← Chapters

အခန်း ၅၆

Vol. 6 Ch. 56

အခန်း ၅၆

Vol. 6 Ch. 56

အပိုင်း (၅၆)

“မောင်... ‘ခွေးလွှတ်လိုက်မယ်’ ဆိုလို့ ကျွန်မက ဘာများလဲလို့၊ ခွေးဝါကြီးကို ပြောတာကိုး၊ ကျွန်မကတော့ဖြင့်...”

​ စုချင်းရွှယ်က လျူယွမ်၏ ရင်ခွင်ထဲသို့ တိုးဝင်လျက် ခြံဝင်းထဲက အခြေအနေအားလုံးကို အတိုင်းသား အာရုံခံမိနေသည်။

​ သူမက စကားကို တစ်ဝက်ရုံနှင့် ရပ်လိုက်ပြီး ပါးစပ်လေးကို လက်ဖြင့်အုပ်ကာ ဆက်မပြောရဲတော့ချေ။

​ “မင်းရဲ့ ဆရာလို့များ ထင်နေတာလား...” လျူယွမ်က သူမကို စနောက်လိုက်သည်။

​ စုချင်းရွှယ်က သူမ၏ ခြေထောက်အစုံဖြင့် သူ့ခါးကို ရစ်ပတ်လိုက်ပြီးနောက် နူးညံ့သော နှုတ်ခမ်းအစုံဖြင့် သူ့ရဲ့ စနောက်မှုကို တိတ်ဆိတ်သွားစေတော့သည်။

​ အိမ်ပြင်ပ ခြံဝင်းထဲတွင်…

​ အငြိမ်းစား အဘိုးကြီးအချို့ အခန်းထဲကနေ ထွက်လာကြသည်။

​ သူတို့က နျန်နျန်အတွက် ကိုယ်တိုင်ဝင်ပါပြီး ထိုဝိညာဉ်ကောင်လေးကို ဇာတ်သိမ်းပေးရန် ပြင်ဆင်နေကြဆဲ ဖြစ်သည်။

​ သို့သော် မမျှော်လင့်ဘဲ ခွေးအိမ်ထဲက ခွေးက အရင် လက်ဦးပြီး လှုပ်ရှားသွားခဲ့သည်။

​ “ခုနက ခွေးဝါကြီး မဟုတ်လား...” သခင်ကြီးချင်က မျက်လုံးကို ပွတ်ရင်း - “ဒီကောင်စုတ်လေး သေသွားတာ ဆယ်စုနှစ်တစ်ခုမကတော့ဘူး၊ အခုထိ ခြံကို စောင့်နေတုန်းပဲလား...”

​ “ဒါက ခြံစောင့်ရုံတင် ဘယ်ကမလဲ...” အဘိုးကျန်းက မုတ်ဆိတ်မွေးကို သပ်ရင်း စိတ်လှုပ်ရှားစွာဖြင့် - “သူသေဆုံးသွားပြီးတဲ့နောက်မှာပါ ယွမ်အာအပေါ် ထားတဲ့ သစ္စာတရားက မပျက်ပြယ်ခဲ့ဘူး၊ ဒါကြောင့်လည်း ဝိညာဉ်ကနေ ကျင့်ကြံပြီး ကာကွယ်စောင့်ရှောက်တဲ့ ‘အစောင့်အရှောက်နတ်ခွေး’ ဖြစ်လာတာပေါ့...”

​ “ငါမှတ်မိသေးတယ်၊ ယွမ်အာ မူလတန်းတုန်းက လမ်းဘေးကနေ ကောက်ရလာတဲ့ လေလွင့်ခွေးလေးလေ...” အဘိုးဝမ်ကျန့်ကော်ကလည်း အတိတ်ကို ပြန်ပြောင်းသတိရသွားပြီး အကြည့်တွေ နူးညံ့သွားကာ - “အဲဒီတုန်းက ခွေးဝါကြီးက နေ့တိုင်း တံခါးဝမှာ စောင့်နေတတ်တာ၊ ယွမ်အာ လွယ်အိတ်လေးလွယ်ပြီး ပြန်လာတာ မြင်တာနဲ့ ဝမ်းသာအားရ ပြေးလာပြီး အမြီးနန့်၊ မြေကြီးပေါ်လူးလိမ့်နဲ့ တကယ့်ကို အချစ်တော်လေး ဖြစ်ခဲ့တာပဲ...”

