အခန်း ၂၇၄၇
Vol. 275 Ch. 2747
အခန်း (၂၇၄၇) - ဖန့်သူတော်စင်ဘိုးဘေး
ထိုအဖြူရောင် ဝတ်စုံရှင်သည် မည်သည့်အချိန်က ပေါ်လာသနည်းဆိုသည်ကို မည်သူမျှ မသိလိုက်ကြပေ။
စကတည်းက ဖန့်ချန်၏ဘေးတွင် ရပ်နေခဲ့သည့်နှယ် ဖြစ်နေသည်။
ဖန့်ချန်နှင့် အနီးဆုံးတွင်ရှိသော ဝမ်အိုကြီးပင်လျှင် ထိုအဖြူရောင် ဝတ်စုံရှင်က ယဲ့ရှင်းရှန်း၏လက်ကို လှမ်းတားလိုက်မှသာ သတိပြန်ဝင်လာတော့သည်။
သူသည် ထိုအဖြူရောင် ဝတ်စုံရှင်၏ မျက်နှာကို သေချာကြည့်ရန် ကြိုးစားလိုက်သော်လည်း၊ မည်မျှပင် မျက်လုံးကို အားစိုက်ပြီး ကြည့်ကြည့်၊ သူ၏စိတ်အာရုံထဲတွင်မူ ထိုသူ၏မျက်နှာမှာ ဝေဝါးနေမြဲသာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဖန့်ချန်၏ အမူအရာ လှုပ်ရှားသွားပြီး ထိုသူ့ထံသို့ ငေးကြည့်လိုက်သည်။ ယခုအချိန်ထိ သူကိုယ်တိုင်ပင်လျှင် ထိုသူ၏မျက်နှာကို တစ်ခါမျှ သေချာမမြင်ဖူးကြောင်း၊ ထိုသူ၏ပုံစံမှာ မည်သို့ရှိမှန်းလည်း မမှတ်မိကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။
မျက်စိရှေ့တွင် မြင်နေရသည့်မြင်ကွင်းမှာပင် ဝေဝါးနေသည်။
တစ်စက္ကန့်တုန်းက ဒီလိုမျက်နှာနှင့်၊ နောက်တစ်စက္ကန့်တွင် ထပ်ကြည့်ပြန်တော့လည်း အခြားမျက်နှာတစ်ခု ဖြစ်နေပြန်သည်။
“အ…အကြီးကဲ…”
ယဲ့ရှင်းရှန်းသည် ငိုရခက်ရယ်ရခက် မျက်နှာဖြင့် အပြုံးတစ်ခုကို ဖန်တီးကာ တိတ်ဆိတ်မှုကို ဖြတ်ကျော်လိုက်သည်။
အခြားသော ယင်လောကမှ မဟာကောင်းကင်အရှင်နှစ်ဦးမှာလည်း အမူအရာ ပြောင်းလဲသွားပြီး ရှူလုံနှင့် ယင်ချွဲ့တို့၏ရှေ့တွင် ဆက်လက် မတားဆီးရဲတော့ပေ။
ထိုနေရာရှိ ယင်လောကမှ ကောင်းကင်အရှင်များမှာလည်း အံ့အားသင့်သွားကြသည့်ပုံပေါက်သည်။ ထိုအဖြူရောင် ဝတ်စုံရှင်က ဤနေရာသို့ ရောက်လာလိမ့်မည်ဟု မထင်ထားကြပုံရသည်။
အနည်းငယ်မျှသော သူတို့သာလျှင် ဘာမှန်းမသိဘဲ ကြောင်တောင်တောင် ဖြစ်နေကြသည်။
