← Chapters

အခန်း ၅၆၀

Vol. 56 Ch. 560

အခန်း ၅၆၀

Vol. 56 Ch. 560

အခန်း (၅၆၀)

ပိုင်ယုတောင်တွင် ကောင်းကင်ယံက စတင် လင်းလက်လာ၏။

အင်မော်တယ်နန်းတော်ဆီသို့ ဦးတည်နေသော လှေကားထစ်များပေါ်တွင် ဝမ်ပေါင်လဲ့နှင့် နျဲ့ရှို့ယွမ်တို့အပြင် မြောက်ပိုင်းချောက်နက်အိမ်ရှေ့မင်းသား၊ ရွှေပိုးဟပ်ဗုဒ္ဓနှင့် ဝမ်ချင်းသူတော်စင်မလေးတို့ အပြိုင်အဆိုင် တက်လှမ်းနေကြသည်။ သူတို့အနောက်တွင် မြင့်မြတ်နယ်မြေများမှ ကျင့်ကြံသူများ ရှိနေ၏။

ထိုအခိုက်တွင် အရှေ့ဆုံးမှ လျှောက်လှမ်းနေသော လူအနည်းငယ်သည် အင်မော်တယ်နန်းတော်နှင့် ခြေဆယ်လှမ်းသာ ကွာဝေးတော့သည်။

သို့သော် လူတိုင်း ချွေးများဖြင့် ရွှဲနစ်နေကြကာ သူတို့ရှေ့ရှိ မြင်ကွင်းများလည်း ကွဲပြားခြားနားနေကြ၏။

ရွှေပိုးဟပ်ဗုဒ္ဓရှေ့တွင် ပေါ်လာသည်မှာ အဆုံးမဲ့ငရဲဘုံဖြစ်ပြီး မရေမတွက်နိုင်သော နတ်ဆိုးများနှင့် မိစ္ဆာများဖြင့် ပြည့်နှက်နေသည်။

သူက နတ်ဆိုးများနှင့် မိစ္ဆာများကို ကြည့်ပြီး မျက်လုံးမှိတ်ကာ ကျမ်းစာများကို ရွတ်ဆိုရင်း တစ်လှမ်းချင်း ရှေ့သို့ တက်လှမ်းသွား၏။

နာမည်ကြီးဘုန်းကြီးတစ်ပါး ရောက်လာသည်ကို မြင်တော့ နတ်ဆိုးများနှင့် မိစ္ဆာများ သူ့အပေါ်သို့ ခုန်အုပ်လာကြပြီး သူ့အသားနှင့် သွေးများကို အညှာအတာမဲ့စွာ ဆွဲဖြဲပစ်ကြသည်။

ထိုသို့ဖြစ်နေသည့်တိုင် ရွှေပိုးဟပ်ဗုဒ္ဓ ဆက်လက် ရွတ်ဆိုနေ၏။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်ရှိ အသားနှင့် အသွေးများအားလုံး နတ်ဆိုးများနှင့် မိစ္ဆာများ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

သူ့ဝိညာဉ်သာ ကျန်ရစ်တော့သော်လည်း နတ်ဆိုးများ သူ့ကို လွှတ်မပေးဘဲ သူ့ဝိညာဉ်ကို ဆက်လက် ဝါးမျိုနေကြ၏။

တစ်ခဏတာမျှ ပုံရိပ်‌ယောင်ကမ္ဘာအတွင်း၌ ရွတ်ဆိုသံနှင့် ဝါးမျိုသံများကိုသာ ကြားနေရသည်။

အခြားတစ်ဖက်တွင် မြောက်ပိုင်းချောက်နက်အိမ်ရှေ့မင်းသားသည် အဆုံးမဲ့ရန်သူပင်လယ်ကြီးကို မြင်တွေ့နေရပြီး သူ့ပတ်ဝန်းကျင်ရှိ မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်မှ စစ်သားများ သွေးအိုင်များထဲတွင် လဲကျနေကြသည်။

“သတ် သတ် သတ်”

မြောက်ပိုင်းချောက်နက်အိမ်ရှေ့မင်းသား ဒေါသတကြီးအော်ဟစ်ပြီး ကျိုးပဲ့နေသော ဓားတစ်လက်ကို ကိုင်ဆောင်ကာ ရန်သူ့စစ်တပ်ထဲသို့ ပြေးဝင်သွားသည်။

