← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အပိုင်း (၂၆)

​"လင်းဝေဝေတစ်ယောက် ဒီနေ့ ဘာတွေစိတ်ရူးထပြီး လာမြူဆွယ်နေတာလဲ မသိဘူး"

​ လျူယွမ်က ရုံးခန်းထဲက ထွက်လာရင်း တစ်ခုခု ထူးဆန်းနေသလို ခံစားလိုက်ရသည်။

​ သူ့ရဲ့ လက်ထောက်ဖြစ်တဲ့ လင်းဝေဝေဟာ ပုံမှန်ဆိုရင် တော်တော်လေး လည်ဝယ်ဖျတ်လတ်ပြီး ဘာလုပ်သင့်၊ ဘာမလုပ်သင့်ဆိုတာကို ကောင်းကောင်းသိတဲ့သူ ဖြစ်သည်။

​ ဒါဆို ဒီနေ့ကျမှ သူမကိုယ်သူမ ဘာလို့ မထိန်းချုပ်နိုင်ရတာလဲ။

​ မီးဖွားပြီးစ ကာလအတွင်း အမျိုးသားနဲ့ ဝေးကွာနေခဲ့ရတာ ကြာသွားလို့ ဟော်မုန်းတွေ ဖောက်ပြန်သွားတာများလား။

​ လျူယွမ်က မုတ်ဆိတ်မွေးကို သပ်ရင်း နိဂုံးချုပ်လိုက်သည် -

ကြည့်ရတာ ငါကပဲ အရမ်းထူးချွန်ပြီး ဆွဲဆောင်မှု ရှိလွန်းနေလို့ ဖြစ်ရမယ်၊ အိမ်ထောင်သည်မိန်းမတွေတောင် ငါ့ရဲ့ ညို့ဓာတ်ကို မတွန်းလှန်နိုင်ကြပါလား။

​ အဲဒီအချိန်မှာတင်…

​ သူ့ရဲ့ ဖုန်းက မြည်လာပြီး မက်ဆေ့ခ်ျတစ်ခု ဝင်လာခဲ့သည်။

​ ပို့လိုက်တဲ့သူရဲ့ နာမည်က - ယွီထန်။

​ လျူယွမ်၏ မျက်ခုံးများ လှုပ်ခါသွားသည်။

ဒါ... သူ့ရဲ့ အထက်တန်းကျောင်းတုန်းက အတန်းဖော်ကောင်မလေး မဟုတ်ပါလား။ ယောက်ျားလေးတိုင်းရဲ့ စိတ်ကူးယဉ် အသည်းစွဲ၊ နှလုံးသားထဲက အဖြူရောင် လမင်းလေးပေါ့။

​ ယွီထန် - "ဟိုင်း~ မတွေ့ရတာ ကြာပြီနော်။ ငါ အခု လင်အန်းမှာ အလုပ်လုပ်နေတာ။ ဒီနေ့ည ညစာအတူတူ စားကြမလား၊ နင့်ကို ပြောစရာ စကားလည်း ရှိလို့"

​ လျူယွမ် - "ဖုန်းထဲကပဲ ပြောလေ"

​ လူချင်း အဆက်အသွယ်ပြတ်နေတာ ငါးနှစ်တောင် ရှိပြီပဲ၊ ဘာလို့ ရုတ်တရက်ကြီး ပေါ်လာရတာလဲ။ ပြီးတော့ ညစာစားဖို့ပါ ချိန်းနေသေးတယ်။

​ ယွီထန် - "အင်း… တကယ်တော့လေ… ငါ အထက်တန်းကျောင်းတုန်းက နင့်ကို ခိုးချစ်ခဲ့ရတာ"

​ လျူယွမ် - "..."

