← Chapters

အခန်း (၇၁၄-၇၁၅)

Vol. 60 Ch. 714-715

အခန်း (၇၁၄-၇၁၅)

Vol. 60 Ch. 714-715

အခန်း(၇၁၅)

အဲဒီစကားတွေကို ကြားလိုက်ရတဲ့အခါ ရှီနာက ကျေးဇူးတင်စိတ်နဲ့ အတိုင်းမသိ ပျော်ရွှင်သွားပြီး သူမရဲ့ ကိုယ်ဟန်ကို မတ်မတ်ရပ်လိုက်တယ်။

"ကျွန်မက သင့်ကို အမှောင်သစ်သား အကြောင်း ရှင်းပြခဲ့ရတဲ့ အကြောင်းရင်းက နတ်မျိုးနွယ် တွေအတွက် သင် ဘယ်လောက် အရေးပါလဲဆိုတာကို နားလည်စေချင်လို့ပါ"

"သင်က ကိုယ်တိုင် အမှောင်နတ်ဆိုးတွေ ကို အနိုင်ယူခဲ့ပြီး အဲ့သတ္တဝါက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးနေတဲ့ အချိန်မှာတောင် သတ်ဖြတ်နိုင်ခဲ့တဲ့ အံ့မခန်းစွမ်းရည်နဲ့ ပါရမီကို ပြသခဲ့ရုံသာမကဘဲ သင်က ရွေးချယ်ခံရသူဆိုတာကိုပါ သက်သေပြနိုင်ခဲ့တယ်"

"သင်က အမှောင်သစ်သား ရဲ့ လေးစားမှုကို ရရှိခဲ့တဲ့ တစ်ဦးတည်းသောသူပဲ"

အဲဒီနောက် ဖဲရန် နဲ့ တခြား နတ်မျိုးနွယ်တွေ က ရှီနာကို ရိုသေလေးစားမှု ပြသတဲ့အနေနဲ့ ဒူးထောက်ချလိုက်ကြတယ်။

"သခင်မ ရှီနာ... ကျွန်မတို့ကို သင့်ရဲ့ နည်းလမ်းတွေ သင်ပေးပါလို့ တောင်းဆိုပါတယ်။ အမှောင်သစ်သား ရဲ့ အာရုံစိုက်မှုကို ဘယ်လိုရယူခဲ့လဲဆိုတာ ပြသပေးပါ။ ဒါက ကျွန်မတို့ ဘဝရဲ့ ရည်မှန်းချက်မို့လို့ပါ"

"ကျေးဇူးပြုပြီးတော့ပါ... သင်ကသာ အယ်လ်ဖ်ဘုရင့်နိုင်ငံ ကို ဂုဏ်ကျက်သရေရှိတဲ့ အခြေအနေဆီ ပြန်လည်မြှင့်တင်ပေးနိုင်မယ့် တစ်ဦးတည်းသောသူပါ။ ကျွန်မတို့ထဲက တစ်ယောက်အဖြစ် ပါဝင်ပေးပါ"

တစ်စုံတစ်ယောက်ဆီက အကူအညီ တောင်းခံတဲ့အခါ မြေကြီးကို နမ်းရှုံ့တာက နတ်မျိုးနွယ် တွေရဲ့ ယဉ်ကျေးမှုဓလေ့တစ်ခုပဲ။ ဒါက အဲဒီလူကို လေးစားမှုပြသတဲ့ နည်းလမ်းတစ်ခုဖြစ်သလို သဘာဝတရားနဲ့ တခြားအရာအားလုံးအပေါ်ထားရှိတဲ့ သူတို့ရဲ့ လေးစားမှုကို ပြသတာလည်း ဖြစ်တယ်။

"သင်က နတ်မျိုးနွယ် တွေရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ဝင်တစ်ဦး ဖြစ်လာလိမ့်မယ်" လို့ နတ်မျိုးနွယ် တစ်ယောက်က အော်ပြောလိုက်တယ်။

်သင့်ရဲ့ အရည်အချင်းနဲ့ ထိုက်တန်တဲ့ လေးစားမှုနဲ့ အကျိုးခံစားခွင့်တွေ ရရှိမယ်ဆိုတာ ယုံကြည်ပါ" လို့ နောက်ထပ် နတ်မျိုးနွယ် တစ်ယောက်က ဖြည့်စွက်ပြောလိုက်တယ်။

"ကျွန်တော်တို့က သင် လိုချင်တာ မှန်သမျှကို ပေးဖို့ အဆင်သင့်ပါပဲ"

"ဝါး... အစ်မ၊ အစ်မကတော့ လူကြီးပိုင်းဖြစ်နေပြီပဲ" ဇိုင်ယွန် က သူမရဲ့ ဘေးကို လက်နဲ့ထိုးရင်း စနောက်လိုက်ပေမဲ့ ဗိုက်ကို တံတောင်နဲ့ ခပ်မြန်မြန် အထိုးခံလိုက်ရတယ်။ ဒါက သူ့ကို ချက်ချင်း ပါးစပ်ပိတ်သွားစေခဲ့တယ်။

အဲဒီနောက် ရှီနာက နတ်မျိုးနွယ်တွေ ဘက်ကို လှည့်လိုက်ပြီး အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်လိုက်တယ်။ ပြီးတော့ မိုက်ကယ် ရဲ့ အတွင်းရေးမှူးအနေနဲ့ ရီနေးတားကုမ္ပဏီ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေကျ အချိန်တွေတုန်းကလိုပဲ မတ်မတ်ရပ်နေတဲ့ ကိုယ်ဟန်ကို ပြသလိုက်တယ်။

