← Chapters

အခန်း ၃၅၀

Vol. 35 Ch. 350

အခန်း ၃၅၀

Vol. 35 Ch. 350

အခန်း (၃၅၀)

ပါမောက္ခ မိုဟန်နဲ့ ကာရီတို့က တခြားကိစ္စတွေ ရှိသေးတာကြောင့် အမေရိကန်ကို အရင်ပြန်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

ပါမောက္ခက နှမြောတသတသနဲ့ ပြောလာတယ်။

“ငါတို့နောက်တစ်ခါ ဘယ်တော့မှ ပြန်တွေ့ရမလဲ မသိဘူးနော်”

ကျွန်တော်လည်း ခွဲခွာရမှာကို မလိုလားတာကြောင့် သူခံစားရသလိုပဲ ခံစားလိုက်ရတယ်။

“နောက်တစ်ခါကျရင် ကယ်လီဖိုးနီးယားက ပါမောက္ခဆီ ကျွန်တော် လာလည်ပါ့မယ်”

“အမြဲ ကြိုဆိုနေပါတယ်။ Caltech က ကျောင်းသားတွေရှေ့မှာ မင်း ဟောပြောပွဲတစ်ခုလောက် မလုပ်ချင်ဘူးလား”

“……”

အဲဒီလို ပါရမီရှင်တွေရှေ့မှာ ကျွန်တော်က ဘာသွားပြောရမှာလဲ။

ကျွန်တော်တို့ နှုတ်ဆက်တဲ့အနေနဲ့ လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။

တက်ဂယူနဲ့ ကျွန်တော်ကတော့ ရုရှားမှာ နောက်ထပ် ရက်အနည်းငယ် ထပ်နေပြီး Gazprom နဲ့ Rosatom က အရာရှိတွေအပြင် တခြားစီးပွားရေးသမားတွေနဲ့ပါ အကျယ်တဝံ့ တွေ့ဆုံခဲ့ကြတယ်။ ကိုရီးယားမှာ ချေဘောတွေ ရှိသလို ရုရှားမှာလည်း အာဏာရှင်သူဌေးကြီးတွေ ရှိကြပါတယ်။ ဒီလူတွေက ဆိုဗီယက်ယူနီယံ ပြိုကွဲပြီး ကွန်မြူနစ်စနစ်ကနေ အရင်းရှင်စနစ်ကို ကူးပြောင်းတဲ့ကာလအတွင်း ကြီးမားတဲ့ ဓနဥစ္စာတွေကို စုဆောင်းခဲ့ကြတာပါ။

သမ္မတ ဗိုင်ဆော့စကီးက အာဏာရလာပြီးနောက်မှာ ချေဘောတွေကို ဖြိုခွဲသလိုမျိုး အာဏာရှင်သူဌေးကြီးတွေကို နှိမ်နင်းခဲ့ပေမဲ့ အစိုးရနဲ့ ပူးပေါင်းပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတွေကတော့ ရုရှားစီးပွားရေး တစ်ခုလုံးမှာ ကြီးမားတဲ့ လွှမ်းမိုးမှုကို ပိုင်ဆိုင်ထားတုန်းပါပဲ။

ကျွန်တော်တို့က သမ္မတ ဗိုင်ဆော့စကီးကို ဖျောင်းဖျနိုင်ခဲ့ပြီး TWR စီမံကိန်းအတွက် ပူးပေါင်းဆောင်ရွက်မှုကို ရရှိခဲ့တာနဲ့ တပြိုင်နက် တွေ့ဆုံခွင့်တောင်းဆိုမှုတွေ ချက်ချင်း ပြည့်လျှံလာခဲ့တယ်။

သမ္မတရဲ့ စကားတစ်ခွန်းကြောင့် ရုရှားရဲ့ တင်းကြပ်စွာ ပိတ်ထားတဲ့ တံခါးကြီးတွေက တစ်ပြိုင်ထဲ ပွင့်သွားသလို ခံစားလိုက်ရတယ်။ ဒါက အထက်ကနေ အောက်ကို အမိန့်ပေးတဲ့ စနစ်ရဲ့ အားသာချက် ဖြစ်မှာပါ။

OTK ကုမ္ပဏီက ရှယ်ယာပိုင်ဆိုင်ထားတဲ့ လက်အောက်ခံ ကုမ္ပဏီတွေကလည်း ရုရှားစျေးကွက်ထဲကို ဝင်ရောက်ဖို့ စတင်စဉ်းစားလာကြတယ်။ Caros ကုမ္ပဏီက သူတို့ရဲ့ အလိုအလျောက်မောင်းနှင်မှုနဲ့ ဘတ္ထရီစွမ်းဆောင်ရည်ကို ရုရှားမှာ စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး M Pizza ကတော့ မော်စကိုမှာ ဆိုင်ခွဲတစ်ခုဖွင့်ဖို့ ဒေသခံကုမ္ပဏီတစ်ခုနဲ့ လက်တွဲခဲ့တယ်။ ပြီးတော့ OTK Games ကလည်း ဒေသခံဂိမ်းကုမ္ပဏီတွေနဲ့ စတင်ဆက်သွယ်ခဲ့တယ်။

ဘယ်ကုမ္ပဏီထက်မဆို ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ထင်ထင်ရှားရှား လှုပ်ရှားလာတဲ့ ကုမ္ပဏီကတော့ FaceIt ပါပဲ။

တိုဘီက စိတ်လှုပ်ရှားနေတဲ့ အသံကြီးနဲ့ လှမ်းပြောလာတယ်။

[ရုရှားက အမေရိကန်လိုပဲ အပြာကားတွေကို စိတ်အားထက်သန်တဲ့ နိုင်ငံတစ်ခုဗျ။ လက်ရာမြောက်တဲ့ လက်ရာတွေ အများကြီး ထွက်ရှိထားတဲ့ အပြာကား အင်အားကြီးနိုင်ငံဖြစ်ပြီး ရုပ်ရည်နဲ့ သရုပ်ဆောင်စွမ်းရည် ထူးချွန်တဲ့ မင်းသားမင်းသမီးတွေလည်း အများကြီး ရှိတယ်။ အတိုချုပ်ပြောရရင် အကန့်အသတ်မရှိတဲ့ အလားအလာတွေရှိတဲ့ အပြာကား စူပါပါဝါနိုင်ငံကြီးပေါ့]

