← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

အပိုင်း (၃၃)

လွန်ခဲ့သော မိနစ်အနည်းငယ်က...

​ အဘွားစွန်းသည် မျက်နှာမသာမယာဖြင့် အခန်းထဲမှ ခြေလှမ်းကျဲကျဲဖြင့် ထွက်လာခဲ့သည်။

​ ခြံဝန်းထဲတွင် စောင့်ဆိုင်းနေကြသည့် အဘိုးအို ခုနစ်ယောက်သည် သူမထံသို့ ချက်ချင်းပင် ဝိုင်းအုံလာကြတော့သည်။

​ "ဘယ်လိုလဲ... မွေးပြီလား" အဘိုးကျန်းက ပျာပျာသလဲ မေးလိုက်သည်။

​ "မမွေးသေးဘူး" အဘွားစွန်းက လေးနက်သော မျက်နှာထားဖြင့် ခေါင်းခါပြလိုက်ပြီး- "ကောင်းကင်ဘုံကလူတွေ ရောက်လာပြီလေ။ ချင်းရွှယ်... အဲ့ဒီကလေးမလေးက မမွေးဘဲ အောင့်ထားတယ်"

​ "တောက်..." အဘိုးကျန်းက ကျောက်စားပွဲကို လက်သီးဖြင့် ဝုန်းခနဲ ထုလိုက်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ "ဒီနေ့ ဒီခြံဝန်းထဲကို ခြေလှမ်းတစ်လှမ်း လှမ်းရဲတဲ့ကောင် ရှိရင်... ငါ အသက်နဲ့လဲပြီး တိုက်မယ်"

​ အဘိုးဝမ်ကလည်း ပြတ်သားသော မျက်လုံးအစုံဖြင့် စနိုက်ပါရိုင်ဖယ်ကို ဆွဲထုတ်လိုက်ပြီး- "ခြံဝန်းကို ကာကွယ်ကြစို့။ ချင်းရွှယ်လေးကို ဘေးကင်းကင်းနဲ့ မွေးနိုင်ဖို့ ငါတို့ သေချာပေါက် ကာကွယ်ပေးရမယ်"

​ "သူတို့ ရောက်လာပြီ"

​ လက်ထဲတွင် စစ်တုရင်ရုပ်ကို ကိုင်ထားသည့် အဘိုးလီက ရုတ်တရက် ညကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။

​ အမြင့်ဆုံး ကောင်းကင်ယံထက်တွင်... မှေးမှိန်သော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည့် လူရိပ်တစ်ရိပ်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ခြံဝန်းတစ်ခုလုံးကို ငုံ့မိုးကြည့်ရှုနေလေသည်။

​ သူကတော့ တခြားသူမဟုတ်... နတ်ဘုရားအိုကြီး ဖုန်းရွမ်ပင် ဖြစ်သည်။

​ သူ၏ မျက်လုံးများက လျှပ်စီးအလား တဖျတ်ဖျတ် လက်နေပြီး အမိုးကို ဖောက်ထွင်းကာ အတွင်းထဲက အခြေအနေကို ကြည့်ရန် ကြိုးစားလိုက်သော်လည်း... သူ၏ နတ်ဘုရားစိတ်အာရုံသည် မမြင်နိုင်သော အကာအကွယ်အတားအဆီးတစ်ခုကြောင့် ပိတ်ဆို့ခြင်း ခံလိုက်ရလေသည်။

​ "စိတ်ဝင်စားဖို့ကောင်းသားပဲ"

​ "ဒီခြံဝန်းထဲမှာ တကယ့် ကောင်းကင်ဘုံ နတ်ဘုရားတစ်ပါး ပုန်းအောင်းနေတာ အမှန်ပဲပေါ့"

​ ဖုန်းရွမ်၏ အကြည့်ထဲတွင် စူးစမ်းလိုစိတ်နှင့် လှောင်ပြောင်ရယ်မောလိုစိတ်တို့ ယှက်သန်းသွားသည်။

