← Chapters

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း(၁၁၅)

သူမ အသက်ရှူကျပ်လွန်းသဖြင့် ချောင်းဆိုးလုနီးပါး ဖြစ်လာချိန်မှသာ မုကျွင်းယန် နောက်ဆုံးတွင် လွှတ်ပေးလိုက်၏။

“ရေနွေး သောက်မလား”

မိန်းမပျိုလေး၏ မျက်ဝန်းအစုံက နီမြန်းနေပြီး စိတ်ထဲ၌လည်း အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေသဖြင့် ညင်သာစွာ ပြန်လည်ဖြေကြားလိုက်မိသည်။

“အမ်း...”

မုကျွင်းယန် အိပ်ယာပေါ်မှ လှိမ့်ဆင်းလိုက်၏။

သူက လမင်း၏ အလင်းရောင်ကို အမှီပြုပြီး မီးသွေးဖိုလေးပေါ်တွင် နွေးနေသော ရေနွေးအိုးကို လှမ်းယူကာ သူမအတွက် ရေနွေးနွေးလေးတစ်ခွက် ငှဲ့ပေးလိုက်သည်။

ထို့နောက် ခွက်ကို သူမ နှုတ်ခမ်းနားသို့ အသာအယာ ကပ်ပေးလိုက်၏။

ကုဟွား ကြောင်အမ်းသွားပြီး ပြီးခဲ့သည့်အကြိမ်က ဂျင်ဆင်းစွပ်ပြုတ် ကိစ္စကို ရုတ်တရက် သတိရသွားခဲ့ရသဖြင့် သေသေချာချာ မေးမြန်းလိုက်မိသည်။

“ဒါက ဘာလဲဟင်”

“ရေနွေးကြမ်းလေ... မင်းက ဘာထင်နေတာလဲ”

မုကျွင်းယန် ထိုင်ချလိုက်ပြီး သူမကို စောင်ပါးလေးနှင့် တစ်ပါတည်း ပွေ့ချီလိုက်ကာ နူးညံ့သော ခေါင်းအုံးထက်၌ သက်တောင့်သက်သာ မှီထားစေပြီး ခေါင်းလေးကိုသာ အပြင်သို့ ပေါ်ထွက်စေလိုက်သည်။

သူ၏ နမ်းရှိုက်မှုများကြောင့် ဖူးယောင်နေသော သူမ၏ ချယ်ရီရောင် နှုတ်ခမ်းလွှာလေးများကို စိုက်ကြည့်ပြီး သူ့ရင်ထဲ၌ မရိုးမရွ ဖြစ်လာရပြန်သည်။

၎င်းက ပျားရည်အလား ချိုမြိန်လွန်းလှသဖြင့် သူ ထပ်မံ၍ မြည်းစမ်းကြည့်ချင်မိသည်။

သို့သော် သူမ၏ နုနယ်လှသော နှုတ်ခမ်းလေးများကို ထပ်မံ၍ နာကျင်အောင် မလုပ်ရက်ချေ။

‘ဟူး... တကယ်ပဲ တအား နုနယ်လွန်းတယ်’

“ဒါက ပေါ့ပေါ့ပါးပါး ရေနွေးကြမ်းပဲမို့လို့ မင်းရဲ့ အိပ်စက်ခြင်းကို မထိခိုက်စေပါဘူး။ လိမ္မာတယ်... တစ်ငုံလောက် သောက်လိုက်နော်”

သူ၏ နက်ရှိုင်းသော လေသံက ဆွဲဆောင်မှုရှိနေပြီး အလိုလိုက် ဂရုစိုက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူမ၏ အိပ်စက်ခြင်းကို မထိခိုက်စေနိုင်ဟု ပြောသည်ကို ကြားလိုက်ရချိန်မှသာ သူ ကုဟွားကို အမှန်တကယ် အိပ်ခွင့်ပေးတော့မည်ဟု ယူဆလိုက်မိ၏။

သူမ အလိုက်တသိဖြင့် ပါးစပ်လေးကို ဖွင့်လိုက်ပြီး ရေနွေးကြမ်းလေးကို တစ်ငုံချင်းစီ ဖြည်းဖြည်းချင်း သောက်လိုက်သည်။

