← Chapters

အခန်း ၃၅၅

Vol. 36 Ch. 355

အခန်း ၃၅၅

Vol. 36 Ch. 355

အခန်း (၃၅၅) အဖွဲ့ထဲသို့ ဝင်ရောက်ခြင်း

ယောင်ရန်က အခြားသူများကို ကြည့်ကာ ဖြည့်စွက်ပြောလိုက်လေသည်။

"တကယ်လို့ ရှင်တို့ တစ်ယောက်တည်းဖြစ်ဖြစ် တခြားအဖွဲ့ဝင်တွေနဲ့ဖြစ်ဖြစ် အပြင်ထွက်ရင် ရှာတွေ့တဲ့ အရာတွေရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကိုပဲ အဖွဲ့ကို ပေးရမှာပါ... ကျန်တဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကိုတော့ ကိုယ့် အတွက်ပဲ သိမ်းထားနိုင်ပါတယ်..."

ထိုအမျိုးသမီး၏ မျက်မှောင်ကြုတ်မှုမှာ ပိုမိုနက်ရှိုင်းလာသော်လည်း သူ ဘာမျှထုတ်မပြောခဲ့ပေ။

၎င်းကို မြင်သောအခါ ယောင်ရန်က ထပ်လောင်းပြောလိုက်လေ၏။

"တကယ်လို့ ရှင်တို့အနေနဲ့ ဒီစည်းကမ်းချက်တွေကို အဆင်မပြေဘူးလို့ ထင်ရင်တော့ တခြားရွေးချယ် စရာတစ်ခု ရှိပါသေးတယ်..."

"ဘာရွေးချယ်စရာလဲ..."

ထိုအမျိုးသမီးက စူးစမ်းစွာ မေးလိုက်လေသည်။

ယောင်ရန်က လက်ညှိုးနှစ်ချောင်းကို ထောင်ပြရင်း ပြောလိုက်လေသည်။

"ကျွန်မတို့ ဒီကိုလာတာ ရည်ရွယ်ချက်နှစ်ခု ရှိတယ်... တစ်ခုက ကျွန်မတို့အဖွဲ့အတွက် အဖွဲ့ဝင်တွေ ခေါ်ယူဖို့ဖြစ်ပြီး ဒုတိယတစ်ခုကတော့ ကြေးစားအဖွဲ့တွေနဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ဖို့ပဲ... တကယ်လို့ ရှင်တို့ ကျွန်မတို့အဖွဲ့ထဲ မဝင်ချင်ရင် ပူးပေါင်းဆောင်ရွက်လို့ ရပါတယ်..."

ထိုအမျိုးသမီးသည် စိတ်ဝင်စားသွားပုံရပြီး ထပ်မံမေးမြန်းလိုက်လေ၏။

"ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်တာလဲ..."

ယောင်ရန်က ရှင်းပြလိုက်လေသည်။

"နောင်ကျရင် ကျွန်မတို့က တစ်ခါတရံမှာ တတာဝန်တွေကို ထုတ်ပြန်ပေးသွားမှာပါ... ဒီတာဝန်တွေက ရိက္ခာစုဆောင်းတာကနေ နှိမ်နင်းရေး တာဝန်တွေအထိ အမျိုးမျိုး ကွဲပြားနိုင်ပါတယ်... ရရှိမယ့် ဆုလာဘ်တွေကတော့ တာဝန်ရဲ့ ခက်ခဲမှုနဲ့ အန္တရာယ်ရှိနိုင်ခြေအပေါ် မူတည်ပါလိမ့်မယ်..."

သူမသည် ထိုအမျိုးသမီးကို စက္ကန့်အနည်းငယ်မျှ အကဲခတ်ပြီးနောက် ဆက်ပြောလိုက်လေသည်။

"ဒီအခြေစိုက်စခန်းမှာ မကြာခင်ကတင် တာဝန်ပေးဆောင်တဲ့ ခန်းမတစ်ခု ဖွင့်လှစ်လိုက်တယ်လို့ ကျွန်မ ကြားတယ်... အခုကစပြီး ကျွန်မတို့ရဲ့ တာဝန်တွေကို အဲဒီမှာ ထုတ်ပြန်သွားမှာပါ... တကယ်လို့ ဆုလာဘ်တွေကို စိတ်ဝင်စားရင် တာဝန်မှာ ပါဝင်ဖို့ လျှောက်ထားနိုင်ပြီး သတ်မှတ်ထားတဲ့ တာဝန်တွေ မှာ ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်..."

ယောင်ရန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ထိုအမျိုးသမီးသည် ခဏမျှ စဉ်းစားကာ မေးလိုက် လေသည်။

"နေထိုင်မှု အစီအစဉ်တွေနဲ့ ရိက္ခာတွေကျတော့ကော ဘယ်လိုရှိမလဲ..."

