← Chapters

အခန်း (၇၂၃-၇၂၄)

Vol. 61 Ch. 723-724

အခန်း (၇၂၃-၇၂၄)

Vol. 61 Ch. 723-724

အခန်း(၇၂၃)

အခုတော့ ရှီနာ အသုံးပြုဖို့အတွက် ဒရုန်းအသေးလေးက အဆင်သင့်ဖြစ်နေပြီလေ။

ဒါပေမဲ့ ဖတ်ချ်နဲ့မတူတာက သူမဆီမှာ ဘာမှ ပြုပြင်ပြောင်းလဲစရာ မလိုတဲ့ ကိုယ်ပိုင် မီသရယ် မှော်ဝင်လက်နက် ရှိပြီးသားဖြစ်နေတယ်။ လေးကို နတ်မျိုးနွယ်တွေပေးထားတဲ့ အမှောင်သစ်သားနဲ့ ပြုလုပ်ထားတာမို့ ပြီးပြည့်စုံတဲ့ ကိုယ်ထည်နဲ့ ကြိုးအဆင်သင့် ပါရှိနေတာပဲ။

ကံကောင်းတာက ဒရုန်းအသေးလေးက သူတို့ အလိုရှိတဲ့ ဘယ်လိုပုံစံမျိုးကိုမဆို ပြောင်းလဲယူနိုင်စွမ်း ရှိနေတယ်။

သူက အဲဒါကို ရှီနာရဲ့ မီသရယ် မှော်ဝင်လေးဆီ အနီးကပ် ယူသွားလိုက်တာနဲ့ သူ့လက်ထဲကနေ ရုတ်တရက် ထွက်သွားပြီး သူမလက်နက်ရဲ့ အလယ်တည့်တည့်မှာ သွားကပ်သွားတော့တယ်။

ဒရုန်းအသေးလေးက အမှုန်လေးတွေအဖြစ် စတင်ပြိုကွဲသွားပြီး နာနိုအမှုန်လေးတွေ ထွက်ပေါ်လာခဲ့တယ်။

အဲဒီနောက် စက္ကန့်ပိုင်းအတွင်းမှာပဲ ရှီနာ လေးကို ကိုင်ဆောင်လိုက်ချိန်မှာ သူမရဲ့ အမြင်အာရုံနဲ့ ကွက်တိကျမယ့် လေးရဲ့ အထူဆုံးနေရာကို ရစ်ပတ်ပြီး လုံးဝ အသစ်စက်စက် ပစ္စည်းတစ်ခုအဖြစ် စတင် ပုံဖော်လာတော့တာပဲ။

အခုတော့ သူမရဲ့ လေးမှာ မှန်ပြောင်းတစ်ခု တပ်ဆင်ပြီးသား ဖြစ်သွားခဲ့ပြီလေ။

သူမရဲ့ တန်ခိုးစွမ်းရည်အသစ်ကြောင့် အမြင်အာရုံထဲ ဝင်လာတဲ့ ဘယ်အရာကိုမဆို သူမ ပစ်ခတ်နိုင်ပြီဖြစ်တယ်။ ဒီလို မှန်ပြောင်းမျိုးနဲ့ဆိုရင် သူမရဲ့ ပစ်ခတ်နိုင်စွမ်းက ကိုယ်ပိုင် အမြင်အာရုံထက် အများကြီး ပိုပြီး ကျယ်ပြန့်သွားနိုင်တာပေါ့။

လောလောဆယ်မှာတော့ မှန်ပြောင်းက ၈ ဆလောက်ပဲ ချဲ့နိုင်သေးပေမဲ့ ဒါက မီသရယ် မှော်ဝင်လက်နက် ဖြစ်နေတာမို့ အနာဂတ်မှာ အဆင့်မြှင့်တင်ဖို့ အလားအလာတွေ အများကြီး ရှိနေသေးတယ်။

"စမ်းကြည့်လိုက်လေ" လို့ သူက ရှီနာကို ပြောလိုက်တယ်။

သူက လေးကို သူမဆီ ကမ်းပေးလိုက်ပြီးနောက်မှာ သူမက ချက်ချင်း မတ်မတ်ရပ်လိုက်ပြီး မြားကျည်တောက်ထဲက ရိုးရိုးမြားတစ်စင်းကို ဆွဲထုတ်ကာ လေးမှာ တပ်ဆင်လိုက်တယ်။ အဲဒီနောက် ကြိုးကို ဆွဲယူပြီး မေးစေ့နားအထိ ဆွဲတင်လိုက်ရင်း မှန်ပြောင်းထဲကနေ ကြည့်လိုက်တယ်။

သူမက ခပ်လှမ်းလှမ်းကို မျက်လုံးမှေးပြီး ကြည့်လိုက်တာပဲ။

"ဘယ်လိုလဲ သဘောကျရဲ့လား- - "

သူ စကားတောင် မဆုံးသေးခင်မှာပဲ သူမက ခပ်လှမ်းလှမ်းဆီကို ရုတ်တရက် ပစ်လွှတ်လိုက်ပြီး မြားက ကောင်းကင်ယံထဲ အမြန် ပျောက်ကွယ်သွားခဲ့တယ်။

ပြီးတော့ ဆက်တိုက်ဆိုသလိုပဲ သူမက နောက်ထပ် မြားတစ်စင်းကို ထုတ်ယူပြီး အဲဒီဦးတည်ရာဆီကိုပဲ ထပ်ပစ်လိုက်ပြန်တယ်။

အဲဒါတွေက တကယ့် မြားအစစ်တွေလေ။

သူမက ဘယ်လိုနေမလဲဆိုတာ သိရအောင် မှန်ပြောင်းထဲကနေပဲ ကြည့်မယ်လို့ သူ ထင်ထားခဲ့တာဖြစ်ပြီး တကယ်တမ်း ပစ်ခတ်လိမ့်မယ်လို့ လုံးဝ မတွေးထားခဲ့မိဘူး။ နှစ်ချက်တောင် ပစ်မယ်လို့ဆို ပိုဆိုးတာပေါ့။

