အခန်း ၃၅၉
Vol. 36 Ch. 359
အခန်း (၃၅၉) အစွမ်းထက်ပြီး ခန့်မှန်းရခက်သူ
ဝူယဲ့ဟောင်သည် သူ၏လက်အောက်ငယ်သားကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်ဖြေလိုက်လေ သည်။
"မလိုပါဘူး... မိန်းကလေးယောင်ရန်က သူ့ကို ယုံကြည်တယ်ဆိုမှတော့ ငါတို့လည်း သူ့ရဲ့ ဆုံးဖြတ်ချက် ကို ယုံကြည်ရမယ်... တခြားလူတွေ သူ့ကို မတော်တဆ မပြစ်မှားမိစေဖို့အတွက် သူတို့အားလုံးကို ဒီအကြောင်း အသိပေးလိုက်ပါ..."
ထိုအမျိုးသားက အမိန့်ကို လက်ခံလိုက်ရင်း ပြောလိုက်လေ၏။
"ဟုတ်ကဲ့... တပ်ကြပ်..."
သူက ပြောပြီးနောက် ဌာနချုပ်သို့ သတင်းပို့ရန် သူ၏လက်ပတ်နာရီပေါ်တွင် စာအချို့ကို ရိုက်နှိပ်လိုက် လေသည်။
မိနစ်ပိုင်းအတွင်းမှာပင် လုံယုနှင့်ပတ်သက်သော သတင်းအချက်အလက်များသည် အော်ရီဂျင်တစ်ခုလုံး သို့ ပျံ့နှံ့သွားခဲ့လေတော့သည်။
ယွီချန်ဌာနချုပ်တွင်မူ ဖုကျုံးရှန်းသည် သတင်းကိုဖတ်ရှုရင်း မျက်မှောင်ကြုတ်လိုက်ကာ မေးလိုက်လေ သည်။
"ယွဲ့ချန်... မင်း မိန်းကလေးယောင်ရန်မှာ ရည်းစားရှိနေတာကို သိလား..."
ဒယောင်ယွဲ့ချွမ်သည် လွန်ခဲ့သောအချိန်က ခိုးထွက်သွားစဉ် ဖုကျုံးရှန်း၏ ပြန်လည်ခေါ်ဆောင်ခြင်းကို ခံခဲ့ရသဖြင့် စိတ်ကောက်နေဆဲဖြစ်ပြီး တစ်နေ့ကုန် ဂိမ်းဆော့ရင်း စိတ်အခြေအနေ မကောင်းဖြစ်နေ ခဲ့လေ၏။
သူက ဆိုဖာပေါ်တွင် လှဲလျောင်းကာ ဂိမ်းထဲ၌ အာရုံစိုက်နေရင်း "အင်း..." ဟု အသိအမှတ်ပြုကြောင်း အသံပြုလိုက်ပြီး ပြန်ဖြေလိုက်လေသည်။
"ကျွန်တော် ကျွင်းချန်မြို့ကို သွားတုန်းက သူနဲ့ ဆုံခဲ့တယ်... အဲဒီအချိန်တုန်းကတော့ သူက ရန်ရန်ရဲ့ သူငယ်ချင်းတစ်ယောက်သက်သက်ပဲ... ဒါပေမဲ့ သူတို့ ဘယ်လောက်တောင် ရင်းနှီးလဲဆိုတာ ကြည့်ရင် အခု သူတို့ ချစ်သူတွေဖြစ်နေတာက အံ့သြစရာတော့ မဟုတ်ပါဘူး..."
ထိုစကားကို ကြားသောအခါ ဖုကျုံးရှန်းသည် ဖိုင်တွဲတစ်ခုကို ကောက်ယူ၍ ယောင်ယွဲ့ချွမ်ထံသို့ ပစ်လိုက်လေ၏။ ယောင်ယွဲ့ချွမ်သည် ချဉ်းကပ်လာသော အန္တရာယ်ကို ဗီဇအရ သိရှိလိုက်သဖြင့် ဆိုဖာပေါ်မှ ချက်ချင်း ခုန်ထွက်လိုက်လေသည်။
"ဘုန်း..."
