← Chapters

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃

Vol. 10 Ch. 93

🍅 Chapter 93

သူမသည် ဘဲခြံကို သန့်စင်အောင် ရှင်းလင်းပြီးနောက် မြက်ခြောက်တစ်လွှာကိုပါ ဖြန့်ခင်းပေးကာ ယုန်များအတွက် သက်သောင့်သက်သာရှိသော နေထိုင်မှုဝန်းကျင်ကို ဖန်တီးပေးလိုက်၏။

ဝူယွီလန်သည် သူမ၏ချွေးမနှစ်ဦး အလုပ်ရှုပ်နေသည်ကိုကြည့်ကာ ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

ညွှန်ကြားချက်များ ပေးပြီးနောက် ဆေးပင်များအခြောက်လှန်းရန် ပြင်ဆင်နေစဉ် သူမ ခေါင်းကို ရုတ်တရက်လှည့်ကြည့်လိုက်ရာ စုန့်ထုန်ဟွာသည် အိမ်ရှိ အခြားမိန်းကလေးများကို ခေါ်ဆောင်ကာ ခြံဝင်းအတွင်း၌ ဆေးပင်များအား နေရာချထားနေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

ဝူယွီလန် အနားသို့ လျှောက်သွားပြီး သေချာစွာ လေ့လာကြည့်လိုက်ရာ စုန့်ထုန်ဟွာသည် ဆေးပင်အမျိုးအစား အသီးသီးကို စနစ်တကျ ခွဲခြားစီစဉ်ပြီးနောက် ရေသန့်ဖြင့် ဆေးကြောကာ ဝါးဗန်းများပေါ်တွင် သေသပ်စွာ အခြောက်လှန်းနေသည်ကို တွေ့လိုက်ရ၏။

စုန့်ထုန်ဟွာသည် လုပ်ငန်းစဉ်တစ်ခုလုံးတွင် အမှားအယွင်းတစ်စုံတစ်ရာမျှမရှိဘဲ အလွန်ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်နေလေ၏။

ဝူယွီလန်တစ်ယောက် ရင်ထဲမှ အံ့ဩချီးကျူးနေမိသည်။

တစ်ကြိမ်တည်း သင်ပေးရုံဖြင့် ဤကောင်မလေး စုန့်ထုန်ဟွာက ဤမျှအထိ ကျွမ်းကျင်ပိုင်နိုင်သွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

သူမသည် စုန့်ထုန်ဟွာ၏ဘေးသို့ လျှောက်သွားကာ ပြုံးလျက်ပြောလိုက်သည်။

“ထုန်ဟွာ၊ နင် ကြိုးကြိုးစားစား သင်ယူထားတာကို အဖွားမြင်ပါတယ်၊ ဒီဆေးပင်တွေကို အခြောက်လှန်းတဲ့ အဆင့်တွေက လုံးဝမှန်ကန်တယ်”

စုန့်ထုန်ဟွာ ခေါင်းမော့ကာ လေးနက်သောလေသံဖြင့် ပြန်ဖြေလိုက်သည်။

“အဖွား၊ အဖွားက သင်ပေးချင်စိတ်ရှိသရွေ့ သမီး သေချာပေါက် သေချာသင်ယူသွားမှာပါ”

ဝူယွီလန် ခေါင်းညိတ်ကာ အားပေးစကားဆိုလိုက်သည်။

“အင်း၊ သေချာသင်ယူပြီး ကြိုးစားပေါ့၊ ဒီဆေးပင်တွေရောင်းပြီးရင် နင်တို့အားလုံးကို အဖွား လုပ်အားခ ခွဲပေးမယ်”

စုန့်ထုန်ဟွာ ခေါင်းခါယမ်းလိုက်သည်။

“အဖွား၊ အဖွားက ကျွန်မတို့ကို ကျောင်းထားပေးတယ်ဆိုတော့ ငွေအတော်များများ ကုန်ထားမှာသေချာတယ်၊

