← Chapters

အခန်း ၁၆၁

Vol. 14 Ch. 161

အခန်း ၁၆၁

Vol. 14 Ch. 161

အခန်း ၁၆၁

ဂူချန်သည် ထိုအမှုကို အောင်မြင်စွာ အဆုံးသတ်ပြီးနောက် ၂ ရက်တာ အနားယူခဲ့သည်။

၂ ရက်အကြာတွင် ဂူချန်သည် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ခဲ့သည်။

Douyin ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်မှုစတင်လိုက်သည်နှင့် ကြည့်ရှုသူ တစ်သောင်းကျော် ရှိနှင့်နေပြီဖြစ်သည်။

[ဥပဒေမဲ့ မိုက်ရူးရဲက တိုက်ရိုက်ထုတ်လွှင့်မှုလွှင့်နေပြီ]

[သူ လာပြီ နောက်ဆုံးတော့ ဥပဒေမဲ့မိုက်ရူးရဲ တိုက်ရိုက်ထုတ်လွှင့်မှုလွှင့်ပြီ]

[ဥပဒေမဲ့မိုက်ရူးရဲ တိုက်ရိုက်ထုတ်လွှင့်မှုမလွှင့်တာ ဘယ်လောက်တောင် ကြာသွားပြီလဲ အရမ်းကြာနေပြီ]

[ရှေ့နေဂူက တကယ်ကို မိုက်တယ် ရှေ့နေဂူကို တရားရုံးမှာ ကြည့်ရတာ အမြဲတမ်း စိတ်လှုပ်ရှားဖို့ ကောင်းတယ် လွန်ခဲ့တဲ့ ရက်အနည်းငယ်က အမှုဆိုရင် အရမ်းဒေါသထွက်လွန်းလို့ ကျွန်တော့်အဖေကိုတောင် ရိုက်မိမလို ဖြစ်သွားတယ်]

[ဒါက ဖခင်နဲ့ သားကြားက သားလိမ္မာတရားပေါ့နော်။ ကျွန်တော်ကတော့ မတူဘူး။ ရှေ့နေဂူကို တရားရုံးမှာ ကြည့်ရင်းနဲ့ ကျွန်တော့်ရဲ့ ဆံပင်ကို ဆွဲလိမ်နေမိတယ်။ သူက အလုပ်ကို အလွန်လှပအောင် လုပ်ပြသွားတာလေ ကျွန်တော် ဆံပင်ကို ဆွဲပြီး တိုက်ခိုက်မှုအရှိန်ကို မြှင့်လိုက်တယ်]

[အပေါ်ကလူ ဘယ်လိုမျိုး ဆံပင်ဆွဲလိမ်တယ်ဆိုတာ ရှင်းပြပေးပါဦး]

ဂူချန် တိုက်ရိုက်ထုတ်လွှင့်မှုလွှင့်ပြီးနောက် အင်တာနက်အသုံးပြုသူများမှာ အလွန်အမင်း စိတ်အားထက်သန်နေကြသည်။

ဘာကြောင့်လဲဆိုတော့ ဂူချန် မကြာသေးမီက ကိုင်တွယ်ခဲ့သည့် အမှုများက အင်တာနက်အသုံးပြုသူများကို အလွန်ကျေနပ်မှု ရစေသောကြောင့်ပင်။

ဇောင်လဲ့လဲ့က အရပ်ဒေသဓလေ့ထုံးတမ်းအရ ပေးရသည့် တင်တောင်းငွေပစ္စည်းများနှင့် အိမ်အတွက် လိမ်လည်ရန် အမျိုးသားတစ်ဦးကို မုဒိမ်းမှုဖြင့် စွပ်စွဲခဲ့ပြီး နောက်ဆုံးတွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

ဝမ်ကျူးက ရည်းစားဖြစ်သူနှင့် တွဲနေစဉ်အတွင်း ငွေများကို နည်းလမ်းမျိုးစုံဖြင့် လိမ်လည်ခဲ့ပြီး နှစ်နှစ်အတွင်း ယွမ်ခြောက်သိန်းကျော် ယူခဲ့သည့်အတွက် သူမလည်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

