← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အပိုင်း (၂၀)

​စုချင်းရွှယ်က ညီမဖြစ်သူ စုယွီမော့ကို အခန်းထဲကနေ ကန်ထုတ်လိုက်ပြီး -

​"နင့်အခန်းထဲ နင်ပြန်ပြီး ဆင်ခြင်နေလိုက်စမ်း"

​ တံခါး ဂျိမ်းခနဲ ပိတ်သွားခဲ့သည်။

​ သူမက လှည့်ပြန်လာခဲ့သော်လည်း လျူယွမ်ကို ပြောလိုက်တဲ့ လေသံကတော့ တိုင်ပင်ဆွေးနွေးတဲ့ ပုံစံမျိုး ဖြစ်သွားပြီး -

​"မောင်... တကယ်တော့ ကျွန်မ ထင်တာကလေ... ယွီမော့ ပြောတာလည်း အကျိုးအကြောင်း ရှိသားပဲ"

​ "မောင့်ကို သူမနဲ့အတူ အရင် သွားပုန်းခိုင်းထားရင် မကောင်းဘူးလား။ တကယ်လို့ အဖေက တကယ် ဒေါသထွက်လာရင်တောင် မောင်က ဘေးကင်းနေမှာပေါ့။ တို့ရဲ့ မင်္ဂလာပွဲအပေါ် အဖေက ဒေါသမထွက်ဘူးဆိုရင်တော့ ကျွန်မ မောင့်ကို ပြန်လာခေါ်မယ်လေ"

​ "ဒီလိုအရာမျိုးနဲ့ ငါတို့ရဲ့ တော်လှန်ရေးရဲဘော်တွေကို လာမစမ်းပါနဲ့ မိန်းမရယ်" လျူယွမ်က သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ရင်း - "တကယ်လို့ မိန်းမရဲ့ ညီမနဲ့ မောင်နဲ့က အပြင်မှာ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"

​ " ရှေးစကားပုံတစ်ခု ရှိတယ်လေ ‘အကောင်းစားအရာတွေကို ပြင်ပလူလက်ထဲ အပါမခံနဲ့' တဲ့" စုချင်းရွှယ်က မျက်တောင်လေး ခတ်ကာ အတည်အပေါက် တွေးတောတွက်ချက်ရင်း ပြောလိုက်သည် - "မောင်က တို့ညီမလေးကို ဘယ်လိုမြင်လဲ။ သူလည်း အိမ်ထောင်ပြုရမယ့် အရွယ်ကို ရောက်နေပြီဥစ္စာ"

​ လျူယွမ်က ရယ်လည်းရယ်ချင် စိတ်လည်းတိုသွားရကာ၊ သူမရဲ့ ချောမွေ့လွန်းတဲ့ ပါးပြင်လေးကို လက်လှမ်းပြီး ဆွဲလိမ်လိုက်သည်။

​ "သူက ကလေးပဲ ရှိသေးတာကို၊ မိန်းမကို မနာလို ဖြစ်နေတာပါ။ မောင်ကသာ မိန်းမရဲ့ယောက်ျား ဖြစ်မနေရင် သူက မောင့်ကို မျက်စိထဲတောင် ထည့်မယ့်သူ မဟုတ်ဘူး၊ ဒါကြောင့် မောင်က သူမနဲ့အတူ ထွက်ပြေးမှာ မဟုတ်ဘူး"

​ သူကတော့ သူ့ရဲ့ ခယ်မလေးဟာ သူ့ကို နှစ်သက်တာမျိုးလည်း မဟုတ်သလို၊ တကယ်လည်း ကူညီချင်စိတ် မရှိဘူးဆိုတာကို အထင်းသား မြင်နေရသည်။

​ သူမက အစ်မဖြစ်သူရဲ့ အရာရာကို လုယူချင်နေရုံသက်သက်သာ ဖြစ်သည်။

​ "မောင်ကလည်း... ကိုယ့်ကိုယ်ကိုယ် အဲဒီလောက်အထိ အထင်မသေးပါနဲ့။ မောင်က ကျွန်မရဲ့ ရတနာလေးပဲဥစ္စာ" စုချင်းရွှယ်က စိုးရိမ်တကြီး ရေရွတ်လိုက်ပြီး - "ကျွန်မညီမက မောင် ဘယ်လောက်ကောင်းလဲဆိုတာ မသိလို့ပါ။ ကျွန်မဖြင့် မောင့်နားမှာ ၂၄ နာရီပတ်လုံး တစ်ပူးတွဲတွဲ နေချင်တာ"