"ဒီကမ်းလှမ်းမှုအတွက် ကျွန်မ အများကြီး ဂုဏ်ယူမိပါတယ်" လို့ ရှီနာက ခေါင်းညိတ်အရိုအသေပေးရင်း ပြောလိုက်တယ်။ "ဒါပေမဲ့ ရီနေးတား နိုင်ငံတော်နဲ့ သူ့ရဲ့ ကြီးမားခမ်းနားတဲ့ ရည်မှန်းချက်တွေကနေ ခွဲထွက်ပြီး အချိန်မဖြုန်းချင်ပါဘူး"

"ကျွန်မက ရှင်တို့ပြောတဲ့ ရွေးချယ်ခံရသူ မဟုတ်ပါဘူး။ ကျွန်မက အခုရော အမြဲတမ်းပါ သခင် မိုက်ကယ် ရဲ့ အတွင်းရေးမှူးပဲ ဖြစ်နေမှာပါ"

နတ်မျိုးနွယ်တွေ က ရှီနာကို နားမလည်နိုင်တဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ကြတယ်။ ပထမအချက်အနေနဲ့ သူတို့က မိုက်ကယ် ဆိုတဲ့ နာမည်နဲ့ ဘယ်သူ့ကိုမှ မသိကြဘူး။ ဒုတိယအချက်ကတော့ ရှီနာက ဒီကမ်းလှမ်းချက်ကို တစ်ခဏလေးတောင် စဉ်းစားမနေခဲ့တဲ့အပေါ် သူတို့ အံ့အားသင့်သွားကြတာပဲ။

နတ်မျိုးနွယ် တွေရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ဝင်တစ်ဦး ဖြစ်လာတာက ဒီကမ္ဘာပေါ်မှာ ပေးစွမ်းနိုင်တဲ့ အကောင်းဆုံး လေ့ကျင့်ရေးစခန်းတွေနဲ့ မြားပစ်ပညာရပ်ဆိုင်ရာ အကောင်းဆုံး လေ့ကျင့်ရေး မှော်ပရပိုဒ် တွေကို သုံးစွဲခွင့် ရရှိစေတာလေ။

ဒါက နတ်မျိုးနွယ်တိုင်းရဲ့ အိပ်မက်ပဲ။

အရင်က ဘယ်သူ့ကိုမှ ဒီလိုရွေးချယ်ခွင့်မျိုး မကမ်းလှမ်းခဲ့ဖူးပေမဲ့ ရှီနာကတော့ ဒါကို ခပ်မြန်မြန်ပဲ ငြင်းပယ်လိုက်တယ်။

"သင်က အတွင်းရေးမှူးလို့ ပြောပေမဲ့ သင့်လို အရည်အချင်းရှိတဲ့သူ တစ်ယောက်အတွက် ပိုင်ရှင် ဒါမှမဟုတ် CEO တစ်ယောက် ဖြစ်လာဖို့ဆိုတာ သူတို့ ကမ်းလှမ်းနိုင်တဲ့ အနည်းဆုံး အရာပါပဲ" လို့ နတ်မျိုးနွယ် တစ်ယောက်က ပြောလိုက်တယ်။

"သင်က စာချုပ်နဲ့ နေရတာလား" လို့ နောက်ထပ် နတ်မျိုးနွယ် တစ်ယောက်က မေးလိုက်တယ်။ "အယ်လ်ဖ်ဘုရင့်နိုင်ငံ က သင့်ရဲ့ စာချုပ်ကို ဝယ်ယူပြီး သင် လိုချင်တဲ့ လွတ်လပ်ခွင့်ကို ပေးဖို့ ဆန္ဒရှိပါတယ်"

ရှီနာက ခပ်မြန်မြန်ပဲ ခေါင်းယမ်းလိုက်ပြီး သူတို့ကို ရပ်ဖို့ အချက်ပြတဲ့အနေနဲ့ လက်ကို မြှောက်လိုက်တယ်။

ရီနေးတားကုမ္ပဏီ အကြောင်း ဘာမှမသိကြလို့ သူတို့ ဒီလိုထင်နေတာကို နားလည်ပေးလို့ ရနိုင်သေးပေမဲ့ ရီနေးတားကုမ္ပဏီ ကို သူမ မထွက်ပြေးနိုင်အောင် ဖမ်းဆီးထားတဲ့ မိစ္ဆာအဖွဲ့အစည်းတစ်ခုလို သဘောထား ဆက်ဆံနေကြတာကိုတော့ သူမ စိတ်ဆိုးချင်လာပြီ။

ဒါတင်မကသေးဘဲ သူတို့က သူမရဲ့ အတွင်းရေးမှူး အလုပ်ကို သိပ်ပြီး အရေးတယူ ရှိပုံမရဘူး။ သူမက အတွင်းရေးမှူး တစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူနေပြီး ရွေးချယ်ခွင့် ပေးခဲ့ရင်တောင် တခြား ဘယ်အသက်မွေးဝမ်းကျောင်းကိုမှ ရွေးချယ်မှာ မဟုတ်ဘူးလေ။

ဒါက သခင် မိုက်ကယ် အတွက် သူမ လုပ်ပေးနိုင်တဲ့ အထောက်အကူအဖြစ်ဆုံး အလုပ်ပဲ။

"ရှင်တို့ တစ်ခုခုကို နားလည်မှုလွဲနေပုံရတယ်" လို့ သူမက နတ်မျိုးနွယ်တွေ ကို ပြောလိုက်တယ်။ "ရီနေးတား နိုင်ငံတော်က ကျွန်မရဲ့ အိမ်ပဲ၊ အဲဒီကနေ ထွက်ခွာတာက ကျွန်မ မိသားစုကို စွန့်ခွာတာနဲ့ အတူတူပဲ၊ ဒါက လုံးဝ မဖြစ်နိုင်ပါဘူး"

"ဒါပေမဲ့..."

