လျူယွမ်သည် သိုင်းလောကကမ္ဘာသို့ ကူးပြောင်းလာခဲ့ပြီးနောက် ချောမောလှပသည့် ဇနီးသည်တစ်ဦးနှင့် လက်ထပ်ခဲ့သည်။ သို့သော်လည်း သားသမီးရတနာရရှိရန် သုံးနှစ်တိုင်တိုင် ကြိုးပန်းခဲ့သော်လည်း သူ၏ဇနီးသည်တွင် ကိုယ်ဝန်မရရှိခဲ့ချေ။ ပတ်ဝန်းကျင်မှ အိမ်နီးနားချင်းများကလည်း သူ့၌ အစွမ်းအစမရှိဟု ထင်မှတ်ကာ ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြသည်။ သို့သော် လက်တွေ့တွင်မူ... သူ၏ဇနီးသည်မှာ အလွန်အမင်း အစွမ်းထက်လွန်းလှသည့် နတ်ဘုရားတစ်ပါး ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် သာမန်လူသားတစ်ဦးနှင့် မျိုးရိုးဗီဇချင်း ကွာခြားနေခဲ့ခြင်း ဖြစ်သည်။ လျူယွမ်ကတော့ ယင်းကို ကောင်းသောအချက်ဟုပင် တွေးတောနေခဲ့သည်။ အကြောင်းမှာ ကလေးနို့မှုန့်ဖိုး သက်သာသွား၍ပင် ဖြစ်သည်။ သို့သော်လည်း သူ၏ မျိုးရိုးဗီဇများက စတင်ပြီး ဆင့်ကဲပြောင်းလဲလာခဲ့တော့သည်...။ [ရှင်သန်ခြင်းနှင့် မျိုးဆက်ပြန့်ပွားခြင်းအတွက် ငါတို့သည် ဘာမဆို လုပ်ဆောင်သွားမည်] [ငါတို့ထဲက တစ်ယောက် သေဆုံးသွားပါစေဦးတော့... ငါတို့လို လူသားတွေ ကုဋေကုဋာ ရှိနေသေးသည်။ ငါတို့၏ ဘိုးဘေးများသည် ခေတ်ကြီးလေးခေတ်တိုင်အောင် ရှင်သန်ကျော်ဖြတ်လာခဲ့ကြရာ ငါတို့အနေနဲ့ ဤနေရာတွင်တော့ လဲပြို၍မဖြစ်ပေ] [ငါတို့သည် သံမဏိကဲ့သို့ မာကျောသော စိတ်ဓာတ်တို့ဖြင့် အခက်အခဲအားလုံးကို သေချာပေါက် ကျော်လွှားနိုင်ပေလိမ့်မည်] [အဆုံးမဲ့သော သက်ရှိတို့၏ ပဲ့တင်သံကို ငါ ကြားနေရပြီ] နောက်နေ့မနက်တွင်..... “ယောင်္ကျား... ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ ထင်တယ်” ဘာသာပြန်သူ၏မှတ်ချက်။ ။ ပေါ့ပေါ့ပါးပါးနဲ့ ဟာသရောနှောထားတဲ့ Many Children, Many blessings ပုံစံမျိုးပါပဲ။ မတူတာကတော့ Mc က မင်းသမီးတစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲချစ်ပြီး သူ့တစ်ယောက်တည်းပဲ မျက်လုံးထဲ ရှိတဲ့ ပုံစံမျိုးပါ။

