← Chapters

အခန်း ၃၅၇

Vol. 36 Ch. 357

အခန်း ၃၅၇

Vol. 36 Ch. 357

အခန်း (၃၅၇)

လူတိုင်းသိကြတဲ့အတိုင်း ဆောင်း အီလက်ထရောနစ် က Semiconductorတွေ၊ စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ တခြားဟာတွေကို ထုတ်လုပ်ရောင်းချတဲ့ Hardwareထုတ်လုပ်သူ ဖြစ်ပါတယ်။

ဒါတွေက ဂိမ်းထုတ်လုပ်ရေးနဲ့ ဘာဆိုင်လို့လဲလို့ တွေးမိနိုင်ပေမယ့် တကယ်တော့ အချိတ်အဆက်က အကြီးကြီးရှိနေတာပါ။

“ဆော့ဖ်ဝဲတစ်ခုကို ကောင်းကောင်းလည်ပတ်နိုင်ဖို့ဆိုရင် အဲဒါကို ပံ့ပိုးပေးနိုင်တဲ့ Hardwareရှိဖို့ လိုအပ်တယ်”

ဥက္ကဌ လင်ဂျင်ယုံ ရဲ့ စကားကို တက်ဂယူက ခေါင်းညိတ်ထောက်ခံလိုက်တယ်။

“ဟုတ်ပါတယ်။ ကွန်ပျူတာ ဒါမှမဟုတ် ဂိမ်းစက်ရဲ့ စွမ်းဆောင်ရည်က မမီဘူးဆိုရင် ဂိမ်းကို ကောင်းကောင်း ခံစားလို့ရမှာ မဟုတ်ဘူး”

ဆော့ဖ်ဝဲနဲ့ Hardwareက တစ်ခုပေါ်တစ်ခု လွှမ်းမိုးမှုရှိပြီး အတူတူ တိုးတက်ပြောင်းလဲလာခဲ့ကြတာပါ။ ဂိမ်းတွေကလည်း ဒီအပေါ်မှာ သိသိသာသာ သက်ရောက်မှု ရှိခဲ့တယ်။

မြင့်မားတဲ့ စွမ်းဆောင်ရည်ရှိတဲ့ CPU တွေ၊ GPU တွေ၊ Semiconductorတွေ စတာတွေကို ထုတ်လုပ်ဖို့ဆိုရင် လုံလောက်တဲ့ ဝယ်လိုအားရှိဖို့ လိုပါတယ်။ လူတွေက CPU စွမ်းဆောင်ရည်၊ GPU အရှိန် ဒါမှမဟုတ် RAM ပမာဏအကြောင်း ဘယ်လောက်ပဲ ပြောပြော၊ ပရိုဂရမ်မာလို ကျွမ်းကျင်သူတွေကလွဲရင် သာမန်စားသုံးသူကတော့ Hardwareရဲ့ စွမ်းဆောင်ရည်ကို ဂိတ်ဆုံးအထိ သုံးခဲပါတယ်။

ဒါပေမဲ့ အစိတ်အပိုင်းအားလုံးရဲ့ စွမ်းဆောင်ရည်ကို အကန့်အသတ်အထိ တွန်းပို့လိုက်တဲ့ အခိုက်အတန့်တစ်ခု ရှိပါတယ်။ အဲဒါကတော့ ဂိမ်းကစားတဲ့အချိန်ပါပဲ။

စွမ်းဆောင်ရည်မြင့် ဂိမ်းတွေက စွမ်းဆောင်ရည်မြင့် Hardwareတွေကို လိုအပ်တာပါ။ ဒါကြောင့် နာမည်ကြီး အွန်လိုင်းဂိမ်းတစ်ခု ထွက်လာပြီဆိုရင် ကွန်ပျူတာ အသစ်လဲတာတို့၊ အဆင့်မြှင့်တင်တာတို့လုပ်ကြတာမလို့ ဝယ်လိုအားက ရုတ်တရက် တိုးတက်လာတတ်ပါတယ်။

တက်ဂယူက ထပ်ဆင့် ရှင်းပြတယ်။

“ဒီနေရာမှာပဲ ဂိမ်းထုတ်လုပ်သူတွေရဲ့ အခက်အခဲက စတာပဲ။ လက်ရှိခေတ်ရဲ့ သာမန် Hardwareစံနှုန်းတွေနဲ့ ကိုက်ညီမယ့် ဂိမ်းကိုပဲ လုပ်မလား၊ ဒါမှမဟုတ် တမင်သက်သက် စွမ်းဆောင်ရည်မြင့် ဂိမ်းတစ်ခုအဖြစ် ထုတ်လုပ်မလားဆိုတာပေါ့”

Lost Fantasy စီးရီးက Hardwareစွမ်းဆောင်ရည်ကို အမြဲတမ်း အကန့်အသတ်အထိ တွန်းပို့တဲ့ ဂရပ်ဖစ်တွေကြောင့် နာမည်ကြီးပါတယ်။ ကမ္ဘာ့ပထမဆုံး 3D RPG ကလည်း Lost Fantasy ပါပဲ။

