← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အပိုင်း (၃၉)

​စုချင်းရွှယ်၏ မျက်ဝန်းအစုံမှာ မာကျောခက်ထန်လွန်းလှသည့် ရှေးဟောင်းရေခဲပြင်ကြီးကဲ့သို့ အေးစက်နေခဲ့သည်။

​ အေးစက်လှသော ဓားအလင်းတန်းက လျှပ်ခနဲ ဝင်းလက်သွားပြီး အချိန်နှင့်အမျှ ဖြစ်တည်လာခဲ့သမျှ ကံတရားအားလုံးကို အပြတ်အသတ် ဖြတ်တောက်ပစ်မည့် ပြတ်သားသော သန္နိဋ္ဌာန်နှင့်အတူ သွေးမိစ္ဆာဧကရာဇ်၏ ဝိညာဉ်ထံသို့ တဟုန်ထိုး ကျရောက်သွားတော့သည်။

​ "မဖြစ်နိုင်ဘူး... ငါ... ငါ လုံးဝ မကျေနပ်ဘူး..."

​ သွေးမိစ္ဆာဧကရာဇ်သည် နောက်ဆုံးအချိန်အထိ အသည်းအသန် ရုန်းကန်နေဆဲဖြစ်ပြီး ရက်စက်ကြမ်းကြုတ်လှသော ကျိန်စာတစ်ခုကိုပါ အော်ဟစ်သွားခဲ့သည် -

​ "မင်း အခု တန်ဖိုးထားနေတဲ့ အချစ်က... မနက်ဖြန်မှာ မင်းရဲ့ ရင်ဘတ်ကို ထိုးစိုက်မယ့် ဓားတစ်စင်း ဖြစ်လာလိမ့်မယ်..."

​ သူ စကားပင် မဆုံးသေးခင်မှာတင် ဘာမှမကျန်တော့ဘဲ လေဟာနယ်ထဲသို့ လုံးဝ ပျောက်ကွယ်သွားခဲ့ရလေသည်။ ဖုန်မှုန့်တစ်စပင် မကျန်ခဲ့ချေ။

​ သူ၏ ဝိညာဉ်မှာ လွင့်စင်ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

​ လျူယွမ်သည် ထိုမိစ္ဆာအိုကြီး မြေပြင်အက်ကွဲကြောင်းထဲတွင် ပုန်းနေမည်ကို စိုးရိမ်သဖြင့် မြေကြီးကို ခြေထောက်ဖြင့် နှစ်ချက်လောက် အသာနင်းကြည့်လိုက်မိသည်။

​ စုချင်းရွှယ်က ဖြည်းညှင်းစွာ လှည့်လာခဲ့သည်။

​ မိစ္ဆာဧကရာဇ်ကို ခုနတင် ချေမှုန်းလိုက်သည့် နီရဲသော ဓားရှည်ကြီးက လျူယွမ်ထံသို့ တည့်တည့်မတ်မတ် ဦးတည်လာခဲ့လေပြီ။

​ လျူယွမ်သည် ထိုကဲ့သို့ ညှာတာမှုကင်းမဲ့သော အကြည့်ကို ကြည့်ပြီး -

​“အိုးမိုင်ဂေါ့... မိန်းမ... မင်း ဘာလုပ်မလို့လဲ"

​ လင်ကို သတ်မလို့လား။

​ စုချင်းရွှယ်၏ မျက်နှာက ရင်သပ်ရှုမောဖွယ် လှပလွန်းလှသော်လည်း တုန်လှုပ်ချောက်ချားစရာ ကောင်းလောက်အောင် အေးစက်နေခဲ့သည်။

​ ၎င်းက ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းကို ပုရွက်ဆိတ်များကဲ့သို့ သဘောထားသည့် နတ်ဘုရားတစ်ပါး၏ အေးစက်မှုမျိုး ဖြစ်သည်။

​ သူမသည် သူမ၏ `သံယောဇဥ် ကင်းမဲ့ခြင်း´ ဟုခေါ်သော ကျင့်စဉ်၏ လွှမ်းမိုးခြင်းကို ခံထားရမှန်း လျူယွမ် ချက်ချင်း ရိပ်မိလိုက်သည်။

​ ထိုမြင့်မြတ်လှသော နီရဲသည့် နှုတ်ခမ်းအစုံက အနည်းငယ် လှုပ်ရှားသွားပြီး...

