← Chapters

အခန်း (၇၂၁-၇၂၂)

Vol. 61 Ch. 721-722

အခန်း (၇၂၁-၇၂၂)

Vol. 61 Ch. 721-722

အခန်း(၇၂၁)

ဟာဘင်ဂျာရဲ့ ပခုံးတွေဆီမှာ နာနိုအမှုန်လေးတွေ စတင်ဖြစ်တည်လာခဲ့တယ်။ အဲဒါက ဟာဘင်ဂျာရဲ့ ခန္ဓာကိုယ်ထဲက အတွင်းပိုင်း ဆားကစ်လမ်းကြောင်းတွေကို အရင်ဆုံး ဖန်တီးပေးပြီး နာနိုအမှုန်လေးတွေက ဝိုင်ယာကြိုးတွေနဲ့ ချိတ်ဆက်စရာ နေရာတွေအဖြစ် ပြောင်းလဲသွားတယ်။

ပြီးတော့မှ သံချပ်ကာက ပေါ်လာပြီး အတွင်းပိုင်း ဆားကစ်တွေကို ကာကွယ်ပေးထားတဲ့ မာကျောပေမဲ့ ကွေးညွှတ်နိုင်တဲ့ အပြင်ဘက်အလွှာတစ်ခုကို ဖန်တီးပေးလိုက်တယ်။ အဲဒါက ပခုံးနဲ့ ကျောပြင်တစ်ဝိုက်မှာ အနားသတ်တွေကနေ အလင်းရောင်တွေ တလက်လက် တောက်ပရင်း ဖွဲ့စည်းသွားတာပဲ။

ညာဘက်ရင်အုံ အပေါ်ပိုင်းမှာတော့ သံချပ်ကာကိုယ်ထည်ပေါ်မှာ တိုက်ရိုက် ထွင်းထုထားတဲ့ စာသားတစ်ခု ရှိနေတယ်။

အဲဒါက သူ့ရဲ့ နာမည်ကို ဖော်ပြနေတာပဲ။ ဟာဘင်ဂျာ။

'အခု မင်းကို သေချာ ကြည့်လိုက်ရတော့ မင်းက ငါ့ရဲ့ အရင်ကမ္ဘာမှာ ခေတ်စားခဲ့တဲ့ စက်ရုပ်တွေနဲ့ တော်တော်လေး ဆင်တူတာပဲ'

| ငှဲ..ငှဲ..ငှဲ.. ငါက ပိုသာပါတယ် |

မိုက်ကယ်က နှာခေါင်းရှုံ့လိုက်တယ်။ 'မင်းရဲ့ ပုံစံအစစ်အမှန်ကို ပြတဲ့အခါကျရင် သိရမှာပေါ့'

ဒီအရှိန်အတိုင်းဆိုရင် ဟာဘင်ဂျာက ဆဌမမြောက်အဆင့်မှာ သူ့ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို ပြသလာမှာဖြစ်ပြီး သတ္တမမြောက်နဲ့ အဌမမြောက်အဆင့်တွေမှာ ခြေထောက်တွေ၊ နောက်ဆုံး နဝမမြောက်အဆင့်မှာတော့ ခေါင်းပေါ်လာပြီး ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ်ကို အပြီးသတ်သွားလိမ့်မယ်။

| အဲဒါကြောင့် မင်းအနေနဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေကို တတ်နိုင်သမျှ မြန်မြန်နဲ့ အများဆုံး ရအောင် ယူသင့်တာပေါ့ |

"ဒါကို နောက်မှ ရှင်းကြတာပေါ့" ဟာဘင်ဂျာရဲ့ ခန္ဓာကိုယ် ပုံပေါ်လာတာ ရပ်တန့်သွားချိန်မှာ သူက ပြောလိုက်တယ်။ 'လောလောဆယ် သဲဒင်္ဂါးတွေနဲ့ ငါ ဝယ်နိုင်တာက ငါ့ရဲ့ ဒရုန်းအတွက် အဆင့်မြှင့်တင်မှုတွေပဲ ရှိတယ်'

သူက မျက်လုံးတွေကို မှိတ်လိုက်ပြီး အဆင့်မြှင့်တင်ရေးဆိုင်ဆီ အာရုံစိုက်လိုက်တယ်။

[မီသရယ် မှော်ဝင်ပစ္စည်း - ဒရုန်း]

[ရှေးဟောင်းဝိညာဉ် - ၀ အစက်]

[အမြင်အာရုံ]

- - ကင်မရာ

- - - ဒရုန်းအမြင်အာရုံ

- - - မျှဝေ အမြင်အာရုံ

- - - မက်ဂ်နက်တစ် အမြင်အာရုံ = ၃

- - - သားရဲမျိုးနွယ်အမြင်အာရုံ

- - - XXXX

[လက်နက်]

- - သဟဇာတလက်နက်များ

- - - သဟဇာတသေနတ်

- - - သဟဇာတသေနတ်(မတ်ခ် ၂) = ၂

- - - သဟဇာတဗုံး

- - - သဟဇာတဗုံး (မတ်ခ် ၂) = ၂

- - - XXXX

- - စွမ်းရည်

- - - ပစ္စည်းသိုလှောင်ခန်း လဲလှယ်ခြင်း = ၁

- - - ဒရုန်းအသေး သိုလှောင်ခန်း = ၂

- - - XXXX

[ပန်ကာ]

- - ပုန်းကွယ်ခြင်း

- - - အသံတိတ်ပန်ကာ

- - - XXXX

- - အမြန်နှုန်း

- - - တောင်ပံ၂ထပ် = ၁

- - - XXXX

[ကိုယ်ထည်]

