← Chapters

အခန်း ၅၅၇

Vol. 56 Ch. 557

အခန်း ၅၅၇

Vol. 56 Ch. 557

အခန်း (၅၅၇)

“ဘယ်သူ နိုင်သွားလဲ”

ပတ်ဝန်းကျင်ရှိ ပွဲကြည့်ပရိသတ်များ ကောင်းကင်ယံသို့ ကြည့်ကာ တိုက်ပွဲပျောက်ကွယ်သွားမည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။

လက်ဖက်ရည်တစ်ခွက်စာသောက်ရန်ကြာချိန်တွင် ကောင်းကင်သည် မူလအခြေအနေသို့ ပြန်ရောက်ရှိသွားသည်။

ဝမ်ပေါင်လဲ့ ထင်းခုတ်ဓားကို ကိုင်ပြီး ကောင်းကင်တွင် ရပ်နေကာ သူ့မျက်နှာချင်းဆိုင်တွင် စီနီယာအစ်မဟုန်သည် ဓားရှည်ဖြင့် သူ့ကို ချိန်ရွယ်ထား၏။

သူတို့နှစ်ဦးစလုံး အန္တရာယ်ကင်းပုံပေါ်နေသည်။

သို့သော် နောက်တစ်စက္ကန့်တွင် စီနီယာအစ်မဟုန် နှုတ်ခမ်းမှ သွေးများ စီးကျလာသောကြောင့် နှလုံးသားမဲ့နန်းတော်မှ အမျိုးသမီးတပည့်များကို ထိတ်လန့်သွားစေ၏။

“စီနီယာအစ်မဟုန်”

“စီနီယာအစ်မ အဆင်ပြေရဲ့လား”

“…”

စီနီယာအစ်မဟုန် သူမ အဆင်ပြေကြောင်း အချက်ပြရန် လက်ကို ဖြည်းညှင်းစွာ မြှောက်ပြီး ပြောလိုက်သည်။ “ရှင် တာအိုနှစ်မျိုးကို ကျွမ်းကျင်နေတာပဲ”

“မဆိုးပါဘူး”

ဝမ်ပေါင်လဲ့ ပြုံးကာ ပြောဆိုလိုက်၏။ “မင်းက ငါ့ ဓားတာအိုကို ဒဏ်ရာသေးသေးလေးပဲရပြီး ခံလိုက်နိုင်တယ်။ တကယ်ကို မှတ်သားလောက်စရာပဲ။ ဒါပေမဲ့ ခုနက ငါ အစွမ်းကုန် မသုံးထားဘူး။ မင်း ငါ့ဆီက နောက်တစ်ချက်ကို ခံနိုင်မလားဆိုတာ သိချင်မိတယ်”

၎င်းကို ကြားတော့ စီနီယာအစ်မဟုန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူမ ပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့သော်လည်း ခုနက ဝမ်ပေါင်လဲ့၏ တိုက်ခိုက်မှုက သူမကို သတိဝင်သွားစေ၏။ ထိုလူသည် မဟာပဏ္ဍိတမိုးမြေ၏ တပည့်ဆိုသည့် ဂုဏ်သတင်းနှင့် ထိုက်တန်ကာ သူ့ခွန်အားက သာမန်ထက် ထူးကဲပေသည်။

အကယ်၍ သူတို့ ဤအတိုင်း ဆက်လက် တိုက်ခိုက်နေပါက နှစ်ဦးစလုံး အပြန်အလှန် ရှုံးနိမ့်မှုဖြင့်သာ အဆုံးသတ်သွားပေလိမ့်မည်။

သူမ ဤနေရာသို့ လာခဲ့သည်မှာ တိုက်ခိုက်ရန် မဟုတ်ပေ။ အခွင့်အရေးများ ရှာဖွေပြီး သူမကိုယ်သူမ ပိုမို သန်မာလာစေရန် ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း ဆုတ်ခွာလိုသော အတွေးတစ်ခု သူမ စိတ်ထဲတွင် ပေါ်လာ၏။

သို့သော် ထိုလူက သေသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်ထားသဖြင့် သူမအတွက် ဆုတ်ခွာရန် အလွန်ခက်ခဲသွားစေသည်။

