အခန်း ၃၅၁
Vol. 36 Ch. 351
အခန်း (၃၅၁) အခြေစိုက်စခန်းသုံး ဒင်္ဂါးပြားများ
"ဝေါ့..."
ယောင်ရန်သည် သူမ၏ နှာခေါင်းစည်းကို လက်ဖြင့်အုပ်ကာ တိုးညင်းစွာ ညည်းတွားလိုက်မိလေသည်။ သူမ နေမထိထိုင်မသာဖြစ်နေသည်ကို မြင်သောအခါ လုံယုက ပြောလိုက်လေသည်။
"မင်း အရင်ဆုံး ပြန်နှင့်လိုက်တာ ပိုကောင်းမယ်ထင်တယ်... ငါတစ်ယောက်တည်းလည်း ဒီနေရာကို စစ်ဆေးလို့ ရပါတယ်..."
ယောင်ရန်က ခေါင်းခါပြရင်း ပြောလိုက်လေ၏။
"ရပါတယ်... ကျွန်မ အဆင်ပြေတယ်..."
သူမသည် သူမ၏ နေရာလွတ် အတွင်းမှ ပိုမိုကောင်းမွန်သော အသက်ရှူနှာခေါင်းစည်းတစ်ခုကို ထုတ် ယူ၍ ဝတ်ဆင်လိုက်လေသည်။ ထို့နောက် လုံယုထံသို့ နောက်တစ်ခု ကမ်းပေးရင်း မေးလိုက်လေသည်။
"ရှင်ကော လဲချင်သေးလား..."
ဒလုံယုက ငြင်းပယ်လိုက်သဖြင့် ယောင်ရန်သည် အပိုနှာခေါင်းစည်းကို နေရာလွတ် ထဲသို့ ပြန်လည် သိမ်းဆည်းထားလိုက်လေသည်။ သူမ၏ နေရာလွတ် စွမ်းအားကို ထပ်မံ ဖုံးကွယ်ထားရန် မလိုအပ် တော့သဖြင့် စိတ်သက်သာရာရကာ စိတ်ကြည်လင်နေမိလေတော့သည်။
သူမသည် လုံယု၏ လက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်လေသည်။
"သွားကြစို့..."
ယခုအခါ ထိုအနံ့ဆိုးက သူမအား အနှောင့်အယှက် မပေးနိုင်တော့သဖြင့် ယောင်ရန်သည် ပတ်ဝန်းကျင် ကို စေ့စပ်စွာ အကဲခတ်ရန် အာရုံစိုက်လိုက်လေသည်။ ကုန်သွယ်ရေးစျေးကွက်မှာ စည်ကားနေပြီး မြူခိုးများ ကင်းစင်သွားခြင်းက အခြေစိုက်စခန်းကို ပြန်လည်သက်ဝင်လှုပ်ရှားလာစေခဲ့ပေသည်။
အချို့သော ကုန်တိုက်အဆောက်အအုံများမှာ အသစ်စက်စက် ပြန်လည်ပြင်ဆင်ထားသော်လည်း အချို့ မှာမူ အုတ်နံရံ ဗလာသက်သက်သာ ရှိနေသေးသည်။ ဆိုင်များတွင် အဝတ်အထည်များကို ပြတင်း ပေါက်များ၌ ပြည့်နှက်အောင် ခင်းကျင်းပြသထားပြီး နေ့စဉ်အသုံးအဆောင်ပစ္စည်းများကိုမူ စားပွဲရှည် ကြီးများပေါ်တွင် ခင်းကျင်းထားလျက်ရှိကြလေသည်။
သူတို့သည် စျေးကွက်အတွင်းသို့ ပိုမိုနက်ရှိုင်းစွာ လျှောက်လှမ်းလာခဲ့ကြစဉ် ယောင်ရန်သည် မျိုးရိုး ဗီဇပြောင်း အပင်များကို ရောင်းချနေသော ဆိုင်တစ်ဆိုင်ကို သတိပြုမိလိုက်၏။ သူမအနေဖြင့် စိတ် ဝင်စားမှု ရှိလာသဖြင့် ထိုဆိုင်အနားသို့ ချဉ်းကပ်သွားခဲ့လေသည်။ ကုန်ပစ္စည်းများ ခင်းကျင်းထားသော အဝတ်စရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ရင်း ဆိုင်ပိုင်ရှင်အား မေးလိုက်လေသည်။
"အဘ... ဒါက ဘာအပင်မျိုးလဲဆိုတာ သိလား..."