​ "နှမြောစရာပဲ... နတ်ဘုရားမတစ်ပါး ကလေးမွေးတဲ့ မြင်ကွင်းကို မမြင်လိုက်ရဘူး"

​ "နဂါးငွေ့တန်း ဂလက်ဆီတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ သွေးမျိုးဆက်ပဲ... ဒီလို သွေးမျိုးဆက်မျိုးက တကယ့်ကို ရှားပါးပြီး သမိုင်းတစ်လျှောက်မှာ ပြိုင်ဘက်ကင်းပဲ။ ငါသာ ဒီကလေးအမေကို သိမ်းပိုက်ပြီး... အတူတူ ကျင့်ကြံလိုက်ရင် သားသမီးတွေ ရရင်ရနိုင်မှာ။ ပြီးတော့ ငါ့ရဲ့ ခွန်အားကလည်း အဆင့်အတန်းတစ်ခုကို ထပ်ပြီး မြင့်တက်သွားမှာ သေချာတယ်"

​ သူသည် စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီးနောက်... ခြံဝန်းထဲရှိ လူအုပ်ကြီးထံသို့ ကောင်းကင်ဘုံမှ မြည်ဟည်းသံအလား ဟိန်းထွက်လာသော အသံကြီးဖြင့် ပြောလိုက်သည်။

​ "ဒီနေရာမှာ တရားမဝင် ခိုးဝင်လာတဲ့ နယ်စပ်ဖြတ်ကျော်သူတွေ ပုန်းအောင်းနေတယ်။ ငါက ဥပဒေအရ သူတို့ကို ဖမ်းဆီးဖို့ ရောက်လာတာပဲ ဖြစ်တယ်"

​ "မင်းတို့အားလုံး ချက်ချင်း ဖယ်ရှားပေးကြပါ။ ဘယ်သူမဆို ဆန့်ကျင်တားဆီးရင်... ဖမ်းဆီးမှုကို ခုခံတယ်လို့ သတ်မှတ်ပြီး နေရာတင် ကွပ်မျက်ပစ်မယ်"

​ ထိုအသံသည် လူတိုင်း၏ နားထဲသို့ အမိန့်အာဏာစက် အပြည့်ဖြင့် ရှင်းရှင်းလင်းလင်း ရောက်ရှိသွားတော့သည်။

​ ထိုသို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက်... သူသည် ချက်ချင်းပင် လှုပ်ရှားလိုက်တော့သည်။

​ ဖုန်းရွမ်၏ ခန္ဓာကိုယ် တုန်ခါသွားပြီး... သူ၏ အစွမ်းထက်လှသော ရွှေရောင်အရှိန်အဝါ သွေးလှိုင်းများသည် ကောင်းကင်ယံသို့ တဟုန်ထိုး မြင့်တက်သွားကာ... ပေတစ်ရာခန့် မြင့်မားပြီး ဒေါသမာန်ဟုန် ပြင်းပြလှသော 'ဗာဂျရာ' နတ်ဘုရားပုံရိပ်ကြီးအဖြစ် စုစည်းသွားတော့သည်။

​ သူက လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ရာ... နတ်ဘုရားပုံရိပ်ကြီးကလည်း လက်ကို လိုက်မြှောက်လိုက်ပြီး... ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်သည့် ကမ္ဘာပျက်ကပ်အလား အရှိန်အဝါကြီးမားသော ရွှေရောင်လက်ဝါးကြီးသည်... သေးငယ်လှသော ခြံဝန်းဆီသို့ ဝုန်းခနဲ ဖိနှိပ်ချလိုက်တော့သည်။

​ ခြံဝန်းထဲရှိ အနားယူထားသော အဘိုးအိုများ၏ မျက်နှာထက်တွင် လေးနက်မှုများ အပြည့်ဖြစ်သွားသည်။