“ဘာလဲ မင်း ကြောက်သွားတာလား”

တစ်ဖက်လူ စကားမပြောသည်ကို မြင်တော့ ဝမ်ပေါင်လဲ့ ဆက်လက် လှောင်ပြောင်လိုက်၏။ “မင်း ကြောက်နေရင်လည်း ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်ပြီး ငါ့ဇနီးနှစ်ယောက် လိုချင်တာကို ဖြေရှင်းပေးလိုက်”

“ဟမ့်”

စီနီယာအစ်မဟုန် အေးစက်စက် နှာမှုတ်လိုက်သည်။ “ကျွန်မတို့ နှလုံးသားမဲ့နန်းတော် တပည့်တွေက ဘယ်သူ့ကိုမှ ခေါင်းမငုံ့ဘူး။ ရှင် တိုက်ချင်ရင်လည်း တိုက်လေ”

သူမ စကားများအဆုံးတွင် ခမ်းနားထည်ဝါသော အသံတစ်သံက ကောင်းကင်ယံမှ ထွက်ပေါ်လာ၏။

“ပြောတာ ကောင်းတယ်”

“ကျွန်မတို့ နှလုံးသားမဲ့နန်းတော်တပည့်တွေက ဘယ်သူ့ထက်မှ မနိမ့်ကျဘူး။ လူငယ်လေး ရှင် ကျွန်မတို့ နှလုံးသားမဲ့နန်းတော်ရဲ့ တပည့်တွေကို အရှက်ခွဲချင်တာလား။ ရှင်က အရည်အချင်း မပြည့်မီသေးဘူး”

ထိုအသံ ထွက်လာသည်နှင့် ထိုနေရာရှိ လူများ၏ အမူအရာများ ကွဲပြားသွားကြသည်။

နှလုံးသားမဲ့နန်းတော်မှ အမျိုးသမီး တပည့်များ အားလုံးက ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများကို ပြလာကြ၏။

အစိမ်းရောင်ဝတ်မိန်းကလေး အော်ဟစ်လိုက်သည်။ “ဆရာ ရောက်လာပြီ”

သူတို့ဘေးရှိ ပွဲကြည့်ပရိသတ်များ အံ့အားသင့်သွားပြီး အသံလာရာသို့ သတိထားကာ လှမ်းကြည့်လိုက်ကြ၏။

ဆန့်ကျင်ဘက်အနေဖြင့် ဝမ်တောက်ကျောင်းတော်မှ တပည့်များ၏ မျက်နှာများ ပျက်ယွင်းသွားကြသည်။ ဝမ်ချင်းသူတော်စင်မလေးသည် မဟာပဏ္ဍိတတစ်ပါး ဖြစ်ပေသည်။

ပိုင်ယုတောင်ထဲသို့ ဝင်ရောက်လာသော ဝမ်တောက်ကျောင်းတော်မှ တပည့်များထဲတွင် မည်သူကမျှ သူမကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။

အကယ်၍ တိုက်ပွဲသာ ဖြစ်ပွားပါက ဝမ်တောက်ကျောင်းတော်မှ တပည့်များ ဒုက္ခရောက်ကုန်ကြပေလိမ့်မည်။

လူတိုင်း စိုးရိမ်ပူပန်နေကြစဉ် ကျက်သရေရှိသော ပုံရိပ်တစ်ခု လေထဲတွင် လျှောက်လှမ်းလာ၏။

သူမ ပေါ်လာသည့်အခိုက်အတန့်တွင် ကြောက်မက်ဖွယ် ဖိအားတစ်ခု ကောင်းကင်ယံမှ ကျဆင်းလာပြီး ဝမ်တောက်ကျောင်းတော်မှ လူများကို ကြောက်လန့်မှု‌ကြောင့် တုန်လှုပ်သွားစေသည်။

ဝမ်ပေါင်လဲ့၏ အမူအရာသည်ပင် ဝမ်ချင်းသူတော်စင်မလေးကို မြင်ချိန်တွင် လေးနက်သွားပြီး သူ့လက်ထဲရှိ ဓားကို တင်းကြပ်စွာ ကိုင်လိုက်၏။

“ရှင် ဘာလို့ စကားမပြောတာလဲ”