"ပြီးတော့ ကျွန်မက ဒါတွေအားလုံးကို ကိုယ့်ဘာသာ ကြိုးစားပြီး ရလာတယ်လို့ ရှင်တို့ ထင်နေပုံရတယ်၊ ဒါပေမဲ့ အဲဒါ မှားပါတယ်၊ ကျွန်မဘဝရဲ့ အရာအားလုံးက သခင် မိုက်ကယ် ရဲ့ ကျေးဇူးတွေချည်းပါပဲ" လို့ သူမက အခိုင်အမာ ပြောလိုက်တယ်။

ဖဲရန် နဲ့ တခြား နတ်မျိုးနွယ်တွေ ကတော့ စကားမပြောနိုင်လောက်အောင် ဆွံ့အသွားကြတယ်။ ဒီ 'သခင် မိုက်ကယ်' အပေါ် ရှီနာ ထားရှိတဲ့ သစ္စာစောင့်သိမှုနဲ့ ကြည်ညိုမြတ်နိုးမှုက တကယ့်ကို အံ့မခန်းပါပဲ။ သူမ ဒီလောက်တောင် ရိုသေကိုင်းရှိုင်းရအောင် သူက ဘယ်လိုလူမျိုးများလဲဆိုတာကို သူတို့ စတင် တွေးတောလာကြတယ်။

"မိုက်ကယ် က ဘယ်သူလဲ" လို့ ဖဲရန် က မေးလိုက်တယ်။

* * * * * * * *

တစ်ချိန်တည်းမှာပဲ ဂေါသစ်ရဲတိုက်ကြီးဆီမှာတော့...

မိုက်ကယ် က ခြေပိုက်ခွေထိုင်ရင်း သူ့လက်တွေကို ပေါင်ပေါ် တင်ထားလိုက်တယ်။

သူက တရားထိုင်နေပြီး သူ့ရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းဆီကို တန်ခိုးစွမ်းရည် တွေ တတ်နိုင်သလောက် ပြန်လည်ဖြည့်တင်းဖို့ ကြိုးစားနေတာပဲ။

အချိန်အနည်းငယ်ပဲ ကြာသေးတာမို့ သူ့ဘက်ထရီထဲမှာ ၅% လောက်ပဲ အားဝင်သေးတယ်။

'နောက်ထပ် ၂၅% အားသွင်းဖို့ လိုသေးတယ်' လို့ သူက တွေးလိုက်တယ်။ 'ငါ တရားထိုင်ဖို့ပဲ လိုတာပါ'

ဟာဘင်ဂျာ ရဲ့ အဆိုအရ တန်ခိုးစွမ်းရည် တွေကို ပြန်လည်ရယူဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားအကြောင်း တွေးတောဖို့ပဲ။ အနာဂတ်နိမိတ်ဖတ်ကြားသူ ဆိုတဲ့ နာမည်နောက်ကွယ်က အဓိပ္ပာယ်တွေကို သူ ရှာဖွေတွေ့ရှိဖို့ လိုအပ်တယ်။

လွန်ခဲ့တဲ့ နာရီအနည်းငယ်အတွင်းမှာ ဒါနဲ့ပတ်သက်ပြီး သူ အများကြီး တွေးတောခဲ့ပေမဲ့ သူ တွေးခဲ့သမျှ ဘာတစ်ခုကမှ ကွမ်တမ်ခြေလှမ်းတစ်ခုအတွက် လုံလောက်တဲ့ တန်ခိုးစွမ်းရည် တွေ စုဆောင်းရာမှာ တစ်နည်းတစ်ဖုံနဲ့တောင် အထောက်အကူ မဖြစ်ခဲ့ဘူး။

တကယ်တမ်း တိုက်ပွဲဝင်မနေဘဲနဲ့ စွမ်းအားအကြောင်း စဉ်းစားဆင်ခြင်ဖို့ ခက်ခဲတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဖတ်ချ် နဲ့ ကူနို တို့က အမြဲတမ်း တီးတိုးစကားပြောနေကြပြီး စက္ကန့်အနည်းငယ်ကြာတိုင်း တခစ်ခစ် ရယ်မောနေတာကြောင့် သူ ရှုပ်ထွေးတဲ့ အတွေးတွေကို ဖော်ဆောင်ဖို့ ဘယ်လိုမှ အာရုံစိုက်လို့ မရတာကလည်း အတော်လေး အနှောင့်အယှက် ဖြစ်စေတယ်။

"ဟိဟိဟိ... ရှင်က သိပ်ရယ်ရတာပဲ ဖတ်ချ် ရယ်" ကူနို က တခစ်ခစ်ရယ်ရင်း ပြောလိုက်တယ်။

ဖတ်ချ် က ခေါင်းလေးစောင်းလိုက်ပြီး "ဟင်... ရယ်ရတယ်ဟုတ်လား၊ အဲဒါ မိုက်တာလေ... ရယ်စရာမှ မဟုတ်တာ။ နင်ဂျာ တစ်ယောက်ဖြစ်ဖို့ဆိုတာ စတိုင်လ်ကျကျနဲ့ မိုက်နေဖို့ အရေးကြီးတယ်၊ ငါကတော့ အဲဒါကို အမိုက်စား ကျင့်ကြံခြင်းလို့ ခေါ်တယ်"

