← Chapters

အခန်း ၅၅၁

Vol. 56 Ch. 551

အခန်း ၅၅၁

Vol. 56 Ch. 551

အခန်း (၅၅၁)

ဧရာမသားရဲကြီး လူသူကင်းမဲ့နေသော တောင်ကုန်းလေး တစ်ခုပေါ်တွင် ဆင်းသက်လိုက်၏။

၎င်းအပေါ်တွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း လူလေးယောက် ထိုင်နေကြသည်။ အမျိုးသားများထဲမှ တစ်ဦးမှာ ရိုးသားဖြူစင်ပုံပေါ်သော ဖက်တီးဖြစ်ပြီး ကျန်တစ်ဦးမှာ မျက်လုံးများ မှေးစင်းနေသော အရက်သမားတစ်ဦးဖြစ်ကာ သူ့လှုပ်ရှားမှုတိုင်းသည် လွတ်လပ်မှု ခံစားချက်ကို ထုတ်လွှတ်နေ၏။

အမျိုးသမီးနှစ်ဦးစလုံးသည် ပထမတန်းစား အလှလေးများ ဖြစ်ကြသည်။

တစ်ဦးက မြင့်မြတ်ပြီး ကျက်သရေရှိကာ အခြားတစ်ဦးမှာ နူးညံ့သိမ်မွေ့သော အမျိုးသမီးငယ်လေး တစ်ဦးနှင့် တူပေ၏။

ထိုလေးယောက်တွဲက လူများကို အလွန်အမင်း မလိုက်ဖက်သည့် ခံစားချက်ကို ပေးစွမ်းသော်လည်း ထိုနေရာရှိ မည်သူကမျှ သူတို့ကို ရှေ့တက်ရန်မစရဲကြပေ။

သူတို့ အချင်းချင်း သတင်းအချက်အလက်များ ဖလှယ်နေကြရင်း ဝေးရာသို့ ရွှေ့သွားကြသည်။

ထိုလူလေးယောက်ကို သူတို့ သိချင်နေကြ၏။

ထိုလေးယောက်တွဲမှာ အခြားမဟုတ်ပေ။ ဝမ်ပေါင်လဲ့နှင့် သူ့အဖွဲ့ပင် ဖြစ်သည်။ သူတို့ ဆင်းသက်ပြီးနောက် ခွန်းပန် သူ့ခန္ဓာကိုယ်ကို ချက်ချင်း ကျုံ့လိုက်၏။

ဝိုင် တစ်ငုံသောက်ပြီးနောက် နျဲ့ရှို့ယွမ် ပြောလိုက်သည်။ “ဂျူနီယာညီလေးဝမ် ကျန်တာက မင်းအပေါ်မှာပဲ မူတည်တယ်။ ငါက လွယ်လွယ်ကူကူ လှုပ်ရှားမှာ မဟုတ်ဘူး”

ဝမ်ပေါင်လဲ့ ခေါင်းအသာ ညိတ်လိုက်၏။ “စီနီယာအစ်ကို ကျွန်တော် ဘာလုပ်ရမလဲ ဆိုတာ သိပါတယ်”

ထိုလေးယောက် အချင်းချင်း စကားပြောနေစဉ် ဝမ်တောက်ကျောင်းတော်မှ တပည့်များ စုရုံးလာကြသည်။ ပြင်ပရေးရာဌာနမှ တပည့်တစ်ဦး ပြောလိုက်၏။ “စီနီယာဦးလေးနျဲ့ရှို့ယွမ် မဟုတ်ဘူးလား”

သူနှင့်အတူ လိုက်ပါလာသူ ချက်ချင်း ပြောလိုက်သည်။ “တကယ်ပဲ စီနီယာဦးလေးနျဲ့ရှို့ယွမ်ပါလား။ ပြီးတော့ သူ့အနားကလူက သောင်းပြောင်းပညာရပ်ဌာနက စီနီယာအစ်ကိုဝမ်နဲ့ တူတယ်။ ငါတို့ သွားပြီး သူတို့နဲ့ နှုတ်ဆက်သင့်လား”

“ကောင်းပြီလေ”