​စုချင်းရွှယ်က ပြောလိုက်သည် -

​ “ကျွန်မ မောင့်ကို ချစ်တယ်"

​ ထိုအသံထဲတွင် မည်သည့်ခံစားချက်မျှ မပါဝင်ဘဲ သာမန်အချက်အလက်တစ်ခုကို ပြောပြနေသကဲ့သို့ တည်ငြိမ်လွန်းလှကာ လူသားတစ်ယောက်၏ နွေးထွေးမှုမျိုး လုံးဝ မရှိချေ။

​ လျူယွမ်ပင် ချက်ချင်း အသိမဝင်နိုင်ဘဲ ဖြစ်သွားခဲ့ရသည်။

​ သူ့မိန်းမရဲ့ ဒုတိယစရိုက်က ချစ်စကားပြောတာတောင် ဒီလောက်အထိ အေးစက်နေရသလား။

​ လျူယွမ်က မြတ်နိုးမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ပြုံးလိုက်ကာ - “မောင်လည်း မင်းကို ချစ်တယ်... မိန်းမ"

​ သူ စကားပြောပြီးပြီးချင်းမှာပင် စုချင်းရွှယ်၏ တင်းမာနေသော ခန္ဓာကိုယ်ထဲမှ စွမ်းအင်အားလုံး ချက်ချင်း ဆုတ်ယုတ်သွားသယောင် ရှိသွားခဲ့သည်။

​ သူမ၏ မျက်ဝန်းထဲက နတ်ဘုရားအလင်းတန်းများ မှေးမှိန်သွားကာ ခန္ဓာကိုယ်မှာ ပျော့ခွေပြီး နောက်သို့ လဲကျသွားခဲ့သည်။

​ လျူယွမ်က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး လက်တစ်ဖက်ဖြင့် သမီးဖြစ်သူကို ပွေ့ချီထားရင်း အခြားလက်တစ်ဖက်ဖြင့် ဇနီးဖြစ်သူကို ရင်ခွင်ထဲသို့ မြဲမြံစွာ ဖမ်းထိန်းလိုက်သည်။

​ ဘယ်ဘက်လက်တွင် သမီးငယ်နှင့် ညာဘက်လက်တွင် ဇနီးသည်…

​ ဇနီးသည်၏ ဆံနွယ်များဆီမှ သင်းပျံ့သော ရနံ့လေးက နှာခေါင်းထဲသို့ တိုးဝင်လာပြီး သမီးငယ်လေး၏ အသက်ရှူသံလေးတို့က နားထဲတွင် ပြည့်နှက်နေခဲ့သည်။

​ ငါ့ဘဝတော့ ပြည့်စုံသွားလေပြီ ဖြစ်သည်။

​ လျူယွမ်၏ ရင်ထဲတွင် ပျော်ရွှင်ကြည်နူးမှုများ တဟုန်ထိုး ပြည့်နှက်လာခဲ့လေသည်။

​ သူ့ရင်ခွင်ထဲတွင် ခိုလှုံနေသော စုချင်းရွှယ်သည် မောပန်းနွမ်းနယ်နေသော မျက်ဝန်းများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။ ထိုအေးစက်မှုများမှာ ကွယ်ပျောက်သွားခဲ့ပြီး ရိုးသားဖြူစင်မှုနှင့် နူးညံ့သိမ်မွေ့မှုများ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

​ သူမက ခင်ပွန်းဖြစ်သူကို မော့ကြည့်ကာ တိုးတိုးလေး မေးလိုက်သည် -

​"မောင်... ကျွန်မ ဗိုက်ဆာပြီ။ မောင် ချက်ပေးတဲ့ ခေါက်ဆွဲစားချင်တယ်"

​ လျူယွမ်မှာ ရယ်ပင်ရယ်ချင်သွားတော့သည်။

​ သူက သူမ၏ နှာခေါင်းလေးကို အသာအယာ ဆိတ်ဆွဲလိုက်ပြီး "အထဲရောက်ရင် ကိုယ် ခေါက်ဆွဲပြုတ်ပေးမယ်" ဟု ပြောလိုက်သည်။

