← Chapters

အခန်း ၈၁

Vol. 9 Ch. 81

အခန်း ၈၁

Vol. 9 Ch. 81

အခန်း (၈၁) အိပ်မက်ထဲမှ မိန်းကလေးကို ထပ်မံတွေ့ဆုံခြင်း

ကောမင်သည် ဒေါသထွက်နေစဉ် ဤရင်းနှီးသော အသံကို ကြားလိုက်ရသဖြင့် မသိစိတ်အရ လှည့်ကြည့်လိုက်မိသည်။

သူသည် လျူအာကျူးကို မြင်လိုက်ရသောအခါ ချက်ချင်း အံ့သြသွား၏။

"လျူ... အွန်း... အွန်း..."

လျူအာကျူးသည် သူ့အမည်ကို အော်မခေါ်စေရန် ကောမင်၏ ပါးစပ်ကို အမြန်ပိတ်လိုက်ပြီးနောက် ဆိုင်ရှင်ကို တောင်းပန်ကာ ကောမင်ကို သစ်တောအုပ်ငယ်လေးထဲသို့ ဆွဲခေါ်သွားလိုက်သည်။

တောအုပ်ငယ်ထဲသို့ ရောက်သွားပြီးနောက် ကောမင်သည် လျူအာကျူး၏ လက်ထဲမှ ရုန်းထွက်လိုက်ပြီး ဒေါသတကြီးဖြင့် ပြောလေသည်။

"မင်း ငါ့ကို ဘာလို့ ဆွဲခေါ်လာတာလဲ... ဟိုကောင်က ကောက်နှံကြမ်းငါးကျင်းကို ဂျုံမှုန့်ဖြူတစ်ကျင်းနဲ့ လဲမယ်လို့ ပြောတယ်... ငါသာ အဲ့လိုလဲနိုင်ရင် ငါ့ချစ်သူကို လက်ဆောင်ပေးလို့ ရပြီပေါ့..."

လျူအာကျူးက စကားမဆပ်နိုင်ဘဲ ပြောလေသည်။

"ဒီနေရာက မှောင်ခိုဈေးကွက်လေ... ဒီနေရာကို လာရဲတဲ့သူတွေက လမ်းဆုံးနေတဲ့သူတွေ ဒါမှမဟုတ် သတ္တိအရမ်းကောင်းတဲ့သူတွေပဲ... တစ်ယောက်ယောက်က မင်းကို ဓားနဲ့ထိုးသွားရင် ဘယ်လိုလုပ်မလဲ..."

ထိုသို့သတိပေးခံရပြီးနောက် ကောမင်၏ စိတ်လိုက်မာပါ ဖြစ်နေသော စိတ်ခံစားမှုများသည် တဖြည်းဖြည်း ငြိမ်ကျသွားပြီး ဤသည်မှာ အတန်းဖော်များအကြား အရောင်းအဝယ် မဟုတ်ဘဲ မှောင်ခိုဈေးကွက်ဖြစ်ကြောင်းကို သူ သဘောပေါက်သွားသည်။

သူသည် ကျန်ရစ်နေသော ကြောက်ရွံ့မှုလှိုင်းလုံးကို မခံစားဘဲ မနေနိုင်တော့ဘဲ တစ်ချိန်တည်းတွင် အနည်းငယ် အနေခက်စွာဖြင့် ပြောလိုက်သည်။

"ငါ ခုနက အရမ်းစိတ်လှုပ်ရှားသွားပြီး အဲဒါကို လုံးဝမေ့သွားတယ်..."

"ဒါပေမယ့်လည်း အဲ့လူက တကယ် ဒေါသထွက်စရာကောင်းတယ်... ငါတို့ ဈေးနှုန်းကို ရှင်းရှင်းလင်းလင်း သဘောတူထားပြီး ငါက တခြားလူတွေဆီကနေတောင် ကောက်နှံတွေ ချေးငှားလာခဲ့တာကို သူက ကတိဖျက်သွားတယ်... တကယ့်ကို အရှုံးကြီးပဲ..."