- - ပုန်းကွယ်ခြင်း

- - - ပတ်ဝန်းကျင်နဲ့ ရောနှောဖုံးကွယ်ခြင်း = ၁

- - - ကိုယ်ပျောက်စွမ်းရည်

- - - အရာဝတ္ထုများကို ဖြတ်သန်းသွားလာနိုင်ခြင်း

- - - XXXX

- - ခုခံအား

- - - သဟာဇာတဒိုင်း = ၁

- - - XXXX

[ချဲ့ထွင်မှု]

- - ဒရုန်းများ

- - - ဒရုန်းအသေး

- - - ဒရုန်းအုပ်စု = ၂

- - ပုံစံပြောင်းလဲခြင်း

- - - အရွယ်အစား လျှော့ချခြင်း

- - - အရွယ်အစား ချဲ့ထွင်ခြင်း = ၁

- - - ပုံသဏ္ဌာန် ပြောင်းလဲခြင်း = ၂

[မှော်ကမ္ဘာငယ်လေး]

- - ရေဂီယို

- - သီးသန့်အခန်း = ၁

- - XXXXX

[မဟာမိတ်များ]

- - ဖတ်ချ်

- - - ဒရုန်းအသေးချိတ်ဆက်မှု

- - - လက်နက် =

- - - နေထိုင်ရာ = ၅

- - - စွမ်းရည် = ၅

- - ရှီနာ

- - - ဒရုန်းအသေးချိတ်ဆက်မှု = ၁

- - - လက်နက် = ၁

- - - နေထိုင်ရာ = ၅

- - - စွမ်းရည် = ၅

သေချာတာကတော့ အခုအချိန်မှာ သူ အဓိက ဝယ်ချင်နေတာက ရှီနာအတွက် ဒရုန်းအသေးချိတ်ဆက်မှုတစ်ခုပဲ။

သူမရဲ့ လက်နက်နဲ့ ဒရုန်းအသေးတစ်စင်းကို ချိတ်ဆက်ပေးတာက အနာဂတ်မှာ အဆင့်မြှင့်တင်မှုတွေအတွက် လမ်းစပွင့်သွားစေရုံသာမကဘဲ သူမ တကယ် အလိုအပ်ဆုံးအချိန်မှာ အနည်းငယ် ပိုပြီး ကာကွယ်မှု ပေးနိုင်မှာပဲ။

ဘာပဲဖြစ်ဖြစ် ဒရုန်းအသေးကို ဖတ်ချ်နဲ့ ချိတ်ဆက်ပြီးတဲ့နောက်မှာတောင် သူက ဒရုန်းကို လိုသလို ထိန်းချုပ်နိုင်သေးမှန်း သူ သိခဲ့ရတယ်။ သူက အဲဒါကို ဒရုန်းအသေးအဖြစ် ပြန်ပြောင်းချင်တယ်ဆိုရင်လည်း ချက်ချင်း ပြောင်းလဲပေးနိုင်တယ်လေ။

ပြီးတော့ သူက သဟဇာတသေနတ်(မတ်ခ် ၂) အဆင့်မြှင့်တင်မှုကို ဝယ်ယူထားတာမို့ သူ့ရဲ့ ဒရုန်းအသေးတွေအားလုံးမှာ သဟဇာတသေနတ် အတွက် ပြောင်းဝတစ်ခုစီ တပ်ဆင်ထားပြီးဖြစ်နေလိမ့်မယ်။

ဒါကြောင့် ဖတ်ချ်၊ ရှီနာ ဒါမှမဟုတ် သူ ဒရုန်းချိတ်ဆက်ပေးထားတဲ့ ဘယ် မက်ဂ်နက်တစ်မဆို ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်တဲ့ အခြေအနေမျိုး ရောက်နေရင် သူက သူတို့ရဲ့ လက်နက်တွေကို ဒရုန်းအဖြစ် ပြန်ပြောင်းပြီး သူတို့ အသက်ကို ကယ်တင်ပေးနိုင်မယ့် အသက်ကယ်ကြိုးတစ်ချောင်း ပေးနိုင်မှာပဲ။

ဒီအကြောင်း ပြောရရင် အဲဒီလို အခြေအနေမျိုးတွေမှာ အထူးအကူအညီဖြစ်စေမယ့် သဟဇာတဗုံး(မတ်ခ် ၂) နဲ့ ဒရုန်းအသေး သိုလှောင်ခန်း လို့ ခေါ်တဲ့ အဆင့်မြှင့်တင်မှု အသစ်နှစ်ခုကို သူ ဝယ်ယူနိုင်ပုံရတယ်။

[သဟဇာတဗုံး(မတ်ခ် ၂) - ဒီအဆင့်မြှင့်တင်မှုက ပြောင်းဝထဲကို ခဲယမ်းတွေ ပြန်ထည့်ဖို့ လိုအပ်တဲ့ အအေးခံချိန်ကို လျှော့ချပေးပါတယ်၊ ဒီအဆင့်မြှင့်တင်မှုကို ဝယ်ယူခြင်းက ဒရုန်းအသေးတွေကို သူတို့ရဲ့ ကိုယ်ပိုင် ဗုံးအသေးစားလေးတွေ ရှိလာစေမှာပါ]

[ကုန်ကျစရိတ် - ၂ အစက်]

[ဒရုန်းအသေး သိုလှောင်ခန်း - ဒီအဆင့်မြှင့်တင်မှုက ဒရုန်းအသေးတွေကို သူတို့အတွင်းမှာ အကန့်အသတ်ရှိတဲ့ ခလုတ်တွေအတွက် သီးသန့် နေရာလွတ်တစ်ခု ရှိလာစေပါတယ်]

