အခန်း ၂၇၄၃
Vol. 275 Ch. 2743
အခန်း (၂၇၄၃) - အဖြူရောင်ဝတ်စုံနှင့် သူတော်စင်ဧကရာဇ်
သူတို့နှစ်ဦး ဝေးရာသို့ ထွက်သွားပြီးနောက် သူတော်စင်အချို့မှာ မျက်လုံးဖွင့်ကြည့်လိုက်ကြသော်လည်း၊ မကြာမီပင် ပြန်မှိတ်ကာ လျစ်လျူရှုလိုက်ကြသည်။
“မင်း နယ်မြေကိုးခုရဲ့ ကြီးမားတဲ့ နတ်ဘုရားနယ်မြေ အကြောင်းကို မှတ်မိသေးတယ်မလား။”
ဝမ်ချုံစန်း၏ အမူအရာမှာ ယခင်ကထက် ပိုမို တည်ကြည်လေးနက်နေသည်။
“မှတ်မိတာပေါ့။”
ဖန့်ချန် အတွေးတစ်ခု ဝင်လာပြီး ဝမ်ချုံစန်းကို တိတ်ဆိတ်စွာ စိုက်ကြည့်လိုက်သည်။
“အဲဒီ နတ်ဘုရားနယ်မြေကြီးက ငါတို့ရဲ့ စမ်းသပ်မှုခံ အခြေစိုက်စခန်းတစ်ခုပဲ။”
ဝမ်ချုံစန်းက တိုးတိုးလေး ဆိုသည်။
“ခုနက ရှီးမျိုးနွယ် အရေခွံကို လွှမ်းခြုံထားတဲ့ အဲဒီကောင်က ဒီကိစ္စနဲ့ ပတ်သက်နေတယ်။ သူက ‘ယင်သူတော်စင်’ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ယင်သူတော်စင်တွေက သူနဲ့ အရင်းအမြစ်တစ်ခုတည်းက ဆင်းသက်လာတဲ့ နည်းလမ်းကို ပိုင်ဆိုင်ထားတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့ဆီမှာတော့ အပြည့်အစုံ မရှိဘူး။”
ဖန့်ချန်၏ အမူအရာ လှုပ်ရှားသွားသည်။
“ဆက်ပြောလေ။”
“ငါသိတာကလည်း သိပ်တော့ မများပါဘူး။ ငါ့ရဲ့ အဆင့်အတန်းကလည်း မမြင့်တာဆိုတော့ အမြဲတမ်း ပင်ပန်းတဲ့ အလုပ်ကြမ်းတွေကိုပဲ လုပ်ခဲ့ရတာ။ အရင်တုန်းက အားလုံး လောင်းကစား လုပ်ကြတဲ့အချိန်မှာ ငါပဲ ကံဆိုးပြီး မိစ္ဆာမျိုးနွယ်ဘက်ကို ရောက်သွားခဲ့တာ။”
ဝမ်ချုံစန်းက သက်ပြင်းချရင်း ဆက်ပြောသည်။
“ငါက အပေါ်က ချမှတ်ထားတဲ့ အစီအစဉ်တွေကို လိုက်နာဖို့ပဲ တာဝန်ရှိတာ။ ဒါပေမဲ့ ငါသိတာတစ်ခုကတော့ အဲဒီ နတ်ဘုရားနယ်မြေကြီးလိုမျိုး စမ်းသပ်မှု အခြေစိုက်စခန်းတွေက အများကြီး ရှိသေးတယ်။ မင်း စိတ်ကူးကြည့်လို့ မရနိုင်လောက်အောင်ကို များပြားလွန်းတယ်။” ဟု ဆိုသည်။
“ငါ စိတ်ကူးကြည့်လို့ မရနိုင်လောက်အောင်ကို များတယ်ပေါ့ ဟုတ်လား။”
ဖန့်ချန်သည် အတွေးနက်သွားပြီး -
"ဝမ်အိုကြီး မင်းက ရိုးသားတဲ့သူတော့ မဟုတ်ဘူးပဲ။” ဟု ပြောလိုက်သည်။
“ငါက ဘာလို့ မရိုးသားရမှာလဲ။”
ဝမ်ချုံစန်း အနည်းငယ် ငေးမောသွားပြီး -
