အခန်း ၂၇၅၈
Vol. 276 Ch. 2758
အခန်း (၂၇၅၈) - မင်း ဆက်မရိုက်ပါနဲ့တော့
ဖန့်ချန်၏ ခန္ဓာကိုယ်ထဲတွင် အတွင်းကမ္ဘာ ကြယ်တာရာ ကိုးလုံးသည် ရုတ်တရက် လှုပ်ရှားလာပြီး ရှေးဟောင်းအငွေ့အသက်များပါဝင်သည့် အစက်အပြောက်များကို အလွှာလိုက် ထုတ်လွှတ်လိုက်သည်။
ထိုရွှေရောင် အလင်းတန်းများက ကြယ်တာရာများပေါ်တွင် ဝင်ရောက်စူးဝင်ရန် ကြိုးစားနေသော်လည်း ဖိနပ်ပေါ်မှ ခြေဖဝါးကို ကုတ်ခြစ်နေသည့်အလား ပေါ့ပါးလွန်းနေသည်။ အတွင်းကမ္ဘာ ကြယ်တာရာများထဲမှ စွမ်းအင်တစ်စက်ကိုမျှ ထုတ်ယူနိုင်ခြင်း မရှိသည့်အပြင်၊ ခြစ်ရာတစ်ခုတောင် ချန်ထားနိုင်စွမ်း မရှိပေ။
“ဒါပေမဲ့ သူတို့ရဲ့ ကျင့်စဉ်က အတွင်းကမ္ဘာ ကြယ်တာရာတွေကို တစ်နည်းနည်းနဲ့ အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုတာတော့ သေချာသွားပြီ။”
“ဒီလို ကျင့်စဉ်မျိုးကို တီထွင်တဲ့သူက ဒီရည်ရွယ်ချက်နဲ့ပဲ အစကတည်းက စတင်ခဲ့တာ ဖြစ်မယ်။”
“သူများတွေရဲ့ အတွင်းကမ္ဘာ ကြယ်တာရာတွေကို ပေါင်းစပ်လိုက်တာက သူတို့အတွက် ဘာအကျိုးကျေးဇူး ရှိလဲ ကျင့်ကြံခြင်းအဆင့် တက်ဖို့လား”
“တကယ်လို့ ဒီစွမ်းရည် နောက်ကွယ်က အန္တရာယ်တွေကို မဖြေရှင်းနိုင်ဘူးဆိုရင်၊ အတွင်းကမ္ဘာ ကြယ်တာရာတွေကို ပေါင်းစပ်လေလေ၊ ကိုယ့်ကိုယ်ကိုယ် ကြီးမားတဲ့ သင်္ချိုင်းတွင်းထဲကို တူးဆွနေတာနဲ့ အတူတူပဲ”
“သူတို့ဆီမှာ သုံးမကုန်တဲ့ သူတော်စင်ဧကရာဇ် သွေး ရှိနေတာမျိုး မဟုတ်ရင်ပေါ့။ ဒါမှမဟုတ် ဒီအန္တရာယ်တွေကို ဖိနှိပ်နိုင်မယ့် တခြားနည်းလမ်းတစ်ခုခုကို သူတို့ တီထွင်ထားတာ ဖြစ်ရမယ်။”
ယခုအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။
အဖွဲ့အသီးသီးမှ သူတော်စင်များသည် ယခုမြင်တွေ့နေရသည့် အခြေအနေကို အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားခြင်းမျိုး မရှိကြပေ။ ချင်ဝူကျူ အရင်က ပြသခဲ့သည့် စွမ်းအားများမှာ တကယ်ပင် ကြောက်ခမန်းလိမ့်မည် ဖြစ်သည်။ လူအတော်များများက ဖန့်ချန်တစ်ယောက် အရေးနိမ့်တော့မည်ဟုပင် ထင်မှတ်ခဲ့ကြသည်။ သို့သော် ချင်ဝူကျူ၏ နည်းလမ်းများမှာ ရုတ်တရက် အာနိသင်မရှိတော့သည်ကို မြင်လိုက်ရသောအခါ၊ ၎င်းမှာ ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စဟုပင် ခံစားလိုက်ရသည်။