လျူအာကျူးသည်လည်း ဤကောင်လေးက သူ၏ ချစ်သူအပေါ် အမှန်တကယ် မြတ်နိုးကြောင်း သိထားလေသည်။ သူတို့နှစ်ဦးသည် အချစ်စာလွှာများ ရေးသားခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး သက်ဆုံးတိုင် ပေါင်းဖက်ရန် ကတိပြုထားကြပြီးဖြစ်၏။

ယခုအခါ သူတို့သည် ကျောင်းပြီးသည်အထိသာ စောင့်ဆိုင်းနေကြပြီး မိဘနှစ်ပါးစလုံးနှင့် ဆက်သွယ်ရန် အောင်သွယ်တစ်ဦးကို ရှာဖွေကာ သဘာဝကျကျ လက်ထပ်နိုင်ရန် ရည်ရွယ်ထားကြသည်။

ချစ်သူ၏ မွေးနေ့ကို ကျင်းပရန်အတွက် ဤကောင်လေးသည် အလွန်အမင်း ကြိုးစားခဲ့ပြီး ထိုကောက်နှံကြမ်း အနည်းငယ်ကို ရရှိရန်အတွက် အတန်းဖော်များအတွက် ရေခပ်ပေးခြင်းနှင့် အဝတ်လျှော်ပေးခြင်းတို့ကို ခြောက်လတိုင်တိုင် တွန့်ဆုတ်ခြင်းမရှိဘဲ လုပ်ဆောင်ခဲ့သည်။ သူသည် ကိတ်မုန့်လုပ်ရန် ဂျုံမှုန့်ဖြူ အနည်းငယ်ကို လိုချင်ခဲ့ခြင်း ဖြစ်သောကြောင့် အရာအားလုံး အချည်းနှီးဖြစ်သွားသည်ကို မြင်လိုက်ရသောအခါ သဘာဝကျစွာပင် ဒေါသထွက်သွားခဲ့ခြင်းဖြစ်၏။

"ကောင်းပြီ... ငါ မင်းနဲ့ လဲပေးမယ်..."

လျူအာကျူးသည် သူ၏လွယ်အိတ်ထဲတွင် စမ်းသပ်ရှာဖွေလိုက်ပြီး ဂျုံမှုန့်ဖြူ တစ်ကျင်းကို ထုတ်ယူလိုက်သည်။

ကောမင်သည် ဂျုံမှုန့်အိတ်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ပြီး ဖွင့်ကြည့်ပြီးနောက် ပို၍ပင် မယုံနိုင်စွာဖြင့် ပြောလေသည်။

"လျူအာကျူး... မင်းက ဒီနေရာကိုလာပြီး စီးပွားရေးလုပ်ဖို့ သီးသန့် ကျောင်းထွက်လိုက်တာလား..."

"မင်း စကားမပြောလည်း ဘယ်သူမှ မင်းကို ဆွံ့အတယ်လို့ မထင်ပါဘူး..."

လျူအာကျူးက သူ့ကို ခပ်ကြမ်းကြမ်း ပြန်ပြောလိုက်လေသည်။

ယခင်ဘဝက ကျေးလက်မှ ခရိုင်မြို့သို့ ပထမဆုံးအကြိမ် ရောက်ရှိလာပြီး အနိုင်ကျင့်ခံရချိန်တွင် ကောမင်က သူ့ကို အကြိမ်ကြိမ် ကူညီပေးခဲ့ခြင်း မရှိပါက သူသည် ယခုအချိန်တွင် လှည့်ထွက်သွားပြီ ဖြစ်သည်။

စီးပွားရေးလုပ်နေသည်ကို သိရုံဖြင့် လုံလောက်ပြီ ဖြစ်သော်လည်း အမှန်တကယ် အသံထွက်၍ ပြောဆိုလိုက်ခြင်းက ဒေါသပိုကြီးသော သူတစ်ယောက်သာဆိုလျှင် သူ့ကို ရိုက်နှက်မိမည်မှာ သေချာလှ၏။

ကောမင်သည်လည်း သူ စကားမှားသွားကြောင်းကို သဘောပေါက်သွားသည်။ ယခုခေတ်တွင် စီးပွားရေးလုပ်ခြင်းသည် တားမြစ်ချက်တစ်ခု ဖြစ်နေပေသည်။

သူသည် အလျင်အမြန်ပင် ပြုံး၍ တောင်းပန်လိုက်သည်။

"ဟုတ်တယ်... ဟုတ်တယ်... ငါ မှားသွားတယ်... ရော့ ဒီမှာ ကောက်နှံကြမ်းတွေ..."