FaceIt ဟာ အရင်ကလည်း ရုရှားစျေးကွက်ထဲ ဝင်ဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ တံခါးကို အကြိမ်ကြိမ် ခေါက်ခဲ့ပေမဲ့ အစိုးရရဲ့ ခွင့်ပြုချက်ကို မရရှိခဲ့ဘူး။

တိကျတဲ့ အကြောင်းပြချက်ကိုတော့ မဖော်ပြထားပေမဲ့ ပြည်တွင်းအပြာကားလောကကို ကာကွယ်ဖို့အတွက် ဖြစ်မယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ အခုတော့ ကန့်သတ်ချက် တချို့ရှိနေပေမဲ့ လမ်းကြောင်းက ရုတ်တရက် ပွင့်သွားခဲ့ပါပြီ။

တိုဘီက သူ့ရဲ့ ဝမ်းသာမှုကို မဖုံးကွယ်နိုင်ခဲ့ဘူး။

[တကယ်တော့ ငါ ငယ်ငယ်က အမေရိကန် အပြာကားတွေထက် ရုရှား အပြာကားတွေကို ပိုကြိုက်ခဲ့တာ။ အဲဒါကြောင့်မလို့ ရုရှားစကား အခြေခံတချို့ကိုတောင် တတ်ခဲ့သေးတယ်]

“...ဪ။ ဟုတ်လား”

ဂျပန် AV ကားတွေကြည့်ပြီး ဂျပန်စာတတ်လာသလိုမျိုးလား။

[စီအီးအိုလည်း ရုရှားအပြာကားတွေကို ကြိုက်တယ် မဟုတ်လား]

“……”

သူက ဘယ်လိုသိ... နေပါဦး၊ သူက ဘာမလို့ လာပြီး ကောက်ချက်ချနေတာလဲ။

[ငါတို့ မကြာခင်မှာ ဒေသခံ အပြာကားကုမ္ပဏီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်။ ဘယ်လိုအပြာကားမျိုးတွေ ထွက်လာမလဲဆိုတာ မျှော်လင့်စောင့်စားနိုင်ပါတယ်]

“အင်း၊ မျှော်လင့်စောင့်စားနေတယ်လို့တော့ အတိအကျ ပြောလို့မရပေမယ့်...”

ကျွန်တော် သူ့ကို တားတော့ မတားလိုက်ပါဘူး။ သူက ရုရှားစျေးကွက်ချဲ့ထွင်မှုကို ဒီလောက်တောင် စိတ်အားထက်သန် နေမှတော့ ကျွန်တော်က အားပေးရုံပေါ့။

ကျွန်တော် ဖုန်းချလိုက်တယ်။

တက်ဂယူက လက်ပိုက်ပြီး မှတ်ချက်ချတယ်။

“ကပ်ပွန်ရိုပဲ”

“အဲဒါ ဘာကို ဆိုလိုတာလဲ”

“ဇာတ်စင်က ရုတ်တရက် ရုရှားဖြစ်သွားတယ်လို့ ပြောတာ”

သူပြောသလိုပဲ ရုရှားနိုင်ငံတစ်ဝိုက်မှာ ရုတ်တရက် စည်ကားသိုက်မြိုက်သွားခဲ့တယ်။ ထိုးဆင်းနေတဲ့ ရူဘယ်ငွေတန်ဖိုးက ပြန်တက်လာခဲ့တယ်။ ကိုရီးယား စီးပွားရေးခေါင်းဆောင်တွေက အခြေအနေပြောင်းလဲမှုကို ရိပ်မိပြီး ရုရှားဆီ ချက်ချင်း ပြေးလာကြတယ်။ ဥက္ကဋ္ဌ လင်ဂျင်ယုံက သူ့ရဲ့ လက်ရှိ အစီအစဉ်တွေကို ဖျက်သိမ်းပြီး သူ့ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ မော်စကိုဆီ ပျံသန်းလာခဲ့တယ်။

ဆိုဆောင်း၊ အွန်ဆောင်းနဲ့ CL လိုမျိုး ကုမ္ပဏီတွေကတော့ ရုရှားမှာ အခြေစိုက်ထားတာ ကြာလှပါပြီ။

ရုရှားစီးပွားရေးက ဘယ်လောက်ပဲ အခက်အခဲရှိနေပါစေ ရုရှားနိုင်ငံရဲ့ GDP ဟာ တောင်ကိုရီးယားနဲ့ တန်းတူနီးပါး ရှိနေတာကြောင့် အခွင့်အလမ်းတွေ ပြည့်နှက်နေတဲ့ နယ်မြေတစ်ခုအဖြစ် ရှိနေဆဲပါ။

အသေးစိတ်အချက်အလက်တွေကို ညှိနှိုင်းပြီးနောက်မှာ ကျွန်တော်က Rosatom ရဲ့ ဥက္ကဋ္ဌနဲ့ တွေ့ဆုံပြီး စာချုပ်ကို တရားဝင် လက်မှတ်ရေးထိုးခဲ့တယ်။ စာချုပ်ကို အင်္ဂလိပ်စာနဲ့ ရုရှားစာ နှစ်မျိုးလုံးနဲ့ ရေးသားထားတာပါ။

ရုရှားကနေ မထွက်ခွာခင်မှာ သမ္မတ ဗိုင်ဆော့စကီးက ကျွန်တော့်ဟိုတယ်ဆီ လက်ဆောင်တစ်ခု ပို့ပေးခဲ့တယ်။ အစီအစဉ်အားလုံး ပြီးစီးသွားတဲ့အခါ ကျွန်တော်တို့ ကိုရီးယားကို ပြန်လာခဲ့ကြတယ်။