စိတ်ကောင်းရှိသူတစ်ဦးက အဘိုးအိုတစ်ဦးကို ကူညီခဲ့သော်လည်း အဆိုပါအဘိုးအိုက လှည့်ပတ်ပြီး ယွမ်သန်းပေါင်းများစွာ ငွေညှစ်ခဲ့ကာ အဘိုးအို၏ သားသမီးများအားလုံးကလည်း ပိုက်ဆံညှစ်ခဲ့ကြပြီး နောက်ဆုံးတွင် ထိုသားသမီးအားလုံး ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

အင်တာနက်အသုံးပြုသူတိုင်းက ကျေနပ်အားရနေကြသည်။

ဤကဲ့သို့သော လူများကြောင့်သာ လူကောင်းအများစုမှာ အဘိုးအိုများကို မကူညီရဲကြခြင်းပင်။

ဂူချန်သည် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း အနည်းငယ် စကားစမြည်ပြောဆိုခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြည့်ရှုသူဦးရေ တစ်သိန်းကျော်သွားခဲ့သည်။

ဂူချန်သည် သူ၏ရုံးခန်းမှ တိုက်ရိုက်ထုတ်လွှင့်မှုလွှင့်နေစဉ် ရွှယ်ချင်းချင်းက တံခါးခေါက်ပြီး ဝင်လာခဲ့သည်။

ရွှယ်ချင်းချင်းက ဂူချန်ထံ လျှောက်သွားပြီး "သူဌေး ဒီမှာ လက်မှတ်ထိုးပေးဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတစ်ခု ရှိပါတယ်" ဟု ပြောသည်။

ဂူချန်က စာရွက်စာတမ်းကို ယူကာ တစ်ချက်ကြည့်ပြီး ချက်ချင်း လက်မှတ်ထိုးလိုက်သည်။

ရွှယ်ချင်းချင်းသည် တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ခဏမျှ ပေါ်လာခဲ့သော်လည်း သူမ၏မျက်နှာကိုမူ မပြခဲ့ပေ။

ဒီနေ့ ရွှယ်ချင်းချင်းသည် ခြေအိတ်အဖြူများကို ဝတ်ဆင်ထားသည်...

[ရှေ့နေဂူ ဘေးဖယ်ပေးပါလား။ ကျွန်တော် လက်ထောက်မလေးကို ကြည့်ချင်တယ်]

[လက်ထောက်မလေး ဘယ်မှာလဲ။ ညီမလေးဘယ်မှာလဲ။ ကျွန်တော် ညီမလေးကို ကြည့်ချင်တယ်]

[ကျွန်တော်လည်း ညီမလေးကို ကြည့်ချင်တယ်။ အဲ့ဒီ ခြေအိတ်အဖြူတွေကတော့... ဟားဟားဟား ကျွန်တော် မနာလိုလိုက်တာ]

[ရှေ့နေဂူက ခြေအိတ်အဖြူတွေကို နေ့တိုင်း မမြင်ရဘူးလား]

[ရွှယ်ချင်းချင်းက ထူးထူးခြားခြားနဲ့ကို လှပလွန်းတယ်။ ကျွန်တော် တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာ ရွှယ်ချင်းချင်းကို မြင်ဖူးတယ်။ ဥပဒေမဲ့မိုက်ရူးရဲရဲ့ လက်ထောက်က တကယ်ကို ရင်သပ်ရှုမောဖွယ်ပဲ။ အွန်လိုင်းမှာ ရွှယ်ချင်းချင်း တရားရုံးမှာ ရှိနေတဲ့ ဗီဒီယိုတွေကိုတောင် ရှာကြည့်လို့ရတယ် တကယ့်အလှပဂေးပဲ]

[ရွှယ်ချင်းချင်းက ပီကင်းတက္ကသိုလ်ရဲ့ မေဂျာဘုရင်မလေးဖြစ်ခဲ့တယ်လို့ ကြားတယ် ဘယ်လိုလုပ် မလှဘဲ နေမလဲ]

တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ဂူချန်ကို မေးခွန်းများ မေးမြန်းနေကြသည့် အင်တာနက်အသုံးပြုသူ အတော်များများ ရှိနေပြီး ဂူချန်ကလည်း ဥပဒေရေးရာ ပြဿနာအချို့ကို ရှင်းပြပေးခဲ့သည်။