မိုက်ကယ် က သက်ပြင်းချလိုက်ပြီး တရားထိုင်တာကို လက်လျှော့လိုက်တယ်။ 'အလကားပဲ... ငါ့ရဲ့ တန်ခိုးစွမ်းရည် တွေ ပြန်ပြည့်ဖို့အတွက် တစ်ပတ်လောက်ပဲ စောင့်လိုက်တော့မယ်'

ဒါပေမဲ့ အဲဒီအချိန်မှာပဲ သူ့မျက်စိရှေ့မှာ အသိပေးချက်တစ်ခု ရုတ်တရက် ပေါ်လာတာကို သူ မြင်လိုက်ရတယ်။

[ဂုဏ်ယူပါတယ် မိုက်ကယ်... ရှီနာက သူမရဲ့ ဒီဗာ ကို အောင်မြင်စွာ နိုးထစေနိုင်ခဲ့ပါပြီ]

[ပိုလျှံနေတဲ့ တန်ခိုးစွမ်းရည် တွေကို သင့်ရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေဆီ လွှဲပြောင်းပေးနေပါတယ်]

ရှီနာက သူမရဲ့ ပထမဆုံး တန်ခိုးစွမ်းရည် ကို အသက်သွင်းနိုင်ခဲ့ပြီဆိုတာ သိလိုက်ရတာကတင် ကြည်နူးစရာကောင်းတဲ့ အံ့အားသင့်မှုတစ်ခု ဖြစ်နေခဲ့ပြီ။ ဒါပေမဲ့ သူမရဲ့ အဆင့်တက်မှုကနေ ပိုလျှံနေတဲ့ စွမ်းအင်တွေကို သူ ရရှိမယ်ဆိုတာကို သတိရလိုက်တဲ့အခါမှာတော့ ပိုပြီးတောင် ကြည်နူးစရာကောင်းတဲ့ အံ့ဩမှုတစ်ခု ဖြစ်သွားခဲ့တယ်။

ရုတ်တရက်ပဲ ကြီးမားတဲ့ စွမ်းအားလှိုင်းလုံးကြီးတစ်ခုက သူ့ရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေထဲ ဝင်ရောက်လာတာကို ခံစားလိုက်ရပြီး သူ့နှလုံးသားကို ပွက်ပွက်ဆူနေတဲ့ ရေလိုမျိုး နွေးထွေးသွားစေခဲ့တယ်။

သူက ဘက်ထရီကို ရင်ဘတ်မှာ အမြန်တပ်ဆင်လိုက်ပြီး အဲဒီစွမ်းအင်တွေအားလုံးကို လုံခြုံတဲ့ နေရာတစ်ခုဆီ ဘေးကင်းကင်းနဲ့ စုပ်ယူသွားခွင့်ပြုလိုက်တယ်။

[၁၀%… ၁၅%… ၂၀%… ]

ဖတ်ချ် သူ့စွမ်းအားတွေကို နိုးထလာတုန်းကလည်း ပိုလျှံနေတဲ့ စွမ်းအင်တချို့က သူ့ဆီ ကူးစက်လာခဲ့တာကို သူ သတိရသွားတယ်။ ပြီးတော့ ဒါကပဲ ပျူရစ် ဗန်ပိုင်ယာတွေကို ရင်ဆိုင်ရချိန်မှာ သူ့ကို ကွမ်တမ်ခြေလှမ်း သုံးနိုင်အောင် ခွင့်ပြုပေးခဲ့တာပဲ။

သိပ်မကြာခင်မှာပဲ ဘက်ထရီအားက အံ့မခန်း [၂၈%] အထိ ရောက်ရှိသွားခဲ့တယ်။

ဒါက ကွမ်တမ်ခြေလှမ်း တစ်ကြိမ် သုံးဖို့အတွက် မလုံလောက်သေးပေမဲ့ ကျန်တဲ့အပိုင်းအတွက် သူ့ရဲ့ ကိုယ်ပိုင် တန်ခိုးစွမ်းရည် ကို အလွယ်တကူ အသုံးပြုနိုင်တယ်လေ။

"ဖတ်ချ်... ကူနို... ဝင်ခဲ့ကြတော့" လို့ သူက သူတို့ကို ပြောလိုက်တယ်။

သူက သူ့ရဲ့ ဒရုန်း ကို လက်ထဲ ခပ်မြန်မြန် ထုတ်ယူလိုက်တယ်။ အဲဒီနောက် ကူနိုက ဖတ်ချ်ကို ရင်ခွင်ထဲ ဖက်ထားချိန်မှာ သူက ကူနိုရဲ့ လက်တွေကို ကိုင်လိုက်ပြီး ဒရုန်းရဲ့ ကိုယ်ထည်ပေါ်က တံခါးပေါက်လေးကို ထိလိုက်တယ်။

ရုတ်တရက်ပဲ သူတို့ သုံးယောက်လုံးက ဒရုန်းရဲ့ ရေဂီယို ထဲကို ရွှေ့ပြောင်းသွားခဲ့တာကြောင့် ကူနိုတစ်ယောက် အံ့အားသင့်သွားခဲ့တယ်။

ပြီးတော့ သူမ ဘာမေးခွန်းမှ မမေးနိုင်ခင်မှာပဲ သူက ဒရုန်းကို အမြန်မောင်းနှင်လိုက်တယ်။

သူက အခု လွတ်မြောက်အောင် ထွက်ပြေးဖို့နဲ့ သူ့ရဲ့ ကွမ်တမ်ခြေလှမ်း ကို အကောင်အထည်ဖော်ဖို့ ဒရုန်းကို အသုံးပြုဖို့ စီစဉ်နေတာပဲ။