​ “ဟုတ်ပေတယ်...” အဘိုးချန်းမိုက ခပ်တိုးတိုး ရယ်မောလိုက်ပြီး - “အခုတော့ သခင်ကြီးက အရွယ်ရောက်လို့ သခင်လေးတောင် ရနေပြီ၊ နျန်နျန်လေးကို ကြည့်ဦး... အဲဒီကောင်မလေးကလည်း ခွေးဝါကြီးကို တော်တော် ချစ်ပုံရတယ်...”

​ အဘိုးလီက ခေါင်းညိတ်လိုက်ပြီး အကြည့်တို့က နက်ရှိုင်းသွားကာ - “ခွေးဝါကြီးက အဲဒီမျောလွင့်ဝိညာဉ်ကို စားပြီးတဲ့နောက်၊ သူ့ရဲ့ နတ်ဘုရားရာထူးအရှိန်အဝါကို အစာခြေဖျက်နိုင်သွားရင် ယင်ဝိညာဉ်အဆင့်ကနေ မျောလွင့်ဝိညာဉ်အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်၊ အဲဒီကျရင် ဒီခွေးအိမ်ကျဉ်းကျဉ်းလေးထဲမှာပဲ အပိတ်ခံနေရမှာ မဟုတ်ဘဲ လောကအနှံ့ လွတ်လပ်စွာ လှည့်လည်နိုင်ပြီပေါ့...”

​ အဘိုးကြီးများက တစ်ယောက်တစ်ပေါက် ဆွေးနွေးရင်း ခြံဝင်းအလယ်သို့ စုရုံးရောက်ရှိလာကြသည်။

​ နျန်နျန်လေးကတော့ ထိုနေရာတွင် ရပ်ကာ ခြေချောင်းလေးများဖြင့် ပျက်စီးသွားသော အုတ်ကြွပ်ပြားများကို ကော်နေပြီး တွင်းကြီးကို ပြန်ဖုံးရန် ကြိုးစားနေပုံရသည်။

​ အဘိုးချန်က အမြန်ဒူးထောက်ထိုင်လိုက်ပြီး အသာအယာ နှစ်သိမ့်လိုက်သည် - “နျန်နျန်လေး... စိတ်မပူနဲ့နော်၊ အုတ်ခဲအကျိုးအပဲ့ အနည်းငယ်ပဲဥစ္စာ... အဘိုး ပြန်ပြင်ပေးမယ် ဟုတ်ပြီလား...”

​ “ဟုတ်တယ်...” အဘိုးချန်းမိုက မျက်မှန်ကို ပင့်တင်ရင်း စနောက်လိုက်သည် - “မင်းရဲ့ အဘိုးချန်က အရင်တုန်းက အင်ဂျင်နီယာမေဂျာနဲ့ ကျောင်းဆင်းခဲ့တာ၊ အင်္ဂတေကိုင်တဲ့နေရာမှာ လက်ရာကတော့ ရှယ်ပဲ...”

​ အဘွားစွန်းက လျူနျန်၏ လက်ကလေးကို ဆွဲကာ သွေးခုန်နှုန်းကို စစ်ဆေးလိုက်ပြီး ဒဏ်ရာမရတာ သေချာမှ ခေါင်းလေးကို ချစ်စနိုး ပုတ်ပေးလိုက်ကာ - “နျန်နျန်လေး... အခန်းထဲပြန်ပြီး နားတော့နော်၊ တစ်နေ့လုံး ကျင့်စဉ်တွေကျင့်၊ တိုက်ပွဲတွေတိုက်နဲ့ ပင်ပန်းနေရောပေါ့...”