ဖိုင်တွဲသည် ဆိုဖာပေါ်သို့ ကျရောက်သွားပြီး စိုက်ဝင်သွားသည်ကို ကြည့်ရင်း ယောင်ယွဲ့ချွမ်သည် ဖုကျုံးရှန်းကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေမိလေတော့သည်။
ဖိုင်တွဲ၏ အစွန်းကြောင့် ဆိုဖာပေါ်တွင် ဖြစ်ပေါ်သွားသော အပေါက်ကို လက်ညှိုးထိုးပြရင်း သူက မကျေမနပ်ဖြင့် ပြောလိုက်လေသည်။
"အဘိုးဖု... အဘိုး ကျွန်တော့်ကို သတ်ဖို့ ကြိုးစားနေတာလား..."
ဖုကျုံးရှန်းက သူ၏မျက်လုံးကို ဝှေ့ယမ်းလိုက်ရင်း မေးလိုက်လေသည်။
"လျှောက်ပြောမနေနဲ့... ငါ့ကိုပြောစမ်းဦး... ဒီလုံယုဆိုတဲ့လူက ဘယ်လိုလူမျိုးလဲ..."
ဆိုဖာပေါ်တွင် ပြန် ထိုင်လိုက်ရင်း ယောင်ယွဲ့ချွမ်က သူ၏ဂိမ်းကို ဆက်လက်ဆော့ကစားနေလျက်ပင် ပြန်ဖြေလိုက်လေသည်။
"သူက အစွမ်းထက်ပြီး ခန့်မှန်းရခက်တဲ့သူပဲ..."
ဖုကျုံးရှန်းက ခေါင်းငြိမ့်ပြလိုက်ရင်း သူ ထပ်မံရှင်းပြလိမ့်မည်ဟု မျှော်လင့်နေခဲ့လေ၏...။ ခဏမျှ စောင့်ဆိုင်းပြီးနောက် ဘာမှ ထပ်မံမကြားရတော့သဖြင့် ဖုကျုံးရှန်းက မေးလိုက်လေသည်။
"ဒါပဲလား..."
ယောင်ယွဲ့ချွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ရင်း ခေါင်းငြိမ့်ပြကာ "ဒါပဲလေ..." ဟု ပြောလိုက်လေ၏။
"........"
သူ၏ တည်ငြိမ်လှသော တုံ့ပြန်မှုကြောင့် ဖုကျုံးရှန်းမှာ စကားမဲ့သွားရရှာကာ သက်ပြင်းတစ်ချက်ချ လိုက်ရင်း ကိုက်ခဲနေသော သူ၏နားထင်များကို ပွတ်သပ်ရင်း ပြောလိုက်လေသည်။
"သွားပြီးတော့ သူ့အကြောင်းကို စုံစမ်းစစ်ဆေးချေ..."
ထိုစကားကို ကြားသောအခါ ယောင်ယွဲ့ချွမ်၏ မျက်ဝန်းများ ဝင်းလက်သွားခဲ့ရလေ၏။ သူက သူ၏ ဖုန်းကို လျင်မြန်စွာ သိမ်းဆည်းလိုက်ပြီး ဝုန်းခနဲ မတ်တပ်ရပ်လိုက်လေသည်...။ ထို့နောက် ဖုကျုံးရှန်း ကို အလေးပြုလိုက်ရင်း ပြောလိုက်လေတော့သည်။
"ဟုတ်ကဲ့... တပ်ကြပ်ကြီး..."
