← Chapters

အခန်း ၄၁၇

Vol. 42 Ch. 417

အခန်း ၄၁၇

Vol. 42 Ch. 417

အခန်း (၄၁၇) ပြည်သူ့စစ်

"ထူးဆန်းတယ် ဟုတ်လား..."

လီလန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။

"အဘိုးဝမ်... ကျားသစ်က ထူးဆန်းတယ်ဆိုတာ ဘာကို ပြောတာလဲ..."

သို့သော် မကြာမီမှာပင် သူသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ သက်ကယ်ခင်းတွင် ပေါ်လာသော သားရဲမှာ... အမှန်တကယ်ပင် ကျားသစ်တစ်ကောင် ဖြစ်နေသည်တည်း။

"နေဦး... အဲဒီသားရဲက ကျားသစ်လို့ အဘိုးပြောလိုက်တာလား..."

အဘိုးဝမ်က ခေါင်းညိတ်ပြလိုက်ရင်း…

"မျက်နှာအမာရွတ်နဲ့ ကျားသစ်တစ်ကောင်ပဲ... သူ့နောက်မှာ ကျားသစ်အမတစ်ကောင်လည်း ပါတယ် သက်ကယ်ခင်းပတ်ပတ်လည်မှာ လှည့်လည်သွားလာရင်း တစ်ခုခုကို ရှာနေသလိုမျိုး နေရာအနှံ့ လိုက်နမ်းနေတာ..."

အဘိုးဝမ်၌ လတ်တလော သတင်းအချက်အလက်များ ရှိနေသည်မှာ ထင်ရှားလှပေသည်။

လီလန်၏ ဦးနှောက်မှာ ဝုန်းခနဲ ဖြစ်သွားတော့၏။ မျက်နှာအမာရွတ်နှင့် ကျားသစ်။ သူ့နောက်တွင် ကျားသစ်အမတစ်ကောင် လိုက်ပါလာသည်။ ဤသည်မှာ လျှပ်စီး၏ အဖေနှင့် အမေ မဟုတ်ပါလော။

"တကယ့်ကို ထူးဆန်းတာပဲ... အဲ့ကျားသစ်က တောင်ပေါ်မှာ မနေဘဲ ဘာလို့ ရွာထဲဆင်းလာရတာလဲ..."

"ဟေ့... လီလန်... ဘာလို့ ထွက်သွားတာလဲ... ငါ စကားမဆုံးသေးဘူးလေ..."

လီလန်သည် ထိုအရာများကို ဂရုမစိုက်နိုင်တော့ပေ။ ၎င်းတို့မှာ လျှပ်စီး၏ မိဘများဖြစ်ကြောင်း ကြားလိုက်ရသည်နှင့်တပြိုင်နက်၊ မောင်းအာတောင်တွင်လည်း ပြည်သူ့စစ်အဖွဲ့က စောင့်ကြပ်နေသည်ကို သိထားသဖြင့် ကျားသစ်ဇနီးမောင်နှံ တစ်ခုခုဖြစ်သွားမည်ကို လီလန် စိုးရိမ်မိကာ မိမိ၏ အိမ်ဝိုင်းဆီသို့ အလျင်အမြန် ပြန်ပြေးခဲ့တော့သည်။

သားဖြစ်သူ ပြန်ရောက်လာသည်ကို မြင်သောအခါ လီတာ့ဟိုင်က အံ့အားသင့်စွာဖြင့် မေးလိုက်၏။

"ဘာလို့ ဒီလောက်မြန်မြန် ပြန်ရောက်လာတာလဲ..."

"သက်ကယ်ခုတ်လို့ပြီးပြီလား..."

လီလန်က ပြန်မဖြေဘဲ ခွေးအိမ်ဆီသို့ ပြေးသွားကာ အတွင်းသို့ ကြည့်လိုက်ရာ ကျားသစ်ပေါက်စ လျှပ်စီးမှာ ရှိမနေပေ။ သူသည် ခွေးအိမ်ထဲမှ အမြန်ပြန်ထွက်လာရင်း…

"အဖေ... လျှပ်စီး ဘယ်မှာလဲ..."

"လျှပ်စီး ဘယ်ရောက်သွားလဲ..."

