← Chapters

အခန်း ၁၅၉

Vol. 14 Ch. 159

အခန်း ၁၅၉

Vol. 14 Ch. 159

အခန်း ၁၅၉

တရားသူကြီးချုပ် ယန်လီဝေက ပါးစပ်ဟပြီး ပြောလိုက်သည်မှာ "အခု... ကျွန်တော်တို့ တရားခံဆီကနေ နောက်ဆုံးရရှိတဲ့ သက်သေအထောက်အထားကို လက်ခံရရှိထားပြီးပါပြီ။ တရားခံ ရှဲ့စီယုရဲ့ မာစီဒီး ပြင်တဲ့ဆိုင်က ကို ပြန်ပြုပြင်လို့ ပြီးသွားပါပြီ။ အဲဒီ Dashcam က ပျက်စီးသွားခဲ့လို့ ဗီဒီယိုရုပ်ပုံတွေကိုတော့ မပြသနိုင်တော့ပေမဲ့ ကင်မရာရဲ့ မန်မိုရီစနစ်ကတော့ ပျက်စီးသွားတာ မရှိပါဘူး။ အဲဒါကြောင့် ဖြစ်စဉ်တစ်ခုလုံးရဲ့ အသံမှတ်တမ်းကိုတော့ သက်သေအထောက်အထားအဖြစ် အပြည့်အစုံ သိမ်းဆည်းထားနိုင်ခဲ့ပါတယ်..."

အင်တာနက်အသုံးပြုသူအားလုံးသည် ဤဗီဒီယိုကို ကြည့်ရှုပြီးကြပြီဖြစ်သည်။

ဗီဒီယိုသည် အထောက်အထားအားလုံးကို ရှင်းပြသွားသည်။

ရှဲ့စီယုက စေတနာအလျောက် ကားရပ်ကာ အဘိုးအိုကို ကူညီခဲ့ပြီးနောက် ကျူးဂွေးကျန်းက ပိုက်ဆံညှစ်ရန် ရောက်လာခြင်းနှင့် အဘိုးအိုက ငွေညှစ်သည့်အမှုကို ပြောင်းပြန်လှန်လိုက်ခြင်းတို့ပင်။

အမှန်တရားမှာ ပေါ်ပေါက်လာခဲ့သည်။

[အမှန်တရား ပေါ်ပေါက်လာပြီ တောက် ဒီလူနှစ်ယောက်က ပိုက်ဆံညှစ်ဖို့ ရောက်လာတာကိုး]

[တောက် ကံကောင်းလို့ အမှန်တရား ပေါ်လာတာ အထောက်အထားတွေကို စစ်ဆေးပြီးပြီမဟုတ်ရင် ရှဲ့စီယု ထောင်ဆယ်နှစ်ကျတော့မှာ။ ပြီးတော့ လျော်ကြေးငွေ ၁.၄ သန်း ပေးရတော့မှာ ဒါက ပထမအဆင့် စီရင်ချက်မှာ လူတစ်ယောက် လုပ်နိုင်တဲ့ စီရင်ချက်မျိုးလား]

[အံ့သြဖို့ကောင်းလိုက်တာ အမှန်တရား ပေါ်ပေါက်လာပြီ။ အစကတည်းက ရှေ့နေဂူက ဒီအမှုကို တိုက်ခိုက်ပြီးသွားပြီ။ အခုတော့ အထောက်အထားပါ ရောက်လာပြီ။ ပထမအဆင့် တရားသူကြီး လီယွမ်ရဲ့ မျက်နှာကို အသံမြည်အောင် ရိုက်လိုက်တာပဲ]

[ရှဲ့စီယု လူကိုမတိုက်ရင် သူမက လူကို မကူညီနိုင်ဘူးဆိုတာ အမှန်ပဲမဟုတ်လား။ အဲဒါ ဘာယုတ္တိမရှိတဲ့ စကားတွေလဲ လူကောင်းတစ်ယောက် ဖြစ်တာက အမှားလား]

