← Chapters

အခန်း (၂၂၉-၂၃၀)

Vol. 23 Ch. 229-230

အခန်း (၂၂၉-၂၃၀)

Vol. 23 Ch. 229-230

အခန်း ၂၂၉

ဟွမ်းချိန်သည် တိုးညင်းစွာ ရေရွတ်ပြီးနောက် ထိုနေရာမှ လှည့်ထွက်သွားခဲ့တော့သည်။

ဤလာရောက်သူများသည် ဝမ်ပင်းနှင့် တွေ့ဆုံရန် လာခြင်းဖြစ်သဖြင့် သူ၏စိုးရိမ်ပူပန်မှုများမှာ အပိုသာဖြစ်ကြောင်း သူ ကောင်းကောင်းကြီး သိရှိထားသည်။

ဤလူအနည်းငယ်ထဲတွင် ခေါင်းဆောင်လာသော လူငယ်တစ်ဦးတည်းသာ သူ၏ အာရုံခံကျင့်စဉ်အဆင့်အတွင်း၌ ရှိနေပြီး ကျန်ရှိသောသူများကိုမူ သူသည် ရမ်းသမ်း၍ အာရုံခံကြည့်ရန် မဝံ့ရဲပေ။

အဘယ်ကြောင့်ဆိုသော် အထူးတွေးတောနေစရာပင်မလိုဘဲ ထိုသူနှစ်ဦးမှာ ဝေချန်းကျွဲထက် မနိမ့်ကျကြောင်း သူ ခံစားမိနေ၍ဖြစ်ပြီး သူကိုယ်တိုင်ကမူ အဆင့်နိမ်နက်နဲသောအဆင့်မျှသာ ရှိသေးသောကြောင့်ပင်။

အခြားသူများ၏ အင်အားကို စည်းကမ်းမဲ့စွာ လှမ်း၍ အာရုံခံခြင်းက ရန်သူရှာနေခြင်းနှင့် အတူတူပင်။

ဟွမ်းချိန် ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် အခန်းတွင်းရှိနေသော လူငယ်သည် အပြင်သို့ လှမ်းထွက်လာခဲ့ပြီး လမ်းမပေါ်ရှိ လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လျက် ပြောလိုက်သည်။

"ရှန်းဟွာ... မင်း တကယ်ပဲ သေချာရဲ့လား။ စာထဲမှာ ရေးထားသလို မသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဝိညာဉ်အစားအစာအတတ်ပညာကို တကယ်ပဲ နားလည်တာ ဟုတ်လား"

ရှန်းဟွာက အလျင်အစလိုပင် ခေါင်းညိတ်ပြလျက် အတည်ပြုလိုက်သည်။

"အပြည့်အဝ သေချာပါတယ်ခင်ဗျာ။ ဒါ့အပြင် သူက လျှို့ဝှက်ဆန်းကြယ်လှတဲ့ ဆေးနတ်

ဘုရားမ ရွှယ်ချန်ချန်ရဲ့ သားဖြစ်ဖို့လည်း အင်မတန် အလားအလာ ရှိပါတယ်"

"ဆေးနတ်ဘုရားမရဲ့ သား ဟုတ်လား... ကောင်းပြီ ဒါဆိုရင် မင်း လမ်းပြစမ်း"

လူငယ်က ပြောဆိုလိုက်ပြီးနောက် သူ၏ မျက်နှာထက်တွင် ကျေနပ်နှစ်သိမ့်သည့် အပြုံးရိပ်တစ်ခု ယှက်သန်းသွားခဲ့သည်။

သို့သော်လည်း ထိုအပြုံးမှာ အလွန်တရာ ပါးလွှာသည်။

ပုစဉ်းရင်ကွဲကောင်၏ အတောင်ပံကဲ့သို့ပင်။

သူ့အနေဖြင့် တကယ့်ကို ဝမ်းမြောက်စရာ ဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့နေရခြင်း မဟုတ်သည့်အလား ခံစားချက်မျိုးကို ပေးစွမ်းနေ၏။

ထိုလူငယ်၏ အမည်မှာ ပိယွဲ့ယီဟု ခေါ်ပြီး အသက် ၁၇ နှစ်အရွယ်မျှသာ ရှိသေးကာ လက်ရှိ ပိယွဲ့မိသားစု ခေါင်းဆောင်၏ သားငယ် ဖြစ်သည်။

ပိယွဲ့ပိုင်လင်တစ်ယောက် ဇီမိုရေကန်၌ ဘဝကို အဆုံးသတ်ရန် ပြင်ဆင်နေစဉ်ကတည်းက သူသည် သူကိုယ်တိုင် ဤနေရာသို့ လာရောက်ရန် အဆိုပြုခဲ့ခြင်းပင်။

သူသည် ဇီမိုရေကန်မှနေ၍ ဤနေရာသို့ ရောက်ရှိရန် သုံးရက်တိတိ အချိန်ယူခဲ့ရသည်။

အမှန်ဆိုလျှင် နှစ်ရက်အတွင်းနှင့် ရောက်ရှိနိုင်သော်လည်း လမ်းခရီးကို ကျွမ်းကျင်မှုမရှိသဖြင့် မိစ္ဆာဘုရင်ကြီးတစ်ကောင်ပေါ်တွင် စီးနင်းလိုက်ပါလာရင်း လမ်းမေးလိုက်သည့်အချိန်တွင်မှ မိုင်ပေါင်းသောင်းချီ၍ လမ်းလွဲသွားခဲ့မှန်း သိလိုက်ရခြင်းပင်။

ယနေ့နံနက်ပိုင်းကျမှသာ သူသည် ဆန်းဝူမြို့၏ ဆင်ခြေဖုံးရပ်ကွက်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းပင်။

ရှန်းဟွာက ရှေ့မှနေ၍ လမ်းပြလိုက်ပြီး ပိယွဲ့ယီက လမ်းမပေါ်တွင် စောင့်ဆိုင်းနေသော လူနှစ်ဦးကို လှမ်း၍ ခေါ်လိုက်၏။

"ဆေးသွားတောင်းဖို့အတွက် ငါနဲ့အတူ ယွင်လန်တောင်တန်းပေါ်ကို လိုက်ခဲ့ကြ"

အနက်ရောင် လေးလံလှသော ဓားကြီးတစ်စင်းကို ကိုင်ဆောင်ထားသည့် သတ်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးက လှမ်း၍ ပြောလိုက်သည်။

"သခင်လေး... သခင်ကြီးနားမှာ လူတစ်ယောက်တော့ လိုအပ်လိမ့်မယ်။ ချန်ဇီကို ဒီမှာပဲ ထားခဲ့လိုက်ရင်ကော"

ထိုသူသည် ရိုသေနှိမ့်ချသော ပုံစံဖြင့် ပြောဆိုနေသော်လည်း သူ၏ မျက်ခုံးတန်းများအကြားတွင်မူ ထက်မြက်လှသော အရှိန်အဝါများ ကိန်းဝပ်နေချေသည်။

ပိယွဲ့ယီက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

"ကောင်းပြီ... ချန်ဇီ မင်း သခင်ကြီးကို ကာကွယ်ဖို့အတွက် ဒီမှာပဲ နေခဲ့လိုက်"

"နားလည်ပါပြီ"

ချန်ဇီဟု အမည်ရသော ထိုအမျိုးသားက ခေါင်းညိတ်ထောက်ခံလိုက်သည်။

"စီနီယာ လုယီ... ကျွန်တော်နဲ့အတူ တောင်ပေါ်ကို လိုက်ခဲ့ပါဦး"

"အင်း..."

