← Chapters

အခန်း ၅၅၆

Vol. 56 Ch. 556

အခန်း ၅၅၆

Vol. 56 Ch. 556

အခန်း (၅၅၆)

“နင်တို့ မလောက်လေးမလောက်စားနှစ်ယောက် ငါတို့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ”

အစိမ်းရောင်ဝတ်အမျိုးသမီး သူတို့ကို မောက်မာစွာ ကြည့်လိုက်သည်။ သူမ မာနကြီးသော အမူအရာက သူတို့ကို မျက်လုံးထဲ လုံးဝမထည့်ထားကြောင်း ပြသနေ၏။

“တိုက်ခိုက်ရဲတယ်”

နန်ကုန်းယွီ သူမ ခေါင်းကို မောက်မာစွာ မော့လိုက်သည်။

သူမ မွေးဖွားလာစဉ်ကတည်းက မည်သူ့ကိုမျှ ခေါင်းမငုံ့ဖူးပေ။ ထို့ပြင် သူမ ခင်ပွန်းသည် မဟာပဏ္ဍိတမိုးမြေ၏ တိုက်ရိုက်တပည့်ပင်။

သူမ အရှက်ခွဲခံရလျှင်တောင် သူမခင်ပွန်းကို အရှက်မကွဲစေရပေ။

“မောက်မာလိုက်တာ”

အစိမ်းရောင်ဝတ်အမျိုးသမီး စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်ဖိအားကို ချက်ချင်း ထုတ်လွှတ်လိုက်၏။

“ငါ နင့်ကို ကြောက်မယ်ထင်လား”

နန်ကုန်းယွီ ရှေ့သို့ ခြေလှမ်းတစ်ဝက် တက်ကာ ဝမ်ယွီဖေးကို သူမ အနောက်တွင် ကာလိုက်ပြီး တစ်ချိန်တည်းမှာပင် သူမ ကိုယ်ပိုင် စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

အရှိန်အဝါနှစ်ခု လေထဲတွင် ပွတ်တိုက်သွားပြီး တစ်ခဏတာမျှ တစ်ဖက်ကိုတစ်ဖက် အသာစီး မရပေ။

၎င်းကို မြင်တော့ အစိမ်းရောင်ဝတ်အမျိုးသမီး၏ မျက်နှာပေါ်တွင် အထင်အမြင်သေးမှု တစ်စွန်းတစ်စ ပေါ်လာသည်။

“စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေတာကိုး။ နင့်လေသံက ဒီလောက် မောက်မာနေတာ အံ့သြစရာ မဟုတ်တော့ဘူး။ ဒီနေ့ ငါ နင်တို့ကို နှလုံးသားမဲ့နန်းတော်ရဲ့နည်းလမ်းတွေ ပြပေးမယ်။ ဒါမှ မြင့်မြတ်နယ်မြေတွေ ကြားထဲမှာတောင် ကွာခြားချက်တွေ ရှိတယ်ဆိုတာ သိသွားမှာ”

နန်ကုန်းယွီ ပြန်မတုံ့ပြန်ခင် ကျယ်လောင်သော အသံတစ်သံ အဝေးမှ ထွက်ပေါ်လာ၏။

“စကားကြီးစကားကျယ်တွေပြောမနေနဲ့။ ဒီနေ့ ငါ ဝမ်ပေါင်လဲ့ မင်းတို့နှလုံးသားမဲ့နန်းတော်က နည်းလမ်းတွေကို ကြည့်ပါဦးမယ်”

ထိုအသံနှင့်အတူ တာအိုပေါင်းစည်းခြင်းအဆင့်ဖိအား ထွက်ပေါ်လာပြီး အစိမ်းရောင်ဝတ်မိန်းကလေးကို နောက်သို့ ခြေလှမ်းတစ်ဝက် ဆုတ်သွားစေ၏။ ထို့အတူ သူမအရှိန်အဝါသည် ထက်ဝက်ခန့် အားနည်းသွားသည်။

“ဘယ်သူလဲ”