​ သူသည် စုချင်းရွှယ်ကို သူ့ပုခုံးပေါ် မှီစေပြီး နူးညံ့စွာ မေးလိုက်သည် - “မိန်းမက ကလေးမွေးပြီးပြီးချင်း တိုက်ပွဲဝင်ခဲ့ရတာဆိုတော့ အရမ်း ပင်ပန်းနေပြီမလား"

​ "အင်း..." စုချင်းရွှယ်က ကြောင်ပေါက်လေးတစ်ကောင်လို သူ့ကို ကပ်ချွဲလိုက်ပြီးနောက် အခြားလက်တစ်ဖက်ဖြင့် ပွေ့ချီထားသော သမီးဖြစ်သူထံသို့ အကြည့် ရောက်သွားခဲ့သည် - "မောင်... လာ... ကျွန်မကို သမီးလေး ပေးချီဦး"

​ လျူယွမ်က သမီးဖြစ်သူ လျူနျန်ကို ဂရုတစိုက် လွှဲပြောင်းပေးလိုက်သည်။

​ စုချင်းရွှယ်သည် သမီးငယ်လေး၏ သေးငယ်သော ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲတွင် ပွေ့ပိုက်လိုက်ရသည့်အခါ မျက်လုံးထဲတွင် မျက်ရည်များ ချက်ချင်း ဝဲတက်လာခဲ့သည်။

​ ဒါ... သူမရဲ့ သမီးလေးပဲ...

​ သူမ ကိုးလလွယ် ဆယ်လဖွားခဲ့ပြီး ဒီညတင်ပဲ ဗိုက်ထဲက ထွက်လာတာမို့ ခန္ဓာကိုယ်လေးက နွေးထွေးနေဆဲပင် ဖြစ်သည်။

​ သမီးဖြစ်သူက အိပ်ပျော်နေပြီး အငိုလည်းမသန်၊ ဂျီလည်းမကျဘဲ အရမ်း လိမ္မာနေတာကို သူမ သတိပြုမိလိုက်သည်။

​ သူမက မအောင့်နိုင်ဘဲ ခေါင်းကိုငုံ့ကာ သမီးဖြစ်သူ၏ နီမြန်းနေသော ပါးပြင်လေးကို ဖြည်းညှင်းစွာ နမ်းလိုက်မိသည်။

​ "မောင်... ကြည့်ဦး... သမီးလေးရဲ့ နဖူးက မောင့်လိုပဲ၊ နှာခေါင်းလေးကလည်း မောင့်နှာခေါင်းနဲ့ တူတယ်" စုချင်းရွှယ်က ပျော်ရွှင်မှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်သည်။

​ "မင်းနဲ့ ပိုတူပါတယ်" လျူယွမ်က ပြန်ငြင်းလိုက်သည် - "နျန်နျန်က မင်းရဲ့ အလှတရားတွေကို လုံးဝ ဆက်ခံထားတာ"

​ ထိုအချိန်မှာပင် အမေဖြစ်သူ၏ ရင်ခွင်ထဲတွင် အချီခံထားရသော လျူနျန်လေးက တစ်ခုခုကို အနံ့ရသွားပုံပေါ်ပြ သူမက နှာခေါင်းလေးကို ရှုံ့ကာ အကြောဆန့်ပြီး နိုးလာခဲ့သည်။

​ သူမက နှုတ်ခမ်းလေးကို သပ်လိုက်ပြီး ရုတ်တရက် နို့ဘူးက သိပ်အရသာမရှိတော့သလို ခံစားလိုက်ရသည်။

​ သူမ၏ လက်သေးသေးလေးများက အမေဖြစ်သူ၏ ရင်ဘတ်ပေါ်တွင် ဟိုစမ်းဒီစမ်းဖြင့် သူမ၏ ကိုယ်ပိုင် "ရိက္ခာ" ကို ရှာဖွေရန် ကြိုးစားလာခဲ့တော့သည်။

​ "ဟင်..." စုချင်းရွှယ်က အနည်းငယ် ဇဝေဇဝါဖြင့် မေးလိုက်သည် - "မောင်... နျန်နျန် ဘာဖြစ်လို့လဲ"

​ ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ လျူယွမ် ချက်ချင်း နားလည်သွားပြီး ရှင်းပြလိုက်သည် - "မိန်းမ... သမီးလေး ဗိုက်ဆာလို့ နို့စို့ချင်နေတာ။ ဒါပေမဲ့ မင်းက ခုနတင် တိုက်ပွဲဝင်ထားရတာဆိုတော့ ခန္ဓာကိုယ်က အားနည်းပြီး အားအင်တွေ မပြည့်သေးဘူးလေ။ နို့တိုက်ဖို့ နောက်နှစ်ရက်လောက် စောင့်လိုက်ရအောင်"

​ "ရပါတယ်" စုချင်းရွှယ်က မိခင်တစ်ယောက်၏ ‌မေတ္တာကြောင့် ချက်ချင်း ခေါင်းခါလိုက်ပြီး တုံ့ဆိုင်းမှုမရှိဘဲ - "နျန်နျန်လေးကို ဗိုက်ဆာအောင် မထားနိုင်ပါဘူး"

​ သူမ စကားပြောရင်း ရင်ဘတ်က ကြယ်သီးတွေကို စဖြုတ်လိုက်တော့သည်။

​ ဒီမြင်ကွင်းက အနားမှာ ရှိနေတဲ့သူ အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။

​ စုယွီမော့က "အာ..." ဟု အော်လိုက်ပြီး မျက်နှာလေး ရဲခနဲ ဖြစ်သွားကာ အစ်မဖြစ်သူ၏ ရှေ့တွင် အမြန် ကာရပ်လိုက်သည်။

​ သူမက တံတွေးကို အနိုင်နိုင် မျိုချလိုက်မိပြီး တူမလေး လျူနျန်ရဲ့ ရိက္ခာကို အနည်းငယ် မနာလိုဖြစ်နေပုံရသည်။

​ ထို့နောက် သူမ၏ ရန်လိုသော အကြည့်က ခဲအိုဖြစ်သူ လျူယွမ်ထံသို့ ကျရောက်သွားခဲ့သည်။

​ လျူယွမ်လည်း သူ့ဇနီး ခန္ဓာကိုယ် ပေါ်သွားမှာ စိုးရိမ်သဖြင့် ချက်ချင်းပဲ နို့မတိုက်ရန် တားမြစ်လိုက်ရသည်။

​ အပေါ်ယံ ကောင်းကင်ထက်တွင်မူ...

​ အဘိုးချင်နှင့် အဘိုးအိုတစ်စုသည် ယိုကွမ်း၏ ဝိညာဉ်အကြွင်းအကျန်များနှင့် တိုက်ခိုက်နေဆဲပင် ဖြစ်သည်။

​ သွေးမိစ္ဆာဧကရာဇ် သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း မိစ္ဆာလက်နက်ဖြစ်သည့် "ဝိညာဉ်တစ်သောင်း အလံတော်" ကမူ ဇွဲကောင်းကောင်းဖြင့် ဆက်လက် ရုန်းကန်နေဆဲ ဖြစ်သည်။ ထိုအလံတော်၏ စွမ်းအားကြောင့် ယိုကွမ်းက ဆက်လက် တောင့်ခံထားနိုင်ခြင်း ဖြစ်သည်။

​ အောက်တွင် ပျော်ရွှင်နေသော မိသားစုသုံးယောက်ကို ကြည့်ရင်း အဘိုးအိုများသည် နောက်ဆုံးကျန်ရှိနေသော ပျော်ရွှင်မှုကို ကာကွယ်ရန် စိတ်အားထက်သန်စွာဖြင့် ကြိုးစားနေကြသည်။

​ "ငါ ဒီအိမ်ထောင်ရေးကို သဘောမတူဘူး"

​ ယိုကွမ်း၏ ကိုယ်တွင်းမိစ္ဆာက လှုံ့ဆော်ခံလိုက်ရပုံပေါ်ပြီး ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားဖြင့် စုချင်းရွှယ်ထံသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။

​ စုချင်းရွှယ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသော်လည်း တည်ငြိမ်နေဆဲပင်။ သူမက ခေါင်းကိုငုံ့ကာ သမီးဖြစ်သူကို အနူးညံ့ဆုံး အသံဖြင့် ပြောလိုက်သည် -

​"နျန်နျန်... အဘွားက အောက်ကို ဆင်းလာပြီ။ မြန်မြန် မျက်လုံးဖွင့်ပြီး ကြည့်လိုက်ဦး"

​ "ယာ့…"

​ အမေဖြစ်သူ၏ စကားကို နားလည်သကဲ့သို့ လျူနျန်လေးက သမ်းဝေလိုက်ပြီး သူမ၏ ကောင်းကင်မျက်စိကို ပြန်ဖွင့်လိုက်တော့သည်။

​ ဝုန်း...