​ သူမက လျူယွမ်ရဲ့ ရင်ခွင်ထဲ တိုးဝင်ရင်း ချွဲနွဲ့နေခဲ့ကာ၊ သူမရဲ့ လေသံကို တမင်တကာ မြှင့်ပြီး ချိုသာလွန်းတဲ့ အသံလေးနဲ့ ပြောလိုက်သည်။

​ လျူယွမ်လည်း ဒီလို အစအနောက် ခံလိုက်ရတဲ့အခါမှာတော့ ဆက်ပြီး မအောင့်အီးနိုင်တော့ဘဲ အနည်းငယ် ရူးသွပ်သွားကာ ပြောလိုက်မိသည် -

​"မိန်းမ...မင်း မီးနဲ့ ကစားနေတာပဲ"

​ သူ့စကားပင် မဆုံးသေးခင်မှာပဲ ဇနီးဖြစ်သူရဲ့ နှုတ်ခမ်းလေးကို အနမ်းတစ်ခုနဲ့ ပိတ်ဆို့လိုက်တော့သည်။

​ မိနစ်သုံးဆယ် ကြာပြီးနောက်...

​ လျူယွမ်က ဇနီးဖြစ်သူကို ရုတ်တရက် တွန်းထုတ်လိုက်ပြီး - "မဖြစ်ဘူး။ ဗိုက်ထဲက ကလေးက လေးလရှိနေပြီ၊ ကလေးကို ထိခိုက်အောင် မလုပ်နိုင်ဘူး"

​

​ နောက်တစ်နေ့ မနက် အိပ်ရာထချိန်တွင်...

​ လျူယွမ်တစ်ယောက် ထုံးစံအတိုင်း လန်းဆန်းမနေဘဲ အနည်းငယ် ငိုက်မြည်းသလိုမျိုး ခံစားနေရသည်။

​ သေချာတာပေါ့... သူတို့ရဲ့ မျိုးဗီဇတွေက အလဟဿ ဖြုန်းတီးခံလိုက်ရတာမို့ ဘာဆင့်ကဲပြောင်းလဲမှုမှ ဖြစ်မလာခဲ့ပေ။

​ သင့်တော်တဲ့ အာဟာရဓာတ်တွေ မရရှိတဲ့အခါမှာတော့ ခန္ဓာကိုယ်က သဘာဝအတိုင်း အနည်းငယ် အားနည်းသွားရတတ်သည်။

​ အခန်းထဲက ထွက်လာတဲ့အခါမှာတော့ စုချင်းရွှယ်က မနက်စာ ပြင်ဆင်ပြီးနေချေပြီ။

​ စုယွီမော့ကလည်း တစ်ညလုံး သူမရဲ့ လုပ်ရပ်တွေကို ပြန်လည် ဆင်ခြင်နေခဲ့ပုံရသည်။ ထမင်းစားပွဲမှာ ထိုင်ပြီး စားသောက်နေရင်း သူမက စုချင်းရွှယ်ကို တိုးတိုးလေး ကပ်မေးလိုက်သည် -

​"အစ်မ... ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ၊ အစ်မဗိုက်ထဲက ကလေးက တကယ်ပဲ ခဲအိုရဲ့ ကလေးလား"

​ သူမကတော့ ကျင့်စဉ်အဆင့် (၃) သာရှိတဲ့ သိုင်းပညာရှင် လျူယွမ်က အဆင့် (၁၀) ရှိတဲ့ အထက်ကောင်းကင်ဘုံ နတ်ဘုရားတစ်ယောက်ကို ကိုယ်ဝန်ရအောင် လုပ်နိုင်လိမ့်မယ်လို့ လုံးဝ မယုံကြည်ပေ။