သို့သော် ရွှယ်ချင်းချင်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် တိုက်ရိုက်ထုတ်လွှင့်မှုသည် အရိုင်းဆန်သော မှတ်ချက်များပေးသည့် နေရာတစ်ခု ဖြစ်သွားခဲ့သည်။

ဂူချန် တိုက်ရိုက်ထုတ်လွှင့်မှုလွှင့်နေဆဲတွင် ဖုန်းဝင်လာခဲ့သည်။

ဂူချန်က "ချင်းချင်း ကျွန်တော့်ကို ခဏလောက် တိုက်ရိုက်ထုတ်လွှင့်မှုလွှင့်ပေးထားပါဦး။ ကျွန်တော် အလုပ်လေးတစ်ခု ကိုင်တွယ်ရဦးမယ်" ဟု ပြောသည်။

ရွှယ်ချင်းချင်းသည် အနီးနားတွင် ဖိုင်များကို စုစည်းနေရင်း ဂူချန် သူ့ကို ခေါ်သည်ကို ကြားလိုက်ရသဖြင့် "ဟုတ်ကဲ့ သူဌေး သွားလိုက်ပါ" ဟု ခေါင်းညိတ်လိုက်သည်။

ဂူချန်ထွက်သွားရန် ထလိုက်သည်။

ရွှယ်ချင်းချင်းက တိုက်ရိုက်ထုတ်လွှင့်မှုရှေ့တွင် ထိုင်လိုက်သည်။

ဂူချန်က သိပ်ပြီး စိုးရိမ်မနေပေ။

ရွှယ်ချင်းချင်း၏ ဥပဒေကျွမ်းကျင်မှုနှင့်ဆိုလျှင် အင်တာနက်အသုံးပြုသူများ၏ မေးခွန်းအချို့ကို ဖြေဆိုရန် လွယ်ကူလိမ့်မည်ပင်။

ထို့နောက် ရွှယ်ချင်းချင်းက တိုက်ရိုက်ထုတ်လွှင့်မှု စတင်ခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ အင်တာနက်အသုံးပြုသူများအားလုံးက မှတ်ချက်များကို အဆက်မပြတ် ရေးသားပို့ကြသည်။

[မိန်းမ…]

[ဒါ ငါ့မိန်းမပဲ….ငါ့မိန်းမ…..]

[အပေါ်က လူနှစ်ယောက် ခင်ဗျားတို့ နှစ်ယောက်လုံး တစ်သက်တစ်ကျွန်း ပြစ်ဒဏ်အတွက် အဆင်သင့်ပြင်ထားကြ။ ကျွန်တော် ကြေညာလိုက်မယ်။ အပေါ်က လူနှစ်ယောက်နဲ့ ကျွန်တော်င ဘာမှ မဆိုင်ဘူး ဟယ်လို ညီမလေးရေ]

[ဟယ်လို ညီမလေး ညီမလေး]

[ညီမလေးက အရမ်းလှတာပဲ]

[ညီမလေး ညီမလေးနဲ့ ဥပဒေမဲ့မိုက်ရူးရဲက မင်္ဂလာဆောင်ကို ဘယ်တော့လုပ်မှာလဲ]

ရွှယ်ချင်းချင်း "….."

ငါက သူဌေးရဲ့ လက်ထောက်သက်သက်ပါ။

ငါက ဘယ်အချိန်ကတည်းက မင်္ဂလာဆောင်ကို စီစဉ်နေမိတာလဲ။

ဘာလို့ ဒီလူတွေက ငါ့ကို ညီမလေးလို့ အားလုံး ခေါ်နေကြတာလဲ။

ရွှယ်ချင်းချင်း "ကျွန်မက သူဌေးရဲ့ လက်ထောက်ပါ။ ရှင်တို့ ဘာဘာသာစကားတွေ ရေရွတ်နေကြတာလဲ။ ကောလာဟလတွေ မဖြန့်ပါနဲ့။ သူဌေးမြင်ရင် ဒေါသထွက်လိမ့်မယ်။ ကျွန်မလစာတောင် ဖြတ်ကောင်းဖြတ်လိမ့်မယ်"