ဆိုင်ပိုင်ရှင်သည် သူမ၏ ဝတ်စုံကို ခဏမျှ ကြည့်ရှုပြီးနောက် သူမမှာ သူ စော်ကား၍ရမည့်သူ မဟုတ် ကြောင်း သိသွားခဲ့လေသည်။ ထို့ကြောင့် သူက ယဉ်ကျေး စွာဖြင့် ပြန်လည်ဖြေလိုက်လေသည်။
"ကျွန်တော်လည်း အဲဒီအပင်တွေရဲ့ နာမည်ကို မသိဘူးဗျ… မနေ့က ကျွန်တော့်သား အပြင်ထွက်တုန်းက ရှာတွေ့လာခဲ့တာ..."
ယောင်ရန်သည် အပင်တစ်ပင်ကို ကောက်ယူကာ ၎င်း၏ ခရမ်းရောင်ပင်စည်များကို စေ့စပ်စွာ ကြည့် ရှုလိုက်လေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သူမ၏ မျက်ဝန်းများထဲ၌ အံ့အားသင့်သွားသော အရိပ် အယောင်များ လက်ခနဲ ဖြစ်သွားခဲ့လေသည်။
သူမ၏ အမူအရာကို သတိပြုမိလိုက်သောအခါ ဆိုင်ပိုင်ရှင်က လျင်မြန်စွာပင် ဖြည့်စွက်ပြောလိုက် လေသည်။
"မိန်းကလေး... ဒီအပင်တွေက အဆိပ်မရှိပါဘူးဗျာ… ကျွန်တော့်မိသားစုလည်း အဲဒါတွေကို စားဖူးပါ တယ်… ကြွပ်ရွနေပြီး ဝါးမျှစ်လို အရသာမျိုး ရှိတာပါ..."
သူမ၏ ဘေးတွင် ရပ်နေသော လုံယုက မေးလိုက်လေသည်။
"အဘ... ဒီအပင်တွေကို ဘယ်လောက်နဲ့ ရောင်းတာလဲ..."
လုံယု မေးလိုက်သည်နှင့်တစ်ပြိုင်နက် ဆိုင်ပိုင်ရှင်၏ မျက်ဝန်းများ ဝင်းလက်သွားပြီး ပြန်ဖြေလိုက် လေသည်။
"တစ်ကီလိုကို အခြေစိုက်စခန်းသုံး ဒင်္ဂါးပြား နှစ်ပြားပါဗျာ..."
ထိုစကားကို ကြားသောအခါ ယောင်ရန်က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
"အဘ... အခြေစိုက်စခန်းသုံး ဒင်္ဂါးပြားဆိုတာ ဘာလဲဟင်..."
ဆိုင်ပိုင်ရှင်က သူမကို ကြည့်ကာ ပြန်လည်မေးမြန်းလိုက်လေသည်။
"မိန်းကလေးက ဒီနေရာကို အသစ်ရောက်လာတဲ့လူလား..."
ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်ရာ ဆိုင်ပိုင်ရှင်က ပြုံးရင်း ဆက်ပြောလေသည်။
"ဒါကြောင့်လည်း အခြေစိုက်စခန်းသုံး ဒင်္ဂါးပြားတွေအကြောင်း မသိတာကိုး..."