ရေနွေးကြမ်း၏ အရသာက ပေါ့ပါးလှပြီး ပန်းရနံ့သင်းပျံ့ပျံ့လေး ရှိနေခဲ့သည်။

လည်ချောင်းအတွင်းသို့ စီးဆင်းသွားချိန်တွင် နွေးထွေးပြီး ချိုမြိန်လှသဖြင့် အမှန်တကယ်ပင် သောက်၍ကောင်းသည်။

သူမ ကြောင်ပေါက်စလေးတစ်ကောင်ကဲ့သို့ ရေသောက်နေသည်ကို မြင်တွေ့ရချိန်တွင် မုကျွင်းယန် သဘောကျသွားခဲ့ရပြီး လေသံမှာ ပို၍ပင် အက်ရှရှ ဖြစ်သွားခဲ့ရသည်။

“ဂျင်ဆင်းစွပ်ပြုတ်ထက် ပိုသောက်လို့ကောင်းလား”

ဂျင်ဆင်းစွပ်ပြုတ်အကြောင်းကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ကုဟွား၏ ရင်ထဲရှိ ဒေါသများက ပြန်လည်ထွက်ပေါ်လာခဲ့ရ၏။

“သခင်ကြီးလည်း မြည်းစမ်းကြည့်ပါဦးလား”

ပြောပြောဆိုဆိုဖြင့် သူမ ရေနွေးကြမ်းတစ်ငုံကို ငုံလိုက်ပြီး စောင်အပြင်ဘက်သို့ လက်မောင်းလေးများကို ဆန့်တန်းလျက် သူ့အပေါ်သို့ အတင်းအကြပ် ပစ်လှဲလိုက်၏။

သူမ လက်မောင်းလေးများက သူ့လည်ပင်းအနောက်ဘက်ကို ဖက်တွယ်လိုက်ပြီး သူ သတိမထားမိခင်၌ပင် နှုတ်ခမ်းချင်း ထိကပ်လိုက်ကာ နွေးထွေးပြီး သင်းပျံ့လှသော ရေနွေးကြမ်းများကို သူ့ထံသို့ လွှဲပြောင်းပေးလိုက်သည်။

မုကျွင်းယန် သူမကို ညောင်စောင်းထက်မှ ပြုတ်ကျသွားမည်ကို စိုးရိမ်သဖြင့် ခါးလေးကို ကျစ်ကျစ်ပါအောင် ဖက်ထားလိုက်မိ၏။

သူ့လက်ထဲရှိ ရေနွေးကြမ်းခွက်က ယိမ်းထိုးသွားခဲ့ရပြီး ကြမ်းပြင်ထက်သို့ ပြုတ်ကျသွားကာ ခွက်ကွဲသွားသည့် အသံက မှောင်မည်းနေသော ညအချိန်အတွင်း၌ အလွန်ပင် စူးရှစွာ ထွက်ပေါ်လာခဲ့သည်။

ကုဟွားကလည်း ကိုယ်တိုင်၏ ရဲဝံ့လှသော အပြုအမူများကြောင့် တစ်ခဏမျှ အရှက်သည်းသွားခဲ့ရ၏။

သို့သော် အဆုံးအထိ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ပြီး သူမ၏ နူးညံ့နေသော လျှာလေးဖြင့် တိုက်ရိုက်ပင် စတင်မြှူဆွယ်လိုက်သည်။

မုကျွင်းယန်၏ စိတ်အစဉ်မှာ လှုပ်ခတ်သွားသည်။

သို့သော် မမျှော်လင့်ဘဲ လျှာဖျားထက်၌ ပြင်းထန်လှသော နာကျင်မှုကို ခံစားလိုက်ရသဖြင့် သူ အသက်ရှူအောင့်မိသွားခဲ့ရပြီး သွေးညှီနံ့များနှင့်အတူ ချိုမြိန်လှသော ရနံ့များက ပါးစပ်အတွင်း၌ ပြည့်နှက်သွား၏။

ကုဟွား ချက်ချင်းပင် လွှတ်ပေးလိုက်ပြီး စောင်ဖြင့် ဖက်လုံးတစ်ခုအလား ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထုပ်ပိုးကာ ကုတင်၏ ဒေါင့်စွန်းဆီသို့ လှိမ့်ဝင်သွားသည်။

သူမ မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ချွဲနွဲ့သော လေသံလေးဖြင့် မေးမြန်းလိုက်၏။