​ "ဒါ... ကောင်းကင်ဘုံ နတ်ဘုရားတစ်ပါးရဲ့ စွမ်းအားလား"

​ "သူ့ရဲ့ သွေးလှိုင်းအရှိန်အဝါရဲ့ ဖိအားလေးတင်... ငါတို့ကို လှုပ်လို့မရအောင် လုပ်နိုင်တာပဲ"

​ "လူသားနဲ့ နတ်ဘုရားဆိုတာ... တကယ့်ကို သက်ရှိအဆင့်အတန်းချင်း မတူညီဘူးပဲ"

​ သူတို့အားလုံး အတူတကွ ပူးပေါင်းပြီး အသေခံတိုက်ရန် ပြင်ဆင်လိုက်ကြသည်။

​ ထိုအခိုက်အတန့်တွင်ပင်...

​ သားဖွားခန်းတံခါးသည် ဝုန်းခနဲ ပွင့်သွားခဲ့ချေပြီ။

​ နီရဲသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လူရိပ်တစ်ခုသည် အလင်းတန်းတစ်ခုအလား... လေဟာနယ်ထဲသို့ တဟုန်ထိုး ပျံသန်းတက်သွားတော့သည်။

​ သူမသည် လက်ထဲက သွေးကဲ့သို့ နီရဲသော ဓားရှည်ကြီးကို ကောင်းကင်ယံဆီသို့ လွှဲယမ်းကာ ပိုင်းချလိုက်တော့သည်။

​ ထိုဧရာမ ရွှေရောင်လက်ဝါးကြီးသည် သူမ၏ တစ်ချက်တည်းသော ပိုင်းချက်အောက်တွင်... ပြတ်သားစွာဖြင့် နှစ်ခြမ်းကွဲသွားတော့သည်။

​ ရွှေရောင်အလင်းတန်းများသည်လည်း ကောင်းကင်ပြင်တစ်ခုလုံးတွင် လွင့်စင် ပျက်ပြယ်သွားခဲ့ရသည်။

​ ထိုလူရိပ်သည်... သွေးကဲ့သို့ နီရဲနေသော မျက်ဝန်းအစုံဖြင့် ဓားကို ကိုင်စွဲကာ ထိုနတ်ဘုရားအိုကြီးထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

​ ခြံဝန်းထဲရှိ အဘိုးအိုများအားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး မျက်နှာများ ဖြူလျော်သွားကြသည်။

​ “အရမ်း သန်မာတာပဲ"

​ "ဒါ... ချင်းရွှယ် မဟုတ်လား"

​ "သူမမျက်လုံးတွေက ဘာလို့ နီနေရတာလဲ။ အဲ့ဒီ သတ်ဖြတ်ခြင်း အရှိန်အဝါက... သူမလက်ချက်နဲ့ လူပေါင်း ဘယ်လောက်တောင်မှ သေခဲ့လို့လဲ"

​ ဖုန်းရွမ်လည်း မှင်တက်သွားခဲ့ရသည်။

​ "တကယ့်ကို ကြောက်စရာကောင်းတဲ့ မိန်းမပဲ"

​ "သတင်းအချက်အလက်တွေထဲမှာတော့... သူမက နူးညံ့သိမ်မွေ့ပြီး အချစ်ကြီးတဲ့ မိန်းမလို့ ဆိုထားတာ မဟုတ်ဘူးလား"

​ "ဒါက ငရဲဘုံက တက်လာတဲ့ လူသတ်မိစ္ဆာမကြီး ကျနေတာပဲ"

​ သို့သော်လည်း... စုချင်းရွှယ်၏ အလွန်အမင်း လှပလွန်းသော ရုပ်ရည်ကို မြင်လိုက်ရသည့်အခါတွင်တော့... သူမကို သိမ်းပိုက်လိုစိတ် ပြင်းပြမှုများက သူ၏ နှလုံးသားထဲတွင် တဟုန်ထိုး မြင့်တက်လာခဲ့သည်။ တကယ့်ကို ဖြူစင်သန့်ရှင်းတဲ့ မိန်းကလေးပဲ။