ကိုရီးယားကို ရောက်တာနဲ့ ကျွန်တော်တို့က Golden Gate အဆောက်အဦးဆီ တန်းတန်းမတ်မတ် သွားခဲ့ကြတယ်။

ထိုင်ရုံတင်ရှိသေးတယ်၊ အစ်မ ဟျွန်းဂျူးနဲ့ အယ်လီတို့ဆီကနေ စကားအမြောက်အမြား ကြားလိုက်ရတယ်။ နှစ်ယောက်လုံးက အလုပ်တွေပိပြီး အားအင်ကုန်ခမ်းနေတဲ့ ပုံပါပဲ။

သူတို့က ဝန်ထမ်းတွေနဲ့အတူ ညအတော်များများ အိပ်ရေးပျက်ခံပြီး စာချုပ်ရဲ့ အသေးစိတ်အချက်အလက်တွေကို တစ်ခုမကျန် စစ်ဆေးခဲ့ကြတယ်လို့ ကြားရပါတယ်။

မျက်ကွင်းတွေ ညိုနေတဲ့ အယ်လီက ကျွန်တော့်ကို ကြည့်ပြီး မေးတယ်။

“လက်ဆောင်တွေ ပါလား”

ကျွန်တော် ယုံကြည်မှုရှိရှိနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

“အင်း၊ ပါတာပေါ့”

“တကယ်လား၊ ဘာလက်ဆောင်လဲဟင်”

အယ်လီက ဝမ်းသာအားရနဲ့ လက်ဆောင်ကို ယူပြီး ထုပ်ပိုးထားတာကို ဖွင့်လိုက်တယ်။ ဒါပေမဲ့ သူ့ရဲ့ မျက်နှာအမူအရာက ချက်ချင်း အေးစက်သွားတာကို ကျွန်တော် မြင်လိုက်ရတယ်။

“ဟင်၊ မက်ထရီယိုရှကာ အရုပ်(ရုရှားအရုပ်)တွေလား”

“ဟုတ်တယ်၊ ရုရှားပညာရှင်တစ်ယောက် ကိုယ်တိုင်လုပ်ထားတဲ့ အထူးထုတ်ကုန်ပဲ”

“ဪ ချစ်စရာကောင်းသားပဲ။ မူကြိုကျောင်းသားတစ်ယောက် ကြိုက်မယ့် လက်ဆောင်မျိုး ဖြစ်နေပေမယ့်ပေါ့”

“သဘောကျရဲ့လား”

“သေချာတာပေါ့၊ လက်ဆောင်ဆိုတာ စေတနာက အဓိကပဲလေ”

“……”

သူ့ရဲ့ မျက်နှာအမူအရာကတော့ လုံးဝ သဘောကျနေတဲ့ပုံ မဟုတ်ပါဘူး။

ကျွန်တော် အိတ်ထဲကနေ စာအုပ်တစ်အုပ်ကို အမြန်ထုတ်ပြီး ကမ်းပေးလိုက်တယ်။

“အာ… အဲဒါက အမှတ်တရပစ္စည်း သက်သက်ပါ။ ဒါကမှ တကယ့်လက်ဆောင်အစစ်”

စာအုပ်ကို ယူလိုက်ရင်း အယ်လီက ခဏလောက် ကြောင်သွားတယ်။ သဘောမကျပြန်ဘူးလား မသိဘူး။

ကျွန်တော် အဲဒီလို တွေးနေတုန်းမှာပဲ သူက ဝမ်းသာအားရနဲ့ အော်လိုက်တယ်။

“မဖြစ်နိုင်တာ။ ဒါက အန်နာ ကာရီနီနာ ရဲ့ ပထမဆုံး ပုံနှိပ်ထုတ်ဝေခဲ့တဲ့ စာအုပ် မဟုတ်လား။ ဒါကို ဘယ်လိုလုပ် ရလာတာလဲ”

“အဲဒါကတော့...”

သမ္မတ ဗိုင်ဆော့စကီးဆီကနေ လက်ဆောင်ရခဲ့တာပါ။

ရုရှားလို ရေးထားတာဖြစ်လို့ ကျွန်တော် မဖတ်တတ်ပေမဲ့ စာအုပ်ရဲ့ တန်ဖိုးကတော့ အတော်လေး ကြီးမားမှာ သေချာပါတယ်။ ရုရှားစာပေပြတိုက်မှာ တွေ့ရမယ့် စာအုပ်မျိုးလို့တောင် ပြောလို့ရမယ်ထင်တယ်။

တွေးကြည့်မှ သမ္မတ ဗိုင်ဆော့စကီးက ဒါကို ဘယ်လိုရခဲ့တာလဲ။ အာဏာရှင်သူဌေးကြီးတစ်ယောက်ရဲ့ စုဆောင်းမှုထဲကနေ လုယူလာတာလား။

“သဘောကျရဲ့လား”

“သေချာတာပေါ့။ တကယ်ကို သဘောကျတယ်။ ငါ ဒီဝတ္ထုကို ကြိုက်မှန်း ဘယ်လိုသိတာလဲ”

“အဲဒါကတော့...”

ဒါက လူအများစု ကြိုက်ကြတဲ့ ဝတ္ထုပဲလေ။ ဒါပေမဲ့ စာအုပ်အစကနေ အဆုံးထိ အပြည့်အစုံ ဖတ်ဖူးတဲ့သူတော့ သိပ်မရှိလောက်ဘူး။

“ကျေးဇူးတင်ပါတယ် ဂျင်ဟူ”

အယ်လီက ကျွန်တော့်ကို ဖက်ပြီး နမ်းလိုက်တယ်။

အစ်မ ဟျွန်းဂျူးက ကော်ဖီကို တစ်ငုံသောက်ရင်း အေးစက်စက် မှတ်ချက်ချတယ်။

“ဒါက ရုံးခန်းနော်။ ပိုပြီး လုပ်ချင်ရင် အိမ်ကျမှ လုပ်ကြပါ”

