← Chapters

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း(၁၁၄)

“သခင်ကြီး... ရေမချိုးတော့ဘူးလားဟင်”

သူမ ရင်ထဲ၌ မျှော်လင့်ချက်အချို့ ထားရှိနေဆဲဖြစ်သည်။ စိတ်ငြိမ်ဆေးကို မထွန်းညှိရသေးချေ။

သူမအနေဖြင့် သူ့ကို နှိပ်နယ်ပေးရန်လည်း အစီအစဉ် ရှိနေသေးသဖြင့် ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်ရန် အခွင့်အရေး ရှိနေဆဲ ဖြစ်သည်။

“ဒီသခင်ကြီး ရေချိုးပြီးသားဖြစ်နေတာကို မင်းမမြင်ဘူးလား”

မုကျွင်းယန်က သူ၏ ချည်နှောင်မထားသော ကော်လာစကို လှမ်းကိုင်ကာ ဖွင့်ဟပြလိုက်သဖြင့် သူ၏ သန်မာထွားကျိုင်းသော ရင်ဘတ်နှင့် ဝမ်းဗိုက်ကြွက်သားများကို မြင်တွေ့လိုက်ရ၏။

ကုဟွား၏ မျက်ဝန်းလေးများ အလျင်အမြန်ပင် တစ်ချက်မျှ ဝေ့ဝဲကြည့်ရှုလိုက်မိပြီး နားရွက်ဖျားလေးများ နီမြန်းသွားခဲ့ရသဖြင့် အကြည့်များကို အမြန်ဆုံး လွှဲဖယ်လိုက်ရသည်။

‘ဒါတကယ်ကို...တအား မြှူဆွယ်လွန်းတယ်’

ထိုသက်တောင့်သက်သာရှိလှသော ခံစားချက်က ထပ်မံ၍ ရောက်ရှိလာပြန်သည်။

၎င်းက သူမကို မသိမသာဖြင့် လှုပ်ရှားမိစေရန် တွန်းအားပေးနေသကဲ့သို့ ဖြစ်နေခဲ့သည်။

နောက်တစ်စက္ကန့်တွင် သူမ ပွေ့ချီခြင်းခံလိုက်ရ၏။

သူမ၏ မသိစိတ်အရ ထိုအမျိုးသား၏ လည်ပင်းကို ကျစ်ကျစ်ပါအောင် ဖက်တွယ်လိုက်မိပြီး ရှက်ရွံ့စွာဖြင့် ခေါင်းလေးကို သူ့ရင်ခွင်ထဲသို့ ဝှက်ထားလိုက်မိသည်။

ဤကဲ့သို့သော ရှက်သွေးဖြန်းလျက် နုနယ်လှသော အမူအရာလေးက ထိုအမျိုးသားကို အလွန်အမင်း စိတ်ကျေနပ်မှု ရရှိသွားစေသည်။

သူက ဖယောင်းတိုင်မီးကို လှမ်း၍ ငြှိမ်းသတ်လိုက်၏။

မှောင်မည်းနေသော အခန်းတွင်း၌ သူမက နူးညံ့သော ညောင်စောင်းထက်သို့ အသာအယာ ချထားခြင်း ခံလိုက်ရသည်။

ကုဟွား ယနေ့ညတွင် အခင်းက ပုံမှန်နှင့်မတူဘဲ ပိုမို၍ နူးညံ့နေသကဲ့သို့ ခံစားလိုက်ရသော်လည်း ထိုအကြောင်းကို သေသေချာချာ မစဉ်းစားနိုင်မီ၌ပင် ကြီးမားလှသော ခန္ဓာကိုယ်ကြီး၏ အုပ်မိုးခြင်းကို ခံလိုက်ရ၏။

ကုဟွားက သူမ၏ တာဝန်ကို သိရှိစွာဖြင့် အင်္ကျီကော်လာကို အသာအယာ ဖွင့်လိုက်ပြီး ရဲရဲနီနေသော ညအိပ်ဝတ်စုံလေးကို ပေါ်လွင်စေလိုက်သည်။

ထိုအမျိုးသား၏ မျက်ဝန်းအစုံက ပိုမို၍ မှောင်မိုက်သွားခဲ့ရ၏။

ထို့နောက်တွင် သူက သူမ ခါးတွင် ချိတ်ဆွဲထားသော စိတ်ငြိမ်ဆေးများ ထည့်သွင်းထားသည့် ပိုးအိတ်လေးကို လှမ်းယူလျက် ကြမ်းပြင်ထက်သို့ ပစ်ချလိုက်သည်။