စွမ်းဆောင်ရည် တစ်သမတ်ထဲရှိတဲ့ ဂိမ်းစက်တွေနဲ့မတူဘဲ ကွန်ပျူတာ စံနှုန်းတွေကတော့ အိမ်တစ်အိမ်နဲ့တစ်အိမ် မတူကြပါဘူး။ လူအများကြီး ဂိမ်းကို ပျော်ပျော်ရွှင်ရွှင် ကစားနိုင်ဖို့ ရည်ရွယ်ထားပေမယ့် ခေတ်ကာလရဲ့ အကန့်အသတ်တွေကို ဖြတ်ကျော်နိုင်တဲ့ ဂရပ်ဖစ်တွေကပဲ Lost Fantasy စီးရီးရဲ့ သတ်မှတ်ချက် ဖြစ်နေခဲ့တာပါ။

“သူတို့ ညှိပေးထားတဲ့ အချက်ကတော့ ကစားသမားတွေအနေနဲ့ ကိုယ့်ရဲ့ PC စွမ်းဆောင်ရည်အပေါ် မူတည်ပြီး စွမ်းဆောင်ရည်နိမ့် ဗားရှင်းနဲ့ စွမ်းဆောင်ရည်မြင့် ဗားရှင်းကြား ရွေးချယ်ခွင့် ပေးလိုက်တာပဲ။ ဒါပေမဲ့ လူ့သဘာဝအရ ပိုကောင်းတဲ့အရာ ရှိမှန်းသိရင် အဲဒီဘက်ကိုပဲ သွားချင်ကြတာ သဘာဝပဲလေ”

ဥက္ကဌ လင်ဂျင်ယုံ က ပြောတယ်။

“အခုတလော ကွန်ပျူတာ အသစ်လဲတာနဲ့ အဆင့်မြှင့်တင်ဖို့ ဝယ်လိုအားတွေ တိုးလာနေတယ်။ Lost Fantasy Online ရဲ့ အောင်မြင်မှုက ငြိမ်သက်နေတဲ့ PC ဈေးကွက်ကို အသက်သွင်းပေးလိုက်တယ်လို့ ပြောလို့ရတယ်”

“DRAM ဈေးနှုန်းတွေလည်း ပြန်တက်လာပြန်ပြီ။ အဲလိုတက်လာတာကြောင့် ဂိမ်းကစားသူတွေ စိတ်ပျက်နေကြတာ”

ဒါကတော့ ရှောင်လွှဲလို့မရပါဘူး။

ဆောင်း အီလက်ထရောနစ် တင်မကဘဲ SSK Hynix၊ Micron နဲ့ တခြားစက်ရုံတွေလည်း စွမ်းအားပြည့် လည်ပတ်နေကြပေမယ့် ဝယ်လိုအားကိုတော့ အမီမလိုက်နိုင်သေးပါဘူး။

မနှစ်က အစပိုင်းကတည်းက ကျွမ်းကျင်သူအများစုက Semiconductor ခေတ်ကောင်းကြီး ကုန်ဆုံးသွားပြီး ဈေးနှုန်းတွေ ထိုးကျသွားလိမ့်မယ်လို့ စိုးရိမ်ခဲ့ကြတယ်။ ဒါပေမဲ့ ကာလရှည်ကြာ ဝယ်လိုအား ပြည့်မီအောင် မထောက်ပံ့ပေးနိုင်တာတွေကြောင့် Semiconductor ဈေးနှုန်းတွေက ဆက်တိုက် မြင့်တက်နေတုန်းပါပဲ။

ဆောင်း အီလက်ထရောနစ် အပါအဝင် Semiconductor ကုမ္ပဏီတွေက စက်ရုံတွေ တိုးချဲ့ဖို့ ဝမ် သန်းထောင်ပေါင်းများစွာကို ပြတ်ပြတ်သားသား ရင်းနှီးမြှုပ်နှံနေကြပေမယ့် ဒီနှစ်ကုန်ပိုင်းလောက် အထိတော့ ဝယ်လိုအားကိုအမီထုတ်လုပ်နိုင်ဖို့က သိသိသာသာ တိုးလာဖို့ မမျှော်လင့်နိုင်သေးပါဘူး။

ဒီလို ဖြစ်လာတဲ့အခါ ကျွမ်းကျင်သူတွေက Semiconductor super cycleက အခုမှ စတာဖြစ်ကြောင်း သူတို့ရဲ့ စကားကို သိမ်မွေ့စွာ ပြောင်းလဲလိုက်ကြတယ်။

ခန့်မှန်းချက် မှားယွင်းသွားရတဲ့ အကြီးဆုံး အကြောင်းရင်းကတော့ အလိုအလျောက်မောင်းနှင်မယ့် ကားတွေ ပေါ်ပေါက်လာလို့ Semiconductor ဝယ်လိုအားက ပေါက်ကွဲထွက်မတတ် တိုးတက်လာခဲ့လို့ပါပဲ။ အရင်က ဆောင်း အီလက်ထရောနစ် ရဲ့ အကြီးဆုံး ဖောက်သည်က Display Screenတွေနဲ့ Semiconductorတွေကို မှာယူတဲ့ Nppleပါ။ ဒါပေမဲ့ အခုတော့ မော်တော်ယာဉ် အီလက်ထရောနစ် ပစ္စည်းတွေကို မှာယူတဲ့ CarOs

