← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

အပိုင်း (၆)

​“ဝှစ်..."

​ ကျောက်စိမ်းပေလွှာက လေထဲသို့ ပျံတက်သွားပြီး သွေးကဲ့သို့ နီရဲသော အလင်းမျက်နှာပြင်တစ်ခုကို ပြသလိုက်သည်။

​ လွန်ခဲ့သော သုံးနှစ်က ထိုည…

​ လင်အန်းမြို့ကြီး၏ ကောင်းကင်ယံတွင် သွေးရောင်လမင်းကြီးက မြင့်မားစွာ ချိတ်ဆွဲထားသလို ရှိ‌နေသည်။

​ မီးတောက်မီးလျှံများဖြင့် ပြည့်နှက်နေသော ဥက္ကာခဲတစ်ခု ကောင်းကင်ကနေ ထိုးဆင်းလာပြီး၊ နီရဲနေသော မီးခိုးတိမ်တိုက်ကြီးက ကောင်းကင်တစ်ဝက်ခန့်ကို ရဲရဲနီသွားစေခဲ့သည်။

​ ထို့နောက် ချက်ချင်းဆိုသလိုပင် မြို့ထဲ၌ သွေးစုပ်ဖုတ်ကောင် မိစ္ဆာများ ပေါ်လာပြီး နေရာအနှံ့ လိုက်လံတိုက်ခိုက်ကြတော့သည်။

​ လူဝင်မှုကြီးကြပ်ရေးဗျူရိုက ၎င်းတို့ကို ပြင်ပကမ္ဘာမှ ရောက်လာသော မျိုးဗီဇပြောင်း ဖုတ်ကောင်များဟု အစပိုင်းတွင် ယူဆခဲ့သဖြင့် တာဝန်ကျနေသော နဝမမြောက် စုံစမ်းစစ်ဆေးရေးဌာနခွဲကို သွားရောက်နှိမ်နင်းရန် အမိန့်ပေးခဲ့သည်။

​ ညဉ့်နက်လာသည်နှင့်အမျှ ဖုတ်ကောင် အရေအတွက်က ပိုမိုများပြားလာပြီး ၎င်းတို့အားလုံးမှာ ရောဂါကူးစက်ခံထားရသော လင်အန်းမြို့သူမြို့သားများ ဖြစ်ကြသည်။

​ အခြေအနေက ထိန်းချုပ်မရတော့ဘဲ ဗရုတ်သုတ်ခ ဖြစ်လာကာ ဖုတ်ကောင်အရေအတွက်မှာ ဆပွားတိုးပွားလာခဲ့သည်။

​ ထို့ကြောင့် လူဝင်မှုကြီးကြပ်ရေးဗျူရိုသည် မြို့တွင်းရှိ သက်ဆိုင်ရာဌာနအားလုံးနှင့် ပူးပေါင်းကာ ဖုတ်ကောင်များကို နှိမ်နင်းရန်နှင့် ပြည်သူများကို အရေးပေါ် ရွှေ့ပြောင်းပေးရန်အတွက် ရှိသမျှ အရင်းအမြစ်အားလုံးကို အသုံးပြုခဲ့ရသည်။

​ ဒါတွေအားလုံးက လျူယွမ် ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေပင် ဖြစ်သည်။

​ ကွယ်လွန်သွားပြီဖြစ်သော နဝမဌာနခွဲမှူးဟောင်းက လူနှစ်ယောက်တစ်တွဲ စနစ်ဖြင့် တာဝန်ချထားခဲ့သည်။

​ သို့သော် ဌာနတွင်းရှိ လူဦးရေမှာ မစုံသဖြင့် လျူယွမ်က တစ်ယောက်တည်း လှုပ်ရှားရန် ဆန္ဒအလျောက် တာဝန်ယူခဲ့သည်။

​ သူက ကားတစ်စီးဖြင့် တစ်ယောက်တည်း ကင်းလှည့်ရင်း အန္တရာယ်အရှိဆုံး ဖြစ်သည့် ရပ်ကွက်ဟောင်းတစ်ခုသို့ ဦးတည်သွားစဉ် ဖုတ်ကောင်အုပ်ကြီး၏ ဝိုင်းရံခြင်းကို ခံခဲ့ရသည်။