​ ကောင်းကင်ဘုံအောက်မှာ ရှိသမျှ အရာအားလုံးက သာမန်လူသားတွေသာ ဖြစ်ကြသည်။

​ ထိုနှစ်ခုကြားမှာ မျိုးပွားခြင်းဆိုင်ရာ ကန့်သတ်ချက် တံတိုင်းကြီး ရှိနေသည်။

​ အဆုံးမဲ့ကောင်းကင်ဘုံမှာလည်း ထိုနည်းတူပင်၊ နတ်ဘုရားတွေဟာ အခြား နတ်ဘုရားတွေနဲ့ ပေါင်းဖက်မှသာ ရင်သွေး ရရှိနိုင်ကြသည်။

​ ဒါတောင်မှ နတ်ဘုရားတွေ လက်ထပ်ပြီးရင် ကိုယ်ဝန်ရဖို့ တစ်နှစ်ကနေ နှစ်နှစ်အထိ အချိန်ယူရတတ်သည်။

​ သက်ရှိတွေရဲ့ အဆင့်အတန်း မြင့်မားလေလေ၊ မျိုးပွားဖို့ ခက်ခဲလေလေပင်။

​ ဒါက ကမ္ဘာဦး နိယာမတရား ဖြစ်သည်။

​ လျူယွမ်နဲ့ စုချင်းရွှယ်မှာ လက်ထပ်တာ သုံးရက်ပဲ ရှိသေးသည်။ သာမန်လူသားတစ်ယောက်က နတ်ဘုရားတစ်ပါးကို ကိုယ်ဝန်ရအောင် လုပ်လိုက်တာဟာ သက်ရှိနိယာမတရားတွေကို ချိုးဖောက်လိုက်တာပင် ဖြစ်သည်။

​ "အစ်မ... ဒီကလေးက အဆုံးမဲ့ကောင်းကင်ဘုံက တစ်စုံတစ်ယောက်ရဲ့ ကလေးလား။ ခဲအိုက မရည်ရွယ်ဘဲနဲ့ ကလေးအဖေ အဖြစ် ခံလိုက်ရတာလား"

​ သူမက ဒါကို ပြောတဲ့အခါ လေသံကို တမင်တကာ နည်းနည်း မြှင့်လိုက်သည်။

​ သူမက စုချင်းရွှယ်ကို မေးနေတာတင်မကဘဲ လျူယွမ် ကြားအောင်ပါ တမင် ရည်ရွယ်ပြီး ပြောလိုက်တာ ဖြစ်သည်။

​ "နင် ဘာတွေ လျှောက်ပြောနေတာလဲ" စုချင်းရွှယ်က ဒေါသတကြီးနဲ့ လက်ချောင်းလေးကို မြှောက်ပြီး ခေါက်လိုက်သည်။

​ လှမ်းပြီး နဖူးကို တောက်လိုက်တာ ဖြစ်ပြီး၊ အဝေးကနေ တိတိကျကျပင် ထိမှန်သွားခဲ့သည်။

​ စုယွီမော့တစ်ယောက် သူမရဲ့ ဝိညာဉ်ပါ ကြေမွသွားသလို ခံစားလိုက်ရပြီး မျက်စိတွေပါ ပြာဝေသွားကာ ထိုနေရာမှာတင် ပွဲချင်းပြီး သေလုနီးပါး ဖြစ်သွားခဲ့ရသည်။

​ သူမက ချက်ချင်းပဲ လိမ္မာသွားတော့သည်။

​ လျူယွမ်ကို မြင်တဲ့အခါမှာတော့ သူမက ချက်ချင်း စကားလမ်းကြောင်း လွှဲလိုက်ပြီး -

​"ဟေး... ခဲအို၊ အစ်ကိုက ဒီနေ့ ကြည့်ရတာ... နည်းနည်း အားနည်းပြီး သွေးအားနည်းနေသလိုပဲနော်"

​ လျူယွမ်က သက်ပြင်းတစ်ချက်ချပြီး ခပ်တိုးတိုး ပြောလိုက်သည် - "ငါတို့ ရိက္ခာကို ခြွေတာရမယ်"

