← Chapters

အခန်း ၃၅၈

Vol. 36 Ch. 358

အခန်း ၃၅၈

Vol. 36 Ch. 358

အခန်း (၃၅၈) စာတစ်စောင်

နွယ်ပင်များ၏ တိုက်ခိုက်မှုအရှိန်ကြောင့် ဖြစ်ပေါ်လာသော အက်ကွဲကြောင်းများသည် ပင့်ကူအိမ် တစ်ခုကဲ့သို့ အပြင်ဘက်သို့ ပြန့်နှံ့သွားခဲ့လေသည်။

နွယ်ပင်များ၏ ဖျက်ဆီးနိုင်စွမ်း အင်အားကို မြင်သောအခါ ဝူယဲ့ဟောင်သည် ယောင်ရန်၏ သစ်စွမ်း အင်မှာ အနည်းဆုံးတော့ သူ၏ မိုးကြိုးစွမ်းအားနှင့် အဆင့်တူ သို့မဟုတ် ပိုမိုအစွမ်းထက်နိုင်ကြောင်း သတိပြုမိလိုက်လေသည်။

လုံယုနှင့် ယောင်ရန်တို့ နောက်ထပ်တစ်ကြိမ် တိုက်ခိုက်မှု မစတင်နိုင်ခင်မှာပင် ဝူယဲ့ဟောင်က ဟု လျင်မြန်စွာ ပြောလိုက်လေသည်။

"မိန်းကလေးယောင်ရန်... ငါက မင်းတို့ရဲ့ ရန်သူမဟုတ်ပါဘူး..."

သူက ထိုသို့ပြောရင်း မြေပြင်ပေါ်သို့ သာသာယာယာ ဆင်းသက်လိုက်လေသည်။

နောက်တစ်စက္ကန့်တွင် ယောင်ရန်က တားလိုက်လေသည်။

"အာယု... ခဏစောင့်ဦး..."

သူမ၏ စကားကြောင့် လုံယုသည် သူ၏ တိုက်ခိုက်မှုကို ရပ်တန့်လိုက်သော်လည်း ဝူယဲ့ဟောင်၏ လည်ပင်း၌ အသင့်ချိန်ရွယ်ထားသော သူ၏ စစ်သုံးဓားမြှောင် ဓားသွားမှာမူ ဝူယဲ့ဟောင်၏ အရေပြား ပေါ်တွင် သွေးစင်းကြောင်း သေးသေးလေးတစ်ခု ထင်ကျန်စေခဲ့ပြီ ဖြစ်ချေသည်။

သူ၏ လည်ပင်းတွင် စစ်သုံးဓားမြှောင် ရှိနေသည့်တိုင် ဝူယဲ့ဟောင်၏ တည်ငြိမ်နေမှုကို သတိပြုမိ လိုက်သောအခါ ယောင်ရန်၏ မျက်ဝန်းများမှာ ခဏမျှ လှုပ်ခတ်သွားခဲ့ရ၏။ သူမသည် ရှေ့သို့ ခြေ တစ်လှမ်း တိုးလိုက်ရင်း သူ၏ ကော်လာတွင် တပ်ဆင်ထားသော ပလက်တီနမ်ရောင် ရင်ထိုးတံဆိပ်ကို မြင်တွေ့လိုက်ရလေသည်။

ထိုရင်ထိုးတံဆိပ်ကို ကြည့်ပြီးနောက် သူမက ပြောလိုက်လေ၏။

"ရှင်က ယောင်လုံခြုံရေးကုမ္ပဏီကပဲ..."

ဝူယဲ့ဟောင်က ခေါင်းခါပြလိုက်ရင်း ရှင်းပြပေးလိုက်လေသည်။

"အခုဆိုရင် ယောင်လုံခြုံရေးကုမ္ပဏီဆိုတာ မရှိတော့ပါဘူး... လွန်ခဲ့တဲ့ နှစ်ဆယ့်ခုနစ်ရက်က ကောက်ရှု ဝေ တည်ထောင်ခဲ့တဲ့ သေတ္တာတော်ကို တုံ့ပြန်ဖို့အတွက် တပ်ကြပ်ဖု တည်ထောင်ခဲ့တဲ့ အော်ရီဂျင် အဖြစ်ပဲ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ခေါ်ကြပါတော့တယ်..."

