← Chapters

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း(၁၁၇)

အဘွားအို ခေါင်းစည်းပဝါကို တို့ထိလိုက်ပြီး ညအိပ်ဝတ်စုံကို စိုက်ကြည့်ကာ လက်မှမချချင်လောက်အောင် ဖြစ်နေခဲ့ရ၏။

ဒေါ်လေးရီ၏ မျက်ဝန်းအစုံမှာ နီမြန်းသွားခဲ့ရသည်။

“သခင်မကြီးအတွက် ဒီလိုမျိုး ခေါင်းစည်းပဝါကို သီးသန့် ချုပ်လုပ်ပေးခဲ့တာ အချိန်အတော်ကြာခဲ့ပြီပဲ။ ပြီးတော့ ဒါက တကယ် လက်ရာမြောက်လွန်းပါတယ်”

“ကလေးမလေး... ဒါကို ငါ့အတွက် မြန်မြန်လေး ဝတ်ပေးပါဦး”

ကုဟွားကိုယ်တိုင် အဘွားအိုအတွက် ခေါင်းစည်းပဝါကို ဝတ်ဆင်ပေးလိုက်၏။

ဒေါ်လေးရီ ကြေးမှန်တစ်ချပ်ကို သယ်ဆောင်လာခဲ့သည်။

“သခင်မကြီး.. တစ်ချက်လောက် ကြည့်လိုက်ပါဦး။ သဘောကျရဲ့လား”

အဘွားအို ကြေးမှန်ထဲတွင် ဟိုဟိုဒီဒီ လှည့်လည်ကြည့်ရှုလိုက်ပြီး ပို၍ပင် သဘောကျလာခဲ့ရသည်။

သူမ၏ လက်ချောင်းလေးများက သုံးဖက်မြင် သလဲသီးပန်းပွင့်ကြီးကို တို့ထိလိုက်သည်။

“အို ဘုရားရေ... တကယ်ကို လက်ရာမြောက်လှတဲ့ လက်တစ်စုံပဲ။ ဘယ်လိုလုပ်ပြီး သလဲသီးပန်းပွင့် ဖန်တီးဖို့ ပတ္တမြားတွေကို အသုံးပြုဖို့ စဉ်းစားမိသွားတာလဲ”

အဘွားအို သဘောကျသည်ကို မြင်တွေ့ရချိန်တွင် ကုဟွားကလည်း ရင်ထဲ၌ အလွန်ပင် ပျော်ရွှင်သွား၏။

သူမ ပြုံးလိုက်ရင်း ဆိုလိုက်သည်။

“သလဲသီးပန်းပွင့်က ချမ်းသာကြွယ်ဝမှုနဲ့ ဂုဏ်သရေရှိမှုကို ဖော်ဆောင်တာပါ။ သူ့ရဲ့ ပုံသဏ္ဌာန်က လှပပြီး အရောင်ကလည်း တောက်ပလွန်းတာကြောင့် ချမ်းသာကြွယ်ဝမှုနဲ့ ကံကောင်းခြင်းတွေကို ကိုယ်စားပြုပါတယ်”

ကျိုးကျစ်လန် ပြုံးလိုက်ပြီး ဝင်ရောက်ပြောဆိုလိုက်သည်။

“အမ် ဟမ်... အဲဒါက သားသမီးမျိုးဆက်တွေ အများကြီး ထွန်းကားခြင်း၊ ကံကောင်းခြင်းတွေ ပြည့်နှက်ခြင်းနဲ့ အိမ်တော်တစ်ခုလုံး မျိုးဆက်တွေနဲ့ ပြည့်နှက်နေခြင်းကိုလည်း ဖော်ဆောင်ပါတယ်”

ကုဟွား ထိတ်လန့်သွားပြီး သူမ မျက်နှာလေးက ချက်ချင်းပင် နီရဲသွား၏။

မုကျွင်းယန် သူမကို အဓိပ္ပာယ်ပြည့်နှက်နေသော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။

ကုဟွား ချက်ချင်းပင် ပြင်းထန်သော ဖိအားတစ်ခုက သူမအပေါ်သို့ ကျရောက်လာသည်ကို ခံစားလိုက်ရ၏။

သူမ ရင်ထဲ၌ တွေးတောလိုက်မိသည်။

‘သွားပြီ... ငါ အဲဒီအချက်ကို မစဉ်းစားမိခဲ့ဘူး’

‘မြို့စားမင်းက ငါ့မှာ ရည်ရွယ်ချက်တွေ ရှိနေပြီး ကိုယ်ဝန်ရချင်နေတယ်လို့ အထင်လွဲသွားမှာ မဟုတ်ဘူးမလား’