ထို့နောက် သူသည် ခါးပိုက်အိတ်အတွင်းမှ ကတ်ပြားတစ်ခုကို ထုတ်ယူကာ ယောင်ရန်နှင့် လုံယုတို့ကို ပြသလိုက်လေသည်။
"ဒါက အခြေစိုက်စခန်းကနေ ထုတ်ပေးထားတဲ့ အမှတ်အသားကတ်ပြားလေ… ကျွန်တော်တို့ရဲ့ ကိုယ် ရေးအချက်အလက်တွေကို သိုလှောင်ထားရုံတင်မကဘဲ ဘဏ်ကတ်ပြားတစ်ခုလိုလည်း အသုံးပြုလို့ ရတယ်… တကယ်လို့ အခြေစိုက်စခန်းသုံး ဒင်္ဂါးပြားတွေကို ရှာချင်တယ်ဆိုရင်တော့ အစိုးရရုံးကို သွား ပြီး ရိက္ခာတွေနဲ့ လဲလှယ်လို့ ရပါတယ်… တကယ်လို့ လဲစရာ ပစ္စည်းမရှိရင်လည်း အလုပ်တစ်ခုခု ရှာ လုပ်လို့ ရတာပေါ့… အခြေစိုက်စခန်းကနေ လစာကို အခြေစိုက်စခန်းသုံး ဒင်္ဂါးပြားတွေနဲ့ပဲ ပေးတာ လေ..."
သူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ယောင်ရန်သည် သူမ၏ ကိုယ်ပိုင်အမှတ်အသားကတ်ပြားကို ထုတ်ယူကာ စစ်ဆေးကြည့်လိုက်လေသည်။ သူမ၏ ကတ်ပြားမှာ ဆိုင်ပိုင်ရှင်၏ ကတ်ပြားနှင့် မတူညီ သည်ကို သတိပြုမိလိုက်သဖြင့် သူမက မေးလိုက်လေသည်။
"အဘ... ကျွန်မဆီမှာ အခြေစိုက်စခန်းသုံး ဒင်္ဂါးပြား ဘယ်လောက်ရှိလဲဆိုတာကို ဘယ်လို စစ်ဆေး ရမလဲဟင်..."
ဆိုင်ပိုင်ရှင်က အနီးနားရှိ ဆိုင်ခန်းတစ်ခုကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။
"ဟိုးဘက်က ဆိုင်ခန်းကို မြင်လား… အဲဒီနေရာမှာ အခြေစိုက်စခန်းသုံး ဒင်္ဂါးပြား လက်ကျန်ငွေကို စစ်ဆေးလို့ ရတယ်လေ… တကယ်လို့ တစ်ခုခု ဝယ်ချင်တယ်ဆိုရင်တော့ အဲဒီကိုသွားပြီး ဒင်္ဂါးပြား တွေကို လွှဲပြောင်းပေးခဲ့ပြီးမှ ဒီကို ပြန်လာပြီး ပစ္စည်းယူရုံပဲ..."
ယောင်ရန်သည် မျက်မှောင်ကြုတ်လိုက်ကာ မေးလိုက်လေသည်။
"အဲဒါက အန္တရာယ်မရှိဘူးလားဟင်… တကယ်လို့ ကျွန်မက ဒင်္ဂါးပြားတွေ လွှဲပေးပြီးသွားတဲ့အခါကျမှ ရောင်းတဲ့သူက ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ..."
ဆိုင်ပိုင်ရှင်က တိုးညင်းစွာ ရယ်မောလိုက်ပြီး အနီးနားတွင် ကင်းလှည့်နေသော စစ်သည်များကို ညွှန်ပြ ကာ ပြန်ဖြေလိုက်လေသည်။
"သူတို့ ရှိနေတာပဲ... ဘယ်သူက ပြဿနာရှာရဲမှာလဲဗျာ..."