[ကုန်ကျစရိတ် - ၂ အစက်]

ဒီနှစ်ခုက တော်တော်လေး ကောင်းမွန်တဲ့ အဆင့်မြှင့်တင်မှုတွေပဲ။ ဗုံးအဆင့်မြှင့်တင်မှုက ဒရာဂွန်ဘွန်းတွေအတွက် နောက်ဆုံးအားထားရာတစ်ခုလို ဖြစ်လာမှာပါ၊ ဘာလို့လဲဆိုတော့ အဲဒါက မှော်စွမ်းအင်တွေနဲ့ စွမ်းရည်တွေကို အချိန်အတိုင်းအတာတစ်ခုအထိ သုံးမရအောင် လုပ်ပစ်နိုင်တဲ့ ဧရာမ ပေါက်ကွဲမှုကြီးတစ်ခုကို ဖန်တီးပေးနိုင်လို့ပဲလေ။

ဒရုန်းအသေး သိုလှောင်ခန်းကတော့ ယေဘုယျအားဖြင့် ကောင်းမွန်တဲ့ အဆင့်မြှင့်တင်မှုတစ်ခု ဖြစ်လာမှာပဲ။ သူက အဲဒီထဲမှာ ခလုတ်တွေကို သိမ်းဆည်းထားနိုင်တာမို့ ဒရာဂွန်ဘွန်းတွေ လိုအပ်လာရင် အဝေးကနေတောင် ခလုတ်တစ်ခုကို ထုတ်ယူပြီး သူ့ရဲ့ တန်ခိုးစွမ်းရည်ကို အသက်သွင်းနိုင်မှာပဲ။

သူက သာမန် ခလုတ်တစ်ခု ဒါမှမဟုတ် အရေးပေါ်လက်နက်အနေနဲ့ သဟဇာတဓါးတစ်လက်ကိုတောင် အဲဒီအထဲမှာ သိမ်းဆည်းထားနိုင်တယ်။

ဒီအဆင့်မြှင့်တင်မှုတွေရဲ့ အကောင်းဆုံးအချက်ကတော့ အခုလက်ရှိရော အနာဂတ်မှာရှိလာမယ့် ဒရုန်းအသေးအားလုံးအတွက်ပါ အကျုံးဝင်တာပဲ။ သူက ဒရာဂွန်ဘွန်းတစ်ယောက်ချင်းစီအတွက် ဒရုန်းအသေးတစ်စင်းစီ ဝယ်ဖို့ စီစဉ်ထားတာမို့ အဲဒီအတွက် ဝိညာဉ်ဆီ လေးစက် ရင်းနှီးမြှုပ်နှံရတာက ရေရှည်မှာ လုံးဝ တန်ဖိုးရှိမှာပဲ။

'သုံးစရာ ဝိညာဉ်ဆီစက်တွေသာ ရှိရင် ငါ ဒါကို ဝယ်မိမှာပဲ'

အခုတော့ သူ့ဆီမှာ ဝိညာဉ်ဆီ 0 အစက်ပဲ ကျန်တော့တယ်။ ဒါတင်မကသေးဘဲ သူက ဒရုန်းအသေးတွေကို ထပ်ဝယ်ဖို့ အခွင့်အရေး ရဖို့အတွက်တောင် [ဒရုန်းအုပ်စု] ကို ဝယ်ရဦးမှာလေ။

အဲဒါက ဝိညာဉ်ဆီ ၂ စက် ကုန်ကျမှာဖြစ်ပြီး နောက်ထပ် ဒရုန်းအသေးတစ်စင်းစီတိုင်းက ဝိညာဉ်ဆီ တစ်စက်စီ ကုန်ကျမှာမို့ ရှီနာအတွက် ဒရုန်းအသေးတစ်စင်း အသင့်ရှိနေဖို့အတွက်တင် သူက ဝိညာဉ်ဆီ ၃ စက် သုံးရမှာပဲ။

ပြီးတော့ သူက အဲဒါကို သူမနဲ့ ချိတ်ဆက်ချင်တယ်ဆိုရင် နောက်ထပ် ဝိညာဉ်ဆီ တစ်စက် ထပ်သုံးရဦးမှာ။

စုစုပေါင်း လေးစက်ပေါ့။

ကံကောင်းစွာနဲ့ပဲ သူ့ရဲ့ ပိုက်ဆံက အဲဒီအဆင့်မြှင့်တင်မှုတွေကို ဝယ်ဖို့ လုံလောက်နေတယ်။

နတ်မျိုးနွယ်တွေရဲ့ ရက်ရောတဲ့ လှူဒါန်းမှုကြောင့် သူ သုံးဖို့ သဲဒင်္ဂါး ၄၁,၅၂၃ ပြား ရှိနေပြီး အဲဒါက ဝိညာဉ်ဆီ ၄ စက်နဲ့ ကွက်တိကျနေတယ်။

'ငါ့ရဲ့ သဲဒင်္ဂါးတွေက ဘာလို့ ဒီလောက်မြန်မြန် ကုန်သွားရတာလဲ'