သူမအနေဖြင့် မူလက ထိုကဲ့သို့ တွေးတောခဲ့ဖူးသော်လည်း သူ သူမကို ကိုယ်ဝန်တားဆေးများ အမြဲတမ်း သောက်သုံးစေခဲ့သဖြင့် သူမက ထိုအတွေးများကို စွန့်လွှတ်ခဲ့ပြီး ဖြစ်သည်။

အဘွားအို အလွန် ပျော်ရွှင်သွားသဖြင့် ကနေ၏။

“ကောင်မလေးကျစ်လန် ပြောတာ တအား မှန်တယ်။ သားသမီးမျိုးဆက်များစွာ ရှိတာ၊ ကံကောင်းခြင်းတွေ ရှိတာနဲ့ အိမ်တော်တစ်ခုလုံး မျိုးဆက်တွေနဲ့ ပြည့်နှက်နေတာက တအားကောင်းတယ်။ ယန်အာ... မင်း မြန်မြန်လေး ကြိုးစားရမယ်နော်”

ကုဟွား၏ မျက်နှာလေးက အလွန်အမင်း နီမြန်းသွားသဖြင့် ခေါင်းကို ငုံ့ချလိုက်မိပြီး ဘာလုပ်ရမှန်းပင် မသိတော့ချေ။

မုကျွင်းယန် လက်သီးကို နှုတ်ခမ်းဝ၌ ကပ်လိုက်ပြီး နှစ်ကြိမ်မျှ ချောင်းဆိုးလိုက်ကာ သူ၏ အမေအိုကြီးကို တိုးတိုးတိတ်တိတ် အချက်ပြလိုက်၏။

‘အမေ သရုပ်ဆောင်တာ များသွားပြန်ပြီ’

အဘွားအို သူ့အကြည့်များကို လျစ်လျူရှုလိုက်ပြီး ကုဟွားကို ဆွဲခေါ်ကာ စကားလုံးအချို့ကို တတွတ်တွတ် ပြောဆိုလိုက်သည်။

“နောက်တစ်ကြိမ် လာတဲ့အခါကျရင် ငါပေးထားတဲ့ လက်ကောက်ကို သေချာပေါက် ဝတ်လာရမယ်နော်။ အာ... မဟုတ်ဘူး... နေ့တိုင်း ဝတ်ထားရမယ်။ ဘယ်နေရာသွားသွား ဝတ်ထားရမယ်။ မဟုတ်ရင်တော့ ဒီအဘွားအိုကြီးက စိတ်ဆိုးမှာနော်”

ကုဟွားကလည်း ခေါင်းညိတ်ပြလိုက်ရုံမှတစ်ပါး အခြားနည်းလမ်းမရှိတော့ချေ။

“သခင်မကြီး... ဟွားအာက သေချာပေါက် ဝတ်ထားလိုက်ပါ့မယ်”

အခန်းတွင်း၌ ပျော်ရွှင်စရာ ကောင်းသော စကားပြောသံများနှင့် ရယ်မောသံများဖြင့် ပြည့်နှက်နေခဲ့သည်။ အဘွားအိုက ကလေးငယ်တစ်ဦးကဲ့သို့ ပြုံးပျော်နေခဲ့၏။

“တော်တော်လေး စည်ကားနေတာပဲ”

မုအန်း၏ အသံထွက်ပေါ်လာခဲ့ပြီးနောက် အခန်းတွင်းရှိ ရယ်မောသံများမှာ ချက်ချင်းပင် ရပ်တန့်သွားခဲ့ရ၏။

သူ့အနောက်တွင် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ကုဝမ်ရုလိုက်ပါလာခဲ့သည်။

သူတို့နှစ်ဦးလုံး၏ အကြည့်များမှာ အဘွားအိုက ကုဟွား၏ လက်ကို ဆုပ်ကိုင်ထားသည့် နေရာဆီသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားခဲ့ကြပြီး သူတို့မျက်နှာထားများက အနည်းငယ် ပျက်ယွင်းသွား၏။

သူတို့အနောက်တွင် အထက်တန်းဆန်လှသော ဝတ်စုံများကို ဝတ်ဆင်ထားကြသည့် လူငယ်နှစ်ဦး ကပ်လျက် ဝင်ရောက်လာခဲ့ကြသည်။

