အခန်း ၂၇၄၄
Vol. 275 Ch. 2744
အခန်း (၂၇၄၄) - အခုမှပဲ ပြန်ပြီး ဆန်းစစ်တော့တာလား။
“သူ့ကို ဘယ်လို ခေါ်လိုက်တာလဲ။ အဖြူရောင် ဝတ်စုံနဲ့ ဘာလဲ။”
“အဖြူရောင်ဝတ်စုံနှင့် သူတော်စင်ဧကရာဇ်။”
“အော်…”
ဖန့်ချန်သည် အတွေးတစ်ခု ဝင်လာပြီး -
“မင်းက ဘာအထောက်အထားနဲ့ လုကျိုးယွမ်လည်း ကောင်းကင်ငါးပါးမှာ ရှိနေတယ်လို့ သံသယဝင်နေတာလဲ။” ဟု မေးလိုက်သည်။
“ငါ မင်းရဲ့ မျိုးနွယ်စုခေါင်းဆောင် ပါးစပ်ကနေ ‘လုကျိုးယွမ်’ ဆိုတဲ့ နာမည်ကို ကြားဖူးလို့လေ။”
ဝမ်ချုံစန်းက တည်ငြိမ်စွာ ပြုံးလျက် -
“သူတို့က အကြောင်းမဲ့သက်သက် ဒီလူရဲ့ နာမည်ကို ထုတ်ပြောနေမှာ မဟုတ်ဘူးမလား။” ဟု ဆိုသည်။
ဖန့်ချန်သည် သူနှင့် ပတ်သက်နေမှန်း ရိပ်မိသွားသည်။
ရှန်းဟုန်မျိုးနွယ်စုမှ လူဟောင်းတစ်ယောက်။
သူ အကြိမ်ကြိမ် ခေါ်ခဲ့မိတဲ့ ‘အဖြူရောင်ဝတ်စုံနှင့် အကြီးအကဲ’ ဆိုတာ ကန့်သတ်ချက်ကျော်လွန်ခြင်းတောင်မှာ သူ အနိုင်ယူခဲ့ဖူးတဲ့ သူများ ဖြစ်နေမလား…။
သူဘယ်သူလဲဆိုတာ ဟိုလူက သိနေနိုင်ပြီး၊ သူ့ရဲ့ ရိုသေလေးစားဟန်နောက်ကွယ်မှာ တိတ်တိတ်လေး ရယ်မောနေမလားဆိုတဲ့ အတွေးမျိုး ဝင်လာသည်။
သူကိုယ်တိုင်လည်း ဝမ်အိုကြီးလိုမျိုး ဘဝကို ပိုင်ဆိုင်နေရသလို ခံစားလိုက်ရသည်။
“ဝမ်အိုကြီး၊ ငါ အရင်တုန်းက မင်းကို အနိုင်ယူဖို့ မကြိုးစားခဲ့သင့်ဘူး။”
ဖန့်ချန်သည် သက်ပြင်းအသာချလိုက်သည်။
“အခုမှပဲ ပြန်ပြီး ဆန်းစစ် တော့တာလား။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ငါက မင်းကို တကယ်တော့ စိတ်မဆိုးပါဘူး။ ဒီအတိုင်းပဲ ဒီအဖြစ်အပျက်ကို ငါ မြိုသိပ်မရတာပါ။”
ဝမ်ချုံစန်းက ပေါ့ပါးစွာ ပြောလိုက်သည်။
“မင်းစကားကိုတော့ ငါ နားလည်ရခက်တယ်၊ ဒါပေမဲ့ ထားပါတော့။ ခုနက ရှီးမျိုးနွယ် အရေခွံကို လွှမ်းခြုံထားတဲ့ ကောင်က သူတော်စင်ဧကရာဇ်ရုံးက လွှတ်လိုက်တာလို့ မင်း ထင်လား။”
ဖန့်ချန်က တည်ကြည်လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။
“သူတော်စင်ဧကရာဇ်ရုံးနဲ့ ပတ်သက်နေတာတော့ အသေအချာပဲ။ ဒါပေမဲ့ အခုပြန်တွေးကြည့်ရင်တော့ သူတို့က သာမန် ကောင်လေးတွေလောက်ပဲ ဖြစ်ဖို့များတယ်။”
