အခန်း ၂၇၄၈
Vol. 275 Ch. 2748
အခန်း (၂၇၄၈) - ကျွန်တော် မသိဘူးလေ
“အကြီးကဲရဲ့ အတွင်းကမ္ဘာက တကယ်ကိုပဲ ခမ်းနားလွန်းပါတယ်။”
ဖန့်ချန်၏ မျက်နှာပေါ်တွင် အံ့အားသင့်ရိပ်တို့ ထင်ဟပ်လာသည်။
“ငါ့မှာ အတွင်းကမ္ဘာ ကြယ်တာရာပေါင်း ၈၁ ခု ရှိတယ်။ မင်း ဘယ်တစ်ခုကို ပြောတာလဲ။”
အဖြူရောင် ဝတ်စုံရှင်က အေးဆေးစွာ ပြောသည်။
“၈၁ ခု ဟုတ်လား။”
ဖန့်ချန်၏ စိတ်အာရုံ လှုပ်ရှားသွားသည်။ ဒါက သူ့ရဲ့ သံသရာမသေမျိုးကျင့်စဥ် နှင့် တူညီနေသည် မဟုတ်လော။
ကြည့်ရတာ ထိုသူ ထွက်ပြေးစဉ်က သူ၏ စွမ်းအားများမှာ အများကြီး မဆုံးရှုံးခဲ့ဘဲ၊ ယခုအချိန်တွင် အပြည့်အဝ ပြန်လည်ကောင်းမွန်နေပုံရသည်။
“ကောင်းကင်ငါးပါးက ကောင်းကင်အရှင်တွေက သူ့ကို ဘာလို့ ဒီလောက်ကြောက်နေရလဲဆိုတာ အခုတော့ နားလည်ပြီ။ ကောင်းကင်ငါးပါးထဲမှာ ကောင်းကင်အရှင်တစ်ယောက်က ဆန်းနယဲ့အဆင့်ထိ တက်လှမ်းနိုင်ရင်တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။”
“ဒီလူက လက်ရှိခေတ်ရဲ့ ထိပ်တန်း ဆန်းနယဲ့အဆင့် ဖြစ်မှာ သေချာတယ်။”
“ဒါဟာ တာဟွမ် ဂိုဏ်းက ဆင်းသက်လာတဲ့သူပဲ။ သူ့ခန္ဓာကိုယ်ထဲမှာ ဘယ်လောက်တောင်မှ ထူးခြားတဲ့ နည်းလမ်းတွေ ဝှက်ထားမလဲ မသိဘူး။”
ထိုအချက်ကို တွေးမိလိုက်သောအခါ ဖန့်ချန်၏ မျက်နှာတွင် ‘အံ့အားသင့်’ သည့်ဟန် ပေါ်လာသည်။
“အကြီးကဲလည်း နိဗ္ဗာန်တားမြစ်နယ်မြေထဲက လေ့ကျင့်နည်းတွေကို လေ့ကျင့်နေတာလား။ ဒါပေမဲ့ အဲဒီထဲမှာ အတွင်းကမ္ဘာ ကြယ်တာရာ ၉၉-၈၁ ခုအထိ ပြုပြင်နိုင်တဲ့ လေ့ကျင့်နည်း မပါဝင်ဘူးလေ…”
“ဖန့်ချန်၊ မင်းဆီမှာ ရှောင်ချင်းယောင်ရဲ့ အငွေ့အသက်တွေ ရှိတယ်။ ပြီးတော့ ချူယိန့်ရန် ရဲ့ အငွေ့အသက်တွေလည်း ပါနေတယ်။”
“သိပ်ပြီး ဝါးနေပေမဲ့လည်း၊ အခုလို နီးနီးကပ်ကပ် ရှိနေတော့ ငါ သတိထားမိတယ်။”
“ပြီးတော့ ရှဲ့ကျစ်ရုံးတော်ထဲမှာ မင်းနဲ့ ဝမ်ချုံစန်း ပြောခဲ့တဲ့ စကားတွေကိုလည်း ငါ ကြားခဲ့တယ်။”