မြားတွေက ရီနေးတားနိုင်ငံရဲ့ တခြားတစ်ဖက်ဆီအထိ ဖြတ်သန်းသွားခဲ့ပြီး နောက်ဆုံးမှာတော့ ရီနေးတား စစ်သည်တွေ စွမ်းရည်လေ့ကျင့်နေတဲ့ ဝင်းတစ်ခုဆီ မျဉ်းကွေးပုံစံ ကျဆင်းသွားတော့တယ်။

ဂျာကူနဲ့ ဇိုင်ယွန်တို့က ယူမီစုလိုမျိုး သူတို့ရဲ့ စွမ်းရည်တွေကို လေ့ကျင့်နေရမှာ ဖြစ်ပေမဲ့ အဲဒီအစား ဂျာကူက အမိုးအောက်မှာ လှဲလျောင်းနေပြီး ဇိုင်ယွန်ကတော့ လျှောက်ဆော့ကစားရင်း ဆူညံပွက်လောရိုက်ကာ တခြား ရီနေးတားသားတွေ လေ့ကျင့်ရေး မပြီးအောင် အနှောင့်အယှက် ပေးနေခဲ့ကြတယ်။

သူတို့က ရှီနာရဲ့ ရက်စက်တဲ့ အကြည့်တွေအောက်ကနေ လွတ်မြောက်ပြီလို့ ထင်နေခဲ့ကြပေမဲ့ ရုတ်တရက် မြားတစ်စင်းက သူတို့ နားရွက်ဘေးကနေ ဖြတ်ပြေးသွားပြီး မြေကြီးထဲ စိုက်ဝင်သွားတာမို့ သူတို့ နှစ်ယောက်လုံး လန့်ဖျပ်သွားခဲ့ကြတယ်။

ရှီနာက တစ်နေရာရာမှာ ရှိနေပြီး သူတို့ကို စိုက်ကြည့်နေတယ်လို့ တွေးမိတာမို့ ဂျာကူနဲ့ ဇိုင်ယွန်တို့က စိုးရိမ်တကြီးနဲ့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြတယ်။ အဲဒီနောက် အမြန် ထလာကြပြီး ယူမီစုနဲ့အတူ လေ့ကျင့်ရေးထဲ ဝင်ရောက်သွားကြတော့တယ်။

"ခစ် ခစ်... ဒီမှန်ပြောင်းအသစ်က တော်တော် အသုံးဝင်တာပဲ သခင်မိုက်ကယ်... ကျေးဇူးတင်ပါတယ်" လို့ ရှီနာက ပျော်ရွှင်စွာနဲ့ ပြောလိုက်တယ်။

ရှီနာက အဲဒီလောက်အထိ တာဝန်မဲ့တဲ့သူ မဟုတ်တာမို့ လမ်းမပေါ်မှာ ရိုးရိုးသားသား လမ်းလျှောက်နေတဲ့ တစ်ယောက်ယောက်ကို မတော်တဆ ထိမှန်အောင် လုပ်မှာမဟုတ်ဘူးဆိုတာ သူ သိနေခဲ့တယ်။

ဒါပေမဲ့ သူမရဲ့ ကိုယ်ပိုင် မောင်နှမတွေကိုတောင် ပစ်မှတ်ထားလိမ့်မယ်လို့ တွေးကြည့်ရင်... ရှီနာက တော်တော်လေးကို တင်းကျပ်တဲ့သူ ဖြစ်နေပြီ။ အရင်ကထက်တောင် ပိုဆိုးနေသေးတယ်။

"တစ်ခုခု ဖြစ်လို့လား" လို့ သူက သူမကို မေးလိုက်တယ်။

ရှီနာက သူ့ကို ဦးညွှတ်လိုက်တယ်။ "သခင် မရှိတဲ့အချိန်မှာ ရီနေးတားကုမ္ပဏီ တစ်ခုလုံးကို ကျွန်မ တစ်ယောက်တည်း ထိန်းထားဖို့ မဖြစ်နိုင်ဘူးဆိုတာ သတိထားမိလာတယ်... ကျွန်မ သူတို့ရဲ့ အကူအညီကို လိုအပ်တယ်... သခင့်အတွက် အသုံးဝင်လာစေဖို့ ကျွန်မရဲ့ မောင်နှမတွေ သူတို့ရဲ့ စွမ်းရည်တွေကို တတ်နိုင်သမျှ မြန်မြန် နိုးထလာဖို့ လိုအပ်တယ်

ဒါကြောင့် ကျွန်မတို့ရဲ့ လေ့ကျင့်ချိန်ကို တိုးမြှင့်လိုက်တာပါ သခင်မိုက်ကယ်... ကျွန်မတို့က သခင့်အပေါ် မှီခိုနေရမယ့်အစား တစ်နေ့ကြရင် သခင်က ကျွန်မတို့အပေါ် မှီခိုအားထားလာနိုင်ဖို့ ကျွန်မ ဆန္ဒရှိပါတယ်"

ဒရာဂွန်ဘွန်းတွေ သူတို့ရဲ့ ဒီဗာတွေကို နိုးထလာဖို့ သူ တကယ် လိုအပ်နေတာမို့ သူက ဒါနဲ့ပတ်သက်ပြီး ငြင်းခုံမနေတော့ဘူး။ ဘာပဲဖြစ်ဖြစ် ဒါက ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ်မှာ သူတို့ရဲ့ တိုးတက်မှုကို အခြေခံအားဖြင့် ကန့်သတ်ထားသလို ဖြစ်နေတာကိုး။