အမိန့်ကို အံ့သြစရာကောင်းလောက်အောင် တက်ကြွစွာ လက်ခံပြီးနောက် ယောင်ယွဲ့ချွမ်သည် ပိုမို ကောင်းမွန်သော စိတ်အခြေအနေဖြင့် ထွက်ခွာသွားခဲ့လေတော့သည်။
သူ့နောက်ကွယ်မှ တံခါးပိတ်သွားသည့်အခါ ဖုကျုံးရှန်းသည် ထပ်မံသက်ပြင်းချလိုက်မိရင်း မတတ်နိုင် စွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်မိလေတော့သည်။
"သူ့ရဲ့ ညီမလေးတောင် ရည်းစားရှိနေပြီ... သူကတော့ ကလေးတစ်ယောက်လို ပြုမူနေတုန်းပဲ... သူ ဘယ်တော့မှ ရင့်ကျက်လာမှာလဲမသိဘူး..."
ယောင်ယွဲ့ချွမ်က လုံယု၏ နောက်ခံအကြောင်းကို စုံစမ်းစစ်ဆေးနေစဉ်အတွင်း ယောင်ရန်နှင့် သူမ၏ လူစုသည် ဗီလာသို့ ရောက်ရှိလာခဲ့ကြလေသည်။
အောက်ထပ်မှ အသံများကို ကြားရသောအခါ ရှီရွှမ်းသည် သူ၏လေ့ကျင့်မှုကို ရပ်တန့်လိုက်ပြီး လာရောက်စစ်ဆေးလိုက်လေသည်။
ယောင်ရန်နှင့် လုံယုတို့သည် သူစိမ်းတစ်စုနှင့်အတူ ပြန်လည်ရောက်ရှိလာသည်ကို မြင်သောအခါ သူက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ရင်း မေးလိုက်လေသည်။
"ခေါင်းဆောင်... သူတို့က အဖွဲ့ဝင်အသစ်တွေလား..."
"မဟုတ်ပါဘူး..."
လုံယုက ယောင်ရန်နှင့် သူတို့၏ ဧည့်သည်များနှင့်အတူ ဧည့်ခန်းထဲသို့ လျှောက်လှမ်းဝင်ရောက်ရင်း ပြန်ဖြေလိုက်လေ၏။
ထို့နောက် ရှီရွှမ်းသည် ချန်ဇီကျိန်း၏ လူများကို ကြည့်လိုက်ရင်း မေးလိုက်လေသည်။
"ရှင်တို့ကော သူတို့နဲ့အတူ ဧည့်ခန်းထဲကို မလိုက်ကြဘူးလား..."
ထိုအမျိုးသားများထဲမှ တစ်ဦးက လျင်မြန်စွာ ခေါင်းခါပြလိုက်ရင်း ရှင်းပြလိုက်လေသည်။
"ကျွန်တော်တို့က မိန်းကလေးယောင်ရန် ခုနက ပြောထားခဲ့တဲ့ ရိက္ခာတွေကို လာယူတာပါ..."
သူ၏အဖြေကို ကြားပြီးနောက် ရှီရွှမ်းသည် သူတို့၏ ကွဲအက်နေသော နှုတ်ခမ်းများနှင့် ပိန်လှီနေသော ခန္ဓာကိုယ်များကို ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။
"ယောင်ရန်အနေနဲ့ သူ့ရဲ့ ကိစ္စတွေကို ပြီးအောင်လုပ်ဖို့ အချိန်နည်းနည်း ကြာနိုင်တယ်... မီးဖိုချောင်ထဲမှာ မနက်စာနည်နည်း ကျန်ပါသေးတယ်... ခင်ဗျားတို့ အစာစားရင်းနဲ့ ထမင်းစားခန်းထဲမှာ သူ့ကို စောင့်နေ လိုက်ပါလား..."
သူ၏စကားကို ကြားသောအခါ လူတိုင်းသည် ဆာလောင်မှုကြောင့် တံတွေးများကို မျိုချလိုက်မိကြ သော်လည်း သူ၏ဖိတ်ခေါ်ချက်ကို လက်ခံရမလား၊ ငြင်းပယ်ရမလားဟူ၍ တုံ့ဆိုင်းနေခဲ့ကြလေသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ရှီရွှမ်းက စိတ်ချစေရန် ပြုံးပြလိုက်ရင်း ပြောလိုက်လေသည်။
"သွားကြစို့... ခင်ဗျားတို့အတွက် အသားညှပ်ပေါင်းမုန့်တွေနဲ့ ပဲနို့တွေကို နွှေပေးမယ်..."