တရားသူကြီးချုပ် ယန်လီဝေ ထရပ်ပြီး ပြောလိုက်သည်မှာ "အခု အမှန်တရား ပေါ်ပေါက်လာပြီဖြစ်လို့ ဒီတရားရုံးကနေ စီရင်ချက်ကို အခုပဲ ချမှတ်တော့မယ်"

မှတ်တမ်းတင်သူက ပြောသည်။

"အားလုံး ထရပ်ကြ"

တရားခွင်တစ်ခုလုံး တညီတညွတ်တည်း ထရပ်လိုက်ကြသည်။

တရားသူကြီးချုပ် ယန်လီဝေ "ဒီအမှုကို သေချာပြန်လည်သုံးသပ်ပြီးတဲ့နောက် တရားရုံးက အခုလို ဆုံးဖြတ်လိုက်ပါတယ်။ ရှဲ့စီယုက ကားကို စည်းကမ်းတကျ မောင်းနှင်ခဲ့ပြီး ဘယ်သူ့ကိုမှ တိုက်မိခဲ့တာ မရှိပါဘူး။ သူမက လဲကျနေတဲ့ အဘိုးအို ကျန်းဂူဘင်ကို စေတနာအပြည့်နဲ့ ကူညီပေးခဲ့တာ ဖြစ်ပေမဲ့ တန်ပြန်မှုအနေနဲ့ ငွေညှစ်တာကိုပဲ ခံခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးချက်တွေအရ ကျန်းဂူဘင်က လမ်းပေါ်မှာ သူ့ဘာသာသူ မတော်တဆ လဲကျပြီး ခြေထောက်ကျိုးတဲ့ ဒဏ်ရာ ရခဲ့တာပါ။ အဲဒီအချိန်မှာ ကျန်းဂူဘင်က သူ့ရဲ့ သားသမီး ၆ ယောက်ဆီကို အကြိမ်ကြိမ် ဖုန်းဆက် အကူအညီတောင်းခဲ့ပေမဲ့ ဆေးရုံစရိတ် ကုန်မှာစိုးလို့ သားသမီးတွေက လုံးဝ ပစ်ပယ်ထားခဲ့ကြပါတယ်။ ဖုန်းရပြီးတာတောင် သားသမီး ၆ ယောက်ထဲက တစ်ယောက်မှ လာတောင် လာမကြည့်ခဲ့ကြပါဘူး..."

တရားသူကြီးက တရားခံခုံက လူတွေကို အေးစက်စွာ တစ်ချက်ကြည့်ပြီး ဆက်ပြောသည်။

"သူ့ရဲ့ သားသမီးတွေအပေါ် မျှော်လင့်ချက် မရှိတော့မှန်း သိတဲ့အခါ ကျန်းဂူဘင်က စေတနာရှင် ရှဲ့စီယုဆီကနေ ပိုက်ဆံညှစ်ဖို့ လမ်းကို ရွေးချယ်ခဲ့ပါတယ်။ ပိုက်ဆံညှစ်လို့ ရနိုင်ခြေရှိမှန်း သိတာနဲ့ သူ့ရဲ့ သားသမီး ၆ ယောက်ကလည်း ပိုက်ဆံဝေစုခွဲဖို့နဲ့ ခြိမ်းခြောက်ဖို့အတွက် အခင်းဖြစ်ပွားရာနေရာကို တစ်ယောက်ပြီးတစ်ယောက် ကမန်းကတန်း ရောက်လာခဲ့ကြတာပါ။ စုံစမ်းချက်တွေအရ သားသမီး ၆ ယောက်စလုံးက ရှဲ့စီယု တိုက်မိတာမဟုတ်မှန်း အစကတည်းက ကောင်းကောင်းကြီး သိလျက်နဲ့ ပိုက်ဆံညှစ်ဖို့ကိုပဲ တမင်ပူးပေါင်း ရွေးချယ်ခဲ့ကြတာပါ။ ဒါဟာ ပမာဏ အလွန်ကြီးမားတဲ့ ငွေညှစ်မှုဖြစ်သလို မဟုတ်မမှန် စွပ်စွဲပြီး ခြိမ်းခြောက်စော်ကားမှုလည်း ဖြစ်ပါတယ်။

