← Chapters

အခန်း ၉၇

Vol. 10 Ch. 97

အခန်း ၉၇

Vol. 10 Ch. 97

🍅 Chapter 97

“အို ယောကျ်ား၊ ဘယ်လိုနေသေးလဲ၊ အဆင်ပြေရဲ့လား၊ ကျွန်မနဲ့ ကလေးတွေကို ထားမသွားပါနဲ့နော်”

၎င်းကိုမြင်သောအခါ လျိုမေဖန်သည် ယခုလေးတင် ထရပ်လာသော သူမ၏ခင်ပွန်းဖြစ်သူကို မြေကြီးပေါ်သို့ ပြန်လည်ကန်ချလိုက်ပြီး အော်ဟစ်လိုက်သည်။

“အို ယောကျ်ား၊ ဘယ်လိုနေသေးလဲ၊ အဆင်ပြေရဲ့လား၊ ကျွန်မနဲ့ ကလေးတွေကို ထားမသွားပါနဲ့နော်”

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဟောင်ချန်မှာ အလွန်အမင်း ဒေါသထွက်လွန်းသဖြင့် သွေးတစ်လုပ်ကိုပင် အန်ထုတ်မိမတတ် ဖြစ်သွားသော်လည်း ဝူယွီလန်၏ဖြတ်ရိုက်ခြင်းကို ခံလိုက်ရပြန်သည်။

ခြံတံခါးအပြင်ဘက်တွင်မူ...

“အာ့လန်၊ တော်လောက်ပြီ၊ အသေအပျောက်တွေ မဖြစ်စေနဲ့”

ရွာလူကြီးစုန့်ကျန်းရှုသည် ဤနေရာသို့ စောစောကတည်းက ရောက်ရှိနေခဲ့သော်လည်း အကြောင်းရင်းကို နားလည်သဘောပေါက်သွားပြီးနောက် ဤအခိုက်အတန့်တွင် မျက်ကန်းဟန်ဆောင်နေရန်သာ ရွေးချယ်လိုက်လေသည်။

စုန့်အာ့လန် စကားမပြောနိုင်မီမှာပင် စုန့်ဆန်ကွေ့က သူ့အဘိုးဖြစ်သူ၏အင်္ကျီလက်ကို ဆွဲကာ တောင်းပန်လိုက်သည်။

“အဘိုး၊ ခဏလေးစောင့်ပါဦး၊ ခဏလေး စောင့်ပါဦး၊ အဖွားက သူတို့ကို ရိုက်လို့မပြီးသေးဘူး”

“အဘွားကြီးဟောင်က နေရာတကာ လူတွေကို အနိုင်ကျင့်တယ်၊ ကျွန်တော်လည်း သူဆဲတာ အကြိမ်ကြိမ် ခံခဲ့ရဖူးတယ်၊ ဒီလို အရိုက်ခံရတာ သူနဲ့တန်တယ်”

ထိုစကားကို ကြားသောအခါ ရွာလူကြီးစုန့်ကျန်းရှုသည် သူ့လက်များကို နောက်ပစ်ထားလိုက်ပြီး အနီးနားရှိ သစ်ပင် အပင်ပေါက်တစ်ပင်ကိုသာ တိတ်တဆိတ် စူးစိုက်ကြည့်နေလိုက်သည်။

‘ဒီသစ်ပင်က... တကယ့်ကို သစ်ပင်ပါလား’ (အလုပ်မရှိ အလုပ်ရှာတာ)

စုန့်ဆန်ကွေ့က တခစ်ခစ် ရယ်မောလိုက်ပြီး သူ၏ညီအစ်ကိုကောင်းကို မျက်ခုံးပင့်ပြလိုက်သည်။

‘ကြည့်၊ မင်းရဲ့သူငယ်ချင်းက သစ္စာရှိတယ်မဟုတ်လား'

စုန့်အာ့လန်က စုန့်ဆန်ကွေ့ကို လက်မထောင်ပြလိုက်သည်။

‘ညီအစ်ကိုကောင်း၊ မင်းက အကောင်းဆုံးပဲ’