ပိယွဲ့ယီသည် ချက်ချင်းပင် လှမ်းထွက်ခဲ့တော့ပြီး သူ၏နောက်မှနေ၍ လေးလံသော ဓားကြီးကို ကိုင်ဆောင်ထားကာ မပြုံးမရယ်နေတတ်သော လုယီက ထပ်ချပ်မကွာ လိုက်ပါလာခဲ့သည်။

သူတို့နှစ်ဦးသည် ဖုန်ထူပြီး ခြောက်သွေ့နေသော ရေကြည်လမ်းကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီးနောက် ယွင်လန်တောင်တန်း၏ အောက်ခြေဆီသို့ အရှိန်အဟုန်ဖြင့် လျှောက်လှမ်းသွားကြတော့သည်။

...

လူနေဆောင်နယ်မြေကို အဆင့်မြှင့်တင်ပြီးစဖြစ်သော ဝမ်ပင်းသည် ထပ်ဆင့်မျှော်စင်ဆီသို့ သွားရောက်ရန် ပြင်ဆင်နေစဉ် ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးသည့်အချိန်၌ စနစ်၏ သတိပေးသံ ထွက်ပေါ်လာခဲ့သည်။

"သခင်….အဆင့်မြှင့်နက်နဲသောအဆင့်တစ်ဝက်ရှိတဲ့ ကျင့်ကြံသူတစ်ဦး တောင်ခြေကို ရောက်ရှိနေပါပြီ"

"ဟင်..."

အဆင့်မြှင့်နက်နဲသောအဆင့် တစ်ဝက် ဟုတ်လား...။

ဒီလိုလူမျိုးက မသေမျိုးဂိုဏ်းဆီကို ဘာလာလုပ်တာလဲ။

ဖုန်းယွမ်မြို့သို့ သွားရောက်ခဲ့စဉ်က သူသည် အဆင့်မြှင့်နက်နဲသောအဆင့်တစ်ဝက်ရှိသော အဖိုးအိုတစ်ဦးနှင့် ကံကောင်းထောက်မစွာ ဆုံတွေ့ခဲ့ဖူးသည်။

ပုံမှန်အတိုင်းဆိုရင်... ဒီလို ထိပ်တန်းဆရာကြီးတွေက ငါတို့နေရာမျိုးကို ရောက်လာစရာ အကြောင်းကို မရှိတာ။ မဟုတ်သေးဘူး... ပိုပြီး မှန်အောင် ပြောရရင် သူတို့လို လူမျိုးတွေက ဒီ အရှေ့ဘက်ရေကန်နယ်မြေဘက်ကို ခြေဦးတောင် လှည့်ကြမယ့်သူတွေ မဟုတ်ဘူး။ ဟန်ယွန်းတစ်ယောက်ပဲ ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ကို ကြီးကြပ်ဖို့ လိုနေလို့သာ ဒီလို ခေါင်းပါးတဲ့ အရှေ့ဘက်ရေကန်မှာ အောင့်အည်းပြီး နေနေတာ။

အခုတော့ အဆင့်မြှင့်နက်နဲသောအဆင့်တစ်ဝက် ကျင့်ကြံသူကြီးတစ်ယောက်က ငါ့ကို တကူးတက လာရှာနေတယ်ပေါ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ တင်းယွီမျှော်စင်ကို အဆင့်မြှင့်နေတဲ့ အချိန်နဲ့လည်း ကွက်တိ သွားတိုးနေတယ်...

ဝမ်ပင်းက မျက်မှောင်ကုတ်ရင်း မေးလိုက်သည်။

"သူတို့က ငါ့ဆီ ပြဿနာလာရှာတာများလား"

စနစ်က ပြန်ဖြေသည်။

"လာတဲ့သူ့ဆီကနေ ဘာရန်လိုတဲ့ အငွေ့အသက်မျိုးမှ မခံစားရပါဘူးခင်ဗျာ"

ထိုစကားကို ကြားလိုက်ရသောအခါတွင်မှ ဝမ်ပင်းသည် စိတ်ဝင်စားသွားတော့သည်။

"ဒါက..."

ပိယွဲ့ယီသည် ကျောက်တုံးလှေကားထစ်များပေါ်ရှိ လူများကို ကြည့်ကာ အနည်းငယ် အံ့ဩသွားမိသည်။

ဘာဖြစ်လို့ ဒီကျောက်တုံးလှေကားထစ်တွေပေါ်မှာ လူအများကြီးက ပြုံးနေကြတာလဲ...

အချို့ဆိုလျှင် ငိုပင်ငိုနေကြသေးသည်။

ရှေ့နားက လူတစ်ယောက်ဆိုလျှင်လည်း ဘာအကြောင်းပြချက်မှမရှိဘဲ ဒေါသတကြီး ဖြစ်နေပြန်သည်။

ပိယွဲ့ယီသည် သူတို့ ဘာလုပ်နေကြသည်ကို နားမလည်နိုင်သဖြင့် သူ၏နောက်မှ လုယီကို အလျင်အစလို လှမ်းမေးလိုက်၏။

"စီနီယာ... သူတို့တွေ ဘာဖြစ်နေကြတာလဲ"

"အဆင့်မြင့်နက်နဲသောအဆင့်... အလယ်အလတ်နက်နဲသောအဆင့်... အဆင့်နိမ်နက်နဲသောအဆင့်... ဒီနေရာမှာ နက်နဲသောအဆင့်ကျင့်ကြံသူတွေ ဒီလောက်တောင် အများကြီးရှိနေတာ။ ငါလည်း သေချာဝေခွဲမရဖြစ်နေတယ်"

အကယ်၍ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်က လူအချို့သာ ဤနေရာတွင် ရူးကြောင်ကြောင် လုပ်နေကြခြင်းဖြစ်ပါက သူသည် သူတို့အား အရူးများဟု ဧကန်မုချ သတ်မှတ်မိပေလိမ့်မည်။

သို့သော် ယခုမူ အဆင့်မြင့်နက်နဲသောအဆင့် ကျင့်ကြံသူတစ်ဦးပင် ဤနေရာတွင် ရှိနေသဖြင့် သူတို့အား အရူးများဟု သူ လွယ်လွယ်နှင့် မခေါ်ဆိုရဲပေ။

"သူတို့အားလုံးက နက်နဲသောအဆင့်က လူတွေချည်းပဲလား"

"တချို့ကတော့ ဟုတ်တယ်"

လုယီက ချက်ချင်းပင် ဆက်လက်သတိပေးလိုက်၏။

"သခင်လေး... တောင်ပေါ်ကို တက်တဲ့အခါ သတိထားပါ ဒီနေရာမှာ ထူးဆန်းတဲ့ အရာတစ်ခုခု ရှိနေနိုင်တယ်"