“သူတို့ ကျင့်ကြံနေတဲ့ နည်းလမ်းကသာ သူတော်စင်ဧကရာဇ်ရုံး သိသွားရင်၊ ငါတို့ သူတော်စင်ဧကရာဇ်ရဲ့ သွေးကို ခိုးပြီး ပြုပြင်ပြောင်းလဲတာထက်တောင် ပိုဆိုးတဲ့ ပြစ်ဒဏ်မျိုးနဲ့ လိုက်လံသတ်ဖြတ်ခံရလိမ့်မယ်။”
“ကောင်းကင်ငါးပါးမှာ နှစ်ပေါင်းများစွာ တိုက်ပွဲတွေ အကြိမ်ကြိမ် ဖြစ်နေတာကို မင်း မြင်တဲ့အတိုင်းပဲလေ။”
“မဟာမိတ်အဖွဲ့အချင်းချင်းကြားမှာတောင် တစ်ခါတလေ လူမျိုးစုအလိုက် စစ်ဖြစ်ကြတယ်။”
“ဒါပေမဲ့ ဒါကလည်း တစ်မျိုးသားလုံးက နားလည်မှုနဲ့ ထိန်းသိမ်းထားတာ မဟုတ်လား။ ဒီလိုမျိုး လှုပ်ရှားမှုတွေကို သူတော်စင်ဧကရာဇ်ရုံးက ဘယ်တော့မှ သိမှာမဟုတ်ဘူး။ သမုဒ္ဒရာကြီးထဲကို သဲပွင့်တစ်စေ့ ပစ်ချလိုက်သလိုပဲလေ။”
“ဒီတစ်ခေါက်မှာ နိဗ္ဗာန်တားမြစ်နယ်မြေ ပေါ်လာတာသာ မဟုတ်ရင်၊ ခုနကလို မြင်ကွင်းမျိုးကို မင်းမျက်စိနဲ့ ကိုယ်တိုင်မြင်ရဖို့ ဘယ်နှစ်နှစ်လောက် စောင့်ရမယ်လို့ မင်း ထင်လဲ။”
“သူတို့ကတော့ ဆက်ပြီး သည်းခံနေဦးမှာပဲ။”
“အတွင်းကမ္ဘာနယ်မြေရဲ့ အနှစ်သာရတွေကို ခိုးယူတဲ့ ဒီနည်းလမ်းက သူတို့အမြင်မှာတော့ အဆင့်မရှိတဲ့အရာလို့ သတ်မှတ်ထားပုံရတယ်။ သူတို့က ဒါတွေကို အရေးတောင် မစိုက်ဘူး။”
“အတွင်းကမ္ဘာ ကြယ်တာရာတွေကို ပြုပြင်ပြောင်းလဲမှသာ သူတို့ လိုချင်တဲ့ အရာ ဖြစ်လာမှာ။”
“သာမန်အချိန်မှာ သူတော်စင်ဧကရာဇ်ရုံးရဲ့ စောင့်ကြည့်မှုအောက်မှာသာ ဆိုရင်၊ ဘယ်သူမဆို ဒီလိုလုပ်ရဲရင် ချက်ချင်း ဖိနှိပ်ခံရလိမ့်မယ်။”
“ဒါကြောင့် ဒီကောင်တွေက ထျန်းယွမ်လမ်းကြောင်းရဲ့ အပြင်ဘက်မှာပဲ ခိုးကြောင်ခိုးဝှက် လုပ်နေရတာပဲ။”
ဝမ်ချုံစန်းက ပေါ့ပါးသော လေသံဖြင့် -
“အခု အားလုံးက မျှခြေအခြေအနေမှာပဲ ရှိနေတယ်။ ဒီမျှခြေ မပျက်သရွေ့တော့ ဘာအကြီးအကျယ်မှ ဖြစ်မလာဘူး။” ဟု ပြောသည်။
“မင်း ပြောမှပဲ ငါ နည်းနည်းတော့ စိတ်အေးသွားတော့တယ်။”
ဖန့်ချန် ခေါင်းညိတ်လိုက်ပြီး -
“ဒါဆို ကျဆုံးနတ်ဘုရား နဲ့ ပတ်သက်တဲ့ စမ်းသပ်မှုတွေကတော့…”