ယောင်ရန်က သူမ၏ စကားကြောင့် ခပ်ဖွဖွရယ်မောလိုက်ပြီး ပြန်ဖြေလိုက်လေသည်။

"မိန်းကလေး... တကယ်လို့ ရှင်တို့က ကျွန်မတို့အဖွဲ့ထဲ မဝင်ဖို့ ရွေးချယ်ရင် ရှင် ဒါမှမဟုတ် ရှင့်ရဲ့ အဖွဲ့ဝင်တွေကို အစားအစာနဲ့ ခိုလှုံရာနေရာ ပေးဖို့ ကျွန်မတို့မှာ တာဝန်မရှိပါဘူး... အဲဒီလိုဆိုရင် ကျွန်မ တို့ရဲ့ ဆက်ဆံရေးက အပေးအယူသက်သက်ပဲ ဖြစ်ပါလိမ့်မယ်..."

"တာဝန်တွေမှာ အတူတကွ ပူးပေါင်းဆောင်ရွက်ရတာကိုတော့ ကျွန်မ ဝမ်းမြောက်ပါတယ်... ဒါပေမဲ့ တာဝန်ကပေးတဲ့ ဆုလာဘ်တွေအပြင် ရိက္ခာတွေနဲ့ နေထိုင်စရာနေရာကိုပါ ပေးဖို့ မျှော်လင့်နေမယ်ဆို ရင်တော့ စိတ်မကောင်းပါဘူး... ဒါက ကျွန်မတို့ မလုပ်ပေးနိုင်တဲ့ အရာပဲ... ကျွန်မတို့က ပရဟိတအဖွဲ့ အစည်း မဟုတ်လို့ပါ..."

သူမ စကားဆုံးသောအခါ ထိုအမျိုးသမီး၏ မျက်နှာမှာ ရှက်ကိုးရှက်ကန်းဖြင့် နီမြန်းသွားခဲ့လေသည်။ သူမသည် လက်သီးကို တင်းတင်းဆုပ်ကာ ခေါင်းငုံ့လျက် တိတ်ဆိတ်သွားခဲ့လေတော့၏။

ထိုအမျိုးသမီးကို တစ်ချက် မျှော်ကြည့်ပြီးနောက် ချန်ဇီကျိန်းသည် ယောင်ရန်ဘက်သို့ လှည့်လိုက် လေသည်။

"မိန်းကလေးယောင်... တကယ်လို့ ကျွန်တော်တို့ အဖွဲ့ထဲဝင်မယ်ဆိုရင် ကျွန်တော်တို့ကို အစားအစာ၊ ဆေးဝါး၊ ရေနဲ့ နေထိုင်စရာနေရာတွေ တကယ်ပဲ ပေးမှာလား..."

"ဒါပေါ့..."

ယောင်ရန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။

ချန်ဇီကျိန်းသည် သူမကို ခဏမျှ စေ့စေ့စပ်စပ် ကြည့်ပြီးနောက် နောက်ထပ် မေးခွန်းတစ်ခု မေးလိုက် ပြန်လေ၏။

"အဲဒီနေရာက ကျွင်းချန်မြို့ အနီးက လေကြောင်းရန် ကာကွယ်ရေး ခိုလှုံရာစခန်းလား..."

ယောင်ရန်သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိပြီး စိတ်ထဲမှ တွေးလိုက်လေသည်။

*ဒီလူလို ဂရုတစိုက်ရှိပြီး အမြော်အမြင်ရှိတဲ့သူမျိုးပဲ ကမ္ဘာပျက်ကပ်ထဲမှာ ထိပ်တန်းကို ရောက်လာနိုင် တာ အမှန်ပဲ...*

"ဟုတ်ပါတယ်..." သူမက ခပ်ဖွဖွပြုံးရင်း ဝန်ခံလိုက်လေသည်။

"အဲဒီခိုလှုံရာစခန်းက ကျွန်မတို့ပိုင်တာဆိုတာကို ရှင် ရိပ်မိသွားတဲ့အတွက် အံ့သြမိပါတယ်..."

သူမထံမှ အဖြေကို ရရှိသောအခါ ချန်ဇီကျိန်း၏ မျက်ဝန်းများမှာ အရောင်တောက်ပသွားခဲ့လေသည်။ သူ သည် ရင်ခုန်စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန် လက်များကို တင်းတင်းဆုပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေ၏။

"မမယောင်ရန်... ကျွန်တော်တို့ အဖွဲ့ထဲဝင်ဖို့ ဘာတွေလုပ်ဖို့ လိုအပ်မလဲ..."