ခဏတာ ဆွေးနွေးပြီးနောက် လူတိုင်း တောင်ကုန်းဆီသို့ လျှောက်လာကြ၏။

ကျင့်ကြံသူများ တောင်ကုန်းပေါ်ရှိ လှုပ်ရှားမှုများကို အာရုံစိုက်နေကြသည်။ ဝမ်တောက်ကျောင်းတော်မှ ကျင့်ကြံသူများ တောင်ကုန်းဆီသို့ လျှောက်သွားသည်ကို လူတိုင်း မြင်တော့ သူတို့မျက်နှာများပေါ်တွင် မျှော်လင့်နေသော အမူအရာများ ပေါ်လာ၏။

မည်သို့ပင်ဆိုစေ ဝမ်တောက်ကျောင်းတော်သည် မြင့်မြတ်နယ်မြေဆယ်ခုထဲမှ တစ်ခုဖြစ်ပေသည်။ ထိုလူလေးယောက်၏ နောက်ခံက အစွမ်းထက်နေလျှင်တောင် သူတို့ ဝမ်တောက်ကျောင်းတော်ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။

ဝမ်ပေါင်လဲ့နှင့်အခြားသူများ သူတို့ဂိုဏ်းတူညီကိုများ နီးကပ်လာသည်ကို မြင်သော်လည်း သူတို့အမူအရာများ ပြောင်းလဲခြင်း မရှိပေ။

ခေါင်းဆောင်ဖြစ်သူ လက်သီးဆုပ်ကာ ပြောလိုက်၏။ “တပည့်ချန်ရွှယ်လီ စီနီယာဦးလေးနျဲ့ရှို့ယွမ်နဲ့ စီနီယာအစ်ကိုဝမ်တို့ကို ဂါရဝပြုပါတယ်”

“ဂျူနီယာညီလေးချန် ဒီလို ယဉ်ကျေးနေဖို့ မလိုပါဘူး”

ဝမ်ပေါင်လဲ့ ဂရုမစိုက်ဟန်ဖြင့် မေးလိုက်သည်။ “ဂျူနီယာညီလေးတို့ ငါတို့နှစ်ယောက်ကို ဘာလို့ လာရှာတာလဲ”

ချန်ရွှယ်လီ ပြောလိုက်၏။

“ကျွန်တော်တို့ ပိုင်ယုတောင်ထဲကို စီနီယာအစ်ကိုဝမ် နဲ့ အတူတူ ဝင်ချင်လို့ပါ”

“ရတာပေါ့”

ဝမ်ပေါင်လဲ့ ငြင်းဆန်ခြင်း မပြုချေ။ ဝမ်တောက်ကျောင်းတော်က သူ့ကို ပြုစုပျိုးထောင်ပေးခဲ့သဖြင့် သူ့ဂိုဏ်းတူညီအစ်ကို အကူအညီတောင်းလာချိန်တွင် သူ သဘာဝကျကျပင် ငြင်းဆန်မည် မဟုတ်ပေ။

“စီနီယာအစ်ကိုဝမ်ကို ကျေးဇူးတင်ပါတယ်”

လူတိုင်း ပြိုင်တူ ပြောလိုက်ကြ၏။

ဝမ်ပေါင်လဲ့ မေးလိုက်သည်။ “မင်းတို့အပြင် ငါတို့ ဝမ်တောက်ကျောင်းတော်က တခြား ကျွမ်းကျင်သူတွေ လာကြသေးလား”

ချန်ရွှယ်လီ ပြောလိုက်၏။

“ကျွန်တော်တို့ ပြင်ပရေးရာဌာနက အကြီးအကဲဟွမ် လည်း လာတယ်။ ဒါပေမဲ့ သူ အခု သူ့တပည့်တွေကိုခေါ်ပြီး ပိုင်ယုတောင်တဝိုက်ကို လှည့်ပတ်ကြည့်ရှုနေတယ်။ မကြာခင် ကျွန်တော်တို့နဲ့ လာပူးပေါင်းပါလိမ့်မယ်”

“အဘိုးကြီးဟွမ်ထောင်လား”

နျဲ့ရှို့ယွမ် ရုတ်တရက် မေးလိုက်သည်။

၎င်းကိုကြားတော့ ချန်ရွှယ်လီ၏အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး လေးစားစွာ ပြောလိုက်၏။