"လျှပ်စီးက ဘယ်သူလဲ..."

လီတာ့ဟိုင်မှာ လန့်သွားရသည်။

"ကျားသစ်ပေါက်စလေးလေ..."

လီလန်က ရှင်းပြလိုက်၏။

"ဪ... အဲဒီကောင်လေးကို ပြောတာလား... သူက အတွင်းခန်းထဲမှာ မင်းရဲ့ ညီမဖြစ်သူများနှင့် ဆော့နေတယ်လေ..."

လီလန်သည် အတွင်းခန်းထဲသို့ အပြေးအလွှား ဝင်သွားရာ ထိုကောင်လေးအား သူ၏ ညီမဖြစ်သူများက သားရေကွင်းများဖြင့် အမွှေးများ စည်းပေးနေသည်ကို မြင်လိုက်ရသည်။ သူသည် ကျားသစ်ပေါက်စကို ကောက်ချီလိုက်ရင်း…

"လျှပ်စီး... သွားကြစို့..."

ဒုတိယညီမလီထျန်းက အလျင်အမြန် မေးလိုက်၏။

"အစ်ကို... ကျားသစ်ပေါက်စကို ဘယ်ခေါ်သွားမလို့လဲ..."

"သူ့အဖေနဲ့ အမေဆီ သွားရှာမလို့..."

လီလန်သည် ဤစကားကို ပြောကြားကာ အနောက်သို့ လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။ မထွက်ခွာမီ ဘေးကင်းစေရန်အတွက် လီလန်သည် သူ၏ အမဲလိုက်သေနတ်နှင့် ပိုင်လုံကိုလည်း ခေါ်ဆောင်သွားခဲ့သည်။ လီလန် ပွေ့ချီထားသော ကျားသစ်ပေါက်စလေးသည် လုံးဝ ရုန်းကန်ခြင်းမရှိဘဲ အလွန်ပင် လိမ္မာလှပေသည်။

"လိမ္မာတယ်... မကြာခင် မင်းရဲ့ အဖေနဲ့ အမေကို တွေ့ရတော့မယ်..."

လီလန်သည် ရွာလမ်းအတိုင်း မောင်းအာတောင်ဘက်သို့ အလျင်အမြန် လျှောက်လှမ်းခဲ့သည်။ မျက်နှာအမာရွတ်နှင့် ကျားသစ်နှင့် ကျားသစ်အမတို့သည် ကျားသစ်ပေါက်စ လျှပ်စီးကို ရှာဖွေရန် တောင်ပေါ်မှ ဆင်းလာခြင်း ဖြစ်နိုင်ကြောင်း လီလန် ခန့်မှန်းလိုက်မိသည်။

"အဖွဲ့ခေါင်းဆောင်လီ... တောင်ပေါ်ကို အမဲလိုက်ဖို့ မသွားပြန်ဘူးလား..."

"အဖွဲ့ခေါင်းဆောင်လီ... ဘယ်သွားမလို့လဲ..."

"အဖွဲ့ခေါင်းဆောင်လီ... မီးနဂါးမုဆိုးအဖွဲ့မှာ လူလိုသေးလား... ကျွန်တော်လည်း ဝင်ချင်လို့ပါ..."

"..."

လမ်းခရီးတွင် လီလန်သည် ရွာသားအမြောက်အမြားနှင့် တိုးခဲ့သည်။ ထိုရွာသားများသည် လီလန်အား တက်ကြွစွာ နှုတ်ဆက်ကြပြီး အလွန်ရိုသေစွာဖြင့် "အဖွဲ့ခေါင်းဆောင်လီ" ဟု ထပ်ခါတလဲလဲ ခေါ်ဆိုကြ၏။

ရွှမ်းရွှေရွာတွင် လီလန်၏ အဆင့်အတန်းမှာ ယခုအခါ ပြောင်းလဲသွားပြီဖြစ်သည်။ သူ၏ ထူးချွန်လှသော အမဲလိုက်ပညာရပ်များကြောင့် ရွာသားများကို အထူးပင် အထင်ကြီးလေးစားစေခဲ့သည်။ ယခုအခါ လီလန်၏ မီးနဂါးမုဆိုးအဖွဲ့ထဲသို့ ဝင်ရောက်နိုင်သူ မည်သူမဆို လီလန်နောက်လိုက်ကာ ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ရွာသားအားလုံး သိရှိထားကြသည်။