ဒရုန်းမှာ ဘက်ထရီကို တပ်ဆင်ထားပြီးပြီမို့လို့ ဒီလိုလုပ်ဖို့အတွက် လိုအပ်တဲ့ စွမ်းအင်ပမာဏက အသင့်ရှိနေပြီဆိုတဲ့ သဘောပဲ။

သူ လုပ်ရမှာက ဒရုန်းကို မောင်းနှင်ဖို့ပဲ။

* * * * * * * *

စာစဉ်(၆၀)

အခန်း(၇၁၆)

ဒရုန်းကို မောင်းနှင်တာက သူ့ရဲ့ဝိညာဉ်ကို အဲဒီထဲ ထည့်သွင်းလိုက်တာနဲ့ အတူတူပဲမို့ သူ့ခန္ဓာကိုယ်နဲ့ ပုံမှန်သုံးနေကျ မန္တန်တွေနဲ့ နည်းစနစ်တွေကို သုံးနိုင်တယ်လို့ ဆိုလိုတာပဲ။ သေချာတာကတော့ စွမ်းရည်တွေအတွက်လည်း ဒီအတိုင်းပဲလေ။

သီအိုရီအရတော့ အဆင်ပြေပေမဲ့ ဒါက တကယ် အလုပ်ဖြစ်မဖြစ် သိရအောင် သူ စမ်းသပ်မကြည့်ရသေးဘူး။

အခုက စမ်းသပ်ဖို့ အကောင်းဆုံးအချိန်ပဲ။

"သခင်... နောက်မှ ဒီဟာကို ကျွန်တော် ငှားလို့ရမလား၊ အထဲကနေ အရာအားလုံးကို မြင်နေရတာ တကယ့်ကို မိုက်တာပဲ" လို့ အပြင်ဘက်ကမ္ဘာကို ပြသနေတဲ့ မျက်နှာပြင်တွေကို ကြည့်ရင်း နံရံတစ်ခုကနေတစ်ခုကို ခုန်ကူးရင်း ဖတ်ချ်က ပြောလိုက်တယ်။

"မရဘူး" လို့ မိုက်ကယ်က ချက်ချင်း ပြန်ဖြေလိုက်တယ်။ ဒါက အကြံကောင်းတစ်ခု မဟုတ်ဘူးဆိုတဲ့ အချက်အပြင် လက်တွေ့လည်း မဆန်ဘူးလေ။ သူ့ကလွဲရင် ဘယ်သူမှ ဒီဒရုန်းကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။

[စနစ်အရောင်းဆိုင်ထဲကနေ နေထိုင်ရာ အဆင့်မြှင့်တင်မှုကို ဝယ်ယူလိုက်တာနဲ့ ဖတ်ချ်အနေနဲ့ သူ့ရဲ့ ဒရုန်းအသေး ဝတ်ရုံထဲမှာ ကိုယ်ပိုင် မှော်ကမ္ဘာငယ်လေးတစ်ခု ရနိုင်ပါတယ်] လို့ နိုဗာက သူ့ကို သတိပေးလိုက်တယ်။

နောက်ထပ် အချိန်ဆွဲမနေတော့ဘဲ မိုက်ကယ်က ဂေါသစ် ရဲတိုက်ကြီးရဲ့ အမည်းရောင် နံရံတွေနားကို ကပ်သွားဖို့ ဒရုန်းကို မောင်းနှင်လိုက်တယ်။

သူ့ရဲ့ အစီအစဉ်က ရိုးရှင်းပါတယ်။ ပထမဆုံးအနေနဲ့ သူ ဖောက်ထွက်ဖို့ မဖြစ်နိုင်လောက်အောင် အလွန်အားကောင်းတဲ့ တန်ခိုးစွမ်းရည်တွေနဲ့ ကာကွယ်ထားတဲ့ ရဲတိုက်နံရံအထူကြီးတွေကို ကျော်ဖြတ်ဖို့ ကွမ်တမ်ခြေလှမ်း ကို အသုံးပြုရမယ်။

ပြီးတော့ အပြင်ကို ရောက်တာနဲ့ ရဲတိုက်နံရံတွေကို ဝန်းရံထားတဲ့ မြေအောက်ကျောက်တုံးတွေကို ဖြတ်သန်းသွားလာဖို့ ဒရုန်းရဲ့ [အရာဝတ္ထုများကို ဖြတ်သန်းသွားလာနိုင်ခြင်း] စွမ်းရည်ကို အသုံးပြုမှာပဲ။

'ကဲ စလိုက်ရအောင်... ကွမ်တမ်ခြေလှမ်း'

သူ့လက်ထဲမှာ ဧရာမ တန်ခိုးစွမ်းရည်တွေ စုစည်းလာတယ်လို့ သူက ပုံဖော်လိုက်တာနဲ့ ရုတ်တရက် ဒရုန်းကိုယ်ထည် အောက်ခြေက ဘက်ထရီတွေဆီကနေ အမျှင်တန်းတွေ ထွက်ပေါ်လာပြီး ရှေ့ဘက်က ပန်ကာနှစ်ခုဆီ ဖြည်းဖြည်းချင်း စီးဆင်းသွားခဲ့တယ်။

ပန်ကာတွေက တန်ခိုးစွမ်းရည်တွေကို ပိုပိုပြီး ရရှိလာတာနဲ့အမျှ လေဟာနယ်ကြီးတစ်ခုလုံးက ကွေးညွှတ်လာပြီး သူ့အလိုလို ခေါက်ဝင်သွားတော့တယ်။