ရှီနာနဲ့ ဖတ်ချ်တို့က သူတို့ရဲ့ စွမ်းရည်တွေကို နိုးထစေခဲ့ပြီဖြစ်လို့ အခုဆိုရင် နောက်တစ်ဆင့်ကို ချက်ချင်းနီးပါး တက်လှမ်းနိုင်နေပြီလေ။ တကယ်လို့ သူ့ဆီမှာ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေ ဝယ်ဖို့ သဲဒင်္ဂါးတွေသာ လုံလုံလောက်လောက် ရှိနေမယ်ဆိုရင် သူတို့ နှစ်ယောက်လုံးကို ဒုတိယအဆင့်ဆီ မြှင့်တင်ပေးပြီးနေလောက်ပြီ။

သူတို့ ရင်ဆိုင်ရမယ့် တစ်ခုတည်းသော အတားအဆီးက စွမ်းရည်အသစ်တစ်ခုကို နိုးထစေဖို့ လိုအပ်လာချိန်မှာသာ ဖြစ်ပြီး သူ့ရဲ့ အတွေ့အကြုံအရဆိုရင် ဒါက ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ်ရဲ့ တတိယအဆင့်ကို မရောက်မချင်း ဖြစ်လာမှာမဟုတ်ဘူးဆိုတာ သူ သိနေတယ်။

ဒါကြောင့် သူတို့ နှစ်ယောက်လုံးကို တတိယအဆင့်ဆီ တတ်နိုင်သမျှ မြန်မြန် မြှင့်တင်ပေးနိုင်ဖို့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်း ၁၀ ကီလိုလောက် ရဖို့ သူ စီစဉ်နေခဲ့တယ်။

တစ်ကီလိုကို သဲဒင်္ဂါး ၁၀၀၀၀ လောက် ပေါက်ဈေးရှိတာမို့ အဲဒါကို မဝယ်နိုင်ခင်အထိ နောက်ထပ် လအနည်းငယ်လောက် စုဆောင်းရဦးမှာပဲ။

'သဲဒင်္ဂါးတွေ ပိုရလာအောင် နည်းလမ်းတစ်ခုခုတော့ ငါ တကယ် ရှာမှဖြစ်တော့မယ်'

ရေလူသားတွေရဲ့ ကစားကွင်းက တော်တော်လေးကို အလုပ်ဖြစ်ခဲ့ပြီး အခုတော့ သူ့ရဲ့ အကောင်းဆုံး ဝင်ငွေရင်းမြစ်တစ်ခု ဖြစ်လာခဲ့ပြီလေ။

တကယ်လို့ ဗန်ပိုင်ယာတွေရော နတ်မျိုးနွယ်တွေကိုပါ ရီနေးတားနိုင်ငံဆီ လာလည်ကြဖို့နဲ့ သဲဒင်္ဂါးတွေ သုံးစွဲလာအောင် ဆွဲဆောင်နိုင်မယ့် နည်းလမ်းတစ်ခုခုကိုသာ သူ ရှာတွေ့ခဲ့မယ်ဆိုရင် သူ့ရဲ့ လစဉ်ဝင်ငွေကို သုံးဆလောက်အထိ မြှင့်တင်နိုင်မှာ အသေအချာပဲ။

ရှီနာက ဒရာဂွန်ဘွန်းတွေနဲ့ ဆက်လက် လေ့ကျင့်ဖို့ ထွက်သွားပြီးနောက်မှာတော့ နတ်မျိုးနွယ်တွေနဲ့ ဗန်ပိုင်ယာတွေကို ပစ်မှတ်ထားဖို့ နည်းလမ်းတွေကို သူ စတင် စဉ်းစားခန်း ဝင်နေတော့တယ်။

'နတ်မျိုးနွယ်တွေအတွက် ရိုလာကိုစတာအသစ် တစ်ခုလောက် ဖန်တီးလို့ ရနိုင်တယ်'

ရေလူသားတိုင်းက ပင်လယ်အောက်မှာ ပုန်းအောင်းနေတဲ့ ရှေးဟောင်း သမိုင်းဦးခေတ်က သားရဲကြီးကို ပင်ကိုယ်အရ ကြောက်ရွံ့ကြတာမို့ ကသူးလူးရဲ့ စိတ်ဝိဉာဉ်အမှောင်ထုထဲသို့ ဝင်ရောက်ခြင်းက တော်တော်လေး အလုပ်ဖြစ်ခဲ့တာလေ။

ကံကောင်းတာက နတ်မျိုးနွယ်တွေမှာလည်း သတ္တဝါတစ်မျိုးနဲ့ပတ်သက်ပြီး အလားတူ ကြောက်ရွံ့မှုမျိုး ရှိနေပုံရတယ်။ အဲဒါကတော့ အမှောင်နတ်ဆိုးတွေပဲ။

ရှီနာနဲ့ တခြားသူတွေရဲ့ အဆိုအရ အမှောင်နတ်ဆိုးတွေဆိုတာ နတ်မျိုးနွယ်တွေရဲ့ သဘာဝနဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သက်မဲ့သတ္တဝါတွေ ဖြစ်ကြတယ်။

သူတို့က နတ်မျိုးနွယ် တစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ကို မွေးဖွားလာခဲ့ကြတာပဲ။

ဒါတင်မကသေးဘဲ သူတို့ဆီမှာ နတ်မျိုးနွယ်တစ်ယောက်ရဲ့ ခံစားသိရှိနိုင်စွမ်းနဲ့ ပင်ကိုယ် ပစ်မှတ်ထားနိုင်စွမ်းကို လုံးဝ တန်ပြန်နိုင်တဲ့ စွမ်းအားတွေ ရှိနေပုံရတယ်။