သူ့သူငယ်ချင်းကောင်းက သူ့ကို ဤသို့ ချီးကျူးလိုက်သည်ကို မြင်သောအခါ စုန့်ဆန်ကွေ့မှာ ချက်ချင်းပင် ပျော်ရွှင်သွားလေသည်။

အကယ်၍ သူသာ အမြီးတစ်ချောင်း ပါခဲ့မည်ဆိုပါက ထိုအမြီးမှာ လေထဲတွင် ထောင်မတ်နေပေလိမ့်မည်။

ရွာလူကြီးစုန့်ကျန်းရှုသည် အချိန်အနည်းငယ်ကြာ စောင့်ဆိုင်းပြီးနောက် အတွင်းမှ ရိုက်နှက်သံများ ရပ်တန့်သွားသည်ကို မြင်သောအခါ သူသည် စိုးရိမ်ပူပန်နေဟန်ဆောင်ကာ ခြံဝင်းအတွင်းသို့ အပြေးအလွှားဝင်သွားလေ၏။

“ဘာတွေ ဖြစ်နေတာလဲ၊ ဘာတွေ ဆူညံနေတာလဲ၊ ဘာတွေ ဖြစ်နေကြတာလဲ”

ရွာလူကြီးစုန့်ကျန်းရှုကို မြင်သောအခါ ဟောင်ချန်မှာ ငိုလုနီးပါး ဖြစ်သွားသည်။

“ရွာလူကြီး၊ ရှင် နောက်ဆုံးတော့ ရောက်လာပြီပဲ၊ ရှင်သာမလာရင် ကျွန်မတို့ သေအောင်အရိုက်ခံရတော့မယ်”

ရွာလူကြီးစုန့်ကျန်းရှုက ဝူယွီလန်ကို လှမ်းကြည့်လိုက်သည်။

“အို၊ ဟုတ်လို့လား”

ဝူယွီလန် ရယ်မောလိုက်ပြီး ခေါင်းလှည့်ကာ စုန့်ထုန်ဟွာကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် တစ်ချက်မျှကြည့်လိုက်သည်။

စုန့်ထုန်ဟွာသည် ရွာလူကြီးစုန့်ကျန်းရှုအတွက် ကုလားထိုင်တစ်လုံးကို အလျင်အမြန် ယူဆောင်လာပေးလေ၏။

“အဲဒီလို မဟုတ်ပါဘူး၊ ကျွန်မက ချန်အာနဲ့ အမြဲတမ်း အရင်းနှီးဆုံးဆက်ဆံရေး ရှိတာလေ၊ သူ့ကို ဘယ်လိုလုပ် ရိုက်ရက်ပါ့မလဲ၊ စောစောက သူနဲ့ နောက်ပြောင်ကစားနေတာပါ”

ရွာလူကြီး စုန့်ကျန်းရှုသည် သွေးဖြိုင်ဖြိုင်ထွက်နေသော ဟောင်ချန်ကို တစ်ချက်ကြည့်လိုက်ပြီး ‘နင် လိမ်တဲ့အခါ တကယ့်အခြေအနေကို နည်းနည်းလောက် မကြည့်တတ်ဘူးလား’ ဟု တိတ်တဆိတ် တွေးတောမိလိုက်သည်။

လန်းဆန်းသောရနံ့များ သင်းကြိုင်နေသည့် လက်ဖက်ရည်တစ်ခွက်က သူ့လက်ထဲသို့ ရောက်ရှိလာရာ ရွာလူကြီးစုန့်ကျန်းရှုမှာ ချက်ချင်းပင် တက်ကြွသွားလေသည်။

‘အင်း... တကယ့်အခြေအနေက နည်းနည်းကွဲလွဲနေနိုင်ပေမယ့် အတိတ်ကို ပြန်စဉ်းစားကြည့်ရင် ဒါက အတော်လေး ယုတ္တိရှိပါတယ်'

“အင်း၊ နင်က ဟောင်ချန်နဲ့ အမြဲတမ်း အရင်းနှီးဆုံးအပေါင်းအဖော်တွေ ဖြစ်ခဲ့တာကို ငါ သိပါတယ်၊ ဒီလို နောက်ပြောင်ကစားကြတာကလည်း ပုံမှန်ပါပဲ၊

ဒါပေမဲ့ ပတ်ဝန်းကျင်ကိုလည်း နည်းနည်းသတိထားဦးလေ”

ဟောင်ချန် : “…..”