​ မမြင်နိုင်သော ဥပဒေသ စွမ်းအားကြီးတစ်ခု ချက်ချင်း ကျရောက်လာပြီး ခုနတင် ဆင်းသက်လာခဲ့သော ယိုကွမ်း၏ ဝိညာဉ်အကြွင်းအကျန်ကို ထိုနေရာတွင်တင် မြဲမြံစွာ အေးခဲပစ်လိုက်တော့သည်။

​ "ချင်းရွှယ်... မင်းလို မိုက်မဲတဲ့သမီး... မင်းအမေကို လွှတ်စမ်း"

​ ယိုကွမ်းသည် ဒေါသကြောင့် မျက်နှာကြီး တွန့်လိမ်နေပြီး အော်ဟစ်လိုက်သည် - "မင်းက သာမန်လူသားတစ်ယောက်နဲ့ ပေါင်းဖက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆင့်အတန်းကျအောင် လုပ်ခဲ့တယ်။ တကယ့်ကို အရှက်မရှိတာပဲ။ အခုလည်း ဒီလို မျိုးမစစ်ကလေးကို မွေးဖွားခဲ့သေးတယ်။ သူမက အဆုံးမဲ့ ကောင်းကင်ဘုံကို ပျက်စီးခြင်းတွေ သယ်ဆောင်လာမှာ အသေအချာပဲ။ သူမကို အသက်ရှင်ခွင့် မပြုနိုင်ဘူး"

​ "မိုက်မဲတဲ့သမီး" နှင့် “မျိုးမစစ်လေး" ဆိုသည့် စကားလုံးများက ဓားထက်ထက် နှစ်စင်းကဲ့သို့ စုချင်းရွှယ်၏ ရင်ဘတ်ကို နက်ရှိုင်းစွာ ထိုးစိုက်လိုက်သလို ဖြစ်သွားသည်။

​ သူမ မထိန်းနိုင်တော့သည့် မျက်ရည်များက ပါးပြင်ပေါ်သို့ ပေါက်ခနဲ စီးကျလာခဲ့တော့သည်။

​ ဒါ သူမရဲ့ မွေးမိခင် အရင်းခေါက်ခေါက်လေ...

​ "မေမေ... ကျွန်မ ကလေးတုန်းက မေမေ ဒီလောက်အထိ အကျိုးအကြောင်းမဲ့တဲ့သူ မဟုတ်ပါဘူး" သူမက ရှိုက်ကြီးတငင်ဖြင့် - "အဲဒီတုန်းက မေမေက ကြင်နာပြီး နူးညံ့တယ်... ကျွန်မ တစ်ခုခုမှားရင် အမြဲတမ်း အကျိုးအကြောင်းပြပြီး ဆုံးမတတ်တယ်... ဒါပေမဲ့ အခု မေမေက အရမ်း ကြောက်ဖို့ကောင်းနေပြီ"

​ ဒါက သူမအမေရဲ့ ဝိညာဉ်အကြွင်းအကျန် ဖြစ်သော်လည်း "ဝိညာဉ်တစ်သောင်း အလံတော်" ရဲ့ မိစ္ဆာစွမ်းအင်တွေကြောင့် အသိစိတ် ပျက်ပြားနေပြီဆိုတာကို သူမ သိနေသည်။

​ သို့သော်လည်း ဒီစကားတွေကို ကြားရတာ နာကျင်ရဆဲပင်…

​ စုယွီမော့ကလည်း အော်ဟစ်ငိုယိုလိုက်သည် - "မေမေ... မမကို ဆက်မကြိမ်းမောင်းပါနဲ့တော့။ ခဲအိုက မေမေ ထင်သလို အဆင့်မရှိတဲ့သူ မဟုတ်ပါဘူး"