​ လျူယွမ်သည် ဖုတ်ကောင် ရာပေါင်းများစွာ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံခဲ့ရဖူးပြီး ထိုမြင်ကွင်းကို ယခုထက်ထိ ကွက်ကွက်ကွင်းကွင်း မှတ်မိနေဆဲပင်။ ၎င်းက ဖုတ်ကောင်ရုပ်ရှင်တွေထဲက အခန်း အတိုင်းပင် ဖြစ်သည်။

​ သူ အသက်ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့ရသည်။

​ ထိုအရေးကြီးသော အချိန်တွင် [အကျပ်အတည်းကြားမှ ရှင်သန်ခြင်း] စွမ်းရည်က အလိုအလျောက် အသက်ဝင်သွားခဲ့သည်။

​ သူက တိတ်ဆိတ်နေသော လမ်းကြားတစ်ခုထဲသို့ ရောက်သွားခဲ့ပြီး ထိုနေရာတွင် ဖုတ်ကောင်တစ်ကောင်မှ မရှိဘဲ၊ အမှိုက်ပုံကို မွှေနှောက်နေသော ကြောင်တစ်ကောင်သာ ရှိသည်။

​ ကြောင်အော်သံနောက်ကို လိုက်သွားရင်း အမှိုက်ပုံဘေးမှာ သတိမေ့လဲနေတဲ့ စုချင်းရွှယ်ကို တွေ့တာနဲ့ သူ ကယ်တင်ခဲ့ခြင်း ဖြစ်သည်။

​ “အဲဒီတုန်းက အဲဒီလမ်းကြားထဲမှာ ဖုတ်ကောင်တွေ ဘာလို့ မရှိတာလဲဆိုပြီး ငါ စဉ်းစားလို့မရခဲ့ဘူး။ တကယ်တော့ ငါ့မိန်းမက နတ်ဘုရားမ ဖြစ်နေလို့ကိုး”

​ လျူယွမ် အခုမှ အဖြေကို သဘောပေါက်သွားတော့သည်။

​ သွေးမိစ္ဆာဧကရာဇ်သည် ထိုစဉ်က ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့ပုံရပြီး ထို့ကြောင့်ပင် ဖုတ်ကောင်အရေအတွက်က တဖြည်းဖြည်း လျော့နည်းသွားကာ နောက်ဆုံးတွင် လုံးဝ သုတ်သင်ခြင်း ခံလိုက်ရခြင်း ဖြစ်နိုင်သည်။

​ လူဝင်မှုကြီးကြပ်ရေးဗျူရိုက ဝန်ထမ်း ထက်ဝက်ကျော် သေဆုံးခဲ့ရပြီး၊ လျူယွမ်ကတော့ နဝမစုံစမ်းစစ်ဆေးရေး ဌာနခွဲတစ်ခုလုံးတွင် တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ဖြစ်လာခဲ့သည်။

​ ဤအဖြစ်အပျက်တွင် ပါဝင်ပတ်သက်မှုကြောင့် လျူယွမ်သည် ပထမတန်းစား စွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။

​ သူ ဖုတ်ကောင် အများကြီးကို မသတ်ခဲ့ရသော်လည်း လူပေါင်း ဒါဇင်ကျော်ကို ကယ်တင်နိုင်ခဲ့သည်။

​ ထို့ကြောင့် သူသည် ချီးကျူးဂုဏ်ပြုခံရပြီး နဝမစုံစမ်းစစ်ဆေးရေးဌာနခွဲ၏ ဌာနခွဲမှူးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရသည်။

​ “သွေးမိစ္ဆာဧကရာဇ်က အခုထိ အဖမ်းမခံရသေးဘူး။ သူ လင်အန်းမြို့ထဲမှာ ရှိနေတုန်းပဲ ဖြစ်နိုင်တယ်။ ဘယ်နေရာမှာ ပုန်းနေတာလဲသာ မသိသေးတာ”