"မျှော်လင့်ထားတဲ့အတိုင်းပဲ... တစ်ချိန်က ဆေးနတ်ဘုရားမ လာရောက်ခဲ့ဖူးတဲ့ ဂိုဏ်းက တကယ့်ကို သာမန်မဟုတ်ပါဘူး။ အဆင့်မရှိတဲ့ ဂိုဏ်းငယ်လေးတစ်ခု ဖြစ်နေပေမဲ့လည်း အဆင့်မြင့်နက်နဲသောအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဒီမှာ မြင်တွေ့နိုင်သေးတာပဲ"

ပိယွဲ့ယီက ပြုံးလိုက်ပြီးနောက် ယွင်လန်တောင်တန်းပေါ်သို့ တိုက်ရိုက် ဆက်လက်တက်လှမ်းခဲ့တော့သည်။

သူ တောင်ထိပ်သို့ ရောက်ရှိသွားချိန်တွင် ဝမ်ပင်းသည်လည်း အချိန်ကိုက်ပင် ရောက်ရှိလာခဲ့ရာ ရှန်းဟွာသည် ဝမ်ပင်းကို မြင်သည်နှင့်တစ်ပြိုင်နက် အလျင်အစလို ရှေ့သို့တိုးကာ လက်သီးဆုပ်လျက် အရိုအသေပေးရင်း ပြောလိုက်သည်။

"ဂိုဏ်းချုပ်ဝမ်... ကျွန်တော်တို့ မျှော်လင့်တကြီးနဲ့ စောင့်ဆိုင်းနေခဲ့တာ နောက်ဆုံးတော့ ဂိုဏ်းချုပ် ပြန်ရောက်လာခဲ့ပြီပဲ"

"မင်းတို့မှာ တစ်ခုခု လိုအပ်လို့လား"

ဝမ်ပင်း၏ အကြည့်သည် ထိုလူငယ်ထံသို့ ကျရောက်သွားခဲ့သည်။

ဤလူသုံးဦးထဲတွင် ခေါင်းဆောင်မှာ ထိုလူငယ်ဖြစ်ပြီး အဆင့်မြှင့်နက်နဲသောအဆင့်တစ်ဝက် ကျင့်ကြံသူကြီးမှာမူ အစေခံတစ်ဦးကဲ့သို့ ဘေးမှ လိုက်ပါလာခြင်းသာ ဖြစ်ကြောင်း အထင်အရှား မြင်တွေ့နေရသည်။

"ဟုတ်ကဲ့... ရှိပါတယ်ခင်ဗျာ"

ရှန်းဟွာက အားတက်သရော ခေါင်းညိတ်ပြလိုက်ပြီးနောက် ပိယွဲ့ယီဘက်သို့ လှည့်ကာ မိတ်ဆက်ပေးလိုက်၏။

"ဂိုဏ်းချုပ်ဝမ်... ဒါက ကျွန်တော်တို့ ပိယွဲ့မိသားစုရဲ့ သခင်လေးပါ။ စီနီယာဖျောင်လင်းရဲ့ ဆွေမျိုးလည်း တော်စပ်ပြီး ဂိုဏ်းချုပ်ဝမ်ကို အကူအညီတစ်ခု တောင်းခံချင်လို့ပါ"

ဝမ်ပင်း စကားမဆိုရသေးမီမှာပင် ပိယွဲ့ယီက ကြားဖြတ်၍ နှုတ်ဆက်လိုက်သည်။

"ဂိုဏ်းချုပ်ဝမ်... လာရောက်နှောင့်ယှက်မိတဲ့အတွက် ခွင့်လွှတ်ပါ"

ပိယွဲ့ယီသည် သူ၏ဓားကို ကိုင်ဆောင်လျက် အလွန်တရာ ယဉ်ကျေးပျူငှာစွာ အရိုအသေပေးလိုက်၏။

ဤမျှ ယဉ်ကျေးလှသောသူနှင့် ရင်ဆိုင်ရသဖြင့် ဝမ်ပင်းသည်လည်း သဘာဝကျစွာပင် လက်သီးဆုပ်လျက် ပြန်လည်နှုတ်ဆက်ကာ မေးလိုက်သည်။

"သခင်လေး... ဇီမိုရေကန်ကနေ ဒီလောက်ဝေးတဲ့နေရာအထိ ဘာကိစ္စများ ရှိလို့လဲ"

ပိယွဲ့ယီသည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ပြုံးလျက် မေးခွန်းထုတ်လိုက်၏။

"ဂိုဏ်းချုပ်ဝမ်... ကျွန်တော်တို့ ဒီနေရာမှာတင် စကားပြောကြမလို့လား"

ငါကပဲ အထင်ကြီးမိတာပါ။ ငါနဲ့ သက်တူရွယ်တူလောက်ပဲ ရှိသေးတဲ့ ဒီဂိုဏ်းချုပ်က အဆင့်အတန်းရှိရှိ ယဉ်ကျေးပျူငှာမယ့်လူလို့ ထင်နေတာ အခုတော့ လုံးဝ မဟုတ်တော့ဘူး။ ဘာပဲပြောပြော ငါက ကြယ်သုံးပွင့်အဆင့်ရှိတဲ့ အင်အားစုကြီးတစ်ခုရဲ့ သခင်လေးပဲဥစ္စာ။ အနည်းဆုံးတော့ ငါ့ကို ဧည့်ဝတ်ကျေကျေပွန်ပွန် ဆက်ဆံသင့်တာ မဟုတ်ဘူးလား။ အခုတော့ဖြင့် ပင်မဆောင်ထဲကိုတောင် ပေးမဝင်ဘဲ ဒီအပြင်က ဖုန်တထောင်းထောင်းနဲ့ ဆောက်လက်စ ကွင်းပြင်ကြီးထဲမှာ ရပ်ပြီး စကားပြောခိုင်းနေတာ ဒါ ငါ့ကို သက်သက် စော်ကားနေတာလား ဘာသဘောလဲ

ဝမ်ပင်းက အားနာဟန်ဖြင့် ရယ်မောလိုက်မိပြီး သူကိုယ်တိုင်လည်း အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရသည်။

ဤနေရာတွင် ရပ်၍ စကားပြောနေခြင်းမှာ တကယ်ကို မသင့်တော်လှချေ။

အထူးသဖြင့် အဆင့်မြှင့်နက်နဲသောအဆင့်တစ်ဝက် ကျင့်ကြံသူတစ်ဦး ဘေးမှ လိုက်ပါလာသည်ဖြစ်ရာ အမြင့်ဆုံးအဆင့် ဧည့်ခံပွဲမျိုးဖြင့် မကြိုဆိုနိုင်လျှင်ပင် အနည်းဆုံးတော့ ထိုင်ခုံတွင် ထိုင်၍ စကားပြောဆိုရန် လိုအပ်သည်။

ဝမ်ပင်းက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီးနောက် ကွင်းပြင်အပြင်ဘက်တွင် ဦးလေးဝမ် ထိုင်နေသော ကျောက်တုံးခုံတန်းလေးဆီသို့ လက်ညှိုးထိုးပြလျက် ပြောလိုက်သည်။

"ဟိုဘက်မှာ သွားပြီး စကားပြောကြရအောင်"

ပြောပြောဆိုဆိုဖြင့် ဝမ်ပင်းသည် ထိုဘက်သို့ ဦးတည်ကာ လျှောက်လှမ်းသွားခဲ့တော့သည်။

"ဦးလေးဝမ်... ခဏလောက် ဟိုဘက် ဒီဘက် လမ်းလျှောက်ပေးလို့ ရမလား ကျွန်တော် ဒီမှာ စကားပြောစရာလေး ရှိလို့ပါ"

"ဪ... ရတာပေါ့"

ဦးလေးဝမ်သည် သူထုဆစ်နေသော သစ်သားရုပ်တုလေးကို ကောက်ယူကာ ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။

ဦးလေးဝမ် ထွက်သွားသည်နှင့် ဝမ်ပင်းက ပိယွဲ့ယီကို လှမ်း၍ ပြောလိုက်သည်။

"သခင်လေး... ကျေးဇူးပြုပြီး ထိုင်ပါဦး"

"မင်း..."