အဲဒီစကားကို ကြားတော့ ကျွန်တော် ချက်ချင်း အိမ်ပြန်ချင်စိတ် ပေါက်သွားတယ်။

အစ်မ ဟျွန်းဂျူးက မေးတယ်။

“ဒါနဲ့ အဲဒီ TWRဓာတ်ပေါင်းဖိုက တကယ်ပဲ ဒေါ်လာ သန်း ၁ ထောင် ရင်းနှီးမြှုပ်နှံဖို့ တန်လို့လား”

ကျွန်တော်က အနမ်းကြောင့် စိတ်လွင့်နေတုန်းဖြစ်လို့ တက်ဂယူက ကျွန်တော့်ကိုယ်စား ပြန်ဖြေပေးလိုက်တယ်။

“အခုထိတော့ မသိသေးဘူး။ စမ်းသပ်မှု အောင်မြင်မှပဲ သေချာသိရမှာပါ”

TWRဓာတ်ပေါင်းဖိုက လက်ရှိ နျူကလီးယားစက်ရုံတွေနဲ့ နှိုင်းယှဉ်ရင် တည်ဆောက်မှုအချိန်ကိုလည်း သိသိသာသာ တိုတောင်းစေ နိုင်ပါတယ်။ တကယ်လို့ စမ်းသပ်မှု အောင်မြင်ရင် စီးပွားဖြစ် လုပ်ဆောင်မှုကို မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မှာပါ။

အစ်မ ဟျွန်းဂျူးက နဖူးကို လက်နဲ့ဖိပြီး စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ပုံနဲ့ ပြောတယ်။

“ရုတ်တရက်ကြီး TWR ဆိုတော့...”

“ဒါက နည်းပညာကောင်းတစ်ခုပါ”

ကျွန်တော် ဝင်ပြောလိုက်တယ်။

“TWRက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရဲ့ စွမ်းဆောင်ရည် မြင့်တက်မလာခင်နဲ့ တခြားနည်းပညာအသစ်တွေ ပေါ်မလာခင်အထိ ကျွန်တော်တို့ရဲ့ စွမ်းအင်ပြဿနာကို ဖြေရှင်းပေးနိုင်မှာပါ”

“အဲ့လိုဖြေရှင်းနိုင်ဖို့ဆိုတာက အောင်မြင်မှာပါ”

အစ်မ ဟျွန်းဂျူးက လက်ခံလိုက်ပါတယ်။

“ဘာပဲဖြစ်ဖြစ် ဒါက မကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုတော့ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝန်းမှာ နျူကလီးယားစွမ်းအင် လိုအပ်ချက်က ဆက်တိုက် တိုးပွားနေတာပဲလေ”

နျူကလီးယားစွမ်းအင်လိုအပ်ချက် တိုးပွားနေတာက လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်တက်လာတာကြောင့် ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာတစ်ဝန်းမှာ နျူကလီးယားဓာတ်ပေါင်းဖို ၄၁၇ ခု လည်ပတ်နေပါတယ်။ နိုင်ငံပေါင်း ၄၀ ခန့်က အနာဂတ် နျူကလီးယားစက်ရုံ တည်ဆောက်ဖို့ စဉ်းစားနေကြတာပါ။ ဓာတ်ပေါင်းဖို ၅၀၀ ခန့်ကို ပြန်လည်သုံးသပ်နေပြီး အဲဒီထဲက " ၁၅၀" ဟာ ဆောက်လုပ်ရေး စီမံကိန်းအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

တကယ်လို့ TWR ကို အောင်မြင်စွာ တီထွင်နိုင်ရင် အဲဒီအနာဂတ်စျေးကွက်ကို အပိုင်စီးနိုင်မှာပါ။

ဒီလိုသာ ဖြစ်လာရင် Rosatom ဟာ EDF ကို ကျော်တက်ပြီး ကမ္ဘာ့အကြီးဆုံး စွမ်းအင်ကုမ္ပဏီ ဖြစ်လာမှာလေ။

“ဘာပဲဖြစ်ဖြစ် ဒီရင်းနှီးမြှုပ်နှံမှုကြောင့် ရုရှားစီးပွားရေးကတော့ အနည်းငယ် ပြန်လည်ဦးမော့လာတဲ့ပုံပဲ”

သမ္မတ ဗိုင်ဆော့စကီးက စီးပွားရေးအပေါ် နေ့တိုင်း အာရုံစိုက်နေပြီး OTK ကုမ္ပဏီဆီကနေ ရရှိတဲ့ ရင်းနှီးမြှုပ်နှံမှုကို အလေးအနက်ထား ဖော်ပြကာ ရုရှားရဲ့ နျူကလီးယားစွမ်းအင် အရောင်းမြှင့်တင်မှုကို ကိုယ်တိုင် လုပ်ဆောင်နေခဲ့တာပါ။

“ဒါပေမယ့် တောင်ကိုရီးယားကတော့ သိပ်သဘောကျမှာ မဟုတ်ဘူး။ နင်တို့ လာတုန်းက ကုမ္ပဏီရှေ့မှာ ဆန္ဒပြနေတဲ့သူတွေကို မြင်ခဲ့လား”

“ဟုတ်ကဲ့၊ မြင်ခဲ့ပါတယ်”

ကျွန်တော် ပြန်ဖြေလိုက်တယ်။

သတင်းတွေကနေ သိထားပြီးသား ဖြစ်ပေမဲ့ ကိုယ်တိုင်မျက်မြင်တွေ့လိုက်ရတော့ ပိုပြီး လက်တွေ့ဆန်သွားသလို ခံစားလိုက်ရတယ်။