​ လျူနျန်က လိမ္မာယဉ်ကျေးစွာ ခေါင်းညိတ်ပြပြီး ခြေလှမ်းတိုလေးများဖြင့် အခန်းထဲသို့ ပြေးဝင်သွားတော့သည်။

​ သူမက ခုံပေါ်သို့ ကျွမ်းကျင်စွာ တက်လိုက်ပြီး စားပွဲပေါ်က နို့ဗူးကို ယူကာ အငမ်းမရ သောက်လိုက်ပြီးနောက် ခြေရောလက်ပါ သုံးကာ ပုခက်ထဲသို့ တွားတက်သွားသည်။

​ အိပ်စက်မည့် ပုံစံကို ယူလိုက်သည်နှင့် [မွေးရာပါအသက်ရှူခြင်း ကျင့်စဉ်] ကို စတင်လည်ပတ်စေရာ အသက်ရှူသံက ရှည်လျားပြီး နက်ရှိုင်းသွားတော့သည်။

​ အိပ်ပျော်နေသည့်တိုင် ကျင့်ကြံခြင်းကို မေ့မထားချေ။

​

​ ညဉ့်နက်သန်းခေါင်ယံအချိန်…

​ ဇနီးဖြစ်သူ စုချင်းရွှယ်ကို ဖက်ထားသော လျူယွမ်သည် အိပ်မောကျခြင်းနှင့် နိုးထခြင်းကြား အခြေအနေမျိုးဖြင့် အသိစိတ် ကင်းလွတ်သွားခဲ့သည်။

​ မြင့်မားလှသော မြို့ရိုးကြီး၏ အောက်ခြေတွင် မရေမတွက်နိုင်သော သက်ရှိသတ္တဝါများ ကမ္ဘာပျက်မတတ် သိပ်သည်းစွာ တိုးဝှေ့ပေါ်ပေါက်လာကြသည်။

​ ဒါက နောက်ထပ် သံသရာစက်ဝန်း အသစ်တစ်ခုပင် ဖြစ်သည်။

​ “သတ်ကြစမ်း...!!!”

​ ဟိန်းဟောက်သံများနှင့်အတူ သူတို့သည် ဒီရေလှိုင်းများအလား တစ်သုတ်ပြီးတစ်သုတ် တိုးဝှေ့ကာ ပိတ်ဆို့ထားသော မြို့တံခါးကြီးကို ချိုးဖျက်ဝင်ရောက်သွားကြသည်။

​ ကျဆုံးဒဏ်ရာရသူက ထက်ဝက်မက များပြားလှပြီး အထိအခိုက် အကျအဆုံးက အလွန်ပင် ကြီးမားလှသည်။

​ ဒါပေမဲ့ ဒါဟာ အစပျိုးရုံသာ ရှိသေးသည်။

​ မြို့ထဲတွင်... သံကြိုးများဖြင့် ချည်နှောင်ခြင်းခံထားရသော ဧရာမ သားရဲကြီးက ချော်ရည်ကဲ့သို့ နီရဲတောက်လောင်နေသော မျက်လုံးကြီးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီ ဖြစ်သည်။

​ ၎င်း၏ တစ်ကိုယ်လုံးတွင် လှုပ်ရှားနေသော အကြေးခွံများ ဖုံးလွှမ်းနေပြီး ကြောက်မက်ဖွယ် ဖိအားလှိုင်းများကို ထုတ်လွှတ်နေသည်။

​ ဝူး......