​ လျူယွမ်က သူ့မေးစေ့ကို ပွတ်ရင်း သွေးမိစ္ဆာဧကရာဇ်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဖွင့်ကြည့်လိုက်သည်။

​ [သွေးမိစ္ဆာဧကရာဇ်]

​ နေရပ်လိပ်စာ: ပရနိမ္မိတဝသဝတ္တီ (အထက်ဘုံ၏ နယ်မြေတစ်ခု)

​ ထူးခြားချက်: သက်ရှိ သတ္တဝါတို့၏ သွေးကို စုပ်ယူရသည်ကို နှစ်သက်ပြီး သွေးဖြင့် မိစ္ဆာအဖြစ်သို့ ကူးပြောင်းကာ အထက်ဘုံလောကတွင် သောင်းကျန်းခဲ့သည်။ နောက်ပိုင်းတွင် အထက်ဘုံရှိ အင်အားစုပေါင်းစုံ၏ ဝိုင်းရံနှိမ်နင်းခြင်းကို ခံခဲ့ရသည်။ ထို့နောက် လူ့ပြည်တွင် ပေါ်လာခဲ့ပြီး ကမ္ဘာငယ်ပေါင်း တစ်ဒါဇင်ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့သည်။ သက်ရှိသတ္တဝါ သန်းပေါင်းများစွာကို ၎င်း၏ မိစ္ဆာစွမ်းရည်အတွက် အသုံးချခဲ့ပြီး ထိုကမ္ဘာငယ်များအားလုံးမှာ ပျက်စီးသွားခဲ့ကာ မည်သည့်သက်ရှိမှ မရှိတော့သော ဂြိုဟ်သေများ ဖြစ်သွားခဲ့ရသည်။

​ ကိုယ်ပိုင် မှော်လက်နက်: ဝိညာဉ်တစ်သောင်းအလံ

​ ကျွမ်းကျင်သော ကျင့်စဉ်: မဟာလွတ်လပ်ခြင်း ကောင်းကင်မိစ္ဆာကျမ်း

​ မှတ်ချက်: ဤမိစ္ဆာတွင် ခန္ဓာကိုယ် မရှိဘဲ ပူးကပ်ခြင်းနှင့် ဝိညာဉ်လုယူခြင်း အတတ်၌ ကျွမ်းကျင်သဖြင့် ကျွန်ုပ်တို့ ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပါ။ တကယ်လို့ တွေ့ရှိခဲ့ရင် အစွန်းကုန် သတိထားရပါမည်။

​

​“ဟ... မင်းက သွေးမိစ္ဆာဧကရာဇ်ကို ဖမ်းချင်လို့လား”

​ နူးညံ့ပြီး မိန်းမဆန်သော အသံတစ်ခုက သရဲတစ်ကောင်လို နောက်ကျောဘက်ကနေ ထွက်ပေါ်လာခဲ့သည်။

​ လျူယွမ်က မျက်တောင်တစ်ချက်မျှပင် မခတ်ဘဲ တည်ငြိမ်နေခဲ့သည်။

​ သူ ဒါကို ကျင့်သားရနေပြီ ဖြစ်သည်။

​ ပြောလိုက်သူမှာ စုံစမ်းစစ်ဆေးရေးဌာန၏ ညွှန်ကြားရေးမှူးဖြစ်ပြီး လျူယွမ်၏ တိုက်ရိုက်အထက်လူကြီး ‘ယဲ့ချိုးဟုန်’ ဖြစ်သည်။

​ သူ့ဆံပင်များက မေပယ်ရွက်များကဲ့သို့ ရဲရဲနီနေပြီး မျက်နှာက ဆောင်းဦးနှောင်းပိုင်းကာလကဲ့သို့ အလှတရားမျိုး ရှိသည်။

​ ယခုအချိန်တွင် သူမက လျူယွမ်၏ ပခုံးကို သူငယ်ချင်းကောင်းများကဲ့သို့ ဖက်ထားရင်း မှီထားသည်။

​ သင်းပျံ့ပြီး ချိုမြိန်သော အနံ့လေးတစ်ခု နှာခေါင်းထဲ တိုးဝင်လာခဲ့သည်။

​ လျူယွမ်မှာ ဘာစိတ်မှ မလှုပ်ရှားသည့်အပြင် နှာချေချင်စိတ်တောင် အနည်းငယ် ပေါ်လာခဲ့သည်။