အဖြူရောင် ဝတ်စုံရှင်က ခပ်အေးအေး ပြောသည်။
“မင်းရဲ့ အထောက်အထားနဲ့ဆိုရင် ငါက ဘယ်သူလဲဆိုတာ မင်း ခန့်မှန်းလို့ မရဘူးလား။”
ဖန့်ချန် ခဏမျှ စဉ်းစားပြီးနောက် စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။
“လုကျိုးယွမ် လား။”
ထိုစကားကို ပြောလိုက်သည်နှင့် အဖြူရောင် ဝတ်စုံရှင်၏ မျက်နှာမှာ ပိုမို ကြည်လင်လာသည်ကို သူ မြင်လိုက်ရသည်။
သေချာပေါက်ပင်။ သူ မှတ်မိထားသည့် လုကျိုးယွမ် ဖြစ်သည်။ အကယ်၍သာ နယ်မြေကိုးခု မှာတုန်းက သူသာ မျက်နှာကို အစောကြီးကတည်းက ပြခဲ့မည်ဆိုလျှင်၊ ကန့်သက်ချက် ကျော်လွန်ခြင်း တောင်မှာတုန်းက သူ သေချာပေါက် မှတ်မိခဲ့မှာပါ။
“တကယ်ပဲ အကြီးကဲ ဖြစ်နေတာကိုး… ဒါပေမဲ့… အကြီးကဲရဲ့ မျက်လုံးတစ်ဖက်က ဘာလို့ ပျက်စီးနေရတာလဲ။”
ဖန့်ချန်က မေးသည်။
လုကျိုးယွမ်၏ ပုံပန်းသဏ္ဌာန်မှာ ပြောင်းလဲမှု မရှိသော်လည်း မျက်လုံးတစ်ဖက်မှာမူ ဖြူလျော့လျော့ ဖြစ်နေကာ ပျက်စီးသွားမှန်း သိသာသည်။ ဖန့်ချန်သည် မျက်လုံးနှင့် ပတ်သက်လျှင် အကျွမ်းကျင်ဆုံး ဖြစ်သောကြောင့် ချက်ချင်း သိလိုက်ခြင်း ဖြစ်သည်။
လူကျိုးယွမ်က ထိုမျက်လုံးကို လက်ဖြင့် ပွတ်သပ်လိုက်ပြီး တည်ငြိမ်စွာပင် ပြန်ပြောသည်။
“မင်း မေ့သွားပြီလား။”
“ကျွန်တော် သိထားသင့်တာလား။”
ဖန့်ချန်၏ အမူအရာ ပြောင်းလဲသွားသည်။
လုကျိုးယွမ်က ဖန့်ချန်၏ မျက်လုံးကို စိုက်ကြည့်ကာ သူ လိမ်ပြောနေသလား၊ သို့မဟုတ် အခြားတစ်ခုခုကို စစ်ဆေးနေသလား ဆိုသည်ကို ခွဲခြားနေဟန်ရှိသည်။
“အင်း… ဘာမှမဟုတ်ပါဘူး။ ဒီမျက်လုံးကတော့ ပျက်လည်း ပျက်ပါစေတော့၊ နောက်ထပ် မျက်လုံးတစ်ဖက် ရှိသေးတာပဲ၊ ဒါဆို လုံလောက်ပါပြီ။”
လုကျိုးယွမ်က စကားလမ်းကြောင်း လွှဲလိုက်သည်။
“မင်း ငါ့ကို မှတ်မိနေတာဆိုတော့ ကန့်သက်ချက် ကျော်လွန်ခြင်း တောင်မှာတုန်းက မင်းရဲ့ မှတ်ဉာဏ်တွေ အားလုံး ကျန်ရှိနေသေးတာပေါ့။ ပြီးတော့ ရှောင်ချင်းယောင်တို့နဲ့လည်း တွေ့ခဲ့ပြီဆိုတော့၊ အခုဆိုရင် မင်း ဘာတွေ သိထားပြီးပြီလဲ။”