ယောင်ရန်က ခေါင်းခါပြကာ ပြန်ဖြေလိုက်လေသည်။

"ဘာမှမလိုပါဘူး... တကယ်လို့ ကျွန်မတို့နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ရင် အခုကစပြီး ကျွန်မတို့နဲ့အတူ နေထိုင်နိုင်ပါတယ်... လူအလုံအလောက် ရှာဖွေပြီးတာနဲ့ ကျွန်မတို့ရဲ့ အခြေစိုက်စခန်းကို ပြန်ကြမယ်... ဒါပေမဲ့ ရှင်တို့အားလုံးဆီက သစ္စာရှိမှုကိုတော့ ကျွန်မတို့ လိုအပ်တယ်... တကယ်လို့ ရှင်တို့ထဲက တစ်ယောက်ယောက်က သစ္စာဖောက်ခဲ့ရင်တော့ အကျိုးဆက်က သေခြင်းတရားပဲ ဖြစ်လိမ့်မယ်..."

ထိုစကားကို ကြားသောအခါ ချန်ဇီကျိန်းမှာ မှင်တက်သွားခဲ့လေသည်။ သို့သော်လည်း ယောင်ရန်၏ စကားကို ယုံကြည်ပြီး အဖွဲ့ထဲသို့ ဝင်ရောက်ရန်မှတစ်ပါး သူ ဘာမျှမတတ်နိုင်တော့ပေ။

ခဏမျှ စဉ်းစားပြီးနောက် သူက ခေါင်းငြိမ့်ပြလိုက်လေသည်။

"ကျွန်တော့်အဖွဲ့မှာ လူနှစ်ရာကျော် ရှိတယ်... တကယ်လို့ သူတို့အားလုံးကို လက်ခံပေးနိုင်မယ် ဆိုရင် တော့ ကျွန်တော် ခင်ဗျားရဲ့အဖွဲ့ထဲကို ဝင်ပါ့မယ်..."

သေတ္တာတော်ကို တိုက်ခိုက်ရန်နှင့် သူမ အလိုရှိသော သတင်းအချက်အလက်များကို စုဆောင်းရန် အတွက် ယောင်ရန်သည် ချန်ဇီကျိန်း၏ စိတ်ကို ထိန်းချုပ်နိုင်သော စွမ်းအားကို လိုအပ်နေပေသည်။ လက်ရှိ သူတို့၏ ရိက္ခာထုတ်လုပ်မှုအရ လူနှစ်ရာကို ကျွေးမွေးရန်မှာ သူတို့အတွက် ပြဿနာမဟုတ် သဖြင့် ယောင်ရန်သည် ချန်ဇီကျိန်း၏ တောင်းဆိုမှုကို သဘောတူလိုက်လေ၏။

သူမက ပြောလိုက်လေသည်။

"ပြဿနာမရှိပါဘူး... လူတိုင်းအတွက် နေရာအလုံအလောက် ရှိပါတယ်..."

သူမ ထိုသို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ချန်ဇီကျိန်းသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက် နိုင်လေတော့သည်။ သူ၏ ကွဲအက်နေသော နှုတ်ခမ်းထောင့်တွင် အနည်းငယ်မျှသော အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ်..."

သူတို့၏ စုတ်ပြတ်နေသော အဝတ်အစားများနှင့် ညစ်ပတ်ပေရေနေသော မျက်နှာများကို သတိပြုမိသ ဖြင့် ယောင်ရန်က ခဏမျှ စဉ်းစားပြီး မေးလိုက်လေသည်။

"အစ်ကိုယွမ် ပြောတာတော့ ရှင်တို့ အခု ဆင်းရဲသားရပ်ကွက်မှာ နေနေကြတယ်ဆို..."

ချန်ဇီကျိန်းက တည်ငြိမ်စွာ ခေါင်းငြိမ့်ပြလိုက်လေ၏။

"ဟုတ်ပါတယ်... ကျွန်တော်တို့ ဆင်းရဲသားရပ်ကွက်ရဲ့ အပြင်ဘက်အဝိုင်းမှာ နေနေကြတာပါ..."

သူမ၏ တွေးတောနေသော အမူအရာကို မြင်သောအခါ ချန်ဇီကျိန်းသည် သူ၏ ညစ်ပတ်နေသော လက်များကို အဝတ်အစားပေါ်တွင် မသိမသာ ပွတ်သပ်နေမိလေသည်။

ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူက ပြောလိုက်လေသည်။

"မိန်းကလေးယောင်... ကျွန်တော့်ဘက်က တောင်းဆိုရတာ အားနာစရာကောင်းမှန်း သိပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ကို အစားအစာ၊ ရေနဲ့ ဆေးဝါးအချို့ ပေးလို့ ရမလား... ကျွန်တော်တို့ထဲက လူအများစုက ဖျားနာနေကြပြီး အစာမစားရတာ ရက်ပေါင်းများစွာ ကြာနေပါပြီမို့ပါ..."