ဒီအဆင့်မြှင့်တင်မှုတွေ ပြီးသွားရင် သူက သုညနား ပြန်ကပ်သွားဦးမှာပဲ။

ကံကောင်းစွာနဲ့ပဲ ရေလူသား ကစားကွင်းတွေက အရမ်းကို အောင်မြင်နေတယ်။ ကက်စတယ်လာရဲ့ အဆိုအရ ပြီးခဲ့တဲ့လကထက်တောင် ပိုများတဲ့ အရေအတွက်ကို လုပ်ဆောင်နိုင်ခဲ့တာမို့ နောက်လအတွက် သူ့ရဲ့ ဝင်ငွေက သဲဒင်္ဂါး ၃၀,၀၀၀ ထက် ပိုနိုင်တယ်လေ။

အဲဒါသာ မရှိခဲ့ရင် သူက ဒီအဆင့်မြှင့်တင်မှုတွေအကုန်လုံး ရှိနေပြီး ဝယ်ဖို့ ပိုက်ဆံမရှိတဲ့အတွက် ရူးသွားလောက်ပြီ။

သူက ရီနေးတားနိုင်ငံထဲက သူတို့ရဲ့ ယာယီနေအိမ်မှာ ရှိနေတဲ့ ဆရီနာဆီ အမြန်သွားပြီး သူ့ရဲ့ သဲဒင်္ဂါးတွေကို ဝိညာဉ်ဆီအဖြစ် ပြောင်းလဲဖို့ အကူအညီ တောင်းလိုက်တယ်။

သူမက ဝမ်းသာအားရနဲ့ ကူညီပေးပြီး ရေထဲကို အရင်ကလိုပဲ ရိုးရာအလေ့အထလုပ်ကာ တခြားကမ္ဘာတစ်ခုဆီ လုံးဝ ချိတ်ဆက်သွားပုံရတဲ့ ဝဲဂယက်တစ်ခုကို ဖန်တီးလိုက်တယ်။

သူက သဲဒင်္ဂါး ၄၀,၀၀၀ ပါတဲ့ အိတ်ကို ဝဲဂယက်ထဲ ပစ်ချလိုက်တာနဲ့ အဲဒါက သူ့လက်ဖဝါးပေါ်ကို ဝိညာဉ်ဆီ ပုလင်းလေးလုံး တိုက်ရိုက် ပစ်ထုတ်ပေးလိုက်တယ်။

"စီးပွားရေးလုပ်ရတာ ဝမ်းသာပါတယ်" လို့ ဆရီနာက ပြောလိုက်တယ်။

"စီးပွားရေး... မင်းက ပွဲစားသက်သက်ပဲလို့ ငါ ထင်ထားတာ"

ဆရီနာက ပြုံးလိုက်တယ်။ "သေချာတာပေါ့ ငါက ပွဲစားပါ... ဒါပေမဲ့ ငါလည်း အခကြေးငွေ ရတယ်လေ... အဲလိုမှမဟုတ်ရင် နေ့တိုင်း နစ်စီနဲ့အတူ ကသူးလူးရဲ့ စိတ်ဝိဉာဉ်အမှောင်ထုထဲကို သွားဖို့ ငါ ဘယ်လိုလုပ် တတ်နိုင်မှာလဲ"

ဆရီနာက အတ္တလန်တစ်ရဲ့ တကယ့် မင်းသမီးတစ်ပါးဆိုတာကို သူ မေ့လုနီးပါး ဖြစ်သွားခဲ့တယ်။ သူမက ချမ်းသာတယ်လေ။

'အနည်းဆုံးတော့ သူမက သူမရဲ့ ပိုက်ဆံတွေကို ဒီမှာ သုံးနေတာပဲ'

* * * * * * * *

တစ်ချိန်တည်းမှာပဲ မိုက်ကယ်က သူ့ရဲ့ ဒရုန်းကို တိုးတက်အောင် လုပ်နေချိန်မှာ ကူနိုနဲ့ ဖတ်ချ်တို့က ရီနေးတားနိုင်ငံထဲက နေရာတစ်ခုဆီကို သူတို့ရဲ့ ခရီးကို ဆက်နှင်ခဲ့ကြတယ်။

နောက်ဆုံးမှာတော့ သူတို့က မကြာသေးခင်ကမှ တည်ဆောက်ထားပုံရပေမဲ့ ရှေးဟောင်းပုံစံ ခံစားရအောင် ဒီဇိုင်းဆွဲထားတဲ့ အဆောက်အအုံတစ်ခုကို တွေ့သွားကြတယ်။

"ဒါက ဘာလဲ" လို့ ကူနိုက သူမရဲ့ ရင်ဘတ်ကို ဖိဆုပ်ရင်း မေးလိုက်တယ်။

"အို ဒါလား... ဒါက အိုင်းရွန်းမေဒင် ဘုရားကျောင်းလေ... ဒါကို ငါ မင်းကို ပြချင်နေခဲ့တာ" လို့ ဖတ်ချ်က ပြောရင်း ကူနိုကို အထဲရောက်အောင် ပခုံးနဲ့ တွန်းပို့လိုက်တယ်။

ဘုရားကျောင်းရဲ့ ဝင်ပေါက်နားကို သူမ လျှောက်သွားရင်း သူမက လက်ကို ဂရုတစိုက် မြှောက်လိုက်ပြီး မမြင်ရတဲ့ အတားအဆီးက သူမကို မဝင်နိုင်အောင် တားဆီးမယ့်အချိန်ကို စောင့်နေခဲ့တယ်။

ဒါပေမဲ့ အံ့ဩစရာကောင်းစွာပဲ သူမရဲ့ လက်က ဖြတ်သန်းသွားခဲ့တယ်။

သူမက သူမရဲ့ လက်ကို ဘုရားကျောင်းထဲအထိ ထိုးသွင်းလိုက်ပေမဲ့ သူမ ဘာမှမဖြစ်သေးဘူးလေ။

* * * * * * * *

စာစဉ်(၆၁)