ထိုအခါမှသာ မုအန်းနှင့် ကုဝမ်ရုတို့က အကြည့်များကို ပြန်လည်ရုတ်သိမ်းလိုက်ကြ၏။

ထိုအဖွဲ့က အဘွားအိုကို တခမ်းတနား အရိုအသေပြုခြင်းကို ပြုလုပ်လိုက်ကြပြီး မွေးနေ့ဆုတောင်းစကားများ ပြောကြားလိုက်ကြ၏။

အဘွားအိုက ကုဟွား၏ လက်ကို လွှတ်ပေးလိုက်ပြီး ကလေးငယ်တစ်ဦးကဲ့သို့ ပြုံးပြလိုက်ကာ လက်များကို ဆန့်တန်းလိုက်သည်။

“လက်ဆောင်တွေ ဘယ်မှာလဲ”

မုအန်း ပြုံးလိုက်ပြီး ကုဝမ်ရုကို လှမ်းကြည့်လိုက်သည်။

“အဘွား... အဘွားရဲ့ မြေးချွေးမက အဘွားအတွက် လက်ဆောင်တစ်ခု ပြင်ဆင်ထားပါတယ်ရှင်”

ကုဝမ်ရု ငြိမ်သက်စွာ ရပ်နေခဲ့ပြီး ကျင်းခွေ့ကို သေတ္တာကြီးတစ်လုံးအား သယ်ဆောင်လျက် ရှေ့သို့ တိုးကပ်စေလိုက်၏။

သူမက ပြုံးကာ ပြောလိုက်သည်။

“အဘွား... ဒါက မြေးချွေးမ နှင်းဖုံးနေတဲ့ ဒေသတွေကနေ လူလွှတ်ပြီး သီးသန့် ခူးဆွတ်ခိုင်းခဲ့တဲ့ လတ်ဆတ်လှတဲ့ နှင်းကြာပန်းပါ။ ဒါက ကျန်းမာရေးအတွက် ဆေးဝါးအဖြစ် အသုံးပြုဖို့ အလွန်ကောင်းမွန်ပါတယ်”

သေတ္တာကို ဖွင့်လိုက်ရာ အတွင်း၌ ရေခဲတုံးများကို ထည့်သွင်းထားသည်ကို တွေ့ရှိလိုက်ရပြီး ရေခဲတုံးများအကြားတွင် ဖြူစင်လှသော နှင်းကြာပန်းကြီးတစ်ပွင့် ပွင့်လန်းနေခဲ့သည်။

“လှလိုက်တာ...”

အဘွားအိုက ခေါင်းညိတ်ပြလိုက်သော်လည်း သူမ၏ လက်က ခေါင်းစည်းပဝါထက်ရှိ အနီရောင် သလဲသီးပန်းပွင့်ကို လှမ်း၍ တို့ထိလိုက်သည်။

“ငါကတော့ ဒီအနီရောင် သလဲသီးပန်းပွင့်လေးကိုပဲ ပိုပြီးတော့ သဘောကျတယ်”

ကုဝမ်ရု၏ အပြုံးများမှာ တောင့်တင်းသွား၏။

သူမက ခေါင်းစည်းပဝါထက်ရှိ ပတ္တမြားသလဲသီးပန်းပွင့်ကို စိတ်ပျက်စရာ ကောင်းလှသည့် အကြည့်များဖြင့် စိုက်ကြည့်လိုက်မိသည်။

‘ဒါက ကျောက်တုံးအကျိုးအပဲ့တွေနဲ့ လုပ်ထားတဲ့ ပန်းပွင့်ဖတ်တွေပဲလေ... ဘာမှလည်း အဖိုးမတန်ပါဘူး’

ဤနှင်းကြာပန်းကို ရရှိဖို့အတွက် ပိုင်အိမ်တော်က အားထုတ်မှုများစွာ ပြုလုပ်ခဲ့ရသည်။

‘ဒီရူးကြောင်ကြောင် အဘွားကြီးက တကယ်ပဲ အကောင်းနဲ့အဆိုးကို မခွဲခြားတတ်ဘူးပဲ’

သူမ၏ အနောက်ရှိ လူငယ်များကလည်း သူတို့၏ လက်ဆောင်များကို တစ်ဦးပြီးတစ်ဦး ပေးအပ်လိုက်ကြပြီး အဘွားအိုက ပျော်ရွှင်စွာ လက်ခံလိုက်၏။

ကျိုးကျစ်လန်က ကုဟွား၏ နားရွက်နားတွင် တိုးညှင်းစွာဖြင့် ကပ်၍ ပြောလိုက်သည်။

“ဘယ်ဘက်က တစ်ယောက်က ဒုတိယမြောက် ဆွေမျိုးစုရဲ့ တရားဝင် သားကြီး မုစစ်လန်... မုယုံလေ။ ညာဘက်က တစ်ယောက်က တတိယမြောက် ဆွေမျိုးစုရဲ့ တရားဝင် သားကြီး မုလျိုလန်... မုဖုန်း”

ကုဟွား ခေါင်းညိတ်ပြလိုက်မိ၏။

ထိုဆွေမျိုးစုနှစ်ခုလုံးက မျိုးဆက်သစ် လူငယ်များကိုသာ လွှတ်လိုက်ကြခြင်း ဖြစ်နေခဲ့သည်။

‘ဒါက တကယ်တော့ နည်းနည်း...’