“အဆုံးမသတ်ဘဲ ပျက်သွားပြီလေ။ တချို့နေရာတွေမှာ အောင်မြင်မှု ရှိကောင်းရှိနိုင်ပေမဲ့ ဒီလောက်ကြာလာတဲ့အခါ တခြားနေရာက စမ်းသပ်မှု အခြေစိုက်စခန်းတွေ အကုန်လုံးနဲ့ အဆက်အသွယ် ပြတ်သွားပြီ။”
“သူတို့ရဲ့ ဒီနည်းလမ်းကို သိချင်ရင်တော့ တစ်လမ်းပဲ ရှိတယ်။ သူတို့အဖွဲ့ထဲ ဝင်လိုက်ဖို့ပဲ။”
“ဒါပေမဲ့ ဒီလို ခိုးကြောင်ခိုးဝှက် လုပ်တဲ့ကိစ္စမျိုးကို ငါတို့လို လူမျိုးက ဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲ။”
ဝမ်ချုံစန်း၏ မျက်ဝန်းတို့တွင် မထီမဲ့မြင်ပြုခြင်း အရိပ်အယောင်တို့ ထွက်ပေါ်လာသည်။
“မှန်တာပဲ။”
ဖန့်ချန် ခေါင်းညိတ်သည်။
“သွားကြစို့၊ နက်နဲချုပ်နှောင်ပညာရပ်ကို ကျင့်ကြံ ကြမယ်။”
“ခုနက လူနှစ်ယောက်…”
ဝမ်ချုံစန်း အမူအရာ လှုပ်ရှားသွားသည်။
ဖန့်ချန်က လက်ကို ဝှေ့ယမ်းကာ လွတ်နေသော နေရာတစ်ခုတွင် ထိုင်လိုက်ပြီး မျက်လုံးကို မှိတ်ကာ ပညာရပ်ကို စတင် တရားမှတ်သည်။
ဝမ်ချုံစန်းသည် ခဏမျှ ငေးမောသွားပြီးနောက် ဖန့်ချန်ဘက်သို့ ချက်ချင်း လျှောက်သွားလိုက်သည်။
“ဒါ မမျှတဘူး မဟုတ်လား။”
“စီနီယာအစ်ကို ဖန့်။”
“ဖန့်လေး။”
“ခွေးသား ယဲ့ထျန်းဂူ ။”
ဝမ်ချုံစန်းက တိတ်တိတ်လေး ကျိန်ဆဲလိုက်ပြီးနောက် သူလည်း ဘေးတွင် ထိုင်ကာ ကျင့်စဥ် ပညာရပ်ကို တရားမှတ်လေသည်။
……
……
နတ်ဘုရားစွမ်းရည်ကို တရားမှတ်နေစဉ် အချိန်တို့သည် အလွန်မြန်ဆန်စွာ ကုန်ဆုံးသွားသည်။
မသိလိုက်မသိဘာသာပင် အကြီးကဲငါးပါး တို့သည် သူတို့ကိုယ်တိုင် ဤနေရာရှိ နတ်ဘုရားစွမ်းရည်နှင့် တဖြည်းဖြည်း ရင်းနှီးလာသည်ကို ခံစားမိလိုက်ကြသည်။
“ကောင်းလိုက်တာ၊ ဒီအတိုင်းဆိုရင် နောက်ထပ် သိပ်မကြာခင်မှာ တကယ်တမ်း စတင် ကျင့်ကြံနိုင်တော့မယ်။”
သူတို့သည် မိမိတို့၏ တိုးတက်မှုကို အလွန်ကျေနပ်နေကြသည်။
အကြောင်းမှာ အနီးအနားရှိ သူတော်စင်များသည် ထိုက်ဟောင်ဟွမ်းယောင်၊ ဆွေ့ရှန်းကျီး တို့ကဲ့သို့သော ရှေးဟောင်း ဘိုးဘေးများ ဖြစ်သော်လည်း၊ ယခုအချိန်အထိ စွမ်းရည်များနှင့် ရင်းနှီးသည့် အဆင့်တွင်သာ ရှိနေသေးသောကြောင့် ဖြစ်သည်။
သူတို့ရောက်ရှိနေသည့် အဆင့်နှင့် အလှမ်းဝေးကွာနေသေးသည်။