အခန်း(၇၂၂)

ကူနိုက အိုင်းရွန်းမေဒင် ဘုရားကျောင်းထဲကို သတိထားပြီး ဝင်သွားခဲ့တယ်။ အဲဒီအချိန်မှာပဲ ဖတ်ချ်ကတော့ ယုံကြည်မှုအပြည့်နဲ့ ဝင်လာခဲ့ပြီး ခုံတန်းလျားတွေပေါ်မှာ ဆုတောင်းနေကြတဲ့၊ ဒါမှမဟုတ် ပုံမှန်အတိုင်း စကားစမြည်ပြောနေကြတဲ့ လူတွေနဲ့ ဗန်ပိုင်ယာတွေကို နှုတ်ဆက်လိုက်တယ်။

"ဟေး ဂီလာမို... ဘာတွေထူးလဲ" လို့ ဖတ်ချ်က နှုတ်ဆက်လိုက်တယ်။

ဂီလာမိုက ဆွဲလက်စ နံရံဆေးရေးပန်းချီဆီကနေ အာရုံလွှဲလိုက်ပြီး ဖတ်ချ်ကို ပြန်နှုတ်ဆက်လိုက်တယ်။

"အာ... လေးစားရပါတဲ့ ဖတ်ချ်... ခင်ဗျားကို တွေ့ရတာ ဝမ်းသာပါတယ်။ ဘုရားကျောင်း တည်ဆောက်ရေးက တော်တော်လေး ချောချောမွေ့မွေ့ ဖြစ်နေတယ်။ ကျွန်တော်တို့ရဲ့ ဒီလက်ရာမြောက်ဖန်တီးမှုကို အများပြည်သူတွေ ဝင်ထွက်ခွင့်ရဖို့ဆိုတာ သိပ်မလိုတော့ပါဘူး"

လောလောဆယ်တော့ အိုင်းရွန်းမေဒင်ကို လာရောက်လည်ပတ်သူတွေက ဗန်ပိုင်ယာတွေနဲ့ လူသားအချို့လိုမျိုး သစ္စာရှိပြီးသား သူတွေလောက်သာ ဖြစ်ကြတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ အိုင်းရွန်းမေဒင်ကို ကမ္ဘာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် သိလာစေချင်တယ်ဆိုရင်တော့ သူတို့ကို ယုံကြည်ကိုးကွယ်သူ အရေအတွက်ကို တိုးပွားလာအောင် လုပ်ရမှာပဲ။

အခု ဒီလိုလုပ်ရတဲ့ ဖတ်ချ်ရဲ့ ရည်ရွယ်ချက်က လူတွေ ထင်သလောက်တော့ ဖြူစင်ချင်မှ ဖြူစင်မှာပါ။

ဒါပေမဲ့ ဗန်ပိုင်ယာတွေအတွက်ကတော့ ဒီရည်မှန်းချက်ဟာ ဂုဏ်ယူစရာအကောင်းဆုံးပဲ ဖြစ်နေတယ်။ ဘုရားကျောင်းကို အပြီးသတ်တည်ဆောက်နိုင်ခြင်းဟာ ဂိုင်ယာအတွက် ရှေးဟောင်းဘာသာတရားကို ပြန်လည်တည်ဆောက်ဖို့နဲ့ သူမကို ပြန်လည်နိုးထလာစေဖို့ မျှော်လင့်ချက်တွေ ပြည့်ဝလာရေး ရည်မှန်းချက်ဆီ တစ်လှမ်း ပိုနီးစပ်သွားစေတာပဲလေ။

ဒါကြောင့်လည်း သူတို့က ဘုရားကျောင်းအတွက် နေ့ရောညပါ အပြည့်အဝ ဆက်ကပ်မြှုပ်နှံပြီး အလုပ်လုပ်နေခဲ့ကြတာပေါ့။ သူမ ရောက်လာတဲ့အခါ ကျေနပ်လောက်မယ်လို့ မျှော်လင့်ရင်းနဲ့ ဂိုင်ယာ၊ ဒါမှမဟုတ် အခုဆို အိုင်းရွန်းမေဒင်လို့ သိကြတဲ့ သူမနဲ့ပတ်သက်ပြီး သူတို့သိထားသမျှအရာအားလုံးနဲ့ ကိုက်ညီအောင် အလှဆင်တာတွေ၊ ပရိဘောဂတွေနဲ့ တခြားအရာအားလုံးကို သေသေချာချာ ရွေးချယ်ပြင်ဆင်နေခဲ့ကြတယ်။

"ကြည့်ကောင်းတယ်... တော်တော် ကြည့်ကောင်းနေပြီ" လို့ ဖတ်ချ်က ချီးကျူးလိုက်တယ်။ "အို... ဟေး... ခင်ဗျားကို တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့၊ ကူနို... လာခဲ့လေ"

ကူနိုက ဂီလာမိုဆီကို ရှက်ရွံ့စွာနဲ့ ချဉ်းကပ်သွားခဲ့ပြီး သူကလည်း သူမကို ကြည့်ဖို့ တစ်ခဏလောက် ရပ်တန့်သွားခဲ့တယ်။

ဒီမိန်းကလေးက ရင်းနှီးနေသလိုပဲ။ ဒါပေမဲ့ သူ ဘယ်လောက်ပဲ စဉ်းစားဖို့ ကြိုးစားနေပါစေ သူမကို အရင်က ဘယ်မှာ မြင်ဖူးသလဲဆိုတာကို သူ အတိအကျ မမှတ်မိနိုင်ဖြစ်နေတယ်။