ကုမ္ပဏီအဆောက်အဦးရှေ့မှာ ဆန္ဒပြပွဲက အပြည့်အဝ ဖြစ်ပွားနေခဲ့တာပါ။ ဒီတစ်ကြိမ်မှာတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ ဖြစ်ကြပါတယ်။ သူတို့က ‘နျူကလီးယားစွမ်းအင်ကို ဆန့်ကျင်ကြ’၊ ‘နျူကလီးယားပစ္စည်းများကို ဖယ်ရှားကြ’၊ ‘နျူကလီးယားကင်းစင်သော ကိုရီးယားကျွန်းဆွယ်’ နဲ့ ‘ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို တိုးချဲ့ကြ’ ဆိုတဲ့ ကြွေးကြော်သံတွေပါတဲ့ ပိုစတာတွေကို ကိုင်ဆောင်ထားကြတယ်။

ပြီးတော့ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေဆီကနေ နျူကလီးယား လျှော့ချရေးအတွက် လက်မှတ်တွေကိုလည်း လိုက်လံစုဆောင်းနေကြပါတယ်။

“ဘာလို့ ဒီနေရာမှာပဲ ဆန္ဒပြပွဲတွေ အများကြီး လာလုပ်နေကြတာလဲ။ ဒါက နာမည်ကြီး ဆန္ဒပြကွင်းပြင်ကြီး မလို့လား”

ကျွန်တော် သိချင်စိတ်နဲ့ မေးလိုက်တယ်။

တောက်လျောက်နီးပါးကို ဆန္ဒပြအဖွဲ့အမြောက်အမြားက ဒီနေရာကို ရောက်ရောက်လာခဲ့ကြတယ်။ ဘေးပတ်ဝန်းကျင်က ကုမ္ပဏီတွေအတွက်တောင် အားနာစရာ ကောင်းနေပါပြီ။

“ဒီလိုပဲ ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ ကိုယ့်ရဲ့အမြင်ကို ဖော်ထုတ်တာက ကောင်းတဲ့အချက်ပဲလေ”

အစ်မ ဟျွန်းဂျူးက ငြိမ်ခံလိုက်ဆိုတဲ့ သဘောနဲ့ ပြောတယ်။

ကမ္ဘာ့အကြီးဆုံး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဖြစ်တဲ့ Greenpeace က တရားဝင် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့တယ်။

[နျူကလီးယားစွမ်းအင်က သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတယ်ဆိုတဲ့ ပြောကြားချက်က လုံးဝ လိမ်ညာမှုပဲ။ OTK ကုမ္ပဏီအနေနဲ့ နျူကလီးယားစွမ်းအင်မှာ ရင်းနှီးမြှုပ်နှံမှုကို ချက်ချင်းရပ်တန့်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တိုးချဲ့မှုအပေါ်မှာပဲ အာရုံစိုက်ရမယ်]

Greenpeace ဟာ နျူကလီးယားရော အပူပေးဓာတ်အားထုတ်လုပ်မှုကိုပါ မကြိုက်ပါဘူး။ သူတို့ အနှစ်သက်ဆုံး ဖြေရှင်းချက်က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပါပဲ။ Greenpeace နဲ့ တခြားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက အစိုးရတွေကို နေရောင်ခြည်၊ လေအားနဲ့ ရေအားလျှပ်စစ် ထုတ်လုပ်မှုကို တိုးမြှင့်ဖို့ အစဉ်တစိုက် တောင်းဆိုနေခဲ့ကြတာပါ။

ဒါပေမဲ့ ဒါက ပြောသလောက် မလွယ်ကူပါဘူး။ ရေအားလျှပ်စစ် အလားအလာက ပထဝီဝင်အနေအထားအရ ကန့်သတ်ချက်ရှိပြီး နေရောင်ခြည်နဲ့ လေအားလျှပ်စစ်ကလည်း ထုတ်လုပ်မှု စွမ်းဆောင်ရည် နိမ့်ကျပါတယ်။

ကောက်ပဲသီးနှံတွေကို အချဉ်ဖောက်ပြီး အီသနော ထုတ်လုပ်တဲ့ တခြားနည်းလမ်းတွေကိုပါ ဆွေးနွေးနေကြပေမဲ့ ယေဘုယျအားဖြင့် စီးပွားရေးအရ တွက်ခြေမကိုက်ပါဘူး။

တကယ်လို့ ပြောသလိုမျိုး တကယ်ပဲ လွယ်ကူနေရင် KEPCO (ကိုရီးယား လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း) ဟာ သူတို့ရဲ့ အပူပေးဓာတ်အားပေးစက်ရုံတွေနဲ့ နျူကလီးယားစက်ရုံတွေ အားလုံးကို ပိတ်ပစ်ပြီး နေရောင်ခြည်နဲ့ လေအားလျှပ်စစ် စီမံကိန်းတွေမှာပဲ အလုံးစုံ ရင်းနှီးမြှုပ်နှံထားပြီးလောက်ပါပြီ။

အစိုးရကိုယ်တိုင်ကလည်း နျူကလီးယား လျှော့ချရေးကို ထောက်ခံအားပေးနေပေမဲ့ လက်ရှိလည်ပတ်နေတဲ့ နျူကလီးယား စက်ရုံတွေကိုတော့ မထိရဲသေးပါဘူး။

အစ်မ ဟျွန်းဂျူးက ခေါင်းခါလိုက်တယ်။

“လက်ရှိအစိုးရကတော့ အခုအချိန်မှာ တော်တော်လေး အနေရခက်တဲ့ အခြေအနေကို ရောက်နေမှာပဲ”

နျူကလီးယား လျှော့ချရေးက သမ္မတ ဟိုချန်မင်းရဲ့ အဓိက မဲဆွယ်ကတိကဝတ်တစ်ခု ဖြစ်ခဲ့ပြီး သူက ဒါကို မယိမ်းမယိုင် တွန်းအားပေးသွားမယ်လို့ အကြိမ်ကြိမ် ကတိပြုခဲ့တယ်။