ထိုသို့ ရှုပ်ထွေးသော စိတ်ခံစားမှုများမှာ ပြီးခဲ့သည့် နှစ်ထောင်ပေါင်းများစွာအတွင်း ဖန့်ချန် ယှဉ်ပြိုင်ခဲ့သည့် တိုက်ပွဲတိုင်းက သူတို့၏ စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့ခြင်းကြောင့် ဖြစ်သည်။
“ဟူး……”
အကြီးကဲငါးဦးသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး စိတ်ထဲမှ တုန်လှုပ်စွာဖြင့် သက်ပြင်းချလိုက်ကြသည်။
“ဒီကောင်ရဲ့ စွမ်းအားက ငါထင်ထားတာထက် အများကြီး ပိုသာလွန်နေတာပဲ ”
“သူ တကယ်ပဲ အတွင်းကမ္ဘာ နှစ်ခုကို ပုံဖော်ထားပြီးပြီလား ဒါပေမဲ့ ခုနကပဲ သူက အတွင်းကမ္ဘာ ဘယ်နှစ်ခုပဲ ရှိရှိ မကြောက်ဘူးလို့ ပြောခဲ့တာလေ။”
“ချင်ဝူကျူရဲ့ နည်းလမ်းက အတွင်းကမ္ဘာ ကြယ်တာရာတွေကို ထိန်းချုပ်ထားသလိုပဲ။ ခုနက ငါ့နဲ့ တိုက်ခိုက်ခဲ့တဲ့ သူတော်စင်တွေကို မေးကြည့်တော့ သူတို့ အတွင်းကမ္ဘာ ကြယ်တာရာတွေနဲ့ အတွင်းကမ္ဘာတွေက သူတို့ရဲ့ စစ်မှန်တဲ့ စွမ်းအားကို မထုတ်လွှတ်နိုင်ခဲ့လို့ တစ်ကွက်တည်းနဲ့ ရှုံးခဲ့တာတဲ့။”
“တစ်ခါတစ်ရံမှာတော့ ဖန့်ချန်မှာလည်း ဒီလိုမျိုး ထိန်းချုပ်နိုင်တဲ့ စွမ်းရည်တွေ ရှိနေတာ ဖြစ်မယ်။”
မိမိအပေါ် ပိုမိုများပြားလာသည့် အကြည့်စိမ်းများကို ခံစားမိရင်း၊ ခုနက ဖန့်ချန်၏ လှောင်ပြောင်သံများကို ပြန်တွေးမိရင်း ချင်ဝူကျူ၏ မျက်နှာပေါ်ရှိ သွေးကြောများမှာ တုန်ခါနေတော့သည်။
“ကွဲ… စမ်း… လိုက်စမ်း”
ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်အလင်းတန်းများမှာ တစ်ရှိန်ထိုး ပေါက်ကွဲထွက်လာသည်။
ထိုအချိန်တွင် သူ၏ မျက်နှာပေါ်ရှိ အရေခွံမှာ လှိုင်းထနေသကဲ့သို့ ဖြစ်နေပြီး အသားနှင့် ခွာထွက်တော့မည့်နှယ် ထင်ရသည်။
“မင်းမေလင်၊ ဒီကောင် တကယ်ပဲ အရေခွံစွပ်ထားတာပဲ ”
“သူက ချင်ဝူကျူ မဟုတ်ဘူး”
“ဒါဆို သူက ဘယ်သူလဲ။”
“ဖန့်သူတော်စင်ဘိုးဘေး သိမှာပါ”
သူတော်စင်များအားလုံးမှာ လေးနက်သော အမူအရာဖြင့် ယခင်ကထက် အဆပေါင်းများစွာ ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်အလင်းတန်းများကို ကြည့်ရင်း ဖန့်ချန်ရှိရာသို့ အလိုလို လှည့်ကြည့်လိုက်ကြသည်။
ဖန့်ချန်သည် ထိုရွှေရောင် အလင်းတန်းများအကြားတွင် တည်ငြိမ်စွာ ရပ်နေသည်။ အရင်က အကြီးကဲငါးဦးကဲ့သို့သော အဆင့်မြင့် သူတော်စင်များက ထိုနည်းလမ်းအောက်တွင် ဘာကြောင့် ပြန်လည်ခုခံနိုင်ခြင်း မရှိခဲ့သနည်းဆိုသည်ကို သူ ယခု နားလည်သွားပြီဖြစ်သည်။