“ငါသာ မရိုးသားရင် ခုနက မင်းကို အဲဒီအကြောင်းတွေ ဘာလို့ ပြောပြမှာလဲ။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်းတော့ သတိထားနေပါ။ အဲဒီနည်းလမ်းက အရမ်းကို ယုတ်မာဆိုးဝါးတယ်။ ငါတို့ နှစ်ပေါင်းများစွာ သုတေသန လုပ်ခဲ့တာတောင် အသုံးဝင်တဲ့ တန်ပြန်နည်းလမ်းကို မရှာတွေ့ခဲ့ဘူး။”
ဟု ဆိုသည်။
“မင်းအဲဒီတုန်းက လော့ကျီချွန်း ဆိုတဲ့လူတစ်ယောက်ကြောင့်တောင် ကြောက်ပြီး ငိုခဲ့ရတာလေ။ အခုတော့ မင်းက ယင်သူတော်စင်တွေရဲ့ နည်းလမ်းကို သုတေသန လုပ်နေတယ်တဲ့၊ ပြီးတော့ ယင်သူတော်စင်တွေတောင် အပြည့်အစုံ မရထားတဲ့ နည်းလမ်းကို သုတေသန လုပ်နေတယ်ပေါ့လေ ”
ဖန့်ချန်က ရယ်မောလိုက်ပြီး -
“ပြီးတော့ ခုနက နံပါတ်သုံး အစ်မတော်က ငါ့ကို တိတ်တိတ်လေး ပြောသေးတယ်။ မင်းက မြက်ဖျာ ရက်ရတာ တော်တယ်၊ ဒီနေရာကို ရောက်လာတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူး မဟုတ်လား။” ဟု ဆိုသည်။
“ရှဲ့ကျစ်ရုံးတော်က ဂိုဏ်းခေတ်ကတည်းက ရှိနေခဲ့တာ။ သူ ပျက်စီးသွားပြီးနောက်မှာတောင် လေဟာနယ်ထဲမှာ အကြာကြီး မျောလွင့်နေခဲ့ရတယ်။ ဒီနေရာက အရင်က နတ်ဘုရားနယ်မြေထဲက မင်း လာခဲ့တဲ့ နေရာမျိုးနဲ့ မတူဘူး။ အဲဒီတုန်းက မင်းမှာ ဘာစွမ်းရည် ရှိလို့လဲ။”
“ဒါကြောင့် မင်းက အလုံးစုံသိသောဂိုဏ်း က ဝမ်ချုံစန်း ဖြစ်ရမယ်။ ငါတို့ မကြာသေးခင်ကမှ ကန့်သက်ချက်ကျော်လွန်ခြင်းတောင်မှာ တွေ့ခဲ့ကြတယ်။ ငါ့အတွက်တော့ သိပ်မကြာသေးပေမဲ့ မင်းအတွက်တော့ အချိန်အတော်ကြာသွားပြီ မဟုတ်လား။ ဝမ်အိုကြီး မင်းက တကယ်ကို မရိုးသားဘူး။”
ဖန့်ချန်သည် ဒေါသထွက်ဟန်ဖြင့် လက်ဝါးကို ဝှေ့ယမ်းလိုက်သည်။
“မင်းကရော လင်ယောင်ဂိုဏ်းက ယဲ့ထျန်းဂူ မဟုတ်ဘူးလား။ မင်းကရော ရိုးသားလို့လား။”
ဝမ်ချုံစန်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နှာခေါင်းရှုံ့လိုက်သည်။
“ငါ ယဲ့ထျန်းဂူကို ဘယ်လောက်တောင် စုံစမ်းခဲ့ရလဲ မင်းသိလား။ ဘာသဲလွန်စမှ မရခဲ့ဘူး။”
နှစ်ဦးစလုံး တိတ်ဆိတ်သွားကြသည်။
“ငါ မင်းကို အကြာကြီး ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိပါဘူး။ ဒီတစ်ခေါက် ဒီကိစ္စ ဖြစ်လာတော့ ငါလည်း မင်းကို သတိပေးထားမှ ဖြစ်မယ်လို့ တွေးမိလိုက်တယ်။”