“သခင်ကြီး... အရသာရှိရဲ့လားဟင်”

မိန်းမပျိုလေး၏ လှပသော မျက်ဝန်းအစုံတွင် နွေဦးရနံ့များ ပြည့်နှက်နေခဲ့ပြီး ကြယ်စင်ပမာ တောက်ပလှသော မျက်ဝန်းလေးများဖြင့် သူ့ကို စိုက်ကြည့်နေသည့် အမူအရာမှာ သူ၏ စိတ်ဝိညာဉ်ကို ဆွဲငင်နေသကဲ့သို့ ဖြစ်နေခဲ့သည်။

မုကျွင်းယန် အကြည့်များက ပိုမို၍ နက်ရှိုင်းသွား၏။

လျှာဖျားထက်ရှိ နာကျင်မှုမှာ မလျော့ပါးသွားသည့်အပြင် တစ်ခါမျှ မခံစားဖူးသော သာယာမှုကိုပါ ပေးစွမ်းနေခဲ့သဖြင့် သူ မထိန်းနိုင်ဘဲ ရယ်မောလိုက်မိသည်။

“မင်းရဲ့ ဒေါသကတော့ ပိုပိုပြီး ကြီးလာတာပဲ”

“ဒါပေမဲ့... နည်းလွန်းတယ်... အရသာကို သေသေချာချာ မမြည်းစမ်းလိုက်ရဘူး”

ထိုအမျိုးသား တိုးညှင်းစွာ ဆိုလိုက်၏။

ကုဟွားတစ်ယောက် ရင်ထဲ၌ ဝမ်းသာအားရဖြစ်၍ မဆုံးသေးမီ၌ပင် ထိုအမျိုးသား ကျားသစ်တစ်ကောင်ကဲ့သို့ သူမ၏ လည်ပင်းအနောက်ဘက်ကို ဆွဲကိုင်လိုက်ပြီး ရှေ့သို့ ဆွဲယူလိုက်၏။

သူ သူမ၏ နှုတ်ခမ်းလွှာအက်ကွဲကြောင်းလေးမှတစ်ဆင့် ဝင်ရောက်လာခဲ့ပြီး သွားများကို ပွင့်ဟစေကာ ထွက်ပြေးရန် ကြိုးစားနေသော သူမ၏ လျှာဖျားလေးကို အတင်းအကြပ် ဖမ်းဆွဲလိုက်ပြီး ပြင်းထန်စွာ နမ်းရှိုက်လိုက်သည်။

ကုဟွား လိပ်ပြာလွင့်မတတ် ဖြစ်သွား၏။

သူ၏ အခြားလက်တစ်ဖက်ကလည်း စောင်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်လာပြီး အထက်အောက် နှစ်ဖက်လုံးမှ တိုက်စစ်ဆင်နေခဲ့သည်။

ထိတ်လန့်တုန်လှုပ်ခြင်းနှင့်အတူ ကုဟွား ပြင်းထန်လှသော သွေးညှီနံ့များ၏ ဝန်းရံခြင်းကို ခံလိုက်ရပြီး တစ်ခဏမျှ အသက်ရှူမဝ ဖြစ်သွား၏။

သူမ အသက်ရှူအောင့်ထားရသဖြင့် မျက်နှာလေးက နီမြန်းနေခဲ့ပြီး လက်များဖြင့် အတင်းအကြပ် တွန်းဖယ်နေမိသည်။

သို့သော် သူမအနေဖြင့် ဤမျှအထိ သန်မာထွားကျိုင်းသော အမျိုးသားကြီးကို မည်သို့မျှ မယှဥ်ပြိုင်နိုင်ပါ။

သူမ သတိလစ်လုနီးပါး ဖြစ်သွားချိန်မှသာ လတ်ဆတ်သော လေများက ရုတ်တရက် ဝင်ရောက်လာခဲ့၏။

လည်ပင်းအနောက်ဘက်ရှိ ဖိအားများ လျော့ပါးသွားခဲ့ရပြီး သူမက ကုန်းပေါ်သို့ ရောက်ရှိနေသော ငါးတစ်ကောင်အလား အသက်ကို လုရှူနေခဲ့ရသည်။

မုကျွင်းယန် အလွန်ပင် စိတ်ကျေနပ်သွား၏။

“အမ်း... အရမ်းချိုတာပဲ”