​ ယဲ့ချိုးဟုန်က အမျိုးသားတစ်ဦး ဖြစ်သော်လည်း [ဗြဟ္မာ] ဆီက ကျင့်စဉ်တစ်ခုကို ကျင့်ကြံထားသဖြင့် ယောက်ျားခန္ဓာကိုယ် ရှိသော်လည်း မိန်းမရုပ်ရည် ပေါက်နေပြီး တစ်နေ့ထက်တစ်နေ့ ပို၍ မိန်းမဆန်လာခဲ့သည်။

​ သို့သော် သူ့အစွမ်းကတော့ ဒုံးပျံလို တက်လာခဲ့ပြီး ယခုအခါ ‘သိုင်းသူရဲကောင်း’ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

​ လျူယွမ်သာ အမျိုးသားအိမ်သာထဲတွင် သူ့အင်္ဂါကို ကိုယ်တိုင်မမြင်ခဲ့ဖူးပါက၊ ထိုလူသည် ‘အဝိဇ္ဇာဓားကျမ်း’ ကို ကျင့်ပြီး မိမိကိုယ်ကိုယ် ဖြတ်ထားသည်ဟု သံသယဝင်မိမည် ဖြစ်သည်။

​ (သိုင်းပညာ အဆင့်အတန်းများ: သိုင်းပညာရှင်၊ သိုင်းသူရဲကောင်း၊ သိုင်းဂိုဏ်းချုပ်၊ သိုင်းနတ်ဘုရား)

​ သိုင်းသူရဲကောင်း အဆင့်ရှိသူကို အထင်မသေးလိုက်နှင့်။ လျူယွမ် အယောက်တစ်ရာ ပေါင်းရင်တောင် သူ့ကို နိုင်မှာ မဟုတ်ချေ။

​ ဤအဆင့်လေးခုထဲက အဆင့်တစ်ခုစီသည် ကျော်ဖြတ်ရန် မလွယ်ကူသော အတားအဆီးများ ဖြစ်ကြသည်။

​ မိမိထက် အဆင့်မြင့်သော ပြိုင်ဘက်ကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ချေ။

​ ယဲ့ချိုးဟုန် ပြောသလိုဆိုရင်တော့ သူမက သူ့ကို လက်ညှိုးတစ်ချောင်းတည်းနဲ့ ချေမှုန်းနိုင်သည်ပေါ့။

​ အင်း... စနစ်အားကိုးတဲ့လူတွေကတော့ ခြွင်းချက်ပေါ့လေ။

​ “ကျွန်တော်ကို အဲလောက်တောင် အသုံးမကျဘူးလို့ ထင်နေတာလား” လျူယွမ်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

​ “မင်းကလား...”

​ ယဲ့ချိုးဟုန်က ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဟာသကို ကြားလိုက်ရသလိုမျိုး သူမ၏ မိန်းမဆန်သော လေသံဖြင့် ပြောလိုက်သည် - “မင်း သရဲများ အပူးခံနေရတာလား။ မိစ္ဆာဧကရာဇ်က သိုင်းနတ်ဘုရား အဆင့်နီးပါး ရှိတာကွ။ မင်းလို အခြေခံ သိုင်းပညာရှင် အဆင့်လေးနဲ့ မိစ္ဆာဧကရာဇ်ကို စိန်ခေါ်ချင်တယ် ဟုတ်လား။ ရူးနေတာလား”

​ “မဟုတ်သေးပါဘူး...”

​ ယဲ့ချိုးဟုန်က စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလိုက်ပြီး သူမ၏ နူးညံ့သော လက်ဖဝါးဖြင့် လျူယွမ်၏ ရင်ဘတ်ကို အမြန်လှမ်းဖိလိုက်သည်။

​ နောက်တစ်စက္ကန့်တွင် သူမ လုံးဝ လန့်ဖြန့်သွားတော့သည်။

​ လခွမ်း...