ဝမ်ချင်းသူတော်စင်မလေး မရေမတွက်နိုင်သော အမျိုးသားများကို မြင်တွေ့နေရ၏။ ကောင်းကင်ဘုံမှ အင်မော်တယ်များ၊ ပြိုင်ဘက်ကင်းအောင် ခန့်ညားလှသော နတ်ဆိုးမျိုးနွယ်ဝင်များနှင့် သူမ နှလုံးသားတွင် အချစ်ကို ပထမဆုံး စတင်နိုးကြားစေခဲ့သော သူမ သဘောကျခဲ့သည့် အမျိုးသားတို့ ပါဝင်သည်။

ထိုအမျိုးသားများ သူမဆီသို့ လျှောက်လာသည်ကို ကြည့်ရင်း ဝမ်ချင်းသူတော်စင်မလေး၏ စိတ်အခြေအနေကို တည်ငြိမ်နေမှုဖြင့် ရှေ့သို့သာ ဆက်တက်နေ၏။

ဆန့်ကျင်ဘက်အနေဖြင့် နျဲ့ရှို့ယွမ် အရှေ့တွင် ပေါ်လာသည်မှာ သုခဘုံတစ်ခုဖြစ်သည်။ ထိုနေရာတွင် သူ ပူပင်သောကကင်းစွာ ဝိုင်သောက်ပြီး အသားများကို အငမ်းမရ စားသောက်နိုင်ပေသည်။

နျဲ့ရှို့ယွမ် မြင်းဖြူတစ်ကောင်ကို စီးနင်းကာ သုခဘုံတွင် အေးအေးလူလူ နေထိုင်နေ၏။ သူ့တစ်ခုတည်းသော အတွေးမှာ လောကကြီးက အလွန် ကြီးမားကျယ်ပြန့်ရာ သူ ၎င်းကို သေချာစွာ ကြည့်ရှုချင်သည်ဟူ၍သာ။

ဝမ်ပေါင်လဲ့ အရှေ့တွင် အရသာရှိသည့် အစားအစာများ ရှိနေသည်။ သူ ရှေ့သို့ လျှောက်သွားရင်း အရသာရှိသော အစားအစာမျိုးစုံကို မြည်းစမ်းနေပြီး ရှေ့တွင် ဤထက်ပို၍ ကောင်းမွန်သော အစားအစာများ ရှိနေရမည်ဟုလည်း ယုံကြည်နေ၏။

အချိန်များ တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်လွန်သွားသည်။

နောက်ဆုံး၌ ခြေလှမ်းဆယ်လှမ်းတွင် သူတို့ငါးဦး အနိုင်အရှုံးကို ဆုံးဖြတ်နိုင်ခဲ့ကြ၏။

ဝမ်ပေါင်လဲ့နှင့် နျဲ့ရှို့ယွမ်တို့ ပုံရိပ်ယောင်ကမ္ဘာကို ပထမဆုံး ချိုးဖျက်နိုင်ကြပြီး အင်မော်တယ်နန်းတော် အပြင်ဘက် ရင်ပြင်ပေါ်သို့ ရောက်လာကြသည်။

ထိုနှစ်ဦး သူတို့ရှေ့ရှိ အင်မော်တယ်နန်းတော်ကို ကြည့်ရင်း နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားကြ၏။ သူတို့ အချင်းချင်းပြုံးပြလိုက်ကြပြီး အင်မော်တယ်နန်းတော်ဆီသို့ သွားရန် ပြင်လိုက်ချိန် ရင်းနှီးနေသော အသံတစ်သံ သူတို့အနောက်မှ ထွက်ပေါ်လာသည်။

“အောမီထောဖော် ဒကာနျဲ့ပဲ ကောင်းကင်လှေကားကို ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ထင်ထားခဲ့တာ။ ဝမ်တောက်ကျောင်းတော်မှာ တာအိုရောင်းရင်းဝမ်လို ကျွမ်းကျင်သူ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး”

“ကတုံးဘုန်းကြီး မင်းလည်း မဆိုးပါဘူး။ ချွေးတွေ ရွှဲနစ်နေပေမဲ့ အဲဒီနှစ်ယောက်ထက်တော့ အများကြီး ပိုမြန်တယ်”