ကုဟွား နောက်ဆုံးတွင် အသက်ရှူမှန်သွားခဲ့ရပြီး သူ့ကို အလွန်အမင်း ဒေါသထွက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။

“အိပ်ချင်နေပြီ”

ထိုသို့ဆိုလျက် သူမက မျက်နှာကို ဘေးသို့ လွှဲဖယ်လိုက်ပြီး သူ့ကို လုံးဝ ဂရုမစိုက်ချင်တော့ချေ။

မုကျွင်းယန် တိုးညှင်းစွာ ရယ်မောလိုက်မိ၏။

သူ လက်ကို ဆန့်တန်းလိုက်ပြီး သူမကို ထုပ်ပိုးထားသော စောင်အား အသာအယာ ဆွဲဖွလိုက်သည်။

ကုဟွား ခန္ဓာကိုယ်ကို နှစ်ပတ်ခန့် လှိမ့်လိုက်ပြီး မျက်ဝန်းများ ဝိုင်းစက်လျက် သူ့ကို စိုက်ကြည့်လိုက်မိ၏။

‘သူ ငါနဲ့ အတူတူ အိပ်ချင်သေးတာလား’

ထိုအမျိုးသား၏ အရပ်ရှည်ရှည် ခန္ဓာကိုယ်ကြီးက အပေါ်မှ အုပ်မိုးလာခဲ့သည်။

ကုဟွား မသိစိတ်အရ သူမ၏ ခန္ဓာကိုယ်ကို ပုစွန်ထုပ်တစ်ကောင်ကဲ့သို့ ကွေးညွတ်ထားလိုက်မိ၏။

နွေးထွေးသော အားအင်တစ်ခုက သူမ ခါးလေးကို သိုင်းဖက်လိုက်သည်။

ထိုပုစွန်ထုပ်လေးမှာ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရ၏။

သူမ ကျောပြင်တစ်ခုလုံးက မာကျောပြီး ပူပြင်းလှသော ရင်ခွင်ကျယ်ကြီးနှင့် တင်းကျပ်စွာ ထိကပ်သွား၏။

ပြုံးရွှင်နေပြီး အက်ရှရှ ဖြစ်နေသော အသံတစ်သံ သူမ နားရွက်နားတွင် ထွက်ပေါ်လာခဲ့သည်။

“အိပ်တော့...”

ဟမ်...

ကုဟွား၏ တောင့်တင်းနေသော စိတ်အာရုံများက အစွန်းသို့ ရောက်ရှိသွား၏။

‘ငါတို့ တကယ် အိပ်နေကြတာလား... ဒါမှမဟုတ် ဟန်ဆောင်နေကြတာလား’

‘အိုး... ဘုရားသခင်ရယ်... ကျွန်မကို အေးအေးဆေးဆေးပဲ အိပ်စက်ခွင့်ပေးပါတော့နော်... ဟုတ်ပြီလား’

သူမ ရင်ထဲ၌ တောင်းတမိသော အသံများက အမှန်တကယ်ပင် ပါးစပ်မှ ထွက်ပေါ်သွားလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့မိချေ။

ဤသည်က အလွန်ပင် ရှက်စဖွယ် ကောင်းလှသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့ပြီး သူမ၏ တုံးအအ အသံလေးသာ ထွက်ပေါ်လာခဲ့သည်။

ဖူး...

အနောက်ဘက်မှ ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ကုဟွား ဒေါသထွက်ထွက်ဖြင့် ခြေထောက်များကို ကန်ကျောက်လိုက်သော်လည်း အခြားသူတစ်ယောက်၏ ညှပ်ထားခြင်းကို ခံလိုက်ရ၏။

ယခု သူမသည် အမြီးညှပ်ခံထားရသော ပုစွန်ထုပ်လေးတစ်ကောင် ဖြစ်သွားခဲ့ရသည်။

ကုဟွား : “...”