ဖြစ်သွားပါပြီ။

ဆောင်း အီလက်ထရောနစ် က ဒီဈေးကွက်မှာ ပထမဆုံး စတင်သူအဖြစ် ကြီးမားတဲ့ အကျိုးအမြတ်တွေကို ရရှိနေပါတယ်။ အမေရိကန်၊ တရုတ်နဲ့ ဂျပန် အီလက်ထရောနစ် ကုမ္ပဏီတွေကလည်း မော်တော်ယာဉ် လုပ်ငန်းတွေနဲ့ ပူးပေါင်းပြီး မော်တော်ယာဉ် အီလက်ထရောနစ် စီးပွားရေးထဲကို ဝင်ရောက်လာကြပေမယ့် စွမ်းဆောင်ရည်နဲ့ ဈေးနှုန်းပိုင်းမှာတော့ ဆောင်း အီလက်ထရောနစ် ကို မပြိုင်ဆိုင်နိုင်ကြသေးပါဘူး။

“VRMMORPG ဆိုတာ အရင်က မမြင်ဖူးသေးတဲ့ လုံးဝ ဆန်းသစ်တဲ့ ဂိမ်းအမျိုးအစားပါ။ ဂိမ်းကို ကောင်းကောင်း အကောင်အထည်ဖော်ဖို့ဆိုရင် ရှိပြီးသား ကွန်ပျူတာတွေ ဒါမှမဟုတ် ဂိမ်းစက်တွေနဲ့ မနှိုင်းယှဉ်နိုင်တဲ့ စွမ်းဆောင်ရည်မြင့် Hardwareတွေ လိုအပ်လိမ့်မယ်”

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

“ကျွန်တော်တို့ဘက်ကလည်း သီးသန့်ဂိမ်းစက်တစ်ခု ထုတ်လုပ်ဖို့ ဆုံးဖြတ်ထားတာတော့ရှိပါတယ်”

အိချီကာဝါ ရှီဂဲရု က သုံးနှစ်အတွင်း ဂိမ်းထုတ်လုပ်ရေးကို အပြီးသတ်ပြီး ထုတ်လုပ်သွားမယ်လို့ ကြေညာခဲ့တယ်။ အဲဒီအချိန်ကျရင် ကွန်ပျူတာ စံနှုန်းတွေ တိုးတက်လာမှာကို ထည့်သွင်းစဉ်းစားရင်တောင် ကွန်ပျူတာပေါ်မှာ လည်ပတ်ဖို့က မဖြစ်နိုင်ပါဘူး။

အခုအချိန်အထိ ဂိမ်းစက်အများကြီး ဈေးကွက်ထဲ ရောက်လာခဲ့ပြီးသားပါ။ ဒါပေမဲ့ ဂိမ်းတစ်ခုထဲအတွက် သီးသန့်ဂိမ်းစက်တစ်ခု ဖန်တီးတာကတော့ ရှားပါတယ်။

စွန့်စားရမှုက အရမ်းကြီးမားလွန်းတယ်လို့ စိုးရိမ်မှုတွေ ရှိနေပေမယ့် ဂိမ်းသာ အောင်မြင်သွားရင်တော့ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး။

“ဖျော်ဖြေပွဲကို ကြည့်ပြီး ဂိမ်းကို ကစားပြီးနောက်မှာ နောက်ထပ် ထုတ်လုပ်မယ့်ဂိမ်းက အောင်မြင်လိမ့်မယ်ဆိုတာကို ငါ ပိုပြီး ယုံကြည်သွားတယ်။ တကယ်လို့ OTK Games သာ အောင်မြင်သွားရင် အသစ်စက်စက် VR ဂိမ်းစက်ဈေးကွက်တစ်ခု သေချာပေါက် ပေါ်လာမှာပဲ။ ဆောင်း အီလက်ထရောနစ် ကလည်း OTK Games နဲ့ ပူးပေါင်းပြီး ဒီဈေးကွက်ကို စိန်ခေါ်ချင်ပါတယ်”

VRMMORPG Seruana မှာ တစ်ပြိုင်ထဲ ကစားသူဦးရေက သန်း ၁၀၀ ဖြစ်လာမှာပါ။ ဂိမ်းကို ပျော်ပျော်ရွှင်ရွှင် ကစားမယ့် အမှန်တကယ် ကစားသမား အရေအတွက်က အဲဒီထက် လေးငါးဆမက ပိုများနိုင်ပါတယ်။

ဆောင်း အီလက်ထရောနစ် ရဲ့ Hardwareထုတ်လုပ်မှု နည်းပညာက ကမ္ဘာ့အဆင့်မီပါ။ နှစ်စဉ် စမတ်ဖုန်း သန်း ၁၀၀ ရောင်းချရတာထက် ပိုပြီး အံ့ဩဖို့ကောင်းတာက အဲဒီစမတ်ဖုန်း သန်း ၁၀၀ ကို ကိုယ်ပိုင် စက်ရုံတွေမှာပဲ ထုတ်လုပ်တာ ဖြစ်ပါတယ်။ အဲ့လို ထုတ်လုပ်နိုင်တာက အစိတ်အပိုင်းတွေကနေ ကုန်ချောအထိ အဆင့်ဆင့်ပေါင်းစပ်မှု စနစ်တစ်ခုကို ကောင်းကောင်း တည်ဆောက်ထားလို့ပါ။