​ သူမရဲ့ ကွဲပြားခြားနားမှုက ပိုပြီးတော့တောင် စိတ်လှုပ်ရှားစရာ ကောင်းနေသေးသည်။

​ ဖုန်းရွမ်သည် သူ၏ စိတ်အာရုံ လှုပ်ရှားမှုများကို အတင်းအဓမ္မ ဖိနှိပ်လိုက်ပြီး... သနားကရုဏာသက်ဟန်ဖြင့် ဖြည်းည်းချင်း စကားဆိုလိုက်ရာ... သူ၏ လေသံထဲတွင် နှမြောတသဟန်များ ပါဝင်နေသည်။

​ "မင်းရဲ့ ကျင့်ကြံမှုက မလွယ်ကူသလို... မင်းရဲ့ သွေးမျိုးဆက်ကလည်း ပိုပြီး ရှားပါးတာကို ငါမြင်နေရတယ်။ မင်းသာ အာဏာပိုင်တွေထံ အညံ့ခံမယ်ဆိုရင်... ငါ မင်းရဲ့အသက်ကို ချမ်းသာပေးနိုင်ရုံတင်မကဘူး... ငါ့ရဲ့ ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ပြီး... ထာဝရရှင်သန်ခြင်း လမ်းစဉ်ကို အတူတူ လျှောက်လှမ်းခွင့်ပေးမယ်"

​ သူ၏ ဆိုလိုရင်းက ရိုးရှင်းလှသည် - မင်း ငါ့အတွက် ကလေးတစ်ယောက် မွေးပေးရမည်။

​ ဒီကမ္ဘာပေါ်က ကျင့်ကြံခြင်း အရင်းအမြစ်အားလုံးနဲ့ ဘီလီယံနဲ့ချီတဲ့ လူသားတွေအားလုံးက... မင်းအတွက် တောင်းရမ်းတဲ့ လက်ဖွဲ့ပစ္စည်းတွေ ဖြစ်လာစေရမည်။

​ "ရွံစရာကြီး"

​ “သေလိုက်တော့"

​ ထိုအေးစက်လှသော စကားလုံးလေးလုံးသည် ဝိညာဉ်ကိုပင် ခဲပိတ်သွားစေနိုင်သည့်အလား ပြင်းထန်လှသည်။

​ ဖုန်းရွမ်၏ မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားသည်။ လွန်ခဲ့သော နှစ်ပေါင်းရှစ်ရာအတွင်း... မည်သူမျှ သူ့ကို ထိုကဲ့သို့ စကားလုံးမျိုးဖြင့် မပြောရဲခဲ့ကြချေ။

​ သေလိုက်တော့ ဟုတ်လား...

​ ထိခိုက်မှု မပြင်းထန်ပေမဲ့... သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုမှာတော့ အလွန်အမင်း ဆိုးရွားလွန်းလှသည်။

​ "မင်းက ကောင်းကောင်းပြောနေတာကို မနာခံတဲ့မိန်းမပဲ"

​ သူ ဘာမှပင် ပြန်မတုံ့ပြန်နိုင်သေးခင်မှာပင်... စုချင်းရွှယ်သည် ဓားကို ကိုင်စွဲကာ သူ့ထံသို့ ထပ်မံ၍ တဟုန်ထိုး ပြေးဝင်လာခဲ့ပြန်သည်။

​ နီရဲနေသော ဓားသွားသည်... ပူပြင်းခြင်းမရှိဘဲ...