​ ယွီထန် - "ငါ့ဘဝမှာ ဘာနောင်တမှ မကျန်ခဲ့ချင်ဘူး။ လျူယွမ်… ငါတို့... အစကနေ ပြန်စလို့ ရမလား"

​ ဝါး……

​ ကျောင်းတုန်းက ကောင်မလေးက ရုတ်တရက်ကြီး ပေါ်လာပြီး အချစ်ကို ဖွင့်ဟဝန်ခံနေပါလား။

ဒီနေ့ ငါ့ရဲ့ အချစ်ရေးကံဇာတာတွေ ထူးထူးဆန်းဆန်း တက်နေပါလား။

​ မရိုးမသား တစ်ခုခုတော့ ရှိနေပြီ။

​ လျူယွမ်၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ပြန်စာပို့လိုက်သည် - "ပြန်စရမှာလား… သွားစမ်းပါ၊ တစ်နေရာရာမှာ သွားပြီး အေးအေးဆေးဆေး နေလိုက်ဦး၊ ငါ အိမ်ထောင်ကျနေပြီ"

​ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အသံဖိုင်တစ်ခု ပို့လာခဲ့သည်။ သူမ၏ အသံထဲတွင် အနည်းငယ် ဝမ်းနည်းစိတ်ဆိုးဟန်နှင့် ဇွတ်တရွတ်ဆန်မှုတို့ ရောပြွမ်းနေပြီး - "ရပါတယ်… ဒီနေ့ည ကျောင်းဂိတ်ဝနားက ဘားမှာ ငါ စောင့်နေပါ့မယ်၊ ညစာစားရုံ သက်သက်ပါပဲ။ နင်က… ငါ့ကိုတောင် လာတွေ့ဖို့ သတ္တိမရှိတာလား"

​ လျူယွမ်ကတော့ သေချာပေါက် သွားမှာမဟုတ်‌ပေ။

ဒါဟာ ထောင်ချောက်တစ်ခုပဲလို့ သူ အလိုလို ခံစားနေရသည်။

​ “ဟ… ဘယ်သူနဲ့ ချက်တင်ထိုင်ပြီး အီစီကလီနေတာလဲ" ယဲ့ချိုးဟုန်က ဘေးကနေ တိုးကပ်လာပြီး လျူယွမ်ရဲ့ ပခုံကို သိုင်းဖက်လိုက်သည်။

​ "ကျောင်းတုန်းက ကောင်မလေးနဲ့"

​ "အိုဟို…" ယဲ့ချိုးဟုန်ရဲ့ မျက်လုံးတွေ ဝင်းခနဲ ဖြစ်သွားပြီး - "မောင်မင်းကြီးသားက ရုံးကို တကူးတက လာတယ်ဆိုတာက မိန်းမနောက်ကွယ်မှာ အီစီကလီ လုပ်နေတာကိုး"

​“ မင်း လျှောက်တွေးနေတာပဲ”

​ "ဘယ်သူက ယုံမှာလဲ" ယဲ့ချိုးဟုန်က မျက်စိတစ်ဖက် မှိတ်ပြရင်း - "သူမနဲ့ ငါ့ကို မိတ်ဆက်ပေးရင်တော့ ယုံမယ်"

​ "ပြဿနာမရှိဘူး" လျူယွမ်က အလွယ်တကူပဲ သဘောတူလိုက်သည် - "သူမရဲ့ လိပ်စာနဲ့ ဓာတ်ပုံကို မင်းဖုန်းထဲ ပို့ပေးလိုက်ပြီ။ ဒီနေ့ည မင်းပဲ သူမနဲ့ သွားပြီး ညစာစားလိုက်တော့"

​ ယဲ့ချိုးဟုန်တစ်ယောက် လုံးဝ မှင်တက်သွားကာ - "ဟာ… တကယ်ကြီးလား၊ ဒီလောက် ကောင်းတဲ့အကွက် ရှိတယ်ပေါ့။ အတည်ပြောနေတာလား၊ ငါ ဒီနေ့ည တကယ်သွားမှာနော်"

​ လျူယွမ်က ခေါင်းညိတ်ပြပြီး - "သွားကြည့်ပြီး အဲဒီကောင်မလေးမှာ ဘာတွေ ပုံမှန်မဟုတ်တာ ရှိလဲဆိုတာ သေချာ စောင့်ကြည့်ခဲ့ဦး"

​ တစ်စုံတစ်ခုသော သဲလွန်စကို ရှာဖွေနိုင်ကောင်း ရှာဖွေနိုင်ပေလိမ့်မည်။

​ "ဒါနဲ့" လျူယွမ်က စကားလမ်းကြောင်းလွှဲလိုက်ပြီး - "လူဝင်မှုကြီးကြပ်ရေးဌာနက မကြာသေးခင်က S-အဆင့် တရားမဝင် ခိုးဝင်လာတဲ့ ဖြစ်စဉ်မျိုးကို စုံစမ်းမိတာ ရှိလား"