‘ဒီမြို့စားကြီးက ဘာလုပ်ချင်နေတာလဲ’

သူမက ယနေ့ညတွင် ထိုအမျိုးသား၏ စိတ်အခြေအနေမှာ အနည်းငယ် ထူးဆန်းနေပြီး သေချာပေါက် စိတ်ဆိုးနေခြင်းဖြစ်ရမည်ဟု ခံစားလိုက်ရ၏။

သူမ ရင်ထဲ၌ အော်ဟစ်နေမိသော်လည်း ဇွတ်တရွတ် မလုပ်ရဲချေ။

သူမက ခြေထောက်ကို အလိုက်သိစွာဖြင့် အညှပ်ခံထားလိုက်ရင်း ထပ်မံ၍ မလှုပ်ရှားရဲတော့ချေ။

“ဒီသခင်ကြီးကို စိတ်မဆိုးစေချင်ဘူးဆိုရင်လည်း ရတယ်လေ... ဒီသခင်ကြီးအတွက် ညအိပ်ဝတ်စုံတစ်စုံ ချုပ်ပေးရမယ်”

“ဟမ်...”

ကုဟွား တစ်ခဏမျှ မတုန့်ပြန်နိုင် ဖြစ်သွား၏။

“ဘာလဲ... မလုပ်ပေးချင်ဘူးလား”

“ဒီကိုယ်လုပ်တော်က... လုပ်ပေးချင်ပါတယ်”

“အမ်း... အိပ်တော့။ မနက်ဖြန်ကျရင် အမေ့ရဲ့ ဝတ်စုံကို အပြီးသတ်ချုပ်လုပ်ပြီးတာနဲ့ ဒီသခင်ကြီးအတွက်ကိုလည်း ချက်ချင်းပဲ ချုပ်ပေးရမယ်။ ဒီသခင်ကြီးက အဲဒါကို တစ်ခါတည်း ယူသွားမှာမို့လို့”

ကုဟွား မျက်တောင်ခတ်လိုက်မိ၏။

‘တစ်ခါတည်း ယူသွားမယ် ဟုတ်လား’

‘ဒါက သူ အိမ်တော်ကနေ ထွက်ခွာတော့မယ်လို့ ပြောချင်တာလား’

စိတ်အာရုံများ လျော့ပါးသွားပြီးနောက် သူမ အလွန်အမင်း ပင်ပန်းနွမ်းနယ်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားခဲ့ရ၏။

ထိုအမျိုးသားအတွက်လည်း ညအိပ်ဝတ်စုံတစ်စုံ ချုပ်လုပ်ပေးရဦးမည့် အကြောင်းများကို တွေးတောရင်းဖြင့် သူမက ဝေဝေဝါးဝါးဖြင့် အိပ်မောကျသွားခဲ့ရသည်။

နောက်တစ်နေ့ သူမ နိုးထလာချိန်၌ အပြင်တွင် မိုးလင်းနေခဲ့ပြီ ဖြစ်သည်။

ကုဟွား မျက်ဝန်းများကို ဖွင့်လိုက်ရာ နူးညံ့သော အိပ်ယာထက်တွင် မည်သူမျှ ရှိမနေသည်ကို တွေ့လိုက်ရ၏။

သူမ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ထူမလိုက်ပြီး စိတ်အာရုံများ ကြည်လင်လန်းဆန်းနေသည်ကို ခံစားလိုက်ရသည်။

လှုပ်ရှားမှုအချို့ကို ကြားရချိန်တွင် ကာရံထားသော လိုက်ကာနောက်မှ ခေါင်းလေးတစ်လုံး ပြူထွက်လာခဲ့၏။

တုန့်ဟွား မျက်ဝန်းအစုံ တောက်ပနေပြီး သွားလှလှလေးများ ပေါ်ထွက်သည်အထိ ပြုံးနေခဲ့သည်။

သူမ ခန္ဓာကိုယ်တစ်ခုလုံး ထူးဆန်းသော အရှိန်အဝါများ ပြည့်နှက်နေသည့် မိန်းမပျိုလေးကို မြင်တွေ့လိုက်ရသည်။

“မမလေး နိုးပြီလား”

ကုဟွား မျက်နှာလေး အနည်းငယ် နီမြန်းသွားပြီး စာကြည့်ဆောင်တွင် ညအိပ်ရသည့် ဤကဲ့သို့သော အိုးတိုးအမ်းတမ်း အခြေအနေမျိုးကို ဖြည်းဖြည်းချင်း ကျင့်သားရလာခဲ့ပြီ ဖြစ်သည်။

သူမ ခေါင်းညိတ်ပြလိုက်သည်။

“အမ်း”