ဖန့်ချန် -
“ဆန်းနယဲ့အဆင့် နန်းဆောင်အကြောင်း သိထားတယ်။ ပြီးတော့ ဂိုဏ်းကြီးတွေထဲက သူတော်စင်တွေ ထွက်ပြေးသွားတဲ့ အကြောင်းကိုလည်း သိထားတယ်။”
“အဲဒီကိစ္စကို မသိဘူးလား။”
“မသိတာ ဖြစ်ရမယ်။ ဒါမှမဟုတ် အကြီးကဲတောင် မပြောပြနိုင်တာလား။”
“……”
လုကျိုးယွမ်သည် အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ခေါင်းခါလိုက်သည်။
“မပြောပြနိုင်ဘူး။”
“အကြီးကဲက ကြယ်တာရာ ၈၁ ခုအထိ ပြုပြင်နိုင်ပြီးတော့ ဆန်းနယဲ့အဆင့်လည်း ဖြစ်မှာပဲ။ ဒီလမ်းကြောင်းမှာ အကြီးကဲအနေနဲ့ အဆုံးစွန်ထိ ရောက်နေပြီ မဟုတ်လား။”
“သူတော်စင်ဧကရာဇ်နန်းဆောင် ထဲမှာရှိတဲ့ အရာက အဲဒီလောက်တောင် ကြောက်ဖို့ ကောင်းတာလား။ အကြီးကဲလိုသူတောင် ဒီလောက်ထိ စိုးရိမ်နေရတာလား။”
ဖန့်ချန် စိတ်ထဲတွင် ကြက်သီးမွှေးညှင်းများ ထသွားသည်။
ဒီအမည်မသိ ရန်သူက ဒီလောက်ထိတောင် အစွမ်းထက်တာလား။
အခြားထားလိုက်ဦး၊ လုကျိုးယွမ်၏ လက်ရှိ အနေအထားကို ကြည့်လေ။ အကယ်၍သာ သူသာ ဆန်းနယဲ့အဆင့် မဖြစ်သေးဘဲ၊ သံသရာမသေမျိုးကျင့်စဥ် ကို အဆုံးစွန်ထိ မလေ့ကျင့်ရသေးဘူးဆိုလျှင်၊ လုကျိုးယွမ်ကို သူ ယှဉ်နိုင်မလား။ ထိုသူမှာ ယခင် ကန့်သက်ချက် ကျော်လွန်ခြင်း တောင်က လုကျိုးယွမ် မဟုတ်တော့ပေ။
“အကယ်၍သာ မစိုးရိမ်ရဘူးဆိုရင် ငါက အရင်ကတည်းက ပြန်တိုက်ခိုက်ပြီးပြီပေါ့။ မင်းထင်သလို ဒီလိုနေရာမျိုးမှာ ပုန်းအောင်းနေရတာ ငါ ပျော်နေမယ်လို့ ထင်နေတာလား။”
“အရင်တုန်းက ဒီလိုနေရာမျိုးတွေက လမ်းကြောင်းတွေကို ခိုးယူသူတွေပဲ နေတဲ့နေရာမျိုး။”
လုကျိုးယွမ်က ဟောက်လိုက်သည်။
“ဟုတ်ပါပြီ။”
ဖန့်ချန် ခေါင်းညိတ်ပြီးနောက် လုကျိုးယွမ်ကို ကြည့်လိုက်သည်။