​ အေးစက်လှသော သတ်ဖြတ်ခြင်း အရှိန်အဝါများကြောင့်... ဖုန်းရွမ်ကဲ့သို့ ဝါရင့် နတ်ဘုရားအိုကြီးတစ်ပါးပင် ကျောရိုးထဲအထိ စိမ့်အောင် အေးစက်ခြင်းကို ခံစားလိုက်ရသည်။

​ "တစ်ခုခုတော့ မဟုတ်တော့ဘူး။ သူမက ကလေးမွေးပြီးခါစမို့ အားနည်းနေရမှာ မဟုတ်ဘူးလား။ ဘာလို့... ဘာလို့ ငါ့ထက်တောင် ပိုပြီး ခွန်အားတွေ ပြည့်ဝနေရတာလဲ"

​ ဖုန်းရွမ်သည် စုချင်းရွှယ်တစ်ယောက် အပေါ်ယံ ဟန်လုပ်နေခြင်းသာ ဖြစ်သည်ဟု တွေးလိုက်သည်။

​ သူသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး... ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ဖြင့် စက်ဝိုင်းပုံစံ ဆွဲလိုက်ရာ... ကောင်းကင်နှင့် လူသားတို့၏ စွမ်းအားနိယာမများဖြင့် ဖွဲ့စည်းထားသည့် ဧရာမ ရွှေရောင်ဒိုင်းကာကြီးတစ်ခုသည် လေဟာနယ်ထဲတွင် ပေါ်ထွက်လာပြီး ရှေ့ကနေ ပိတ်ဆို့ ကာကွယ်လိုက်တော့သည်။

​ ၎င်းက မဖျက်ဆီးနိုင်သလို... မည်သည့် မန္တန်စွမ်းအားမျှ ဖောက်ထွင်း၍ မရနိုင်ချေ။

​ ခြံဝန်းအိမ်ကြီးအတွင်းတွင်...

​ "ငါတို့ ဒီအတိုင်း ကြည့်နေလို့မဖြစ်ဘူး... ချင်းရွယ်လေးကို ကူညီရမယ်" အဘိုးကျန်းက ပျာပျာသလဲ ပြောလိုက်သည်။

​ "ငါတို့ ကူညီလို့မရဘူး" အဘိုးချန်က "မင်း မခံစားမိဘူးလား။ ချင်းရွှယ်ဆီက ထွက်ပေါ်နေတဲ့ ပြင်းထန်လွန်းတဲ့ ဖိအားကိုတောင် ငါတို့ တောင့်မခံနိုင်တာ။ အပေါ်တက်သွားရင် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်လိမ့်မယ်"

​ လူတိုင်း နှုတ်ဆိတ်သွားကြသည်။

​ သူတို့၏ စိတ်ထဲတွင် ထူးဆန်းသော မေးခွန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

​ “ယွမ်အာက သာမန်အချိန်တွေမှာ ချင်းရွှယ်နဲ့ ဘယ်လို အတူတူ နေပါလိမ့်။ ဒီဖိအားမျိုးနဲ့သာ တိုက်ရိုက်ထိရင်... သူ နေရာမှာတင် သေသွားနိုင်တယ် မဟုတ်ဘူးလား"

​ "နေပါဦး" အဘွားစွန်းက ရုတ်တရက် တစ်ခုခုကို သတိပြုမိသွားပြီး... ကောင်းကင်ယံက စုချင်းရွှယ်ကို လက်ညှိုးထိုးပြကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်လိုက်သည်။

​ "ချင်းရွှယ်ရဲ့ ဗိုက်အိုးကြီးက ဘယ်ရောက်သွားတာလဲ။ လွန်ခဲ့တဲ့ မိနစ်အနည်းငယ်တင် ကလေးမမွေးရသေးဘူးလေ... ဘာလို့ မျက်စိတစ်မှိတ်အတွင်းမှာ ဗိုက်က ချပ်ရပ်သွားရတာလဲ"

​ သူမသည် တခြားအရာတွေကို စဉ်းစားဖို့ အချိန်မရှိတော့ဘဲ... သားဖွားခန်းထဲသို့ ချက်ချင်း ပြေးဝင်သွားတော့သည်။