​ "လွန်ခဲ့တဲ့ ရက်ပိုင်းက ဖြစ်မယ်ထင်တယ်" ယဲ့ချိုးဟုန်က စဉ်းစားရင်း ပြောလိုက်သည် - "ဒါပေမဲ့ အချက်ပြမှုက အရမ်းအားနည်းတယ်၊ ပြီးတော့ ငါတို့ လင်အန်းမြို့ရဲ့ စီရင်ပိုင်ခွင့်နယ်မြေထဲမှာလည်း မဟုတ်ဘူး။ မြေငလျင်တိုင်းကိရိယာကလည်း အတိအကျ တည်နေရာကို မဖော်ပြနိုင်ဘူး"

​ "ဘာလဲ… မင်းက အဲဒီအမှုကို လွှဲယူပြီး စုံစမ်းချင်လို့လား"

​ "ဒီတိုင်း မေးကြည့်တာပါ၊ နောက်လအနည်းငယ်အတွင်းမှာ ငါက အိမ်မှာပဲ မိန်းမကို ပြုစုရင်း အချိန်ဖြုန်းရမှာ" လျူယွမ်က ခေါင်းခါလိုက်သည်။ အခုတော့ သူ သေချာသွားပါပြီ၊ အဆုံးမဲ့ကောင်းကင်ဘုံက လူလွှတ်လိုက်တာပဲ ဖြစ်ရပေမည်။

​ သူ့မိန်းမရဲ့ ဆရာဖြစ်တဲ့ ယွန်းမြောင်လည်း ဖြစ်နိုင်တာပဲ။

ဒါပေမဲ့ သူတို့က ရောက်လာပြီးတာတောင် လုံးဝ ပေါ်မလာကြသေးဘူး၊ တော်တော်လေးကို သည်းခံနိုင်ကြတာပဲ။

​ "ဟေး… စောစောက ပြောတဲ့ ကောင်မလေး အကြောင်းက တကယ်ကြီးလား၊ ငါ့ကို ညာနေတာတော့ မဟုတ်ပါဘူးနော်" ယဲ့ချိုးဟုန်က စိတ်မချသေးဘဲ ထပ်မေးလိုက်သည်။

​ လျူယွမ်က သူ့ပခုံးကို ပုတ်ပေးလိုက်ရင်း - "တကယ်ကြီးပေါ့ဟ"

​ အဲဒီအချိန်မှာတင် ညွှန်ကြားရေးမှူး မုပိုင်ရဲ့ ရုံးခန်းတံခါး ပွင့်လာခဲ့သည်။

​ "လျူယွမ်… ငါ့ရုံးခန်းထဲ လာခဲ့ဦး"

​ ရုံးခန်းထဲတွင် မုပိုင်က လျူယွမ်ကို ထိုင်ရန် အမူအရာ ပြလိုက်ပြီး မျက်နှာက အလွန် လေးနက်နေသည်။

"မင်းကို ပြောစရာ အလွန်လျှို့ဝှက်တဲ့ ကိစ္စတစ်ခု ရှိတယ်"

​ လျူယွမ်က ခုံအမှီကို မှီချလိုက်ရင်း ငြင်းဆန်လိုက်သည် - "ညွှန်ကြားရေးမှူး… ကျွန်တော် မကြားချင်ယောင်ဆောင်လို့ မရဘူးလား"

​ "မရဘူး" မုပိုင်က သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်ပြီးမှ ဗြုန်းခနဲ ပြောချလိုက်သည် - "နောက်နှစ်လနေရင် နတ်ဘုရားအိုကြီးက လင်အန်းမြို့ကို လျှို့ဝှက်ခရီးစဉ် လာလိမ့်မယ်၊ ပြီးတော့ မြို့ဟောင်းဆီ သွားပြီး လူထုကို တွေ့ဆုံအားပေးဖို့ ရှိတယ်။ ငါမှတ်မိသလောက်တော့ မင်းတို့မိသားစုက အဲဒီအရပ်မှာ နေတာဆိုတော့ အဲဒီအချိန်ကျရင် အခြေအနေတွေကို သေချာ မျက်စိဒေါက်ထောက် စောင့်ကြည့်ပေးထားဦး"