​ ယဲ့ချိုးဟုန်၏ မျက်လုံးများ ပြူးကျယ်သွားကာ - “မင်းရဲ့ အတွင်းအားနဲ့ သွေးလည်ပတ်မှုက... အားကောင်းလှချေလား။ မင်း အလယ်အလတ် သိုင်းပညာရှင် အဆင့်ကို တက်သွားတာလား”

​ သူမက လျူယွမ်ကို သေချာစိုက်ကြည့်နေပြီး ချောမောလှသော မျက်နှာလေးမှာ အံ့ဩလွန်း၍ ပုံပျက်ပန်းပျက် ဖြစ်နေသည်။

​ “တောက်... မင်း အားထုတ်ပြီး ကျင့်ကြံတာလည်း ငါ တစ်ခါမှ မမြင်ဖူးပါဘူး၊ ဘယ်လိုလုပ်ပြီး အဆင့်တက်သွားတာလဲ” ယဲ့ချိုးဟုန်က အံကိုကြိတ်ပြီး ဟိန်းဟောက်လိုက်သည်။

​ ငါ ကျိန်ပြောရဲတယ်၊ လျူယွမ်နဲ့ သိကတည်းက ဒီကောင် အလုပ်ထဲမှာ အချိန်ပြည့် ခိုနေပြီး အလုပ်ဆင်းချိန်ဆိုတာနဲ့ အမြန်ဆုံး ပြေးတာ။ အလကားပေးတဲ့ သိုင်းကျမ်းတွေကိုတောင် လေ့ကျင့်မယ့်လူ မဟုတ်ဘူး။

​ ဒါပေမဲ့ ဒီပျင်းရိတဲ့လူက အံ့ဩစရာ အောင်မြင်မှုတွေ ဆက်တိုက်ရနေပြီး အခုဆို အဆင့်တောင် တက်သွားပြီတဲ့လား။

​ မင်းက ချီတာပဲ ( Cheater )

​ သူမ အတော်ကြာ တွေဝေနေပြီးမှ နောက်ဆုံးတွင် မနာလိုမှု၊ သဝန်တိုမှု၊ မုန်းတီးမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် စကားအနည်းငယ်ကို မနည်း ညှစ်ထုတ်လိုက်ရသည်။

​ လျူယွမ်မှာ လျှို့ဝှက်ချက်တစ်ခု ရှိရမည်ဟု သူမ ခန့်မှန်းထားသော်လည်း...

​မည်သူမျှ ရှာမတွေ့ခဲ့ကြချေ။

​ အာထရာမန်း တီဂါးမှာတောင် အသွင်ပြောင်းစက် ရှိသေးတယ်...

​ မင်းမှာက အသွင်ပြောင်းစက်တောင် မရှိဘဲနဲ့။

​ “အဲဒါက... ကျွန်တော် တကယ် ကျင့်ကြံခဲ့လို့ပါ” လျူယွမ်က တည်ငြိမ်စွာ ရှင်းပြလိုက်သည် - “အစ်မ ထင်သလို အဆမတန်ကြီး မဟုတ်ပါဘူး။ ကျွန်တော်က သိုင်းပါရမီရှင်လည်း မဟုတ်ပါဘူး”

​ တကယ်တော့ သူနှင့် သူ့ဇနီးသည်တို့ မနေ့ညက အတူတူ ကျင့်ကြံခဲ့ကြခြင်း ဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲက မျိုးရိုးဗီဇတပ်မတော်က အချင်းချင်း တိုက်ခိုက်ပြီး အသည်းအသန် ဆင့်ကဲပြောင်းလဲနေကြရသဖြင့်၊ သခင်ဖြစ်သူ သူကလည်း အတင်းအကျပ် အဆင့်မြှင့်တင်ခြင်း ခံလိုက်ရပြီး အဆင့်တက်လာခြင်း ဖြစ်သည်။

​ “ဒါဆို မင်းက ဘဝင်မြင့်နေတာပေါ့ ဟုတ်လား”