​ ဒါက မနေ့ညက အတွေ့အကြုံအရ သူရရှိခဲ့တဲ့ နာကျင်စရာ သင်ခန်းစာ ဖြစ်သည်။

​ သိုင်းကျမ်းတွေထဲမှာ 'အဆီအနှစ်ကို ထိန်းသိမ်းပြီး စွမ်းအင်အဖြစ် ပြောင်းလဲပါ' ဆိုတဲ့ စကားလုံးတွေ အမြဲ ရှိနေတာ မဆန်းတော့ပေ။

​ စုယွီမော့က အဓိပ္ပာယ်ကို နားမလည်ဘဲ သူတို့က သူမကို ပြောနေတယ်မှတ်လို့ သူမရဲ့ အလွတ်ဖြစ်နေတဲ့ ပန်းကန်လုံးအောက်ခြေကို အမြန် ပြလိုက်ရင်း -

​"ကျွန်မ ဘာမှ မဖြုန်းတီးဘူးနော်။ ပန်းကန်ထဲက ထမင်းတွေကို ကုန်အောင် စားထားတာ"

​ လျက်ထားသလိုမျိုးကို ပြောင်စင်နေတာပင်။

​ ဒါကလည်း မတတ်နိုင်ဘူးလေ၊ အစ်မဖြစ်သူရဲ့ လက်ရာက တကယ့်ကို အရသာရှိလွန်းလို့ပင် ဖြစ်သည်။

​ သူမ အကြိုက်တွေပင် ဖြစ်သည်။

​ စုချင်းရွှယ်ကတော့ တစ်ခုခုကို သတိရသွားပုံရပြီး တစ်ခုခုကို နားလည်သွားသည့်အလား လေးလေးနက်နက် ခေါင်းညိတ်လိုက်ကာ -

​"မောင်... မောင်ပြောတာ မှန်တယ်။ ကျွန်မလည်း နောက်ဆို ရိက္ခာတွေကို မဖြုန်းတီးတော့ဘူး"

​ ပြောပြီးတာနဲ့ သူမက ပန်းကန်ထဲက ထမင်းတွေကို ခေါင်းစိုက်ပြီး ငုံ့စားကာ အလောတကြီး မြိုချလိုက်တော့သည်။

​ စုယွီမော့တစ်ယောက် တစ်ခုခု မှားနေတာကို ရိပ်မိသွားသည်။

​ အစ်မနဲ့ ခဲအို... သူတို့နှစ်ယောက်က လျှို့ဝှက်အချက်ပြမှုတွေ ဖလှယ်နေကြတာနဲ့ တူသလိုပင်။

​ မိသားစုသုံးယောက်ထဲမှာ ငါ မသိရမယ့် အရာမျိုး ရှိလို့များလား။

​ "လမ်းဖယ်စမ်း" လျူယွမ်က ပန်းကန်ကို ကိုင်ထားရင်း သူမရဲ့ နဖူးကို တောက်မယ့် ပုံစံမျိုး လုပ်ပြလိုက်သည်။

​ စုယွီမော့မှာ မသိစိတ်ရဲ့ တုံ့ပြန်မှုအရ ထမင်းစားပွဲကနေ ဝေးရာကို လှမ်းခုန်လိုက်ပြီး နံရံထောင့်မှာ ကပ်ကာ တုန်တုန်ရီရီ ဖြစ်နေခဲ့သည်။

​ ဒါပေမဲ့ သူမက ချက်ချင်းပဲ သတိရသွားတာက... သူမကိုယ်တိုင်က ကျင့်စဉ်အဆင့် (၈) ရှိတဲ့ သိုင်းဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေတာကိုပင်၊ ကျင့်စဉ်အဆင့် (၄) သာရှိတဲ့ သိုင်းပညာရှင်တစ်ယောက်ကို ဘာလို့ ကြောက်နေရမှာလဲ။

​ "ခဲအို... အစ်ကိုကလည်း လာစနေပြန်ပြီ"

​ သူမက ခေါင်းကို မော့လိုက်ပြီး သူမရဲ့ ချောမွေ့တဲ့ နဖူးပြင်လေးကို ဖော်ပြလိုက်သည်။

​ လျူယွမ်က ဘာမှမလုပ်ဘဲ ရယ်မောလိုက်ပြီး - “ငါက နင့်ကို အသားယူခွင့် ပေးမယ်လို့ ထင်နေတာလား။ အိပ်မက်မက်နေလိုက်"