ဆောင်း အီလက်ထရောနစ် ရဲ့ ရှုထောင့်ကနေကြည့်ရင် VR ဂိမ်းစက်က မော်တော်ယာဉ် အီလက်ထရောနစ် ပစ္စည်းတွေပြီးရင် သူတို့အတွက် နောက်ထပ် ဝင်ငွေအကောင်းဆုံး အရင်းအမြစ်တစ်ခု ဖြစ်လာဖို့ အလားအလာ အများကြီး ရှိပါတယ်။

ကျွန်တော်တို့ဘက်က ကြည့်ရင်လည်း ဆောင်း အီလက်ထရောနစ် ထက် ပိုကောင်းတဲ့ မိတ်ဖက် မရှိပါဘူး။ အတူတူ ကောင်းကောင်း အလုပ်လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိပြီးသားဖြစ်ပြီး ထုတ်လုပ်ရေး အဆင့်ကတည်းက ပူးပေါင်းဆောင်ရွက်တာက ထုတ်လုပ်မှု အချိန်ကာလကို သိသိသာသာ တိုတောင်းစေနိုင်ပါတယ်။

ဒါကြောင့် ကျွန်တော်လည်း ဆောင်း အီလက်ထရောနစ် နဲ့ ပူးပေါင်းဖို့ စဉ်းစားနေခဲ့တာပါ။ ဥက္ကဌ လင်ဂျင်ယုံ ကလည်း ကျွန်တော် ဒီလိုပဲ တွေးနေမယ်ဆိုတာကို သိနေပုံရပါတယ်။

အပိုစကားတွေ ပြောပြီး အချိန်ဆွဲမနေဘဲ ကျွန်တော် အလွယ်တကူပဲ သဘောတူလိုက်တယ်။

“ကျွန်တော်လည်း အတူတူ အလုပ်လုပ်ဖို့ မျှော်လင့်ပါတယ်”

ကျွန်တော်တို့ စာချုပ်နဲ့ ပတ်သက်ပြီး ယေဘူယျကျတဲ့ အချက်အလက်တွေကို ဆွေးနွေးခဲ့ကြတယ်။

ဆွေးနွေးမှု ပြီးဆုံးသွားတဲ့အခါ ဥက္ကဌ လင်ဂျင်ယုံ က သူ့နေရာကနေ ထရပ်လိုက်တယ်။

“ဥက္ကဌများ အစည်းအဝေး ရှိသေးလို့ ငါ အခု သွားရတော့မယ်”

“ဟုတ်ကဲ့။ ကောင်းကောင်း သွားပါဗျာ”

မထွက်ခွာခင်မှာ တစ်ခုခုကို သတိရသွားတဲ့အတိုင်း ဥက္ကဌ လင်ဂျင်ယုံ က တက်ဂယူကို မေးလိုက်တယ်။

“ဒါနဲ့ မေးစရာတစ်ခု ရှိသေးတယ်... အဆင့်တူတူချင်းမှာ Paladin ရဲ့ တိုက်ခိုက်ရေးစွမ်းအားက Warrior ထက် ဘာလို့ ပိုနည်းနေရတာလဲ။ အမှန်ဆို Paladin က ပိုပြီး သန်မာရမှာ မဟုတ်ဘူးလား”

“အဲဒါကတော့ Warrior ရဲ့ စွမ်းရည်တွေက တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေးမှာပဲ စုပြုံနေလို့ပါ။ အဲဒီအစား Paladin က အဆင့်တက်လာတာနဲ့အမျှ စွမ်းရည်မြှင့်တာတွေနဲ့ သွေးဖြည့်တာတွေကိုပါ သုံးနိုင်လာလိမ့်မယ်။ ပြီးတော့ မတူညီတဲ့ သဟဇာတဖြစ်မှုတွေကြောင့် Undead နဲ့ Demons တွေကို တိုက်ခိုက်တဲ့အခါ ပိုပြီး ထိခိုက်မှု ပေးနိုင်တယ်။ သူ့ကို Heal-Tank အဖြစ် ကောင်းကောင်း ပျိုးထောင်ကြည့်ပါ”

ဥက္ကဌ လင်ဂျင်ယုံ က တည်ကြည်တဲ့ အမူအရာနဲ့ မေးလိုက်တယ်။

“Heal-Tank ဆိုတာ ဘာလဲ”

“Healer ရော၊ Tanker ရော ပေါင်းထားတာလေ။ ခင်ဗျားရဲ့ အခုအဆင့်က ဘယ်လောက်လဲ”

“အဆင့် ၇”

“အာ… ဒါဆို အခုကစပြီး အရေးကြီးပြီ”