ကုဟွား တိတ်တိတ်လေး မုကျွင်းယန်ကို လှမ်း၍ အကဲခတ်ကြည့်လိုက်မိသည်။

သူက အဘွားအိုနှင့် စကားပြောဆိုရန်အတွက်သာ အာရုံစိုက်နေခဲ့ပြီး ထိုလူငယ်နှစ်ဦးကို လှည့်၍ပင် မကြည့်ခဲ့ချေ။

မုစစ်လန်နှင့် မုလျိုလန်တို့ တံခါးဝ၌ မုအန်းနှင့် သူ၏ ဇနီးသည်တို့ကို ဆုံတွေ့ခဲ့ကြခြင်း ဖြစ်သည်။

ယခုအချိန်မှသာ သူတို့နှစ်ဦးအား ရိုသေလေးစားစွာ နှုတ်ဆက်လိုက်ကြ၏။

သူတို့နှစ်ဦးလုံးက တစ်ပြိုင်နက်တည်း ချိုသာစွာဖြင့် ခေါ်ဝေါ်လိုက်ကြသည်။

“မရီး”

ကုဝမ်ရု လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက အချိန်များ ကုန်ဆုံးရသည်မှာ အလွန်ပင် ခက်ခဲလှသည်ဟု ခံစားနေခဲ့ရခြင်း ဖြစ်သည်။

မြို့စားအိမ်တော်အတွင်းရှိ လူတိုင်းက သူမအပေါ် ဖော်ရွေမှုမရှိကြဘဲ အပေါ်ယံမျှသာ ဆက်ဆံနေခဲ့ကြသည်။

ယနေ့တွင် မြို့စားအိမ်တော်၏ သခင်မလေးတစ်ဦးကဲ့သို့ ဂုဏ်သရေရှိစွာ ပြုမူရန် ရှားပါးလှသော အခွင့်အရေးကို ရရှိခဲ့သဖြင့် သူမက ခန္ဓာကိုယ်ကို မတ်မတ်ရပ်လိုက်ပြီး ပြုံးလျက် ပြန်လည်နှုတ်ဆက်လိုက်၏။

မုလျိုလန် အသက်၁၇နှစ် ရှိပြီဖြစ်ပြီး ပိုမို၍ တက်ကြွလန်းဆန်းသော စိတ်နေစိတ်ထား ရှိသူဖြစ်သည်။

သူ အထဲသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် အဘွားအိုကြီး၏ ဘေးနားတွင် မတ်တတ်ရပ်နေသော မျက်ဝန်းအစုံ တောက်ပနေသည့် မိန်းမပျိုလေးကို သတိထားမိသွားခဲ့ရ၏။

သူ မုအန်းနှင့် စကားပြောဆိုနေစဉ်အတွင်း၌ပင် သူ့မျက်ဝန်းများက သူမထံသို့ တိုးတိုးတိတ်တိတ် လှမ်း၍ အကဲခတ်ကြည့်ရှုနေခဲ့မိသည်။

သူ၏ အကြည့်များကို ခံစားလိုက်ရချိန်တွင် မုကျွင်းယန် အေးစက်လှသော အကြည့်တစ်ခုဖြင့် လှမ်း၍ စိုက်ကြည့်လိုက်၏။

သူ တည်ငြိမ်သော လေသံဖြင့် မေးမြန်းလိုက်သည်။

“စစ်လန်နဲ့ လျိုလန်တို့ ဘာကိစ္စရှိလို့ လာခဲ့ကြတာလဲ”

မုကျွင်းယန် သူတို့ကို နောက်ဆုံးတွင် အာရုံစိုက်လာသည်ကို မြင်တွေ့ရချိန်တွင် ထိုဝမ်းကွဲညီအစ်ကိုနှစ်ဦးလုံးမှာ အံ့ဩဝမ်းသာသွားသော မျက်နှာထားများဖြင့် ရှေ့သို့ တိုးကပ်လာခဲ့ကြ၏။