အခုကစပြီး ငွေတွေကို အဖွားပဲ သိမ်းထားလိုက်ပါ၊ ကျွန်မတို့ သုံးစရာမလိုပါဘူး”

အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ထောက်ခံကြသည်။

ဝူယွီလန် ပြုံးရုံသာ ပြုံးနေလိုက်ပြီး ဘာစကားမှ မပြောတော့ချေ။

သူမ ငွေများများသုံးလေ၊ သူမတွင် ငွေများများ ပိုရှိလေဖြစ်နေကြောင်း သူမ တွေ့ရှိလာရသည်။

သူမ ငွေတစ်ရာနီးပါးခန့် သုံးလိုက်ပြီးနောက် ငွေနှစ်ရာ့ဆယ့်ခုနစ်ချောင်း ပြန်လည်ရရှိလာခဲ့၏။

အကြမ်းဖျင်း တွက်ကြည့်မည်ဆိုလျှင် သူ မလက်ထဲတွင် ယခုအချိန်၌ ငွေချောင်းလေးရာခန့် ရှိနေသေးသည်။

‘လက်ထဲမှာ ငွေရှိနေရင် ရင်ထဲမှာ မပူပန်ရတော့ဘူးလေ'

ဝမ်ကွေ့ချင်သည် မီးဖိုချောင်ထဲတွင် အလွန်သွက်လက်စွာ အလုပ်လုပ်ကိုင်နေပြီး အချိန်တိုအတွင်းမှာပင် ရေနွေးအိုးကြီးတစ်အိုး ဆူပွက်လာလေသည်။

ဝူယွီလန်ကမူ ဝမ်ကွေ့ချင်ကို အလေးချိန်နှစ်ကတ်တီကျော်ခန့်ရှိသော ယုန်ဆူဆူဖြိုးဖြိုးကြီးနှစ်ကောင်ကို ဖမ်းလာရန် ညွှန်ကြားလိုက်၏။

ထို့နောက် သူမသည် သစ်သားတုတ်တစ်ချောင်းကို ယူကာ ယုန်များအား တစ်ချက်တည်းဖြင့် သေအောင် ရိုက်သတ်လိုက်သည်။

“အီး... အဖွား၊ အဲဒါက အရမ်းရက်စက်လွန်းတယ်”

ဝူယွီလန် စုန့်အာ့လန်ကို လှမ်းကြည့်လိုက်သည်။

“ဘာလဲ”

စုန့်အာ့လန် သွားရည်များစီးကျလျက် ပြောလာသည်။

“ဟီးဟီး၊ ဒီယုန်လေးက အရမ်းချစ်စရာကောင်းတာပဲ၊ ကျွန်တော်တို့ အဲဒါကို နှပ်စားလို့ရမလား”

“နှပ်ထားတဲ့အသားက အရမ်းစားလို့ကောင်းတယ်လို့ ဆန်ကွေ့ပြောတာကြားဖူးတယ်”

ဝူယွီလန် : “......”

ဘာမှပြန်မပြောခဲ့သော်လည်း နောက်ဆုံးတွင်တော့ ဤကောင်လေး၏တောင်းဆိုမှုကို ဝူယွီလန် ဖြည့်ဆည်းပေးခဲ့သည်။

သူမသည် ယုန်သားများကို ပန်းကန်လုံးတစ်လုံးထဲသို့ ထည့်ကာ အညှီနံ့များ ပျောက်သွားစေရန် ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်၊ ဂျင်းပြားနှင့် အရက်ဖြူတို့ဖြင့် အချိန်အတန်ကြာ စိမ်ထားလိုက်သည်။

ထို့နောက် ဒယ်အိုးထဲတွင် ဆီပူလာအောင်တည်ပြီး ဆီများကြည်လင်သွားသည်အထိ ယုန်သားများကို ထည့်ကြော်လိုက်၏။