​ တောင်တန်းတွေကိုပါ ဖြိုလဲနိုင်စွမ်းရှိသော ဧရာမ အမြီးကြီးက မြေပြင်ကို ရိုက်ခတ်လိုက်ရာ တစ်ခဏချင်းမှာပင် ထောင်သောင်းမကသော သက်ရှိများ ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။

​ သို့သော် သက်ရှိများ၏ အရေအတွက်က များပြားလွန်းလှသည်။

​ ထို့ပြင် မြို့ရိုးအပြင်ဘက်တွင်လည်း စစ်ကူများ ထပ်မံ ရောက်ရှိနေပြီ ဖြစ်သည်။

​ စစ်အားမာန်တို့က ထိပ်ဆုံးသို့ ရောက်ရှိနေကြသည်။

​ သူတို့အားလုံး လေထဲသို့ ပျံတက်ပြီး သားရဲကြီးဆီသို့ ချဉ်းကပ်သွားကြတော့သည်။

​ “သတ်...!!!”

​ သူတို့၏ သက်တမ်းက အလွန်တိုတောင်းလှသည်၊ ပိုးတုံးလုံးဘဝကနေ ရုန်းထွက်လာပြီး ညနေခင်းတွင် မွေးဖွားကာ နံနက်ခင်းတွင် သေဆုံးရသည့် ပိုးကောင်လေးများကဲ့သို့ပင်။

​ ဘယ်အချိန်မှာ သေဆုံးသွားမလဲ မသိနိုင်သော်လည်း သူတို့၏ အသက်စွမ်းအားအားလုံးကို လောင်ကျွမ်းစေပြီး ဘဝ၏ အပြင်းထန်ဆုံး တိုက်ကွက်ကို ထုတ်ဖော်လိုက်ကြသည်။

​ သားရဲကြီး၏ ကိုယ်ပေါ်တွင် ကုတ်ခြစ်ရာ အနည်းငယ်ပင် ထင်ကျန်ရစ်စေဦးတော့….

​ သူတို့ကတော့ မိမိတို့၏ အသက်ဝိညာဉ်ကို လောင်ကျွမ်းပစ်လိုက်ကြပြီ ဖြစ်သည်။

​ ထိုခဏတာ တောက်ပမှုအတွက်နှင့်ပင်...

​ မည်းမှောင်နေသော ကောင်းကင်အောက်၊ သားရဲကြီး၏ ဟိန်းဟောက်သံများနှင့်အတူ မရေမတွက်နိုင်သော သက်ရှိများက အတောင်ပံကျိုးသွားသည့် ငှက်ငယ်များကဲ့သို့ မိုးပေါက်များအလား မြေသို့ သက်ဆင်းကျဆုံးကုန်ကြသည်။

​ ကောင်းကင်ကြီးမှာ သွေးမျက်ရည်ကျကာ၊ အဖြူရောင် အရိုးစုများက ဧကရာဇ်လမ်းမကြီးထက်တွင် ပြည့်နှက်သွားခဲ့ရသည်။

​ သားရဲကြီးက ၎င်း၏ ဧရာမပါးစပ်ကြီးကို ဟလိုက်ပြီး အရာအားလုံးကို ပြာချနိုင်သော မိစ္ဆာမီးတောက်များကို မှုတ်ထုတ်ကာ သက်ရှိအားလုံးကို ဝါးမြိုပစ်လိုက်တော့သည်။

​ သူတို့ တစ်ဖန် ရှုံးနိမ့်သွားခဲ့ပြန်ပြီဖြစ်သည်။

​ သို့သော် နောက်ထပ် သံသရာစက်ဝန်းတစ်ခု ရှိနေဦးမည် ဖြစ်သည်။

​

​ နောက်တစ်နေ့ အရုဏ်မတက်မီ…

​ လျူယွမ် ချက်ချင်း မျက်လုံးပွင့်လာပြီး မိမိကိုယ်ကိုယ် မျက်နှာကျက်ပေါ်တွင် ပျံဝဲနေသည်ကို တွေ့လိုက်ရသဖြင့် လန့်ဖျတ်သွားခဲ့သည်။

​ အောက်ကို ငုံ့ကြည့်လိုက်ရာ... ကုတင်ပေါ်တွင် အခြားမိမိတစ်ယောက် လဲလျောင်းနေပြီး နူးညံ့သောအသားဆိုင်တစ်ခုက သူ့အပေါ်ကနေ ဖိထားသည်ကို မြင်လိုက်ရသည်။

​ “ငါ့ကို ဘီလူးစီးနေတာလားဟ...”