သို့သော် ယဲ့ရှင်းရှန်းက "အကြီးကဲ" ဟု ခေါ်လိုက်သည့်အခါတွင်မူ၊ ထိုကောင်းကင်အရှင်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အားလုံး၏မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပေါ်လာသည်။
“ရှောင်ယဲ့၊ မင်းအနေနဲ့ မျိုးဆက်သစ်တစ်ယောက်အပေါ် ဒီလိုလုပ်ရပ်မျိုး မလုပ်သင့်ဘူး။”
အဖြူရောင် ဝတ်စုံရှင်သည် ယဲ့ရှင်းရှန်း၏ လက်မောင်းကို ကိုင်ထားရင်း အေးဆေးစွာ ပြောသည်။
“အကြီးကဲ ဒီကောင်လေးက အသက်ချုပ်နှောင်ပညာရပ်ကို ရထားတာပါ။ နက်နဲချုပ်နှောင်ခြင်းနဲ့ အနှစ်သာရချုပ်နှောင်ခြင်းတွေလည်း ပါနိုင်သေးတယ်…”
ယဲ့ရှင်းရှန်းက ခေါင်းငုံ့ကာ -
“နိဗ္ဗာန်တားမြစ်နယ်မြေ ဖွင့်လှစ်ပြီးကတည်းက ကောင်းကင်ငါးပါးက ယာယီမဟာမိတ် ဖြစ်ထားတာပါ။ ဒီလို အစွမ်းထက်တဲ့ ပညာရပ်တွေကို လူသိရှင်ကြား ထုတ်ဖော်သင့်ပါတယ်။” ဟု ပြောသည်။
“မင်းကိုယ်တိုင် ရထားတဲ့ ပညာရပ်တွေကိုရော လူသိရှင်ကြား ထုတ်ဖော်ပြီးပြီလား။”
“မင်း အခု ဒီအဆင့်ထိ ရောက်နေတာတောင် တစ်ခါမှ လူအများရှေ့မှာ အတွင်းကမ္ဘာကို အဖွင့်ခိုင်းခံရဖူးလား။”
အဖြူရောင် ဝတ်စုံရှင်က ပြန်မေးသည်။
ယဲ့ရှင်းရှန်းသည် ချက်ချင်းပင် စကားမပြောနိုင်တော့ပေ။
ထို့နောက် အဖြူရောင် ဝတ်စုံရှင်သည် သူ၏ လက်ကောက်ဝတ်ကို ဆက်လက်ဆွဲကိုင်ထားလျက် ကျန်ရှိသော မဟာကောင်းကင်အရှင်လေးဦးထံသို့ လျှောက်သွားသည်။
ယဲ့ရှင်းရှန်းမှာမူ အမှားလုပ်မိသော ကလေးငယ်တစ်ယောက်သဖွယ် ခေါင်းငုံ့ကာ တိတ်ဆိတ်နေတော့သည်။
“အမလေးလေး၊ ဒီလူက ဘယ်သူလဲ။”
ဖန်ရွှေ၏ မျက်လုံးထဲတွင် အံ့ဩမှုများ ပြည့်နှက်နေပြီး ရှန်ထင်ဖန်းထံသို့ လျှို့ဝှက်စကားပြောလိုက်သည်။
“မင်းက ဝါရင့်ဘိုးဘေးတစ်ယောက် မဟုတ်လား။ ဒီလူက ဘယ်သူလဲ သိလား။”
“ငါ သူ့ကို တွေ့ဖူးသလိုပဲ၊ ဒါပေမဲ့ သေချာတော့ မမှတ်မိတော့ဘူး။”
ရှန်ထင်ဖန်းက မျက်မှောင်ကြုတ်သည်။
“ဘယ်သူပဲဖြစ်ဖြစ် သူက သက်တမ်းရင့် မဟာကောင်းကင်အရှင်တစ်ယောက် ဖြစ်မှာပါ။”
ဖန့်ရွှေက စိတ်ထဲတွင် ဝမ်းသာသွားသည်။
“ဒီလူက တရားမျှတပုံရတယ်။ ဖန့်သူတော်စင်ဘိုးဘေး ဒီတစ်ခါတော့ ယဲ့ရှင်းရှန်းရဲ့ လူသိရှင်ကြား အရှက်ခွဲတာကို ခံရတော့မှာ မဟုတ်ဘူး။”