သူတို့ မျိုးနွယ်စုရဲ့ အများစုက အမှောင်နတ်ဆိုးတွေနဲ့ ရင်ဆိုင်ရချိန်မှာ လုံးဝကို အကူအညီမဲ့ ဖြစ်သွားတတ်ကြတယ်။ ရွေးချယ်ခံရတဲ့ လူနည်းစုလောက်သာ သူတို့ကို အနိုင်ယူနိုင်စွမ်းနဲ့ ပါရမီ ပါလာကြတာလေ။

ပြောရမယ်ဆိုရင် နတ်မျိုးနွယ်တွေက အမှောင်နတ်ဆိုးတွေနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ ခံစားချက်တချို့ အသေအချာ ရှိနေကြတယ်။

'ဒါပေမဲ့ အဲဒါက ကြောက်ရွံ့မှု မဟုတ်ဘူး... သူတို့ထဲက အများစုက အမှောင်နတ်ဆိုးတွေကို ဒေါသထွက်နေကြမှာ ငါ လောင်းရဲတယ်... အဲဒါက သူတို့ရဲ့ တာအိုနှလုံးသားတွေကို လှုံ့ဆော်ပေးဖို့ လုံလောက်ပါ့မလား'

ဒါနဲ့ပတ်သက်ပြီး နည်းနည်း ထပ်တွေးကြည့်ပြီးနောက်မှာ အနည်းဆုံးတော့ စမ်းကြည့်သင့်တယ်လို့ သူ ဆုံးဖြတ်လိုက်တယ်။

တကယ်လို့ အမှောင်နတ်ဆိုးတွေကို အဓိကထားတဲ့ ရိုလာကိုစတာ တစ်ခုကိုသာ သူ ဖန်တီးနိုင်မယ်ဆိုရင် နောက်တစ်လနေရင် မက်ထရိုပိုလစ်ကို လာကြမယ့် နတ်မျိုးနွယ် လူဦးရေကို ပစ်မှတ်ထားနိုင်မှာပဲ။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူက တကယ့်ကို ရဲရင့်တဲ့ အကြံဉာဏ်တစ်ခုကို ဖန်တီးဖို့ စီစဉ်နေခဲ့တယ်။

အသက်ဝင်တဲ့ စက်ရုပ်တွေအစား သူက ရိုလာကိုစတာထဲမှာ အမှောင်နတ်ဆိုး အစစ်တွေကို ထည့်ထားချင်နေတာလေ။ အဲဒါကို ဘယ်လိုလုပ်ရမလဲ ဒါမှမဟုတ် အဲဒါက ဖြစ်ရောဖြစ်နိုင်ပါ့မလားဆိုတာကို သူ မသိပေမဲ့ တကယ်လို့ သူသာ အောင်မြင်ခဲ့မယ်ဆိုရင် ဒါက ကသူးလူးရဲ့ စိတ်ဝိဉာဉ်အမှောင်ထုထဲသို့ ဝင်ရောက်ခြင်းလိုမျိုး အတူတူ အောင်မြင်နိုင်မှာပဲ။

ဒါတွေအားလုံးက သူ့ရဲ့ အရင်ဘဝက အချို့သော အပြင်အဆင်နဲ့ စီးရတဲ့ ကစားနည်းတွေကို အခြေခံထားတာဖြစ်တယ်။ ကစားသမားတိုင်းအတွက် တပ်ဆင်ပေးထားတဲ့ သေနတ်တွေပါဝင်တဲ့ ရိုလာကိုစတာ အချို့ ရှိခဲ့ဖူးတယ်။ ပြီးတော့ ရိုလာကိုစတာ စထွက်တာနဲ့ သူတို့က ပတ်ဝန်းကျင်မှာ တွေ့ရတဲ့ ပစ်မှတ်တွေကို ပစ်ခတ်ရပြီး သူတို့ရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး အမှတ်တွေ ရကြတာလေ။

ဒါက လေးပစ်ကျွမ်းကျင်ကြတဲ့ နတ်မျိုးနွယ်တွေအတွက် ပြီးပြည့်စုံတဲ့ ရိုလာကိုစတာတစ်ခုပဲ။

သူ ပိုတွေးလေလေ ပိုပြီး စိတ်လှုပ်ရှားလာလေလေ ဖြစ်လာခဲ့တယ်။

ဘာပဲဖြစ်ဖြစ် ပြဿနာကတော့ ရှိနေဆဲပဲ။

အမှောင်နတ်ဆိုးတွေကို ကစားကွင်းထဲမှာ ဘယ်လိုနေခိုင်းရမလဲ။ အစကတည်းက သူတို့ကို ဘယ်လို ရနိုင်မှာလဲ။ အမှောင်နတ်ဆိုးတွေကို အယ်လ်ဖ်ဘုရင့်နိုင်ငံမှာပဲ တွေ့နိုင်တာဖြစ်ပြီး အနီရောင် ချောက်ကြီးထဲမှာ သူတို့ ကြုံတွေ့ခဲ့ရတဲ့ အမှောင်နတ်ဆိုးတွေကလည်း နေရာလွတ် မူမမှန်မှုကြောင့်သာ အဲဒီမှာ ရှိနေခဲ့ကြတာလေ။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ သူ သတိရသွားခဲ့တယ်။ သူက အယ်လ်ဖ်ဘုရင့်နိုင်ငံကို သွားခဲ့ဖူးပြီပဲ။

* * * * * * * *

စာစဉ်(၆၁)

အခန်း(၇၂၄)