​ “ဒါပဲလား…”

​ လျူယွမ်က ပခုံးတွန့်ပြရင်း ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်သည်။

ဒါပေမဲ့ စိတ်ထဲမှာတော့ ထိုနတ်ဘုရားအိုကြီးကို သေဒဏ် ပေးလိုက်ပြီးသား ဖြစ်သည်။

​ ဒီအဘိုးကြီးက ငါ့မိန်းမကို ချိန်နေတာပဲ။

ဘာလို့ ငါ့မိန်းမ ကလေးမွေးခါနီး အရေးကြီးတဲ့ အချိန်ကျမှ ရွေးပြီး လာရတာလဲ၊ သူတို့ရဲ့ ရည်ရွယ်ချက်က တကယ့်ကို ယုတ်မာလွန်းလှပေသည်။

​ မုပိုင်က လျူယွမ်ကို လေးနက်စွာ စိုက်ကြည့်ပြီး ဆက်ပြောသည် - "ငါ သံသယရှိတာကတော့ လင်အန်းမြို့ရဲ့ လမ်းဟောင်းထဲမှာ နောက်ထပ် ကောင်းကင်ဘုံနတ်ဘုရားတစ်ပါး ပုန်းအောင်းနေတယ်… ဒါပေမဲ့ ဘယ်သူလဲဆိုတာ အတိအကျ မသိရသေးဘူး။ လွန်ခဲ့တဲ့ သုံးနှစ်က ရောက်လာတာလို့ပဲ သိထားတယ်။ မင်း ငါ့ကို စုံစမ်းပေးနိုင်မလား"

​ တကယ်တော့ သူလည်း အတော်များများကို ရိပ်မိထားပြီးသား ဖြစ်သည် - ထိုနတ်ဘုရားဆိုသည်မှာ လျူယွမ်၏ ဇနီးပင်။

စိတ်မကောင်းစရာကတော့ လျူယွမ်ရဲ့ ဇနီး စုချင်းရွှယ်က ကလေးမွေးတော့မှာ ဖြစ်သည်။

​ ဒါပေမဲ့ မုပိုင်ကတော့ ကောင်းကင်ဘုံနဲ့ လူသားတွေကြားက ပဋိပက္ခထဲမှာ ဝင်မပါချင်ပေ၊ အဲဒါက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပင် ဖြစ်သည်။ သူက နောက်ထပ် နှစ်အနည်းငယ်လောက် ဆက်ပြီး အသက်ရှင်ချင်သေးသည်။

သူ လုပ်ပေးနိုင်တဲ့ တစ်ခုတည်းသော မျက်နှာသာကတော့ လျူယွမ်ကို ဒီအလွန်လျှို့ဝှက်တဲ့ သတင်းအချက်အလက်ကို ပေးလိုက်တာပင်။

​ သူ့မိန်းမက တကယ့်ကို ထူးခြားတဲ့သူ မဟုတ်ပါလား။

လျူယွမ်က စတုတ္ထအဆင့် သိုင်းရဲကောင်းမျှသာဖြစ်ပြီး သိုင်းဂိုဏ်းချုပ်အဆင့်ဖြစ်တဲ့ မုပိုင်နဲ့ ယှဉ်ရင် အင်အားက အဝေးကြီး လိုနေသေးသည်။

ဒါပေမဲ့ ကောင်းကင်ဘုံနတ်ဘုရားမရဲ့ အနားမှာ ကပ်ပြီး အချိုသတ် စကားလုံးတွေ ပြောနိုင်စွမ်းရှိတဲ့ လျူယွမ်ရဲ့ စွမ်းရည်ကတော့ ဒီကမ္ဘာကြီးကိုတောင် ဖျက်ဆီးပစ်နိုင်လောက်သည်။