​ စုယွီမော့က အံကြိတ်လိုက်ပြီး - “အဲ့လိုမှန်း သိရင် မရှောင်ပါဘူး"

​ "ငါ လာမယ်လေ" စုချင်းရွှယ်က ရုတ်တရက် ဖြတ်ပြောလိုက်ပြီး သူမရဲ့ မျက်ဝန်းတွေထဲမှာ ရက်စက်မှုတွေ ဖြတ်ပြေးသွားခဲ့သည်။

​ စုယွီမော့: "..."

​ ဝါး... အစ်ကိုတို့အားလုံးက ငါ့ကို ဝိုင်းအနိုင်ကျင့်နေကြတာပဲ။

​ သူမရဲ့ နှာခေါင်းလေးက တရှုံ့ရှုံ့ ဖြစ်သွားရပြီး တကယ်ပဲ နည်းနည်း ဝမ်းနည်းသွားပုံရသည်။

​ ဒီလို ဝိုင်းပြီး ဆုံးမတာကို မခံရတာ တော်တော်ကြာခဲ့ပြီပဲ။

​ နောက်ဆုံးအကြိမ်က လွန်ခဲ့တဲ့ ခုနစ်နှစ်က၊ သူမ၏ မိခင်ဖြစ်သူ သက်ရှိထင်ရှား ရှိစဉ်က ဖြစ်သည်။

​

​ တီဗီမှာတော့ မနက်ခင်း သတင်းတွေ လာနေသည်။

​ အမျိုးသမီး သတင်းကြေညာသူက တည်ငြိမ်တဲ့ မျက်နှာပေးနဲ့ ရှိနေပြီး၊ သူမရဲ့ နောက်ကွယ်မှာတော့ ပြိုလဲလုနီးပါး ဖြစ်နေတဲ့ ဟွာချန်လုပ်ငန်းစုရဲ့ ရှယ်ယာဈေးကွက်ဇယား ရှိနေသည်။

​ "လင်အန်းမြို့ရဲ့ သူဌေးကြီး လျူဟွာချန်ရဲ့ အိမ်ခြံမြေလုပ်ငန်းစုဟာ သက်တမ်းစေ့ရောက်နေတဲ့ ဘဏ်ကြွေးမြီတွေကို ပြန်လည်မဆပ်နိုင်တာကြောင့် မနေ့က တရားဝင် စုစုပေါင်း ကြွေးမြီ ယွမ် ၁.၈ ထရီလီယံအထိ ရှိလာခဲ့ပါတယ်..."

​ "နိုင်ငံတစ်ဝန်းမှာလည်း မပြီးပြတ်သေးတဲ့ အဆောက်အအုံ အများအပြား ရှိနေတာကြောင့် အိမ်ပိုင်ရှင် အများအပြားက ပူးပေါင်းပြီး ကန့်ကွက်ဆန္ဒပြနေကြကာ၊ တကယ်လို့ အဆောက်အအုံတွေကို အပ်နှံခြင်း မရှိရင် လျူဟွာချန်ကို အင်အားသုံးပြီး ရှင်းလင်းမယ်လို့ ခြိမ်းခြောက်ထားကြပါတယ်"

​ မြင်ကွင်းက လျူဟွာချန် ကျင်းပတဲ့ အရေးပေါ် သတင်းစာရှင်းလင်းပွဲဆီ ပြောင်းလဲသွားသည်။

​ လျူဟွာချန်က ကင်မရာရှေ့မှာ ရော်ရော်ရွဲရွဲနဲ့ ပင်ပန်းနွမ်းနယ်နေပုံရသည်။

​ သူက ကင်မရာတွေအရှေ့မှာ အလေးအနက် ဦးညွှတ်တောင်းပန်လိုက်ပြီး သူ့ရဲ့ မျက်နှာမှာ စစ်မှန်တဲ့ နောင်တတွေ ပြည့်နှက်နေလျက် -