“ဟုတ်သားပဲ”
အကြီးကဲငါးပါး၏ အမူအရာ လှုပ်ရှားသွားပြီး အလွန်အံ့ဩစွာဖြင့် ဖန့်ချန်ရှိရာဘက်သို့ ကြည့်လိုက်ကြသည်။
ဖန့်ချန်၏ ခန္ဓာကိုယ်ထဲသို့ နတ်ဘုရားစွမ်းအားများက အလကားပေးနေသလိုပင် အဆက်မပြတ် စီးဝင်နေသည်ကို တွေ့လိုက်ရသည်။
သူတို့သည် ဤမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်သွားကြပြီး မျက်လုံးကို ပွတ်သပ်လိုက်မိကြသည်။ အနည်းငယ်ပင် မယုံနိုင်စရာ ဖြစ်နေသည်။
ယခုအချိန်မှသာ သူတို့သည် ပတ်ဝန်းကျင်ရှိ စွမ်းရည်များ ပိုမိုနည်းပါးသွားသည်ကို သတိထားမိလိုက်သည်။ အရင်ကတော့ ဤအကြောင်းကို သတိမပြုမိခဲ့ကြပါ။
“သူက ဒီပညာရပ်ကို ကျင့်ကြံထားဖူးလို့ ပိုမြန်မြန် နားလည်နိုင်တာ ဖြစ်လိမ့်မယ်။”
“ဟုတ်မှာပါပဲ။”
သူတို့ကိုယ်သူတို့ နှစ်သိမ့်လိုက်ကြပြီးနောက် သူတို့သည် တည်ကြည်လေးနက်စွာဖြင့် နတ်ဘုရား စွမ်းအား ကို အာရုံစိုက် တရားမှတ်ကြတော့သည်။
နောက်ကျသွားလျှင် ဤနေရာရှိ စွမ်းရည်များ ပိုမိုနည်းပါးသွားပြီး သူတို့၏ တိုးတက်မှုကို အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်နေကြသောကြောင့် ဖြစ်သည်။
မည်မျှ ကြာသွားသည်ကို မသိပါ၊ ဖန့်ချန်၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းကမ္ဘာ ကြယ်တာရာ ကိုးလုံးတွင် အလင်းတန်းများ တစ်ဖန် ပြန်လည် တောက်ပလာသည်။
နတ်ဘုရားစွမ်းအား အမှတ်အသား အသစ်တစ်ခု ထွက်ပေါ်လာသည်။
“နက်နဲချုပ်နှောင်ခြင်းညာရပ်လည်း အောင်မြင်သွားပြီ။”
ဖန့်ချန်သည် မျက်လုံးကို ဖွင့်လိုက်ပြီး စိတ်ထဲတွင် စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။
ဒီတစ်ခေါက် ရှဲ့ကျစ်ရုံးတော်က ရလိုက်တဲ့ ရလဒ်တွေက မနည်းလှပါ။
ပထမဆုံး အသက်ချုပ်နှောင်ခြင်း ၊ ဒုတိယ နက်နဲ့ချုပ်နှောင်ခြင်း ဒီစွမ်းရည်နှစ်ခုလုံးက သူ့ခန္ဓာကိုယ်အတွင်းရှိ အတွင်းကမ္ဘာရဲ့ အနှစ်သာရတွေကို အများကြီး ဖြည့်ဆည်းပေးခဲ့သည်။
စွမ်းရည်များကို ကျင့်ကြံနေစဉ်အတွင်း အတွင်းကမ္ဘာ ကြယ်တာရာများကပေးသော ပြည့်အင်သည့် ခံစားချက်ကိုလည်း လျင်မြန်စွာ ချေဖျက်ပေးနေသည်။