အိုတက်ဂယူ ရဲ့ ဇာတ်ကောင် တည်ဆောက်မှု သင်ခန်းစာက မိနစ် ၃၀ ခန့် ဆက်လက် ရှိနေခဲ့ပြီး ဥက္ကဌ လင်ဂျင်ယုံ ကတော့ အဆုံးအဖြတ် အခြေအနေ ရောက်နေတဲ့ နိုင်ငံ့ဝန်ထမ်း စာမေးပွဲဖြေမယ့် ကျောင်းသားတစ်ယောက်လို အာရုံစိုက် နားထောင်နေခဲ့တယ်။

ဘေးကနေ နားထောင်ရင်း ကျွန်တော် သတိထားပြီး မေးလိုက်တယ်။

“ဥက္ကဌများ အစည်းအဝေး ရှိတယ်လို့ ပြောခဲ့တယ် မဟုတ်လား”

“အာ… ဟုတ်သားပဲ၊ ရှိတယ်ဟ”

အဲဒီတော့မှ ဥက္ကဌ လင်ဂျင်ယုံ က အံ့သြသွားတဲ့ အမူအရာနဲ့ မော့ကြည့်ပြီး ချက်ချင်းပဲ ဖုန်းခေါ်လိုက်တယ်။

“ဒီနေ့ ဥက္ကဌများ အစည်းအဝေးကို ဖျက်သိမ်းလိုက်ပါ”

ပြီးတော့ သူက တက်ဂယူဘက် ချက်ချင်းလှည့်ပြီး မေးလိုက်ပြန်တယ်။

“ဒါနဲ့ Paladin ကနေ လျှို့ဝှက်Classကို ပြောင်းလဲဖို့ ဘာလုပ်ရမယ်လို့ ပြောလိုက်တာလဲ”

“…”

အစည်းအဝေးကိုပဲ သွားလိုက်ပါတော့ဗျာ (ကျွန်တော် တွေးမိတယ်)။

[(သတင်းထူး) ဆောင်း အီလက်ထရောနစ် နှင့် OTK Games တို့ VR ဂိမ်းစက် ထုတ်လုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည်]

[ဥက္ကဌ လင်ဂျင်ယုံ က VR ဂိမ်းစက်ကို ဆောင်း အီလက်ထရောနစ် ၏ တိုးတက်မှု တွန်းအားသစ်အဖြစ် ပျိုးထောင်သွားမည်ဟု ကြေညာ]

[ကမ္ဘာလုံးဆိုင်ရာ IT ကုမ္ပဏီတွေကလည်း VR ဂိမ်းများအပေါ် အာရုံစိုက်လာကြ]

[Npple၊ Gooble နှင့် MS တို့က VR ဂိမ်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မည်ဟု ကြေညာ]

[ဂိမ်းကုမ္ပဏီများ ကိုရီးယားမှ ထွက်ခွာနေကြ။ တစ်ချိန်က အားသာချက်ဖြစ်ခဲ့သော MMORPG ဈေးကွက်ကိုတောင် နိုင်ငံခြား ပြိုင်ဘက်များထံ ဆုံးရှုံးရတော့မည်လား]

[အစိုးရက ဘေးကနေပဲ ကြည့်နေမှာလား။ စည်းမျဉ်းစည်းကမ်းများကြောင့် ပိတ်ဆို့နေသော ကိုရီးယား ဂိမ်းလုပ်ငန်း၏ အနာဂတ်က ဘာလဲ]

ဆောင်း အီလက်ထရောနစ် က VR ဂိမ်းစက် ဖန်တီးဖို့ OTK Games နဲ့ ပူးပေါင်းမယ်လို့ ကြေညာလိုက်တဲ့အခါ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တစ်ခုလုံး လန့်သွားခဲ့တယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေက Lost Fantasy ဖိုရမ်တွေနဲ့ ဂိမ်းထဲမှာပါ ဖြစ်ပေါ်ခဲ့တယ်။

[CanYouFeelMyHeart: ဝိုး။ ဆောင်း အီလက်ထရောနစ် ပါ ခုန်ဝင်လာတာကို ကြည့်ရင် Lost Fantasy က တကယ်ပဲ VRMMORPG ဖြစ်လာတော့မယ့်ပုံပဲ]

[Samjab: မော်နီတာပေါ်မှာ ကြည့်ရမယ့်အစား VR နဲ့ ကြည့်ရမှာဆိုရင် တကယ်ကို အမိုက်စား ဖြစ်မှာပဲ]

[RedFairyTale: လင်ဂျင်ယုံ ကလည်း အိုတာကူတစ်ယောက် ဖြစ်နေတာလား။ Lost Fantasy ဖျော်ဖြေပွဲကိုတောင် သွားခဲ့သေးတယ်]

[Samjab: သူက ကန်ဂျင်ဟူ နဲ့ ရင်းနှီးလို့ သွားတာ ဖြစ်မှာပါ]

[Jonjalmino: ကဲပါ ကဲပါ၊ အခုလောလောဆယ် Monster Bossကို စီးနင်းပြီး ဝင်ချဖို့ကိုပဲ အာရုံစိုက်ကြရအောင်]

ဆောင်းမင်းဟို က ဂိမ်းထဲမှာ တော်တော်လေး လူသိများတဲ့ ကျွမ်းကျင်ကစားသမားတစ်ယောက်ဖြစ်ပြီး ဒီစီးနင်းမှုအဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။ ဒါဟာ လူပေါင်း ၁၅ ယောက်အထိ စုစည်းထားတဲ့ Monster Boss စီးနင်းတိုက်ခိုက်မှုပွဲပါ။