ဒါ အလုပ်ဖြစ်နေပြီ။

မကြာခင်မှာပဲ နည်းစနစ်က သူ့ရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့တယ်။ ဒါကို နောက်ဆုံးအဆင့်ဆီ တွန်းပို့ဖို့အတွက် မိုက်ကယ်က သူ့ရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေကို အသုံးပြုလိုက်ပြီး ကွမ်တမ်ခြေလှမ်း ကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ နောက်ဆုံး တန်ခိုးစွမ်းရည် နည်းနည်းကို ထပ်ဖြည့်လိုက်တယ်။

ရုတ်တရက် ဒရုန်းက သူ့အလိုလို ခေါက်ဝင်သွားပြီး တစ်ခဏချင်းအတွင်းမှာပဲ အမှတ်တစ်ခုအဖြစ် ပျောက်ကွယ်သွားခဲ့တယ်။

ပြီးတော့ သန္ဓေဝိညာဉ် အဆင့်အထက်က လူတွေသာ ချိုးဖျက်နိုင်တဲ့ ကာကွယ်ရေးအတားအဆီးကို လုံးဝ ကျော်ဖြတ်ပြီး နံရံရဲ့ အခြားတစ်ဖက်မှာ ပြန်ပေါ်လာခဲ့တယ်။

ချက်ချင်းပဲ မိုက်ကယ်၊ ဖတ်ချ်နဲ့ ကူနိုတို့က ဒရုန်းပတ်လည်မှာ အမှောင်ထုကလွဲပြီး ဘာကိုမှ မမြင်ရတော့ဘူး။

သူတို့က ပေရာနဲ့ချီ နက်တဲ့ မြေအောက်က ကျောက်တုံးလွှာတွေရဲ့ အလယ်တည့်တည့်မှာ ရောက်နေကြတာပဲ။

ကံကောင်းတာက မိုက်ကယ်က ဒါကို ဖြစ်လာမယ်လို့ ကြိုတွေးထားတာမို့ ဒရုန်းရဲ့ စွမ်းရည်အသစ်ကို ချက်ချင်း အသက်သွင်းလိုက်တယ်။

သူ့ရဲ့ အက်တမ်တစ်ခုချင်းစီက စတင် ကျယ်ပြန့်လာပြီး သိပ်သည်းဆ တဖြည်းဖြည်း လျော့ကျလာတာကြောင့် အခဲတွေကို ပြဿနာမရှိဘဲ ဖြတ်သန်းသွားနိုင်စေခဲ့တယ်။

နောက်ဆုံးတော့ သူတို့ အပြင်ရောက်သွားပြီ။

"နောက်ဆုံးတော့" လို့ ပြောရင်း မိုက်ကယ်က သက်ပြင်းချလိုက်တယ်။

ဂေါသစ် ရဲတိုက်ရဲ့ အပြင်ဘက်ကို ရောက်တာနဲ့ ပတ်ဝန်းကျင်က မှော်စွမ်းအင်တွေနဲ့ ချိတ်ဆက်မိသွားသလို သူ ခံစားလိုက်ရတယ်။ ရီနေးတားနိုင်ငံ၊ အန်ဂိုရာမြို့၊ မက်ထရိုပိုလစ်နဲ့ အနီရောင် ချောက်ကြီးတို့မှာ သူ ချန်ထားခဲ့တဲ့ မှော်ပညာတွေဆီကို နောက်ဆုံးတော့ သူ ပြန်ချိတ်ဆက်နိုင်သွားပြီလေ။

နောက်ဆုံးတော့ သူ အသက်ရှူလို့ ဝသွားသလို ခံစားလိုက်ရတယ်။

"ဒီကနေ သွားကြရအောင်" လို့ သူ့ရဲ့ အရိပ်ရွှေ့ပြောင်းခြင်း စွမ်းရည်ကို အသက်မသွင်းခင် သူက ပြောလိုက်တယ်။

မန္တန်ကို အဆုံးသတ်ဖို့ လုံလောက်တဲ့ မှော်စွမ်းအင်တွေ ရရှိဖို့အတွက် အလွန်များပြားတဲ့ မှော်စွမ်းအင်တွေက ဒရုန်းဆီကို စတင် စုစည်းလာကြတယ်။

'ဝိုး... တော်တော်များတာပဲ၊ ငါတို့ ဘယ်ရောက်သွားတာလဲ' လို့ သူ သဘောပေါက်လိုက်တယ်။

ဒရုန်းက ပတ်ဝန်းကျင်မှာရှိတဲ့ မှော်စွမ်းအင်တွေ အားလုံးကို စက္ကန့်အနည်းငယ်ကြာ စုပ်ယူလိုက်ပေမဲ့ ရွှေ့ပြောင်းတာကို အဆုံးသတ်ဖို့ လုံလောက်မှု မရှိသေးဘူး။

မှော်စွမ်းအင်တွေ အများကြီးကို သုံးစွဲနေတာကြောင့် မြေကြီးကိုယ်တိုင်က ပြင်းအား ၈ ရှိတဲ့ ငလျင်တစ်ခုလို စတင် တုန်ခါလာခဲ့တယ်။

ဒီစွမ်းရည်ကို ဆက်သုံးသင့်၊ မသုံးသင့်ဆိုတာကို သူ စတင် စိုးရိမ်လာတယ်။ ပတ်ဝန်းကျင်က သဘာဝ မှော်စွမ်းအင်တွေထဲမှာ ဒီလောက်ကြီးမားတဲ့ နှောင့်ယှက်မှုမျိုးက သေချာပေါက် ပြဿနာအချို့ ဖန်တီးနိုင်တယ်လေ။

ကံကောင်းတာက သူတို့အနီးအနားမှာ သက်ရှိတွေ မရှိလို့သာပေါ့၊ မဟုတ်ရင် သူတို့တွေလည်း ဒီမန္တန်ကြောင့် ဆိုးကျိုးတွေ ခံစားရနိုင်တယ်။