တုန့်ဟွား ခေါင်းကို ပြန်လည် နောက်ဆုတ်လိုက်ပြီး အပြင်ဘက်ရှိ တုန့်ချင်းကို အသာအယာ လှမ်းခေါ်လိုက်၏။

မကြာမီအချိန်အတွင်း၌ပင် သူတို့နှစ်ဦး ကြေးအင်တုံ၊ သန့်စင်ရေးပစ္စည်းများနှင့် ဝတ်ဆင်ရန်အတွက် ဝတ်စုံအသစ်တစ်စုံကို သယ်ဆောင်လျက် ဝင်ရောက်လာခဲ့ကြသည်။

သန့်စင်ပြီးနောက်တွင် ကုဟွား ယာယွင်ဆောင်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ညအိပ်ဝတ်စုံက အလုံးစုံ ချုပ်လုပ်ပြီးစီးနေပြီ ဖြစ်သည်ကို တွေ့ရှိလိုက်ရ၏။

“ဒါ နင်တို့ ချုပ်ထားတာလား”

ကုဟွားက သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်သည်။ အပ်ချုပ်ချက်များက အလွန်ပင် ကောင်းမွန်လှသည်။

“ဟုတ်ပါတယ်... မမလေး ပင်ပန်းနေမှာ စိုးရိမ်တာကြောင့် ဒီအစေခံက ကိုယ့်သဘောနဲ့ကိုယ် ချုပ်ပေးထားတာပါ”

တုန့်ချင်းက ပြုံးလျက် ဆိုလိုက်၏။

“နင်တို့ကို ကျေးဇူးတင်ရမှာပါ။ ငါ ဝတ်စုံရဲ့ ကော်လာနဲ့ လက်ဝမှာ သလဲသီးအပွင့်လေး နှစ်ပွင့်လောက် ပန်းထိုးပေးလိုက်ရင် ပြီးသွားပြီ”

“ဟုတ်ကဲ့ပါ... ပန်းထိုးချည်မျှင်တွေကိုလည်း မမလေးအတွက် အားလုံး ရွေးချယ်ပေးထားပြီးသားပါနော်။ မနက်စာ သုံးဆောင်ပြီးတာနဲ့ ပန်းထိုးလို့ရပါပြီရှင့်”

တုန့်ချင်း အသင့်ပြင်ဆင်ထားသော ပန်းထိုးချည်မျှင်တောင်းလေးကို ကမ်းပေးလိုက်၏။

ကုဟွား ညအိပ်ဝတ်စုံကို ဘေး၌ ချထားလိုက်ပြီး ယမန်နေ့ညက မုကျွင်းယန်၏ တောင်းဆိုမှုများကို ရုတ်တရက် သတိရသွားခဲ့သဖြင့် နားရွက်လေးများ အနည်းငယ် နီမြန်းသွားခဲ့ရသည်။

“တုန့်ချင်း... မမကျိုးဆီ သွားပြီးတော့ မြို့စားမင်း ပုံမှန်ဝတ်ဆင်လေ့ရှိတဲ့ အတွင်းအင်္ကျီအထည်လိပ် ထပ်တစ်လိပ်လောက် သွားတောင်းပေးပါဦး”

တုန့်ချင်း ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပါပြီ... ဒီအစေခံ အခုချက်ချင်း သွားလိုက်ပါ့မယ်”

သူမအနေဖြင့် မုအန်းနှင့် ကုဝမ်ရုတို့ မည်သို့ စကားပြောဆိုခဲ့ကြသည်ကို မသိရှိရသေးချေ။

သို့သော် တုန့်ဟွား ကြားသိလာခဲ့ရသော အတင်းအဖျင်း သတင်းစကားများက သူမ၏ စိတ်ကို တည်ငြိမ်သွားစေခဲ့သည်။

မုအန်းက ယမန်နေ့ညက ကျင်းရှို့ဆောင်တွင် ညအိပ်ခဲ့သည်။

ယနေ့ နံနက်အစောပိုင်းတွင် ကုဝမ်ရုက စိတ်ခွန်အားများ ပြည့်နှက်နေခဲ့ပြီး မုအန်း၏ ခြံဝင်းအတွင်းရှိ ကိုယ်လုပ်တော်များကို စည်းကမ်းချက်များ ချမှတ်ရန်အတွက် ဆင့်ခေါ်ခဲ့သည်။