“ကျွန်တော်တို့ အခုလို ပွင့်ပွင့်လင်းလင်း ပြောနေကြပြီဆိုတော့ တစ်ချို့ကိစ္စတွေကို ကျွန်တော် သိခွင့်ရှိမယ် ထင်တယ်။”
လုကျိုးယွမ် -
“မေးပါ။ ဒါပေမဲ့ မြန်မြန်မေး၊ ငါတို့ ရွှေဟွေး ကျောင်းတော်ကို ရောက်တော့မယ်၊ ငါလုပ်စရာတွေ ရှိသေးတယ်။”
ဖန့်ချန် အပြင်ဘက်ကို ကြည့်လိုက်ရာ တကယ်ပင် ရရွှေဟွေး ကျောင်းတော်သို့ ရောက်နေပြီ ဖြစ်သည်။
“ငါလည်း သူ့အဆင့်ထိ ရောက်လာရင် ဒီလို လွယ်လွယ်ကူကူ သွားလာနိုင်မှာပဲ။”
“နယ်မြေကိုးခု နဲ့ ကောင်းကင်ငါးပါးကြား သွားလာတာက အတွေးတစ်ချက်လောက်ပဲ ဖြစ်သွားမှာ။”
ဖန့်ချန် စိတ်ထဲတွင် တွေးရင်း အလေးအနက် မေးလိုက်သည်။
“ဟုန်လျန် (ကြာနီနတ်မိမယ် ) ကောင်းကင်အရှင် အကြောင်း သိတယ်မဟုတ်လား။ စစ်ဆေးရေးဌာန က ဟုန်ကျီ လေ၊ နောက်ပိုင်း အကြီးကဲက သူ့ကို ဖိနှိပ်ထားတယ်လို့ ကြားတယ်၊ အဲဒါ ဘာကိစ္စလဲ။ ပြီးတော့ ဆန်းနယဲ့အဆင့် ၁၀၀ သံသရာလည်တဲ့ ကိစ္စ၊ အင်း… ကျွန်တော့်ရဲ့ အထောက်အထားကိုလည်း အကြီးကဲ သိမှာပါ။”
“သေချာတာပေါ့၊ မင်းရဲ့ အထောက်အထားကြောင့်သာ မဟုတ်ရင် မင်းနဲ့ စကားပြောဖို့တောင် အချိန်မရှိဘူး။”
လုကျိုးယွမ်က ပေါ့ပေါ့ပါးပါး ဖြေပြီးနောက် စဉ်းစားဟန်ဖြင့် ဆက်ပြောသည်။
“ဟုန်လျန် ကောင်းကင်အရှင်ကို ငါ ဖိနှိပ်ထားတာ မှန်တယ်။ အဲဒီတုန်းက သူတော်စင်ဧကရာဇ် နန်းဆောင်က မင်းတို့ရဲ့ သံသရာမသေမျိုး ဂိုဏ်းက တပည့်တွေ တစ်ချို့ လှုပ်ရှားနေတာကို သတိထားမိသွားတယ်။ ဒါကြောင့် ငါ့ကို သူတော်စင်ဧကရာဇ်အဆင့်တွေ ခေါ်ပြီး သွားရောက် စုံစမ်းခိုင်းတာ။ ဒါပေမဲ့ အပြင်မှာ သတင်းတွေက ချဲ့ကားထားတာပါ။ ငါတို့ ရောက်သွားတဲ့အချိန်မှာ မင်းတို့ တပည့်တွေက အကုန် ထွက်သွားနှင့်ပြီ။”