ဝမ်ပေါင်လဲ့ ပြုံးကာ ပြောလိုက်၏။

“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း။ ငါတို့ အဲဒီတာအိုရောင်းရင်းနှစ်ယောက်ကို စောင့်ကြမလား ဒါမှမဟုတ် အတူတူ ဝင်ကြမလား”

ရွှေပိုးဟပ်ဗုဒ္ဓ ပြုံးကာ မေးမြန်းလိုက်သည်။

နျဲ့ရှို့ယွမ် ဝိုင်တစ်ငုံသောက်လိုက်၏။ “စကားပုံတစ်ခု ရှိတယ်။ ဆုံတွေ့တယ်ဆိုတာ ရေစက်ရှိလို့ပါပဲ။ သူတို့ကို စောင့်ကြတာပေါ့။ ပြီးတော့ ငါတို့တွေလည်း ဗိုက်ဆာနေပြီ”

သူ အခွင့်အရေးကို အခြားသူများလက်ထဲသို့ ထည့်မပေးချင်သော်လည်း ဘုန်းကြီးကတုံး၏ အကြံပြုချက်က အင်မော်တယ်နန်းတော်တွင် အန္တရာယ်များ ပြည့်နှက်နေနိုင်ကြောင်းကို သူ့အား သတိရသွားစေသည်။ ဝန်ထုပ်ဝန်ပိုးကို မျှဝေရန် ကျွမ်းကျင်သူတစ်ယောက် အပိုရှိနေခြင်းက လုံခြုံရေးအပိုလွှာတစ်ခုကို ပေးစွမ်းနိုင်၏။

စကားပြောပြီးနောက် သူ ဝမ်ပေါင်လဲ့ကို တစ်ချက် ကြည့်လိုက်သည်။

ဝမ်ပေါင်လဲ့ သူ သေချာ ဂရုတစိုက် ပြင်ဆင်ထားသော အရသာရှိသည့် အစားအစာများကို စားပွဲ၊ ကုလားထိုင်၊ ခုံတန်းလျားများနှင့်အတူ ထုတ်ယူလိုက်ပြီး အင်မော်တယ်နန်းတော်ရှေ့တွင် ချထားလိုက်၏။ ထို့နောက် သူ ရွှေပိုးဟပ်ဗုဒ္ဓကို ဖိတ်ခေါ်လိုက်သည်။

“ဘုန်းကြီးကတုံး ငါတို့နဲ့ လာပူးပေါင်း”

ရွှေပိုးဟပ်ဗုဒ္ဓ အစားအစာများ၏ မွှေးကြိုင်သော အနံ့ကို ရှူရှိုက်မိသွားပြီး ပြုံးကာ ပြောလိုက်၏။ “ဒကာလေးက ကျုပ်ကို ဒီလောက် သဘောကောင်းကောင်းနဲ့ ဖိတ်ခေါ်နေမှတော့ ငြင်းဆန်တာက ရိုင်းရာကျသွားမှာပေါ့။ ကျေးဇူးတင်ပါတယ်”

“ဘုန်းကြီး အရမ်းကြီးတင်းကြပ်မနေပါနဲ့။ ကျင့်ထုံးတွေနဲ့လည်း မပြောနဲ့။ ဂျူနီယာညီလေးချိုက်ချန်တောင် မင်းလောက် စကားလုံးတွေကို အလှဆင်ပြီး မသုံးဘူး။ ရော့”

နျဲ့ရှို့ယွမ် သူ့သိုလှောင်လက်စွပ်ထဲမှ ဝိုင်တစ်အိုးကို ထုတ်ယူကာ လှမ်းပစ်ပေးရင်း ပြောလိုက်သည်။

ရွှေပိုးဟပ်ဗုဒ္ဓ ဝိုင်အိုးကို ဒုတိယအကြိမ် မစဉ်းစားတော့ဘဲ ဖမ်းယူလိုက်၍ သူတို့ဆီသို့ လျှောက်လာ၏။

သူတို့သုံးဦး စားပွဲဝိုင်းတွင် အလျင်အမြန် ထိုင်လိုက်ကြပြီး စတင်စားသောက်ကာ တာအိုအကြောင်း ဆွေးနွေးလိုက်ကြသည်။

တစ်နာရီအကြာတွင်

လန်ချင့်ချိုး ကောင်းကင်လှေကား စမ်းသပ်မှုကို ဖြတ်ကျော်ပြီးချိန်တွင် သုံးဦးသား ဝိုင်သောက်ကာ အသားများကို အငမ်းမရ စားသောက်နေကြသည့် မြင်ကွင်းကို မြင်လိုက်ရပြီး သူမ အနည်းငယ် မှင်တက်သွားသည်။