​ လျူယွမ်၏ စိတ်ထဲမှာ မသိစိတ်အရ တွေးလိုက်မိသော်လည်း သူ့ကို ဖိထားတာက သရဲမဟုတ်ဘဲ ဇနီးဖြစ်သူ ဖြစ်ကြောင်း ချက်ချင်း ရိပ်မိသွားသည်။

​ နံနက် ၆ နာရီ ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူက သူ့ရင်ခွင်ထဲ တိုးဝင်လျက် အိပ်မောကျနေဆဲ ဖြစ်သည်။

​ “ငါ့... ဝိညာဉ်က ခန္ဓာကိုယ်ထဲကနေ ထွက်သွားတာလား...”

​ လျူယွမ်က [နတ်ဘုရားဘွဲ့နှင်းခြင်း လမ်းစဉ်] ရဲ့ လမ်းကြောင်းကို ချက်ချင်း သတိရလိုက်မိသည် -

​ယင်ဝိညာဉ်၊ မျောလွင့်ဝိညာဉ်၊ ယန်ဝိညာဉ်၊ နတ်ဘုရားဝိညာဉ်။

​ သူက အခု [နတ်ဘုရားဘွဲ့နှင်းခြင်း လမ်းစဉ်] ရဲ့ ပထမဆုံးသော နယ်ပယ်ကြီးထဲကို ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည် -

​ဝိညာဉ်ခန္ဓာအသွင် ပြောင်းလဲခြင်း

​ သို့သော် သူသည် [နတ်ဘုရားဘွဲ့နှင်းခြင်း လမ်းစဉ်] နှင့် ပတ်သက်သည့် မည်သည့် ပညာရပ်ကိုမှ မကျင့်ကြံဖူးချေ၊ ထိုပညာရပ်များက အလွန် ဆန်းကြယ်လှပြီး သာမန် သိုင်းပညာရှင်များ လုံးဝ မသိရှိနိုင်သော အရာများ ဖြစ်သည်။

​ သို့သော် သူကတော့ အိပ်ပျော်နေရင်းနှင့်ပင် နတ်ဘုရားဖြစ်မည့် ပထမဆုံးခြေလှမ်းကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

​ အဖြေကတော့ ရှင်းနေလေသည် -

​ မနေ့ညက မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲမှုရဲ့ ရလဒ်ကြောင့်ပင် ဖြစ်သည်။

​ ငါ့ရဲ့ ညီအစ်ကိုတွေက တကယ် ကြိုးစားခဲ့ကြတာပဲ။

​ တားမြစ်နယ်မြေထဲက Boss တိုက်ပွဲမှာ မအောင်မြင်ခဲ့ပေမယ့် အတွေ့အကြုံ တော်တော်များများတော့ ရရှိခဲ့သည်။

​ ထို ဆင့်ကဲပြောင်းလဲခြင်းနှင့် အတွေ့အကြုံများက လျူယွမ်၏ ခန္ဓာကိုယ်ဆီသို့ ပြန်လည်သက်ရောက်လာပြီး [နတ်ဘုရားဘွဲ့နှင်းခြင်း လမ်းစဉ်] စနစ်ကို အတင်းအဓမ္မ ဖန်တီးပေးလိုက်ခြင်း ဖြစ်သည်။

​ လျူယွမ်က မိမိ၏ ယင်ဝိညာဉ်ကို ထိန်းချုပ်ရန် ကြိုးစားရင်း မျက်နှာကျက်ပေါ်ကနေ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။