သေချာတာကတော့ သူက သူမနဲ့တူတဲ့ သူတစ်ယောက်ကို မှတ်မိနေသင့်ပေမဲ့ သူ့ခေါင်းထဲမှာတော့ ဘာမှ ပေါ်မလာခဲ့ဘူး။

"ငါတို့ အရင်က ဆုံဖူးကြလား" လို့ ဂီလာမိုက သူမကို မေးလိုက်တယ်။

ကူနိုက ခေါင်းယမ်းလိုက်တယ်။ "ငါ... သေချာမသိဘူး"

အဲဒီအခါ ဖတ်ချ်က ဂီလာမိုဘက်ကို ကိုင်းညွတ်သွားပြီး "သူမ မှတ်ဉာဏ် ပျောက်နေတယ်" လို့ တီးတိုးပြောလိုက်တယ်။

ဂီလာမိုက အခြေအနေကို နားလည်သွားတဲ့ပုံစံနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

တကယ်တော့ သူက သူမ ဘယ်သူလဲဆိုတာကို ထပ်ပြီး မေးချင်နေတာပါ။ သူ သူမကို သိတယ်လို့ သူ့ခန္ဓာကိုယ်ထဲက တစ်ခုခုက ပြောပြဖို့ ကြိုးစားနေသလိုမျိုး ခံစားနေရပြီး အဲဒီအသိကို သူ့ခေါင်းထဲကနေ ဖျောက်ဖျက်ပစ်လို့ မရဖြစ်နေခဲ့တယ်။

ဒါပေမဲ့ သူမရဲ့ အကြောင်းကို ကြားပြီးနောက်မှာတော့ သူမအတွက် မလိုအပ်ဘဲ စိတ်ဖိစီးမှုတွေ ဖြစ်စေနိုင်တာမို့ ဂီလာမိုက ဘာမေးခွန်းမှ ထပ်မမေးတော့ဖို့ပဲ ရွေးချယ်လိုက်တယ်။

"အော်... မိုက်ကယ် အိမ်ပြန်ရောက်နေပြီလား" လို့ ဂီလာမိုက မေးလိုက်တယ်။ "ငါ သူနဲ့ တော်ဝင် ဗန်ပိုင်ယာတွေအကြောင်း စကားပြောချင်လို့ပါ"

"ခင်ဗျား သူ့ကို ရှာနေတယ်လို့ ကျွန်တော် ပြောပြလိုက်ပါ့မယ်"

ဖတ်ချ်နဲ့ ဂီလာမိုတို့ စကားပြောနေကြစဉ်မှာပဲ ကူနိုက ရှေ့ကို ထွက်သွားပြီး ယဇ်ပလ္လင်ပေါ်က ရုပ်တုကြီးဆီ လျှောက်သွားခဲ့တယ်။

သူမက အပေါ်ကို မော့ကြည့်လိုက်ပြီး မိုက်ကယ်ရဲ့ ခေါင်းပေါ်မှာ ထင်ရှားပေါ်လာတုန်းက မြင်ခဲ့ရတဲ့ အတိုင်းပဲ အိုင်းရွန်းမေဒင်ကို မြင်တွေ့လိုက်ရတယ်။

အိုင်းရွန်းမေဒင်နဲ့ပတ်သက်ပြီး သူမကို ဆွဲဆောင်နေတဲ့ တစ်စုံတစ်ခု ရှိနေခဲ့တယ်။ ဒါက သူမကို ဒီမှာပဲ နေပြီး သူမရဲ့ ပုံသဏ္ဌာန်ကို လနဲ့ချီတဲ့အထိ စိုက်ကြည့်နေချင်စိတ် ဖြစ်ပေါ်စေခဲ့တယ်။

"မင်း ငါတို့ရဲ့ ကိုးကွယ်ရာအရှင်ကို သဘောကျနေပုံရတယ်" လို့ ဂီလာမိုက ပြုံးရင်း ပြောလိုက်တယ်။ "ဒါက အိုင်းရွန်းမေဒင်... ဒါမှမဟုတ် ဂိုင်ယာလို့လည်း သိကြတယ်လေ။ သူမက အခု မင်း ရပ်နေတဲ့ မြေကြီးကို ဖန်ဆင်းခဲ့တာ။ မင်း ရှူရှိုက်နေတဲ့ လေထုကိုလည်း သူမပဲ ဖန်ဆင်းခဲ့တာ။ သူမက ဖန်ဆင်းခြင်းရဲ့ မိခင်ပဲ"

ဘုရားကျောင်းထဲမှာရှိတဲ့ တခြားဗန်ပိုင်ယာတွေကလည်း အိုင်းရွန်းမေဒင်ကို ကိုယ်စီ ချီးမွမ်းဂုဏ်ပြုသံတွေ တီးတိုးရေရွတ်လိုက်ကြပြီး အဲဒီအသံတွေက တိတိကျကျ ပုံဖော်တည်ဆောက်ထားတဲ့ နံရံတွေနဲ့ ခုံးနေတဲ့ မျက်နှာကြက်တွေတစ်လျှောက် ပဲ့တင်ထပ်သွားစေခဲ့တယ်။ အဲဒီကနေတစ်ဆင့် ယဇ်ပလ္လင်ဆီကို ဦးတည်သွားပြီး အိုင်းရွန်းမေဒင်ရဲ့ ရုပ်တုက သူတို့ရဲ့ ဆုတောင်းသံတွေကို ကြားနိုင်မှာ ဖြစ်တယ်။