စားစရာ အသားညှပ်ပေါင်းမုန့်များနှင့် ပဲနို့များ ရှိကြောင်း ကြားလိုက်ရသောအခါ သူတို့၏ တုံ့ဆိုင်းမှု များသည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့တော့၏...။ ရှီရွှမ်း လှည့်ထွက်သွားသည်ကို မြင်သောအခါ သူတို့သည်လည်း သူ့နောက်သို့ လျင်မြန်စွာ လိုက်ပါသွားခဲ့ကြလေသည်။
ဆာလောင်နေသော အမျိုးသားများသည် ထမင်းစားပွဲတွင် ဝိုင်းအုံထိုင်နေကြစဉ်အတွင်း ရှီရွှမ်းသည် မီးဖိုချောင်မှ အသားညှပ်ပေါင်းမုန့်များနှင့် ပဲနို့များကို ယူဆောင်လာခဲ့လေသည်။
သူက ထမင်းစားပွဲပေါ်တွင် ချပေးလိုက်ရင်း ပြောလိုက်လေသည်။
"ပေါင်းအိုးထဲမှာ အသားပေါင်းမုန့်တွေ ကျန်သေးတယ်... အိုးထဲမှာလည်း ပဲနို့တွေ ရှိသေးတယ်... တကယ်လို့ ခင်ဗျားတို့ ဗိုက်ဆာသေးရင် ကိုယ်တိုင် သွားယူလို့ရတယ်..."
သူတို့၏ မသက်မသာဖြစ်မှုနှင့် တုံ့ဆိုင်းမှုများကို သတိပြုမိလိုက်သဖြင့် သူက ထပ်လောင်းပြော လိုက်လေသည်။
"ကျွန်တော့်နာမည်က ရှီရွှမ်းပါ... တစ်ခုခု လိုအပ်ရင် ကျွန်တော့်ကို ခေါ်လိုက်ပါ... ကျွန်တော့်မှာ လုပ်စရာတွေ ရှိသေးလို့... ခင်ဗျားတို့ အေးအေးဆေးဆေး သုံးဆောင်ကြပါဦး..."
ထိုသို့ပြောပြီးနောက် သူသည် ထမင်းစားခန်းထဲမှ ထွက်ခွာလာခဲ့လေသည်...။ ဝူယဲ့ဟောင်နှင့် သူ၏ လူစုကို စူးစမ်းလိုသဖြင့် ရှီရွှမ်းသည် ဧည့်ခန်းဘက်သို့ သွားရောက်ကြည့်ရှုလိုက်လေသည်။
သူ ဧည့်ခန်းထဲသို့ လှမ်းခြေတစ်လှမ်း လှမ်းလိုက်မိသည့် အချိန်တွင်မူ ယောင်ရန်၊ လုံယုနှင့် ဝူယဲ့ဟောင် တို့သည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြပြီး အခြားသူများကမူ ဘေးဘက်တွင် ရိုသေစွာ မတ်တပ် ရပ်နေကြသည်ကို မြင်တွေ့လိုက်ရလေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ရှီရွှမ်းသည် သူ၏မျက်ခုံးကို အသာအယာ ပင့်လိုက်မိရင်း တွေးတောနေမိ လေသည်။
*ဒီလူတွေက မြေအောက်ဂိုဏ်းက လူတွေလား... ဒါပေမဲ့ သူတို့ရဲ့ ဝတ်စုံတွေကို ကြည့်ရသလောက် တော့... ဂိုဏ်းစတားတွေထက်စာရင် လေ့ကျင့်ထားတဲ့ စစ်သည်တွေနဲ့ ပိုတူနေသလိုပဲ...*
ရှီရွှမ်း ရောက်လာသည်ကို မြင်သောအခါ ဝူယဲ့ဟောင်က သူ့ဘက်သို့ လှည့်ကြည့်လိုက်လေသည်။
တစ်ဦးကိုတစ်ဦး ခဏမျှ စူးစမ်းကြည့်ရှုပြီးနောက် ရှီရွှမ်းသည် တစ်ယောက်ထိုင် ဆိုဖာပေါ်တွင် ဝင် ထိုင်လိုက်လေသည်…. ထို့နောက် ဝူယဲ့ဟောင်ကို ကြည့်ကာ မေးလိုက်လေသည်။
"အစ်ကို... မင်းက မြေအောက်လောကက သူဌေးကြီးတစ်ယောက်လား..."