လုယီသည် မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏ မျက်နှာထက်တွင် ဒေါသရိပ်များ ယှက်သန်းလာခဲ့သည်။ သူ ရှေ့သို့ လှမ်းတက်ရန် ပြင်လိုက်စဉ်မှာပင် ပိယွဲ့ယီက လက်တစ်ဖက်ဖြင့် လှမ်း၍ တားဆီးလိုက်၏။ လုယီသည် သူ၏ သခင်လေး၏ အလိုကို နားမလည်သဖြင့် လှည့်ကြည့်လိုက်ရာ ပိယွဲ့ယီက ခေါင်းခါပြနေသည်ကို မြင်တွေ့လိုက်ရသည်။

သူ နားလည်လိုက်သည်မှာ နောက်သို့ ဆုတ်နေရန် ဆိုလိုခြင်းပင်။

သူသည် ဝမ်ပင်းကို အေးစက်စက် တစ်ချက် စူးစိုက်ကြည့်လိုက်ပြီးနောက် ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ ပိယွဲ့ယီ၏ နောက်ကွယ်တွင် ပြန်လည်ရပ်တန့်နေလိုက်တော့သည်။

"ကောင်းပါပြီ"

ပိယွဲ့ယီက မချိပြုံး ပြုံးလျက် ရှေ့သို့ လှမ်းထွက်ခဲ့သည်။

သို့သော်လည်း လုယီ၏ ရင်ထဲ၌မူ မကျေမနပ် ဖြစ်နေဆဲပင်။ သူ ဤနေရာသို့ လာခဲ့ရသည့် ရည်ရွယ်ချက်မှာ ပိယွဲ့ပိုင်လင်ကို ကယ်တင်ရန်အတွက် မဟုတ်ပေ။

သူသည် ပိယွဲ့ပိုင်လင်ကို မိသားစုဆီသို့ ပြန်လည်ခေါ်ဆောင်သွားရန်အတွက်သာ လာခဲ့ခြင်းပင်။

၎င်းမှာ ရုပ်အလောင်းတစ်ခုမျှသာ ဖြစ်နေပါစေ ပိယွဲ့မိသားစု၏ လူများသည် ဤကဲ့သို့သော ခြောက်သွေ့ရိုင်းစိုင်းလှသည့် နယ်မြေတွင် မြေမြှုပ်သင်္ဂြိုဟ်ခြင်းကို မခံယူသင့်ပေ။

ထို့ကြောင့် သူသည် ဤမသေမျိုးဂိုဏ်းသို့ လာရောက်ကာ သူ၏ ဂုဏ်သိက္ခာကို နှိမ့်ချရန် လုံးဝ အလိုမရှိခဲ့ခြင်းပင်။

သခင်ကြီးကို ကယ်တင်ရန် ကိစ္စနှင့် ပတ်သက်လာလျှင်မူ မျှော်လင့်ချက် လုံးဝ မရှိတော့ချေ။ ပိယွဲ့မိသားစုသည် င်္သချိုင်းအဆိပ်များကို ဖယ်ရှားနိုင်သည်ဟု ကောလာဟလ ထွက်နေသော ဝိညာဉ်အစားအစာကုန်ကြမ်းဆယ်စုထက်မကကို စုဆောင်းထားခဲ့သော်လည်း မည်သည့် ဝိညာဉ်အစားအစာကျွမ်းကျင်သူမျှ ၎င်းကို ချက်ပြုတ်ဖန်တီးနိုင်ခြင်း မရှိခဲ့ကြပေ။

ဇီမိုရေကန် နယ်မြေကြီးမှာ အလွန်တရာ ကျယ်ပြောလှပြီး ထူးချွန်ထက်မြက်သူ အမြောက်အမြား ရှိနေပါလျက်နှင့်ပင် သင်းချိုင်းအဆိပ်ကို ဖယ်ရှားနိုင်မည့် ဟင်းလျာမျိုး ချက်ပြုတ်နိုင်မည့် ဆရာတစ်ဦးမျှ ရှာမတွေ့ခဲ့ချေ။

ဤကဲ့သို့သော နေရာမျိုးတွင်မူ ယင်းမှာ ပို၍ပင် မဖြစ်နိုင်တော့ကြောင်း သူ အပိုင်တွက်ထားလိုက်တော့သည်။

အခန်း ၂၃၀

ကျောက်တုံးခုံတန်းပေါ်တွင် ဝင်ထိုင်လိုက်ပြီးနောက် ပိယွဲ့ယီသည် အတွေးများစွာဖြင့် အချိန်မဆွဲတော့ရန် ဆုံးဖြတ်လိုက်သည်။

ဤကဲ့သို့သော နေရာမျိုးသို့ ရောက်ရှိနေပြီဖြစ်ရာ လိုရင်းကိုသာ တိုက်ရိုက်ပြောဆိုခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။

"ဂိုဏ်းချုပ်ဝမ်... ကျွန်တော် ဂိုဏ်းချုပ်ရဲ့ အကူအညီကို တောင်းခံချင်လို့ပါ"

"မင်းမှာ ငါနဲ့ ဆွေးနွေးစရာ ရှိလို့လား"

"မင်းရဲ့နောက်မှာ အဆင့်မြှင့်နက်နဲသောအဆင့်တစ်ဝက်ကျင့်ကြံသူကြီးတစ်ယောက်လုံး ကျောက်ရုပ်လို မတ်တပ်ရပ်ပြီး ဝန်းရံပေးထားတာလေ။

အဲဒီလို အခြေအနေမျိုးနဲ့... မင်းက ငါ့ဆီမှာ အကူအညီလာတောင်းနေတယ် ဟုတ်လား။ ဒါ... ငါ့ကို ပြက်လုံးလာထုတ်နေတာ မဟုတ်ရင် ဘာလဲ"

ပိယွဲ့ယီက ဆက်လက်၍ ပြောလိုက်သည်။

"ဒီလိုပါ ဂိုဏ်းချုပ်ဝမ်... ဂိုဏ်းချုပ်နဲ့ ဆေးနတ်ဘုရားမ ရွှယ်ချန်ချန်တို့ကြားမှာ ဘာပတ်သက်မှု ရှိလဲဆိုတာကို ကျွန်တော် သိပါရစေ"

"ရွှယ်ချန်ချန် ဟုတ်လား... တစ်ခါမှ မကြားဖူးပါဘူး"