ထို့နောက် စောင်ပါးလေးကို လှမ်းယူကာ သူမကို မုန့်ထုပ်တစ်ခုအလား စောင်ဖြင့် သေသေချာချာ ပတ်ထုပ်လိုက်ပြီး ကုတင်၏ အတွင်းဘက်သို့ တွန်းပို့လိုက်ကာ သူမ၏ ဘေးနားတွင် လဲလျောင်းလိုက်သည်။

စောင်ဖြင့် ဖက်လုံးတစ်ခုအလား အတွင်းဘက်သို့ လှည့်လျက် ထုပ်ပိုးခြင်း ခံလိုက်ရသော ကုဟွားက ကြောင်အမ်းသွား၏။

‘ဒါက ဘာပုံစံမျိုး ပြင်ဆင်နေတာလဲ မသိဘူး’

သူမ၏ အနောက်ဘက်ရှိ အမျိုးသား၏ လှုပ်ရှားမှုများကို စိုးရိမ်ထိတ်လန့်စွာဖြင့် စောင့်ဆိုင်းနေခဲ့သော်လည်း အချိန်အတော်ကြာသည့်တိုင် လှုပ်ရှားမှု ရှိမလာခဲ့ချေ။

သူမ မထိန်းနိုင်တော့ဘဲ ခေါင်းကို အနည်းငယ် လှည့်လျက် လှမ်းကြည့်လိုက်မိ၏။

သူက မျက်ဝန်းများကို မှိတ်ထားခဲ့ပြီး ပက်လက်လှန်လျက် အိပ်စက်နေခဲ့သည်။

သူ့၏ သန်မာသော ရင်ဘတ်ကျယ်ကြီးက အရှိန်မှန်မှန်ဖြင့် နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့ပြီး အမှန်တကယ်ပင် အိပ်ပျော်သွားခဲ့ပြီ ဖြစ်သည်။

‘ဒါက... သူ တကယ် အိပ်ပျော်သွားတာလား’

‘ငါက စိတ်ငြိမ်ဆေးထက်တောင် ပိုပြီးတော့ အာနိသင်ရှိနေတာလား မသိဘူး’

သို့သော် ကုဟွား သူမ၏ ခန္ဓာကိုယ်ကို တောင့်တင်းထားဆဲဖြစ်ပြီး ဇွတ်တရွတ် မလှုပ်ရှားရဲချေ။

သူမ၏ ရင်ထဲမှ ရှုပ်ထွေးလှသော အတွေးများက အရိုင်းဆန်နေခဲ့သည်။

‘မဟုတ်သေးဘူး။ ဒါက သဘာဝ သိပ်မကျဘူး’

‘သူက ငါ့ကို ဒီအချိန်ကြီး ခေါ်ပြီးတော့ ဘာမှမလုပ်ဘဲ အိပ်ပျော်သွားတယ်ဆိုတာ မဖြစ်နိုင်ဘူး’

‘သူ သေချာပေါက် စိတ်ဆိုးနေတာပဲ ဖြစ်ရမယ်’

‘ပြီးတော့ ငါ့ဘက်ကစပြီး မြှူဆွယ်လာအောင် စောင့်ဆိုင်းနေတာ ဖြစ်ရမယ်’

အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးနောက် သူမ မထိန်းနိုင်တော့ဘဲ စောင်အပြင်ဘက်သို့ လက်လေးကို ထုတ်လိုက်ပြီး ထိုအမျိုးသား၏ ကျောက်တုံးအလား မာကျောလှသော လက်မောင်းကြီးကို လက်ညှိုးလေးဖြင့် အသာအယာ တို့ထိလိုက်မိ၏။

သူမ အသံတိုးတိုးလေးဖြင့် ဂရုတစိုက် မေးမြန်းလိုက်သည်။

“သခင်ကြီး... အိပ်ပျော်သွားပြီလားဟင်”

အချိန်အတော်ကြာမှသာ မှောင်မည်းနေသော ညအချိန်အတွင်း ခြောက်ကပ်ပြီး အက်ရှရှဖြစ်နေသော အသံတစ်ခု ထွက်လာခဲ့၏။

“ကိုယ် ခုနက အိပ်ပျော်နေတာလေ”

ကုဟွားက အလျင်အမြန်ပင် လက်ညှိုးလေးကို ပြန်လည်ရုတ်သိမ်းလိုက်မိသည်။

‘သွားပြီ... ငါ အမှားလုပ်မိသွားပြီ’