သူ၏ စကားကို ကြားသောအခါ ယောင်ရန်နှင့် လုံယုတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင် တူညီသော တည်ငြိမ်မှုများ ရောင်ပြန်ဟပ်နေခဲ့ကြပေသည်။

သူမနှင့် လုံယုတို့၏ ပြန်လည်မွေးဖွားလာမှုက ဖြစ်ရပ်များစွာကို ပြောင်းလဲစေခဲ့သော်လည်း အော်ရီဂျင် ၏ တည်ထောင်မှုမှာမူ သူတို့ ဘာပဲလုပ်လုပ် မလွှဲမရှောင်သာ ဖြစ်ပေါ်လာမည့်အရာဟု ယောင်ရန် ခံစားနေမိဆဲပင်။

ကြာမြင့်စွာ တိတ်ဆိတ်သွားပြီးနောက် ယောင်ရန်က ပြောလိုက်လေသည်။

"အာယု... သူ့ကို လွှတ်လိုက်ပါ..."

လုံယုသည် သူ၏ စစ်သုံးဓားမြှောင်ကို ပြန်လည်ရုပ်သိမ်းကာ နောက်သို့ ခုန်ဆုတ်လိုက်ပြီးနောက် သူမ၏ ဘေးတွင် လာရောက်ရပ်လိုက်လေသည်။

ဝူယဲ့ဟောင်ကို ကြည့်ရင်း ယောင်ရန်က ဆက်လက်မေးမြန်းလိုက်လေသည်။

"ရှင် ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ..."

ဝူယဲ့ဟောင်က ပြန်ဖြေလိုက်လေသည်။

"မင်းကို ဌာနချုပ်ဆီ ပြန်လည်ဖိတ်ခေါ်ဖို့ တာဝန်နဲ့ ရောက်လာတာပါ..."

ယောင်ရန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း ပြောလိုက်လေသည်။

"ကျွန်မက ဘာဖြစ်လို့ ရှင်နဲ့အတူ လိုက်ရမှာလဲ... ကျွန်မတို့က သူစိမ်းတွေပဲလေ... ပြီးတော့ ကျွန်မက ရှင်တို့ထဲက ဘယ်သူ့ကိုမှ မယုံဘူး..."

သူမ၏ ဖုံးကွယ်ထားသော ရန်လိုမှုနှင့် သရော်လှောင်ပြောင်မှုများက ဝူယဲ့ဟောင်ကို တုန်လှုပ်သွား စေခြင်း မရှိပေ။

သူက ခဏမျှ စဉ်းစားလိုက်ပြီးနောက် တည်ငြိမ်စွာပင် ပြန်လည်တုံ့ပြန်လိုက်လေသည်...။

"တပ်ကြပ်ဖုနဲ့ အဆင့်မြင့်အရာရှိတွေက ကောက်ရှုဝေရဲ့ သေတ္တာတော် ကို တုံ့ပြန်ဖို့ အော်ရီဂျင်ကို တည်ထောင်ခဲ့ကြတာပါ... ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ကောက်ရှုဝေရဲ့ ခြိမ်းခြောက်မှု အောက်မှာ သေတ္တာတော် ထဲကို မဖြစ်မနေ ဝင်ရောက်ခဲ့ရတဲ့သူတွေကို သတ်ဖြတ်ဖို့ မဟုတ်ပါဘူး..."

"အဲဒီအစား အဲဒီလူတွေကို သေတ္တာတော် ကနေ ထွက်ခွာလာအောင် စည်းရုံးဖို့နဲ့ သူ့ကို ပြန်လည်တိုက် ခိုက်ရာမှာ ကူညီပေးဖို့အတွက် မိန်းကလေးက ကျွန်တော်တို့ကို ဦးဆောင်ပေးဖို့ လိုအပ်ပါတယ်... ပြီးတော့ ကျွန်တော်တို့ရဲ့ ဖိတ်ကြားချက်က ဥက္ကဋ္ဌယောင် မကွယ်လွန်ခင်က မိန်းကလေးကို ကာကွယ် စောင့်ရှောက်ပေးဖို့ ကျွန်တော်တို့ ပေးခဲ့တဲ့ ကတိကဝတ်နဲ့လည်း သက်ဆိုင်နေပါတယ်..."