အစိမ်းရောင်ဝတ်အမျိုးသမီး၏ မျက်နှာသည် ဖြူရော်သွား၏။ နှလုံးသားမဲ့နန်းတော်တွင် သူမသည် လူတိုင်း၏ အလိုလိုက်ခံရသော မင်းသမီးလေး ဖြစ်ပြီး သူမဆရာသည် လက်ရှိ သူတော်စင်မလေး ဖြစ်ရာ သူမ ယခုလို ဘယ်တုန်းကမှ ဆက်ဆံမခံရဖူးပေ။

“ငါ ဒီမှာ ရှိတယ်”

ထိုစကားအ‌ဆုံး ပုံရိပ် ဒါဇင်ပေါင်းများစွာ အဝေးမှ ရောက်ရှိလာ၏။ မျက်စိတစ်မှိတ်အတွင်း ပုံရိပ်များသည် နှလုံးသားမဲ့နန်းတော်မှ တပည့်များရှေ့တွင် ပေါ်လာကြသည်။

သူတို့ကို ဦးဆောင်လာသူသည် ချစ်စရာကောင်းသော ဖက်တီးလေး ဖြစ်သော်လည်း ယခုအချိန်တွင် ဖက်တီးလေးသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထုတ်လွှတ်နေ၏။

သူ့အမူအရာနှင့် ရုပ်ရည်က မတူညီသော လူနှစ်ယောက်အလား။

“ဝမ်ပေါင်လဲ့လား”

စီနီယာအစ်မဟုန် ထိုနာမည်ကို တီးတိုးရေရွတ်လိုက်ပြီး မကြာမီ စကားလုံးလေးလုံး သူမစိတ်ထဲတွင် ဖြတ်ပြေးသွား၏။ “ရှင်က နတ်ဆိုးနှိမ်နင်းရေးကောင်းကင်ဓားပဲ”

“ဟုတ်တယ်။ ငါပဲ”

တစ်ဖက်လူသည် နီဗားနားရှင်သန်ခြင်းအဆင့် မြင့်မြတ်နယ်မြေမှ တပည့်တစ်ဦး ဖြစ်နေလျှင်တောင် ဝမ်ပေါင်လဲ့ မကြောက်ရွံ့ပေ။ သူ လူအုပ်ကို စူးစိုက်ကြည့်နေ၏။

ထိုအခိုက်အတန့်တွင် သူသည် ဆာလောင်နေသော ကျားတစ်ကောင်ပမာ အမျိုးသမီးကျင့်ကြံသူများအပေါ်သို့ အချိန်မရွေး ခုန်အုပ်ရန် အသင့်ဖြစ်နေသည်။

ပြင်းထန်သော လူသတ်အရှိန်အဝါသည် နှလုံးသားမဲ့နန်းတော်မှ အမျိုးသမီးကျင့်ကြံသူများကို အလွန်အမင်း မသက်မသာဖြစ်သွားစေ၏။

စီနီယာအစ်မဟုန် ရှေ့သို့ တစ်လှမ်းတက်ကာ ဂရုမစိုက်ဟန် ပြောလိုက်သည်။ “တာအိုရောင်းရင်းဝမ် ရှင် မဟာပဏ္ဍိတမိုးမြေရဲ့တပည့်ဆိုတာကို ကျွန်မ သိတယ်။ ဒါပေမဲ့ ကျွန်မရဲ့အနောက်မှာလည်း သူတော်စင်တစ်ပါး ရှိတယ်။ အခြေအနေတွေ ဆိုးရွားသွားရင် ရှင် အသာစီးမှ ရမှာ မဟုတ်ဘူး”

“မင်း ငါ့ကို ခြိမ်းခြောက်နေတာလား”

ဝမ်ပေါင်လဲ့ ပြုံးကာ ပြန်ချေပလိုက်ပြီးနောက် ဆက်ပြော၏။ “ဒါပေမဲ့ ငါ ခြိမ်းခြောက်မှုတွေကို ဘယ်တုန်းကမှ မကြောက်ခဲ့ဘူး”