နောက်တစ်ယောက်ဖြစ်တဲ့ ကျူးဂွေးကျန်းကတော့ နှစ်ပေါင်းများစွာ ဒီလိုနည်းနဲ့ အသက်မွေးပြီး အကျင့်ပါနေတဲ့ ငွေညှစ်သမားပါ။ ဒီအမှုမှာလည်း သူမက ရှဲ့စီယုကို ကားတိုက်သယောင် ဗြောင်လိမ်စွပ်စွဲပြီး ယွမ် ၁၀၀,၀၀၀ ညှစ်ယူခဲ့တဲ့အပြင် ဆေးရုံကနေ မဆင်းဘဲ ဇွတ်ပေကပ် နေခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အဲဒီနောက်မှာလည်း ဝမ်ကျန်းကားပိုင်ရှင်တစ်ဦးဆီကနေ ပိုက်ဆံထပ်ညှစ်ပြီး ယွမ် ၁၀၀,၀၀၀ ထပ်မံ ရယူခဲ့ပါသေးတယ်။ နှစ်တွေအတွင်းမှာ ကျူးဂွေးကျန်း တစ်ယောက်တည်း ညှစ်ယူခဲ့တဲ့ ငွေပမာဏက ယွမ် ၃၀၀,၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။

အခု... ဒီအမှုအတွက် နောက်ဆုံးစီရင်ချက်ကို ချမှတ်ပါတော့မယ် "

ဒေါက်... ဒေါက်...

တရားရုံးတူထုသံ ထွက်ပေါ်လာသည်။

"ပထမအချက် ရှဲ့စီယုမှာ ဘာအပြစ်မှမရှိကြောင်း အကြွင်းမဲ့ ကြေညာပါတယ်။ တရားခံတွေအနေနဲ့ သူမရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ လုပ်အားခဆုံးရှုံးမှုနဲ့ အခြားကုန်ကျစရိတ်တွေအတွက် စုစုပေါင်း ယွမ် ၃၀,၀၈၃ ကို လျော်ကြေးပေးရမယ်။

ဒုတိယအချက် တရားလို ကျန်းဂူဘင်မှာ ငွေညှစ်မှု ကျူးလွန်ကြောင်း ထင်ရှားပေမဲ့ကွယ်လွန်သွားပြီဖြစ်လို့ အမှုကနေ ကင်းလွတ်ခွင့်ပြုပါတယ်။ ဒါပေမဲ့ ကျန်းဂူဘင်ရဲ့ သားသမီး ၆ ယောက်ဖြစ်တဲ့ ကျန်းကျီချန်နဲ့ အပေါင်းအပါတွေက အမှန်တရားကို သိလျက်နဲ့ ယွမ်တစ်သန်းကျော် ပမာဏရှိတဲ့ ငွေညှစ်မှုနဲ့ လိမ်လည်မှုကို ပူးပေါင်းကျူးလွန်ခဲ့ကြတဲ့အတွက် ခေါင်းဆောင်ဖြစ်သူ ကျန်းကျီချန်ကို ထောင်ဒဏ် ၁၅ နှစ် ကျန်တဲ့သူတွေကို ထောင်ဒဏ် ၈ နှစ်စီ ပြတ်သားစွာ ချမှတ်လိုက်ပြီး ရှဲ့စီယုကို စစုပေါင်း ယွမ် ၅၀,၄၈၃ လျော်ကြေးပေးရမယ်။

တတိယအချက် ယွမ် ၃၀၀,၀၀၀ ကျော် လိမ်လည်ခဲ့ပြီး အကျင့်ပါနေတဲ့ ငွေညှစ်သမား ကျူးဂွေးကျန်းကိုတော့ ရာဇသတ်ကြီးပုဒ်မ ၁၆၆ အရ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပြီး ငွေညှစ်လို့ ရထားတဲ့ ပစ္စည်းနဲ့ ငွေကြေးအားလုံးကို ပြန်သိမ်းရမယ်။