သူသည် ဤကောက်နှံအနည်းငယ်ကို မလိုအပ်သော်လည်း 'ကျေးဇူးအနည်းငယ်က မိတ်ဆွေကို ဖြစ်စေပြီး ကျေးဇူးကြီးမားခြင်းက ရန်သူကို ဖြစ်စေသည်' ဟူသော ဒဿနကို လိုက်နာကာ ကောက်နှံများကို ပေါ့ပေါ့ပါးပါး ယူလိုက်ပြီး ပြောလေသည်။

"မလာမဖြစ်မဟုတ်ရင် မှောင်ခိုဈေးကွက်ကို မလာနဲ့... မင်းသာ အဖမ်းခံရပြီး ပရိဘောဂစက်ရုံက မင်းအဖေရဲ့ အလုပ်ကိုပါ ထိခိုက်သွားရင် သူ မင်းကို ကြိမ်လုံးနဲ့ မရိုက်ဘူးလားဆိုတာ ကြည့်လိုက်ဦး..."

ကောမင်သည် ပို၍ပင် ကြောက်ရွံ့သွားသည်။ လျူအာကျူး၏ မျက်နှာကို အဆင်ပါသော အဝတ်စဖြင့် ဖုံးအုပ်ထားသည်ကို မြင်သောအခါ သူသည်လည်း သူ၏လက်မောင်းဖြင့် မျက်နှာကို ကမန်းကတမ်း ဖုံးကွယ်လိုက်သည်။

"ဒါဆိုရင် ကျူးဇီ... ငါ အရင်သွားတော့မယ်... နောက်မှ ဆက်ပြောကြတာပေါ့..."

လျူအာကျူးသည် သဘောတူကြောင်း စကားတစ်ခွန်း ပြောလိုက်သော်လည်း ခြေလှမ်းအနည်းငယ်သာ လျှောက်ရသေးသော ကောမင်သည် ရုတ်တရက် လှည့်လာကာ ကောက်ကျစ်သော အပြုံးဖြင့် ပြောသည်ကို သတိပြုမိလိုက်သည်။

"ဟေ့... စုန့်အန်ရင်းလည်း ဒီမှာ ရောက်နေတယ်... မင်း ငါနဲ့အတူတူ သူမကို လာကြည့်ချင်လား..."

"စုန့်အန်ရင်း..."

လျူအာကျူးက အလွန်အံ့သြသွားသည်။

"သူမက ဒီနေရာမှာ ဘာလာလုပ်တာလဲ... သူမရဲ့ အဖေက ယဉ်ကျေးမှုဗျူရိုက ဌာနမှူးဆိုတာ ငါ မှတ်မိတယ်... လစဉ်လစာ ယွမ်တစ်ရာကျော်နဲ့ ခံစားခွင့်အမျိုးမျို ရတဲ့ အဆင့် (၁၅) အရာရှိလေ... သူမက ဘာလို့ ဒီနေရာကို လာရတာလဲ..."

"ငါက သတ္တိရှိအောင်လို့ အတန်းဖော် တချို့ကို ခေါ်လာတာ... ယောကျာ်းလေးတွေရော မိန်းကလေးတွေရောပဲ..."

"သူမက အဲဒီအကြောင်းကို ကြားတော့ လောကကြီးကို လေ့လာဖို့ လိုက်လာချင်ခဲ့တာလေ..."

"မင်းရဲ့ သူငယ်ချင်းက မင်းကို ဂရုမစိုက်ဘူးလို့ မပြောနဲ့နော်... ဒီတစ်ကြိမ် ငါတို့ခုနစ်ယောက် လာတာဆိုပေမဲ့ စက်ဘီးက လေးစီးပဲ ပါတယ်... မင်းအပါအဝင်ဆိုရင် စက်ဘီးတစ်စီးကို နှစ်ယောက် ကွက်တိပဲ... နောက်ကျရင် မင်းနဲ့ စုန့်အန်ရင်း စက်ဘီးတစ်စီးတည်း အတူတူစီးဖို့ အခွင့်အရေးတစ်ခု ငါ ဖန်တီးပေးမယ်... ဘယ်လိုလဲ..."

