အခန်း ၁၁၉၈
Vol. 113 Ch. 1198
အခန်း ၁၁၉၈ ပထမဆုံးဧကရာဇ်၏ စွမ်းအား
လုံချန်းသည် သူ့အကြောင်းကို မိသားစုထံ ဖွင့်ဟပြောပြပြီးနောက် အခိုက်အတန့်မျှ တိတ်ဆိတ်သွားသည်။ လုံကျွင်းက လုံချန်းကို နားလည်ပေးသည့်အနေဖြင့် ခေါင်းခါရင်း ပြောသည်။
"ငါ့သား ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့လဲ ငါ မသိပေမဲ့ မင်းမှာ တာဝန်မရှိဘူးဆိုတာ ငါသိပါတယ်။ မင်း ဘာလို့ အခုမှ ပြောတာလဲဆိုတာလည်း ငါ နားလည်ပါတယ်။ ဒါက မင်းအတွက်လည်း တုန်လှုပ်စရာပဲလေ" လုံကျွင်းက ဆိုသည်။
"သားက အမေတို့ရဲ့ သားရင်း မဟုတ်ဘူးလို့ ပြောရင်တောင် သားက အမေတို့ရဲ့ သားပါပဲ။ သားက အမေတို့ကို မိသားစုလို ဆက်ဆံခဲ့တာ။ အခုလည်း အမေတို့က သားကို မိသားစုလိုပဲ ဆက်ဆံမှာပါ" စီမာကျိယီကလည်း အားပေးစကား ဆိုသည်။
စီမာကျိယီက လုံချန်းကို သူမ၏ တခြားသားဖြစ်သူ လုံထျန်းအား ပြန်ခေါ်ပေးဖို့ ကတိတောင်းသည်။ လုံချန်းလည်း အချိန်ယူ၍ သေချာပေါက် ပြန်ခေါ်ပေးမည်ဟု ကတိပေးလိုက်သည်။
မိသားစုဝင်များကို ပြန်လည် ပို့ဆောင်ပြီးနောက် လုံချန်းသည် မြွေဘုရင်ကိုလည်း သားရဲနယ်မြေသို့ ပြန်ပို့လိုက်သည်။ မြွေဘုရင်က ပျင်းစရာကောင်းသည်ဟု ငြီးတွားသော်လည်း ဒုတိယအကြိမ်မြောက် သားရဲပြိုင်ပွဲတွင် ပြိုင်ဘက်ကို အနိုင်ယူမည်ဟု သိလိုက်ရချိန်တွင် စိတ်အားထက်သန်စွာဖြင့် ပြန်သွားတော့သည်။
လုံချန်းသည် ထိုနေရာတွင် နောက်ထပ် လအနည်းငယ်ကြာ နေထိုင်ကာ သူ၏ အနီရောင် အမြူတေကို တည်ငြိမ်အောင် ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် အေးချမ်းစွာ မျက်လုံးများကို မှိတ်ကာ ကျင့်ကြံခြင်းဖြင့် အချိန်ကို ကုန်ဆုံးလိုက်သည်။
တစ်ဖက်တွင်မူ အင်မော်တယ် လောကသည် သွေးနဂါး ဧကရာဇ် ပြန်လာတော့မည့် သတင်းကြောင့် မငြိမ်မသက် ဖြစ်နေသည်။ မြောက်ပိုင်း အင်ပါယာရှိ အစည်းအဝေးခန်းမတွင် ဧကရာဇ် လေးပါးသည် အဝိုင်းစားပွဲတွင် ထိုင်နေကြသည်။
မြောက်ပိုင်း ဧကရာဇ်: "ရုပ်တုက ကွဲသွားပြီဆိုတော့ ဒါက တကယ်ကို ပြဿနာပဲ။ ပထမဆုံး ဧကရာဇ်တောင်မှ သူ့ကို အနိုင်ယူဖို့ နည်းလမ်းပေါင်းစုံ သုံးခဲ့ရတာ။ အခု သူ ပြန်လာရင် ငါတို့ ခံနိုင်ရည် ရှိပါ့မလား"
တောင်ပိုင်း ဧကရာဇ်: "ပထမဆုံး ဧကရာဇ်တုန်းက သူတစ်ယောက်တည်းပါ။ အခု ငါတို့ လေးပါး ရှိနေတာပဲ။ လူသားတွေကလည်း အရင်ကထက် သန်မာလာပြီဆိုတော့ အနိုင်ယူနိုင်မှာပါ"
အရှေ့ပိုင်း ဧကရာဇ်: "သတိထားကြပါ။ ပထမဆုံး ဧကရာဇ်ဆိုတာ အင်မော်တယ်လောကမှာ အသန်မာဆုံး ပုဂ္ဂိုလ်ပါ။ သူ တစ်ယောက်တည်းနဲ့တောင် အင်မော်တယ် လောက တစ်ခုလုံးကို သိမ်းပိုက်ခဲ့တာ။ ငါတို့ လေးပါး ပေါင်းရင်တောင် သူ့ကို မနိုင်နိုင်ဘူးလို့ မှတ်တမ်းတွေက ဆိုတယ်။ ဒါကြောင့် လွယ်လွယ်မတွေးကြပါနဲ့"
အရှေ့ပိုင်း ဧကရာဇ်၏ သတိပေးစကားကြောင့် အစည်းအဝေးခန်းထဲတွင် လေးလံသော တိတ်ဆိတ်ခြင်းများ ဖုံးလွှမ်းသွားသည်။ သွေးနဂါးဧကရာဇ်၏ အန္တရာယ်မှာ သူတို့ တွေးထားသည်ထက် ပိုမို ကြီးမားနေပုံရသည်။