ကုဟွား ညင်သာစွာ ပြုံးလိုက်မိသည်။

သူတို့အနေဖြင့် အတိတ်ဘဝက အပြုအမူများကို ဆက်လက်လုပ်ဆောင်နေကြခြင်းဖြစ်သည်။

ကုဝမ်ရု စည်းကမ်းချက်များ ချမှတ်နေခြင်း မဟုတ်ချေ။

သူမက မိန်းမစိုးချုပ်ကြီး၏ ဆိုးဝါးလှသော မွေးစားသားထံသို့ လက်ဆောင်အဖြစ် ပေးအပ်ရန်အတွက် စတေးမည့်သူကို ရွေးချယ်နေခြင်းသာ ဖြစ်ရမည်။

လင်းလန်ဆောင်ကလည်း အလွန်ပင် ယုံကြည်စိတ်ချရသည်။

ပတ္တမြား သလဲသီး ပန်းပွင့်ဖတ်များကို ပေးပို့လာခဲ့ပြီး ၎င်းတို့မှာ အသက်ဝင်စွာ ထုဆစ်ထားကြသည်။

ကုဟွား အလွန်ပင် သဘောကျနေခဲ့၏။

သလဲသီး ပန်းပွင့်ဖတ်များကို သုံးလွှာခွဲလျက် အဆင့်ဆင့် ချုပ်လိုက်သည်။

ခေါင်းစည်းပဝါထက်တွင် အလွန်လက်ရာမြောက်ပြီး အံ့ဩဖွယ်ကောင်းသော သလဲသီး ပန်းပွင့်တစ်ပွင့် ပွင့်လန်းလာခဲ့သည်။

တုန့်ဟွား အံ့ဩတုန်လှုပ်နေသော မျက်နှာထားဖြင့် ပြောလိုက်မိသည်။

“အိုး ဘုရားရေ... ဒါက တအားလှတာပဲ။ ဒီလောက် ဆန်းသစ်တဲ့ နည်းလမ်းမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ သခင်မအိုကြီးကတော့ သေချာပေါက် သဘောကျနေမှာ”

တုန့်ချင်းကလည်း ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်သည်။

“ခေါင်းစည်းပဝါပေါ်က ကျောက်မျက်ရတနာ ပန်းပွင့်ကို ဒီလိုမျိုး သုံးဖက်မြင်ပုံစံမျိုးအထိ ဖန်တီးနိုင်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိဘူး။ ဒါက အရမ်းကို ထူးခြားလွန်းတယ်။ ဒီအောက်ခံအရောင်နဲ့ တွဲဖက်လိုက်တာက လုံးဝ ဆန်းကြယ်မနေဘဲနဲ့ ပိုပြီးတော့ တည်ငြိမ်လှပတဲ့ အထက်တန်းဆန်မှုကို ပေးစွမ်းနေပါတယ်”

“နင်တို့နှစ်ယောက်လုံး အမြင်ရှိကြတာပဲ”

ကုဟွား ပျော်ရွှင်စွာ ပြုံးလိုက်မိ၏။

သူမ ငယ်စဉ်တည်းက မည်သူ့ထံကမျှ အလိုလိုက်ခြင်း မခံခဲ့ရဖူးသကဲ့သို့ လူကြီးမိဘများ၏ ချစ်ခြင်းမေတ္တာကိုလည်း မရရှိခဲ့ဖူးချေ။

သခင်မအိုကြီးတွင် သတိမေ့လျောတတ်သည့် သူငယ်ပြန်ရောဂါ ရှိနေသော်လည်း သူမ ခံစားလိုက်ရသည်မှာ လူကြီးမိဘတစ်ဦး၏ နူးညံ့သော မေတ္တာတရားများ ဖြစ်သည်။

သူမအပေါ် အလိုလိုက်ခဲ့ဖူးသော ထိုသက်ကြီးရွယ်အို အမျိုးသမီးကြီးကို လှပပြီး အထက်တန်းဆန်သော ခေါင်းစည်းပဝါကို ဝတ်ဆင်စေချင်ပြီး အငယ်တစ်ဦး၏ ဂရုစိုက်မှုများကို ခံစားစေချင်မိခြင်း ဖြစ်သည်။

All Chapters