ကောမင်သည် လျူအာကျူးကို ပခုံးဖြင့် တိုက်လိုက်ပြီး မျက်စိကို အကြိမ်ကြိမ် မှိတ်ပြလေသည်။

သူ၏ ငယ်ဘဝမှ လရောင်ဖြူလေးကို တွေးမိသောအခါ လျူအာကျူးက အမှန်တကယ်ပင် သွားကြည့်ချင်စိတ် ပေါ်လာလေသည်။

"ကောင်းပြီ... သွားကြည့်ကြတာပေါ့..."

ကောမင်သည် ကောက်ကျစ်စွာ ရယ်မောလိုက်ပြီး လျူအာကျူး၏ ပခုံးကို ဖက်ကာ မှောင်ခိုဈေးကွက်ဆီသို့ လျှောက်သွားလိုက်သည်။

သူတို့သည် အတန်းဖော်များနှင့် သဘောတူထားသော ဆုံရပ်သို့ ရောက်ရှိသောအခါ အခြားသူများအားလုံးသည် ထိုနေရာတွင် ရောက်ရှိနေကြပြီ ဖြစ်သည်။ ယောကျာ်းလေး သုံးယောက်နှင့် မိန်းကလေး သုံးယောက် ဖြစ်လေသည်။

ကောမင်သည် လျူအာကျူး၏ ပခုံးကို ဖက်၍ လျှောက်သွားကာ ပြုံးလျက် ပြောလေသည်။

"သူငယ်ချင်းတို့... သူက ဘယ်သူလဲဆိုတာ ကြည့်လိုက်ကြစမ်း..."

လူတိုင်းက လှမ်းကြည့်လိုက်ကြသော်လည်း အနေခက်စွာဖြင့် မိန်းကလေး အတန်းဖော် သုံးယောက်စလုံးက လျူအာကျူးကို လုံးဝ မမှတ်မိကြချေ။

မည်သို့ပင်ဆိုစေ လျူအာကျူးသည် ကျောင်းတွင် နာမည်ကြီးသူတစ်ဦး မဟုတ်ပေ။ သူသည် အနည်းငယ် ထိုင်းမှိုင်းပြီး သူငယ်ချင်းလည်း များများစားစား မရှိသောကြောင့် သူတို့က သူ့ကို မသိခြင်းမှာ သဘာဝကျလေသည်။

သို့သော် ယောကျာ်းလေး အတန်းဖော် သုံးယောက်စလုံးမှာမူ အံ့အားသင့်သည့် အမူအရာများကို ပြသနေကြလေသည်။

အသားမည်းမည်းနှင့် ဝတုတ်တုတ် ကောင်လေးတစ်ယောက်က လျှောက်လာပြီး လျူအာကျူး၏ ပခုံးကို ပြင်းပြင်းထန်ထန် ထိုးလိုက်လေသည်။

"ကျူးဇီ... မင်းက အိမ်အလည်ပြန်မယ်လို့ ပြောပြီး ပြန်မလာတော့ဘူး... ဒါက တကယ့်ကို အချိုးမပြေတာပဲ..."

လျူအာကျူးသည် သူ့ကို ဘေးကုတင်မှ ကောင်လေးဖြစ်ပြီး သူနှင့် ဆက်ဆံရေးကောင်းမွန်သော လင်းယိုချိုက်မှန်း မှတ်မိလိုက်သည်။

"ငါလည်း မတတ်နိုင်ဘူးလေ... ငါ့မိသားစုက ဆင်းရဲတော့ သူတို့က ငါ့ကို ဆက်မတက်ခိုင်းတော့ဘူး..."