ဝမ်ချင်းသူတော်စင်မလေး ဝမ်ပေါင်လဲ့ကို ကြည့်ပြီး အေးစက်စွာ မေးမြန်းလိုက်သည်။

ဝမ်ပေါင်လဲ့ စကားပြောရန် ပြင်လိုက်ချိန်မှာပင် ပျင်းရိနေသည့် အသံတစ်သံ မိုးကုတ်စက်ဝိုင်းမှ ဖြည်းညှင်းစွာ လွင့်မျောလာ၏။

“တာအိုရောင်းရင်းလန် မင်း ဘာပဲဖြစ်ဖြစ် အရင်မျိုးဆက်က ကျင့်ကြံသူတစ်ယောက်ပါ။ ဂျူနီယာတွေကို အနိုင်ကျင့်တာက အဆင့်နိမ့်တယ်။ အကယ်၍ မင်း ငါတို့ ဝမ်တောက်ကျောင်းတော်က တပည့်တွေနဲ့ တိုက်ခိုက်ချင်တယ်ဆိုရင် မင်း ငါနဲ့ တိုက်ခိုက်လို့ရတယ်”

ထိုနေရာရှိ လူများ ၎င်းကို ကြားတော့ ပင့်သက်ရှိုက်မိကြပြီး အသံလာရာသို့ လှမ်းကြည့်လိုက်ကြသည်။

ဘယ်ဘက်လက်တွင် ဝိုင်အိုးတစ်အိုးနှင့် ညာဘက်လက်တွင် ဓားရှည်တစ်လက် ကိုင်ဆောင်ထားသော ခန့်ညားသည့် အမျိုးသားတစ်ဦး လေထဲတွင် ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်ကို သူတို့ မြင်တွေ့လိုက်ရ၏။

လူအုပ်ကြီးထဲတွင် သတင်းအချက်အလက် စုံလင်သူအများအပြား ရှိနေသဖြင့် သူတို့ နျဲ့ရှို့ယွမ်၏ အမည်ကို ချက်ချင်း မှတ်မိသွားကြသည်။

“အဲဒါ သူပဲ။ ဝမ်တောက်ကျောင်းတော်က နျဲ့ရှို့ယွမ်”

“အဲဒါ ဦးထုပ်စိမ်းဘုရင်လား”

“ကောင်လေး မင်း ဘယ်လိုလုပ် အဲဒီလိုပြောရဲတာလဲ။ မင်းလည်း မင်းရဲ့ နိုင်ငံ ဖျက်ဆီးခံချင်လို့လား”

နှလုံးသားမဲ့နန်းတော်မှ အမျိုးသမီး တပည့်များ ထိုဆွေးနွေးချက်များကို နားထောင်ရင်း သူတို့မျက်နှာများတွင် အထင်အမြင်သေးမှုများ ပြည့်နှက်သွားပြီး နျဲ့ရှို့ယွမ်ကို ကြည့်လိုက်ကြ၏။

သူတို့အမြင်တွင် ထိုလူသည် လောကကြီးရှေ့၌ သူ့ခွန်အားကိုပြရန် ကြိုးစားနေခြင်းသာဖြစ်ပြီး သူ ရှုံးနိမ့်သွားလျှင်တောင် သိက္ခာကျမည့်သူမဟုတ်ပေ။

နျဲ့ရှို့ယွမ် နိုင်သွားလျှင်ဆိုသည်ကား လုံးဝကို မဖြစ်နိုင်သော ကိစ္စရပ်ပင်။

“ရှင် တစ်ယောက်တည်းလား”

ဝမ်ချင်းသူတော်စင်မလေး နျဲ့ရှို့ယွမ်ကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။

“မဆိုးပါဘူး”

နျဲ့ရှို့ယွမ် တစ်ဖက်လူ၏အကြည့်နှင့်အမူအရာကို လုံးဝ ဂရုမစိုက်ပေ။ သူ့ဆရာနှင့် မတွေ့ဆုံခင် သူ မည်သို့သော အခက်အခဲမျိုးကို မခံစားရဖူးသနည်း။ မည်သို့သော အထင်အမြင်သေးမှုမျိုး မကြုံတွေ့ဖူးသနည်း။