“ငါသာ အတွင်းကမ္ဘာကို ပုံမဖော်ရသေးဘူးဆိုရင်၊ ဒီစွမ်းအားအောက်မှာ ငါ့ရဲ့ အတွင်းကမ္ဘာတွေလည်း ဝါးမြိုခံရမှာ သေချာတယ်။”
“ဒါက ကျင့်ကြံခြင်းအဆင့်နဲ့ မဆိုင်တော့ဘူး၊ တစ်စုံတစ်ယောက်ကို ချုပ်နှောင်သိမ်းဆည်းတဲ့ စွမ်းရည်နဲ့ တူတယ်။”
ဖန့်ချန်သည် ထိုရွှေရောင် အလင်းတန်းမှ လာသော ခံစားချက် အမျိုးမျိုးကို ခံစားရင်း ၎င်း၏ စွမ်းအား တည်ဆောက်ပုံကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။
သူ၏ မျက်လုံးများမှာ ရုတ်တရက် မီးခိုးရောင်သို့ ပြောင်းလဲသွားသည်။
လောကကြီးတစ်ခုလုံးမှာ ရှုပ်ထွေးလှသော မျဉ်းကြောင်းများအဖြစ် သူ၏ အမြင်အာရုံထဲတွင် ပေါ်လာသည်။
“အိုး… တော်တော် ရှုပ်ထွေးတာပဲ။ ငါ့ကို နှစ်အနည်းငယ်လောက် လေ့လာခွင့်ပေးရင် ဒီအထဲက နိယာမတွေကို ပြန်ဖော်ထုတ်နိုင်မှာပါ…”
ဖန့်ချန်က အတွေးနက်သွားသည်။
ချင်ဝူကျူသည် ရုတ်တရက် အံ့အားသင့်သွားပြီး ဖန့်ချန်၏ ရည်ရွယ်ချက်ကို ရိပ်မိသွားကာ မယုံနိုင်စရာအဖြစ် ခံစားလိုက်ရသည်။ သူ၏ ကျင့်စဉ်သည် ကမ္ဘာတည်ဆောက်ခြင်း အစောပိုင်းအဆင့်ကို ရောက်ခါစ သူတော်စင်တစ်ဦးအပေါ် အာနိသင်မရှိနိုင်ဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မလဲ။
ဒါ ဘယ်လို သဘာဝတရားလဲ
“ကွဲစမ်း…” ချင်ဝူကျူ၏ မျက်နှာမှာ မှောင်မည်းသွားပြီး ထပ်ပြောလိုက်သည်။
“အစ်ကိုဖန့်၊ ကျွန်တော်တို့ စာမေးပွဲဖြေဖို့ ဝင်ကြတော့မယ်။”
ဝမ်ချုံစန်းက သတိပေးသည်။
ဖန့်ချန်က လှည့်ကြည့်လိုက်ရာ အလင်းတံခါး ကိုးပေါက် ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ခေါင်းညိတ်လိုက်ပြီး ရှေ့ရှိ ရွှေရောင်အလင်းတန်းကို တစ်ချက်တည်းနှင့် ချေမှုန်းလိုက်သည်။
လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ရာ နတ်ရိုက်နှင်တံ သည် သူ၏လက်ထဲတွင် ရှိနေသည်။ သူသည် ယခင်က စွမ်းရည်မျိုးစုံကို ပေါင်းစပ်ထားခဲ့သော်လည်း ယခုတစ်ခေါက်တွင် လူသားလောက စွမ်းရည်ကို ပို၍ ပေါင်းစပ်ထားလိုက်သည်။
ရွှေရောင်အလင်းတန်းများ ပျက်စီးသွားသည်ကို မြင်သောအခါ ချင်ဝူကျူသည် တစ်စုံတစ်ခု လွဲမှားနေမှန်း ရိပ်မိပြီး နောက်သို့ ဆုတ်ရန် ကြိုးစားလိုက်သည်။