ကူနိုက မျှော်လင့်ချက်နဲ့ ဆန္ဒတွေပြည့်နှက်နေတဲ့ အသံတွေအားလုံး သူမရှိရာနေရာဆီ စုဆုံလာတာကို ကြားနေရရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တယ်။

"မင်း သဘောကျရဲ့လား" လို့ ဖတ်ချ်က မေးလိုက်တယ်။

ကူနိုက ခေါင်းညိတ်ပြလိုက်တယ်။ "ဒီနေရာက မှောင်တယ်... နေရောင်လည်း မရှိဘူး။ ဒါပေမဲ့ လေတိုက်နေတုန်းပဲ။ ငါ ဒီမှာ အချိန်အကြာကြီး နေချင်တယ်"

သူမရဲ့ အရေပြားကို အမြဲတမ်း အပူမလောင်စေဖို့အတွက် အဝတ်အစား အထပ်နှစ်ဆယ်လောက် ဝတ်စရာမလိုတဲ့ အချက်ကိုတော့ သူမ တကယ် သဘောကျနေမိတယ်။

ဂီလာမိုလောက် ဘယ်သူမှ ပိုပြီး ပျော်ရွှင်နေမှာ မဟုတ်ဘူး။ "အင်း... ငါတို့ အသိုင်းအဝိုင်းအတွက် နောက်ထပ် အဖွဲ့ဝင်တစ်ယောက် ထပ်တိုးလာတဲ့အတွက် ငါကတော့ ဝမ်းသာပါတယ်။ ဒါနဲ့ စကားမစပ်... ငါ မေးတာကို စိတ်မဆိုးဘူးဆိုရင် မင်းက ဘယ်သူလဲ"

"သူမ နာမည်ကို ငါ မင်းကို ပြောပြပြီးပြီလေ" လို့ ဖတ်ချ်က အော်ပြောလိုက်တယ်။

"မဟုတ်ဘူး... ငါ ဆိုလိုတာက သူမရဲ့ ပတ်သက်မှုက ဘယ်လိုမျိုးလဲလို့ မေးတာပါ။ သူမက မိုက်ကယ်ရဲ့ သူငယ်ချင်းလား၊ မဟာမိတ်အသစ်လား၊ ဒါမှမဟုတ် ညီမလား"

အဲဒီ ရွှေရောင်ဆံပင်က တော်တော်လေးကို ထင်ရှားနေပြီး မိုက်ကယ်ရဲ့ ဆံပင်လောက်နီးပါးကို ထင်ရှားနေတာမို့ သူတို့နှစ်ယောက်က ဆွေမျိုးတော်စပ်မယ်လို့ သူ့ကို တွေးမိစေခဲ့တယ်။

"အာ... သူက သခင့်ရဲ့ ညီမလေ"

* * * * * * * *

အဲဒီအချိန်မှာပဲ အခန်းထဲမှာတော့ မိုက်ကယ်တစ်ယောက် သူလိုအပ်တဲ့ ဝိညာဉ်ဆီ လေးစက်ကို ဝယ်ယူပြီးနောက် အခုလေးတင် ပြန်ရောက်လာခဲ့တယ်။

"ဟတ်ချိုး" သူ နှာချေလိုက်တယ်။ 'တစ်ယောက်ယောက်များ ငါ့အကြောင်း ပြောနေတာလား... ဖတ်ချ်တစ်ယောက် ပြဿနာရှာတော့မယ်လို့ ဘာလို့ ငါ ခံစားနေရတာလဲ'

သူ့ရဲ့ အလိုအလျောက် သိစိတ်တွေက သတိပေးနေတာမို့ သူ့အလုပ်တွေကို အမြန်ဆုံး အပြီးသတ်ပြီး ဖတ်ချ်နဲ့ ကူနိုတို့ရဲ့ ခရီးစဉ်လေး ဘယ်လိုအခြေအနေ ရှိနေလဲဆိုတာကို သွားစစ်ဆေးရမယ်မှန်း သူ သိလိုက်တယ်။

သူက ဖန်ပုလင်းလေးတွေရဲ့ အဖုံးကို မြန်မြန်ဆန်ဆန် ဖွင့်လိုက်ပြီး အဓိကဒရုန်းပေါ်ကို တိုက်ရိုက် လောင်းချလိုက်တယ်။

ချက်ချင်းပဲ အကြည်ရောင် အရည်စက်လေးတွေက မီသရယ်ထဲကို စိမ့်ဝင်သွားခဲ့ပြီး အဲဒီအပြောင်းအလဲက သူ့ခေါင်းထဲက စနစ်အရောင်းဆိုင်ရဲ့ မျက်နှာပြင်မှာ ပေါ်လာခဲ့တယ်။

[ရှေးဟောင်းဝိညာဉ် - ၄ စက်]

သူက နှစ်စက်ကို အသုံးပြုပြီး [ဒရုန်းအုပ်စု] အဆင့်မြှင့်တင်မှုကို မြန်မြန်ဆန်ဆန် ဝယ်ယူလိုက်တာမို့ နောက်ဆုံးမှာတော့ သူ အလိုရှိသလောက် ဒရုန်းအသေးတွေကို ဒရုန်းတစ်စီးအတွက် ၁ စက်ဆိုတဲ့ အလွန်သက်သာတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူခွင့် ရသွားခဲ့တော့တယ်။

သူက နောက်ထပ် ဒရုန်းအသေးတစ်စီးကို ဝယ်ယူလိုက်တာနဲ့ ချက်ချင်းပဲ သူ့အမြင်အာရုံထဲမှာ မျက်နှာပြင်တစ်ခု ပေါ်လာခဲ့တယ်။