​ ၎င်းက အလွန် ပေါ့ပါးလှပြီး အလေးချိန် လုံးဝ မရှိသကဲ့သို့ ဖြစ်နေကာ လေတစ်ချက် တိုက်လိုက်ရုံနှင့် လွင့်စင်သွားမည့်အတိုင်း ဖြစ်သည်။

​ နောက်ဆုံးတွင်…

​ သူ့ရဲ့ ယင်ဝိညာဉ်က ဇနီးဖြစ်သူ စုချင်းရွှယ်၏ ချောမွေ့ဝင်းပသော ကျောပြင်လေးပေါ်သို့ တိတ်တဆိတ် သက်ဆင်းထိုင်လိုက်မိသည်။

​ နောက်တစ်စက္ကန့်တွင် စုချင်းရွှယ်မှာ ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာခဲ့သည်။

​ သူမက တကယ် အိပ်ပျော်နေခြင်း မဟုတ်ဘဲ ခင်ပွန်းဖြစ်သူနှင့် နီးနီးကပ်ကပ် နေရသည့် ခံစားချက်ကို သဘောကျနေခြင်းသာ ဖြစ်သည်။

​ “နေပါဦး... ဘာလို့ ငါ့ရဲ့ ယောက်ျားက နှစ်ယောက် ဖြစ်နေရတာလဲ...”

​ သူမ ခေါင်းကို လှည့်ကြည့်လိုက်ရာ ဆွံ့အသွားခဲ့ရသည်။

​ သူမ မျက်ဝန်းထဲတွင် အံ့သြရိပ်များ ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် တည်ငြိမ်သွားသည်။

​ သူမ ဖိထားတာက ခင်ပွန်းဖြစ်သူ၏ ရုပ်ခန္ဓာ ဖြစ်သည်။

​ သူမအပေါ်ကနေ အုပ်မိုးထားတာက ခင်ပွန်းဖြစ်သူ၏ ဝိညာဉ်ခန္ဓာ ဖြစ်သည်။

​ သူမကတော့ အသားညှပ်မုန့် ဖြစ်နေသလိုပင်။

​ ငါ့ယောက်ျားက တတိယလမ်းစဥ်ကိုပါ ရှာတွေ့သွားပြီပဲ...

​ စုချင်းရွှယ် အတော်လေး တုန်လှုပ်သွားမိသော်လည်း ဒါက မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲမှုရဲ့ ရလဒ်မှန်း သူမ ကောင်းကောင်း သိနေသည်။

​ သိုင်းပညာ ကျင့်ကြံရာကနေ၊ အင်မော်တယ် လမ်းစဥ်၊ ထိုမှတစ်ဆင့် နတ်ဘုရားလမ်းစဥ်အထိ...

​ လျူယွမ်၏ သက်ရှိအဆင့်အတန်းက နောက်တစ်ဆင့်သို့ မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။

​ “မောင်... ကျွန်မရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ကြည့်ပါလား...”

​ စုချင်းရွှယ်က လျူယွမ်ကို ယင်ဝိညာဉ်အား ထိန်းချုပ်နိုင်ရန် ကူညီပေးသည့်အနေဖြင့် သူမ၏ ခန္ဓာကိုယ် အကာအကွယ်ကို ဖွင့်ပေးလိုက်သည်။

​ “စမ်းကြည့်တာပေါ့ မိန်းမ... စိတ်ကို လျှော့ထားနော်...”

​ လျူယွမ်က အားနာမနေတော့ဘဲ ဇနီးဖြစ်သူ၏ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်ဖြင့် တိုးဝင်လိုက်တော့သည်။

​ စုချင်းရွှယ်အတွက်မူ ဤလုပ်ရပ်က အလွန် အန္တရာယ်များလှသည်၊ အဘယ်ကြောင့်ဆိုသော် "ပူးကပ်ခြင်း" ကို ခံရနိုင်သည့် အလားအလာ ရှိသောကြောင့် ဖြစ်သည်။

​ သို့သော် သူမက လျူယွမ်ကို ယုံကြည်ပြီးသားဖြစ်ရာ မည်သည့် အကာအကွယ်မှ မထားဘဲ ကာကွယ်ရေးတံတိုင်း အားလုံးကို လျှော့ချပေးထားခဲ့ခြင်း ဖြစ်သည်။

​ “မိန်းမ... ငါ မင်းရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်လို့ ရနေပြီ ထင်တယ်...”