သူမသည် လက်ဆန့်တန်းကာ နှာခေါင်းသွေးအချို့ကို သုတ်ယူလိုက်ပြီး ရွာလူကြီးစုန့်ကျန်းရှု မြင်စေရန် မြှောက်ပြလိုက်သည်။

‘ရှင် မျက်စိကန်းနေတာလား'

‘ဟင်၊ မျက်စိကန်းနေတာလား'

ရွာလူကြီးစုန့်ကျန်းရှုသည် မျက်လုံးကိုမှိတ်ကာ လက်ဖက်ရည်တစ်ငုံ မော့သောက်လိုက်သည်။

“အင်း၊ ရာသီဥတုက ခြောက်သွေ့နေတော့ လက်ဖက်ရည်များများသောက်သင့်တယ်”

ရွာလူကြီးစုန့်ကျန်းရှုက ဝူယွီလန်ကို တမင်သက်သက် မျက်နှာသာပေးနေခြင်းဖြစ်ကြောင်း ဟောင်ချန် နောက်ဆုံးတွင် နားလည်သဘောပေါက်သွားလေ၏။

“မုဆိုးမတံခါးဝမှာ အတင်းအဖျင်းတွေ များတယ်ဆိုပေမယ့်….. ရွာလူကြီး၊ ရှင်က ဒီအသက်အရွယ်ကြီး ရောက်နေပြီ၊ မယားငယ်ယူချင်ရင်တောင် ကြက်ဟင်းခါးသီးအိုကြီးကိုတော့ မရွေးသင့်ဘူးမဟုတ်လား”

မူလက ဝူယွီလန် လူရိုက်ထားသဖြင့် ဟောင်ချန်က အခြားသူများ၏ ဆေးပင်ရှာဖွေခြင်းအား လိုက်လံနှောင့်ယှက်သည့်ကိစ္စကို ရွာလူကြီးစုန့်ကျန်းရှုက ဆက်လက်အရေးယူလိုခြင်း မရှိခဲ့ပေ။

သို့သော် ဟောင်ချန်က သူ့အား ဤမျှအထိ ရမ်းရမ်းကားကား အသရေဖျက်နေသည်ကို ကြားလိုက်ရသောအခါ သူ အလွန်အမင်း ဒေါသထွက်သွားလေတော့သည်။

“အဘွားကြီးဟောင်၊ နင် ဘာတွေတွေးနေတယ်ဆိုတာကို ငါ မသိဘူးလို့ မထင်နဲ့”

“အဘွားကြီးဝူက ဆေးပင်ရှာပြီး ငွေရှာနေတာကိုမြင်တော့ နင်လည်း ဆေးပင်ရှာပြီး ငွေရှာချင်နေတာမဟုတ်လား”

“ဟမ့်၊ နင်က မှန်ကန်တဲ့ နည်းလမ်းတွေကို သုံးခဲ့မယ်ဆိုရင် ငါ ဘာမှပြောစရာ အကြောင်းမရှိပါဘူး၊ ဒါပေမဲ့ နင့်ရဲ့ အသက်အရွယ်ကြီးနဲ့ ကလေးတွေဆီက ဆေးပင်တွေကို လုယူရဲတယ်ဆိုတော့၊ နင့်မှာ အရှက်မရှိတော့ဘူးလား”

ဤအချိန်တွင် ရွာသားအများအပြားမှာ ခြံဝင်းအပြင်ဘက်၌ စုရုံးရောက်ရှိနေကြပြီဖြစ်၏။

ထိုစကားများကို ကြားသောအခါ သူတို့အားလုံးက ဟောင်ချန်ကို လက်ညှိုးထိုးကာ ဝေဖန်ကြလေတော့သည်။