[ဒရုန်းအသေး အသစ်ကို တွေ့ရှိထားပါတယ်။ ဒီဒရုန်းအသစ်ကို (ရှီနာ) နဲ့ ချိတ်ဆက်ချင်ပါသလား]

သူက ချက်ချင်းပဲ သဘောတူလိုက်ပြီး သူ့ရဲ့ နောက်ဆုံးတစ်စက်ကို အသုံးပြုကာ ရှီနာကို ရီနေးတား မက်ဂ်နက်တစ်ရဲ့ တရားဝင်စာရင်းထဲ နောက်ဆုံးမှာတော့ ထည့်သွင်းလိုက်တယ်။

သူ့ရဲ့ ဒီဗာက ခြေလက်တွေ ထွက်လာတုန်းက ဖြစ်ရပ်မျိုးလိုပဲ နာနိုအမှုန်လေးတွေက ဒရုန်းအသေး ဆိုက်ကပ်ရမယ့် အဓိကဒရုန်းရဲ့ အပေါ်ဘက် ကိုယ်ထည်တစ်ခုလုံးကို စတင် ဖုံးလွှမ်းသွားခဲ့တယ်။

အခုတော့ အဲဒါက ဒရုန်းအသေး အသစ်ကို အောက်ခြေကနေ အပေါ်အထိ တည်ဆောက်နေခဲ့ပြီ ဖြစ်တယ်။

အဆင့်မြှင့်တင်မှုအသစ်ကို အသုံးပြုဖို့ အဆင်သင့်ဖြစ်တဲ့အထိ အချိန် နာရီဝက်တိတိသာ ကြာမြင့်ခဲ့တယ်။

"ရှီနာ" သူက သူ့ခြေရင်းက အရိပ်ကို လှမ်းခေါ်လိုက်တယ်။ "ဒီကို ခဏလောက် လာခဲ့လို့ ရမလား"

စက္ကန့်အနည်းငယ်တောင် မကြာလိုက်ခင်မှာပဲ အခန်းထဲမှာ ကြီးမားတဲ့ အရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ရှီနာနဲ့ အရိပ်လိပ်ပြာဆူးအော့ခ်တို့က သူ့ရှေ့တည့်တည့်ဆီ ရောက်လာခဲ့ကြတယ်။

သူ့တာဝန် ပြီးဆုံးသွားတာမို့ အရိပ်အော့ခ်က သူ့ကို ဦးညွတ်လိုက်ပြီး အရိပ်တွေထဲ ပြန်လည်ပျောက်ကွယ်သွားခဲ့တယ်။

ရှီနာကတော့ သူမရဲ့ မောင်နှမတွေနဲ့ လေ့ကျင့်ရေးဆင်းထားလို့ ပေပွနေတဲ့ အနည်းငယ် ရှုပ်ပွနေတဲ့ အဝတ်အစားတွေကို မြန်မြန်ဆန်ဆန် သပ်ရပ်အောင် လုပ်လိုက်ပြီး မိုက်ကယ်ကို ဦးညွတ် နှုတ်ဆက်လိုက်တယ်။

"သခင်မိုက်ကယ်... ကျွန်မကို ခေါ်လိုက်တာလား"

"မင်းရဲ့ လေးကို ငါ ကြည့်လို့ရမလား" လို့ သူက သူမကို မေးလိုက်တယ်။

သူမက မီသရယ် မှော်ဝင်ပစ္စည်း လေးကို ချက်ချင်း ထုတ်ယူလိုက်ပြီး သူ့ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြသလိုက်တယ်။

"အမှောင်သစ်သားက လေးပစ်ပညာရပ်အတွက် ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာတယ် သခင်မိုက်ကယ်... ဒါက ကျွန်မ အသုံးပြုဖူးသမျှထဲမှာ အပြည့်စုံဆုံး လေးပါပဲ" လို့ သူမက ပြောလိုက်တယ်။

မိုက်ကယ်က သူမကို ပြုံးပြလိုက်တယ်။ "အင်း... အခုကစပြီး ပိုတောင် ကောင်းလာတော့မှာပါ"

အဲဒီနောက် သူက သူ့ရဲ့ ဒရုန်းကို ထုတ်ယူလိုက်ပြီး အဓိကဒရုန်းရဲ့ အပေါ်မှာ ပြီးပြည့်စုံစွာ ဆိုက်ကပ်ထားတဲ့ ဒရုန်းအသေး အသစ်လေးကို မြင်တွေ့လိုက်ရတယ်။

သူက [ချိတ်ဆက်မှု] အဆင့်မြှင့်တင်မှုကို ဝယ်ယူထားပြီးဖြစ်တာမို့ ဒီဒရုန်းအသေး အသစ်လေးက ရှီနာနဲ့ အလိုအလျောက် ချိတ်ဆက်ပြီးသား ဖြစ်နေခဲ့ကာ သူမရဲ့ အကြိုက်နဲ့ ကွက်တိကျတဲ့ အသွင်အပြင်အသစ်တစ်ခုကို ဆောင်ယူထားခဲ့တယ်။

ဒရုန်းရဲ့ ကိုယ်ထည်က သူမရဲ့ အကြေးခွံတွေလိုပဲ အဖြူရောင်ဖြစ်ပြီး ကင်မရာကို အဓိက အလေးထား တပ်ဆင်ထားတယ်။ ဘာပဲဖြစ်ဖြစ် အာရုံခံနိုင်စွမ်းက လေးသမားတစ်ယောက်ရဲ့ အကြီးမားဆုံး လက်နက်ပဲလေ။

All Chapters