငါက ဘာဖြစ်နေလို့လဲ၊ သေစမ်း"
ကျိယွမ်၏ လက်သီးကလှစ်ခနဲမြောက်သွားပြီး ပဉ္စမမြောက်ဝေကို တိုက်ခိုက်လိုက်၏။
သို့သော် နောက်တွင်ရပ်နေသော ကောင်းကင်အဆင့်စစ်သည်များသည် ဤအရာကို မြင်သောအခါ စိတ်အေးလက်အေးပင် ရှိနေကြသည်။
အခြေအနေက အနည်းငယ်ထူးခြားပုံရသော်လည်း ကောင်းကင်နှင့်လူသား တစ်သားတည်းကျခြင်း မရှိဘဲ ပဉ္စမမြောက်ဝေကို ဒဏ်ရာရစေရန် မဖြစ်နိုင်သောကြောင့်ပင်။
သဘာဝကျစွာပင် ပဉ္စမမြောက်ဝေကလည်း ထိုသို့တွေးနေ၏။
"မင်းလိုကောင်ကို ငါကဂရုစိုက်စရာလား"
သူပြောလိုက်စဥ်မှာပင် အချင်းဝက် မီတာသုံးဆယ်အတွင်းရှိ ကောင်းကင်နှင့်မြေကြီးသည် သူ့ထံသို့ ရုတ်တရက် စုစည်းသွားလေသည်။
သူသည် ကောင်းကင်နှင့် မြေကြီး၏ အရှင်သခင်ကဲ့သို့ ထိုနေရာတွင် ရပ်နေ၏။
ပတ်ဝန်းကျင်ရှိ သတ္တဝါအားလုံးသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသလိုပင်။
ဒါက ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားပဲ၊ ဒါက စစ်မှန်တဲ့ စွမ်းအားပဲ။
ဟန်ဆောင်မှုနဲ့ ထူးဆန်းမှုအားလုံးဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားအောက်မှာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားလိမ့်မယ်။
"မင်း ပင်ပင်ပန်းပန်းကြိုးစားထားပြီး ရလာတဲ့ စွမ်းအားက ငါ အတွေ့အကြုံရမှတ်နဲ့ အဆင့်မြှင့်တင်မှုတွေကနေ ရလာတဲ့ စွမ်းအားလောက် ဘယ်တည်ငြိမ်ပါ့မလဲ"
ကျိယွမ်က နောက်ထပ် လက်သီးတစ်လုံးကိုပါ ထပ်ထိုးလိုက်ပြန်သည်။
သားလှီးဓားမကြီးအဖြစ် သရုပ်ဆောင်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မာကျောနေလေပြီ။
ကောင်းကင်အဆင့် မှော်လက်နက်တစ်ခုက သူ့ကို ထိမှန်လျှင်ပင် သူ ထိပ်တိုက် ရင်ဆိုင်နိုင်လေ၏။
ပဉ္စမမြောက်ဝေကို ရင်ဆိုင်ရာတွင် သူ သည် မည်သည့် ကရုဏာမျှ မပြခဲ့ချေ။
ကြောက်မက်ဖွယ်ကောင်းသော လက်သီးတစ်လုံးက ရန်သူထံ တည့်မတ်စွာ ကျရောက်သွားလေသည်။
ပဉ္စမမြောက်ဝေ၏ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးစွမ်းအားများသည် ဒီရေကဲ့သို့ နောက်သို့ ဆုတ်ခွာသွား၏။
သူသည် ထိတ်လန့်တုန်လှုပ်ကာ စိတ်ရှုပ်ထွေးသွားတော့သည်။
ထိုခဏ၌ အသံတစ်ခုကလည်း သူ၏ နားထဲသို့ ရောက်ရှိလာ၏။
"တွေ့လား၊ မင်း ပင်ပင်ပန်းပန်းကြိုးစားပြီး ရလာတဲ့ စွမ်းအားက အားမကိုးရဘူး"
ဘုန်း....။
ရင်ဘက်ပေါ်သို့ ကျရောက်လာသော လက်သီးချက်ကြောင့် သွေးများ ပန်းထွက်သွားပြီး ပဉ္စမမြောက်ဝေ၏ နှလုံးနေရာတွင် ကြီးမားသော အပေါက်တစ်ခု ထွက်ပေါ်လာ၏။
သူ၏ မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာများ ပြည့်နှက်နေသည်။
"ဘယ်လိုလုပ်..."