ဝမ်ချုံစန်းက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
“မင်း ဘာသိချင်လဲ၊ မေးလိုက်ပါ။”
“အဲဒီကိစ္စရဲ့ အမှန်တရားနဲ့ ပတ်သက်ပြီး မင်း ဘယ်လောက်ထိ သိထားလဲ။”
ဖန့်ချန်က ပြုံးလျက် မေးသည်။
“မင်းထက်တော့ ပိုမသိပါဘူး။ ပြောပြီးပြီလေ၊ ငါက သေးငယ်တဲ့ လူတစ်ယောက်ပဲ။ ကံတရားတွေ မဆုံစည်းရင် ငါ ဒီနေရာမှာ ဘယ်လိုလုပ် ရှိနေပါ့မလဲ။”
ဝမ်ချုံစန်း မျက်စိကို လှန်ပြလိုက်သည်။
“မင်းထက် မပိုဘူး ဒါဆို မင်း အရင်တုန်းက ဘယ်လိုလုပ်ပြီး ရှဲ့ကျစ်ရုံးတော်ကို အဖမ်းခံလိုက်ရတာလဲ။”
ဖန့်ချန်ကတော့ ဒီလူသည် မရိုးသားသေးဟု ယူဆနေသည်။ ပြောပြလို့မရလျှင်လည်း မပြောပါဟု တိုက်ရိုက်ပြောလျှင် ရပေမည်။
“ဘယ်လိုအဖမ်းခံရရမလဲ။ ကိုယ်ပိုင်သဘောနဲ့ သူတော်စင်ဧကရာဇ်ရဲ့ သွေးကို ပြုပြင်ပြောင်းလဲမိလို့ပေါ့။ ငါက ဆန်းနယဲ့ ဆိုတဲ့ ခေါင်းစဉ်ကိုပဲ ရချင်ခဲ့တာ။ သူတော်စင်ဧကရာဇ်ရုံးက ဒီကိစ္စကို ဒီလောက်ထိ တင်းကြပ်မယ်လို့ ဘယ်သူထင်မလဲ။ အဲဒီခေတ်တုန်းက ငါတို့လိုလူတွေ ခေါင်းထောင်ဖို့ ဘယ်လောက် ခက်လဲဆိုတာ မင်း မသိဘူး။ ဂိုဏ်းအသီးသီးက တပည့်တွေထဲမှာ ဆန်းနယဲ့အကျော်အမော် ဖြစ်ချင်သူတိုင်းပဲ။ ဒါပေမဲ့ နေရာက အကန့်အသတ်နဲ့ဆိုတော့ ကိုယ့်နည်းလမ်းနဲ့ကိုယ် ရှာကြံရမှာပဲလေ။”
“နောက်ဆုံး စာမေးပွဲမှာ ကျရှုံးပြီးတဲ့နောက် ငါ့ကံကြမ္မာကို ငါပဲ ဖန်တီးမယ်လို့ တွေးလိုက်တယ်။ စိတ်ပိုင်းဖြတ်ပြီးတဲ့နောက် အဲဒီဘက်ကိုပဲ ကြိုးစားခဲ့တာ၊ တကယ်တမ်း သူတော်စင်ဧကရာဇ် သွေးကို ရလာမယ်လို့ ဘယ်သူထင်မလဲ။ နှစ်ရက်လောက်ပဲ ပြုပြင်လိုက်ရသေးတယ်၊ ရှဲ့ကျစ်ရုံးတော်က ဖမ်းမိသွားတာပဲ။ နက်နဲခြင်းချုပ်နှောင်မှု အကျဉ်းထောင်ထဲမှာ နှစ်ပေါင်း နှစ်ထောင်ကျော်၊ ရက်ပေါင်း သန်းပေါင်းများစွာ ပိတ်လှောင်ခံထားရတာ၊ ငါ ဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာ မင်းသိလား။”
ဝမ်ချုံစန်း၏ စိတ်ခံစားမှုမှာ အနည်းငယ် လှုပ်ရှားနေသည်။
“ဖြည်းဖြည်း ပြောပါ။”
ဖန့်ချန်က သတိပေးသည်။
“အသက်ကို မှန်မှန်ရှူပါ။”
“ဟူး”
ဝမ်ချုံစန်း အသက်ပြင်းပြင်း ရှူလိုက်ရာ စိတ်ငြိမ်သွားသည်။
အမူအရာရှုပ်ထွေးစွာဖြင့် -