​ စုချင်းရွှယ်က မိမိ၏ လက်နှစ်ဖက်ကို အံ့သြတုန်လှုပ်စွာ ကြည့်လိုက်ပြီးနောက် လည်ပင်း၊ ပုခုံးနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ပြန်လည် ကိုင်တွယ်ကြည့်လိုက်သည်။

​ အိမ်ထောင်သက် လေးနှစ်ကျော်အတွင်း လျူယွမ်က ဇနီးဖြစ်သူ၏ ခန္ဓာကိုယ်ကို အလုံးစုံ သိရှိပြီးသား ဖြစ်သော်လည်း…

​ ဤကဲ့သို့ "မိမိကိုယ်ကိုယ် ပြန်လည်ကိုင်တွယ်ခြင်း" ခံစားချက်က တကယ်ကို ထူးခြားဆန်းပြားပြီး စိတ်ဝင်စားစရာ ကောင်းလှသည်။

​ “မောင်... ဒါက ခန္ဓာကိုယ် ပူးကပ်ခြင်းနည်းပဲ၊ မောင် တတ်သွားပြီလား...”

​ စုချင်းရွှယ်၏ ခန္ဓာကိုယ်ထဲကနေ မူရင်းအသံ ထွက်ပေါ်လာသည်။

​ သူမ ကိုယ်တိုင်က လက်တွေ့ နမူနာပြ သင်ကြားပေးနေခြင်း ဖြစ်သည်။

​ ဒီလို နက်ရှိုင်းလှတဲ့ ယုံကြည်မှုကြောင့် လျူယွမ်တစ်ယောက် တကယ်ပဲ မိန်းမကောင်းတစ်ယောက်ကို ရရှိထားခဲ့မှန်း ပိုပြီး သိရှိသွားခဲ့ရသည်။

​ “ဟုတ်ပါပြီ... ဟုတ်ပါပြီ... ချစ်တယ် မိန်းမရေ...”

​ စုချင်းရွှယ်က မိမိကိုယ်ကိုယ် အနမ်းပေးလိုက်သည်။

​ ဒါက စိတ်ဝေဒနာ ခံစားနေရသူတစ်ဦးနှင့်ပင် တူနေတော့သည်။

​ ထူးဆန်းအံ့သြဖွယ် ခံစားချက်တို့ဖြင့် ပြည့်နှက်နေလေ၏။

​ “မောင်... ကျွန်မရဲ့ ပျော်ရွှင်မှုကို မြည်းစမ်းကြည့်ချင်လား...” သူမက လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။

​ “မိန်းမ... ဘာပျော်ရွှင်မှု...”

​ လျူယွမ် စကားပင် မဆုံးသေးမီ မူးဝေမှုကို ခံစားလိုက်ရပြီး သူ၏ ယင်ဝိညာဉ်က ချက်ချင်းဆိုသလို မိမိရုပ်ခန္ဓာထဲသို့ ပြန်လည် ရောက်ရှိသွားတော့သည်။

​ သူ့တစ်ကိုယ်လုံး ချွေးစေးများ ပြန်လာခဲ့သည်။

​ ဇနီးဖြစ်သူ၏ ခန္ဓာကိုယ်က နတ်ဘုရားအဆင့် ရှိသဖြင့် သူ၏ ဝိညာဉ်အဆင့်ဖြင့် ရေရှည် ထိန်းချုပ်ရန် ခက်ခဲလွန်းလှသည်။