ကူနိုဟာ အယ်လ်ဖ်ဘုရင့်နိုင်ငံမှာဖြစ်ဖြစ် အဲဒီအနီးအနားတစ်ဝိုက်မှာဖြစ်ဖြစ် အကျဉ်းချခံထားရဖို့ များတယ်။ တကယ်လို့ သူ့အထင်သာ မှန်ခဲ့မယ်ဆိုရင် သူ အဲဒီကို ပြန်သွားနိုင်ပြီးတော့ အမှောင်နတ်ဆိုးတွေကို သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်ထဲမှာပဲ အရှင်လတ်လတ် သွားတွေ့နိုင်လိမ့်မယ်။

ဒီအကောင်တွေကို ရိုလာကိုစတာဆီ ဘယ်လိုသယ်ယူပြီး ထိန်းသိမ်းထားမလဲဆိုတဲ့ ပြဿနာ ရှိနေသေးပေမဲ့ အဲဒါကို နောက်မှပဲ သူ ဖြေရှင်းလို့ ရနိုင်တယ်။ လောလောဆယ်တော့ သူတို့ကို ဘယ်မှာရှာရမလဲဆိုတာ သူ အနည်းဆုံး သိသွားခဲ့ပြီလေ။

'ငါ အခုချက်ချင်း အဲဒီကို သွားလို့ရတာပဲ'

သေချာတာကတော့ မသိရသေးတဲ့ နေရာတစ်ခုကို သွားရတာ အတော်လေး အန္တရာယ်များနိုင်ပြီး အမှောင်နတ်ဆိုးတွေ ရှိနေမယ်ဆိုရင် ပိုဆိုးနိုင်တယ်။ ပြီးတော့ သူက သူတို့ရဲ့ ဇာတိမြေဆီ သွားရမှာဖြစ်လို့ သူတို့ ဆယ်ကောင် ဒါမှမဟုတ် ရာနဲ့ချီပြီးတော့တောင် တစ်ပြိုင်နက်တည်း ကြုံတွေ့ရနိုင်တယ်။ အဲဒီကောင်တွေအားလုံး ပေါင်းပြီး ဖန်တီးလိုက်မယ့် ပေါက်ကွဲမှုက တိုက်ကြီးတစ်ခုလုံးကို ကမ္ဘာမြေပေါ်ကနေ အစတောင်မကျန်အောင် ဖျက်ဆီးပစ်နိုင်တယ်။ အဲဒီလိုဆိုရင် သူကိုယ်တိုင်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး။

တကယ်လို့ သူ အဲဒီကို သွားဖြစ်ခဲ့ရင် သူတို့ကို တိုက်ခိုက်ဖို့ အသေအချာ ပြင်ဆင်ထားရမယ်၊ ဒါမှမဟုတ်ရင်လည်း တိတ်တိတ်ပုန်း ဝင်ရောက်နိုင်ဖို့ ပြင်ဆင်ထားရမယ်။

ကံကောင်းတာကတော့ သူ့ဆီမှာ တိတ်တိတ်ပုန်းသွားလာနိုင်ဖို့ အထူးအဆင့်မြှင့်တင်ထားတဲ့ ယာဉ်တစ်စီး ရှိနေခဲ့တယ်။

သူက သူ့ရဲ့ အဓိကဒရုန်းကို ဒီလိုအခြေအနေမျိုးအတွက် ကွက်တိ ပြင်ဆင်ထားခဲ့တာပဲ။ အဲဒါက ကိုယ်ပျောက်စွမ်းရည် သုံးနိုင်တယ်၊ အရာဝတ္ထုတွေကို ဖြတ်သန်းသွားလာနိုင်တယ်၊ ပြီးတော့ ငှက်တစ်ကောင်လောက် သေးငယ်သွားအောင် အရွယ်အစားပြောင်းလဲနိုင်သလို ပန်ကာသံကိုလည်း မီတာအနည်းငယ်အကွာလောက်ကပဲ ကြားရတဲ့အထိ တိတ်ဆိတ်သွားအောင် အသံတိတ်ပန်ကာကို သုံးနိုင်တယ်။

တကယ်လို့ သူသာ အလိုရှိရင် သူ့ရဲ့ဒရုန်းက သူ့ကို ဘယ်သူမှ မသိနိုင်အောင် ဘယ်နေရာကိုမဆို ခေါ်ဆောင်သွားပေးနိုင်တယ်။

ဒါပေမဲ့လည်း သူက နောက်ထပ် စွန့်စားခန်းတစ်ခုကို သွားဖို့ အလျင်လိုမနေခဲ့သေးပါဘူး။

သူ အခု အဲဒီကို သွားမယ်ဆိုရင် မျက်ကန်းတစ္ဆေမကြောက် သွားရသလို ဖြစ်နေလိမ့်မယ်။ သူ သွားရမယ့်နေရာနဲ့ပတ်သက်ပြီး သူ ဘာမှ သိမနေဘူးလေ။ အဲဒီမှာ နေထိုင်တဲ့သူတွေ၊ အန္တရာယ်တွေနဲ့ တခြားအရာတွေ အများကြီးကို သူ မသိခဲ့ဘူး။

အဲဒီ အမှောင်နတ်ဆိုးတွေကို အိမ်ကို ဘယ်လိုပြန်ခေါ်လာရမလဲဆိုတာ၊ ဒါမှမဟုတ် သူ တကယ်ပဲ အဲဒီလို လုပ်သင့် မလုပ်သင့်ဆိုတာကိုတောင် သူ မသိခဲ့ဘူး။

'အခြေအနေ သွားကြည့်ရုံနဲ့တော့ ဘာမှ မဖြစ်လောက်ပါဘူးလေ'