သို့သော် နတ်ရိုက်နှင်တံက ပိကျသွားခဲ့ပြီဖြစ်သည်။
ဖြန်းးးး
သူတော်စင်များ၏ ရင်ထဲတွင် တုန်ခါသွားသည်။
ချင်ဝူကျူသည် ကြိမ်လုံးတစ်ချက်အောက်တွင် မြေပြင်သို့ လဲကျသွားပြီး လှုပ်ရှားမှုမရှိတော့ဘဲ တိတ်ဆိတ်သွားသည်။
ဖန့်ချန်က နတ်ရိုက်နှင်တံကို ထပ်မံ ဝှေ့ယမ်းလိုက်သည်။
ဖြန်း
ထိုတစ်ချက်မှာ ချင်ဝူကျူ၏ ကျောပြင်ပေါ်သို့ တိကျစွာ ကျရောက်သွားသည်။
သူသည် လျှပ်စစ်ဓာတ်လိုက်ခံလိုက်ရသည့်အလား မြေပြင်ပေါ်မှ မီတာအနည်းငယ်အထိ ကန်ထွက်သွားပြီး ပြန်လည် လဲကျသွားသည်။
တန်လင် ကျောင်းတော်မှ ကျောင်းသားများမှာ ကြောင်အနေကြသည်။ အဘယ်ကြောင့်ဆိုသော် အကြီးမြတ်ဆုံး သူတော်စင်ဘွဲ့ကို ရရှိထားသော ချင်ဝူကျူသည် ဤမျှလောက်ထိ အားနည်းသွားရသနည်း။
နေရာတွင် ရှိနေသော ချီထျန်းမျိုးနွယ်မှ သူတော်စင်များသည် အသက်ရှူသံပင် မထွက်ရဲကြပေ။ ကြောက်ရွံ့မှုနှင့်အတူ မျှော်လင့်ချက်များလည်း ရှိနေသည်။
ဤအချိန်တွင် ကျောင်းသားများက ဖန့်ချန်ကို ဆက်လက်၍ ကြိမ်လုံးဝှေ့ယမ်းမည့်အလား မြင်သောအခါ စိုးရိမ်တကြီးဖြင့် -
“ဖန့်ချန်၊ ချင်ဝူကျူ ရှုံးသွားပြီလေ၊ မင်း ဆက်မရိုက်ပါနဲ့တော့”
ဟု အော်ဟစ်လိုက်ကြသည်။
ဖန့်ချန်က ကြိမ်လုံးကို တစ်ချက် ထပ်ဝှေ့ယမ်းလိုက်သည်။
ဖြန်း
ချင်ဝူကျူ၏ အရေပြားများ ပွင့်ထွက်သွားပြီး အသားစများမှာ အပြင်ဘက်သို့ လှန်ထွက်ကာ လှုပ်ရှားနေသည်။
“သူက အရှုံးပေးကြောင်း ပြောတာလည်း မဟုတ်ဘူး၊ သေသွားတာလည်း မဟုတ်ဘူး။ ဘယ်အချိန်ကတည်းက ရှုံးသွားတာလဲ ”
“ငါတို့ အခု တိုက်ခိုက်နေဆဲပဲ။ မင်းတို့ ဝင်ပါချင်ရင် ဝင်လာခဲ့လေ။”
“လာမလား”
ဖန့်ချန်က မျက်မှောင်ကြုတ်လျက် ပြောသည်။
ထိုလူအုပ်စုမှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားသည်။
ဖန့်ချန်သည် ထိုအခြေအနေကို မြင်သောအခါ ကြိမ်လုံးကို ရာနှင့်ချီ၍ ဆက်တိုက် ဝှေ့ယမ်းလိုက်သည်။ ကြိမ်လုံး၏ လေကိုခွင်းသံမှာ မီးရှူးမီးပန်းများ ပေါက်ကွဲနေသကဲ့သို့ သူတော်စင်များ၏ နားထဲတွင် ဆူညံနေသည်။
အချိန်တန်ပြီဟု ယူဆသောအခါ ဖန့်ချန်သည် ကြိမ်လုံးကို သိမ်းလိုက်ပြီး ချင်ဝူကျူထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။