စီးနင်းမှုတွေမှာ အမျိုးအစားအပေါ် မူတည်ပြီး တချို့သော သတ်မှတ်ချက်တွေ ရှိပါတယ်။ အခုစီးနင်းမှုမှာတော့ အဆင့် ၁၀ အောက် ကစားသမား ငါးယောက် ပါဝင်ရမှာပါ။

'အဆင့်နိမ့်တဲ့သူတွေနဲ့ မကစားချင်ပေမယ့် ရွေးချယ်စရာ မရှိဘူး' လို့ ဆောင်းမင်းဟို တွေးလိုက်တယ်။

Monster Boss စီးနင်းမှုဆိုတာ အသုံးပြုသူတွေ စုပြုံပြီး Bossကို ဝိုင်းတိုက်ရုံသက်သက်ပဲ မဟုတ်ပါဘူး။ စီးနင်းပွဲဆိုတာက လူအများကြီး ပူးပေါင်းဆောင်ရွက်ရတာပါ။ ရန်သူကို အနိုင်ယူဖို့ မတူညီတဲ့ ကစားသမားတွေ၊ မတူညီတဲ့ အဆင့်ပိုင်ရှင်တွေ၊ စွမ်းရည်တွေကို သဟဇာတဖြစ်ပြီးကိုက်ညီအောင် ညှိနှိုင်းရတဲ့ ခေတ်မီဆန်းပြားတဲ့ ဦးနှောက်သုံးရတဲ့ ကစားပွဲ ဖြစ်ပါတယ်။

မစတင်ခင်မှာ ဆောင်းမင်းဟို က အဆင့်နိမ့် ကစားသမားတွေကို စုစည်းပြီး သီးသန့် ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့တယ်။ သီးသန့် အသုံးအနှုန်းတွေ ထွက်ပေါ်လာခဲ့တယ် - tanker၊ healer၊ အဝေးပစ်တိုက်ခိုက်သူ၊ အနီးကပ်တိုက်ခိုက်သူ၊ စွမ်းရည်မြှင့်ခြင်း၊ စွမ်းရည်ချခြင်း၊ သွေးပြန်တက်ခြင်း၊ ပွဲသိမ်းတိုက်ကွက် စသဖြင့်ပေါ့။

နောက်ဆုံးတော့ Monster Boss စီးနင်းပွဲ စတင်ခဲ့ပါတယ်။ Ogotu လို့ အမည်ရတဲ့ ဧရာမ သားရဲပုံစံ Boss ပေါ်လာတဲ့အခါ ဇာတ်ကောင်တွေက တစ်ပြိုင်ထဲ စတင် တိုက်ခိုက်ကြတော့တယ်။

တစ်နာရီခန့် ကြာမြင့်ခဲ့တဲ့ စီးနင်းပွဲက စိတ်မကောင်းစွာပဲ ကျရှုံးမှုနဲ့ ပြီးဆုံးသွားခဲ့တယ်။ တကယ် နှမြောဖို့ကောင်းတာက ဆံခြည်တစ်မျှင်အလိုမှာ ရှုံးသွားခဲ့တာပါ။

Ogotu ရဲ့ သွေးက လုံးဝ ကုန်ခါနီး ဖြစ်နေပါပြီ။

'ငါတို့ နောက်ထပ် သုံးချက်လောက်ပဲ ထပ်ရိုက်လိုက်ရင် နိုင်ပြီကိုကွာ'

အဆင့်နိမ့် ကစားသမားတွေသာ နည်းနည်းလေး ပိုကောင်းကောင်း လုပ်နိုင်ခဲ့ရင် သူတို့ နိုင်နိုင်ပါတယ်။ ဂိမ်းထဲကနေ ချက်ချင်း ထွက်သွားကြတဲ့ တခြားအသုံးပြုသူတွေနဲ့ မတူဘဲ အဆင့် ၈ Paladin ကတော့ ကျန်နေခဲ့ပြီး စီးနင်းမှုအဖွဲ့ဝင်တွေကို တစ်ယောက်ချင်း နှုတ်ဆက်နေခဲ့တယ်။

'အား။ ဒီကောင်သာ နည်းနည်း ပိုကောင်းအောင် ကစားခဲ့ရင် နိုင်နေပြီ'

သူက တခြား အဆင့်နိမ့်သူတွေကိုလည်း သဘောမကျပေမယ့် ဒီ Paladin ကိုတော့ ပိုပြီး အမြင်မကြည် ဖြစ်နေခဲ့တာပါ။

ဒေါသထွက်ထွက်နဲ့ ဆောင်းမင်းဟို က သူ့ထံ စာပို့လိုက်တယ်။

[Jonjalmino: ချီးပဲ။ မင်း တကယ် ဂိမ်းကစားတာ ညံ့တာပဲ။ မင်းက အားနည်းချက်ဖြစ်နေမှန်း ကိုယ့်ကိုကိုယ်ကော သိရဲ့လား]

[JinDragon: တောင်းပန်ပါတယ်]