စတုတ္ထအချက် တရားလို ကျန်းဂူဘင်ရဲ့ မိသားစုဝင်တွေနဲ့ ကျူးဂွေးကျန်းတို့က ဒီအမှုရဲ့ တရားရုံးစရိတ် စုစုပေါင်း ယွမ် ၂၀၅,၄၅၄ ကို ပူးတွဲကျခံရမယ်။

ဒီအမှုကို... ဒီနေ့မှစ၍ စီရင်ချက်အပြီးသတ်လိုက်ပြီ"

တရားရုံး၏ စီရင်ချက် အသံထွက်လာသည်နှင့် ကျန်းကျီချန်နှင့် သူ၏ ညီအစ်ကိုမောင်နှမများမှာ ကြောင်အနေကြသည်။

ပိုက်ဆံရမည်ဟု မျှော်လင့်ကာ လာရောက်ခဲ့ကြသည့် သူတို့၏ အိပ်မက်မှာ ခဏလေးအတွင်း ပြိုလဲသွားပြီး ထောင်ဒဏ်များ၊ လျော်ကြေးများ၊ တရားရုံးစရိတ်များနှင့်အတူ ဥပဒေ၏ ပြင်းထန်သော အရေးယူမှုကို ရင်ဆိုင်ရတော့မည်ပင်။

သူတို့သည် ရှဲ့စီယုဆီကနေ ယွမ် ၁ သန်းကျော် ရယူနိုင်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။ ယခုမူ သူတို့အားလုံး ထောင်ဒဏ်ကျခံရတော့မည်ဟု အမိန့်ချမှတ်ခံလိုက်ရသည်။

ကျန်းကျီချန်ကို ထောင်ဒဏ် ၁၅ နှစ်၊ ကျန်သူများကို ၈ နှစ်စီ ချမှတ်လိုက်ခြင်းပင်။ ကျန်းဂူဘင်၏ သားသမီး ၆ ယောက်လုံး ထောင်ဒဏ်ကျခံရတော့မည်ဖြစ်ရာ တရားခွင်အတွင်း၌ အလွန်အမင်း ထိတ်လန့်သွားကြသည်။

ကျန်းကျီချန်က ကျယ်လောင်စွာ အော်ဟစ်သည်။

"ဒါနဲ့ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ၊ ကျွန်တော် ဘာမှမသိဘူး။ ကျွန်တော့်အဖေ သေသွားတာလေ။ ပိုက်ဆံတောင်းတာ ကျွန်တော့်အခွင့်အရေးပဲ မဟုတ်လား။ အကုန် ရှဲ့စီယု အမှားပဲ။ သူမသာ အရင်ကတည်းက ပိုက်ဆံပေးလိုက်ရင် ကျွန်တော့်အဖေ မသေဘူး။ ကျွန်တော်တို့လည်း ဒီလောက်ထိ လျော်ကြေးပေးစရာ မလိုဘူး။ ရှဲ့စီယုမှာ တာဝန်မရှိဘူးလား။ သူမ မတိုက်မိတိုင်း သူမမှာ ဘာအမှားမှ မရှိတော့ဘူးလား။ ထောင် ၁၅ နှစ်ဆိုတာ ကျွန်တော့်ဘဝတစ်ခုလုံး ပျက်စီးသွားတာပဲ ပိုက်ဆံတောင်းတာ အမှားလား တရားမျှတမှုကို ရှာတာ အမှားလား"

ကျန်းကျီချန် ဆက်လက် အော်ဟစ်နေသော်လည်း ရဲတပ်ဖွဲ့က သူ့ကို ချက်ချင်းပင် လက်ထိတ်ခတ်၍ ခေါ်ဆောင်သွားသည်။

တရားရုံးက ပြစ်ဒဏ်ချမှတ်ပြီးသားဖြစ်သဖြင့် ရဲတပ်ဖွဲ့အနေဖြင့် အချိန်မဆိုင်းဘဲ ထောင်ဒဏ်ကျခံရန် ပို့ဆောင်ရတော့မည်ပင်။

ပရိသတ်နေရာတွင် ပိုက်ဆံရရန် စောင့်ဆိုင်းနေသည့် ကျန် ၅ ယောက်ကိုလည်း ရဲများက ချက်ချင်း ထိန်းချုပ်လိုက်သည်။