နောက်ဆုံးတော့ အရိပ်တစ်ခုက ဒရုန်းတစ်ခုလုံးကို စတင် ဖုံးလွှမ်းသွားပြီး အရာအားလုံးကို အမှောင်ထုထဲမှာ ဖုံးအုပ်ထားတဲ့ ပူဖောင်းတစ်ခု ဖန်တီးလိုက်တယ်။

ပြီးတော့ စက္ကန့်အနည်းငယ်အကြာမှာ အရိပ်က မြေကြီးထဲ ပြန်ဝင်သွားခဲ့တယ်။

အဲလိုဖြစ်သွားတာနဲ့ တစ်ပြိုင်နက် သူတို့ပတ်လည်မှာ ပေရာနဲ့ချီတဲ့ ကျောက်ဆောင်တွေ မရှိတော့တဲ့ လုံးဝ ကွဲပြားတဲ့ ပတ်ဝန်းကျင်တစ်ခုဆီ ရောက်နေမှန်း သူတို့ တွေ့လိုက်ရတယ်။

လက်ရှိမှာ ဒရုန်းက အမှောင်ကျင်းကြီးတစ်ခုဆီ ဦးတည်နေတဲ့ ချောက်ကမ်းပါးတစ်ခုအပေါ်မှာ ဝဲပျံနေတယ်။

ပြီးတော့ ချောက်ကမ်းပါးပေါ်မှာ ဒရာဂွန်ဘွန်းတွေကို သူ မြင်လိုက်ရတယ်။

သူ စိတ်အေးသွားခဲ့တယ်။ သူတို့ အဆင်ပြေရဲ့လားဆိုတာ သေချာစေဖို့ သူတို့ရဲ့ အရိပ်တွေထဲမှာ သူ ချန်ထားခဲ့တဲ့ ကိုယ်ပွားဆီကို တိုက်ရိုက် ရွှေ့ပြောင်းလာခဲ့တာလေ။

ဇိုင်ယွန်ရဲ့ ပူပင်သောကကင်းတဲ့ မျက်နှာပေးနဲ့ ဂျာကူရဲ့ တောက်လျှောက် သမ်းဝေနေတာတွေကို ကြည့်ရရင် သူတို့ တကယ့် ပြဿနာထဲမှာ မရှိဘူးလို့ ယုံကြည်စိတ်ချစွာ ပြောနိုင်တယ်။

သူက ဒရုန်းထဲကနေ ထွက်လာပြီး ချောက်ကမ်းပါးဆီ ဖြည်းဖြည်းချင်း လွင့်ပျံဆင်းသွားတယ်။

အဲလို ဆင်းသွားရင်း သူတို့က နတ်မျိုးနွယ်တွေနဲ့ စကားပြောနေတာကို တွေ့လိုက်ရလို့ သူ အံ့ဩသွားခဲ့တယ်။

အရင်က နတ်မျိုးနွယ်တစ်ယောက်ကိုမှ သူ မမြင်ဖူးပေမဲ့ အဲဒီ အဖျားချွန်တဲ့ နားရွက်ရှည်တွေ၊ သစ်ရွက်ဝတ်စုံတွေနဲ့ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ခန္ဓာကိုယ်တွေက တခြား ဘယ်လူမျိုးနဲ့မှ မမှားနိုင်ဘူးလေ။

"မိုက်ကယ်ဆိုတာ ဘယ်သူလဲ" လို့ ရှီနာနဲ့ စကားပြောနေတဲ့ သက်လတ်ပိုင်း နတ်မျိုးနွယ် အမျိုးသမီးတစ်ယောက်က မေးလိုက်တယ်။

သူတို့ရဲ့ သခင်မိုက်ကယ်အကြောင်းကို ကြွားလုံးထုတ်ဖို့ အခွင့်အရေးရလို့ ရှီနာက တကယ်ကို စိတ်လှုပ်ရှားနေပုံရတယ်။

"သခင်မိုက်ကယ်ဆိုတာက"

သူမက စကားကို ဆက်ပြောဖို့ လုပ်နေတုန်းမှာပဲ ရုတ်တရက် အပေါ်ကို မော့ကြည့်လိုက်ပြီး သူတို့ဆီ လွင့်ပျံဆင်းလာတဲ့ အမျိုးသားကို နောက်ဆုံးတော့ သတိပြုမိသွားတယ်။

စိတ်အေးသွားတာ၊ ပျော်ရွှင်တာနဲ့ တခြားသော ခံစားချက်ပေါင်းများစွာက သူမရဲ့ မျက်နှာပေါ်မှာ ပေါ်လွင်လာခဲ့တယ်။

"သခင်မိုက်ကယ်" လို့ ပြောရင်း သူမက ချက်ချင်းပဲ ဒူးထောက်ချလိုက်တယ်။

ကျန်တဲ့ ဒရာဂွန်ဘွန်းတွေကလည်း နောက်ဆုံးတော့ သူ့ကို သတိပြုမိသွားကြပြီး သူတို့ရဲ့ ကိုယ်ပိုင်ဟန်တွေနဲ့ နှုတ်ဆက်ကြတော့တယ်။

"ဘရိုမိုက်... ဘယ်တွေ ရောက်နေတာလဲ" လို့ အားလပ်ရက် ခရီးကနေ ပြန်ရောက်လာတဲ့သူတစ်ယောက်လို မိုက်ကယ်ကို ပေါ့ပေါ့ပါးပါး လက်ပြရင်း ဇိုင်ယွန်က ပြောလိုက်တယ်။