လျူအာကျူးက ပြုံးလျက် ရှင်းပြလိုက်သည်။

အခြားအတန်းဖော်များကမူ ထိုအကြောင်းကို သိပ်ဂရုမစိုက်ကြချေ။ ယခုခေတ်တွင် လူတိုင်း ဆင်းရဲကြသောကြောင့် မည်သူကမျှ အခြားသူတစ်ဦးကို လှောင်ပြောင်နိုင်သည့် အနေအထားတွင် မရှိကြပေ။

ထို့အပြင် ကျောင်းမှ ဆရာ၊ ဆရာမ အများအပြားသည်လည်း ဆာလောင်လွန်းသဖြင့် စာသင်ရန် ခွန်အားပင် မရှိကြတော့ဘဲ လျူအာကျူးသည်သာ ကျောင်းထွက်ခဲ့သော တစ်ဦးတည်းသော ကျောင်းသားမဟုတ်ပေ။

လျူအာကျူးသည် သူ၏ရှင်းပြချက်ကို အဆုံးသတ်ပြီးနောက် လူအုပ်ထဲတွင် ပေါ်လွင်နေသော စုန့်အန်ရင်းကို ကြည့်လိုက်ရာ စိတ်ခံစားမှုလှိုင်းလုံးများ တက်လာသည်ကို မခံစားဘဲ မနေနိုင်တော့ချေ။

ထိုမိန်းကလေးသည် ယခင်ကအတိုင်းပင်ဖြစ်နေပြီး လျူအာကျူး အိပ်မက်ထဲတွင် အကြိမ်ပေါင်းများစွာ မြင်ခဲ့ရသည့်အတိုင်း ကွက်တိပင် ဖြစ်သည်။

သန့်စင်ပြီး လှပကာ အရာရှိမိသားစုတွင် ကြီးပြင်းလာခြင်းမှ ရရှိလာသော ကျက်သရေရှိမှု အငွေ့အသက်ကို ဆောင်ထားသည်။

သူမ၏ဘေးရှိ မိန်းကလေးနှစ်ယောက်မှာ တကယ်တမ်းတွင် ရုပ်ရည်သန့်သော်လည်း သူမနှင့် ယှဉ်လိုက်သောအခါ အဖြူရောင် ငန်းတစ်ကောင်၏ ဘေးရှိ အရုပ်ဆိုးသော ဘဲပေါက်လေးများနှင့် တူနေသည်။

အမှန်တကယ်တော့ သူ၏ယခင်ဘဝက လျူအာကျူးသည် ငန်းကို မက်မောနေသော ဖားပြုတ်တစ်ကောင်နှင့် တူခဲ့သည်။ စုန့်အန်ရင်းနှင့် ရင်ဆိုင်ရတိုင်း သူသည် အလွန်အမင်း သိမ်ငယ်နေသဖြင့် စကားကိုပင် ရှင်းရှင်းလင်းလင်း မပြောနိုင်ခဲ့ချေ။

သို့သော် ယခုအချိန်တွင်မူ သူသည် သူမ၏ရှေ့တွင် ရဲရင့်စွာ ရပ်တည်နိုင်နေပြီ ဖြစ်ကာ သူမကို အကြိမ်အနည်းငယ်မျှ ထပ်မံကြည့်ရှုရန်ပင် ရဲဝံ့နေလေပြီ။

လျူအာကျူး၏ အကြည့်ကို မြင်သောအခါ စုန့်အန်ရင်းသည် အေးစက်ခြင်းလည်း မရှိ၊ နွေးထွေးခြင်းလည်း မရှိသော သဘောထားဖြင့် နှုတ်ဆက်သည့်အနေဖြင့် သူ့ကို ခေါင်းညိတ်ပြလိုက်သည်။

မည်သို့ပင်ဆိုစေ သူမကို နှောင့်ယှက်နေသော ယောကျာ်းလေးများ အများအပြားရှိနေပြီး အချို့မှာ သူမ၏အိမ်သို့ပင် သွားရောက်ကာ လက်ထပ်ခွင့်တောင်းကြသောကြောင့် သူမသည် သူမ၏ ကိုယ်ပိုင်အလှအပကို ကျင့်သားရနေပြီဖြစ်ကာ ရှက်ရွံ့နေခြင်း မရှိပေ။