ထိုသို့ပြောပြီးနောက် ဝူယဲ့ဟောင်သည် သူ၏ ကျောပိုးအိတ်ထဲမှ စာတစ်စောင်ကို ထုတ်ယူကာ ယောင်ရန် ထံသို့ ကမ်းပေးလိုက်လေသည်။

"ဒါက ဥက္ကဋ္ဌယောင် မင်းအတွက် ချန်ထားခဲ့တဲ့ စာတွေထဲက တစ်စောင်ပါ... ကျန်တဲ့စာတွေကိုတော့ တပ်ကြပ်ဖုက ဌာနချုပ်မှာ ဘေးကင်းစွာ သိမ်းဆည်းထားပါတယ်..."

ယောင်ရန်သည် စာကို လှမ်းယူလိုက်ရင်း ရင်းနှီးနေသော လက်ရေးနှင့် သူမ အဘိုး၏ သီးသန့်တံဆိပ် တုံးကို စူးစမ်းကြည့်ရှုလိုက်လေသည်။ ထိုအချိန်တွင် ထိုစာကို သူမ၏ အဘိုးကိုယ်တိုင် ရေးသားခဲ့ခြင်း ဖြစ်ကြောင်း သူမ သိရှိလိုက်လေသည်။

စာကို ဖတ်ရှုပြီးနောက် သူမက လုံယုထံသို့ စာကို ကမ်းပေးလိုက်ရင်း ဝူယဲ့ဟောင်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"ဒီနေရာက စကားပြောဖို့ မသင့်တော်ဘူး... ကျွန်မနောက်ကို လိုက်ခဲ့ပါ..."

ဝူယဲ့ဟောင်က ခေါင်းငြိမ့်ပြလိုက်လေ၏။

"နားလည်ပါပြီ..."

ထိုသို့ပြောပြီးနောက် ဝူယဲ့ဟောင်သည် သူ၏ ညာဘက်လက်ကို မြှောက်လိုက်ရာ သူနှင့် တူညီသော အနက်ရောင် တိုက်ပွဲဝင်ဝတ်စုံများကို ဝတ်ဆင်ထားသည့် အမျိုးသား အယောက်နှစ်ဆယ်ကျော်သည် သူ၏ နောက်ကွယ်၌ ပေါ်လာခဲ့ကြလေတော့သည်။

ထိုမြင်ကွင်းကို မြင်သောအခါ ယောင်ရန်သည် သူမ၏ မျက်ဝန်းများကို မှေးလိုက်မိလေ၏။ အကယ်၍ ဝူယဲ့ဟောင်က တိုက်ခိုက်ရန် ရည်ရွယ်ချက်ရှိခဲ့ပါက သူမနှင့် လုံယုတို့အနေဖြင့် ထိခိုက်ဒဏ်ရာမရဘဲ ထွက်ခွာသွားနိုင်ရန် လွယ်ကူလိမ့်မည်မဟုတ်ကြောင်း သူမ သတိပြုမိလိုက်ခြင်းပင် ဖြစ်သည်။

သူမက သူတို့အား တစ်ချက်ကြည့်လိုက်ရင်း ပြောလိုက်လေသည်။

"သွားကြစို့..."

"ဟုတ်ကဲ့... မိန်းကလေးယောင်ရန်..." ဟု ထိုအမျိုးသားများက ညီညာစွာ ပြန်ဖြေလိုက်ကြလေသည်။

သူတို့ကို ကြည့်ရင်း ယောင်ရန်သည် ရုတ်တရက် မိမိကိုယ်ကို မြေအောက်လောကမှ ဂိုဏ်းစတားသူဌေး ကြီး တစ်ဦးကဲ့သို့ ခံစားလိုက်ရလေသည်။ သူမသည် သူမ၏ ချစ်သူ၏လက်ကို ဆုပ်ကိုင်လိုက်ရင်း ဗီလာရှိရာဆီသို့ ပြန်လည်လျှောက်လှမ်းလာခဲ့တော့သည်။