ထိုအချိန်တွင် အကြီးကဲငါးပါးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အားလုံး၏ မျက်လုံးထဲတွင် သံသယများ ဖြစ်ပေါ်လာသည်။
“ငါတို့ ဒီလူကို တွေ့ဖူးကြတာလား။”
“မှတ်မိတာ သိပ်မသေချာဘူး။”
“မှတ်ဉာဏ်ကို တစ်ယောက်ယောက်က ပြင်ထားတာလား။”
“……”
အကြီးကဲငါးပါး၏ မျက်လုံးများထဲတွင် စိုးရိမ်မှုနှင့် ထိတ်လန့်မှုများ ပိုမိုနက်ရှိုင်းလာသည်။
သူတို့မှလွဲ၍ ကျန်ရှိသော ဝါရင့်ဘိုးဘေးများမှာလည်း ကျန်းထန်းဝမ်ခန်းမဝင်များ ဖြစ်စေ၊ သူတော်စင်ဘိုးဘေး စီမံကိန်းဝင်များ ဖြစ်စေ အားလုံးပင် တိတ်ဆိတ်စွာဖြင့် ထိုအဖြူရောင် ဝတ်စုံရှင်ကို မျက်တောင်မခတ်ဘဲ ကြည့်နေကြသည်။
“ဝမ်််််််အိုကြီး၊ ဒီ အကြီးကဲ က ဘယ်သူလို့ ထင်လဲ။”
ဖန့်ချန်သည် ဝမ်ချုံစန်းကို ခိုးကြည့်လိုက်သည်။
ချူယိန့်ရန် ၏ နည်းလမ်းများက သူ့အပေါ် အလုပ်မဖြစ်သော်လည်း၊ ဝမ်အိုကြီးအနေဖြင့် သူတို့နှစ်ဦးကြားက အကြောင်းအရာများကို မေ့သွားပြီဟု ဖန့်ချန်က ယုံကြည်ထားသည်။
“ငါ ဘယ်လိုလုပ် သိမလဲ။ အဲဒီတုန်းက ငါ အတော်ဆုံးဖြစ်တဲ့အချိန်မှာတောင် အခုလောက် မတော်သေးဘူး။ ဒီလောက်စွမ်းအားကြီးတဲ့ လူကြီးမင်းတွေနဲ့ မထိတွေ့ဖူးဘူး။”
“ဒီလူက ကောင်းကင်ငါးပါးမှာ တကယ် အာဏာရှိတဲ့သူ ဖြစ်လိမ့်မယ်။ အခုချက်ချင်း ရောက်လာတာကို ကြည့်ရင် သူ မင်းကို အချိန်အတော်ကြာကတည်းက စောင့်ကြည့်နေတာ။ သတိထားပါ။”
ဝမ်ချုံစန်းက စိတ်ထဲမှ တိုးတိုးလေး ပြောသည်။
“ဟုတ်ပါပြီ၊ သတိထားလိုက်ပါ့မယ်။”
ဖန့်ချန်က စိတ်ထဲတွင် မျက်စောင်းထိုးလိုက်သည်။
ထိုအချိန်တွင် အဖြူရောင် ဝတ်စုံရှင်သည် ယဲ့ရှင်းရှန်းကို ခေါ်ဆောင်ကာ မဟာကောင်းကင်အရှင် လေးဦးရှေ့သို့ ရောက်လာသည်။
“အကြီးကဲ။”
မဟာကောင်းကင်အရှင် လေးဦးက အရိုအသေပေးကြသည်။ နောက်က လိုက်ပါလာသော ယင်လောကမှ ကောင်းကင်အရှင်များလည်း အရိုအသေပေးကြသည်။
“ကိစ္စမရှိပါဘူး။”
အဖြူရောင် ဝတ်စုံရှင်က ခေါင်းညိတ်သည်။