ကမ္ဘာကြီးထဲတွင် သူ့ကို အန္တရာယ်ပြုနိုင်သည့် သူ သို့မဟုတ် အရာဝတ္ထု မရှိတော့ပေ။ ထို့ကြောင့် သူ လွတ်လပ်ခြင်းအနှစ်သာရကို နားလည်သဘောပေါက်နိုင်ခဲ့၏။

“ရှင် သေချင်နေတာပဲ”

ဝမ်ချင်းသူတော်စင်မလေး လေသံသည် အေးစက်နေပြီး သူမလက်ထဲတွင် ဓားရှည်တစ်လက် ပေါ်လာ၏။

နျဲ့ရှို့ယွမ် သူ့လက်ထဲရှိ ဝိုင်အိုးကို ပေါ့ပေါ့ပါးပါး လှည့်လိုက်ကာ ပြောသည်။

“အကယ်၍ တာအိုရောင်းရင်းလန်မှာ စွမ်းရည်ရှိရင် ငါ့ခေါင်းကို အချိန်မရွေး ယူနိုင်ပါတယ်”

“ကောင်းပြီ ရှင့်ဆန္ဒကို ကျွန်မ ဖြည့်ဆည်းပေးမယ်”

ဝမ်ချင်းသူတော်စင်မလေး မူလက ဝမ်တောက်ကျောင်းတော်မှ တပည့်များကို ခေါင်းငုံ့စေချင်ရုံသာ ဖြစ်သော်လည်း ယခုအခါ တစ်ယောက်ယောက်ကို သတ်ရတော့မည့်ပုံ ပေါ်နေ၏။

ကလန်

ဓားမြည်သံနှင့်အတူ နတ်ဘုရားဓားတစ်လက် ဓားအိမ်အတွင်းမှ ထွက်ပေါ်လာသည်။

ဝမ်ချင်းသူတော်စင်မလေး၏ ဓားသည် အလင်းတန်းများ စီးဆင်းနေပြီး နေဝင်ချိန်အောက်တွင် စူးရှသော အလင်းတန်းတို့ကို ထုတ်လွှတ်နေ၏။

“ဆောင်းဦးရေနတ်ဘုရားဓားပါလား”

“သူတော်စင်မလေးလန် နှလုံးသားမဲ့နန်းတော်ရဲ့ နတ်ဘုရားဓားလေးလက်ထဲက ဆောင်းဦးရေဓားကို သခင်အဖြစ် အသိအမှတ်ပြုအောင် လုပ်နိုင်လိမ့်မယ် မထင်ထားဘူး။ သူ နှစ်သောင်းချီအတွင်း နှလုံးသားမဲ့နန်းတော်ရဲ့ ပါရမီအပါဆုံးလူ ဖြစ်ထိုက်ပါတယ်”

“…”

လူတိုင်း နတ်ဘုရားဓားနှင့် ထူးခြားသော ဝမ်ချင်းသူတော်စင်မလေးကို အံ့သြချီးကျူးနေကြသည်။

ဝမ်ချင်းသူတော်စင်မလေး၏ လက်ထဲတွင် ဓားချက် ထွက်လာ၏။

၎င်းက အလွန်အမင်း သာမန်ဆန်သော ဓားချက်တစ်ခု ဖြစ်သော်လည်း ၎င်းတွင် ဓားတာအိုအနှစ်သာရ ပါဝင်နေသည်။

၎င်းကို မြင်သော်လည်း နျဲ့ရှို့ယွမ်၏ ဓားရှည်သည် ဓားအိမ်ထဲတွင်သာ ရှိနေသေးသည်။ သူ ဝိုင်အိုးကိုင်ထားသော လက်မှ လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်၍ ညွှန်ပြလိုက်ရာ ဓားချီသည် သူ့လက်ချောင်းထိပ်မှ ပျံထွက်သွား၏။

ဝုန်း

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဓားချီနှစ်ခု လေထဲတွင် တိုက်မိသွားကြပြီး မိုးမြေကြားတွင် ပျောက်ကွယ်သွားခဲ့သည်။