သူတို့၏ နောက်ကွယ်၌မူ ချန်ဇီကျိန်း၏ လူများသည် သူတို့ ပုန်းအောင်းနေသော နေရာမှ ထွက်လာ ကြလေသည်။

သူတို့သည် သူတို့၏ရှေ့မှ လျှောက်လှမ်းနေသော လူစုကို ကြည့်လိုက်ရင်း တစ်ဦးကိုတစ်ဦး ငေးကြည့် မိကြပြီးနောက် သူတို့ထဲမှ တစ်ယောက်က သူ၏ အသံထဲ၌ ကြောက်ရွံ့မှုအချို့ဖြင့် ပြောလိုက်လေ သည်။

"သွားကြစို့..."

အခြားသူများကလည်း ခေါင်းငြိမ့်ပြကြရင်း ဘေးကင်းသော အကွာအဝေးတစ်ခုမှ ဝူယဲ့ဟောင်နှင့် အခြားသူများ၏နောက်သို့ လျင်မြန်စွာ လိုက်ပါလာခဲ့ကြလေတော့သည်။

ယောင်ရန်၊ လုံယုနှင့် ဝူယဲ့ဟောင်တို့ကြားမှ တစ်မိနစ်ပင် မပြည့်တတ်သော တိုက်ပွဲကို မြင်တွေ့ခဲ့ရပြီး နောက် ထိုသုံးယောက်စလုံးမှာ အလွန်ပင် အန္တရာယ်များလှကြောင်း သူတို့ သိရှိသွားခဲ့ကြပြီ ဖြစ်သည်။ ဘေးကင်းစေရန်အတွက် ထိုအမျိုးသားများသည် သူတို့၏ အငြင်းပွားမှုများနှင့် ဝေးဝေးတွင်သာ နေထိုင်ရန် ရွေးချယ်ခဲ့ကြခြင်းပင်။

ဗီလာဒေသသို့ ပြန်လာသည့် လမ်းခရီးတွင် လုံယုသည် စာကို သူမထံသို့ ပြန်လည်ပေးအပ်ရင်း ခပ်တိုး တိုးလေး မေးလိုက်လေသည်။

"ရန်ရန်... ဒီစာက တကယ်ပဲ အစစ်လား..."

ယောင်ရန်က ခေါင်းငြိမ့်ပြရင်း မေးလိုက်လေ၏။

"စာပေါ်က တံဆိပ်တုံးကို ရှင် မြင်လိုက်လား..."

"အင်း... မြင်တယ်..." ဟု လုံယုက ပြန်ဖြေလိုက်လေသည်။

ယောင်ရန်၏ မျက်နှာအမူအရာမှာ အသာအယာ ပြောင်းလဲသွားရင်း ရှင်းပြလိုက်လေ၏...။

"အဲဒါက ကျွန်မအဘိုးရဲ့ တံဆိပ်တုံးပဲ... ဒီကမ္ဘာမှာ အဲဒီလို တံဆိပ်တုံးမျိုး တစ်ခုတည်းပဲ ရှိတာ... ပြီး တော့ အဲဒါက အခု ကျွန်မဆီမှာ ရှိနေတယ်..."

"ဒီစာမှာ သုံးထားတဲ့ မင်ကလည်း ထူးခြားတယ်... အဲဒါကို ကျွန်မအဘိုးကိုယ်တိုင် ဖော်စပ်ထားတာ... ကျွန်မကလွဲရင် ဘယ်သူမှ အဲဒါကို ထပ်ပြီး အတုမလုပ်နိုင်တော့ဘူး..."

သူမက မျက်မှောင်အသာအယာ ကြုတ်လိုက်ရင်း ထပ်လောင်းပြောကြားလိုက်လေသည်။

"မင်ရဲ့ အရောင်ကို ကြည့်ရသလောက်တော့... ဒီစာက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ရေးထား တာ ဖြစ်ရမယ်... ဒါကြောင့် ဟုတ်ပါတယ်... ဒီစာက စစ်မှန်ပါတယ်... ကျွန်မအဘိုးက ကျွန်မကို ယောင် မိသားစုဆီ ပြန်ခေါ်လာတဲ့ အချိန်တုန်းက ရေးခဲ့တာ ဖြစ်ရမယ်..."