​"ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ယုံကြည်ပေးကြပါ အိမ်ပိုင်ရှင်တို့ခင်ဗျာ။ ဟွာချန်လုပ်ငန်းစုက အပြည့်အဝ တာဝန်ယူမှာဖြစ်ပြီး သင်တို့ရဲ့ အဆောက်အအုံတွေကို မကြာခင် အပ်နှံနိုင်မယ်လို့ အာမခံပါတယ်"

​ လျူယွမ်က လူဝင်မှုကြီးကြပ်ရေးဗျူရိုရဲ့ အကြီးအကဲ မုပိုင်က သူ့ရဲ့ အစီအစဉ်ကို တကယ်ပဲ အသုံးပြုခဲ့တာကို အံ့ဩသွားခဲ့ရသည်။

​ အစိုးရက လျူမိသားစုကို ထုတ်ချေးမယ့် ချေးငွေတွေကို လျှော့ချပစ်လိုက်တာကြောင့် သူတို့ရဲ့ လွန်ကဲတဲ့ ကြွေးမြီတွေနဲ့ ငွေသားစီးဆင်းမှုကို မစီမံနိုင်မှုတွေက ဘဏ္ဍာရေး အကျပ်အတည်းဆီ ဦးတည်သွားစေခဲ့ခြင်း ဖြစ်သည်။

​ ဒီနည်းဗျူဟာကို 'ချေးငွေဖြတ်တောက်ခြင်း' လို့ ခေါ်သည်။

​ အခြေခံအုတ်မြစ်ကနေ လောင်စာဆီ ဖြတ်တောက်လိုက်တာပင် ဖြစ်သည်။

​ စုချင်းရွှယ်က တီဗီပေါ်က သနားစရာ အခြေအနေ ဖြစ်နေတဲ့ လျူဟွာချန်ကို ကြည့်ပြီး သူမရဲ့ မျက်ဝန်းတွေထဲမှာ ကလဲ့စားချေလိုတဲ့ မီးတောက်တွေ တောက်လောင်လာခဲ့သည်။

​ စုယွီမော့ကလည်း တစ်ခုခု မှားနေတာကို သတိထားမိသွားပြီး - "အစ်မ... သူက အစ်မ ဒီတစ်ခေါက် သွားရှင်းမယ့် သွေးမိစ္ဆာဧကရာဇ်လား"

​ စုချင်းရွှယ်က ခေါင်းညိတ်လိုက်သည် - "ဟုတ်တယ်။ အခု သူက ပိုက်ဆံမရှိတော့တာမို့ သူ့ရဲ့ စွမ်းအားတွေလည်း အများကြီး လျော့ကျသွားပြီ။ ငါ သူ့ကို အခု ရှင်းနိုင်သင့်တာ၊ ဒါပေမဲ့ ငါ့မှာ ကိုယ်ဝန်ရှိနေတော့ ကလေးအတွက်ကြောင့် လုပ်လို့မရဘူး"

​ “ညီမ သွားစမ်းကြည့်ရင်ကော" စုယွီမော့က စိတ်အားထက်သန်စွာနဲ့ စမ်းကြည့်ချင်နေသည်။

​ "ဖူးးး "

​ လျူယွမ်က ဆန်ပြုတ်တစ်ငုံ သောက်လိုက်ပြီးနောက် မအောင့်နိုင်ဘဲ အကျယ်ကြီး ရယ်မောလိုက်မိသည်။

​ "ခဲအို... အစ်ကိုက ငါ့ကို အထင်သေးတာလား" စုယွီမော့က ပါးဖောင်းလေး လုပ်ပြီး ရန်တွေ့လိုက်သည်။

​ "တကယ် မဟုတ်ပါဘူး" လျူယွမ်က လက်ခါပြလိုက်ပြီး - "ငါက လျူဟွာချန်တစ်ယောက် ကျင့်စဉ်ကျင့်ဖို့အတွက် ဘဏ်ကနေ ချေးငွေထုတ်တယ်ဆိုတာကို... နည်းနည်း ရယ်ချင်လို့ပါ"