​ ယဲ့ချိုးဟုန်က ဒေါသတကြီး ရယ်မောလိုက်ပြီး သူမ၏ ရယ်သံက ကျယ်လောင်ကာ ကရုဏာ ကင်းမဲ့နေသည် - “ငါလို သိုင်းသူရဲကောင်း အဆင့်ရှိတဲ့ အထူးကျွမ်းကျင်သူတောင် မိစ္ဆာဧကရာဇ်ရဲ့ ရိုက်ချက် တစ်ချက်ကို ခံနိုင်မှာ မဟုတ်ဘူး။ မင်းက ဘယ်က သတ္တိတွေ ရှိနေလို့ သူ့ကို ရင်ဆိုင်ဖို့ လုပ်နေတာလဲ”

​ “ဒါပေမဲ့ ကျွန်တော် စုဆောင်းထားတဲ့ အချက်အလက်တွေအရ သူ ဒဏ်ရာရထားတယ်လို့ သံသယရှိတယ်။ အတော်လေးလည်း ပြင်းထန်ပြီး အချိန်တိုအတွင်း ပြန်ကောင်းလာမှာ မဟုတ်ဘူး” လျူယွမ်က ထောက်လှမ်းရေး အစီရင်ခံစာကို လက်ညှိုးထိုးပြရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

​ “ဟမ်...”

​ ယဲ့ချိုးဟုန် ဆွံ့အသွားရသည်။ သူမ ဖိုင်ကို သုံးကြိမ်တိုင်တိုင် အပြန်အလှန် ဖတ်ကြည့်ခဲ့သော်လည်း ဘာမှ အဓိပ္ပာယ် မဖော်နိုင်ခဲ့ချေ။

​ သူမ ချက်ချင်းပင် အသက်ရှူမှားသွားပြီး လျူယွမ်ကို ကြည့်တဲ့ အကြည့်တွေပါ လုံးဝ ပြောင်းလဲသွားတော့သည်။

​ ဒီကောင်... အချက်အလက်အနည်းငယ်ကနေပြီးတော့ အထူးလျှို့ဝှက်ချက်တွေကို ဆင်ခြင်သုံးသပ်နိုင်တာလား

​ ဗျူရိုညွှန်ကြားရေးမှူးက အစည်းအဝေးမှာ သူ့ကို မေးမြန်းခဲ့တုန်းကတောင် မိစ္ဆာဧကရာဇ် ဒဏ်ရာရထားတာကို သူ သတိမထားမိခဲ့ချေ။

​ ဒီလူငယ်က အတော်လေး ကောက်ကျစ်စဉ်းလဲတာပဲ။

​ ကြောက်စရာ ကောင်းလိုက်တာ။

​ “အဲဒီ သုံးသပ်ချက်ကို ငါ လွန်ခဲ့တဲ့ အချိန်ကတည်းက မြင်ပြီးသားပါ”

​ ယဲ့ချိုးဟုန်က အခြေအနေအားလုံးကို ထိန်းချုပ်ထားနိုင်သည့် အမူအရာမျိုး ဖန်တီးလိုက်ပြီး ပြောလိုက်သည် -

“ဒါပေမဲ့ မိစ္ဆာဧကရာဇ်က ဒဏ်ရာရထားရင်တောင် ငါတို့ ကိုင်တွယ်နိုင်တဲ့သူ မဟုတ်ဘူး။ သူ့ကို နှိမ်နင်းနိုင်ဖို့ဆိုရင် အနည်းဆုံး သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူ ခုနစ်ယောက် ပူးပေါင်းမှ အခွင့်အလမ်း ရှိမှာ”

​ “ငါတို့ လူဝင်မှုကြီးကြပ်ရေးဗျူရိုမှာ သိုင်းဂိုဏ်းချုပ်အဆင့် ရှိတာ တစ်ယောက်တည်းပဲ ရှိတယ်။ ညွှန်ကြားရေးမှူးက တခြားဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ချင်ပေမယ့် ဌာနတိုင်းက သူတို့အလုပ်နဲ့သူတို့ အလုပ်ရှုပ်နေကြတာ။ ဂိုဏ်းချုပ် ခုနစ်ယောက်ကို စုစည်းဖို့ဆိုတာ တကယ် မလွယ်ဘူး။ အရေးပေါ် အခြေအနေမျိုး မဟုတ်ရင် ဘယ်သူက ငါတို့ဗျူရိုအတွက် လာပြီး အလုပ်လုပ်‌ပေးချင်မှာလဲ”

​ လျူယွမ်က စိတ်ထဲတွင် တိတ်တဆိတ် တွက်ချက်လိုက်သည်။

​ ဒုတိယသခင်ကြီးချင်၊ ဝန်ကြီးလီ၊ ဆရာကြီးဝမ်...