“ပြောရရင် မင်းတို့တွေက အမှန်တရားကို ဘယ်လောက်မြန်မြန် သိသွားလဲဆိုတာ ငါ တကယ်ပဲ အံ့သြမိတယ်။ အဲဒီအချိန်မှာ ငါက သူတော်စင်ဧကရာဇ် နန်းဆောင်အတွက် လုပ်ပေးနေတာမို့ မင်းတို့နဲ့ ရန်သူလို ဖြစ်နေခဲ့တယ်။ နောက်ပိုင်းမှာတော့ ငါ တစ်ခုခုကို သတိထားမိလာတယ်။ ဂိုဏ်းကြီးတွေထဲမှာ လူတွေ ထူးဆန်းစွာနဲ့ ပျောက်ကွယ်သွားတာတွေ၊ ထွက်ပြေးသွားတာတွေ များလာတယ်။ အဲဒီ အချက်အလက်တွေနဲ့ ငါ စုံစမ်းကြည့်လိုက်တော့ အမှန်တရားကို သိသွားပြီး ချက်ချင်း ထွက်ပြေးလာခဲ့တာပဲ။ အဲဒီကျမှပဲ မင်းတို့ ဘာလို့ ထွက်သွားရတာလဲဆိုတာကို ငါ နားလည်တော့တယ်။”
စကားပြောရင်း လုကျိုးယွမ်က သက်ပြင်းချလိုက်သည်။ ဖန့်ချန်၏ အကြည့်စူးစူးမှာ လုကျိုးယွမ်၏ ကိုယ်အမွေးအမျှင်များပင် ထောင်လာသည်ကို မြင်လိုက်ရသည်။
“တွေးကြည့်ရုံနဲ့တင် သူ့ကို ကြက်သီးထစေတာလား။”
ဖန့်ချန် အနည်းငယ် ထိတ်လန့်သွားသည်။
“ငါ သိသမျှတော့ ပြောပြပြီးပြီ။ မင်းလည်း ငါ့ကို တစ်ချို့ကိစ္စတွေ ပြောပြလို့ ရမလား။”
လုကျိုးယွမ်က မေးသည်။
ဖန့်ချန် -
“မေးပါ။ သိသမျှ ပြောပြပေးပါ့မယ်။”
“မင်းတို့ သံသရာမသေမျိုး ဂိုဏ်းမှာ ဘာအစီအစဉ်တွေ ရှိလဲ။”
လုကျိုးယွမ်က ဖန့်ချန်ကို စိုက်ကြည့်သည်။
“ကျွန်တော် မသိဘူးလေ။”
ဖန့်ချန်က သက်ပြင်းချရင်း ပြောသည်။
“ဒါဆို မင်း ဘာသိလဲ။”
လုကျိုးယွမ် မျက်မှောင်ကြုတ်သည်။
“လူသားမျိုးနွယ်ဝင် ချင်ဟော်ဆွေ့ က ယင်သူတော်စင်ဂိုဏ်းခေါင်းဆောင် ဖြစ်နိုင်တယ်ဆိုတာ သိတယ်။ အဖြူရောင် ဝတ်စုံရှင်၊ သူ့ကို ဘယ်လို စီရင်ဖို့ စိတ်ကူးထားလဲ။”
ဖန့်ချန်က ဆက်ပြောသည်။
“ကျွန်တော်နဲ့ ဝမ်အိုကြီး ပြောခဲ့တာကို အကြီးကဲ ကြားထားတယ်မလား။ ရှဲ့ကျစ်ရုံးတော်မှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာလည်း သိမှာပေါ့။”
“အကယ်၍ ချူယိန့်ရန် သာ မဝင်ရောက်လာဘူးဆိုရင် အကြီးကဲက ဝင်ရောက်စွက်ဖက်မှာလား။”
“မလုပ်ဘူး။”
လုကျိုးယွမ် -