သူတို့၏ ချောင်ကျနေသော ပါးပြင်များနှင့် ပိန်လှီနေသော ခန္ဓာကိုယ်များကို ကြည့်ခြင်းဖြင့် သူတို့၏ အခြေအနေမှာ သူပြောပြသည်ထက် ပိုမိုဆိုးရွားနေကြောင်း ယောင်ရန် သိမြင်လိုက်လေသည်။

ထိုအချက်ကို ထည့်သွင်းစဉ်းစားပြီးနောက် သူမက ပြောလိုက်၏။

"ကောင်းပါပြီ... ရှင်နဲ့ ရှင့်ရဲ့ အဖော်တွေအတွက် အစားအစာနဲ့ ရေကို ကျွန်မ ပြင်ဆင်ပေးပါ့မယ်... ဒါပေ မဲ့ ဆေးမတိုက်ခင်မှာ လူနာတွေရဲ့ အခြေအနေကို အရင်ဆုံး စစ်ဆေးကြည့်ဖို့ လိုပါလိမ့်မယ်..."

ချန်ဇီကျိန်းနှင့် အခြားသူများသည် ထိုစကားကို ကြားသောအခါ သူတို့၏ မျက်ဝန်းများတွင် မျှော်လင့် ချက်အရောင်များ လင်းလက်လာခဲ့လေသည်။ အစောပိုင်းက စကားပြောခဲ့သော အမျိုးသမီးက ယောင်ရန်ကို ကြည့်၍ မေးလိုက်၏။

"မိန်းကလေး... ရှင်က ဆရာဝန်လား..."

"အတိအကျကြီးတော့ မဟုတ်ပါဘူး... ဒါပေမဲ့ ကျွန်မရဲ့ ဆေးပညာအရည်အချင်းက လူနာတွေကို စစ်ဆေးပြီး ကုသပေးဖို့ လုံလောက်ပါတယ်လို့ ယုံကြည်ပါတယ်..."

သူမက ပြုံးလျက် ပြန်ဖြေလိုက်လေသည်။

သူမ၏ အဖြေကြောင့် စိတ်လှုပ်ရှားသွားပြီး ထိုအမျိုးသမီးသည် ယောင်ရန်၏ ရှေ့တွင် ရုတ်တရက် ဒူးထောက်လိုက်လေတော့သည်။

သူမ၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် ယောင်ရန်မှာ လန့်သွားပြီး သူမကို အမြန်ဆွဲထူရန် ကြိုးပမ်း လိုက်လေ၏။

"ဘာလုပ်တာလဲ..." သူမက အလောတကြီး မေးလိုက်လေသည်။

ထိုအမျိုးသမီးက မတ်တပ်ရပ်ခြင်းမပြုဘဲ မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် အသည်းအသန် တောင်းပန်တိုးလျှိုးလိုက်လေတော့သည်။

"မိန်းကလေး... ကျွန်မရဲ့ မိဘတွေကို ကယ်တင်ပေးဖို့ တောင်းပန်ပါတယ်..."

သူမ၏ ငိုယိုနေသော အမူအရာကို မြင်သောအခါ ယောင်ရန်၏ မျက်နှာမှာ ပျော့ပြောင်းသွားခဲ့လေ သည်။ သူမသည် ထိုအမျိုးသမီးကို မတ်တပ်ရပ်စေရန် အတင်းအကျပ် ဆွဲထူလိုက်ပြီး ပြောလိုက်လေ ၏။

"အရင်ဆုံး မတ်တပ်ရပ်ပါဦး..."

ထိုအမျိုးသမီး တည်ငြိမ်သွားသောအခါ ယောင်ရန်က ချန်ဇီကျိန်းဘက်သို့ လှည့်၍ ပြောလိုက်လေ သည်။

"အခြေအနေက ရှင်ပြောတာထက် ပိုပြီး ဆိုးရွားနေပုံပဲ..."

ချန်ဇီကျိန်းသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းငြိမ့်ပြလိုက်လေသည်။

၎င်းကို မြင်သောအခါ ယောင်ရန်က လုံယုကို ကြည့်၍ ပြောလိုက်လေသည်။

"အာယု... ကျွန်မ ဆင်းရဲသားရပ်ကွက်ကို သွားကြည့်ချင်တယ်..."

"ကောင်းပါပြီ... ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်..."

လုံယုက မတ်တပ်ရပ်ရင်း ပြောလိုက်လေသည်။

ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်ပြီး အခြားသူများဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။

"သွားကြစို့..."

သူတို့ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ရှီရွှမ်းသည် အောက်ထပ်သို့ ဆင်းလာခဲ့လေတော့သည်။

All Chapters