“ဒီတစ်ခေါက်ဟာ ရှေးဟောင်းအတွင်းကမ္ဘာ တားမြစ်နယ်မြေကို ကောင်းကင်ငါးပါး အတွင်း ပထမဆုံးအကြိမ် ဖွင့်လှစ်တာပါ။”
“ဒါကြောင့်မို့လို့ အစအဆုံး ငါ စောင့်ကြည့်နေခဲ့တာ။ ခုနကလိုမျိုး ကိစ္စတွေ ဖြစ်လာမှာစိုးလို့ပါ။”
ယဲ့ရှင်းရှန်း၏ မျက်နှာမှာ ပျက်သွားသည်။ လင်ယောင်ယင်လောကနှင့် ရှန်းချုံယင်လောကမှ မဟာကောင်းကင်အရှင်များမှာလည်း မသက်မသာ ဖြစ်သွားကြသည်။
“အခုဆိုရင် သူတော်စင်ကျမ်းစာရဲ့ လမ်းစဉ်ဟာ ကောင်းကင် ငါးပါး ရပ်တည်ဖို့အတွက် အခြေခံဖြစ်ပေမဲ့၊ အပြည့်အစုံ မဟုတ်ဘဲ ချို့ယွင်းချက်တွေ အများကြီး ရှိနေတယ်ဆိုတာကို မင်းတို့ သိသင့်ပြီ။”
“နိဗ္ဗာန်တားမြစ်နယ်မြေကို ဖွင့်လှစ်လိုက်တာက စစ်မှန်တဲ့ လေ့ကျင့်နည်းတွေကို လောကထဲ ပြန်ရောက်လာအောင် လုပ်လိုက်တာပဲ။”
“နောက်ပိုင်း ဒီမျိုးဆက်သစ်လေးတွေက မင်းတို့နေရာကို အစားထိုးပြီး ကောင်းကင်ငါးပါး ကို စောင့်ရှောက်သွားလိမ့်မယ်။”
“မင်းတို့ လူကြီးတွေက အတုယူစရာ ကောင်းတဲ့ စံနမူနာကောင်းတွေကို ပြသသင့်တယ်။”
အဖြူရောင် ဝတ်စုံရှင်က အေးဆေးစွာ ပြောသည်။
ရှူလုံ မဟာကောင်းကင်အရှင်က -
“အကြီးကဲရဲ့ စကားအတိုင်း လိုက်နာပါ့မယ်။” ဟု ဆိုသည်။
ယင်ချွဲ့ မဟာကောင်းကင်အရှင်က -
“အကြီးကဲ စိတ်ချပါ။ ဒီနေ့လိုကိစ္စမျိုး နောက်ထပ် ဖြစ်လာမှာ မဟုတ်တော့ပါဘူး။” ဟု ကတိပေးသည်။
ယဲ့ရှင်းရှန်း အပါအဝင် အခြားသူများလည်း ခေါင်းငုံ့ကာ သဘောထား ပြကြသည်။
“အင်း။”
အဖြူရောင် ဝတ်စုံရှင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
“ကောင်းကင်ငါးပါးက အခုလို အဆင့်ထိ ရောက်လာဖို့ဆိုတာ မလွယ်ပါဘူး။ အခု ဒါက အတားအဆီးတစ်ခုပဲ၊ ဒါကို ကောင်းကောင်း ကျော်ဖြတ်နိုင်ရင် နောက်ပိုင်း မင်းတို့အတွက် အကျိုးရှိလာလိမ့်မယ်။”
“လူ့လောကနဲ့ ယင်လောကဟာ ခွဲခြားလို့မရအောင် ဆက်စပ်နေတယ်။ တစ်ခုမရှိရင် တစ်ခု မပြည့်စုံဘူး။ ယင်နဲ့ ယန် မျှတမှပဲ တည်ငြိမ်မှာ။”