​ လခွမ်း... ငါ့အိမ်ခြံဝင်းမှာရှိတဲ့ လူအင်အားနဲ့ ကွက်တိပဲဟ၊ အပိုလူတောင် ကျန်သေးတယ်။

​ သူတို့သာ ရှိနေရင် သွေးမိစ္ဆာဧကရာဇ်ရဲ့ ချုံခိုတိုက်ခိုက်မှုကို ကြောက်စရာ မလိုတော့ချေ။

​ “တကယ်လို့ သိုင်းနတ်ဘုရား တစ်ယောက်ယောက်က ဝင်ပါလာရင်ကော”

​ “ဖူး...”

​ ယဲ့ချိုးဟုန်မှာ သောက်လက်စ ရေကို ပြန်မှုတ်ထုတ်လိုက်သဖြင့် သူမ၏ ပုံရိပ်လေး လုံးဝ ပျက်စီးသွားရသည်။

​ “မင်းကတော့ တကယ် ပြောရဲတာပဲ”

​ သူမ ပါးစပ်ကို သုတ်ရင်း ထိန်းမနိုင်သိမ်းမရ တဟားဟား ရယ်မောလိုက်တော့သည်။

​ “ငါတို့ တစ်နိုင်ငံလုံးမှာ သိထားတဲ့ သိုင်းနတ်ဘုရားဆိုလို့ အသက် ရှစ်ရာရှိပြီဖြစ်တဲ့ အဘိုးကြီး တစ်ယောက်ပဲ ရှိတာ။ သူက နိုင်ငံတော်ရဲ့ ရတနာပဲ။ သူကတော့ အလွယ်တကူ လှုပ်ရှားမှာ မဟုတ်ဘူး”

​ “သိုင်းနတ်ဘုရားတွေက နည်းလွန်းတာပဲ” လျူယွမ်က သက်ပြင်းချလိုက်သည် - “ငါတို့နိုင်ငံရဲ့ နှစ်ပေါင်း ငါးထောင် သမိုင်းတစ်လျှောက်မှာ သိုင်းနတ်ဘုရားက တစ်ယောက်တည်းပဲ ရှိခဲ့တာလား”

​ “သေချာတာပေါ့... တစ်ယောက်ထက်မက ရှိခဲ့ပါတယ်” ယဲ့ချိုးဟုန်က လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် တိုးတိုးလေး ပြောလိုက်သည် - “ဒါပေမဲ့... သူတို့အားလုံးက ‘အထက်ဘုံ' ကို တက်လှမ်းသွားကြပြီလေ”

​ “ငါ မင်းကို မေးမယ်၊ မင်းသာ ကောင်းကင်ဘုံကို ခွဲထွက်ပြီး အရင်းအမြစ်တွေ ပိုမိုကြွယ်ဝတဲ့ အထက်ဘုံလောကကို သွားနိုင်မယ်ဆိုရင် မင်း ဒီမှာ နေဦးမလား”

​ “မသွားဘူး၊ ကျွန်တော်ကတော့ ဒီမှာပဲ နေမှာ” လျူယွမ်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။

​ အကြောင်းမှာ သူက သိုင်းနတ်ဘုရား မဟုတ်သဖြင့် ထိုကဲ့သို့ စိတ်ကူးယဉ် မေးခွန်းမျိုးကို အလွယ်တကူ အဖြေပေးမည် မဟုတ်ချေ။ အထူးသဖြင့် ဤနေရာက လူဝင်မှုကြီးကြပ်ရေးရုံး ဖြစ်နေ၍ ဖြစ်သည်။