သူ့ရဲ့ အစီအစဉ်က ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုပြီး သူ မြင်နိုင်သမျှကို မှတ်ဉာဏ်ထဲမှာ မြေပုံတစ်ခုလို မှတ်သားထားဖို့ပဲ။ အဲဒီလိုလုပ်ခြင်းအားဖြင့် သူ တစ်ခုခု ထင်ရှားတဲ့ နေရာအမှတ်အသားကို မြင်တွေ့ခဲ့ရင် ကမ္ဘာ့မြေပုံနဲ့ တိုက်ဆိုင်စစ်ဆေးနိုင်ပြီး သူ ဘယ်နေရာကို ရောက်နေလဲဆိုတာ အသေအချာ သိနိုင်လိမ့်မယ်။ ဒီနည်းနဲ့ သူ မသိသေးတဲ့ နယ်မြေတွေကို လျှောက်သွားနေစရာ မလိုတော့သလို မလိုအပ်တဲ့ အန္တရာယ်တွေကြားထဲ ကိုယ့်ကိုယ်ကိုယ် ဆွဲသွင်းစရာလည်း မလိုတော့ဘူး။

'ငါ အရင်ဆုံး အိမ်ထဲကနေ ထွက်ရမယ်၊ နေရာရွှေ့ပြောင်းတာက ရီနေးတား နိုင်ငံတော် တစ်ခုလုံးမှာရှိတဲ့ မှော်စွမ်းအင် စီးဆင်းမှုကို အကြီးအကျယ် ကမောက်ကမ ဖြစ်သွားစေမှာ သေချာတယ်'

သူက သူ့ရဲ့ အဓိကဒရုန်းကို လှမ်းယူလိုက်ပြီး အနောက်ဘက်မှာရှိတဲ့ တံခါးပေါက်လေးကို ထိလိုက်တာနဲ့ တစ်ပြိုင်နက် ထိန်းချုပ်ခန်းထဲကို ချက်ချင်း ရောက်ရှိသွားခဲ့တယ်။

အဲဒီကို ရောက်တာနဲ့ နေရာရွှေ့ပြောင်းဖို့ သင့်တော်တဲ့နေရာကို ရှာဖွေဖို့အတွက် ဒရုန်းကို မောင်းနှင်ဖို့ သူ အဆင်သင့် ဖြစ်နေခဲ့ပြီ။

ဒါပေမဲ့ သူ လှုပ်ရှားတော့မယ့် ဆဲဆဲမှာပဲ ထိန်းချုပ်ခန်းထဲမှာ တစ်ခုခု ထူးခြားနေတာကို သူ သတိပြုမိသွားခဲ့တယ်။

နံရံတိုင်းမှာ အပြင်လောကကို မြင်နိုင်တဲ့ မော်နီတာတွေနဲ့ ဝန်းရံထားတယ်။ အခန်းပတ်လည်မှာတော့ အပူချိန်၊ လေတိုက်နှုန်းနဲ့ တခြား ပတ်ဝန်းကျင် အခြေအနေတွေကို ပြသပေးနေတဲ့ အဆင့်မြင့် ကွန်ပျူတာ မျက်နှာပြင်တွေ ရှိနေခဲ့တယ်။

ဒါပေမဲ့ သူ့ရဲ့ မျက်လုံးထောင့်စွန်းကနေ ထူးခြားနေတဲ့ တစ်စုံတစ်ခုကို သူ မြင်လိုက်ရတယ်။

အခန်းရဲ့ တစ်ဖက်ခြမ်း၊ အမည်းရောင် ပုံရိပ်ကိုသာ ပြသထားပြီး ပိတ်ထားတဲ့ ကွန်ပျူတာ မျက်နှာပြင်အသစ်တွေရဲ့ ဘေးနားမှာ သတိထားမိဖို့ ခက်တဲ့ တံခါးတစ်ချပ်ကို သူ တွေ့လိုက်ရတာပဲ။

'ဒါက ဘာလဲ'

သူက တံခါးဆီ လျှောက်သွားလိုက်ပြီး ရှေ့ဘက်မှာရှိတဲ့ စက်ဝိုင်းပုံ သော့ခလောက်ကို တွေ့လိုက်ရတယ်။

ဒီတံခါးကို သင်္ဘောတွေပေါ်က တံခါးတွေလိုမျိုး ပုံစံထုတ်ထားတာဖြစ်ပြီး သော့ပွင့်ဖို့အတွက် ဘီးလုံးကို လှည့်ပေးရမှာပဲ။

ဒီအသစ်ထပ်တိုးလာတဲ့ အရာနဲ့ပတ်သက်ပြီး စပ်စုချင်စိတ်ဖြစ်လာတာမို့ သူ သော့ကို လှည့်ဖို့ ကြိုးစားကြည့်လိုက်တယ်။

ဒါပေမဲ့ အဲဒါက နည်းနည်းလေးတောင် မလှုပ်ခဲ့ဘူး။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေကို မြှင့်တင်ပေးတဲ့ မှော်စွမ်းအင်ကို သုံးလိုက်တဲ့တိုင်အောင် ဘီးလုံးက ကျောက်တုံးကြီးလို မာကျောနေဆဲပဲ။ ဒါက ဒီတံခါးကို ဖွင့်ဖို့ တကယ်ပဲ ဖြစ်နိုင်ပါ့မလားလို့ သူ့ကို သံသယဝင်သွားစေတယ်။

'နိုဗာ... ဒါက ဘာလဲ'

[အဲဒါက ဒရုန်းအတွက် သော့ခတ်ထားတဲ့ အဆင့်မြှင့်တင်မှုတစ်ခုပါ] လို့ သူမက ဖြေလိုက်တယ်။

'အဆင့်မြှင့်တင်မှု'

သူ့ရဲ့ မေးခွန်းကို ဖြေဖို့အတွက် နိုဗာက နံရံပေါ်က အနီးစပ်ဆုံး မျက်နှာပြင်တစ်ခုမှာ စနစ်အရောင်းဆိုင်ရဲ့ အဆင့်မြှင့်တင်မှုဆိုင်ရာ ဝင်းဒိုးတစ်ခုကို ပြသပေးလိုက်တယ်။