​ လျူယွမ်လည်း မုပိုင်ရဲ့ ဆိုလိုရင်းကို နားလည်လိုက်သည်။

အရာရှိလောကထဲမှာ ကျင်လည်ခဲ့တာ ကြာပြီမို့ တချို့သော ကိစ္စတွေက မပြောလည်း သိနေသည်။

မုပိုင် ပြောချင်တာကို ဘာသာပြန်လိုက်ရင်တော့ -

မင်းမိန်းမက ကောင်းကင်ဘုံကဆိုတာ ငါသိတယ်၊ အခု နောက်ထပ်တစ်ယောက်က ပြဿနာရှာဖို့ လာနေပြီ။ ငါကတော့ ဝင်မရှင်းရဲဘူး၊ မင်းဘာသာမင်းပဲ ကိုင်တွယ်တော့

​ "ကျွန်တော် စုံစမ်းကြည့်လိုက်ပါ့မယ်" လျူယွမ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

​ "ဒါဆိုရင်တော့ ပြီးတာပဲ" မုပိုင်က လက်ဝှေ့ယမ်းပြပြီး လျူယွမ်ကို ထွက်သွားခွင့် ပြုလိုက်သည်။

​ လျူယွမ် ထွက်ခွာသွားတဲ့ ကျောပြင်ကို ကြည့်ရင်း မုပိုင်တစ်ယောက် တွေးတောနေမိသည်။

သူ့မိန်းမက တကယ်ပဲ လွန်ခဲ့တဲ့ သုံးနှစ်က ကမ္ဘာမြေကို ဆင်းသက်လာတဲ့ နတ်ဘုရားများ ဖြစ်နေမလား။

ဒါပေမဲ့ အလွန် သံသယဖြစ်စရာကောင်းတဲ့ အချက်တစ်ချက် ရှိနေသေးသည်။

​ လျူယွမ်ရဲ့ ဇနီးက ကိုယ်ဝန်ရှိနေတာပင်။

သာမန်လူသားတစ်ယောက်က ကောင်းကင်ဘုံက နတ်ဘုရားတစ်ဦးကို ဘယ်လိုနည်းနဲ့ ကိုယ်ဝန်ရအောင် လုပ်နိုင်မှာလဲ။

ဒါက ဘယ်လိုမှ မဖြစ်နိုင်တဲ့ အချက်ပင်။

​ လူသားနဲ့ ကောင်းကင်ဘုံနတ်ဘုရားတွေက မျိုးစိတ်ချင်း လုံးဝမတူဘူးဆိုတာ သိထားဖို့ လိုအပ်သည်။

ဒါက သိုင်းပညာ ကျင့်ကြံမှု အဆင့်အတန်းနဲ့ တိုက်ရိုက် သက်ဆိုင်နေတာ ဖြစ်သည်။

​ ပထမ၊ ဒုတိယနဲ့ တတိယအဆင့်တွေကို သိုင်းပညာရှင်လို့ ခေါ်ပြီး သူတို့ရဲ့ ကျင့်စဉ်က အဓိကအားဖြင့် အပြင်ပိုင်း ကျင့်ကြံမှု ဖြစ်ကာ ကျင့်စဥ်ပညာရပ်တွေ သုံးပြီး အရေပြား၊ ခြေလက်နဲ့ သွေးသားတွေကို သန်မာအောင် လုပ်ကြတာ ဖြစ်သည်။

စတုတ္ထ၊ ပဉ္စမနဲ့ ဆဋ္ဌမအဆင့်တွေကိုတော့ သိုင်းရဲကောင်းလို့ ခေါ်ပြီး အတွင်းပိုင်း ကျင့်ကြံမှု ဖြစ်ကာ ကိုယ်တွင်းအင်္ဂါငါးပါးနဲ့ အကြောအခြင်တွေကို အဓိကထား ကျင့်ကြံကြသည်။

သတ္တမ၊ အဋ္ဌမနဲ့ နဝမအဆင့်တွေကိုတော့ သိုင်းဂိုဏ်းချုပ်အဆင့်လို့ ခေါ်သည်။ သူတို့က ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေကို ကျော်လွန်သွားကြပြီး ဆဲလ်တွေကို အခြေခံကာ ကျင့်ကြံကြတာကြောင့် ဆဲလ်တစ်ခုချင်းစီကို အရည်အသွေး ပြောင်းလဲစေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေကာ အသက်ရှည်မှုကို ရရှိစေတာ ဖြစ်သည်။