ဒါပေမဲ့ အခြေအနေတွေက အဲဒီနောက်ပိုင်း ပြောင်းလဲသွားခဲ့ပါပြီ။

နျူကလီးယား လျှော့ချရေးကို လုပ်ဆောင်ခဲ့တဲ့ ဂျာမနီက ရုရှားရဲ့ သဘာဝဂတ်စ်တွေကို အမြောက်အမြား စတင်တင်သွင်းခဲ့ရတယ်။ ထိုင်ဝမ်ကတော့ ကျွန်းရဲ့ သုံးပုံနှစ်ပုံကို ထိခိုက်စေခဲ့တဲ့ ပြင်းထန်တဲ့ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပွားပြီးနောက် နျူကလီးယား လျှော့ချရေးမူဝါဒကို စွန့်လွှတ်ခဲ့တယ်။ ကမ္ဘာကို နျူကလီးယားရဲ့ အန္တရာယ်ကို ပြသခဲ့တဲ့ ဖူကူရှီးမား မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ ဂျပန်နိုင်ငံကိုယ်တိုင်ကလည်း လက်ရှိဓာတ်ပေါင်းဖိုတွေကို ပြန်လည်လည်ပတ်နေရုံတင်မကဘဲ အသစ်တွေ တည်ဆောက်ဖို့ပါ စဉ်းစားနေခဲ့ပါပြီ။

ဒါပေမဲ့ တောင်ကိုရီးယားကတော့ နျူကလီးယား လျှော့ချရေးအပေါ်မှာပဲ အခိုင်အမာ ရပ်တည်နေတုန်းပဲ။

အစိုးရရဲ့ စီမံကိန်းအရဆိုရင် ကိုရီးယားမှာရှိတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံအားလုံးဟာ နောက်ထပ် နှစ် ၅၀ ခန့်မှာ လည်ပတ်မှု ရပ်ဆိုင်းသွားမှာပါ။

တောင်ကိုရီးယားက ပြည်တွင်းမှာ နျူကလီးယားစက်ရုံအသစ် တည်ဆောက်မှုကို စွန့်လွှတ်လိုက်တာကြောင့် ကိုရီးယားရဲ့ နျူကလီးယားလုပ်ငန်း ကုမ္ပဏီတွေက တခြားနည်းလမ်းတွေကို ရှာဖွေခဲ့ကြရတယ်။ ကံကောင်းထောက်မစွာပဲ ပြည်ပကနေ နျူကလီးယားစက်ရုံ အော်ဒါမှာယူမှုတွေ မြင့်တက်လာခဲ့တယ်။

အစိုးရက နျူကလီးယား တင်ပို့မှုကို တက်ကြွစွာ ကူညီပေးမယ်လို့ ကတိပြုခဲ့ပေမဲ့ အလားအလာကတော့ သိပ်ပြီး မတောက်ပြောင်ခဲ့ပါဘူး။ နျူကလီးယားဓာတ်အားပေး စက်ရုံတစ်ခုဆိုတာက တည်ဆောက်တာ ပြီးသွားရုံနဲ့ မပြီးသေးပါဘူး။ တည်ဆောက်ပြီးရင် ဆယ်စုနှစ်ပေါင်းများစွာ လည်ပတ်ရမှာဖြစ်လို့ စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းမှုနဲ့ စီမံခန့်ခွဲမှုတွေ လိုအပ်ပါတယ်။

ဒါပေမဲ့ အစိုးရရဲ့ လမ်းပြမြေပုံအရ တောင်ကိုရီးယားဟာ အဲဒီလည်ပတ်မှုကာလအတွင်းမှာ နျူကလီးယား လျှော့ချရေးကို အပြီးသတ်မှာ ဖြစ်ပါတယ်။

နျူကလီးယားစက်ရုံ တည်ဆောက်ချင်တဲ့ နိုင်ငံတွေရဲ့ အမြင်ကနေ ကြည့်ရင်တော့ နျူကလီးယားလုပ်ငန်းအပေါ် စဉ်ဆက်မပြတ် ကတိကဝတ်နဲ့လုပ်ဆောင်ပေးတဲ့ နိုင်ငံတွေကိုပဲ သဘာဝအတိုင်း ပိုပြီး သဘောကျကြမှာပါပဲ။

ဒီလိုအခြေအနေမျိုးမှာပဲ OTK ကုမ္ပဏီက Rosatom နဲ့ လက်တွဲခဲ့တာ ဖြစ်တယ်။ အချိန်အခါက တော်တော်လေးမသင့်ခဲ့ပါဘူး။

ချက်သမ္မတနိုင်ငံက ဒူကိုဗာနီနဲ့ တခြားနေရာတွေမှာ ၁၀၀၀ မဂ္ဂါဝပ်တန်းစား နျူကလီးယားဓာတ်ပေါင်းဖို နှစ်ခု တည်ဆောက်ဖို့ စီမံကိန်းကို အတည်ပြုခဲ့တယ်။ အနာဂတ် ပြုပြင်ထိန်းသိမ်းမှုတွေ အပါအဝင် စီမံကိန်းရဲ့ စုစုပေါင်းတန်ဖိုးက ဒေါ်လာ သန်း ၂သောင်းခန့် ရှိပါတယ်။

ကမ္ဘာ့နျူကလီးယားကုမ္ပဏီတွေက တင်ဒါအောင်မြင်ဖို့အတွက် ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်နေကြပြီး တောင်ကိုရီးယားကလည်း အစိုးရရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ အစွမ်းကုန် ကြိုးစားနေခဲ့တာပါ။

ဒီကြိုးပမ်းမှုတွေကြောင့် တောင်ကိုရီးယားဟာ ပြင်သစ်နဲ့အတူ ထိပ်တန်းပြိုင်ဘက်တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရတယ်။ ချက်ပညာရှင်တွေနဲ့ အစိုးရအရာရှိတွေက KEPCO ရဲ့ အဆောက်အဦးတွေနဲ့ ကိုရီယား နျူကလီးယား ဓာတ်အားပေးစက်ရုံကို လေ့လာဖို့ တောင်ကိုရီးယားဆီ လာရောက်လည်ပတ်ဖို့ စီစဉ်ထားခဲ့ကြတယ်။ ဒါပေမဲ့ OTK ကုမ္ပဏီက Rosatom မှာ ရင်းနှီးမြှုပ်နှံလိုက်တဲ့ သတင်းထွက်လာတာနဲ့ တပြိုင်ထဲ တောင်ကိုရီးယားခရီးစဉ်က ရုတ်တရက် ဖျက်သိမ်းခံလိုက်ရတယ်။ အဲဒီအစား သူတို့က ရုရှားရဲ့ ကာ့စ်ခ် နျူကလီးယားဓာတ်အားပေးစက်ရုံဆီ လမ်းကြောင်းပြောင်းသွားခဲ့ ကြတယ်။