သူ့အမေ၏ အမည်မှာ လုံရွှယ်ဖြစ်သည်။

သူမသည် ဆေးနတ်ဘုရားမ ရွှယ်ချန်ချန် ဟုတ်မဟုတ်ဟူသည်ကိုမူ သူ အမှန်တကယ်ပင် စူးစမ်းလိုစိတ် မရှိပေ။

လူတိုင်းမှာ အတိတ်က အစွမ်းထက်တဲ့ နောက်ခံသမိုင်းကြောင်းတစ်ခုစီ ရှိနေတတ်ကြတာပဲဟာ။

ဝမ်ပင်း၏ အေးစက်စက် အဖြေကို ကြားလိုက်ရသောအခါ ပိယွဲ့ယီက မျက်မှောင်ကြုတ်သွားမိသည်။

"ဂိုဏ်းချုပ်ဝမ်... ဂိုဏ်းချုပ်တို့က တကယ်ပဲ ရွှယ်ချန်ချန်နဲ့ မသိကျွမ်းကြတာလား"

ဝမ်ပင်းက တည်ငြိမ်စွာပင် ပြန်လည်တုံ့ပြန်လိုက်၏။

"ဒီလို ပျင်းစရာကောင်းတဲ့ မေးခွန်းတွေကို ဒီတင်ပဲ ရပ်လိုက်လို့ ရမလား"

"တောင်းပန်ပါတယ်"

ပိယွဲ့ယီသည် ချက်ချင်းပင် ရှန်းဟွာကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ရှန်းဟွာက ပိယွဲ့ယီ၏ အဓိပ္ပာယ်ကို နားလည်သဖြင့် အလျင်အစလိုပင် ခေါင်းညိတ်ပြလိုက်၏။ ထိုအခါမှသာ ပိယွဲ့ယီသည် စိတ်သက်သာရာရသွားဟန်ဖြင့် ဝမ်ပင်းဘက်သို့ ပြန်လှည့်ကာ ပြောလိုက်သည်။

"ဂိုဏ်းချုပ်ဝမ်... ဂိုဏ်းချုပ်က ဝိညာဉ်ဟင်းလျာတွေကို ချက်ပြုတ်နိုင်တယ်လို့ ကျွန်တော် ကြားသိရပါတယ်။ ကျွန်တော့်မှာ ဝိညာဉ်ဟင်းလျာချက်နည်းတစ်ခု ရှိပြီး လိုအပ်တဲ့ ကောင်းကင်ဘုံ ကုန်ကြမ်းတွေနဲ့ ရတနာတွေအားလုံးကိုလည်း အသင့်ပြင်ဆင်လာခဲ့ပါတယ်။ ဂိုဏ်းချုပ်အနေနဲ့ ဒါကို ချက်ပြုတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ အကယ်၍ အောင်မြင်ခဲ့မယ်ဆိုရင် ဉာဏ်ပူဇော်ခအဖြစ် အဖြူရောင်သလင်းကျောက် ၅၀ ပေးအပ်မှာပါ"

ပိယွဲ့ယီ၏ စကားကို ကြားလိုက်ရသောအခါတွင်မူ ဝမ်ပင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

သူ ထင်မှတ်ထားသည့်အတိုင်းပင် ဤအရာအားလုံးမှာ ပိယွဲ့ပိုင်လင်၏ ကိစ္စအတွက်ပင်။

အခြေအနေအရဆိုလျှင် ပိယွဲ့ပိုင်လင်သည် အသက်ရှင်ရန် အချိန်အများကြီး မကျန်တော့ချေ။ ဇီမိုရေကန် နယ်မြေတစ်ခုလုံးတွင် င်္သချိုင်းအဆိပ်ကို ဖယ်ရှားပေးနိုင်မည့် ဝိညာဉ်အစားအစာပညာရှင်တစ်ဦးမျှ ရှာမတွေ့ခဲ့သောကြောင့်သာ ပိယွဲ့မိသားစုအနေဖြင့် သူ့ကို ဤမျှကြီးမားသော တန်ဖိုးတစ်ခုပေးကာ လာရောက်တောင်းဆိုနေခြင်း ဖြစ်ပေလိမ့်မည်။

အဖြူရောင်သလင်းကျောက် ၅၀ ဆိုသည်မှာ တကယ်ကို မနည်းလှသော ပမာဏပင်။

ကောင်းကင်ဘုံ ကုန်ကြမ်းများနှင့် ရတနာများအားလုံး အသင့်ရှိနေသည်ဖြစ်ရာ ထိုမွေးရာပါ သင်းချိုင်းအဆိပ်ကို မည်သည့်အရာက ဖယ်ရှားပေးနိုင်မလဲဟူသည်ကို သူ စိတ်ဝင်စားသွားမိသည်။

"ဪ... ဒါဆို ငါ့ကို အဲဒီစာရင်းကို တစ်ချက်လောက် ပြပေးမလား မွေးရာပါ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်မယ့် အရာက ဘာဖြစ်မလဲဆိုတာကို ငါ တကယ်ပဲ သိချင်မိလို့ပါ"

ဝမ်ပင်း စကားဆုံးသွားသောအခါ ပိယွဲ့ယီသည် အတိုင်းထက်အလွန် ဝမ်းမြောက်သွားခဲ့သည်။

ဂိုဏ်းချုပ်ဝမ်ပင်းက မွေးရာပါအဆိပ်အတောက်အကြောင်းကို ဒီလောက်အထိ အပိုင်သိနေမှတော့... ငါတို့အဘိုးကြီး ဘာအဆိပ်မိနေလဲဆိုတာကိုလည်း သူ သေချာပေါက်သိနေမှာပဲ။ ရှန်းဟွာ ပြောတာတော့ ဝမ်ပင်းဆီကို ဒီအဆိပ်အကြောင်း ဘာတစ်ခုမှ ကြိုတင်အကြောင်းကြားထားတာ မရှိဘူးဆိုတာ သေချာတယ်။ အဲဒါကို သူက တန်းသိနေတာပဲ... ဒါကို ကြည့်ရင် ဝမ်ပင်းရဲ့ ဝိညာဉ်အစားအစာပညာရှင် အစွမ်းက အပြောတင်မဟုတ်ဘဲ တကယ့်အစစ်အမှန်ကြီးပဲ။ ငါတို့ အဘိုးကြီးတော့ ကယ်တင်ရှင်တွေ့ပြီပဲ

ပိယွဲ့ယီသည် သူ၏ သိုလှောင်လက်စွပ်ထဲမှနေ၍ စာရင်းတစ်ခုကို အလျင်အစလို ထုတ်ယူလိုက်၏။

"ကောင်းကင်ဘုံ ကုန်ကြမ်းတွေနဲ့ ရတနာတွေအားလုံးကို လုံခြုံအောင် ပိတ်ဆို့ထားပါတယ်။ အခုအချိန်မှာ အပြင်ကို ထုတ်လိုက်ရင် သူတို့ရဲ့ ဝိညာဉ်ချီစွမ်းအင်တွေ ဆုံးရှုံးသွားနိုင်လို့ပါ၊ ဂိုဏ်းချုပ်ဝမ်... ဒါကတော့ အဲဒီကုန်ကြမ်းတွေရဲ့ စာရင်းဖြစ်ပြီး အသေးစိတ်ကို ရှင်းရှင်းလင်းလင်း ရေးသားထားပါတယ်"

ဝမ်ပင်းသည် ထိုစာရင်းကို လှမ်းယူကာ အသေအချာ စစ်ဆေးကြည့်ရှုလိုက်သည်။

"အပွင့်မဲ့အသီး..."