၎င်းကို ကြားတော့ စီနီယာအစ်မဟုန် သူမ မျက်လုံးများကို ချက်ချင်း မှေးကျဉ်းလိုက်သည်။

“ဒါဆို ဒီနေ့ ရှင်တို့ဝမ်တောက်ကျောင်းတော်က ကျွန်မတို့နှလုံးသားမဲ့နန်းတော်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ရည်ရွယ်ထားတာပေါ့”

ဝမ်ပေါင်လဲ့ တည်ငြိမ်စွာ ပြောလိုက်၏။ “ဒါကတော့ မင်းတို့နှလုံးသားမဲ့နန်းတော် ဘယ်လိုရွေးချယ်မလဲဆိုတဲ့အပေါ်မှာ မူတည်တယ်”

သူ နှစ်ဖွဲ့ကြား ပဋိပက္ခဖြစ်ရသည့် အကြောင်းရင်းကို မသိသော်လည်း သူ့ဇနီးနှစ်ယောက်လုံး ပြဿနာရှာတတ်သည့်သူများ မဟုတ်ကြောင်းကို ခိုင်မာစွာ ယုံကြည်သည်။

ထို့ကြောင့် မည်ကဲ့သို့သော ရန်သူမျိုးနှင့် ဆုံတွေ့ရပါစေ သူ ခေါင်းငုံ့မည် မဟုတ်ပေ။

“ကောင်းပြီ ကောင်းပြီ။ နတ်ဆိုးနှိမ်နင်းရေးကောင်းကင်ဓား ရှင်က မယဉ်ကျေးမှတော့ ကျွန်မ ရှင့်ကို ယဉ်ကျေးအောင် လုပ်ပေးရတာပေါ့။ ကျွန်မက ဂျူနီယာတစ်ယောက်ကို ခေါင်းပေါ် တက်နင်းခွင့်ပြုထားတဲ့ အသုံးမကျတဲ့ နဂါးနက်စစ်တပ်လို မဟုတ်ဘူး”

စီနီယာအစ်မဟုန် အေးစက်စက် ရယ်မောသံဖြင့် ပြောလိုက်သည်။ ဤကိစ္စတွင် သူတို့နှလုံးသားမဲ့နန်းတော်သည် အရင်ဆုံး ရိုင်းပြခဲ့သော်လည်း နှလုံးသားမဲ့နန်းတော်မှ ကောင်းကင်ရွေးချယ်ခံသည် ဝမ်တောက်ကျောင်းတော်မှ သာမန်တပည့်တစ်ဦးကို တောင်းပန်ရန်ကား လုံးဝ မဖြစ်နိုင်ပေ။

ဝမ်ပေါင်လဲ့လက်ထဲမှ မဟာပဏ္ဍိတမိုးမြေ၏ဓားချီနှင့် ပတ်သက်၍ သူမ ဂရုမစိုက်ပေ။ သူမတွင်လည်း သူတော်စင်တစ်ပါး ပေးထားသော အသက်ကယ်နည်းလမ်းများ ရှိနေပြီး အကယ်၍ သူတို့ တကယ်တမ်း တိုက်ခိုက်ကြပါက တစ်ဖက်လူ သေချာပေါက် အသာစီးရမည် မဟုတ်ပေ။

“ဒါဆိုရင် ကျေးဇူးပြုပြီး”

ဝမ်ပေါင်လဲ့ ပြောရင်း သူ့သိုလှောင်အိတ်ထဲမှ ဓားမကို ထုတ်ယူလိုက်၏။

သူ ဓားမကို ကိုင်ထားပုံက ရယ်စရာကောင်းနေသော်လည်း မည်သူကမျှ သူ့ကို မရယ်ရဲကြပေ။

စီနီယာအစ်မဟုန် သူမလက်ကို ဝှေ့ယမ်းကာ ဂိုဏ်းတူညီအစ်မများကို ဆုတ်ခွာရန် အချက်ပြလိုက်ပြီး ရှေ့သို့ ခြေလှမ်းတစ်ဝက်တိုးကာ သူမလက်ထဲမှ ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်၏။