“ဒီတစ်ကြိမ် အဖွဲ့ကို ဦးဆောင်လာတာ စီနီယာဦးလေးဟွမ်ထောင်ပါ”

“အဲဒီအဘိုးကြီးနဲ့ အတူတူ ဝိုင်မသောက်ဖြစ်တာ အတော်ကြာပြီ။ နောက်ကျရင် သူနဲ့အတူတူ ဝိုင်နည်းနည်း ထပ်သောက်ရမယ်”

နျဲ့ရှို့ယွမ် ပြုံးကာ ပြောလိုက်သည်။

၎င်းကိုကြားတော့ ဝမ်ပေါင်လဲ့ မေးမြန်းလိုက်၏။

“စီနီယာအစ်ကို ခင်ဗျား စီနီယာအစ်ကိုဟွမ်နဲ့ အရမ်း ရင်းနှီးတာလား”

နျဲ့ရှို့ယွမ် ပြန်ပြောလိုက်သည်။

“အမှန်ပဲ။ ငါ ငယ်ငယ်တုန်းက ပြင်ပရေးရာဌာနမှာ ရှိနေတဲ့အချိန် ဟွမ်ထောင်က ငါ့ဝိုင်သောက်ဖော်သောက်ဖက်တွေထဲက တစ်ယောက်ပဲ”

သူတို့ စကားပြောနေတုန်း ချန်ရွှယ်လီခါးမှ ကျောက်စိမ်းတိုကင်သည် အနီရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်၏။ ၎င်းကိုမြင်တော့ သူ့အမူအရာက ပြောင်းလဲသွားပြီး အလျင်စလို ပြောလိုက်သည်။

“စီနီယာဦးလေးနျဲ့ရှို့ယွမ် ဒုက္ခပဲ။ စီနီယာဦးလေးဟွမ်ထောင်နဲ့ သူ့အဖွဲ့ ပြဿနာ တက်နေပြီ”

နျဲ့ရှို့ယွမ် ပြင်ပရေးရာဌာနတွင် နေထိုင်ခဲ့ဖူးသဖြင့် ချန်ရွှယ်လီ ခါးက ကျောက်စိမ်းတိုကင်သည် ပြင်ပရေးရာဌာနမှ တပည့်များအကြား အသုံးပြုသော ဆက်သွယ်ရေး တိုကင်တစ်ခု ဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်၏။ မတူညီသော အလင်းတန်းများက မတူညီသော အချက်ပြမှုများကို ကိုယ်စားပြုသည်။

အနီရောင်သည် အလွန်အမင်း အန္တရာယ်ရှိကြောင်းကို ကိုယ်စားပြုပြီး ဂိုဏ်းတူညီအစ်ကိုများကို အလျင်အမြန် ဆုတ်ခွာရန် ညွှန်ကြားခြင်း ဖြစ်ပေ၏။

သူ မျက်လုံးများကို ကျဉ်းမြောင်းပြီး ပြောလိုက်သည်။

“ငါတို့ဝမ်တောက်ကျောင်းတော်နဲ့ ရန်သူဖြစ်ရဲတဲ့သူရှိမယ်လို့ ထင်ထားဘူး။ ချန်ရွှယ်လီ လမ်းပြ။ ဘယ်သူက ဒီလောက်တောင် သတ္တိရှိလဲဆိုတာ ငါ ကြည့်ချင်တယ်”

၎င်းကိုကြားတော့ လူတိုင်း၏ စိတ်ဓာတ်များ အလွန်အမင်း မြင့်တက်လာ၏။

စီနီယာဦးလေးနျဲ့ရှို့ယွမ်သည် ဌာနမှူးချူ၏ မျက်နှာသာပေးခံရသော တပည့်များထဲမှ တစ်ဦးဖြစ်ပြီး နီဗားနားရှင်သန်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သူ လှုပ်ရှားမည်ဆိုပါက မဟာပဏ္ဍိတတစ်ပါး ရောက်လာလျှင်တောင်မှ သူတို့ ကြောက်ရွံ့နေရမည် မဟုတ်ပေ။

“ဟုတ်ကဲ့ပါ”