လမ်းတစ်ဝက်သို့ ရောက်သောအခါ ချင်ဝူကျူ၏ အသားစများမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး အရေခွံအပျက်တစ်စသာ ကျန်ရစ်ခဲ့သည်။
ဖန့်ချန်က ထိုလူ့အရေခွံကို ကောက်ယူကြည့်လိုက်ပြီး ခေါင်းခါလိုက်ကာ ဘေးသို့ ပစ်ချလိုက်သည်။
သူတော်စင်များအားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
“အရေခွံလဲသွားတာပဲ…”
“အဲဒီကောင်က တကယ်ပဲ ချင်ဝူကျူလား”
“ဖန့်သူတော်စင်ဘိုးဘေး၊ မင်းအမြင်အရဆို ခုနကလူက ချင်ဝူကျူလား”
အကြီးကဲငါးဦးက ဖန့်ချန်ကို တိုက်ရိုက် မေးလိုက်သည်။
ဖန့်ချန်၏ ခုနကစကားများအရ သူသည် အတွင်းသိ ဖြစ်နေမှန်း သိသာနေသည်။
“သူက ချင်ဝူကျူ မဟုတ်တာ သေချာတယ်။ တစ်စုံတစ်ယောက်က ‘အရေခွံလဲကျင့်စဉ်’ ကို သုံးပြီး ချင်ဝူကျူရဲ့ နာမည်နဲ့ နိဗ္ဗာန်တားမြစ်နယ်မြေကို ဝင်လာတာ။”
ဖန့်ချန်က ပြုံး၍ ပြောသည်။
“ချင်ဝူကျူရဲ့ စွမ်းရည်ဆိုတာ နိဗ္ဗာန်တားမြစ်နယ်မြေထဲက လူတိုင်း သိကြတာပဲ။ ဒီကောင်က သူ့ရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိဘူး။”
သူတော်စင်များမှာ ရုတ်တရက် သဘောပေါက်သွားကြသည်။ သူတို့ ပို၍ သိလိုစိတ် ပြင်းပြလာသည်မှာ ချင်ဝူကျူအရေခွံကို စွပ်ထားသူသည် မည်သူနည်း။
ထိုလူသည် ယခုတစ်ကြိမ်တွင် အနည်းငယ် ရှုံးနိမ့်သွားသော်လည်း၊ လက်တွေ့တွင် ဖန့်ချန်မှလွဲ၍ ကျန်ရှိနေသော ကမ္ဘာတည်ဆောက်ခြင်း အစောပိုင်းအဆင့် သူတော်စင် အားလုံးကို အနိုင်ယူသွားခဲ့သူ ဖြစ်သည်။
“ဒီကိစ္စကို အထက်ကပဲ စုံစမ်းလိမ့်မယ်။ ငါတို့ စိတ်ပူစရာ မလိုဘူး။”
“အချိန်တန်ပြီ၊ စာမေးပွဲဖြေဖို့ ပြင်ဆင်ကြတော့။”
ဖန့်ချန်သည် ကမ္ဘာတည်ဆောက်ခြင်း အစောပိုင်းအဆင့်အတွက် အလင်းတံခါးပေါက် ဆီသို့ လျှောက်သွားလိုက်သည်။
သူတော်စင်များမှာလည်း နောက်မှ လိုက်သွားကြပြီး ချင်ဝူကျူကိစ္စကို မေ့ပစ်လိုက်ကြသည်။ ယခုအချိန်တွင် အရေးကြီးဆုံးမှာ ဆန်းနယဲ့ ဘွဲ့ကို ရရှိရန်သာ ဖြစ်သည်။
လမ်းတွင် ချီထျန်းမျိုးနွယ်မှ သူတော်စင်တစ်ဦးသည် ချင်ဝူကျူ၏ အရေခွံကျန်ခဲ့သည့် နေရာကို စစ်ဆေးကြည့်လိုက်ရာ မြေပြင်ပေါ်တွင် အဝါရောင် အစက်အပြောက်ငယ်လေးတစ်ခုကို တွေ့လိုက်ရသည်။
“ချင်ဝူကျူဆိုတဲ့ကောင် အရိုက်ခံရပြီး သေးထွက်လွန်သွားတာပဲ။”
သူတို့ စိတ်လှုပ်ရှားစွာဖြင့် ပျော်ရွှင်နေကြသည်။ အနာဂတ်တွင် သူတို့ တစ်ယောက်တည်း မဟုတ်တော့ပြီ။