သူမ၏ ရည်ရွယ်ချက်များ ဘူးပေါ်သလို ပေါ်ပေါက်သွားသဖြင့် ဟောင်ချန်မျက်နှာတစ်ခုလုံး ပူထူသွားလေသည်။

“လုတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ၊ တောင်ပေါ်က ဆေးပင်တွေက လူတိုင်းနဲ့ သက်ဆိုင်တာပဲ၊ ငါတို့ ခူးချင်ရင် ခူးလို့ရတာပေါ့”

“ဒီငွေတွေကို သူတို့မိသားစုကပဲ ရှာခွင့်ရှိတယ်လို့များ သတ်မှတ်ထားလို့လား”

ဤစကားများကို ကြားသောအခါ ရွာသားအများအပြား၏ စိတ်အာရုံများမှာ ချက်ချင်းပင် လှုပ်ရှားသက်ဝင်လာကြလေတော့သည်။

“ဟမ့်”

ရွာလူကြီး စုန့်ကျန်းရှုသည် ရွာသားများ ချောင်းကြည့်စူးစမ်းနေကြသည်ကို မြင်လိုက်သဖြင့် လက်နောက်ပစ်ကာ အေးစက်စက် နှာမှုတ်လိုက်သည်။

“အဲဒီလိုအတွေးမျိုး ရှိနေတဲ့သူတွေ အခုချက်ချင်း ရပ်တန်းကရပ်ဖို့ ငါ အကြံပေးချင်တယ်၊ လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ ကျောက်မိသားစုရွာက ဆေးပင်အကြောင်း နားမလည်တဲ့သူတစ်ယောက် တောင်ပေါ်တက်ပြီး ဆေးပင်ရှာရာကနေ တခြားသူကို ကျွေးမိလိုက်လို့ အဲဒီလူ အဆိပ်သင့်သေဆုံးသွားခဲ့ရတယ်၊ လျော်ကြေးပေးရလို့ ပိုင်ဆိုင်သမျှ အကုန်ဆုံးရှုံးသွားရုံတင်မကဘူး၊ ထောင်ထဲမှာ ဆယ်နှစ်ကျော် နေခဲ့ရသေးတယ်”

“ဆေးပင်ရှာတာက တကယ်ပဲ အဲဒီလောက်လွယ်ကူနေမယ်ဆိုရင် ဘာလို့ ဆေးတွေက ဈေးကြီးနေဦးမှာလဲ၊ ဘယ်သူမဆို တောင်ပေါ်တက်ပြီး ဆေးပင် သွားရှာလို့ရနေရင် လူတိုင်း ကိုယ့်ဘာသာ သမားတော်လုပ်နေကြမှာပေါ့”

ထိုစကားကို ကြားသောအခါ ရွာသားများအားလုံး ထိုစိတ်ကူးကို စွန့်လွှတ်လိုက်ကြလေသည်။

ဟောင်ချန်က သူတို့အား တမင်သက်သက် သွေးထိုးလှုံ့ဆော်ခဲ့ပုံကို ပြန်လည်သတိရသွားကာ သူတို့မှာ ဒေါသထွက်လာပြီး ပြောဆိုကြလေတော့သည်။

“အဘွာကြီးဟောင်၊ ခင်ဗျားက ဒီလိုလုပ်တာ မှားနေပြီ၊ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အရှက်မရှိရတာလဲ၊ သူများရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို လုယူဖို့ ကြိုးစားရုံတင်မကဘူး၊ သူတို့ရဲ့မြေးကိုပါ ရိုက်နှက်သေးတယ်”

“ဟုတ်ပါ့၊ ဆေးပင်ရှာတာ အဲဒီလောက်လွယ်၊ မလွယ် ခင်ဗျား စဉ်းစားကြည့်ဖူးရဲ့လား”

“ခင်ဗျား ခူးလာခဲ့ရင်တောင် ဘယ်လိုအခြောက်လှန်းပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ မသိရင် ဆေးဆိုင်က လက်ခံမှာမဟုတ်ဘူ၊ ခင်ဗျားက သက်သက်ပြဿနာရှာနေတာပဲ”

All Chapters