“လူ့လောကက ကောင်းကင်အရှင်တွေဆီမှာ ဖြစ်ပျက်တာတွေက မင်းတို့ဆီမှာလည်း ဖြစ်ပျက်မှာပါ၊ နောက်ကျတာပဲ ကွာမယ်။”
“ဖန့်ချန်က နိဗ္ဗာန်တားမြစ်နယ်မြေကနေ လေ့ကျင့်နည်းတွေကို မင်းတို့ဆီ ယူဆောင်လာပေးနိုင်တယ်။ ဘယ်သူ အရင်စလေ့ကျင့်ရမလဲဆိုတာက အရေးမကြီးဘူး၊ စိတ်ရှည်သည်းခံပြီး စောင့်နိုင်ရင် မင်းတို့ဆီကိုလည်း အလှည့်ရောက်လာမှာပါ။”
“ပညာရပ်တွေဆိုတာက အဓိကမဟုတ်ပါဘူး။ မင်းတို့ရဲ့ အမြင်ကို ကျယ်ကျယ်ထားပါ၊ အမြင်ကျဥ်းလွန်းရင် မကောင်းဘူး။”
ယဲ့ရှင်းရှန်း၏ မျက်နှာတွင် ရှက်ရွံ့မှုများ ပေါ်လာသည်။
“အကြီးကဲရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် မှားမှန်း သိပါပြီ။”
အဖြူရောင် ဝတ်စုံရှင်က ခေါင်းညိတ်သည်။
“အမှားကို သိရင် ပြင်ရမယ်၊ ဒါက အကောင်းဆုံးပဲ။ ဘယ်သူပဲ ဖြစ်ဖြစ် မှားတတ်ကြတာပဲ မဟုတ်လား။”
စကားပြောပြီးသည်နှင့် သူသည် ယဲ့ရှင်းရှန်း၏ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်သည်။
ယဲ့ရှင်းရှန်းမှာမူ စိတ်သက်သာရာ ရသွားပြီး ချွေးစေးများကို သုတ်လိုက်သည်။
အဖြူရောင် ဝတ်စုံရှင်က ဖန့်ချန်တို့ထံသို့ လှည့်ကြည့်သည်။
သူ၏ အကြည့်များသည် အကြီးကဲငါးပါး၏ မျက်နှာပေါ်မှတစ်ဆင့် ဖြည်းဖြည်းချင်း ရွေ့လျားသွားသည်။
“ဒီနေ့ မင်းတို့ရဲ့ လုပ်ဆောင်ချက်တွေက ကောင်းပါတယ်။ ဆန်းနယဲ့အဆင့် ဘွဲ့တံဆိပ်တွေကို ရထားပြီးပြီဆိုတော့ နောက်ပိုင်းမှာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိအောင် ဆက်ပြီး ကြိုးစားကြပါ။ ဒါမှပဲ ဝေးဝေးကို ရောက်နိုင်မှာ။”
သူတော်စင်တို့သည် အရိုအသေပေးကြသည်။ ထိုသို့သော ဝါရင့်ပုဂ္ဂိုလ်ကြီး၏ လမ်းညွှန်ချက်ကို မည်သူမျှ မပေါ့ဆရဲကြပေ။
“အကြီးကဲ ကောင်းကင်အရှင်တွေ ကြုံတွေ့နေရတဲ့ လျှို့ဝှက်ချက်တွေရဲ့ အဖြေကို ရှာတွေ့ပြီလား။”
ထိုက်ဟောင်ဟွမ်းယောင်က ရုတ်တရက် မေးလိုက်သည်။
ထိုနေရာရှိ သူတော်စင်တို့လည်း စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
အဖြူရောင် ဝတ်စုံရှင်က ခေါင်းခါလိုက်ပြီး ဘာမှ မပြောပေ။