ဆိုင်ပိုင်ရှင် ညွှန်ပြရာသို့ ယောင်ရန် လှမ်းကြည့်လိုက်သောအခါ စစ်သည်များကြားတွင် ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့ရှိလိုက်လေသည်။ သူမ ဘာကိုမျှ မတုံ့ပြန်ရသေးမီမှာပင် ထိုစစ်သည်က သူမအား သတိပြုမိသွားခဲ့၏။ သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားသည့် အခါတွင်မူ စစ်သည်၏ မျက်နှာမှာ ဝင်း လက်သွားခဲ့လေတော့သည်။ သူတို့ ချဉ်းကပ်လာသည့် ခြေလှမ်းများကြောင့် ဆိုင်ပိုင်ရှင်မှာ လန့်ဖြန့် သွားကာ ယောင်ရန်အား စိုးရိမ်တကြီး ကြည့်လျက် အသံကို နှိမ့်ကာ မေးလိုက်လေသည်။
"မိန်းကလေး... မင်းက အလိုရှိနေတဲ့ ရာဇဝတ်ကောင်မို့လို့လား..."
ယောင်ရန် က သူ့ဘက်သို့ လှည့်ကာ တည်ငြိမ်စွာပင် ပြန်လည်ဖြေလိုက်လေသည်။
"မဟုတ်ပါဘူး..."
ဆိုင်ပိုင်ရှင် ထပ်မံ၍ စကားမပြောနိုင်ခင်မှာပင် စစ်သည်များမှာ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။ လုံယု၏ ရှေ့ ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်လျက် သူတို့အားလုံးမှာ ညီညာစွာ အလေးပြုလိုက်ကြပြီး ပြောလိုက်လေသည်။
"တပ်ကြပ်ကြီး..."
လုံယုကလည်း ပြန်လည်အလေးပြုလိုက်ပြီး နှုတ်ဆက်လိုက်လေ၏။
"မင်းတို့တွေ ဘယ်လိုလဲ…အဆင်ပြေကြလား..."
လီကျန့်က အပြုံးကြီး ပြုံးကာ ပြန်ဖြေလိုက်လေသည်။
"ကျွန်တော်တို့ အဆင်ပြေပါတယ် တပ်ကြပ်ကြီး..."
ထို့နောက် သူသည် ယောင်ရန်ဘက်သို့ လှည့်ကာ ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြပြီး ခင်းကျင်းထားသော အပင်များကို လှည့်ကြည့်လိုက်လေသည်။
"တပ်ကြပ်ကြီး... ဒီအပင်တွေကို စိတ်ဝင်စားလို့လား..."
လုံယုသည် ယောင်ရန်အား တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ပြန်ဖြေလိုက်လေသည်။
"ဟုတ်တယ်..."
ထိုစကားကို ကြားသောအခါ လီကျန့်သည် လုံယုအနားသို့ ချဉ်းကပ်သွားပြီး အသံကို နှိမ့်လိုက်လေ၏။
"တပ်ကြပ်ကြီး... ဒါတွေက မျိုးရိုးဗီဇပြောင်း အပင်တွေလေ… စိုက်ပျိုးရေးသုတေသနဌာနရဲ့ ထုတ်ပြန် ချက်အရဆိုရင် မျိုးရိုးဗီဇပြောင်းအပင် အများစုက အဆိပ်ရှိတတ်ကြတယ်… စားလို့ရတဲ့ အပင်တွေဆို ရင်တောင်မှ အချို့ အစိတ်အပိုင်းတွေမှာ အဆိပ်အတောက်တွေ ရှိနေနိုင်တယ်… တကယ်လို့ သတိမ ထားဘဲ ကိုင်တွယ်မိရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်..."
လုံယုက လီကျန့်၏ ပခုံးကို အသာအယာ ပုတ်ရင်း ပြောလိုက်လေသည်။
"သတိပေးတဲ့အတွက် ကျေးဇူးပါပဲ..."
သူ၏ စကားကြောင့် လီကျန့်မှာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြုံးဖြဲဖြဲ ဖြစ်သွားခဲ့၏။ သူတို့နှစ်ဦး စကားပြော နေကြသည်ကို ကြည့်ရင်း ယောင်ရန်သည် ဆိုင်ပိုင်ရှင်ဘက်သို့ ပြန်လှည့်လိုက်လေသည်။ သူမက ပြုံး၍ ပြောလိုက်၏။
"အဘ... ကျွန်မ ဒီအပင်တွေကို ဝယ်ချင်ပါတယ်… ဒါပေမဲ့ လက်ကျန်ငွေကို အရင်သွားစစ်ရမှာမို့လို့ ခဏလောက် သိမ်းထားပေးလို့ ရမလားဟင်..."