ထိုနားမလည်နိုင်သော မေးခွန်းကို ကြားသောအခါ ဝူယဲ့ဟောင်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏။
"ကျွန်တော်က မြေအောက်လောကက သူဌေး မဟုတ်ပါဘူး... အော်ရီဂျင်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပါ... ကျွန်တော်တို့က အတိတ်တုန်းက ဥက္ကဋ္ဌယောင်အတွက် အလုပ်လုပ်ပေးခဲ့တာဖြစ်ပြီး... အခုဆိုရင်တော့ မိန်းကလေးယောင်ရန်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတာပါ..."
သူက ခဏမျှ ရပ်တန့်လိုက်ရင်း ယောင်ရန်ကို ကြည့်ကာ ထပ်လောင်းပြောလိုက်လေသည်။
"သူ့အနေနဲ့ ဌာနချုပ်ကို ပြန်လာမယ်ဆိုရင်ပေါ့..."
ထိုစကားကြောင့် ရှီရွှမ်းသည် ယောင်ရန်ကို အံ့သြစွာ ကြည့်လိုက်ရင်း စူးစမ်းစွာ မေးလိုက်၏။
"ယောင်ရန်... မင်းက ချမ်းသာတဲ့ မိသားစုက သမီးပျိုလေးတစ်ယောက်လား..."
ခဏမျှ စဉ်းစားပြီးနောက် ယောင်ရန်က ပြန်ဖြေလိုက်လေသည်။
"အတိတ်တုန်းကဆိုရင်တော့... ကျွန်မရဲ့ ယောင်မိသားစုက ဟိုင်ချန်မြို့ရဲ့ ချမ်းသာပြီး သြဇာညောင်းတဲ့ မိသားစုတွေထဲက တစ်ခုလို့ ပြောလို့ရတာပေါ့... ဒါပေမဲ့ အခုတော့ ကျွန်မက သာမန် ရှင်သန်ကျန်ရစ်သူ တစ်ယောက်ပါပဲ..."
သူမက ထိုသို့ပြောလိုက်သည့်အခါ ဝူယဲ့ဟောင်က ကြားဖြတ်၍ ပြောလိုက်လေသည်။
"မိန်းကလေးယောင်ရန်... မင်းက တခြား ရှင်သန်ကျန်ရစ်သူတွေနဲ့ မတူပါဘူး... မင်းက ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ပဲ..."
သူ၏စကားကို လျစ်လျူရှုလိုက်ရင်း ယောင်ရန်က ပြောလိုက်လေသည်။
"ရှင်က ရှင်တို့ရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူဖို့အတွက်... ကျွန်မကို ရှင်တို့ရဲ့ ဌာနချုပ်ဆီ ပြန်လည် ဖိတ်ခေါ်ဖို့ ဒီကိုလာတာလို့ ပြောခဲ့တယ်နော်..."
ဝူယဲ့ဟောင်က ခေါင်းငြိမ့်ပြလိုက်ရာ ယောင်ရန်က ဆက်လက်၍ မေးလိုက်လေသည်။
"ကျွန်မ မှတ်မိသလောက်တော့... ယောင်ယွဲ့ချွမ်ကလည်း ကျွန်မကို ပြန်ခေါ်ချင်နေတာပဲ... ဘာဖြစ်လို့ လဲ…”