"သခင်... အဆင်ပြေလား" လို့ ဂျာကူက ခေါင်းညိတ်ပြရင်း ပြောလိုက်တယ်။

"...သခင် မိုက်ကယ်... ဝမ်းသာပါတယ် ခစ် ခစ်..." လို့ ယူမီစုက ပါးပြင်လေးတွေ နီရဲလာကာ ရှက်ရွံ့စွာနဲ့ တီးတိုးရေရွတ်လိုက်တယ်။

နောက်ဆုံးတော့ နတ်မျိုးနွယ်တွေကလည်း သူတို့ဆီ ဆင်းလာတဲ့ ရွှေရောင်ဆံပင်နဲ့ ကောင်လေးကို သတိပြုမိသွားကြတယ်။

"မိုက်ကယ်" ဖဲရန်က သူ့ကို သေသေချာချာ ကြည့်ရင်း ပြောလိုက်တယ်။

ချက်ချင်းပဲ သူ့ရဲ့ ငယ်ရွယ်မှုကြောင့် သူမ အံ့အားသင့်သွားခဲ့တယ်။ ရှီနာ သစ္စာခံနေတဲ့ သခင်မိုက်ကယ်ဆိုတာက မက်ထရိုပိုလစ်က အဲလ်ရစ် ဒါမှမဟုတ် တခြားသော လက်ဂါစီ့စ်တွေလိုမျိုး စွမ်းအားကြီးတဲ့ လူသားတစ်ယောက် ဖြစ်မယ်လို့ သူမက မျှော်လင့်ထားခဲ့တာလေ။

ဒါပေမဲ့ သူက ရိုးရိုးသာမန် ကလေးတစ်ယောက်နဲ့ပဲ တူနေတယ်။

"ဟေး ငါ့လူတွေ... မင်းတို့အားလုံး အဆင်ပြေနေလို့ ဝမ်းသာပါတယ်" လို့ ပြောရင်း မြေပြင်ပေါ်ကို ညင်သာစွာ ဆင်းသက်လိုက်တယ်။

ရှီနာက သူ့ဆီ သွားဖို့ လုပ်ပေမဲ့ ဇိုင်ယွန်က အရင် ရောက်သွားခဲ့တယ်။

"နားထောင်ဦး ဘရိုမိုက်... ကျွန်တော်တို့က ဒီထူးဆန်းတဲ့ လေဟာနယ်ဥမင်လိုဏ်ခေါင်းကို ဖြတ်သွားခဲ့တာ၊ ပြီးတော့ ပြီးတော့"

လေဟာနယ်အက်ကွဲကြောင်းထဲမှာ သူတို့ ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေနဲ့ ရှုပ်ထွေးမှုတွေထဲမှာ ထာဝရ လမ်းမပျောက်သွားအောင် ရှီနာက ဘယ်လို ကယ်တင်ခဲ့တယ်ဆိုတာကို ဇိုင်ယွန်က စတင် ရှင်းပြတော့တယ်။

'ငါ အဖမ်းခံရပြီးနောက် ဂယက်ထဲမှာ သူတို့ ပါသွားခဲ့တာပဲ၊ ဒါပေမဲ့ သူတို့ ထွက်လာနိုင်တာ ကောင်းပါတယ်'

သေချာတာကတော့ ဇိုင်ယွန်က မော့ကင်းဂျေး၊ လေးနဲ့ပတ်သက်ပြီး ရှီနာရဲ့ အခက်အခဲတွေနဲ့ အမှောင်နတ်ဆိုးs လို့ခေါ်တဲ့ သတ္တဝါတွေ ပေါ်လာတဲ့အကြောင်းကိုလည်း မိုက်ကယ်ကို ပြောပြခဲ့တယ်။

"ဒီမနက် အစ်မကြီး မျက်နှာသစ်မလာလို့ ဘာကိုမှ မပစ်နိုင်တာ နေမှာပါ၊ ဒါပေမဲ့ နောက်ဆုံးတော့ သူ လုပ်နိုင်သွားတယ်၊ ပြီးတော့ ဒါလေး ကြည့်ဦး၊ သူက သူ့ရဲ့ ဒီဗာကိုပါ နိုးထနိုင်သွားတာ"

ရှီနာက ချက်ချင်းပဲ သူ့ခေါင်းကို ရိုက်ချလိုက်တယ်။ "ဟေ့... အဲဒါ ငါ့ဘာသာ ပြောမလို့ဟာကို"

'အမှောင်နတ်ဆိုး တဲ့လား... အဲဒါ ဘာကြီးလဲ'

[အမှောင်နတ်ဆိုး တွေက နတ်မျိုးနွယ်တွေရဲ့ သဘာဝ ရန်သူတွေပါ၊ သူတို့က အယ်လ်ဖ်ဘုရင့်နိုင်ငံရဲ့ တောနက်တွေထဲမှာ နေထိုင်ကြပြီးတော့...]

နိုဗာက အမှောင်နတ်ဆိုး တွေနဲ့ ပတ်သက်ပြီး အကျဉ်းချုပ် ရှင်းပြလိုက်တယ်။

'သူတို့က အယ်လ်ဖ်ဘုရင့်နိုင်ငံရဲ့ ဌာနေသတ္တဝါတွေပေါ့၊ သဘောပေါက်ပြီ... သူတို့လည်း လေဟာနယ်အက်ကွဲကြောင်းထဲ ပါသွားပြီး တစ်နည်းနည်းနဲ့ ဒီကို ရောက်လာတာပဲ'

'နေပါဦး... ဂေါသစ် ရဲတိုက်က အယ်လ်ဖ်ဘုရင့်နိုင်ငံမှာ ရှိနေတာလား'

* * * * * * * *

All Chapters