ပေါ်လာတာနဲ့ တစ်ပြိုင်နက် ပုံမှန် အဆင့်မြှင့်တင်မှုတွေအားလုံးကို သူ မြင်လိုက်ရတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ အာရုံကို ဆွဲဆောင်နေတဲ့ လင်းလက်တုန်ခါနေတဲ့ ရွေးချယ်စရာတစ်ခု ပါဝင်နေခဲ့တယ်။

[မှော်ကမ္ဘာငယ်လေး]

- - ရေဂီယို

- - သီးသန့်အခန်း = ၁

- - XXXXX

ဒါက မှော်ကမ္ဘာငယ်လေးအတွက် အဆင့်မြှင့်တင်မှုအသစ်တစ်ခုဖြစ်ပြီး သူ သော့ဖွင့်ဖို့ လိုအပ်နေသေးတဲ့ အရာတစ်ခုလည်း ဟုတ်တယ်။

'ဆိုတော့ ဒီတံခါးက အဲဒီ သီးသန့်အခန်းဆီ သွားတဲ့လမ်းပေါ့၊ ပြီးတော့ ဒီတံခါးကို မဖွင့်ခင် အဲဒီ အဆင့်မြှင့်တင်မှုကို အရင်ဝယ်ရမယ်ဆိုတဲ့ သဘောလား'

[ကွက်တိပါပဲ]

'ဒီအဆင့်မြှင့်တင်မှုက ဘာတွေ လုပ်ပေးနိုင်တာလဲ'

[သီးသန့်အခန်း - ဒီအဆင့်မြှင့်တင်မှုက ရေဂီယိုထဲမှာရှိတဲ့ ကိုယ်ပိုင်အခန်းတစ်ခုကို ဝင်ရောက်ခွင့် ပေးပါလိမ့်မယ်၊ အဲဒီအခန်းက လေ၊ အပူ ဒါမှမဟုတ် အလင်းရောင်တောင် အပြင်ကို စိမ့်ထွက်ခွင့်မပေးဘဲ အရာအားလုံးနဲ့ လုံးဝကို အဆက်အသွယ် ဖြတ်တောက်ထားမှာပါ၊ အခန်းရဲ့ အတိုင်းအတာက ၁၀x၁၀x၁၀ ပေ ရှိပြီး ချဲ့ထွင်တဲ့ အဆင့်မြှင့်တင်မှုတွေကတစ်ဆင့် ပိုကြီးလာအောင် လုပ်နိုင်ပါတယ်]

'ဘာမှ အဝင်အထွက် လုပ်ခွင့်မပေးတဲ့ အခန်း'

ဒါက အခြေခံအားဖြင့် လက်တွေ့ကမ္ဘာနဲ့ လုံးဝကို အဆက်အသွယ် ဖြတ်တောက်ထားတဲ့ ပိုးမွှားကင်းစင်တဲ့ နေရာတစ်ခုပဲ။ ဒါက မှော်ကမ္ဘာငယ်လေးရဲ့ အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းတစ်ခုလို့တောင် ဆိုနိုင်တယ်။

'ငါ ဒီအဆင့်မြှင့်တင်မှုကို ဘာအတွက် သုံးရမှာလဲ၊ ငါ့ရဲ့ ရရှိလာတဲ့ အရာတွေကို တခြားတစ်ခုခုမှာပဲ သုံးလိုက်တော့မယ်၊ နတ်မျိုးနွယ်တွေအတွက် ရိုလာကိုစတာ ဆောက်တာ အောင်မြင်သွားရင်တော့ ဒါကို ငါ ဝယ်ကောင်း ဝယ်ဖြစ်လိမ့်မယ်... နေပါဦး'

ပထမဆုံး တွေးလိုက်ချိန်မှာတော့ ဒါက သူ့အတွက် သိပ်အသုံးဝင်မယ့်ပုံ မပေါ်ဘူး။ ဘာပဲဖြစ်ဖြစ် သူ့မှာ လုံးဝ အဆက်အသွယ်ဖြတ်တောက်ထားတဲ့ သီးသန့်အခန်းတစ်ခု လိုအပ်မနေဘူးလေ။ ဒါက ဘယ်လိုနည်းလမ်းနဲ့ အသုံးဝင်လာမလဲဆိုတာကိုတောင် သူ စဉ်းစားလို့ မရခဲ့ဘူး။ သူ့ဒရုန်းအတွက် တခြား အသုံးမဝင်တဲ့ အဆင့်မြှင့်တင်မှုတွေကတောင် သူ့ရဲ့ ငွေတွေကို သုံးဖို့ ပိုကောင်းတဲ့ နေရာတွေ ဖြစ်နေလိမ့်ဦးမယ်။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ သူ သတိရသွားခဲ့တယ်။

သီးသန့်အခန်းတစ်ခုက ဘာအတွက် ကောင်းတာလဲ။ အရာအားလုံးနဲ့ အဆက်အသွယ်ဖြတ်တောက်ထားတဲ့ အခန်းတစ်ခုဆိုတာ အထဲမှာ ဘယ်လို ညစ်ညမ်းစေတဲ့ အရာမှ ရှိမနေဘူးဆိုတဲ့ သဘောပဲလေ။ လေထုအရည်အသွေး၊ အပူချိန်နဲ့ အပူငွေ့တွေမှာလည်း မျှော်လင့်မထားတဲ့ ပြောင်းလဲမှုတွေ ရှိလာမှာ မဟုတ်ဘူး။

အတိုချုပ်ပြောရရင် ဒီနေရာက ပြီးပြည့်စုံတဲ့ ဖန်လုံအိမ် တစ်ခုဖြစ်လာလိမ့်မယ်။

'ဘာအတွက် ဖန်လုံအိမ်လဲ'