​ “ဒီမှာ ငါတို့ နှစ်ယောက်တည်း ရှိတာပါ၊ မင်း အဲလောက်ကြီး ‌လေးနက်နေဖို့ မလိုပါဘူး”

​ ယဲ့ချိုးဟုန်က ပြုံးပြီး ပြောလိုက်သည် -

“တကယ်တော့ သူတို့ကိုလည်း အပြစ်ပြောလို့ မရဘူး။ အထက်ဘုံနဲ့ လူ့ဘုံကြားမှာ စည်းခြားထားတာ ရှိတယ်။ မင်း သိုင်းနတ်ဘုရား ဖြစ်သွားတာနဲ့ သေမျိုးလူသားတွေရဲ့ အဆင့်အတန်းကို ကျော်လွန်သွားပြီး မျိုးရိုးဗီဇဆိုင်ရာ စည်းခြားမှု ဖြစ်သွားတတ်တယ်။ သာမန်လူတွေနဲ့ ကလေးမရနိုင်တော့ဘူး။ အဲဒီ သိုင်းနတ်ဘုရား အဘိုးကြီးက အခုထိ သားသမီး မရှိသေးဘူး။ သူလည်း အထီးကျန်မှုကို မခံနိုင်တော့ဘဲ နောက်ပိုင်းကျရင် အထက်ဘုံကိုပဲ တက်လှမ်းသွားတော့မှာပါ”

​ လျူယွမ်က မေးခွန်းတစ်ခု ထပ်မေးရန် ပြင်လိုက်စဉ် ယဲ့ချိုးဟုန်က သူ ဘာမေးမည်ကို ချက်ချင်း ရိပ်မိလိုက်သည်။

​ “ငါတို့ လူဝင်မှုကြီးကြပ်ရေးဗျူရိုက သိုင်းနတ်ဘုရားတွေကို ဟင်းလင်းပြင် တံခါးကနေတစ်ဆင့် နယ်စပ်ဖြတ်ကျော်ခွင့် မပြုဘူး။ အဲဒါက တရားမဝင် ခိုးဝင်မှုပဲ။ ဘာလို့လဲဆိုတော့ သူတို့က အရမ်း အစွမ်းထက်လွန်းလို့၊ သူတို့ ရောက်လာလေ ကမ္ဘာကြီးက ပိုပြီး ပရမ်းပတာ ဖြစ်လေပဲ”

​ “ကောင်းကင်နဲ့ မြေကြီးအောက်မှာ ငါတို့က ပုရွက်ဆိတ်တွေလိုပဲ”

​ “သူတို့က ငါတို့လို သာမန်လူတွေရဲ့ အသက်ကို ဂရုမစိုက်ဘူး။ ငါတို့က သူတို့ရဲ့ ကျင့်စဉ်အတွက် အရင်းအမြစ်တွေတောင် ဖြစ်သွားနိုင်တယ်”

​ သူမက လေသံကို လျှော့လိုက်ပြီး သူ့နားနား ကပ်ကာ တိုးတိုးလေး ပြောလိုက်သည် -

“သိုင်းနတ်ဘုရားတွေနဲ့ မိစ္ဆာဧကရာဇ်ကြားမှာ အခြေခံကျတဲ့ ကွဲပြားမှု မရှိဘူး။ အဲဒီ သိုင်းနတ်ဘုရား အဘိုးကြီးက ဘာဖြစ်လို့ ငါတို့ လူ့ဘုံမှာ နှစ်ပေါင်းရာချီပြီး လိုလိုလားလား နေထိုင်နေတယ်လို့ မင်း ထင်လဲ”

​ “ဘာလို့လဲဆိုတော့... သူက လူသားတွေကို စားလို့လေ...”

​ ထိုခြောက်ခြားဖွယ်ရာ အသံက လျူယွမ်၏ စိတ်ထဲသို့ တိုက်ရိုက် တိုးဝင်သွားခဲ့သည်။

​ သူ ဒါကို ကြိုတင် ခန့်မှန်းထားပြီးသား ဖြစ်သည်။

​ သက်ရှိ သတ္တဝါအားလုံးက... အသုံးချခံ သက်သက်သာ မဟုတ်ပါလား။

All Chapters