​ သမီးနှစ်ယောက် ငိုယိုနေသည်ကို ကြားရသောအခါ ယိုကွမ်း၏ မျက်နှာတွင် ပြင်းထန်သော နာကျင်မှုတစ်ခု ဖြတ်သန်းသွားပြီး သူမ၏ ဝိညာဉ်က ပြင်းထန်စွာ တုန်ရီလာကာ ရုန်းကန်နေပုံရသည်။

​ သို့သော်လည်း ပြင်းထန်လှသော မိစ္ဆာစိတ်က အသာစီး ရနေဆဲပင် ဖြစ်သည်။

​ ထိုအချိန်မှာပင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော လျူယွမ်က ရုတ်တရက် စကားပြောလာခဲ့သည်။

​ သူက ယောက္ခမဖြစ်သူကို ကြည့်ကာ ကလေးတစ်ယောက်ကို ချော့မြှူနေသကဲ့သို့ နူးညံ့သောအသံဖြင့် ပြောလိုက်သည် -

​"မေမေ... မေမေ နည်းနည်း ဆိုးနေပြီ။ လိမ္မာရမယ်လေ"

​ ယိုကွမ်း၏ ဝိညာဉ်အကြွင်းအကျန်မှာ ရှက်လည်းရှက်၊ ဒေါသလည်း ထွက်သွားပြီး - "မင်းလို ကောင်က... ဘာပြောလိုက်တာလဲ"

​ စုယွီမော့မှာလည်း အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည် - "ခဲအို... ရှင်တော့ သဘာဝတရားကို ဆန့်ကျင်လိုက်ပြီပဲ"

​ သို့သော်လည်း အံ့ဖွယ်တစ်ခု ဖြစ်ပျက်ခဲ့သည်။

​ လျူယွမ်၏ ပေါ့ပေါ့ပါးပါး ပြောလိုက်သော စကားလုံးက ယိုကွမ်း၏ ဝိညာဉ်အပေါ် တိုက်ရိုက် သက်ရောက်မှု ရှိသွားပုံရသည်။

​ "အား..."

​ ယိုကွမ်းက ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကာ နာကျင်စွာ အော်ဟစ်လိုက်တော့သည်။

​ သူမထံမှ ထွက်ပေါ်နေသော ထူထပ်လှသည့် ခရမ်းရင့်ရောင် မိစ္ဆာမြူခိုးများက သူတို့၏ အကြောက်တရားနှင့် တွေ့လိုက်ရသကဲ့သို့ ချက်ချင်းပင် လွင့်စင်ပျက်စီးသွားခဲ့ရလေသည်။

​ မျက်တောင်တစ်ခတ် အချိန်အတွင်းမှာပင် မိစ္ဆာစွမ်းအင်အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

​ သူမ၏ မျက်ဝန်းထဲက ကြမ်းကြုတ်မှုများ ကွယ်ပျောက်သွားပြီး မူလအတိုင်း ကြည်လင်ပြတ်သားကာ နူးညံ့သိမ်မွေ့မှုများ ပြန်လည်ရောက်ရှိလာခဲ့သည်။

​ သူမ၏ လှပသော မျက်ဝန်းအစုံတွင် မျက်ရည်များ ဝဲတက်လာခဲ့သည်။

​ သူမ လှုပ်ရှားမှု ပြန်ရလာပြီးနောက် စုချင်းရွှယ်၏ ရှေ့တွင် ရပ်ကာ တုန်ရီနေသောအသံဖြင့် ပြောလိုက်သည် -

​"ချင်းရွှယ်... မေမေ တောင်းပန်ပါတယ်။ မေမေ့အမှားတွေပါ..."

​ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသော အမေဖြစ်သူကို ကြည့်ကာ စုချင်းရွှယ်က မျက်ရည်များ စီးကျလျက် ခေါင်းခါလိုက်သည် - "မေမေ... ကျွန်မ မေမေ့ကို အပြစ်မတင်ပါဘူး..."

​ သူမက လက်ကိုဆန့်ထုတ်ကာ အမေဖြစ်သူ၏ လက်ကို ထိတွေ့ချင်မိသည်။

​ ယိုကွမ်းက လက်ကိုဆန့်ထုတ်ကာ သူမ၏ ဝိညာဉ်လက်ဖဝါးလေးဖြင့် သမီးဖြစ်သူ၏ ပါးပြင်ကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။

​ ငါ့ရဲ့ ကလေးတွေ... ကြီးပြင်းလာပြီး အိမ်ထောင်တွေကျ၊ သားသမီးတွေတောင် ရနေကြပြီပဲ….