​ စုချင်းရွှယ်က ခေါင်းခါလိုက်သည် - "ယွီမော့... မိုက်ရူးရဲမဆန်နဲ့။ သွေးမိစ္ဆာဧကရာဇ်က ဒဏ်ရာရနေရင်တောင် သူက အဆင့် (၁၀) မှာ ရှိနေတုန်းပဲ။ နင်က အဆင့် (၈) ပဲ ရှိသေးတာမို့ သူ့ကို ယှဉ်နိုင်ဖို့ အခွင့်အရေး မရှိဘူး"

​ သို့သော်လည်း စုယွီမော့ကတော့ အခြေအနေရဲ့ ပြင်းထန်မှုကို သိရှိပုံမရသေးပေ။

​ လျူယွမ်က ထပ်မံ ဖြည့်စွက်ပြောလိုက်သည် - "နင် မိစ္ဆာတွေရဲ့ အဆီအနှစ်စုပ်တယ်ဆိုတာကို သိလား။ တကယ်လို့ သူက နင့်ကို ဖမ်းမိသွားရင်၊ မိစ္ဆာအတတ်တွေ သုံးပြီး နင့်ကို ပြောင်းလဲပစ်မှာ၊ အဲဒီကျရင် နင်က သူ့ရဲ့ ကျင့်စဉ်အတွက် အရင်းအမြစ်တစ်ခု ဖြစ်သွားလိမ့်မယ်"

​ စုယွီမော့တစ်ယောက် ကြောက်လန့်တကြား တုန်ရီသွားရပြီး၊ ထိုမြင်ကွင်းကို စိတ်ကူးယဉ်ကြည့်ရုံတင်မကဘဲ သူမကိုယ်သူမ ညစ်ပတ်သွားသလိုမျိုး ခံစားလိုက်ရသည်။

​ သူမလည်း မိစ္ဆာမျိုးနွယ်စုတွေရဲ့ ယုတ်မာတဲ့ အတတ်ပညာတွေက ဘယ်လောက်တောင် စက်ဆုပ်ရွံရှာဖို့ ကောင်းလဲဆိုတာ သိတာပေါ့။ အဆုံးမဲ့ကောင်းကင်ဘုံက အမျိုးသမီး ကျင့်ကြံသူ အများအပြားဟာ သူတို့လက်ထဲမှာ ဒုက္ခရောက်ခဲ့ကြရပြီး၊ လူရာမဝင်အောင် အရှက်ခွဲခြင်း ခံခဲ့ကြရသည်။

​ ဒီကျယ်ပြောလှတဲ့ ကမ္ဘာကြီးမှာ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်တာ၊ အားကြီးသူက အားနည်းသူကို ပစ္စည်းတစ်ခုလိုနဲ့ အရင်းအမြစ်လို ဆက်ဆံတာက သဘာဝပဲ ဖြစ်သည်။

​ "မိန်းမ... အခုက အကောင်းဆုံးအချိန် မဟုတ်သေးဘူး" လျူယွမ်က ဇနီးဖြစ်သူရဲ့ မျက်ဝန်းထဲက နာကျည်းချက်တွေကို မြင်ပြီး နှစ်သိမ့်ပေးလိုက်သည် - "လျူမိသားစု လုံးဝ ဒေဝါလီခံသွားတဲ့အခါ ကျရင်တော့ လူဝင်မှုကြီးကြပ်ရေးဗျူရိုက တစ်စုံတစ်ယောက်က သွေးမိစ္ဆာဧကရာဇ်ကို သွားရှင်းလိမ့်မယ်။ မိန်းမကတော့ အိမ်မှာပဲ နေပြီး ကိုယ်ဝန်ကိုပဲ အာရုံစိုက်ထားပါ"

​ မုပိုင်က သူ့ရဲ့ အစီအစဉ်ကို အသုံးပြုခဲ့တာမို့၊ သူက ဌာနအသီးသီးက ဝန်ကြီးတွေကို သေချာပေါက် ဆက်သွယ်ထားပြီးလောက်ပြီ။

​ ဒီ အဆင့် (၉) ရှိတဲ့ သိုင်းဂိုဏ်းချုပ်တွေ ပူးပေါင်းလိုက်ရင်တော့ သွေးမိစ္ဆာဧကရာဇ်ကို နှိမ်နင်းဖို့ အခွင့်အရေး ရှိနိုင်ပေသည်။

All Chapters