အိန္ဒိယ၊ ဗြိတိန်နဲ့ ပိုလန်တို့ကလည်း နျူကလီးယားစက်ရုံအသစ် တည်ဆောက်မှုကို လုပ်ဆောင်နေကြတာဖြစ်လို့ ရုရှားရဲ့ နျူကလီးယားနည်းပညာအပေါ် စိတ်ဝင်စားမှု ပိုပြီး မြင့်တက်လာခဲ့ကြတယ်။

တောင်ကိုရီးယားရဲ့ နျူကလီးယားနည်းပညာ တင်ပို့မှု အလားအလာက အခြေခံအားဖြင့် ပျက်ပြယ်သွားပြီဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့လာခဲ့ပြီး KEPCO နဲ့ ဂျူဆန်ဆောက်လုပ်ရေးလိုမျိုး သက်ဆိုင်ရာ ကုမ္ပဏီတွေရဲ့ ရှယ်ယာစျေးနှုန်းတွေက ၁၀ ရာခိုင်နှုန်းကျော်အထိ ထိုးကျသွားခဲ့တယ်။

အတိုက်အခံ လေဘာတီကိုရီးယားပါတီရဲ့ ခေါင်းဆောင် ယွန်နာကျောင်းက တိုက်စစ်ဆင်လာခဲ့တယ်။

“ကမ္ဘာ့ထိပ်တန်း ရင်းနှီးမြှုပ်နှံသူ ကန်ဂျင်ဟူကိုယ်တိုင်တောင် နျူကလီးယားနည်းပညာမှာ ရင်းနှီးမြှုပ်နှံနေပြီ။ တစ်ကမ္ဘာလုံးက နျူကလီးယားစက်ရုံတွေကို တည်ဆောက်ပြီး နျူကလီးယား နည်းပညာ စွမ်းဆောင်ရည်တွေကို မြှင့်တင်နေချိန်မှာ တောင်ကိုရီးယားတစ်နိုင်ငံထဲကပဲ နျူကလီးယား လျှော့ချရေးကို ကြေညာထားတယ်။ အခုတော့ နျူကလီးယား လျှော့ချရေးက မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်သက်သက်ဆိုတာ ရှင်းလင်းသွားပြီဖြစ်လို့ သမ္မတကိုယ်တိုင် ရှေ့ထွက်လာပြီး မူဝါဒအမှားကို ဝန်ခံကာ ပြည်သူတွေကို ဦးညွှတ်တောင်းပန်ရမယ်”

အွန်လိုင်းပေါ်မှာလည်း ပြင်းထန်တဲ့ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့တယ်။

-ဝိုး၊ လေဘာတီကိုရီးယားပါတီက ကန်ဂျင်ဟူဘက်က ရပ်တည်ပေးနေတာပဲ။

-ကန်ဂျင်ဟူက လက်ဝဲလား။ လက်ယာလား။ သူက ဘာလို့ အစိုးရမူဝါဒကို ဝင်ရှုပ်နေတာလဲ။

-ကန်ဂျင်ဟူရဲ့ အခုထိ လှုပ်ရှားမှုတွေကို ကြည့်ရသလောက်တော့ သူက အပေါ်ယံမှာ လစ်ဘရယ်ဟန်ဆောင်ထားတဲ့ ကွန်ဆာဗေးတစ်ပဲ။

-ပုံမှန် ဖက်ရှင်လစ်ဘရယ်၊ ဂန်နမ်လစ်ဘရယ်ပေါ့။ လက်တွေ့မှာတော့ သူက ကွန်ဆာဗေးတစ်ဟောင်းကြီးပဲ။

-နျူကလီးယားစွမ်းအင်က သဘာဝပတ်ဝန်းကျင်နဲ့ မကိုက်ညီဘူး၊ ပြီးတော့ ဓာတ်ရောင်ခြည်သင့်မှု အန္တရာယ်လည်း ရှိတယ်။ နျူကလီးယားစက်ရုံတွေကို ဖယ်ရှားရမယ်။

-ဒါဆို အပူပေးဓာတ်အားက သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီလို့လား။ ဖုန်မှုန့်ညစ်ညမ်းမှုကို ကြည့်ပြီးမှ ပြောစမ်းပါ။

-အဓိကက အပူပေးဓာတ်အား မဟုတ်ဘူး၊ ရေအား၊ လေအားနဲ့ နေရောင်ခြည်လိုမျိုး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို တိုးမြှင့်ဖို့ပဲ။

-ဟားဟား၊ ကိုရီးယားက နော်ဝေ မဟုတ်ဘူးနော်။ ရေအားလျှပ်စစ်အတွက် သင့်တော်တဲ့နေရာ ဘယ်နှနေရာ ရှိလို့လဲ။ ဟူးဗားဆည်ကြီး ဆောက်ရမှာလား။

-နျူကလီးယားစက်ရုံတစ်ခုကို နေရောင်ခြည်စွမ်းအင်နဲ့ အစားထိုးဖို့အတွက် နိုင်ငံပိုင်သစ်တောတွေကို ခုတ်ထွင်ပြီး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေ တပ်ဆင်ရလိမ့်မယ်။ ဘယ်ဟာက တကယ့် သဘာဝပတ်ဝန်းကျင်နဲ့ ပိုကိုက်ညီလဲ။