​ လျူယွမ်သည် ကျောက်စိမ်းကဲ့သို့ လှပချောမွေ့စွာ ထုဆစ်ထားသည့် သမီးငယ်လေးကို ပွေ့ချီထားလေသည်။ ထိုကလေးငယ်သည် မျက်လုံးလေးကို တင်းတင်းပိတ်ထားပြီး... လက်သီးဆုပ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရှာသည်။

​ သူမ၏ အသားအရေသည် ရေခဲအလား ချောမွေ့နေပြီး... အရိုးအဆစ်များသည် ကျောက်စိမ်းကဲ့သို့ ဖြူစင်နေကာ... မည်သည့် အညစ်အကြေးမျှမရှိဘဲ သန့်စင်လွန်းလှသည်။

​ ကလေးက... မွေးဖွားပြီးသွားပြီ ဖြစ်သည်။

​ ဟမ်... မြန်လှချေလား။

​ “ယွမ်အာလေး... ချင်းရွှယ်က ဘယ်လို... ဘယ်လို မွေးလိုက်တာလဲ" အဘွားစွန်းက မေးလိုက်သည်။

​ "ဗိုက်ခွဲပြီး မွေးလိုက်တာ" လျူယွမ်က ပြန်ဖြေလိုက်သည်။

​ "ဟူး... တကယ့်ကို ပြတ်သားတာပဲ" အဘွားစွန်းက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် လေးစားမှုများဖြင့် ပြည့်နှက်သွားကာ- "သနားစရာကောင်းတဲ့ ရွှယ်အာလေး"

​ "အဘွားစွန်း... ကြည့်ပါဦး၊ ဒီကလေးလေးက တကယ့်ကို ချစ်စရာကောင်းလွန်းတယ်။ သူမရဲ့ နှာခေါင်း၊ မေးစေ့နဲ့ နှုတ်ခမ်းလေးတွေက... မမနဲ့ အကုန်တူတာပဲ" စုယွီမော့က ရှေ့သို့ တိုးကပ်သွားပြီး တူမလေး၏ ပါးပြင်လေးကို ညင်သာစွာ ဆိတ်လိုက်ရင်း- "သူမ အရွယ်ရောက်လာရင်... မမလိုပဲ သေချာပေါက် လှပတဲ့ မိန်းမလှလေးတစ်ယောက် ဖြစ်လာမှာ"

​ သူ၏ ရင်ခွင်ထဲက သေးငယ်လှသော သက်ရှိလေးကို ကြည့်ရင်း... လျူယွမ်၏ နှလုံးသားထဲတွင် တစ်ခါမျှ မခံစားဖူးသည့် နွေးထွေးမှုများဖြင့် ပြည့်နှက်သွားသည်။

​ သူသည် အဘွားစွန်းကို ကြည့်ပြီး မေးလိုက်သည် "အဘွားစွန်း... ဒီကလေးက ဘာလို့ မငိုတာလဲဟင်"

​ မွေးကင်းစကလေးတွေက ငိုပြီးတော့မှ သူတို့ရဲ့ ရောက်ရှိလာခြင်းကို အသိပေးရမှာ မဟုတ်ဘူးလား။

​ "သာမန်မိသားစုက ကလေးတွေက... ဒီကမ္ဘာကြီးရဲ့ ညစ်ညမ်းတဲ့ လေထုနဲ့ စတင်ထိတွေ့တဲ့အခါ ခန္ဓာကိုယ်က လိုက်လျောညီထွေ မဖြစ်နိုင်လို့ ငိုကြတာ"

​ အဘွားစွန်းက ပြောရင်းနှင့်ပင်... နွေးထွေးသော ရေနွေးနှင့် နူးညံ့သော ဝါဂွမ်းစကို အသုံးပြုကာ သမီးငယ်လေး၏ ခန္ဓာကိုယ်ပေါ်က ရေမြွှာရည်များနှင့် သွေးစများကို ကျွမ်းကျင်စွာ သုတ်သင်ပေးလိုက်သည်။