​ မုပိုင်ကတော့ အဋ္ဌမအဆင့် သိုင်းဂိုဏ်းချုပ်အဆင့် ဖြစ်သည်။ သူက ကြည့်ရတာ ငယ်ပုံရပေမဲ့ တကယ်တော့ အသက်ခြောက်ဆယ်၊ ခုနစ်ဆယ်ဝန်းကျင် ရှိနေပြီ ဖြစ်သည်။

မုပိုင် သိထားသလောက်တော့ ဒသမအဆင့်က နတ်ဘုရားအဆင့် ဖြစ်သည်။

ကောင်းကင်ဘုံနတ်ဘုရားတွေရဲ့ ကျင့်ကြံမှုအဆင့်က ဆဲလ်တွေထက် ပိုပြီး သေးငယ်တဲ့ မော်လီကျူးအဆင့်၊ အဓိပ္ပာယ်ကျဉ်းကျဉ်းနဲ့ ပြောရရင် မျိုးရိုးဗီဇအဆင့်အထိ ရှိတာ ဖြစ်သည်။

ကောင်းကင်ဘုံသက်ရှိတွေရဲ့ မျိုးရိုးဗီဇက လိမ်ယှက်နေသော လှေကားထစ်ပုံသဏ္ဍာန် မဟုတ်ကြပေ။

ဒါကြောင့် သူတို့နှစ်ဦးကြားမှာ "နတ်ဘုရားအတားအဆီး" လို့ ခေါ်တဲ့ လုံးဝ ကျော်ဖြတ်လို့မရတဲ့ မျိုးပွားခြင်းဆိုင်ရာ အတားအဆီး ရှိနေတာ ဖြစ်သည်။

​ ဒါပေမဲ့ သာမန် စတုတ္ထအဆင့် သိုင်းရဲကောင်းမျှသာ ရှိတဲ့ လျူယွမ်က ဒီအတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့သည် မဟုတ်ပါလား။

ဒါက တကယ့်ကို မဖြစ်နိုင်တာပဲ… ဝက်တစ်ကောင် သစ်ပင်ပေါ် တက်တာထက်တောင် ပိုပြီး မဖြစ်နိုင်သေးတယ်။

​ "ငါပဲ လျှောက်တွေးနေတာလား မသိဘူး"

ဒီအချက်ကြောင့်ပဲ မုပိုင်ဟာ စုချင်းရွှယ်က ကောင်းကင်ဘုံက လာတာပါလို့ ရာနှုန်းပြည့် မသေချာခြင်း ဖြစ်သည်။

"ဒါက တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ"

​ အိမ်အပြန်လမ်းမှာတော့ လျူယွမ်က ကောင်းကင်ဘုံနတ်ဘုရားတွေရဲ့ အကြောင်းကိုပဲ တွေးတောနေခဲ့သည်။

သူက စူပါမားကတ်တစ်ခု ဘေးကနေ ဖြတ်သွားရင်း အိမ်သုံးပစ္စည်းအချို့ ဝယ်ဖို့ ဝင်လိုက်သည်။

​ လျူယွမ်က ရေခဲသေတ္တာတံခါးကို ဖွင့်ပြီး အအေးခံထားတဲ့ ကိုကာကိုလာပုလင်းကို လှမ်းယူလိုက်သည်။

သူ့ရဲ့ လက်ချောင်းတွေ ပုလင်းကို ထိခါနီးအချိန်မှာတင် ဘေးကနေ ဖြူဖွေးနုနယ်တဲ့ လက်ကလေးတစ်ဖက်က လှမ်းယူလိုက်သည်။

ရေခဲသေတ္တာရဲ့ အေးမြတဲ့ အခိုးအငွေ့တွေကြားမှာ သူတို့နှစ်ဦးရဲ့ လက်တွေက အမှတ်မထင် ပွတ်တိုက်မိသွားခဲ့သည်။

​ လျူယွမ်က အလိုလို လက်ကို ပြန်ရုပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။

သူမက ရိုးရှင်းတဲ့ ဂါဝန်လေးတစ်ထည် ဝတ်ဆင်ထားတဲ့၊ ငယ်ရွယ်ပြီး လှပတဲ့ မိန်းကလေးတစ်ယောက် ဖြစ်သည်။