"အရာရှိကြီး ကျွန်တော် အပြစ်မရှိဘူး"

"ကျွန်တော်က ပိုက်ဆံတောင်းဖို့ လာတာပါ ဘာလို့ ထောင်ချခံရမှာလဲ"

"ကျွန်တော်က ရှဲ့စီယုဆီက ပိုက်ဆံ တိုက်ရိုက်မတောင်းဘူး အချိုးကျ ခွဲဝေယူဖို့ပဲ လာတာ။ ပိုက်ဆံခွဲတာက ရာဇဝတ်မှုလား ဒါအတွက် ထောင်ကျရမှာလား မတရားဘူး ဒါ မတရားဘူး"

"ကျွန်တော် လက်မခံနိုင်ဘူး ကျွန်တော် အပြစ်မရှိဘူး"

"ကျွန်မလည်း အပြစ်မရှိဘူး ဘာလို့ ၈ နှစ် ထောင်ကျရမှာလဲ။ ကျွန်မယောက်ျားနဲ့ ကလေးတွေကကော ဘယ်လိုလုပ်မလဲ။ အဲဒီအတွက် တာဝန်ယူပေးနိုင်မလား"

"ရှင်တို့က ဆင်းရဲသားတွေကို ဖိနှိပ်နေတာ ကျွန်မ အပြစ်မရှိဘူး"

"ရှဲ့စီယု တိုက်မိတာ ဟုတ်မဟုတ် ကျွန်မ ဘယ်လိုလုပ်သိမှာလဲ ဘာပဲဖြစ်ဖြစ် အပြစ်ရှိတဲ့သူက သူမပဲ ဖြစ်ရမှာ ကျွန်မ မဟုတ်ဘူး"

"ပထမအဆင့်မှာ ရှဲ့စီယု အပြစ်ရှိတယ်လို့ ကြေညာပြီးသားလေ အခု ဘာလို့ ကျွန်မတို့ကို ဖမ်းတာလဲ"

တရားခွင်တွင်ရှိသူ ၅ ယောက်မှာ စောဒကတက်နေကြသော်လည်း အချည်းနှီးသာ ဖြစ်သည်။ ရဲများက သူတို့ကို အတင်းအဓမ္မ ခေါ်ဆောင်သွားကြသည်။

ကျူးဂွေးကျန်းလည်း လက်ထိတ်ခတ်ခံလိုက်ရသည်။

သူမက ရုန်းကန်ရင်း

"ဒါနဲ့ ကျွန်မနဲ့ ဘာဆိုင်လဲ။ ကျွန်မ တမင်သက်သက် ငွေညှစ်တာ မဟုတ်ဘူး။ ပိုက်ဆံနည်းနည်း တောင်းချင်ရုံပဲ ဘယ်သူ့ကိုမှ စွပ်စွဲတာ မဟုတ်ဘူး။ ဒါကို ငွေညှစ်မှုလို့ ခေါ်လို့ရမလား။ ဝမ်ကျန်းကားပိုင်ရှင်ကိစ္စကျတော့လည်း တကယ်တိုက်မိလို့ တောင်းတာလေ ဘာလို့ ထောင်ချခံရမှာလဲ။ ပိုက်ဆံနည်းနည်းပဲ လိုချင်တာပါ အဲဒါ အမှားလား ကျွန်မ ထောင်ထဲအကြာကြီး မနေချင်ဘူး၊ ထောင်ထဲမသွားချင်ဘူး"

"ကျွန်မ အမှားသိပါပြီ တရားသူကြီး၊ အရာရှိကြီး... ကျွန်မ အမှားသိပါပြီ။ ထောင်ထဲမပို့ပါနဲ့။ အိမ်ပြန်ပြီး ၂ ရက်လောက် ပြန်တွေးခွင့်ပေးပါ။ အဲဒါဆို မကောင်းဘူးလား။ နောက်တစ်ခါ ဘယ်တော့မှ မမှားတော့ဘူးလို့ ကတိပေးပါတယ်..." ဟု အော်ဟစ်ကာ တောင်းပန်နေသည်။

All Chapters