[Jonjalmino: တောင်းပန်ရင် ပြီးရောလား။ အရင်က စီးနင်းပွဲ မလုပ်ဖူးဘူးလား]

[JinDragon: ဟုတ်ကဲ့။ ဒါ ကျွန်တော့်ရဲ့ ပထမဆုံး စီးနင်းပွဲပါ]

[Jonjalmino: မင်းက အလယ်တန်းကျောင်းသားလား။ အထက်တန်းကျောင်းသားလား]

[JinDragon: မဟုတ်ပါဘူး။ ကျွန်တော်က ကုမ္ပဏီမှာ အလုပ်လုပ်ပါတယ်]

[Jonjalmino: ဘယ်မှာ အလုပ်လုပ်တာလဲ]

[JinDragon: ဆောင်း မှာ အလုပ်လုပ်ပါတယ်]

[Jonjalmino: အို။ ငါက Seosung SB မှာ အလုပ်လုပ်တာ။ မင်းက ဘယ်အပိုင်းမှာ အလုပ်လုပ်တာလဲ။ ဆရာသမား]

[Jonjalmino: ကျွန်တော်က ဂန်နမ် ရုံးချုပ်မှာ အလုပ်လုပ်တာပါ]

[Jonjalmino: အီလက်ထရောနစ် ဘက်ကလား။ ဒါဆို ဥက္ကဌကို မြင်ဖူးလား။ ကြားတာတော့ သူက လူအာရုံစိုက်ခံချင်တဲ့သူဖြစ်ပြီး တစ်ခါတလေ ဝန်ထမ်းတွေနဲ့ ကန်တင်းမှာ ထမင်းအတူတူ စားတတ်တယ်ဆို]

[JinDragon: ဟင်၊ ကျွန်တော်က အဲဒီ လူအာရုံစိုက်ခံချင်တဲ့ ဥက္ကဌ ပါပဲ]

[Jonjalmino: ㅡ,.ㅡ ဆရာသမား။ ရူးနေတာလား]

[JinDragon: ယုံရခက်လိမ့်မယ်ဆိုတာ သိပေမယ့် အမှန်အတိုင်း ပြောနေတာပါ။ ဒီမှာ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဝန်ထမ်းတစ်ယောက်နဲ့ တွေ့ရတာ အရမ်းဝမ်းသာပါတယ်။ အဆင်ပြေပြေ နေကြရအောင်]

[Jonjalmino: ဟားဟား၊ နောက်နေတာလား။ လုံးဝ မဖြစ်နိုင်တာတွေမပြောစမ်းနဲ့။ မင်းက လင်ဂျင်ယုံ ဆိုရင် ငါက ကန်ဂျင်ဟူကွ]

[JinDragon: အမှန်အတိုင်းပဲ ပြောနေတာပါ။ ကျွန်တော်က ဘာလို့ လိမ်ရမှာလဲ။ ကျွန်တော်က လွှတ်တော်မှာ ဆင့်ခေါ်ခံရတဲ့ အချိန်ကလွဲရင် လိမ်မပြောတတ်ပါဘူး]

[Jonjalmino: ငါက Seosung SB က မန်နေဂျာ ဆောင်းမင်းဟို ပါ။ မင်းသာ လင်ဂျင်ယုံ ဖြစ်ရင် တစ်ချိန်ချိန်မှာ ငါ့ကို လာရှာလိုက်။ ငါ ထမင်းဝယ်ကျွေးပြီး စီးနင်းပွဲအကြောင်း တစ်ခုခု သင်ပေးမယ်]

[JinDragon: နားလည်ပါပြီ။ မနက်ဖြန် ကျွန်တော် လာခဲ့ပါ့မယ်]

[Jonjalmino: ဟူး။ ငါ တကယ်ပဲ မင်းနဲ့ စကား ဆက်မပြောသင့်တော့ဘူး]

နောက်တစ်နေ့။

Seosung SB က ဆောင်းမင်းဟို အလုပ်လာပြီး ကြိုးကြိုးစားစား အလုပ်လုပ်နေခဲ့တယ်။ ဒါပေမဲ့ နေ့လယ်စာစားချိန် မတိုင်ခင်လေးမှာပဲ ရုံးခန်းတစ်ခုလုံး ရုတ်တရက် ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့ပါတယ်။

“ဘာဖြစ်ကြတာလဲ”

“ဥက္ကဌ ရောက်လာလို့”

“ဘာ”

Seosung SB ရဲ့ ရုံးချုပ်က ယုံအင်း မှာ တည်ရှိတာပါ။ အမြဲတမ်း အလုပ်များနေတဲ့ ဥက္ကဌက ဒီအထိ လူကိုယ်တိုင် ဆင်းလာဖို့ဆိုတာ တစ်နှစ်မှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ပဲ ရှိတတ်တဲ့ ကိစ္စမျိုးပါ။

ဒါပေမဲ့ ဒီနေ့မှာတော့ သူက ဘာကြိုတင်အကြောင်းကြားချက်မှ မရှိဘဲ ရုတ်တရက် ရောက်လာခဲ့တယ်။