“ငါ ဒီမှာ နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရပြီး ငါ့ရဲ့ စီနီယာအစ်ကိုတွေ၊ အမြတ်နိုးဆုံး ဂိုဏ်းချုပ်ကို နောက်တစ်ခါ ထပ်မတွေ့ရတော့ဘူးလို့ ထင်ခဲ့တာ။ နောက်ပိုင်း သူတို့လည်း ရောက်လာကြမှပဲ ဒီထဲမှာ ပြန်ဆုံစည်းနိုင်ခဲ့တာ။”
“……”
“မင်းတို့ ‘အလုံးစုံ သိသောဂိုဏ်း’ တစ်ခုလုံး အကုန်အဖမ်းခံလိုက်ရတာလား။”
ဖန့်ချန် အံ့ဩသွားသည်။
ဝမ်ချုံစန်း အမူအရာ ရှုပ်ထွေးစွာဖြင့် ခေါင်းညိတ်သည်။
“ဟုတ်တယ်၊ ငါလည်း မထင်ထားဘူး။”
“……”
တိတ်ဆိတ်သွားပြီးနောက် ဝမ်ချုံစန်းက ဆက်ပြောသည်။
“နောက်ပိုင်းမှာတော့ ငါတို့ မထင်မှတ်ဘဲနဲ့ ဒီနေရာကနေ လွှတ်ပေးလိုက်ကြတယ်။ အဲဒီတော့ ငါတို့လည်း ပြန်မသွားတော့ဘူးပေါ့၊ ထောင်ကျချင်တဲ့သူ ဘယ်သူရှိမှာလဲ။ အဲဒီတော့ ငါတို့လည်း ပုန်းအောင်းရင်းနဲ့ တတ်နိုင်သလောက် ဝေးဝေးကို ပြေးခဲ့ကြတာ။”
“နောက်ပိုင်းတော့ ငါတို့ မထင်မှတ်ထားတဲ့ ကိစ္စတွေ အများကြီး ဖြစ်လာတယ်။ အမှန်တရားရဲ့ အစွန်းတွေကို တဖြည်းဖြည်းနဲ့ သိလာရတယ်။ တစ်နေ့မှာတော့ သူတို့က ငါ့ကို ရှာတွေ့သွားတယ်။”
ဖန့်ချန် အမူအရာ လှုပ်ရှားသွားသည်။
“အဲဒါ ဘယ်တုန်းကလဲ။ ရှန်းဟုန်မျိုးနွယ်က ဟော်ဆွေ့ မျိုးနွယ် နဲ့ မကွဲခင်တုန်းကလား။ လူသားတွေက သူတို့အတွက် ကျွန်စစ်သည်တွေ ဖြစ်နေတုန်းကလား။ ဒါမှမဟုတ် ရှန်းချန်နတ်ဘုရားနယ်မြေ ခေတ်တုန်းကလား။”
“အဲဒါက ပိုစောသေးတယ်။ လူသားတွေက ချင်းမင်မှာ သူတို့အတွက် ကျွန်စစ်သည်တွေ မဖြစ်သေးခင်ကတည်းက။”
ဝမ်ချုံစန်းက
“ရှာတွေ့သွားပြီးတဲ့နောက် ငါ အသတ်ခံလိုက်ရတယ်။ အဲဒီနောက်ပိုင်း ငါ အရင်က ကိစ္စတွေကို မမှတ်မိတော့ဘူး။ အဲဒီကြားထဲမှာ သံသရာလည်ခြင်း အကြိမ်အနည်းငယ် ရှိခဲ့မှာ၊ မှတ်ဥာဏ်တွေ အများကြီး မရခဲ့ဘူး။ ပြီးတော့ ရှန်းဟုန်းမျိုးနွယ် နဲ့ ဟော်ဆွေ့ မျိုးနွယ် တို့ လမ်းခွဲကြတဲ့အချိန်မှာပဲ။ အဲဒီတိုက်ပွဲမှာ ငါ ထပ်အသတ်ခံရပြန်တယ်…”
ဟု ဆိုသည်။
ဖန့်ချန် - “……”
“ပြတ်တောင်းပြတ်တောင်းနဲ့ မင်းပြောတဲ့ ရှန်းချန်နတ်ဘုရားနယ်မြေ ခေတ်ကို ရောက်လာတာ၊ တကယ်တမ်း အဲဒီတုန်းက ငါ အဲဒီလောက်အထိ မမှတ်မိသေးဘူး။ နောက်ပိုင်းတော့ မှတ်မိလာတယ်။ အဲဒီခေတ် ကနေ အပြင်ဘက်ကို ပြေးလာရင်းနဲ့ပဲ တချို့ကိစ္စတွေကို သိခွင့်ရလာတယ်။”