သူမ၏ ရှင်းပြချက်ကို ကြားပြီးနောက် လုံယုက မေးလိုက်လေ၏။

"မင်းအဘိုးက စာကို ရေးခဲ့တာဆိုမှတော့... အစောပိုင်းက ယောင်ယွဲ့ချွမ် ပြောခဲ့တဲ့အရာတွေကလည်း မှန် နိုင်မလား..."

ယောင်ရန်သည် သူ၏ စကားကို စဉ်းစားလိုက်ရင်း ခေါင်းခါပြလိုက်လေသည်...။

"ကျွန်မလည်း သေချာမသိဘူး... ဒီစာက စစ်မှန်ပေမဲ့လည်း အခိုးခံရတာမျိုး ဖြစ်နိုင်တယ်လေ... အကုန် လုံးအတိုင်းအတာနဲ့ အမှန်တရားကို မသိရသေးခင်အထိတော့ ကျွန်မတို့ သူတို့ကို မယုံကြည်နိုင်သေး ဘူး..."

သူမ၏ ကြုတ်ထားသော မျက်မှောင်များကို သတိပြုမိလိုက်သဖြင့် လုံယုသည် သူမ၏ မျက်ခုံးများ ကို အသာအယာ ဖွဖွလေး ပွတ်သပ်ပေးလိုက်ရင်း ပြောလိုက်လေသည်။

"စိတ်မပူပါနဲ့... ကျွန်မတို့ အမှန်တရားကို အနှေးနဲ့အမြန် သိရမှာပါ... တကယ်လို့ သူတို့ပြောတာ မှန် တယ်ဆိုရင်... နောင်ကျရင် သေတ္တာတော် ကို ပြန်လည်တိုက်ခိုက်ဖို့ မင်းမှာ ကူညီပေးမယ့် လူတွေ ပိုများလာတာပေါ့..."

ယောင်ရန်က ခေါင်းငြိမ့်ပြရင်း ၊

"ရှင်ပြောတာ မှန်ပါတယ်... ဒါက ကျွန်မတို့အတွက် ကောက်ရှုဝေ ပြင်ဆင်ထားတဲ့ ထောင်ချောက်တစ်ခု မဟုတ်ဖို့ပဲ မျှော်လင့်ရတာပေါ့..." ဟု ဆိုလိုက်၏။

လုံယုက သူမ၏လက်ကို ညင်သာစွာ ပုတ်ပေးလိုက်ရင်း နှစ်သိမ့်လိုက်လေသည်။

"ငါ ဒီမှာ ရှိနေတာပဲ... သူ ဘာပဲလုပ်ဖို့ ကြိုးစားပါစေ... မင်းကို ထပ်ပြီး နာကျင်အောင် လုပ်ဖို့ ငါ ခွင့်မပြု တော့ဘူး..."

ထိုစကားကို ကြားသောအခါ ယောင်ရန်က သူ့ကို ပြုံးပြလိုက်ရင်း "အင်း..." ဟု ပြန်ဖြေလိုက်၏။

သူတို့နှစ်ဦး တိုးတိုးလေး စကားပြောဆိုနေကြစဉ်အတွင်း ဝူယဲ့ဟောင်သည် သူ၏ လက်အောက် ငယ်သားများကို ယောင်ရန်နှင့် လုံယုတို့၏ လွတ်လပ်မှုကို မနှောင့်ယှက်စေရန်အတွက် ငါးမီတာခန့် အကွာအဝေးတွင်သာ နေထိုင်ကြရန် အချက်ပြလိုက်လေသည်။

သူ၏ နောက်ကွယ် ခြေလှမ်းနှစ်လှမ်းခန့် အကွာမှ လျှောက်လှမ်းလာသော သူ၏ လက်အောက်ငယ်သား တစ်ဦးက တိုးတိုးလေး မေးမြန်းလိုက်လေတော့သည်။

"တပ်ကြပ်... ကျွန်တော်တို့ အဲဒီအမျိုးသားအကြောင်းကို စုံစမ်းစစ်ဆေးကြည့်လိုက်ရမလား…”

All Chapters