ဒါ့အပြင် (Seosung SB ရဲ့) ဥက္ကဌ ကလည်း ရုံးမှာ မရှိပါဘူး။

'ဥက္ကဌ ခရီးထွက်နေတာကို သူ မသိဘဲ မနေပါဘူး။ ဒါဆို ဘာကိစ္စနဲ့ ဒီကို ရောက်လာတာလဲ' လို့ ဆောင်းမင်းဟို တွေးလိုက်တယ်။

သူ တွေးနေတုန်းမှာပဲ ဥက္ကဌ လင်ဂျင်ယုံ က အမှုဆောင်ဒါရိုက်တာ ကင်ဆောင်းချော ရဲ့ လမ်းညွှန်မှုနဲ့အတူ ရုံးခန်းထဲကို ဝင်လာခဲ့တယ်။ ဝန်ထမ်းတွေအားလုံးလည်း တစ်ပြိုင်ထဲ နေရာကနေ ထရပ်ပြီး နှုတ်ဆက်ကြတယ်။

ရုံးခန်းပတ်ပတ်လည်ကို ကြည့်ရင်း ဥက္ကဌ လင်ဂျင်ယုံ က အမျိုးသား ဝန်ထမ်းတစ်ယောက်ရဲ့ ရှေ့မှာ ရပ်လိုက်တယ်။

“ခင်ဗျားက မန်နေဂျာ ဆောင်းမင်းဟို လား”

ဆောင်းမင်းဟို လန့်သွားပြီး ပြန်ဖြေလိုက်တယ်။

“ဟုတ်ကဲ့။ ကျွန်တော် ဆောင်းမင်းဟို ပါ။ ဥက္ကဌနဲ့ တွေ့ရတာ ဂုဏ်ယူပါတယ်ခင်ဗျာ”

“တွေ့ရတာ ဝမ်းသာပါတယ်။ ဒီမှာ ပြန်တွေ့ကြတာပဲ။ မနေ့ကအတွက် တောင်းပန်ပါတယ်”

ဥက္ကဌ လင်ဂျင်ယုံ ရဲ့ စကားကြောင့် သူ စိတ်လှုပ်ရှားသွားခဲ့တယ်။

“ဗျာ။ ဘာကို ပြောတာလဲ...”

“ခင်ဗျားပဲ ကျွန်တော့်ကို လာရှာဖို့ ပြောခဲ့တာ မဟုတ်လား”

“ကျွန်... ကျွန်တော်ကလား”

ဥက္ကဌ လင်ဂျင်ယုံ က ပြုံးပြီး စနောက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။

“မေ့သွားပြီလား။ စိတ်ပျက်စရာပဲ။ သေသေချာချာ စဉ်းစားကြည့်စမ်းပါ။ ကျွန်တော်တို့ မနေ့က စကားပြောခဲ့ကြတယ်လေ”

မန်နေဂျာ ဆောင်းမင်းဟို က အသည်းအသန် စဉ်းစားလိုက်တယ်။

'မဟုတ်ဘူး။ ငါတို့ တစ်ခါလေးတောင် မဆုံဖူးဘူးလေ။ ဒါက ဘာတွေလဲ'

အဲဒီအခိုက်အတန့်မှာပဲ သူ့ခေါင်းထဲ တစ်ခုခု လက်ခနဲ ဖြစ်သွားခဲ့တယ်။

“မ... မဖြစ်နိုင်တာ... အဲဒီ Paladin လား”

သူ ပြောနေရင်းနဲ့တောင် စိတ်ထဲကနေ တွေးမိနေသေးတယ်။

'အား… ဟင့်အင်း။ မဖြစ်နိုင်တာ။ ဂိမ်းထဲက အဆင့်နိမ့် Paladin က ငါတို့ရဲ့ ဥက္ကဌ ဖြစ်နေတယ်ဆိုတဲ့ ဇာတ်ကွက်မျိုးက တကယ့်လက်တွေ့ဘဝမှာ လုံးဝ မရှိနိုင်ဘူးလေ'

ဒါပေမဲ့ အဲဒီအရာက တကယ်ပဲ ဖြစ်ပျက်ခဲ့တာပါ။

“ဟုတ်ပါတယ်၊ Jonjalmino”

“အမလေး”

'ဒါကြောင့်ပဲ သူ့ရဲ့ ID က JinDragon ဖြစ်နေတာကိုး။ ဆောင်းအုပ်စု ရဲ့ ဥက္ကဌက ဘာဖြစ်လို့ Lost Fantasy ကို ကစားနေရတာလဲ'

ဥက္ကဌ လင်ဂျင်ယုံ က လိပ်ပြာလွင့်မတတ် ဖြစ်နေတဲ့ ဆောင်းမင်းဟို ရဲ့ ပုခုံးကို ဖက်လိုက်ပြီး ခင်မင်ရင်းနှီးစွာ ပြောလိုက်တယ်။

“ကဲ၊ မန်နေဂျာ ဆောင်းမင်းဟို က ထမင်းဝယ်ကျွေးမယ်လို့ ပြောထားတာဆိုတော့ ကျွန်တော်တို့ အရသာရှိတဲ့ ထမင်းစားရင်း စီးနင်းပွဲအကြောင်း သင်ခန်းစာလေး ယူကြမလား”

All Chapters