ချန်ရွှယ်လီ ပြောပြီးနောက် သူ လမ်းပြအဖြစ် လေထဲတွင် ပျံသန်းကာ တပည့်များကို ဦးဆောင်သွား၏။ နျဲ့ရှို့ယွမ် ခွန်းပန်၏ ခေါင်းကို ပုတ်လိုက်ပြီးနောက် လူတိုင်း ခွန်းပန်းအပေါ်တွင် ထိုင်ကာ ဝမ်တောက်ကျောင်းတော် နောက်သို့ လိုက်ပါသွားကြသည်။

ထိုမြင်ကွင်းက ပတ်ဝန်းကျင်ရှိ အင်အားစုအမျိုးမျိုးမှ ကျင့်ကြံသူများကို မှင်တက်သွားစေ၏။

အဘိုးအိုတစ်ဦး မနေနိုင်ဘဲ ရေရွတ်လိုက်သည်။

“အဲဒီ ရှေးဟောင်းနတ်ဆိုးသားရဲကို ဝမ်တောက်ကျောင်းတော်က ကျွမ်းကျင်သူတစ်ဦး တကယ်ကြီး ထိန်းချုပ်နိုင်လိုက်တာပဲ။ ဝမ်တောက်ကျောင်းတော်က ဘယ်သူများလဲ”

“သူ ဘယ်သူလဲဆိုတာ သိချင်ရင် ငါတို့ လိုက်သွားကြည့်ကြတာပေါ့။ ဝမ်တောက်ကျောင်းတော်ကို ရန်စနိုင်တဲ့သူက တခြားမြင့်မြတ်နယ်မြေတစ်ခုက စွမ်းအားကြီးလူတစ်ယောက်ဖြစ်ရမယ်”

၎င်းကိုကြားတော့ လူတိုင်း၏မျက်လုံးများ အရောင်လက်သွားကြ၏။ ၎င်းက အင်မော်တယ်တောင် အပြည့်အဝမပွင့်ခင် မြင့်မြတ်နယ်မြေများအကြား ထိပ်တိုက်ရင်ဆိုင်မှုကို သူတို့ မျက်မြင်တွေ့ရှိနိုင်မည်ဟု အဓိပ္ပာယ်ရပေသည်။

ဤအချိန်တွင် ပိုင်ယုတောင် မပွင့်သေးချေ။ ပိုင်ယုတောင်သို့ လာသည့်သူများ ၎င်းကို ရှောင်သွားရန်သာ ရှိတော့၏။

ခဏအကြာတွင် နျဲ့ရှို့ယွမ်နှင့်သူ့အဖွဲ့ အင်မော်တယ် ကျောက်စိမ်းတောင် မြောက်ဘက်ခြမ်းသို့ ချန်ရွှယ်လီတို့ နောက်မှ လိုက်ပါသွားကြသည်။ သူတို့ မဆင်းသက်ခင် တာအိုပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူ နှစ်ဦး တိုက်ခိုက်နေသည်ကို မြင်တွေ့လိုက်ရသည်။

သူတို့ထဲမှတစ်ဦးသည် ဝမ်တောက်ကျောင်းတော် အကြီးအကဲဝတ်စုံကို ဝတ်ဆင်ထားပြီး ကျန်တစ်ဦးက မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက် ဒုတိယအဆင့် အရာရှိဝတ်စုံကို ဝတ်ဆင်ထား၏။

ထိုအခိုက်အတန့်တွင် ဝမ်တောက်ကျောင်းတော် အကြီးအကဲဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုသည် ဆက်တိုက်နောက်ဆုတ်နေရပြီး သူ့နှုတ်ခမ်းထောင့်တွင် လတ်ဆတ်သော သွေးများ စီးကျနေသည်။

ဆန့်ကျင်ဘက်အနေဖြင့် ဒုတိယအဆင့် အရာရှိဝတ်စုံဖြင့်အဘိုးအိုသည် အဆက်မပြတ် ဖိနှိပ် တိုက်ခိုက်နေပြီး ဝမ်တောက်ကျောင်းတော်အကြီးအကဲကို မျှော်လင့်ချက်မဲ့သော အခြေအနေတစ်ခုသို့ အလျင်အမြန် တွန်းပို့နေ၏။