ထိုသုံးဦးသည် သူတို့ အကြည့်ခံနေရကြောင်းကို ခံစားမိသွားကြပြီး လှည့်ကြည့်လိုက်ရာ လန်ချင့်ချိုး ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရ၏။

ရွှေပိုးဟပ်ဗုဒ္ဓ အရင်ဆုံး စကားဆိုလိုက်သည်။

“ဝမ်ချင်းသူတော်စင်မလေး မြောက်ပိုင်းချောက်နက်အိမ်ရှေ့မင်းသားက မရောက်သေးဘူးလေ။ ကျုပ်တို့နဲ့ တာအိုအကြောင်း ဆွေးနွေးကြတာပေါ့”

“မလိုပါဘူး”

လန်ချင့်ချိုး ငြင်းဆန်လိုက်ပြီး လွတ်နေသော နေရာတစ်ခုကို ရှာကာ ထိုနေရာတွင်ပင် တင်ပျဉ်ခွေ ထိုင်ချလိုက်၏။

ထိုသုံးဦး အဘယ်ကြောင့် ဝင်ရောက်ရန် အချိန်ဆွဲနေသနည်းဆိုတာ သူမ မသိသော်လည်း ယခုအချိန်တွင် အင်မော်တယ်နန်းတော်ထဲသို့ တစ်ယောက်တည်း အလျင်စလို ဝင်ရောက်သွားခြင်းက ကောင်းမွန်သော ကိစ္စတစ်ခု မဟုတ်နိုင်ကြောင်း သိထားသည်။ အထဲက အခွင့်အရေးများကို ရသွားမည့်အစား သူမ အခြားသူများအတွက် လမ်းခင်းပေးသလိုသာ ဖြစ်သွားနိုင်ပေ၏။

ကျောက်လှေကားဆီမှ အသက်ပြင်းပြင်းရှူသံကြီး ထွက်ပေါ်လာပြီး လူတိုင်း၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။

မရေမတွက်နိုင်သော တိုက်ပွဲများကို ကြုံတွေ့ခဲ့ရသည့်အလား မြောက်ပိုင်းချောက်နက်အိမ်ရှေ့မင်းသား ကျောက်လှေကားများပေါ်တွင် ဖရိုဖရဲ ရပ်နေသည်ကို သူတို့ မြင်တွေ့လိုက်ရ၏။

မြောက်ပိုင်းချောက်နက်အိမ်ရှေ့မင်းသား နျဲ့ရှို့ယွမ်တို့ လွတ်လပ်စွာ သောက်စားနေကြသည်ကို မြင်တော့ သူ့စိတ်ထဲတွင် ဖော်ပြ၍မရနိုင်သော မကျေနပ်မှုတစ်ခုကို ခံစားလိုက်ရသည်။

“မင်းတို့အားလုံးက အင်မော်တယ်နန်းတော်ရှေ့မှာ သောက်စားပျော်ပါးနေကြတာပေါ့။ တကယ်ကို စိတ်အားထက်သန်နေကြတာပဲ”

နျဲ့ရှို့ယွမ် ပြုံးကာ ပြောလိုက်၏။ “ငါတို့ အိမ်ရှေ့မင်းသားနဲ့ အင်မော်တယ်နန်းတော်ထဲကို ဝင်ဖို့ စောင့်နေကြတာလေ”

မြောက်ပိုင်းချောက်နက်အိမ်ရှေ့မင်းသား လှောင်ပြောင်လိုက်သည်။ “မင်းတို့အားလုံး ကြောက်ပြီး အင်မော်တယ်နန်းတော်ထဲကို မဝင်ရဲတာလို့တော့ ငါ့ကို မပြောနဲ့နော်”

သူ စကားမဆုံးခင် မူလက ပိတ်ထားသော အင်မော်တယ်နန်းတော်၏ တံခါးကြီးများ ရုတ်တရက် အလိုအလျောက် ပွင့်လာခဲ့ပြီး ရှေးဆန်ကာ ခမ်းနားထည်ဝါသော အသံတစ်သံ အတွင်းမှ ထွက်ပေါ်လာ၏။