​ သူမ၏ မျက်ဝန်းထဲတွင် ချစ်ခြင်းမေတ္တာများနှင့် နောင်တများ ပြည့်နှက်နေခဲ့သည်။

​ "မေမေ မင်းရဲ့ မင်္ဂလာဝတ်စုံဝတ်ထားတာကို မမြင်လိုက်ရတာ နှမြောစရာပဲ။ မင်းက ကမ္ဘာပေါ်မှာ အလှဆုံး မိန်းကလေး ဖြစ်နေမှာ အသေအချာပဲ”

​ သူမ ခဏရပ်လိုက်ပြီးနောက် လျူယွမ်ထံသို့ အကြည့်ကို လွှဲပြောင်းလိုက်သည်။

​ "ချင်းရွှယ်... မင်းက သာမန်လူသားတစ်ယောက်နဲ့ လက်ထပ်ခဲ့တာ ဆိုပေမဲ့... အခု မင်း ပျော်ရွှင်နေတာကို မြင်ရတော့ မေမေ... ဘာမှ ကန့်ကွက်စရာ မရှိတော့ပါဘူး"

​ “သမီးကြိုက်တဲ့ လူသားကို မေမေလည်း သဘောကျပါတယ်"

​ ယိုကွမ်းက လျူယွမ်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး နူးညံ့သော စွမ်းအားတစ်ခုဖြင့် အတွင်းပိုင်းကို စမ်းသပ်ကြည့်လိုက်ရာ အံ့အားသင့်သွားခဲ့ရသည် - "ငါ့သမီးကို ကိုယ်ဝန်ရအောင် လုပ်နိုင်ခဲ့တာဆိုတော့... မင်းက တကယ်ပဲ သာမန်လူသားတစ်ယောက် မဟုတ်ဘူးပဲ"

​ "ချင်းရွှယ်ကို ကောင်းကောင်း စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်။ မင်းတို့ရဲ့ အိမ်ထောင်ရေး အဆင်ပြေပါစေ"

​ "ချင်းရွှယ်၊ ယွီမော့... မေမေ တောင်းပန်ပါတယ်။ မေမေ သမီးတို့နဲ့အတူ ဆက်မနေနိုင်တော့ဘူး"

​ ယိုကွမ်း၏ ခန္ဓာကိုယ်က အလင်းစက်လေးများအဖြစ် ပြောင်းလဲသွားခဲ့လေသည်။

​ "မေမေ..." စုချင်းရွှယ်က မခံစားနိုင်ဘဲ ထပ်မံ ငိုယိုလိုက်မိသည်။

​ သူမအနေဖြင့် သူမ ငယ်ငယ်တုန်းက ကုတင်ပေါ်တွင် လဲလျောင်းနေပြီး အမေဖြစ်သူက အနားတွင်ထိုင်ကာ ပြတင်းပေါက်အပြင်ဘက်က ကြယ်စင်ကောင်းကင်ကြီးကို လက်ညှိုးထိုးပြပြီး ပုံပြင်တွေ ပြောပြခဲ့ဖူးသည်ကို ပြန်လည် မြင်ယောင်လာခဲ့သည်။

​ "ကြည့်စမ်း... ကြယ်ကလေးတိုင်းက အိမ်ပြန်သွားကြတဲ့ ဝိညာဉ်လေးတွေပေါ့..."

​ အလင်းစက်လေးများထဲတွင် ယိုကွမ်း၏ ပုံရိပ်က ပိုမိုမှေးမှိန်သွားခဲ့သော်လည်း သူမ၏ မျက်နှာတွင်မူ ကျေနပ်ပီတိဖြစ်ရသော အပြုံးတစ်ခု ကျန်ရစ်နေခဲ့သည်။

​ “မေမေ့ရဲ့ သမီးလေးက ကြီးပြင်းလာခဲ့ပြီပဲ။ သူမ ချစ်တဲ့သူကို ရှာတွေ့ခဲ့ပြီး အမေတစ်ယောက်လည်း ဖြစ်လာခဲ့ပြီ….."

All Chapters