အခြားမိန်းကလေးနှစ်ယောက်က သူတို့၏ နှုတ်ခမ်းများကို အနည်းငယ် တွန့်ချိုးလိုက်ကြလေသည်။

သူတို့သည် ယောကျာ်းများက စုန့်အန်ရင်းကို မြင်သောအခါ ရူးသွပ်နေသော ဝက်များကဲ့သို့ ကြည့်တတ်သည်ကို ကျင့်သားရနေပြီး မြှောက်ပင့်ဖော်ရွေမှုများနှင့် ပြည့်နှက်နေသူများပင် အများအပြား ရှိနေသည်။

မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးတစ်ယောက်က သူမ၏သူငယ်ချင်းကို လျူအာကျူးက နှောင့်ယှက်ခြင်းမှ ကာကွယ်ရန် သူ၏ အမြင်အာရုံကို ပိတ်ဆို့ကာ စုန့်အန်ရင်း၏ ရှေ့သို့ ရည်ရွယ်ချက်ရှိရှိပင် ဝင်ရပ်လိုက်သည်။

ထိုမြင်ကွင်းကိုကြည့်ရင်း လျူအာကျူးက ပြုံးရုံသာ ပြုံးလိုက်သည်။ သူသည် စုန့်အန်ရင်းကို ကြည့်ရခြင်းမှာ အခြားသော ရည်ရွယ်ချက်များ အမှန်တကယ် ရှိနေသောကြောင့် မဟုတ်ဘဲ သူ၏ ငယ်ဘဝကို အမှတ်ရနေသောကြောင့်ဖြစ်၏။

နောက်တစ်ဘဝတွင် ရှင်သန်နေရသောကြောင့် သူသည် ချစ်ရေးချစ်ရာကိစ္စများတွင် မပါဝင်မီ သူ့ကိုယ်သူ ပို၍ ပျော်ရွှင်စွာ နေထိုင်ချင်လေသည်။

ကောမင်က လျူအာကျူးကို ညင်သာစွာ တွန်းလိုက်ပြီး စနောက်လေသည်။

"ဆက်မကြည့်နဲ့တော့... မင်းနဲ့ ဆုံတုန်းလေး မင်း ငါတို့ကို အိမ်ပြန်လိုက်ပို့ပေးသင့်တယ်..."

လင်းယိုချိုက်သည်လည်း ကူညီပေးသူတစ်ဦးဖြစ်ကာ ချက်ချင်းပင် ပြောလေသည်။

"ဟုတ်တယ်... စက်ဘီးတစ်စီးကို နှစ်ယောက်ဆိုတော့ ကွက်တိပဲ..."

စုန့်အန်ရင်းက တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်လေသည်။

"ယန်ဇီနဲ့ ငါက တစ်စီးတူတူစီးမယ်..."

သူမ ထိုသို့ပြောလိုက်သည်နှင့် သူမ၏ဘေးရှိ ယောကျာ်းလေးများ၏ အမူအရာများမှာ ပြောင်းလဲသွားသည်။

ကောမင်နှင့် လင်းယိုချိုက်တို့၏ အမူအရာများမှာ အနည်းငယ် တင်းမာသွားကြသည်။ သူတို့သည် လျူအာကျူးအတွက် အောင်သွယ်ပေးရန် ရည်ရွယ်ထားသော်လည်း သူမက ထိုမျှအထိ သတိထားနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

အခြားယောကျာ်းလေးနှစ်ယောက်မှာမူ သက်ပြင်းချနိုင်သွားသည်။ သူတို့သည်လည်း စုန့်အန်ရင်းကို တိတ်တခိုး သဘောကျနေကြပြီး သူမကို အခြားယောကျာ်းတစ်ယောက်က စက်ဘီးဖြင့် တင်ခေါ်သွားမည်ကို သဘာဝကျစွာပင် မလိုလားကြပေ။

ကောမင်သည် စုန့်အန်ရင်းကို အတင်းအကျပ် မလုပ်ရဲသောကြောင့် လျူအာကျူးကို ကူကယ်ရာမဲ့စွာဖြင့် ပခုံးတွန့်ပြကာ သူငယ်ချင်းဖြစ်သူက အစွမ်းကုန် ကြိုးစားပေးခဲ့ကြောင်း အချက်ပြလိုက်ရုံသာ တတ်နိုင်လေသည်။