နျဲ့ရှို့ယွမ် ဝိုင်တစ်ငုံသောက်ကာ ပြောလိုက်၏။ “တာအိုရောင်းရင်းလန် မင်းမှာ ဒီလောက်ပဲ စွမ်းရည်ရှိရင် ငါတို့ ဆက်တိုက်ခိုက်နေဖို့ မလိုတော့ဘူး”

“ရှင် တာအိုအနှစ်သာရကို နားလည်သဘောပေါက်သွားတာလား”

လန်ချင့်ချိုး၏ အထင်အမြင်သေးမှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး လေးနက်မှုတို့ အစားထိုး ဝင်ရောက်လာ၏။ သူမ နျဲ့ရှို့ယွမ်ကို ကြောက်ရွံ့ခြင်း မဟုတ်ပေ။ မဟာပဏ္ဍိတမိုးမြေကို သတိထားနေခြင်း ဖြစ်သည်။

ထိုလူသည် နီဗားနားရှင်သန်ခြင်းအဆင့်တွင် တာအိုအနှစ်သာရကို နားလည်သဘောပေါက်ထားသည့် တပည့်သုံးယောက်ကို ပြုစုပျိုးထောင်ပေးထား၏။ အမှန်တကယ်ကို ထူးဆန်းလွန်းပြီး ယခုလိုသာ ဆက်သွားလျှင် ဤမျိုးဆက်မှ တခြားမြင့်မြတ်နယ်မြေပါရမီရှင်များသည် ဝမ်တောက်ကျောင်းတော်မှ ထက်မြက်သည့် ပါရီရှင်များကို ရှောင်ရှားဖို့သာ တတ်နိုင်တော့မည်။

နျဲ့ရှို့ယွမ် ပြုံးကာ ပြောသည်။ “ငါက နောက်ဆုံးတော့ ဆရာ့ဆီ တပည့်ခံနိုင်ခဲ့တယ်။ စီနီယာအစ်ကိုရှောင်ချန်းနဲ့ ရို့ချန်တို့ကို မယှဉ်နိုင်ပေမဲ့ သာမန်လူ တစ်ယောက်တော့ မဟုတ်ဘူး”

ပြောသူက ရည်ရွယ်ချက်မရှိသော်လည်း နားထောင်သူက စိတ်ထဲစွဲမှတ်သွားသည့် ဆိုရိုးစကားအတိုင်း ထိုစကားများကို ကြားပြီးနောက် လူတိုင်း နျဲ့ရှို့ယွမ်ကို အမြင်သစ်တစ်မျိုးဖြင့် ကြည့်လာသည်။

ထိုလူသည် အမှန်တကယ်အစွမ်းထက်နေသဖြင့် မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်၏ ကျွမ်းကျင်သူများကို ဖိနှိပ်ပြီး ဝမ်ချင်းသူတော်စင်မလေးကို တိုက်ရိုက် ရင်ဆိုင်ရဲသည်မှာ အံ့သြစရာ မဟုတ်တော့ချေ။

သူတို့ ထိုသူ့အစစ်အမှန်အင်အားကို မသိသေးရုံသာ။ တစ်ဖက်လူ ဝမ်ချင်းသူတော်စင်မလေးကို သိုင်းကွက်မည်မျှ ဖလှယ်တိုက်ခိုက်နိုင်မည်နည်းသာ သိရန်လိုအပ်သည်။

လန်ချင့်ချိုး လေးနက်သော အသံဖြင့် ပြောလိုက်၏။ “အရမ်းကောင်းတယ်။ အဲဒီလိုဆိုရင် ဒီသူတော်စင်မလေးဘယ်သူ့ကိုမှ အနိုင်ကျင့်နေတာ မဟုတ်တော့ဘူး။ ဒါပေမဲ့ အရင်ကလို ကျွန်မ အလျှော့ပေးမှာတော့ မဟုတ်ဘူး”

“ဘာမှ ထပ်မပြောနဲ့တော့”

သူတို့စကားအဆုံး အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ဓမ္မပုံရိပ်နှစ်ခုသည် မျက်စိတစ်မှိတ်အတွင်း မိုင်ပေါင်းများစွာကို လွှမ်းခြုံသွားသည်။

ကြီးမားသော တိုက်ပွဲကြီးတစ်ခု စတင်တော့မည် ဖြစ်၏။

All Chapters