ဓားသည် ဓားအိမ်ထဲမှ ထွက်လာသည်နှင့် သူမ၏ အရှိန်အဝါ အဆက်မပြတ် မြင့်တက်လာပြီး သူမ ခန္ဓာကိုယ်က ကောင်းကင်ယံသို့ ဖြည်းညှင်းစွာ မြင့်တက်သွားသည်။

မျက်စိတစ်မှိတ်အတွင်း ဖိအားသည် လီရာပေါင်းများစွာကို ဖုံးအုပ်သွား၏။

စခန်းချထားသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည် ထိုဖိအားကြောင့် ဆွဲဆောင်ခံလိုက်ရပြီး သူတို့ တိုက်ပွဲနေရာသို့ အလျင်အမြန် လာကြသည်။

သို့သော် လူတိုင်း အဝေးမှသာ စောင့်ကြည့်နေကြပြီး ကျွမ်းကျင်သူ နှစ်ဦးကြောင့် မတော်တဆ ဒဏ်ရာရမည်ကို ကြောက်ရွံ့၍ အနီးသို့ မချဉ်းကပ်ရဲပေ။

ဝမ်ပေါင်လဲ့ ပြိုင်ဘက်ဖိအားကို ခံစားရသော်လည်း အမူအရာ ကင်းမဲ့နေသည်။ သူ ထူးဆန်းသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး လေဟာနယ်ထဲသို့ ခြေတစ်လှမ်း တက်လိုက်၏။

အလင်းတန်းပေါ်လာသည့်အခိုက် သူ့တစ်ကိုယ်လုံးသည် ရှေးဟောင်းကြမ်းကြုတ်သားရဲကောင်အလား သူ့ကို မြင်ရုံဖြင့် လူအများကို တုန်လှုပ်သွားစေသည်။

“ဒါ ဒါက ဘယ်လို ခန္ဓာကိုယ်မျိုးလဲ။ သူ့ဆီကနေ နတ်ဘုရားခန္ဓာကိုယ်ရဲ့ဖိအားကို ခံစားနေရတယ်။ ဒါပေမဲ့ သူ ထုတ်လွှတ်နေတာက နတ်ဘုရားအလင်းတန်း လုံးဝ မဟုတ်ဘူး”

“ရှားပါးပြီး ထူးခြားတဲ့ ခန္ဓာကိုယ် ဖြစ်ရမယ်။ နတ်ဆိုးနှိမ်နင်းရေးကောင်းကင်ဓားကို မဟာပဏ္ဍိတမိုးမြေ တပည့်အဖြစ်လက်ခံခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူး”

“…”

စီနီယာအစ်မဟုန် ၎င်းကိုမြင်တော့ သူမနှုတ်ခမ်းထောင့်သည် အေးစက်စက်အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွား၏။

“ထူးခြားခန္ဓာကိုယ်လား။ ဒါက ရှင် အားကိုးနေတဲ့အရာလား။ ဒီလောက်ပဲဆိုရင်တော့ ရှင် ကျွန်မ ပြိုင်ဘက်ဖြစ်ဖို့တောင် မတန်ဘူး”

သူမ စကားအဆုံး အလင်းတန်းတစ်ခု သူမကို လွှမ်းခြုံသွားပြီး စစ်မှန်ဆန္ဒမှ ဖွဲ့စည်းထားသည့် ဓမ္မပုံရိပ်တစ်ခု သူမအနောက်တွင် ပေါ်လာသည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ ၎င်းကို မြင်တော့ အံ့အားသင့်စွာ အော်ဟစ်လိုက်ကြ၏။

“စစ်မှန်ဆန္ဒ အလုံးစုံ ပြီးပြည့်စုံခြင်းပါလား”

“နှလုံးသားမဲ့နန်းတော်က ကောင်းကင်ရွေးချယ်ခံ ဖြစ်ထိုက်တန်တယ်။ နီဗားနားရှင်သန်ခြင်းအစောပိုင်းအဆင့်ပဲဆိုရင်တောင် စစ်မှန်ဆန္ဒကို အလုံးစုံပြီးပြည့်စုံခြင်းအထိ ကျင့်ကြံထားပြီးပြီပဲ”

“…”