သို့သော် လီလန်၏ မုဆိုးအဖွဲ့တွင် တင်းကျပ်သော စစ်ဆေးမှုများရှိသဖြင့် သာမန်လူများ ဝင်ရောက်ရန် မလွယ်ကူပေ။ ယခုအချိန်အထိ တရားဝင်အဖွဲ့ဝင် လေးယောက်သာ ရှိသေးသည်။ ၎င်းတို့မှာ လီလန်ကိုယ်တိုင်၊ ကျန်းဝေ့ကော်၊ ကျောက်လျူနှင့် တိရစ္ဆာန်ကုဆရာဝန် ကျန်းရှောင်ဖုန်းတို့ ဖြစ်ကြ၏။

မုဆိုးအဖွဲ့ထဲသို့ ဝင်ရောက်လိုသဖြင့် လီလန်၏အိမ်သို့ လာရောက်ကြသော ရွာသားများ သို့မဟုတ် လီတာ့ဟိုင်ထံသို့ လက်ဆောင်ပစ္စည်းများ ယူဆောင်လာကာ စကားကောင်းပြောပေးရန် တောင်းဆိုကြသူများ မရှိသည်တော့ မဟုတ်ပေ။

သို့သော် လီလန်သည် ခြွင်းချက်မရှိဘဲ အားလုံးကို ငြင်းပယ်ခဲ့သည်။ သူသည် ဗောဓိသတ် သို့မဟုတ် သူတော်စင်တစ်ပါး မဟုတ်ရာ သတ္တဝါအားလုံးကို မည်ကဲ့သို့ ကယ်တင်နိုင်မည်နည်း။ ဤကဲ့သို့ အငတ်ဘေးဆိုက်နေသော ကာလ၌ မိမိ၏ မိသားစုဝင်လေးယောက်ကို ကျွေးမွေးနိုင်ခြင်း၊ ငယ်သူငယ်ချင်း အနည်းငယ်ကို ကူညီ စောင့်ရှောက်ပေးနိုင်ခြင်းတို့ဖြင့်ပင် လုံလောက်လှပြီဖြစ်သည်။

အခြားသူများအတွက်မူ သူ၌ အချိန်နှင့် စွမ်းအင် အလုံအလောက် မရှိသကဲ့သို့ သားကောင်များ ဖမ်းမိလျှင်ပင် လူများလွန်းပါက ခွဲဝေရန် လုံလောက်မည် မဟုတ်ပေ။ ဆင်းရဲလျှင် မိမိကိုယ်ကို စောင့်ထိန်းပြီး ချမ်းသာလျှင် လောကကို အကျိုးပြုရမည်ဟူသော မူဝါဒ ရှိပေသည်။

ထို့အပြင် လီလန်သည် နောက်လိုက် ရာဂဏန်းကျော်ရှိသော ချင်းလုံဂိုဏ်း၏ ဒုတိယခေါင်းဆောင်လည်းဖြစ်၏။ အကယ်၍ သူ အမှန်တကယ် အကူအညီလိုအပ်ပါက ချင်းလုံဂိုဏ်းထဲမှ အဘယ်ကြောင့် ရွေးချယ်ခြင်းမပြုဘဲ နေမည်နည်း။ ဂိုဏ်းဝင်များသည် အနည်းဆုံးတော့ ရွာရှိ လူငယ်အချို့ထက် ပိုမိုသတ္တိရှိပြီး ပြတ်သားကြပေသည်။

လီလန်သည် လမ်းသွားလမ်းလာ ရွာသားများကို ခေါင်းညိတ်ပြရင်း မကြာမီမှာပင် မောင်းအာတောင်ခြေသို့ ရောက်ရှိလာခဲ့သည်။

"ရှေ့မှာ သက်ကယ်ခင်းရှိတယ်... မင်းရဲ့ အဖေနဲ့ အမေက အဲဒီမှာ ရှိနေတာ..."

"မင်းရဲ့ အဖေနဲ့ အမေက မင်းကိုကြည့်ဖို့ တောင်ပေါ်က ဆင်းလာတာ ဖြစ်ရမယ်..."