သူ နောက်တစ်ကြိမ် အတွင်းကမ္ဘာ ကြယ်တာရာကို ထပ်မံ ဖန်တီးမည့်အချိန်သည်လည်း ဝေးကွာတော့မည် မဟုတ်ပေ။
ဝမ်အိုကြီးတို့ တရားမှတ်နေသည်ကို မြင်လိုက်ရသောအခါ ဖန့်ချန်သည် ထိုင်နေရာမှ ထကာ အနည်းငယ် ကြည့်ရှုပြီးနောက် တံခါးအပြင်ဘက်သို့ လျှောက်သွားလိုက်သည်။
တံခါးအပြင်ဘက်တွင် ရှောင်ချင်းယောင်းနှင့် ချူယိန့်ရန် တို့သည် လှုပ်ရှားမှုကို ရိပ်မိပြီး လှည့်ကြည့်လိုက်ကြသည်။
ဖန့်ချန် တံခါးကို ပိတ်လိုက်သောအခါ ချူယိန့်ရန်က -
“အောင်မြင်သွားပြီလား။” ဟု မေးသည်။
“အောင်မြင်သွားပါပြီ။”
ဖန့်ချန်က လက်ယှက်၍ -
“ချူအကြီးကဲ က ဒီနေရာကို ကူညီ စောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီကောင်တွေက ငါတို့ နက်နဲချုပ်နှောင် ပညာရပ်ကို ကျင့်ကြံနေတာကို အနှောင့်အယှက် မပေးခဲ့ပါဘူး။”
ဟု ဆိုသည်။
အနီးအနားတွင် ရပ်နေသည်မှာ လူအနည်းငယ်သာ မဟုတ်တော့ဘဲ လူအုပ်ကြီးဖြင့် ပြည့်နှက်နေသည်။
သူတို့သည် ပုံသဏ္ဍာန် အမျိုးမျိုးရှိကြပြီး တစ်ခုတည်းသော တူညီချက်မှာ မျက်လုံးများကို မည်းမှောင်နေသော မြူခိုးများဖြင့် ဖုံးလွှမ်းထားခြင်းပင် ဖြစ်သည်။
နှစ်ဖက်စလုံးသည် ထူးဆန်းသော မျှခြေနှင့် တိတ်ဆိတ်မှုကို ထိန်းသိမ်းထားသည်။
မလှုပ်မယှက် ရပ်နေပြီး ထိုနေရာကို စိုက်ကြည့်နေကြသော်လည်း အနီးသို့ ကပ်လာခြင်းမျိုး မရှိကြပါ။
“ စိတ်မပူပါနဲ့၊ ချူယိန့်ရန်မှာ နက်နဲချုပ်နှောင်ပညာရပ် ရှိနေတာကြောင့် ဒီကောင်တွေ အနီးကို မကပ်ရဲကြပါဘူး။”
ရှောင်ချင်းယောင်းက ရယ်မောလျက် ပြောသည်။
“ငါ ဒီနေရာမှာ နောက်ထပ် နှစ်ပေါင်း ၁၀၀ လောက်တော့ ဆက်နေနိုင်သေးတယ်။”
ချူယိန့်ရန်က -
“အဲဒီအချိန်ရောက်ရင် သူတို့က နက်နဲချုပ်နှောင်ပညာရပ်ကို မနားလည်နိုင်ဘူးဆိုရင်တော့ မင်းတို့ ဒီနေရာကနေ ထွက်သွားရတော့မယ်။ နောက်ပြီး ငါနဲ့ ရှောင်ချင်းယောင်းတို့ ဒီနေရာမှာ မရှိတော့ရင်လည်း မင်းတို့ နောက်တစ်ခါ အလွယ်တကူ မဝင်လာကြပါနဲ့ဦး။ မင်းတို့က ကောင်းကင်အရှင် အဆင့်ကို ရောက်မှသာ လာကြပါ။”
ဟု ဆိုသည်။