ထိုသို့နှယ် ဝမ်တောက်ကျောင်းတော်တပည့်များသည် စိတ်ဓာတ်ကျနေကြပြီး မြောက်ပိုင်းချောက်နက်မြင့်မြတ် မင်းဆက် တပည့်များကမူ သူတို့ခေါင်းများကို မော်ထားကြသည်။

အကြီးအကဲဟွမ် ရှုံးနိမ့်တော့မည့်အချိန် ကောင်းကင်ယံမှ နောက်ပြောင်ကျီဆယ်သော အသံတစ်သံ ထွက်ပေါ်လာ၏။

“အဘိုးကြီးထောင် ဆယ်စုနှစ်တွေတောင် ကြာခဲ့ပြီ။ ဘာမှကို တိုးတက်မလာပါလား”

ထိုအသံထွက်လာသည်နှင့် နီဗားနားရှင်သန်ခြင်းအဆင့် ဖိအားတစ်ခုကလည်း သူတို့နှစ်ဦးကို လွှမ်းခြုံသွားသည်။

“ဘယ်သူလဲ”

မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်မှ ဒုတိယအဆင့်အရာရှိ သူ့လှုပ်ရှားမှုများကို ရပ်တန့်ကာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။ ကောင်းကင်ယံတွင် ဧရာမအမည်းရောင်အရိပ်ကြီးတစ်ခုကို သူ မြင်တွေ့လိုက်ရ၏။

သူ အလိုအလျောက် ရေရွတ်လိုက်သည်။ “ခွန်းပန်”

“မင်း ဗဟုသုတချို့တော့ ရှိသားပဲ။ အခု ထွက်သွားတော့”

ခွန်းပန်၏ ကျောပေါ်မှ နျဲ့ရှို့ယွမ် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

သူ ဟွမ်ထောင်ကို ကယ်တင်ရန် ထိုနေရာသို့ ရောက်နေသော်လည်း တာအိုပေါင်းစည်းခြင်းအဆင့်အဘိုးအိုတစ်ဦးကို အနိုင်ကျင့်မည် မဟုတ်ချေ။

“ဟွန့်”

မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်မှ တာအိုပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူ အေးစက်စက် နှာမှုတ်လိုက်သည်။

“တာအိုရောင်းရင်း ငါတို့ မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက် ကိစ္စတွေက မင်းလို သာမန် နီဗားနားရှင်သန်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် ဝင်စွက်ဖက်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး။ မင်း အကောင်းအဆိုးကို နားလည်ရင် မြန်မြန် ထွက်သွားလိုက်ပါ။ မဟုတ်ရင် ငါတို့ မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက် အိမ်ရှေ့မင်းသား ရောက်လာတဲ့အခါ ပြဿနာ အကြီးအကျယ် တက်လိမ့်မယ်”

“ဟီးဟီး”

နျဲ့ရှို့ယွမ် ရယ်မောလိုက်၏။ “အဘိုးကြီး မင်း ငါတို့ ဝမ်တောက်ကျောင်းတော်က အကြီးအကဲတစ်ယောက်ကို ဒဏ်ရာရအောင် လုပ်ထားပြီးတော့ ငါ့ကို ထွက်သွားခိုင်းနေသေးတာလား။ မင်း ငါတို့ ဝမ်တောက်ကျောင်းတော် ကို အလေးမထားတာများလား”

သူ ပြောနေရင်း လက်ထဲရှိ ဓားကို ပေါ့ပေါ့ပါးပါး ဆွဲထုတ်လိုက်သည်။

ကလန်

ဓားမြည်သံနှင့်အတူ ဓားချီတစ်ခု ကောင်းကင်ယံမှ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူဆီသို့ ကျဆင်းလာ၏။

“မလုပ်ပါနဲ့”

မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်မှ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ သနားညှာတာပေးရန် တောင်းပန်ချိန်ပင် မရလိုက်ဘဲ ထိုဓားက သူ့အပေါ်သို့ ကျရောက်သွားသည်။ ဘုန်းခနဲ အသံနှင့်အတူ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့ ချုပ်ငြိမ်းသွားတော့၏။

All Chapters