​ တစ်မိနစ်ပင် မပြည့်သေးခင်မှာတင် သူ့ရဲ့ အကန့်အသတ်ကို ရောက်ရှိသွားခြင်း ဖြစ်သည်။

​ ကျင့်ကြံမှု တိုးတက်လာမှသာ အချိန်ပိုပေးနိုင်လိမ့်မည် ဖြစ်သည်။

​ လျူယွမ် ကုတင်ပေါ်ကနေ ဗုန်းကနဲ ထထိုင်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူနေရသည်။

​ “မောင်... အဆင်ပြေရဲ့လား...” စုချင်းရွှယ်က ကုတင်ဘေး စားပွဲပေါ်ကနေ အဖြူရောင် ဆေးလုံးတစ်လုံးကို အမြန်ကောက်ယူကာ လျူယွမ်၏ နှုတ်ခမ်းဝသို့ တေ့ပေးလိုက်သည် - “ရော့... ဆေးလေး သောက်လိုက်ဦး...”

​ ဒါက အဘွားစွန်းက အချင်းကို သုံးပြီး ဖော်စပ်ထားတဲ့ [လျှို့ဝှက်ဆန်းကြယ် အားဖြည့်ဆေးလုံး] ဖြစ်ပြီး အလွန် အာဟာရဖြစ်စေသည်။

​ လျူယွမ် ဆေးလုံးကို မျိုချလိုက်ပြီးနောက်မှ ဖြည်းဖြည်းချင်း ပြန်လည် သက်သာလာခဲ့သည်။

​ “မိန်းမ... မင်းရဲ့ ခန္ဓာကိုယ်ကို ဒီတိုင်း ဝင်လို့မရဘူးပဲ...”

​ “စွမ်းအင်ကုန်ဆုံးမှုက ကြီးမားလွန်းတယ်...”

​ လျူယွမ်က သူတို့နှစ်ဦးကြားက သက်ရှိအဆင့်အတန်း ကွာဟချက်ကို သိရှိလိုက်လေသည်၊ ဒါဟာ လူသားနှင့် နတ်ဘုရားကြား ကွာဟချက်မျိုးပင် ဖြစ်သည်။

​ နတ်ဘုရား အဆင့်ဆိုတာ သိုင်းပညာကျင့်ကြံခြင်းရဲ့ အမြင့်ဆုံး နယ်ပယ်ဖြစ်ပြီး၊ ဆဲလ်တိုင်းတွင် တောင်တန်းနှင့် မြစ်ချောင်းများကိုပါ ဖောက်ခွဲဖျက်ဆီးနိုင်သော ကြောက်မက်ဖွယ် ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များ တည်ရှိနေခြင်း ဖြစ်သည်။

​ သူ့ရဲ့ ယင်ဝိညာဉ်ကတော့ [နတ်ဘုရားဘွဲ့နှင်းခြင်း လမ်းစဉ်] ရဲ့ အစပျိုးအဆင့်မျှသာ ရှိသေးသည်။

​ မိမိ၏ ယင်ဝိညာဉ်ဖြင့် ဇနီးဖြစ်သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ ကြိုးစားခြင်းက မြင်းငယ်လေးက ဧရာမ ရထားလုံးကြီးကို ဆွဲရန် ကြိုးစားနေသကဲ့သို့... အင်အားချင်း မမျှတလွန်းချေ။

​ “မောင်ကလည်း... ဒီအဆင့်နဲ့ တင် စက္ကန့်ငါးဆယ်လောက် ထိန်းထားနိုင်တာ တော်တော်လေးကို အထင်ကြီးဖို့ ကောင်းနေပါပြီ...”

​ စုချင်းရွှယ်က နှစ်သိမ့်စကား ပြောရင်း၊ သူ့လည်ပင်းကို သိုင်းဖက်ကာ တိုးတိုးလေး ပြောလိုက်သည် - “နောင်ကျရင် မောင် ကျွန်မရဲ့ ခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်လိမ့်မယ်ဆိုတာ ကျွန်မ ယုံကြည်တယ်...”

All Chapters