ရွှယ်ချင်းချင်းသည် သနားစရာကောင်းသော အမူအရာဖြင့် ကြည့်နေသည်။

သို့သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုကြည့်ရှုသူများမှာ မကျေနပ်ကြပေ။

[တော်တော်ရဲရင့်တာပဲ ရှေ့နေဂူက ညီမလေးရဲ့လစာကို တကယ်ဖြတ်ရဲမှာလား။ အဲ့ဒါ ကိုယ့်ကိုကိုယ် သတ်သေတဲ့လုပ်ရပ်ပဲ]

[ညီမလေးရဲ့လစာကို ဘယ်သူကများ ဖြတ်ရဲမှာလဲ]

[ကျွန်တော်တော့ ဂရုမစိုက်တော့ဘူး။ ဆုငွေ ပေးတော့မယ်။ ညီမလေးက အရမ်းလှတယ် မပေးဘဲ မနေနိုင်ဘူး]

[ကောက်ကောက်မှာ ဘာလို့ အဲ့ဒီလို စိတ်ကူးမျိုး ရှိခဲ့တာလဲဆိုတာ အခုတော့ နားလည်ပြီ]

ရွှယ်ချင်းချင်းက ဆက်လက်၍ တိုက်ရိုက်ထုတ်လွှင့်မှုလွှင့်နေဆဲပင်။

ဤအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုကြည့်ရှုသူများမှာ လက်ဆောင်များ အလုအယက် ပေးပို့နေကြသည်။ ဂူချန် တိုက်ရိုက်ထုတ်လွှင့်မှုစလွှင့်ချိန်တုန်းကထက် ယခုအချိန်တွင် ကြည့်ရှုသူဦးရေမှာ ၃ သိန်းကျော်သွားပြီဖြစ်သည်။

Douyin ပလက်ဖောင်းဖြစ်သည့်အတွက် မည်မျှပင် များပြားပါစေ ဝန်ဆောင်မှုပေးနိုင်သည်။

အထူးသဖြင့် ရွှယ်ချင်းချင်းက တိုက်ရိုက်ထုတ်လွှင့်မှုကို တာဝန်ယူလိုက်သည့်အချိန်တွင် ပရိသတ်များမှာ ပို၍ ရူးသွပ်သွားကြသည်။

ရွှယ်ချင်းချင်းမှာ ပီကင်းတက္ကသိုလ်၏ ဘုရင်မလေးဖြစ်သလို အင်တာနက်ပေါ်တွင်လည်း သူမ၏ပုံများကို မကြာခဏ မတွေ့ရသဖြင့် ပရိသတ်များမှာ သူမကို မြင်ရသည်နှင့် တံတွေးပင် မျိုချနေကြသည်။

ထိုအချိန်တွင် တကယ့်သူဌေးကြီးနှစ်ယောက် ပေါ်လာသည်။

[နှင်းနို့ရည်] က အိမ်မက်နန်းတော် ၁ ခု ကို လက်ဆောင်ပေးသည်။

[နှင်းနို့ရည်] က အိမ်မက်နန်းတော် ၁၀ ခု ကို လက်ဆောင်ပေးသည်။

အစချီကတည်းက အိမ်မက်နန်းတော် ၁၀ ခု ချက်ချင်း ပေးလိုက်ခြင်းပင်။

အိမ်မက်နန်းတော် တစ်ခုလျှင် ယွမ် ၈,၈၈၈ တန်ဖိုးရှိသဖြင့် ၁၀ ခုဆိုလျှင် ယွမ် ၈၈,၈၈၈ ဖြစ်သည်။

ရွှယ်ချင်းချင်းမှာ အံ့အားသင့်သွားသည်။

"ဟာ... [နှင်းနို့ရည်] ရေ အိမ်မက်နန်းတော် ၁၀ ခုအတွက် ကျေးဇူးတင်ပါတယ် ဒါ... ၁၀ ခုဆို ဘယ်လောက်တောင် ရှိသွားတာလဲ"

တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ ကြည့်ရှုသူများက ၈၈,၈၈၈ ယွမ် ဖြစ်ကြောင်း လှမ်းပြောကြသည်။ ၈ သောင်းကျော်ဆိုသည့် ပမာဏမှာ သူမ၏ လစာထက်ပင် ပိုများနေသည်။

သို့သော်လည်း လက်ဆောင်များမှာ ရပ်တန့်မသွားပေ။

[နှင်းနို့ရည်] က ကွန်ဖန်းဝမ်လီ ၁ ခု ကို ပေးသည်။

[နှင်းနို့ရည်] က ကွန်ဖန်းဝမ်လီ ၁၀ ခု ကို ပေးသည်။

[နှင်းနို့ရည်] က ကွန်ဖန်းဝမ်လီ ၂၀ ခု ကို ပေးသည်။

ရွှယ်ချင်းချင်း "….."

သူမ ကွန်ဖန်းဝမ်လီ တစ်ခု၏ တန်ဖိုးကို မသိသော်လည်း ပေါ်လာသည့် တောက်ပသော အထူးပြုလုပ်ချက်များကို ကြည့်ခြင်းဖြင့် အလွန်တန်ဖိုးကြီးကြောင်း သိသာလှသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကြည့်သူများမှာတော့ အသံကုန် အော်ဟစ်နေကြသည်။

[အမလေးဗျာ သူဌေးကြီးပဲ]

[တကယ့် သူဌေးကြီးပဲ]

[ကွန်ဖန်းဝမ်လီ တစ်ခုကို ၁ သောင်းခွဲကျော်တယ်၊ ၂၀ ခုဆိုရင် ၃ သိန်းကျော်ပြီ]

[အမလေး ဒီလူကြီးက ဥပဒေမဲ့မိုက်ရူးရဲကို ပိုက်ဆံ ၄ သောင်းလောက် လက်ဆောင်ပေးလိုက်တာပဲ]

[ဒါကတော့ တကယ့်ကို ရူးသွပ်စရာပဲ၊ ရွှေတွင်းပိုင်ရှင်များလား၊ ပိုက်ဆံ ၄ သောင်းကို အေးဆေးပဲ လက်ဆောင်ပေးသွားတာပဲ]

[မိုက်လိုက်တာ... ချမ်းသာတဲ့သူတွေရဲ့ ကမ္ဘာကို နားမလည်နိုင်တော့ဘူး]

ရွှယ်ချင်းချင်းမှာ ထိတ်လန့်လွန်း၍ စကားပင် မပြောနိုင်တော့ပေ။ သူမ တိုက်ရိုက်ထုတ်လွှင့်မှုလွှင့်တာ ၁၀ မိနစ်ပဲ ရှိသေးတယ်... ပိုက်ဆံ ၄ သောင်းကျော် ဖိုး လက်ဆောင်ရသွားပြီ။ ပလက်ဖောင်းခ နှုတ်ပြီးလျှင်တောင် သူမအတွက် အမြတ်က အများကြီး ကျန်ဦးမည်။

ရွှယ်ချင်းချင်းက "ယွမ် ၄ သောင်း တိုက်ရိုက်ထုတ်လွှင့်မှုလွှင့်တာ ၁၀ မိနစ်အတွင်း ယွမ် ၄ သောင်းကျော် ရသွားပြီ။ ကျေးဇူးတင်ပါတယ် သူဌေးရေ သူဌေးက အရမ်း ရက်ရောတာပဲ ကျေးဇူးတင်ပါတယ် ကျွန်မ သီချင်းတစ်ပုဒ် ဆိုပြမယ်နော်" ဟု ပြောသည်။

[နှင်းနို့ရည်] က "သီချင်းတစ်ပုဒ်ဆိုရင် ကွန်ဖန်းဝမ်လီ နောက်တစ်ခု ထပ်ပေးမယ်" ဟု ရေးသည်။

ရွှယ်ချင်းချင်း "….."

သီချင်းတစ်ပုဒ် ဆိုလိုက်ရုံနဲ့ ၁ သောင်းခွဲကျော် တန်ဖိုးရှိတဲ့ လက်ဆောင် ရဦးမှာလား

All Chapters