သူမရဲ့ ရုပ်ရည်က အပြစ်ပြောစရာမရှိအောင် လှပပြီး အထူးသဖြင့် သူမရဲ့ မျက်ဝန်းတွေက ဘာမှမရှိသလို လုံးဝ ကြည်လင်နေသည်။

​ "အို… တောင်းပန်ပါတယ်ရှင်" မိန်းကလေးက သူ့ကို ပြုံးပြလိုက်ရာ ချစ်စရာ ပါးချိုင့်လေးနှစ်ဖက် ပေါ်လာပြီး - "အစ်ကိုပဲ အရင်ယူလိုက်ပါ"

​ "မသောက်တော့ပါဘူး" လျူယွမ်က အခြားပစ္စည်းတွေကို ရွေးဖို့ လှည့်ထွက်ခဲ့သည်။ ဒီမိန်းကလေးက သူ့အနားကို အသံမထွက်ဘဲ ကပ်လာနိုင်တာကြောင့် သူမရဲ့ သိုင်းပညာက သူ့ထက် မနိမ့်နိုင်ဘူးဆိုတာ သိလိုက်သည်။

​ “အစ်ကိုချောလေး…" မိန်းကလေးက သူ့နောက်ကို ကပ်လိုက်လာပြီး စကားစမြည် ပြောလာသည် - "ကျွန်မတို့ တစ်နေရာရာမှာ ဆုံဖူးသလိုပဲနော်၊ အစ်ကို့ကို ကြည့်ရတာ တော်တော်လေး ရင်းနှီးနေသလိုပဲ"

​ လာပြန်ပြီ

​ ရုံးမှာလည်း အချစ်စိတ်တွေ နိုးကြွနေတဲ့ အိမ်ထောင်သည်မိန်းမ ရှိသလို၊ ဖုန်းထဲမှာလည်း ရုတ်တရက်ကြီး ပြန်ပေါ်လာပြီး အချစ်ကို ဖွင့်ဟပြောနေတဲ့ ကျောင်းတုန်းကကောင်မလေး ရှိနေသေးတယ်…..

အခု စူပါမားကတ်မှာ ပစ္စည်းဝယ်နေတာတောင် အလွန်လှပတဲ့ မိန်းကလေးက လာပြီး စကားစပြောနေပြန်ပြီ။

ဒါက ငါ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ပေါ်ပေါ်ထင်ထင် စမ်းသပ်နေတာ မဟုတ်ပါလား။

ဆရာကြီးရယ်… ကျေးဇူးပြုပြီး ခင်ဗျားရဲ့ တန်ခိုးတွေကို ရပ်လိုက်ပါတော့။

​ "ဟေး… ဘာလို့ ဘာမှမပြောတာလဲ၊ ကျွန်မက အစ်ကို့ကို ဝါးစားမှာကို ကြောက်နေတာလား"

မိန်းကလေးက ရယ်မောလိုက်ရာ သူမရဲ့ အသံက‌လေးက အလွန်ပင် သာယာနေသည်။

"ကျွန်မနာမည် လျူစစ်ယဉ် လို့ ခေါ်တယ်၊ မိတ်ဖွဲ့လို့ ရမလား"

​ နေဦး…

သူမရဲ့ မျိုးရိုးနာမည်ကလည်း လျူ ပဲလား။

​ "လျူဟွာချန်က မင်းနဲ့ ဘာတော်လဲ" လျူယွမ်ရဲ့ ထက်မြက်တဲ့ မျက်ဝန်းတွေက တရားခံကို စစ်ဆေးနေတဲ့ ပုံစံအတိုင်း ဖြစ်သွားသည်။

​ "ကျွန်မရဲ့ အဘိုးလေ" လျူစစ်ယဉ်ရဲ့ အပြုံးတွေ ပျောက်ကွယ်သွားခဲ့သည်။ သူမက လျူယွမ်ရဲ့ အနားကို တိုးကပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည် -

"ကျွန်မ အစ်ကို့ကို ကောင်းကင်ဘုံနတ်ဘုရားတွေကို ကိုင်တွယ်ဖို့ ကူညီပေးနိုင်တယ်"

​ “ဘာနဲ့ အလဲအလှယ် လုပ်ရမှာလဲ" လျူယွမ်က မေးလိုက်သည်။

​ "ကျွန်မနဲ့ အတူတူ နေပေးရမယ်…"

All Chapters