"အရောင်မဲ့ပန်း..."

"အမြစ်မဲ့မြက်..."

"နှလုံးမဲ့သားရဲ..."

...

၎င်းတို့အားလုံးမှာ အခြေခံအကျဆုံး ပုံစံများမှ ကွဲထွက်နေသော ကောင်းကင်ဘုံ ကုန်ကြမ်းများနှင့် ရတနာများ ဖြစ်ကြသည်။

စာရင်းကို ကြည့်လိုက်ရုံမျှဖြင့် ဝမ်ပင်းသည် ၎င်းတို့၏ တန်ဖိုးကို ခန့်မှန်းနိုင်သည်။ ထိုကောင်းကင်ဘုံ ကုန်ကြမ်းအများစုမှာ သူ တစ်ခါမျှပင် မကြားဖူးသော အရာများဖြစ်ကြပြီး ပထမဆုံးအကြိမ် ကြည့်လိုက်ရုံမျှဖြင့် အလွန်တရာ အစွမ်းထက်လှသည်ဟု ထင်မှတ်ရသည်။

သို့သော်လည်း စနစ်က သူ့ကို ပြောပြထားသည်မှာ ကျန့်မုကမ္ဘာသစ်ပင်၏ အရွက်များမှလွဲ၍ အခြားမည်သည့်အရာကမျှ ထိုသင်းချိုင်းအဆိပ်ကို မဖယ်ရှားနိုင်ဘူးဟူ၍ပင်။

တစ်လောကလုံးတွင် ရှိသမျှသော ကျန့်မုကမ္ဘာသစ်ပင် ၁၆ ပင်စလုံးမှာ ယွင်လန်တောင်တန်း၏ နောက်ကျောဘက်တောင်ကုန်းပေါ်တွင်သာ ပေါက်ရောက်နေခြင်းပင်။

ဝမ်ပင်းသည် ထိုစာရင်းကို ပြန်လည်ချထားလိုက်ပြီးနောက် ပြောပြောလိုက်သည်။

"ပစ္စည်းတွေကတော့ အင်မတန် ကောင်းမွန်ပါတယ်... ဒါပေမဲ့ စိတ်မကောင်းစရာပဲ..."

ပိယွဲ့ယီက အလျင်အစလို မေးမြန်းလိုက်သည်။

"စိတ်မကောင်းစရာပဲ ဟုတ်လား... ဘာဖြစ်လို့လဲခင်ဗျာ"

"စိတ်မကောင်းစရာကတော့... ဒီအရာတွေက ဘာမှ အသုံးမဝင်ပါဘူး။ သူတို့က သင်းချိုင်းအဆိပ်ကို လုံးဝ မဖယ်ရှားပေးနိုင်ပါဘူး"

ဝမ်ပင်းက တည်ငြိမ်စွာပင် တုံ့ပြန်လိုက်ပြီး ထိုစာရင်းကို ပိယွဲ့ယီ၏ ရှေ့သို့ ပြန်လည်တွန်းပို့ပေးလိုက်ရင်း ပြောလိုက်သည်။

"ဒီလိုအရာမျိုးကို မင်းတို့ ဘယ်ကနေ ရလာခဲ့လဲဆိုတာတောင် ငါ မတွေးတတ်တော့ဘူး"

ပိယွဲ့ယီက အလျင်အစလို ရှင်းပြသည်။

"ကျွန်တော်တို့ ဒါကို ဇီမိုရေကန်ရဲ့ အကြီးဆုံး လေလံပွဲကနေ ရရှိခဲ့တာပါ အဲဒါက သင်းချိုင်းအဆိပ်ကို အထူးဖယ်ရှားပေးနိုင်တဲ့ ရှေးဟောင်းဆေးနည်းပါ။ အသုံးမဝင်ဘူးဆိုတာ မဖြစ်နိုင်တာမို့... ဂိုဏ်းချုပ်ဝမ် အသေအချာ ပြန်ကြည့်ပေးပါဦး"

"အကယ်၍ မင်းတို့က မယုံကြည်ဘူးဆိုရင်လည်း ငါ ဘာမှ မတတ်နိုင်ဘူး။ မင်းရဲ့ဘေးက အဆင့်မြှင့်နက်နဲသောအဆင့်တစ်ဝက်ကျင့်ကြံသူကိုပဲ မေးကြည့်လိုက်ပါ။ ဒီကျင့်ကြံခြင်းအဆင့်ကို ရောက်နေတဲ့သူဆိုရင် ဇီမိုရေကန်မှာရှိတဲ့ နာမည်ကြီး ဝိညာဉ်အစားအစာပညာရှင်တွေနဲ့ အများကြီး ကြုံတွေ့ဖူးမှာပါ။ မင်းတို့မှာ ကုန်ကြမ်းအားလုံး ရှိနေပါလျက်နဲ့ ဘာဖြစ်လို့ အောင်မြင်အောင် မချက်ပြုတ်နိုင်ကြတာလဲ... ဒီအချက်ကတင် အဖြေကို အထင်အရှား ပြသနေပြီ မဟုတ်ဘူးလား"

ဝမ်ပင်းသည် ပြောဆိုပြီးနောက် ကျောက်တုံးခုံတန်းမှနေ၍ တိုက်ရိုက် မတ်တပ်ရပ်လိုက်တော့သည်။

ပိယွဲ့ယီသည် သူ၏နောက်ကွယ်မှ လုယီကို လှည့်ကြည့်လိုက်ရာ ၎င်းမှာ နှုတ်ဆိတ်နေဆဲဖြစ်သည်ကို မြင်တွေ့ရသဖြင့် ဝမ်ပင်းကို ထပ်မံမေးမြန်းလိုက်၏။

"ဂိုဏ်းချုပ်ဝမ်... ဘယ်သူမှ ချက်ပြုတ်နိုင်မှာမဟုတ်ဘူးဆိုတာကို ဂိုဏ်းချုပ်က ဘယ်လိုလုပ် သိနေတာလဲ"

ဝမ်ပင်းက အေးစက်စက်ပင် ပြန်ဖြေခဲ့သည်။

"အကယ်၍ သူတို့သာ ချက်ပြုတ်နိုင်ခဲ့ရင်... မင်းတို့တွေ ငါ့ကို ရှာဖို့ ဒီနေရာအထိ ရောက်လာကြမှာ မဟုတ်ဘူးလေ"

ထိုသို့ ပြောဆိုပြီးနောက် ဝမ်ပင်းသည် ပိယွဲ့ပိုင်လင်၏ မျက်နှာနှင့် သူတို့ ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့စဉ်က မြင်ကွင်းကို ပြန်လည်တွေးတောမိလိုက်သည်။

သေခါနီးအချိန်သို့ ရောက်ရှိနေသော ထိုလူအိုကြီးက အင်မတန် ရိုးသားဖြူစင်သော နှလုံးသားကို ပြသခဲ့ဖူးသည်။