ထို့နောက် စနစ်ကုန်တိုက်မှဝယ်ယူထားသော ပဲငပိကိုထည့်၍ ခဏမျှ မွှေကြော်ပြီး စနစ်ကုန်တိုက်မှ ဝယ်ယူထားသော ကမာဆီ၊ ခြံထဲမှ ဂျင်းဟောင်း၊ ကြက်သွန်မြိတ် အပိုင်းအစများနှင့် ငရုတ်သီးအသေးများကိုပါ ထည့်သွင်းလိုက်သည်။

ဟင်းကျက်ခါနီးတွင် ဂျင်းများထည့်၍ ဆက်လက်မွှေကြော်ကာ နောက်ဆုံးတွင် ဆားအနည်းငယ်နှင့် သကြားဖြူအနည်းငယ် ထည့်လိုက်ရာ ရိုးရှင်းသော ယုန်သားနှပ်ဟင်းတစ်အိုး ပြီးစီးသွားလေတော့သည်။

ထို့နောက် ဝူယွီလန်သည် တရုတ်ဂေါ်ဖီထုပ် တစ်ပွင့်ကို ကြော်လိုက်ပြီး ညစာအတွက်မလောက်မည်ကို စိုးရိမ်သဖြင့် ကြက်သွန်မိတ်နှင့် ကြက်ဥဟင်းချိုတစ်အိုးကိုပါ ထပ်မံချက်ပြုတ်လိုက်၏။

“ညစာစားလို့ရပြီ”

ခြံဝင်းအတွင်းရှိ ကလေးများမှာ အချိန်အတော်ကြာကတည်းက သွားရည်ကျနေခဲ့ကြပြီဖြစ်၏။

ညစာရပြီဟု ကြားလိုက်ရသောအခါ လက်ထဲရှိပစ္စည်းများကို အလျင်အမြန် ချထားခဲ့ကာ အိမ်မကြီးခန်းထဲသို့ အပြေးအလွှား ဝင်လာကြလေသည်။

သူတို့အားလုံး ဆေးပင်များအား ကိုင်တွယ်ထားကြသဖြင့် ရွှံ့ပေနေသော မျောက်များအလား ညစ်ပတ်ပေရေနေသည်ကို ဝူယွီလန် တွေ့လိုက်ရသည်။

“လက်ဆေးကြ၊ လက်ဆေးကြ၊ လက်မဆေးရင် ညစာမစားရဘူး”

ထိုစကား ကြားသောအခါ လူတိုင်းက လက်များကို သန့်စင်အောင်ဆေးကြောရန် ရေအား အလုအယက် ခပ်ယူကြလေသည်။

စုန့်အာ့လန်သည် ဝူယွီလန်ရှေ့သို့မရောက်မီ သူ့လက်သည်းခွံအောက်ရှိ ရွှံ့များကို တစ်စချင်းစီ ဖယ်ရှားနေလေသည်။

“အဖွား၊ ကျွန်တော့်လက်တွေ ပြောင်စင်အောင်ဆေးပြီးပြီ”

ဝူယွီလန် ခေါင်းညိတ်ပြလိုက်၏။

“သွား၊ ထမင်းသွားခူးချေ”

ဆန်ပြုတ်ကို အချိန်အတော်ကြာအောင် သောက်ခဲ့ရပြီးနောက် နောက်ဆုံးတွင်တော့ မွှေးကြိုင်နေသော ထမင်းကို စားရတော့မည်မဟုတ်ပါလား။

“ထမင်းတွေလား”

စုန့်အာ့လန်က ဟင်းအိုးအဖုံးကို ဖွင့်လိုက်ရာ ကြည်လင်တောက်ပနေသော ထမင်းများကို မြင်လိုက်ရပြီး မျက်တောင်ပင် မခတ်ရက်တော့အောင် ဖြစ်သွားလေသည်။