-နျူကလီးယားစက်ရုံတွေက တစ်နေရာထဲမှာ စုစည်းထားလို့ ထိရောက်စွာ စီမံခန့်ခွဲနိုင်တယ်။ နေရောင်ခြည်နဲ့ လေအားကတော့ တပ်ဆင်တဲ့နေရာတိုင်းအတွက် လျှပ်စစ်ဓာတ်အားလိုင်းတွေ သွယ်တန်းရမှာ ဖြစ်လို့ အဲဒါကလည်း မလွယ်ကူဘူး။

-မင်းတို့တွေ နျူကလီးယားစက်ရုံ တကယ်ပေါက်ကွဲမှပဲ နိုးကြားလာကြမှာလား။

-နျူကလီးယားစွမ်းအင်က ဒီလောက်မကောင်းရင် အမေရိကန်၊ ရုရှားနဲ့ ပြင်သစ်တို့က ဘာလို့ အများကြီး ဆောက်နေကြတာလဲ။

-ချာနိုဘိုင်းနဲ့ ဖူကူရှီးမားကို မြင်ပြီးမှ လာပြော။ အမေရိကန်နဲ့ ရုရှားက အနည်းဆုံးတော့ ကျယ်ပြောတဲ့ နယ်မြေတွေ ရှိကြတယ်။ ကိုရီးယားက သေးငယ်ပြီး လူဦးရေသိပ်သည်းလို့ နျူကလီးယားမတော်တဆမှု တစ်ခုဖြစ်တာနဲ့ ပျက်စီးသွားလိမ့်မယ်။

-စက်ရုံအသစ်တွေ ဆောက်တာကို ရပ်တန့်ပြီး အဟောင်းတွေကို ပိတ်ပစ်ရင်တောင် ကိုရီးယားကျွန်းဆွယ်ပေါ်မှာ ဓာတ်ပေါင်းဖို တစ်ခုထဲ ကျန်နေရင်တောင်မှ အန္တရာယ်ရှိနေတုန်းပဲ မဟုတ်ဘူးလား။

-တရုတ်က အခုအချိန်မှာ အနောက်ပင်လယ်ပြင်မှာ ကမ်းလွန်နျူကလီးယားစက်ရုံတွေ ဆောက်ဖို့ စီစဉ်နေတာ။ ကိုရီးယားက နျူကလီးယား လျှော့ချလိုက်ရင်တောင် တရုတ်မှာ တစ်ခုခု ပေါက်ကွဲရင် ငါတို့လည်း သေမှာပဲ။

နျူကလီးယား လျှော့ချရေးအပေါ် ပြည်သူ့သဘောထားက ပြင်းထန်စွာ ကွဲပြားနေခဲ့တယ်။ ယေဘုယျအားဖြင့် တိုးတက်ပြောင်းလဲလိုတဲ့ အစိုးရက နျူကလီးယား လျှော့ချရေးကို တွန်းအားပေးနေတာဖြစ်လို့ လစ်ဘရယ်တွေက နျူကလီးယား စွမ်းအင်ကို ဆန့်ကျင်ကြပြီး ကွန်ဆာဗေးတစ်တွေကတော့ ထောက်ခံကြပါတယ်။

သမ္မတအိမ်တော်ပြာနဲ့ အာဏာရပါတီတို့ကတော့ အခက်တွေ့စရာ အခြေအနေကို ရင်ဆိုင်လိုက်ရတယ်။

ရင်းနှီးမြှုပ်နှံသူတစ်ဦးက သူ့ပိုက်ဆံကို ဘယ်မှာထည့်မလဲဆိုတာက သူ့ရဲ့ လုပ်ပိုင်ခွင့်ပါ။ ဒါပေမဲ့ လုပ်ငန်းတွေ အများကြီးထဲကမှ နျူကလီးယားဓာတ်အားထုတ်လုပ်မှု ဖြစ်နေရတာဆိုတော့ အစိုးရ အခက်တွေ့တာက မဆန်းပါဘူး။

တကယ်လို့ တခြားစီးပွားရေးသမားတစ်ဦးသာဆိုရင် ဒီလိုဆုံးဖြတ်ချက် မချခင်မှာ အစိုးရနဲ့ သေချာပေါက် အနီးကပ် ဆွေးနွေးတိုင်ပင်ခဲ့မှာပါပဲ။ ဒါပေမဲ့ ကန်ဂျင်ဟူကတော့ အစိုးရကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ သူ့ဘာသာသူ လုပ်ဆောင်ခဲ့တာပါ။

တောင်ကိုရီးယားအစိုးရဟာ ကန်ဂျင်ဟူက မော်စကိုတက္ကသိုလ်က ပါမောက္ခ ပက်ထရော့ဗ်နဲ့ ဆက်သွယ်ခဲ့တာ၊ ကရင်မလင်နန်းတော်မှာ သမ္မတ ဗိုင်ဆော့စကီးနဲ့ တွေ့ဆုံခဲ့တာတွေကို ရုရှားရဲ့ ကြေညာချက်တွေကနေတစ်ဆင့်ပဲ သိရှိခဲ့ရတယ်။

ဓမ္မဓိဋ္ဌာန်ကျကျ ပြောရရင် OTK ကုမ္ပဏီက နည်းပညာအရ အမေရိကန်ကော်ပိုရေးရှင်းတစ်ခု ဖြစ်တာကြောင့် တောင်ကိုရီးယားအနေနဲ့ OTKရဲ့ ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်တွေကို ဝင်ရောက်စွက်ဖက်ဖို့ အကြောင်းပြချက် မရှိပါဘူး။ ဒါပေမဲ့ စီအီးအိုကိုယ်တိုင်ကတော့ ငြင်းပယ်လို့မရတဲ့ ကိုရီးယားလူမျိုး ဖြစ်နေတာပဲလေ။

အစိုးရရဲ့ မူဝါဒကို ပံ့ပိုးပေးဖို့ နေနေသာသာ၊ လုံးဝ ဆန့်ကျင်ဘက်ဖြစ်တဲ့ လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံခဲ့တာကြောင့် အစိုးရအနေနဲ့ မကျေမနပ်ဖြစ်ရတာကတော့ သဘာဝကျပါတယ်။

All Chapters