‘သူ အိပ်ပျော်နေတာကို ငါက သွားပြီးနှိုးလိုက်မိတာပဲ’

သူမက အလျင်အမြန်ပင် လက်မောင်းကို စောင်ထဲသို့ ပြန်သွင်းလိုက်ပြီး ခေါင်းကိုပါ စောင်ထဲသို့ ဝှက်လိုက်ကာ နူးညံ့လှသော အသံလေးဖြင့် ပြောလိုက်သည်။

“ဒါဆိုရင်လည်း... ဆက်ပြီးတော့ အိပ်ပါ”

မုကျွင်းယန် ယနေ့တွင် သူမအပေါ်အနည်းငယ် စိတ်ဆိုးနေခြင်း ဖြစ်သည်။

သူမ၌ ကိစ္စရပ်များ ရှိနေသည်ကို သူ့ဆီသို့ လာမရှာခဲ့ဘဲ နန်းတွင်း ကိစ္စရပ်များကို ရဲရဲဝံ့ဝံ့ ဝင်ရောက်စွက်ဖက်ရဲခဲ့သည်။

၎င်းအပြင် သခင်မအိုကြီးအတွက်ကျ ဟိုဟာသည်ဟာ လုပ်ဆောင်ပေးနေခဲ့ပြီး သူ့အတွက်ကျ ညအိပ်ဝတ်စုံတစ်စုံ ချုပ်ပေးရန်ပင် မတွေးတောခဲ့ချေ။

သို့သော် သူမ ယနေ့တွင် ကျန်းရော့ရှီး၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသဖြင့် သူမကို ယနေ့ညတွင် လွှတ်ပေးရန် စဉ်းစားခဲ့ခြင်းဖြစ်သည်။

သူမ၏ အစီအစဉ်များကို စောင့်ကြည့်ကာ နောက်ကွယ်မှတစ်ဆင့် ကူညီပေးရန်သာ ရည်ရွယ်ထားလိုက်သည်။

ဤသည်က ယနေ့ သူ့ကြောင့်နှင့် သူမ ခံစားခဲ့ရသော ဝမ်းနည်းမှုများအတွက် အစားထိုးပေးခြင်းဟု သတ်မှတ်နိုင်၏။

သို့သော် ထိုမိန်းမပျိုလေးက သူ့ကို အတင်းအကြပ် လာရောက်နှောင့်ယှက်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

မုကျွင်းယန်က မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး အမှောင်ထဲသို့ စိုက်ကြည့်နေမိ၏။

တစ်ကြိမ် နိုးထလာခဲ့ပြီးနောက် ထပ်မံ၍ အိပ်ပျော်ရန်မှာ ထိုမျှအထိ မလွယ်ကူတော့ချေ။

မုကျွင်းယန်က ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး မျက်နှာချင်းဆိုင်လျက် သူမကို စိုက်ကြည့်လိုက်မိ၏။

“ဒီသခင်ကြီး အိပ်နေတာကို နှောင့်ယှက်ရဲတာ မင်းရဲ့ သတ္တိကတော့ နည်းနည်းနောနော မဟုတ်ဘူး”

ကုဟွား သူမ၏ ခေါင်းတစ်ဝက်ကျော်ကို စောင်အတွင်းသို့ ဝှက်ထားခဲ့ပြီး မျက်ဝန်းလေးများကိုသာ ပုတ်ခတ် ပုတ်ခတ် လုပ်နေခဲ့သည်။

သူမ ရင်ထဲ၌လည်း ဒေါသထွက်မိ၏။

‘ကျွန်မ ရှင်အိပ်နေတာကို နှောင့်ယှက်မိတယ်တဲ့လား’

‘တကယ်လို့ ရှင် သေသေချာချာ အိပ်ချင်တယ်ဆိုရင် ဘာလို့ ကိုယ့်ရဲ့ အိပ်ဆောင်မှာ သွားမအိပ်ဘဲ ကျွန်မကို စာကြည့်ဆောင်ဆီ ခေါ်လိုက်ရတာလဲ’

‘ကျွန်မ စိတ်ငြိမ်ဆေးလည်း မဟုတ်ဘူး။ ရေနွေးအိတ်လည်း မဟုတ်ဘူး။ ဖက်လုံးလည်း မဟုတ်ဘူးလေ’

သူမ ရင်ထဲရှိ အတွေးများ မပြီးဆုံးသေးမီ၌ပင် သူမက ဖက်လုံးတစ်လုံးကဲ့သို့ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရ၏။

ကုဟွား : “...”