“ငါ ကြက်ဥကို ခြင်းတောင်းတစ်ခုထဲမှာ အကုန်မထည့်သင့်ဘူးဆိုတာ သိတယ်။ အဲဒါကြောင့် မတော်တဆ ရလာတဲ့ အရိုးပုံစံကိုယ်ပွား ပညာရပ်တွေကို လေ့လာခဲ့တယ်။ ဟင်း၊ အဲဒီအချိန်ကစပြီး ငါ ဝမ်ချုံစန်းမှာလည်း အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာ ရှိလာတယ်။ ငါ့ရဲ့ စီနီယာအစ်ကိုတွေနဲ့ အမြတ်နိုးဆုံး ဂိုဏ်းချုပ်ကို သနားမိပါတယ်။ သူတို့ ဘယ်မှာလဲဆိုတာလည်း မသိဘူး၊ တစ်ယောက်နဲ့တစ်ယောက် အလွန်ကို လျှို့ဝှက်နေကြတာ။”
ဝမ်ချုံစန်း၏ မျက်ဝန်းတို့တွင် စိတ်မကောင်းဖြစ်မှုတို့ ပေါ်လာသည်။
“အခြေခံ အကြောင်းတရားတော့ သိလိုက်ရပြီ။ အရင်တုန်းက ရှန်းဟုန်နဲ့ ဟော်ဆွေ့တို့ ဘာကြောင့် လမ်းခွဲလိုက်တာလဲ။ ရှန်းဟုန်က ယင်သူတော်စင် နည်းလမ်းတွေကို လေ့လာနေလို့လား ဒါမှမဟုတ်…”
ဖန့်ချန် အတွေးဝင်သွားသည်။
“မင်း ခုနက မြင်ခဲ့တဲ့လူနဲ့ ပတ်သက်နေမှာပါ။ ချင်ဟော်ဆွေ့ ဆိုတဲ့ အဘိုးကြီးကို မပေါ့ဆပါနဲ့။ သူက သိပ်ကို ကြောက်ဖို့ကောင်းတာ၊ ငါထင်တာက သူက အခု ကောင်းကင်ငါးပါးမှာ အကြီးဆုံး ယင်သူတော်စင် ခေါင်းဆောင် ဖြစ်နေပြီ။ ကောင်းကင်ငါးပါးထဲမှာတင် ကောင်းကင်အရှင် အများကြီးက သူနဲ့ ပူးပေါင်းနေကြပြီ။”
“ကံကောင်းတာက အဲဒီအဘိုးကြီးမှာလည်း ကြောက်ရွံ့တာတွေ ရှိသေးတယ်။ မင်း လုကျိုးယွမ်ကို မှတ်မိသေးတယ်မလား။ တာ့ဟွမ်ဂိုဏ်းကလေ။”
“အရင်တုန်းက ငါ ဘာမှမမှတ်မိပေမဲ့ အခုတော့ မတူတော့ဘူး။ သူလည်း ကောင်းကင်ငါးပါးမှာ ရှိနေတယ်လို့ ငါ သံသယရှိတယ်။ သူ့ရဲ့ ကျင့်စဉ်ကလည်း ကောင်းကင်အရှင်တွေထက် အများကြီး သာလွန်နေတယ်။ ငါ ပြေးလွှားနေတုန်းက သူနဲ့ သိကျွမ်းတဲ့ လူဟောင်းတချို့နဲ့ တွေ့ဖူးတယ်။ တာ့ဟွမ်ဂိုဏ်းက နောက်ပိုင်းမှာလည်း လူတချို့ သစ္စာဖောက်သွားတယ်လို့ ပြောတယ်၊ တစ်ယောက်က လုကျိုးယွမ်ပဲ။”
ဝမ်ချုံစန်းက အဓိပ္ပာယ်ပါပါ ပြုံးလျက် -
“ဒီကောင်က တော်တော်လေး ပေါ့ပါးလွတ်လပ်တယ်။ အရင်တုန်းက သူတော်စင်ဧကရာဇ် ဖြစ်လာပြီးတဲ့နောက်မှာ အဖြူရောင် ဝတ်စုံကိုပဲ ဝတ်ရတာ ကြိုက်တယ်။ သူ့ကို လေးစား အားကျတဲ့သူတွေက တိတ်တိတ်လေး ခေါ်ကြတယ် အဖြူရောင်ဝတ်စုံနှင့် သူတော်စင်ဧကရာဇ် တဲ့။”