လျူအာကျူးက ရယ်မောလိုက်ပြီး စိတ်ထဲမထားချေ။

"ငါက နှုတ်ဆက်ရုံ သက်သက်လာခဲ့တာပါ... မင်းတို့နဲ့အတူတူ ခရိုင်မြို့ကို ပြန်မလိုက်တော့ဘူး... မဟုတ်ရင် အိပ်ဖို့ အဆောင်တွေထဲကို တိုးဝှေ့နေရလိမ့်မယ်... ဒါ့အပြင် ငါ့မိဘတွေလည်း စိတ်ချမှာ မဟုတ်ဘူး..."

"မလုပ်ပါနဲ့... ငါ ဒီနေ့ည ယန်ဇီရဲ့ မွေးနေ့ပွဲကို ကျင်းပပေးမလို့... မင်း ငါတို့နဲ့အတူတူ ထမင်းလာစားပါလား..."

ကောမင်က ကမန်းကတမ်း ပြောလိုက်လေသည်။

"အခုည သူမရဲ့ မွေးနေ့လား..."

လျူအာကျူးက သေချာပြန်လည်စဉ်းစားလိုက်သည်။

အမှန်တကယ်ပင် ဖြစ်လေသည်။ သူ၏ယခင်ဘဝတွင် ကောမင်သည် ယခုည၌ ယန်ဇီ၏ မွေးနေ့ကို ကျင်းပပေးချင်ခဲ့သော်လည်း တစ်ခုခု မှားယွင်းသွားသောကြောင့် ဖြစ်မလာခဲ့ပေ။

တိုက်ဆိုင်စွာပင် ကောမင်၏ အဖေသည် ပရိဘောဂစက်ရုံမှ အဆင့် (၅) လက်သမားဆရာတစ်ဦး ဖြစ်လေသည်။ သူ့ကိုသာ သိကျွမ်းခွင့်ရပါက နောင်တစ်ချိန်တွင် သူ၏ အစ်ကိုကြီး ပရိဘောဂစက်ရုံသို့ ဝင်ရောက်သောအခါ သူ့ကို စောင့်ရှောက်ပေးနိုင်မည်ဖြစ်၏။

"ကောင်းပြီလေ... ဒါဆိုရင် စောစောက ကောက်နှံကြမ်း ငါးကျင်းကိုပဲ ငါ့ဘက်က အချိုးကျထည့်ဝင်တဲ့အနေနဲ့ သုံးလိုက်မယ်..."

လျူအာကျူးက ပြုံးလျက် သဘောတူလိုက်သည်။

အနီးနားရှိ လူများအားလုံး အလွန်အံ့အားသင့်သွားကြသည်။ သူတို့ အတူတူ စားသောက်ကြသောအခါ လူတစ်ဦးလျှင် ကောက်နှံကြမ်းသုံးလျန်သာ ထည့်ဝင်ကြခြင်း ဖြစ်သည်။ လျူအာကျူးက ငါးကျင်းကို အလွယ်တကူ ထုတ်ပေးလိုက်သည်။

*ဒါကို သူက သူ့မိသားစုမှာ ပိုက်ဆံမရှိဘူးလို့ ပြောတယ်ပေါ့လေ…*

အထူးသဖြင့် ယန်ဇီသည် မျက်မှောင်အကြီးအကျယ် ကြုတ်လိုက်ပြီး ကောမင်ကို သူမ၏ မျက်လုံးများဖြင့် အချက်ပြလိုက်သည်။

သူမက ကောမင်ကို လျူအာကျူးအား စုန့်အန်ရင်းကဲ့သို့ အလှပိုင်ရှင်တစ်ဦး၏ ရှေ့တွင် ဟန်ရေးပြရန်အတွက် မိမိကိုယ်ကို အထင်ကြီးစေရန်နှင့် သူ၏မိသားစု ရိက္ခာများကို ဖြုန်းတီးပစ်ခြင်းများ မလုပ်ရန် ဖျောင်းဖျစေချင်ခြင်း ဖြစ်လေသည်။

All Chapters