“ငါ ဝင်မစွက်ဖက်ဘူး။ ငါ့ရဲ့ တည်ရှိမှုက အဟန့်အတားတစ်ခုပဲ။ တစ်ခါဝင်စွက်ဖက်လိုက်တာနဲ့ ကိစ္စက မထိန်းချုပ်နိုင်တော့တဲ့ အခြေအနေ ဖြစ်သွားလိမ့်မယ်။ ယင်သူတော်စင်ကိစ္စက သိပ်ကို သေးငယ်လွန်းတယ်၊ ဒါအတွက်နဲ့ အရင်းအနှီးကြီးကြီးမားမား ပေးဆပ်ဖို့ မလိုဘူး။ မင်း မြင်ခဲ့တဲ့သူကတော့ လက်ရှိအခြေအနေမှာ ဂရုစိုက်စရာ မလိုသေးဘူး၊ သူတို့လည်း ကိစ္စကြီးကြီးမားမား မဖန်တီးရဲကြဘူး။”
“ချင်ဟော်ဆွေ့ရဲ့ နောက်ကွယ်မှာ ဘယ်သူရှိလဲ။”
“သူတော်စင်ဧကရာဇ် နန်းဆောင်ဘက်က ထွက်လာတာပဲ။ ဒါပေမဲ့ သူတို့အခြေအနေက ငါ့ထက် မပိုဘူး။ သူတို့လည်း သူတော်စင်ဧကရာဇ် နန်းဆောင် သိသွားမှာကို ကြောက်နေကြတာပဲ။”
“သူတို့ကို သုတ်သင်ချင်ရင် ငါ့အနေနဲ့ လက်ညှိုးလေး တစ်ချက်လောက်နဲ့ လုပ်လို့ရပေမဲ့၊ သူတို့ကလည်း လက်ညှိုးလေး တစ်ချက်နဲ့ ကောင်းကင်ငါးပါးကို ဖျက်ဆီးပစ်နိုင်တယ်။ သူတို့က သူတော်စင်ဧကရာဇ် နန်းဆောင်နဲ့ ဆက်သွယ်နိုင်တဲ့ စွမ်းအား ရှိနေတုန်းပဲလေ။ သူတို့လည်း အမှန်တရားရဲ့ အသေးစိတ်ကို သိနေနိုင်တယ်၊ ဒါမှမဟုတ် အကုန်လုံး သိနေတာလည်း ဖြစ်နိုင်တယ်။”
“ဒါပေမဲ့ တစ်ခု မမေ့နဲ့၊ သူတော်စင်တိုင်းက ငါတို့လို ဖြစ်မှာ မဟုတ်ဘူး။ အမှန်တရားကို သိရင်တောင် တချို့က တော်လှန်မှာ မဟုတ်ဘူး။ အခုလို မျှတနေတာမျိုးကိုပဲ ငါ လိုချင်တယ်၊ ကောင်းကင်ငါးပါးလည်း ဒါကို လိုအပ်နေတာပဲ။ ခွေးကို အတင်းအကျပ် တွန်းအားပေးရင် ကိုက်တတ်တယ်၊ သူတို့ကို မနှောင့်ယှက်ပါနဲ့။”
လုကျိုးယွမ်က ဖန့်ချန်ကို စူးစိုက်ကြည့်သည်။
“မင်း တကယ်ပဲ သံသရာမသေမျိုး ဂိုဏ်းရဲ့ အစီအစဉ်ကို မသိဘူးလား။”
“မသိဘူး။”
“ဒါဆိုရင် သွားတော့။”
လုကျိုးယွမ်က လက်ကို ဝှေ့ယမ်းလိုက်သည်။ ကမ္ဘာကြီး တစ်ခုလုံး လည်ပတ်သွားသကဲ့သို့ ဖြစ်သွားပြီးနောက်၊ ဖန့်ချန်သည် သူ၏ ကျောင်းဆောင်တံခါးရှေ့တွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။
“ဒီလူက ငါ တစ်ခုခု သိနေတယ်လို့ တထစ်ချ ယုံကြည်နေတာပဲ။ ဘာလို့လဲ။ တကယ်ကို ထူးဆန်းတယ်၊ ငါ တကယ်ကို မသိတာပါဆို…”
ဖန့်ချန်မှာ စိတ်ရှုပ်ထွေးလျက် ကျန်ရစ်ခဲ့သည်။