​ "ဒါပေမဲ့ ဒီကလေးကတော့ မတူဘူး" သူမက ကလေးငယ်ကို လေးစား အံ့ဩဖွယ် အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။

​ "သူမက မွေးကတည်းက ပြီးပြည့်စုံတဲ့ 'ကောင်းကင်ဘုံ ခန္ဓာကိုယ်' နဲ့ မွေးဖွားလာတာ။ သူမက အခုမှ မွေးကင်းစမို့လို့ အထင်မသေးလိုက်နဲ့... ဒီကမ္ဘာကြီးနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်စွမ်းက... မင်းနဲ့ငါ့ထက် အဆပေါင်းရာချီ သန်မာတယ်"

​ “သူမ မငိုတာက... သူမရဲ့ ပတ်ဝန်းကျင်ကို အလျင်အမြန် လိုက်လျောညီထွေ ဖြစ်အောင် လုပ်နိုင်စွမ်းရှိလို့ပဲ။ ဒါက သူမရဲ့ မွေးရာပါ ဉာဏ်ပညာ ကြီးမားမှုကိုလည်း ပြသနေတာပဲ”

​ ထိုအခိုက်အတန့်တွင်ပင်…

​ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည်... ရင်ခွင်ထဲက သမီးငယ်လေးထံမှ ရုတ်တရက် ထွက်ပေါ်လာပြီး လျူယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းဝင်ရောက်သွားတော့သည်။

​ ဒါကတော့... မျိုးဗီဇ ဆင့်ကဲပြောင်းလဲမှုရဲ့ တုံ့ပြန်မှု စွမ်းအားပင် ဖြစ်သည်။

​ "သိုင်းပညာ အဆင့် မြင့်တက်လာတာမျိုး မဟုတ်ဘူးပဲ"

​ သူတစ်ဦးတည်းသာ မြင်နိုင်သော သတင်းအချက်အလက် စာတန်းတစ်ခုသည် သူ၏ စိတ်အာရုံထဲတွင် ပေါ်ထွက်လာခဲ့သည်။

​ [ဂုဏ်ယူပါတယ်၊ သင်၏ ချစ်လှစွာသော သမီးငယ်လေး ရောက်ရှိလာပါပြီ။ သူမသည် ကောင်းကင်ဘုံ နတ်ဘုရားအဖြစ် မွေးဖွားလာသူဖြစ်ပြီး... အတိုင်းအဆမဲ့သော ကံကြမ္မာကောင်းများကို ပိုင်ဆိုင်ထားသူ ဖြစ်သည်]

​ [သင်သည် အောက်ပါ မွေးရာပါ အဆင့်အတန်း အသုံးအနှုန်းကို ရရှိလိုက်သည်] : “ မိဘ ”

​ [စည်းမျဉ်း] :

​ ၁။ သင်သည် သင်၏ သားသမီးများအပေါ် သွေးမျိုးဆက်အရ အကြွင်းမဲ့ ထိန်းချုပ်ခွင့် ရှိသည်။

​ ၂။ သင်၏ မိသားစုအတွင်း၌... မိဘများသည် အမြင့်ဆုံးနှင့် အာဏာအရှိဆုံး ဖြစ်သည်။

​ [သင်၏ အိမ်လိပ်စာ] : လင်အန်းမြို့ လမ်းဟောင်းရှိ ခြံဝန်းအိမ်ကြီး (သင် နေရာရွှေ့ပြောင်းပါက တည်နေရာ ကိုဩဒိနိတ်သည် အလိုအလျောက် နောက်ဆုံးနေရာသို့ ပြောင်းလဲပေးမည် ဖြစ်သည်)

All Chapters