သူတို့သည် အချို့သော ကိစ္စရပ်များကြောင့် လိမ်ညာလှည့်ဖြားခြင်းမျိုး ပြုလုပ်နိုင်သော်လည်း သူတို့၏ နောက်ဆုံးအချိန် အနည်းငယ်ကိုမူ သူတို့၏ အသိစိတ်နှင့် ဆန့်ကျင်သော သူငယ်ချင်းတုများ ရှာဖွေရင်း ကုန်လွန်စေလိမ့်မည် မဟုတ်ပေ။

ပိယွဲ့ပိုင်လင်သည် သေခြင်းတရားနှင့် ရင်ဆိုင်နေရသည့်တိုင်အောင် ပထမဦးစွာ ဤနေရာသို့ လာရောက်ကာ မိတ်ဆွေဖွဲ့ခဲ့ခြင်းပင်။

သူ့အပေါ်တွင် အလေးအနက်ထား ဆက်ဆံခဲ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သဖြင့် ဝမ်ပင်းအနေဖြင့် သူကိုယ်တိုင် ပါဝင်ကူညီရန် တကယ်ပဲ လိုအပ်နေပြီဟု ခံစားမိလိုက်သည်။

ထို့အပြင် နောက်ထပ် အကြောင်းပြချက်တစ်ခုမှာမူ လက်ရှိတွင် သူသည် ငွေကြေး အလွန်တရာ လိုအပ်နေခြင်းကြောင့်ပင် ဖြစ်ပေတော့သည်။

ယွီမိုကို ကယ်တင်ခဲ့စဉ်က သူသည် ပထမဆုံးသော ဓနဥစ္စာအမြောက်အမြားကို ရရှိခဲ့ပြီး ယင်းက မသေမျိုးဂိုဏ်း တိုးတက်စည်ပင်လာစေရန် လျင်မြန်စွာ အထောက်အကူပြုခဲ့သည်။ ယခု ပိယွဲ့ပိုင်လင်ကို ကယ်တင်ခြင်းသည်လည်း သူ့အတွက် အရှုံးပေါ်မည့် ကိစ္စမျိုး ဖြစ်လာလိမ့်မည်မဟုတ်ချေ။

ထိုသို့ တွေးတောပြီးနောက် ဝမ်ပင်းသည် လမင်းဖက်ထုပ်အတွက် လိုအပ်သော ကုန်ကြမ်းစာရင်းကို ထုတ်ယူလိုက်ပြီး ပိယွဲ့ယီအား လှမ်း၍ ပြောလိုက်သည်။

"ဒီလိုလုပ်ရအောင်... ငါပဲ လူကောင်းလုပ်ပေးလိုက်ပါ့မယ်။ ဒီနေ့ပဲ ဒီစာရင်းထဲမှာပါတဲ့ ပစ္စည်းတွေကို သွားဝယ်ပြီး အမြန်ဆုံး ပို့ပေးလိုက်ပါ။ မနက်ဖြန်မနက်ကျရင် ဝိညာဉ် ဟင်းလျာကို လာယူဖို့ တောင်ပေါ်ကို တက်ခဲ့လိုက်တော့။ င်္သချိုင်းအဆိပ်ကို ဖယ်ရှားဖို့အတွက် ပြဿနာရှိမှာ မဟုတ်ပါဘူး"

"ဂိုဏ်းချုပ်ဝမ်... ဂိုဏ်းချုပ်မှာ တကယ်ပဲ နည်းလမ်းရှိတာလား"

ပိယွဲ့ယီသည် ချက်ချင်းပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရသည်။

မသိမသာ အားလျော့နေခဲ့သော စိတ်အစုံမှာလည်း ရုတ်တရက်ပင် ရှင်းလင်းလင်းလင်း ဖြစ်သွားခဲ့သည်။

သူ စာရင်းကို မဖတ်ရသေးမီမှာပင် ဝမ်ပင်းက ဆက်လက်၍ ပြောလိုက်သည်။

"ငါ့ရဲ့ ဝိညာဉ်အစားအစာက တစ်ကြိမ်တည်းနဲ့ အမြစ်ပြတ် ပျောက်ကင်းသွားအောင်တော့ မလုပ်ပေးနိုင်ဘူး။ ဒါပေမဲ့ စီနီယာဖျောင်လင်းရဲ့ အသက်ကိုတော့ အခုချက်ချင်း ဆွဲထိန်းပေးထားနိုင်ပါတယ်။ တစ်ပွဲကို အဖြူရောင်သလင်းကျောက် ၁၀ တုံး ကျသင့်မှာဖြစ်ပြီး... မင်းတို့ လိုချင်တယ်ဆိုရင် မနက်ဖြန် လာယူပါ။ မလိုချင်ဘူးဆိုရင်လည်း ဒီအတိုင်းပဲ ထားလိုက်ပါတော့"

"လိုချင်ပါတယ်ခင်ဗျာ"

ပိယွဲ့ယီက ချက်ချင်းပင် ခေါင်းညိတ်ထောက်ခံလိုက်သည်။

သို့သော် သူ၏ဘေးမှ လုယီကမူ အလျင်အစလို တားဆီးရန် ပြင်လိုက်၏။

"သခင်လေး... ကျွန်တော်တို့ ဝယ်လာခဲ့တဲ့ ဆေးနည်းတွေတောင် အသုံးမဝင်ခဲ့တာကို ဒီလူကကျတော့..."

"မသေမျိုးဂိုဏ်းက ဒီနေရာမှာတင် ရှိနေတာပဲ။ ဘယ်မှ ထွက်ပြေးမှာ မဟုတ်ဘူး၊ အဖြူရောင်သလင်းကျောက် ၁၀ တုံးလေးအတွက်နဲ့ သူရဲ့ ဂိုဏ်းတစ်ခုလုံး အမြစ်ပြတ် ချေမှုန်းခံရမယ့်အဖြစ်မျိုးကို ဘယ်သူကများ လိုလားမှာလဲ"

ပိယွဲ့ယီက တည်ငြိမ်စွာပင် တုံ့ပြန်လိုက်သည်။

လုယီပင် ပြောစရာစကားပျောက်သွားရတော့၏။

ထိုစကားကို ပြန်လည်ချေပရန် မည်သည့်အကြောင်းပြချက်မျှ သူ အမှန်တကယ်ပင် ရှာမတွေ့ခဲ့ချေ။

ဤနေရာသို့ ရောက်ရှိလာပြီးနောက် ဝမ်ပင်းကလည်း ဧည့်သည်များကို ပြန်လည်နှုတ်ဆက်လိုက်၏။

"ကောင်းပါပြီ... ငါ့မှာ တခြားလုပ်စရာ ကိစ္စတွေ ရှိသေးလို့ မင်းတို့ကို ဆက်ပြီး မဖိတ်ခေါ်တော့ဘူးနော်"

"ဟုတ်ကဲ့ပါ... ကျွန်တော် လူတွေကို ချက်ချင်း သွားဝယ်ခိုင်းလိုက်ပါ့မယ်"

ဝမ်ပင်းက သူ့ကို ဆက်နေရန် ဖိတ်ခေါ်လျှင်ပင် ပိယွဲ့ယီအနေဖြင့် ဤနေရာ၌ ဆက်လက်အချိန်ဖြုန်းရန် အလိုမရှိပေ။ သူသည် လက်သီးဆုပ်လျက် အရိုအသေပေးပြီးနောက် ချက်ချင်းပင် လှည့်ထွက်သွားခဲ့တော့သည်။

စာရင်းထဲတွင်ပါရှိသော ကောင်းကင်ဘုံ ကုန်ကြမ်းများနှင့် ရတနာများကို ဝယ်ယူရန်မှာ အလွန်တရာ အရေးကြီးသည်။

...