“ကောင်းကင်အရှင် အဆင့်…”
ဖန့်ချန်သည် စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ချင်းဟယ်အကြီးကဲ ချန်ရစ်ခဲ့တဲ့ စွမ်းရည်တွေကနေ ပြောင်းလဲလာတာဆိုတော့ သူတို့မှာလည်း နည်းလမ်းအချို့ ရှိနေသေးတာပဲ။”
ချူယိန့်ရန် က တည်ငြိမ်စွာ ပြုံးလျက် ဆိုသည်။
“ချူအကြီးကဲ၊ ဒီနေရာမှာ ငါတို့ ကျင့်ကြံဖို့ လိုအပ်တဲ့ အရာတွေ ရှိသေးလား။”
ဖန့်ချန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
ချူယိန့်ရန် ခဏမျှ ငေးမောသွားပြီး ခေါင်းခါသည်။
“မရှိပါဘူး၊ ဒီနေရာမှာ နတ်ဘုရားစွမ်းအား ကလွဲရင် ဘာမှ မရှိဘူး။”
“အတွင်းကမ္ဘာ ကျောက်တုံး တွေကော မရှိဘူးလား။”
“မရှိပါဘူး။”
“အော်…”
ဖန့်ချန်သည် ထိုအခြေအနေကို သိလိုက်ရသဖြင့် စိတ်ထဲတွင် စကားလုံးများကို စုစည်းကာ ယင်သူတော်စင်တို့၏ နည်းလမ်းနှင့် ပတ်သက်၍ ချူယိန့်ရန် နှင့် ရှောင်ချင်းယောင်းတို့ထံမှ သက်သေအထောက်အထား တစ်စုံတစ်ရာ ရနိုင်မလားဟု မေးမြန်းလိုက်သည်။
“မင်းပြောတဲ့ ဒီနည်းလမ်းက… တကယ်ပဲ အဆင့်မရှိတဲ့ နည်းလမ်းပါ။ အတွင်းကမ္ဘာနယ်မြေမှာပဲ အကျိုးသက်ရောက်မှု ရှိပြီး အကန့်အသတ်တွေ အများကြီး ရှိတယ်။”
“အဲဒီ ကောင်တွေ ယူလာတဲ့ နည်းလမ်းတွေကနေ ဆင်းသက်လာတာ ဖြစ်လိမ့်မယ်။”
“ဒါပေမဲ့ အသေးစိတ်တော့ မပြောပြနိုင်ဘူး။ မင်းတို့ အခု ရှိနေတဲ့နေရာက သူတော်စင်ဧကရာဇ်ရုံးက တကယ်တမ်း မတွေ့သေးတဲ့နေရာဆိုတော့ နောက်ထပ် နှစ်အနည်းငယ်တော့ စိတ်ချလက်ချ နေနိုင်ဦးမှာပါ။”
ချူယိန့်ရန် က တိုးတိုးလေး ဆိုသည်။
ဖန့်ချန်သည် ရှောင်ချင်းယောင်းကို တစ်ချက်ကြည့်လိုက်သည်။
ရှောင်ချင်းယောင်းက ခေါင်းအနည်းငယ် ညိတ်ပြသည်။
“မတွေ့သေးဘူးဆိုတာက အခွင့်အရေးရှိရင် တွေ့သွားနိုင်တယ်လို့ ပြောတာပဲ။ ကျန်ရှိနေတဲ့အချိန်တွေက ငါ ကောင်းကင်အရှင် ရဲ့ ရာထူးနေရာကို ရရှိဖို့ လုံလောက်ပါ့မလား မသိဘူး။”
“ဒီကိစ္စထဲ ဝင်ချင်ရင်တော့ ကောင်းကင်အရှင် ရာထူးဆိုတာက အစပြုတဲ့ နေရာတစ်ခုပဲ ရှိသေးတယ်။”
ဖန့်ချန်သည် စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေမိသည်။