"မင်း လုပ်ခဲ့တဲ့ အကြီးမားဆုံး အမှားက အိမ်ပါသမက်ကို အထင်သေးခဲ့တာပဲ။ ငါ မင်းကို ပြောပြမယ်၊ လောကအားလုံးမှာ အိမ်ပါသမက်တွေ၊ လုံခြုံရေးဝန်ထမ်းတွေ၊ သက်တော်စောင့်တွေ၊ ပစ္စည်းပို့သမားတွေက... အနိုင်ကျင့်ဖို့ မလွယ်ဘူးကွ"
ကျိယွမ်က ပဉ္စမမြောက်ဝေ၏ ရုပ်အလောင်းကို ကြည့်ပင်မကြည့်ချေ။
သူသည် ကျန်သော ကောင်းကင်အဆင့်စစ်သံတမန် ဆယ့်တစ်ယောက်ကို ကြည့်ကာ နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်သည်။
"အခု... အမဲလိုက်ချိန် ရောက်ပြီ"
ထိုခဏ၌ ကျိယွမ်၏ အရှိန်က ဆယ်ဆခန့် မြင့်တက်သွား၏။
ရှိနေသော မြေကမ္ဘာအဆင့်စစ်သံတမန်များသည် ကျိယွမ်၏ ပုံရိပ်ကို သဲသဲကွဲကွဲပင် မမြင်ရတော့ချေ။
ရန်သူကောင်းကင်အဆင့်စစ်သည်များသည် ယခုချိန်ထိ တုန်လှုပ်မှုမှ နိုးထ မလာကြသေးချေ။
"မိစ္ဆာကောင်"
"ဒါက မိစ္ဆာကောင်ပဲ"
"ပြေးကြ"
သူတို့၏မင်းသားပင် တိုက်ပွဲတွင် သေဆုံးခဲ့ရပြီဖြစ်ရာ သူတို့က ကျိယွမ်၏ ပြိုင်ဘက် မည်သို့ ဖြစ်နိုင်ပါမည်နည်း။
ဒီကျိယွမ်က... ထူးဆန်းလွန်းလှသည်။
ကောင်းကင်အဆင့်စစ်သံတမန်လည်း မဟုတ်ချေ။
ဘာလို့... ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားက သူ့အပေါ်မှာ အသုံးမဝင်ရတာလဲ။
သို့သော် သူတို့ တွေးနေရန် အချိန်မရှိဘဲ ရူးသွပ်စွာ ထွက်ပြေးကြတော့သည်။
"အိုး....၊ မင်းတို့က တကယ် ဆော့ချင်နေကြတာပဲ။ တကယ်လို့ မင်းတို့ ငယ်ငယ်ကတည်းက ကြိုးကြိုးစားစား ကျင့်ကြံခဲ့ရင် ငါ့ကို အတွေ့အကြုံရမှတ်တွေ ပိုပေးနိုင်ပြီး ဒီလောကရဲ့ လတ်ဆတ်တဲ့ လေကိုလည်း ပိုပြီး ရှူရှိုက်နိုင်မှာ"
ကျိယွမ်သည် သန်မာထွားကျိုင်းသောအမျိုးသားတစ်ဦးကို ဓားဖြင့် သတ်ဖြတ်လိုက်၏။
သူ၏ ပုံရိပ်က နောက်တစ်ကြိမ် ဝင်းလက်သွားပြီး ဒရုန်းကလည်း ပြောင်းလဲသွားကာ ရန်သူများ ထွက်ပြေးခြင်းကို ဟန့်တားလိုက်သည်။
ယခုအချိန်တွင် သူသည် သေမင်းနတ်ဘုရားကဲ့သို့ ဖြစ်နေလေပြီ။
အသက်ရှူကြိမ်ရေ တစ်ရာစာအချိန်မျှ ကုန်လွန်သွားပြီးနောက် နန်းတော်ကြီးတစ်ခုလုံး သွေးချင်းချင်းနီသွားတော့သည်။
ကောင်းကင်အဆင့်စစ်သည်အားလုံး ခေါင်းဖြတ်ခြင်း ခံလိုက်ရ၏။
ခြောက်သွေ့သောအရိုးစုများနှင့် သစ်ပင်များ ဖုံးလွှမ်းနေသော နန်းတော်ကြီးသည် အနီရောင်ဇီးပွင့်များဖြင့် စီခြယ်ထားသလို ဖြစ်သွားခဲ့သည်။
ကျိယွမ်က ပျင်းရိစွာဖြင့် ကိုယ်လက်ဆန့်ထုတ်လိုက်၏။
"ရလဒ်က ကောင်းပါတယ်"
ရို့ရှာနိုင်ငံမှ ဤမျှော်လင့်ခြင်းလမင်းများသည် ဝဖြိုးသောသိုးများ ဖြစ်ကြပြီး သူတို့ထံတွင် ငွေဒင်္ဂါးနှင့်ရွှေဒင်္ဂါးများ အမြောက်အမြား ရှိသလို အဖိုးတန်ကုန်ကြမ်းပစ္စည်းများလည်း ရှိကြသည်။
ထို့အပြင် သူသည် အတွေ့အကြုံရမှတ် အမြောက်အမြား ရရှိခဲ့၏။
ကောင်းကင်နှင့်လူသား တစ်သားတည်းကျခြင်းကိုလည်း အမြောက်အမြား ဝါးမြိုခဲ့သော်လည်း အဆင့်တက်ရန် လိုအပ်နေသေးသည်။
ဘာပဲပြောပြော ..သမက်၏ အခန်းကဏ္ဍက... ပိုပြီးတော့ ပြည့်စုံလာခဲ့ပြီ ဖြစ်၏။
ကျိယွမ် ယခု လိုအပ်နေသောအရာမှာ... ရှန်လင်ရွှမ်းကို စီးနင်းရန်သာ ဖြစ်လေသည်။
----------