‘တကယ်ပဲ လူတစ်ယောက်အကြောင်းကို ကွယ်ရာမှာတောင် ပြောလို့မရပါလား’

သူ၏ မြင့်မားလှသော နှာတံကြီးက သူမ လှပသော နှာခေါင်းချွန်ချွန်လေးထက်သို့ ခပ်ပြင်းပြင်း ပွတ်တိုက်လိုက်သည်။

“ထက်မြက်သင့်တဲ့အချိန်ကျရင် အူတူတူလုပ်နေပြီး အူတူတူလုပ်သင့်တဲ့အချိန်ကျရင်တော့ အကြောတင်းနေတယ်”

ကုဟွား အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့ရသဖြင့် စိတ်ကောက်နေသည့် အသံဖြင့် ဆိုလိုက်၏။

“ဒီကိုယ်လုပ်တော်က အစတည်းက အူတူတူပါပဲ”

သူမ အူတူတူ ဖြစ်နေခြင်း မဟုတ်ချေ။ အဓိကအချက်မှာ သူမက အားနည်းသူ ဖြစ်နေခြင်းသာ ဖြစ်သည်။

အကယ်၍ သူမတွင် ထိုကဲ့သို့သော အာဏာမျိုး ရှိနေခဲ့မည်ဆိုလျှင် မည်သူ့ကိုမျှ ကြောက်ရွံ့နေမည် မဟုတ်ဘဲ ဓားတစ်ချောင်းကို ကိုင်ဆွဲလျက် သွားရောက်ခုတ်ပိုင်းပစ်လိုက်ပြီ ဖြစ်သည်။

မုကျွင်းယန် စောင်ကို အောက်သို့ ဆွဲချလိုက်ပြီး သူ့လက်မကြီးဖြင့် သူမ၏ နူးညံ့နေသော နှုတ်ခမ်းလေးများကို အသာအယာ ပွတ်သပ်လိုက်၏။

“အခုထိ စိတ်ကောက်ရဲသေးတာလား။ မင်းရဲ့ သတ္တိကတော့ ပိုပိုပြီးတော့ ကြီးလာတာပဲ”

ကုဟွား ခေါင်းကို ဘေးသို့ လွှဲဖယ်လိုက်ပြီး သူ့လက်မကြီးကို ရှောင်ရှားလိုက်ကာ သူ့ကို လုံးဝ ဂရုမစိုက်တော့ချေ။

‘သူ အမြဲတမ်း လူကို အနိုင်ကျင့်လွန်း အားကြီးတယ်’

သို့သော် သူမ ဤကဲ့သို့သော အမူအရာလေးက ပို၍ပင် ချစ်စဖွယ် ဖြစ်နေခဲ့သည်။

မုကျွင်းယန်၏ ကျောက်တုံးအလား မာကျောလှသော နှလုံးသားကြီး ရေကန်တစ်ခုအလား အရည်ပျော်ကျသွား၏။

သူ တိုးညှင်းစွာ ရယ်မောလိုက်ပြီး သူမ ခေါင်းလေးကို စောင်အပြင်ဘက်သို့ ဆွဲထုတ်လိုက်ကာ အလျင်အမြန်ပင် အပေါ်မှ အုပ်မိုး နမ်းရှိုက်လိုက်၏။

ကုဟွား အစပိုင်းတွင် ရုန်းကန်နေခဲ့ပြီး သွားများကို တင်းတင်းစေ့ထားလျက် သူမ နှုတ်ခမ်းများကိုသာ ပွတ်တိုက်ခွင့်ပေးထားခဲ့သည်။

ထိုမိန်းမပျိုလေး၏ စိတ်ကောက်နေသော အမူအရာကို ခံစားလိုက်ရချိန်တွင် မုကျွင်းယန်၏ ရင်ထဲ၌ ပိုမို၍ ပျော်ရွှင်သွား၏။

သူ သူမကို ညင်သာစွာ စိတ်ရှည်လက်ရှည် နမ်းရှိုက်နေခဲ့သည်။

သူ့အောက်ရှိ ခန္ဓာကိုယ်လေးက တဖြည်းဖြည်းချင်း အသက်ရှူသံများ မြန်ဆန်လာခဲ့ပြီး မူးဝေနောက်ကျိမှုများနှင့်အတူ သွားလေးများ အနည်းငယ် ပွင့်ဟသွားခဲ့ရချိန်တွင် သူက ချက်ချင်းပင် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲသည့်အလား နယ်မြေများကို သိမ်းပိုက်လိုက်၏။

All Chapters