ပိယွဲ့မိသားစုဝင်များ ထွက်ခွာသွားပြီးနောက် ဝမ်ပင်းသည် ထပ်ဆင့်မျှော်စင်ဆီသို့ တိုက်ရိုက် မသွားသေးဘဲ ပထမဦးစွာ ဝိညာဉ်ရေအချို့ကို သောက်သုံးရန် ပြင်ဆင်လိုက်သည်။

ဝိညာဉ်ရေဟူသည်မှာ အင်မတန် ကောင်းမွန်သောအရာ ဖြစ်သည်။

အကယ်၍ သူသာ ထပ်ဆင့်မျှော်စင်အတွင်းသို့ ဝင်ရောက်သွားပါက ထိုရေကို သောက်သုံးရန် ဧကန်မုချ မေ့လျော့သွားပေလိမ့်မည်။

သူ လမ်းလျှောက်ပြန်လာစဉ်မှာပင် ကျောက်ယီနှင့်အတူ လိုက်ပါလာသော ဇန်ထိုင်ယဲ့နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့မိသွားခဲ့သည်။

"ဂိုဏ်းချုပ်"

"ဂိုဏ်းချုပ်"

သူတို့နှစ်ဦးစလုံးက ပြိုင်တူ နှုတ်ဆက်လိုက်ကြ၏။

ဝမ်ပင်းက ခေါင်းညိတ်ပြလိုက်ပြီး သူတို့ဘေးမှ ဖြတ်ကျော်သွားရန် ပြင်လိုက်စဉ် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ အလျင်အစလို ပြောလိုက်သည်။

"မင်းတို့နှစ်ယောက် ခဏလောက် စောင့်ပါဦး"

ကျောက်ယီက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မေးမြန်း၏။

"ဂိုဏ်းချုပ်... ကျွန်တော် ညီမလေးဇန်ထိုင်ကို ဆွဲငင်အားစမ်းသပ်ကွင်းဆီ ခေါ်သွားမလို့ပါ။ ဂိုဏ်းချုပ်မှာ တစ်ခုခု ညွှန်ကြားစရာ ရှိလို့လားဟင်"

"ဒီအတိုင်းပဲ ငြိမ်ငြိမ်လေး နေစမ်း"

ထိုသို့ ပြောဆိုပြီးနောက် သူ၏ ဘယ်ဘက်မျက်ဝန်းအတွင်း၌ ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။

ခဏချင်းမှာပင် ဝမ်ပင်း၏ ဘယ်ဘက်မျက်လုံးတစ်ခုလုံးမှာ ရွှေရောင်အဆင်းသို့ ပြောင်းလဲသွားခဲ့သည်။

ရွှေရောင်နတ်ဘုရားမျက်လုံး စတင်အသက်ဝင်ပါပြီ

သူ၏ ဘယ်ဘက်မျက်လုံးဖြင့် ဇန်ထိုင်ယဲ့ကို ထပ်မံကြည့်ရှုလိုက်သောအခါ သူမ ကျင့်ကြံထားသော ကျင့်စဉ်၏ အချက်အလက်များ ထွက်ပေါ်လာခဲ့သည်။

ခရမ်းရောင်ကျောက်စိမ်း ကောင်းကင်စုစည်းခြင်းကျင့်စဉ် အဝါရောင်အဆင့် အဆင့်နိမ့်…..

ထိုစာတန်းကို မြင်လိုက်ရသောအခါ ဝမ်ပင်းသည် စိတ်ထဲမှနေ၍ တိုးညင်းစွာ တွေးမိလိုက်၏။

တကယ်ပဲ... ဝဲဂယက်နတ်ဘုရားလက်မှုပညာရှင်က တကယ့်ကို ချမ်းသာတာပဲ။ သူ့ရဲ့မြေးမလေးအတွက် နက်နဲသောအဆင့်ကျင့်စဉ်တစ်ခုကိုတောင် ဝယ်ပေးထားတာပဲ။

ပိုမို၍ အောက်ဘက်သို့ ဆက်လက်ကြည့်ရှုလိုက်သောအခါ ဝမ်ပင်းသည် ထိုကျင့်စဉ်၏ ချို့ယွင်းချက်များကို မြင်တွေ့လိုက်ရသည်။

ဝမ်ပင်းအား ရွှေရောင်နတ်ဘုရားမျက်လုံး၏ အစွမ်းထက်မှုကို ပိုမိုခံစားမိစေသည်မှာ ၎င်းသည် ထိုနက်နဲသောအဆင့်ကျင့်စဉ်အတွင်း၌ ရှိနေသော ချို့ယွင်းချက် ဆယ်ခုထက်မကကို အံ့ဩဖွယ်ကောင်းလောက်အောင် တိတိကျကျ ထောက်ပြနေခြင်းပင်။

ဤသည်ကို မြင်လိုက်ရသောအခါ ဝမ်ပင်းသည် မနေနိုင်ဘဲ တိုးညင်းစွာ ရေရွတ်မိလိုက်တော့သည်။

"တောက်... ဒီ ခရမ်းရောင်ကျောက်စိမ်း ကောင်းကင်စုစည်းခြင်းကျင့်စဉ်က မျှော်လင့်မထားလောက်အောင်ကို ဒီလောက်တောင် အမှိုက်ဖြစ်နေရတာလဲ"

ဤတစ်ကြိမ်တွင်မူ ဝမ်ပင်းသည် စိတ်ထဲ၌သာ ရေရွတ်ရန် မေ့လျော့သွားပြီး နှုတ်မှ တိုက်ရိုက် ထွက်သွားခဲ့ခြင်းပင်။

ထိုစကားလုံးများကို ကြားလိုက်ရသောအခါ ဇန်ထိုင်ယဲ့၏ မျက်နှာထက်တွင် အံ့ဩတုန်လှုပ်မှုများ ထင်ဟပ်သွားခဲ့ရသည်။ မူလက ဝမ်ပင်း၏ စူးစိုက်ကြည့်ရှုခြင်းကို ခံနေရသဖြင့် ရှက်သွေးဖြန်းကာ နီမြန်းနေခဲ့သော သူမ၏ ပါးပြင်လေးမှာလည်း ရုတ်တရက်ပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့၏။

ဂိုဏ်းချုပ်က ငါကျင့်ကြံနေတဲ့ ကျင့်စဉ်ကို အမှန်တကယ်ပဲ အကဲခတ်မိနေတာလား။

ဒါတင်မကသေးဘူး... သူက ငါ့အဘွားပေးထားတဲ့ ခရမ်းရောင်ကျောက်စိမ်း ကောင်းကင်

စုစည်းခြင်းကျင့်စဉ်ကို အမှိုက်ဆိုပြီးတော့တောင် ပြောလိုက်သေးတယ်။

All Chapters