ထို့နောက် သူက ဖန့်ချန်ကို ခေါ်လိုက်သည်။
“ဖန့်သူတော်စင်ဘိုးဘေး ၊ ငါက လမ်းကြုံသွားမလို့ မင်းကို ရွှေဟွေး ကျောင်းတော်အထိ လိုက်ပို့ပေးမယ်။”
ယဲ့ရှင်းရှန်းတို့မှာ စိတ်ထဲတွင် အံ့အားသင့်သွားကြသည်။ နှစ်ပေါင်းများစွာအတွင်း ဤသူက မည်သူ့ကိုမျှ ထိုမျှအထိ အလေးထားတာ မတွေ့ဖူးကြပေ။
ထိုသူသည် နိဗ္ဗာန်တားမြစ်နယ်မြေထဲက လေ့ကျင့်နည်းများကို ရယူနိုင်စွမ်း ရှိနေ၍ပင် ထိုသူ၏ အလေးပေးမှုကို ရသွားခြင်း ဖြစ်နိုင်သည်။
"ဖန့်သူတော်စင်ဘိုးဘေး"
ဟု ခေါ်လိုက်ခြင်းကပင် သူတော်စင်ဘိုးဘေး စီမံကိန်းကို လူသိရှင်ကြား အသိအမှတ်ပြုလိုက်ခြင်း ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် အဖြူရောင် ဝတ်စုံရှင် အကြီးကဲ။”
ဖန့်ချန်လည်း ဝမ်းသာအားရနှင့် နောက်မှ လိုက်သွားသည်။
“ဖန့်အစ်ကို၊ ကျွန်တော်လည်း ရွှေဟွေး ကျောင်းတော် ပြန်မှာပါ၊ ကျွန်တော့်ကိုလည်း တစ်ခါတည်း ခေါ်သွားပေးပါဦး။”
ဝမ်အိုကြီးလည်း အပြေးအလွှား လိုက်သွားသည်။
သို့သော် အဖြူရောင် ဝတ်စုံရှင်က ဝမ်အိုကြီးကို တစ်ချက်ကြည့်ပြီး စကားမပြောဘဲ ဖန့်ချန်ကို ခေါ်၍ ယင်ချွဲ့ မဟာကောင်းကင်အရှင်၏ အတွင်းကမ္ဘာနယ်မြေထဲမှ ထွက်ခွာသွားသည်။
“အဲဒီအကြည့်ရဲ့ အဓိပ္ပာယ်က ဘာလဲ။”
ဝမ်ချုံစန်း၏ မျက်နှာမှာ ရှက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။
ရှူလုံ မဟာကောင်းကင်အရှင်က သူ့ကို ကြည့်ပြီး -
“မင်းကို မခေါ်ချင်လို့ နေမှာပေါ့။ အဲဒီသူရဲ့ အတွင်းကမ္ဘာဆိုတာ ငါတို့တောင် တစ်ခါမှ မရောက်ဖူးတဲ့ နေရာလေ။” ဟု ပြောသည်။
ချန်ဖေးဖေးတို့ကလည်း သူ့ကို နှစ်သိမ့်ကြသည်။
သူတော်စင်များစွာမှာ မနာလိုဖြစ်နေကြသည်။
ထိုက်ဟောင်ဟွမ်းယောင်သည် စိတ်ဓာတ်ကျနေသော်လည်း၊ မကြာမီပင် သူမမျက်လုံးထဲတွင် စိတ်ဓာတ်အသစ်များ ပြန်လည် ပေါ်ပေါက်လာသည်။
“ဘယ်လိုလျှို့ဝှက်ချက်ပဲ ဖြစ်ဖြစ်၊ ငါတို့ မိဘတွေရဲ့ ပျောက်ဆုံးသွားတဲ့ နေရာကိုတော့ အသေအချာ ရှာတွေ့အောင် ရှာမှာပါ။”