ဆိုင်ပိုင်ရှင်သည် အံ့အားသင့်စွာဖြင့် မျက်တောင်ခတ်လိုက်ပြီးနောက် အလောတကြီး ခေါင်းငြိမ့်ပြလိုက် လေသည်။
"ရတာပေါ့... ရတာပေါ့... သေချာပေါ့ပေါ့ဗျာ..."
ထို့နောက် ယောင်ရန်သည် မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်လေသည်။
"အာယု... ကျွန်မ လက်ကျန်ငွေ သွားစစ်လိုက်ဦးမယ်… ရှင်လည်း ရှင့်ရဲ့ ရဲဘော်ရဲဘက်တွေနဲ့ အေးဆေး စကားပြောနေလိုက်ဦးလေ..."
ဆိုင်ခန်းမှာ အနီးနားတွင်သာ ရှိသဖြင့် လုံယုက ခေါင်းငြိမ့်ပြကာ ပြောလိုက်လေသည်။
"ကောင်းပါပြီ..."
လီကျန့်အား ခေါင်းငြိမ့်ပြပြီးနောက် ယောင်ရန်သည် ဆိုင်ခန်းဆီသို့ လျှောက်လှမ်းလာခဲ့လေသည်။ ထို နေရာတွင် မည်သူမျှမရှိသည်ကို တွေ့ရသဖြင့် မှန်တင်းပေါက်နောက်ကွယ်တွင် ထိုင်နေသော ဝန်ထမ်း အနားသို့ ချဉ်းကပ်သွားခဲ့လေသည်။ သူမ၏ အမှတ်အသားကတ်ပြားကို စားပွဲပေါ်သို့ တင်လိုက်ရင်း ပြောလိုက်လေ၏။
"ရဲဘော်... ကျွန်မရဲ့ အခြေစိုက်စခန်းသုံး ဒင်္ဂါးပြား လက်ကျန်ငွေကို စစ်ဆေးပေးလို့ ရမလားဟင်..."
ဝန်ထမ်းက ပြုံး၍ ပြန်လည်ဖြေလာလေသည်။
"ရပါတယ်ရှင်..."
သူမသည် အမှတ်အသားကတ်ပြားကို ယူဆောင်ကာ စက်အတွင်း၌ ဖြတ်သန်းစစ်ဆေးပြီးနောက် ကီးဘုတ်ပေါ်တွင် စာရိုက်လိုက်၏။ စက္ကန့်ပိုင်းအနည်းငယ်အကြာတွင် သူမသည် ထိတ်လန့်တုန်လှုပ် စွာဖြင့် အသက်ရှူမှားသွားခဲ့ရာ ယောင်ရန်ပင် လန့်သွားခဲ့ရလေသည်။
ယောင်ရန်က စိုးရိမ်စိတ်နှင့် ဇဝေဇဝါဖြစ်မှုတို့ ရောပြွမ်းနေသော လေသံဖြင့် မေးလိုက်လေသည်။
"ရဲဘော်... အဆင်ပြေရဲ့လားဟင်..."
ဝန်ထမ်းသည် မတ်တပ်ရပ်လိုက်ပြီး ကတ်ပြားကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ကိုင်ဆောင်ကာ ယောင်ရန်ထံသို့ ပြန်လည်ကမ်းပေးလိုက်လေသည်။ ထို့နောက် သူမက ပြုံးလျက် ယဉ်ကျေးစွာဖြင့် ပြောလိုက်လေတော့သည်။
" မိန်းကလေးယောင်... ကျွန်မ မသိလိုက်လို့ ခွင့်လွှတ်ပါရှင်... "