“ဟမ့်”

ဝမ်ပေါင်လဲ့ အေးစက်စွာ နှာမှုတ်လိုက်သည်။

“စစ်မှန်ဆန္ဒအလုံးစုံ ပြီးပြည့်စုံခြင်းပဲလား။ မင်းတစ်ယောက်တည်း စစ်မှန်‌ဆန္ဒကို အလုံးစုံပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံထားတယ်လို့ ထင်နေတာလား”

သူ ပြောနေရင်း အဖြူအမည်းရောင် ဓမ္မပုံရိပ်တစ်ခု ဝမ်ပေါင်လဲ့၏ အနောက်တွင် ပေါ်လာ၏။

ပွဲကြည့်ပရိသတ်များ ထိုအခိုက်အတန့်တွင် မှင်တက်သွားကြသည်။ ထိုလူနှစ်ယောက်သည် တစ်ယောက်ထက်တစ်ယောက် ပို၍ ကြောက်မက်ဖွယ် ကောင်းနေကြ၏။

“နောက်ထပ် စစ်မှန်ဆန္ဒအလုံးစုံပြီးပြည့်စုံခြင်းပဲ”

“ဒါ မြင့်မြတ်နယ်မြေ ကောင်းကင်ရွေးချယ်ခံ ဆိုတာလား။ သူတို့အကုန်လုံး သာမန်ထက် ထူးကဲနေကြတာပဲ”

“…”

စီနီယာအစ်မဟုန် ဝမ်ပေါင်လဲ့ ထုတ်ပြလာသည့် ကျင့်ကြံမှုကြောင့် ကြောက်ရွံ့မသွားပေ။ ယင်းအစား သူမ စိတ်လှုပ်ရှားလာသည်။

“အရမ်းကောင်းတယ်။ ဒီလိုဆိုရင် ကျွန်မ တိုက်ကွက်တစ်ကွက်ကိုတောင် ရှင် မခံနိုင်မှာ မကြောက်ရတော့ဘူး။ ခံစားချက်ဖြတ်တောက်ခြင်းဓားချက်”

ကလန်

အေးစက်သောအလင်းတန်းတစ်ခု တောက်ပသွားပြီး ကြောက်မက်ဖွယ်ဓားချီသည် မိုးမြေကို ဖြတ်ကျော်သွား၏။

၎င်းက လောကကြီးကို မျှော်လင့်ချက်မဲ့သွားစေမည့်ဓားတစ်လက် ဖြစ်ပြီး အရာအားလုံး ထိုဓားအောက်တွင် ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲသွားမည့်အလား။

ထိုဓားက ခံစားချက်ကင်းမဲ့နေသည့်အပြင် အရာအားလုံးကိုလည်း ဖျက်ဆီးပစ်ပေလိမ့်မည်။

ဝမ်ပေါင်လဲ့ ကျယ်လောင်စွာ မအော်ဟစ်သလို အစွမ်းထက်သော အရှိန်အဝါကိုလည်း ထုတ်မပြပေ။ သူ လက်ထဲရှိ ဓားမကို မြင့်မြင့်မြှောက်လိုက်ပြီး ပြင်းထန်စွာ ခုတ်ချလိုက်၏။

ထိုခုတ်ချက်က မိုးကြိုးပစ်သည့်အလား ဓားသွား မရောက်လာသေးသော်လည်း ဓားအလင်းတန်းက ရောက်ရှိနေပြီ ဖြစ်၏။

ဓားမနှင့်ဓားရှည် လေထဲတွင် ထိပ်တိုက်ရင်ဆိုင်မိသွားကြသည်။

ဝုန်း

ဧရာမပေါက်ကွဲသံကြီး ပိုင်ယုတောင်တွင် ပဲ့တင်ထပ်သွား၏။ တိုက်ခိုက်မှုနောက်ဆက်တွဲလှိုင်းဂယက်သည် လှိုင်းလုံးကြီးပမာ ပျံ့နှံ့သွားပြီး သူတို့နှစ်ဦးလုံးကို ချက်ချင်း ဝါးမျိုသွားသည်။

All Chapters