အမှောင်သစ်သားလေ။

နတ်မျိုးနွယ်တွေရဲ့ အဆိုအရ အမှောင်သစ်သားဆိုတာ အသင့်တော်ဆုံး အခြေအနေတွေအောက်မှာတောင် စိုက်ပျိုးဖို့ မယုံနိုင်လောက်အောင် ခက်ခဲတဲ့ အလွန်ကို ပျက်စီးလွယ်တဲ့ အရာတစ်ခုပဲ။

အဲဒါကို နတ်မျိုးနွယ်တွေရဲ့ မြေဆီလွှာမှာ စိုက်ပျိုးဖို့ လိုအပ်ပြီး လုံလောက်တဲ့ နေရောင်ခြည်၊ လုံလောက်တဲ့ ရေ၊ လုံလောက်တဲ့ လေနဲ့ တခြားအရာအားလုံး အချိုးကျ ရှိနေဖို့ လိုအပ်တယ်။

အဲဒီလို များပြားလှတဲ့ လိုအပ်ချက်တွေထဲက အမှားတစ်ခုလေး လုပ်မိတာနဲ့ အပင်က ချက်ချင်းဆိုသလို သေဆုံးသွားနိုင်ပြီး ပြန်လည်ရှင်သန်ဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး။

အမှောင်သစ်သားကို စိုက်ပျိုးရတာ အလွန်ခက်ခဲလွန်းလို့ နတ်မျိုးနွယ်တွေကိုယ်တိုင်တောင် အောင်မြင်အောင် မစိုက်ပျိုးနိုင်ခဲ့ကြဘူး။ သူတို့ရဲ့ လေးတွေအတွက် အသုံးပြုနိုင်ဖို့ ရှေးဟောင်းလူသားတွေ ချန်ထားရစ်ခဲ့တဲ့ အမှောင်သစ်သားတွေကို ရှာဖွေဖို့ သူတို့ ဇာတိမြေကနေ ထွက်ခွာပြီး ခရီးနှင်ခဲ့ရတာလေ။

နတ်မျိုးနွယ်တွေတောင် ဒါကို မလုပ်နိုင်ဘူးဆိုရင် တခြားဘယ်သူမှလည်း လုပ်နိုင်မှာ မဟုတ်ဘူး။

ဒါပေမဲ့ တကယ်လို့များ သူသာ ဒီ သီးသန့်အခန်းကို အသုံးပြုပြီး ဒါကို စိုက်ပျိုးနိုင်ခဲ့ရင်ကော။

ဒီအခန်းထဲမှာ အမှောင်သစ်သားအတွက် လိုအပ်တဲ့ နတ်မျိုးနွယ်တွေရဲ့ မြေဆီလွှာ မရှိပေမဲ့ သူက အထဲကို မြေကြီးတွေ သယ်ထည့်ပြီး ခြံအသေးလေးတစ်ခု ဖန်တီးနိုင်တာပဲလေ။

သူက ဘာပဲဖြစ်ဖြစ် အမှောင်နတ်ဆိုးအချို့ကို ဖမ်းနိုင်မလားဆိုတာ ကြည့်ဖို့ နတ်မျိုးနွယ်တွေရဲ့ တိုက်ကြီးဆီ သွားဖို့ စီစဉ်နေခဲ့ပြီးသားမို့ ဒါက လုံးဝကို အံဝင်ခွင်ကျ ဖြစ်နေခဲ့တယ်။

အဲဒီကိုသွားတဲ့လမ်းမှာ သူက အရည်အသွေးကောင်းတဲ့ မြေဆီလွှာအချို့ကို ယူလာနိုင်ပြီး သူ့ရဲ့ အမှောင်သစ်သားတွေကို စိုက်ပျိုးဖို့ သီးသန့်အခန်းရဲ့ ကြမ်းပြင်တစ်ခုလုံးကို မြေကြီးတွေ ဖုံးအုပ်လိုက်လို့ ရတာပဲ။

ဒါက ပြီးပြည့်စုံလွန်းနေတယ်။

တကယ်လို့ သူသာ အောင်မြင်သွားခဲ့ရင် နတ်မျိုးနွယ်တွေဆီကနေ ငွေတွေ အများကြီး ရှာနိုင်မယ့် နည်းလမ်းတစ်ခုကို သူ တွေ့ရှိသွားလိမ့်မယ်။ သူ့ဆီကနေ ဒဏ္ဍာရီလာ အမှောင်သစ်သားကို ဝယ်ယူဖို့အတွက် သူတို့က ဈေးအကြီးကြီးပေးပြီး ဝယ်ကြမှာ သေချာတယ်။

အနည်းဆုံးအနေနဲ့ တစ်ခုကို သဲဒင်္ဂါး ၂၀,၀၀၀ ထက် ပိုတန်မယ်လို့ သူ မျှော်လင့်ထားခဲ့တယ်။

ပြီးတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး အကောင်းဆုံးအချက်ကတော့ သူသာ အောင်မြင်သွားခဲ့ရင် အမှောင်သစ်သားတွေကို ပိုပိုပြီး စိုက်ပျိုးနိုင်မှာဖြစ်ကာ သဲဒင်္ဂါးတွေ ရဖို့အတွက် ထိထိရောက်ရောက် စိုက်ပျိုးနိုင်လိမ့်မယ်။

ဒီအကြံက အလွန်ကောင်းမွန်လွန်းနေတာမို့ ရိုလာကိုစတာကိစ္စကို နောက်မှလုပ်ဖို့ သူ ခဏရွှေ့ဆိုင်းထားလိုက်ရတယ်။ အမှောင်သစ်သား စိုက်ပျိုးတာက ပိုပြီးတော့တောင် အကျိုးအမြတ် များနိုင်သေးတယ်လေ။

* * * * * * * *

All Chapters