“ရွေးချယ်ခံ‌တွေ အားလုံး ရောက်လာကြပြီ။ အင်မော်တယ်နန်းတော် ပွင့်ပြီ။ အင်မော်တယ်နန်းတော် အပြင်ဘက်က ကျင့်ကြံသူတွေ ကောင်းချီးတွေကို လက်ခံရယူနိုင်ပြီ”

၎င်းကိုကြားတော့ နျဲ့ရှို့ယွမ် ဝိုင်တစ်ငုံသောက်ပြီး ပြောလိုက်သည်။

“အရှင်မင်းသား စီနီယာက အဖြေကို ပေးပြီးသွားပြီ။ ဆက်ပြီး ငြင်းခုံချင်နေသေးတာလား”

“ဟမ့်”

မြောက်ပိုင်းချောက်နက်အိမ်ရှေ့မင်းသား အေးစက်စက် နှာမှုတ်လိုက်ပြီး ဆက်မပြောတော့သော်လည်း သူ့စိတ်ထဲတွင်လည်း သတိထားလိုက်၏။ အင်မော်တယ်နန်းတော်အတွင်းရှိ ထိုသူက ဤနေရာရှိ သူတို့ငါးဦးလုံး ရွေးချယ်ခံများ ဖြစ်ကြောင်း သိနိုင်ပြီး သူ့ကိုပင်စောင့်ဆိုင်းနေသည်။

‘သူတို့ကံကြမ္မာကို ဝါးမျိုချင်နေတာများလား’

နျဲ့ရှို့ယွမ် မြောက်ပိုင်းချောက်နက်အိမ်ရှေ့မင်းသားကို ဆက်မလှောင်ပြောင်ပေ။ သူ ဝိုင်အိုးကို ဆုပ်ကိုင်လိုက်ပြီး ဝမ်ပေါင်လဲ့နှင့် ရွှေပိုးဟပ်ဗုဒ္ဓတို့ကို ပြောလိုက်၏။

“တာအိုရောင်းရင်းနှစ်ယောက် လူစုံပြီဆိုမှတော့ အတူတူ ဝင်ကြတာပေါ့”

“ကျုပ်အတွက်ကတော့ အဆင်ပြေပါတယ်”

ရွှေပိုးဟပ်ဗုဒ္ဓ၏ စိတ်ထဲတွင်လည်း သံသယများ ရှိနေသော်လည်း သူ ရတနာတောင်သို့ ရောက်ရှိနေသဖြင့် ဤနေရာမှ ဆုတ်ခွာမည်မဟုတ်ပေ။

သူတို့သုံးဦး ပစ္စည်းများ သိမ်းဆည်းပြီးနောက် အင်မော်တယ်နန်းတော်တံခါးဆီသို့ အတူတကွ လျှောက်သွားကြ၏။ မြောက်ပိုင်းချောက်နက်အိမ်ရှေ့မင်းသား ခဏတာ စဉ်းစားလိုက်ပြီး သူတိုနောက်သို့ လိုက်သွားသည်။ ဝမ်ချင်းသူတော်စင်မလေးလည်း စကားမပြောဘဲ အုပ်စုအနောက်မှ တိတ်တဆိတ် လိုက်ပါသွား၏။

မကြာမီ သူတို့အုပ်စု ပင်မတံခါးကြီးသို့ ရောက်ရှိလာကြပြီး အချင်းချင်း ကြည့်လိုက်ကြသည်။

ရွှေပိုးဟပ်ဗုဒ္ဓ ပြောလိုက်၏။

“ဘယ်တာအိုရောင်းရင်းက အရင်ဆုံး ဝင်ချင်လဲ”

နျဲ့ရှို့ယွမ် ပြောလိုက်သည်။

“အတူတူ သွားကြတာပေါ့”

“ကောင်းပြီလေ”

“အိုကေ”

“…”

သူတို့တွင် ကိုယ်ပိုင် တွက်ချက်မှုလေးများ ရှိနေကြ၏။ သူတို့ အန္တရာယ်ကို ကြောက်ရွံ့ကြသော်လည်း အခွင့်အရေးများကို အခြားသူများက လုယူသွားမည်ကိုလည်း ကြောက်ရွံ့ကြသည်။ အကောင်းဆုံး နည်းလမ်းမှာ အင်မော်တယ်နန်းတော်ထဲသို့ အတူတကွ ဝင်ရောက်ရန်ပင်။

All Chapters