‘ဒီ‌နေ့ညစာက ထမင်းတဲ့လား၊ မြေရှင်မိသားစုတွေပဲ ထမင်းကို စားနိုင်ကြတာလေ'

ဝူယွီလန်သည် သူ၏သနားစရာကောင်းသောအသွင်အပြင်ကို မြင်သောအခါ လက်ဆန့်တန်းကာ သူ့ခေါင်းကို ဖွဖွလေး ထိုးလိုက်သည်။

“နင့်ရဲ့ သနားစရာအသွင်အပြင်ကို ကြည့်ပါဦး၊ ငါက နင့်အတွက် အသား ဒါမှမဟုတ် ထမင်းလျှော့ကျွေးခဲ့လို့လား”

စုန့်အာ့လန် ထမင်းကို ဂရုတစိုက်ခူးထည့်လိုက်သည်။

“အဖွား၊ ကျွန်တော် တစ်သက်နဲ့တစ်ကိုယ် ထမင်းကို တစ်ခါမှမစားဖူးဘူး”

မူလက ဝူယွီလန်သည် ထမင်းချက်ရန်မရည်ရွယ်ခဲ့ပေ။

မိသားစုတွင် ဆန်အနည်းငယ်သာရှိသဖြင့် ချက်ချင်းပင် ကုန်သွားမည်ဖြစ်ပြီး သူမ၏ သိုလှောင်ရုံအတွင်းမှ ထပ်မံထုတ်ယူပါက သံသယဖြစ်စရာ ဖြစ်လာမည်ဟု သူမ တွေးတောခဲ့မိသည်။

သို့သော် ယခုအခါ မိသားစုတွင် ဝင်ငွေအနည်းငယ် ရှိနေပြီဖြစ်ရာ လူတိုင်းအတွက် ထမင်းချက်ကျွေးခြင်းမှာ သိပ်ပြီး ထင်ပေါ်လွန်းမည်မဟုတ်တော့ချေ။

ထိုသို့မဟုတ်ဘဲ မိသားစုဝင် ဆယ်ယောက်ကျော်က နေ့စဉ်ထမင်းကိုသာ စားနေမည်ဆိုပါက ဆန်မည်မျှလိုအပ်မည်နည်း။

‘ဘယ်လို မိသားစုမျိုးကများ ဒီလောက်အထိ ဖြုန်းတီးနိုင်မှာလဲ'

“နင် ကြိုက်တယ်ဆိုတော့ အခုကစပြီး ညစာကို ထမင်းပဲစားကြတာပေါ့”

အဖွားဖြစ်သူက မိသားစုထဲရှိ သူတို့ကလေးအုပ်စုအား ကျောင်းထားပေးနေရသည့်အပြင် အိမ်ဆောက်ရန်လည်း လိုအပ်နေသေးသည်ကို စဉ်းစားမိကာ စုန့်အာ့လန်က အလျင်အမြန်လက်ကာပြလိုက်သည်။

“အဖွား၊ တစ်ခါတလေစားရရင် လောက်ပါပြီ၊ ဆန်ပြုတ်က ဗိုက်ပြည့်ပါတယ်”

“ပြီးတော့ ကျွန်တော်က ထမင်း မကြာခဏမစားဖူးတော့ မစားတတ်မှာကိုလည်း ကြောက်လို့ပါ”

ဝမ်ကွေ့ချင်လည်း ဝင်ပြောလာသည်။

“ဟုတ်တယ် အမေ၊ သမီးတို့က ဆန်ပြုတ်ပဲသောက်နေကျဆိုတော့ ထမင်းစားရတာ အကျင့်မရှိဘူး”

ဝူယွီလန် ဂရုမစိုက်ချေ။

“ရွေးချယ်ခွင့် မရှိဘူး၊ ငါ စားချင်တာ ချက်မယ်၊ နင်တို့တွေက ဒီအတိုင်း စားလိုက်ရုံပဲ”

All Chapters