မုဖုန်း ပျော်ရွှင်နေသော မျက်နှာထားဖြင့် အရင်ဦးဆုံး ပြန်လည်ဖြေကြားလိုက်သည်။

“ဒုတိယဦးလေးကို ပြန်လည်ဖြေကြားရရင်... ဆောင်းဦးရာသီရဲ့ တော်ဝင်စာမေးပွဲကြီးက နီးကပ်လာနေပြီ ဖြစ်လို့ ကျောင်းတော်က ကျွန်တော်တို့ကို ရက်အနည်းငယ် အနားယူဖို့ ခွင့်ရက်ပေးထားတာကြောင့် အဖေနဲ့အမေက ကျွန်တော့်ကို အဘွားအတွက် မွေးနေ့ဆုတောင်းစကား ပြောကြားဖို့အတွက် လွှတ်လိုက်တာပါ”

မုယုံကလည်း ဆက်လက်၍ ပြောလိုက်သည်။

“ဒီတူလေးကလည်း ဒီနေ့အတွက် ခွင့်ရက်တစ်ရက် သီးသန့် ယူခဲ့တာပါ။ အဘွားရဲ့ မွေးနေ့ပွဲအတွက် သေချာပေါက် လာရောက်ရမှာ ဖြစ်လို့ပါ”

မုကျွင်းယန် ခေါင်းညိတ်ပြလိုက်ပြီး စိတ်လှုပ်ရှားနေသော မုဖုန်းကို တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။

“ဒီနှစ် ဆောင်းဦးရာသီ စာမေးပွဲအတွက် မင်းမှာ ယုံကြည်ချက် ရှိရဲ့လား”

မုဖုန်း ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

“သေချာပေါက် ရှိတာပေါ့။ ဆရာက ပြောပါတယ်... ဒီတူလေးက အဆင့်မြင့်ပညာရှင်အဖြစ် အောင်မြင်ဖို့အတွက် ဘာပြဿနာမှ မရှိနိုင်ပါဘူးတဲ့”

မုဖုန်းက တတိယသခင်ကြီးမု အသက်ကြီးမှ ရရှိလာခဲ့သော တရားဝင် သားကြီးဖြစ်သဖြင့် သူက အလွန်ပင် အလိုလိုက်ခြင်းကို ခံခဲ့ရပြီး ၎င်းက သူ့ကို တက်ကြွလန်းဆန်းပြီး ရိုးသားကာ ပျော်ရွှင်တတ်သော စိတ်နေစိတ်ထားကို ရရှိစေခဲ့ခြင်း ဖြစ်သည်။

မြင့်မားလှသော အဆင့်အတန်းရှိသည့် သူ၏ ဒုတိယဦးလေးကို ရှားပါးစွာ တွေ့မြင်ရခြင်းဖြစ်ပြီး သူက ဆောင်းဦးရာသီ စာမေးပွဲကို ထိုမျှအထိ ဂရုစိုက်ပေးနေသည်ကို မြင်တွေ့ရချိန်တွင် သူ ချက်ချင်းပင် စကားလုံးများကို အဆက်မပြတ် ပြောဆိုလာခဲ့၏။

တစ်ခဏအတွင်း၌ပင် မိသားစုတစ်ခုလုံး ဤကဲ့သို့ ရင်းနှီးစွာ စကားပြောဆိုနေကြရသည်မှာ ရှားပါးသော အခြေအနေတစ်ခုပင် ဖြစ်သည်။

“စားသောက်ပွဲအတွက် အားလုံး ပြင်ဆင်ပြီးပါပြီ။ လူတိုင်း ကြာပန်းဆောင်ဆီကို သွားလို့ ရပါပြီရှင်”

ဒေါ်လေးရီ လာရောက်သတင်းပို့လိုက်၏။

ထိုအချိန်၌ပင် အစေခံမလေးတစ်ဦးက အလျင်အမြန် ဝင်ရောက်လာခဲ့သည်။

“သခင်ကြီး... သခင်မကြီး... ခရိုင်မင်းသမီးကျန်းက မွေးနေ့လက်ဆောင် ယူလာပြီး သခင်မကြီးကို လာရောက်တွေ့ဆုံခွင့်ရဖို့ တောင်းဆိုနေပါတယ်”

ကုဟွား ကြောင်အမ်းသွား၏။

‘ကျန်းရော့ရှီး... သူက ဖိတ်ကြားမခံရဘဲနဲ့ ရောက်လာခဲ့တာလား’

All Chapters