မျက်နှာအမာရွတ်နှင့် ကျားသစ်နှင့် ကျားသစ်အမတို့သည် လျှပ်စီးကို ရှာဖွေရန် တောင်ပေါ်မှ ဆင်းလာခြင်းဖြစ်နိုင်သည်။ အမှန်တော့ လျှပ်စီးသည် လီလန်၏ ဆေးကုသမှု ခံယူရန် တောင်ပေါ်မှ ဆင်းလာခဲ့သည်မှာ အတန်ကြာပြီ ဖြစ်သည်။ ထို့ကြောင့် မျက်နှာအမာရွတ်နှင့် ကျားသစ်နှင့် ကျားသစ်အမတို့သည် သူ၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်မိကာ သူ၏ အနံ့ကို လိုက်၍ ရှာဖွေရန် တောင်ပေါ်မှ ဆင်းလာခြင်းမှာ ပုံမှန်ပင်ဖြစ်၏။

လီလန်သည် ရှေ့သို့ ကြည့်လိုက်ရာ သက်ကယ်ခင်း၏ ရှေ့ မီတာတစ်ရာခန့်အကွာတွင် ကင်းစခန်းတစ်ခု ချထားသည်ကို အမှန်တကယ် မြင်လိုက်ရသည်။ အမဲလိုက်သေနတ်များနှင့် ကျည်အိတ်များကိုယ်စီ ကိုင်ဆောင်ထားသော မုဆိုးလေးငါးယောက် ကင်းစောင့်နေကြ၏။ လီလန်သည် ဤမုဆိုးများကို မှတ်မိသည်၊ သူတို့အားလုံးမှာ ရွာရှိ မုဆိုးအိုများဖြစ်ကြပြီး ပြည်သူ့စစ်အဖွဲ့ဝင်များ ဖြစ်ကြသည်။ အဖွဲ့ခေါင်းဆောင်မှာ ယခင်က တပ်ဖွဲ့ခေါင်းဆောင်ရှန်း၏ မုဆိုးအဖွဲ့တွင် ဒုတိယခေါင်းဆောင် ဖြစ်ခဲ့ဖူးသော ချန်ဆန်းဖြစ်၏။

ချန်ဆန်းသည် မြေပြင်တွင် ဆောင့်ကြောင့်ထိုင်ကာ ဆေးလိပ်သောက်နေရင်း မော့အကြည့်တွင် ပိုင်လုံကို ဦးဆောင်ကာ အမဲလိုက်သေနတ် ကိုင်ဆောင်ထားသော လီလန်ကို မြင်လိုက်ရသည်။

"အဖွဲ့ခေါင်းဆောင်လီ..."

ချန်ဆန်းက လီလန်ကို မှတ်မိသွားသည်။

"အဖွဲ့ခေါင်းဆောင်လီ... မောင်းအာတောင်ကို ဘာလို့ ရောက်လာတာလဲ..."

ချန်ဆန်း၏ စကားကို ကြားလိုက်ရသောအခါ ပြည်သူ့စစ်အဖွဲ့မှ မုဆိုးအိုများ အားလုံး မော့ကြည့်လိုက်ကြပြီး လီလန်အား စိုက်ကြည့်ကြတော့သည်။

"လီလန်... မီးနဂါးမုဆိုးအဖွဲ့က လီလန်လား..."

"သူက လီလန်လား... တော်တော်လေး

ငယ်သေးတာပဲ..."

"သူက အမွှေးဖြူဝံပုလွေဘုရင်ကို ဓားတစ်ချက်တည်းနဲ့ သတ်ပြီး လူသားစားကျားသစ်ကို သေနတ်သုံးချက်တည်းနဲ့ ပစ်သတ်ခဲ့တာလို့ ကြားတယ်..."

"သူ ခေါ်လာတဲ့ ခွေးကိုလည်း ကြည့်ဦး... ခန္ဓာကိုယ်အကြံ့ခိုင်ကြီးနဲ့ ကြောက်စရာကောင်းလိုက်တာ..."

"စန်းဟော့ရွာက ကျန်းဝမ်ဟွာကို စားခဲ့တဲ့ ကျားသစ်ကို သတ်ခဲ့တဲ့သူက သူလား..."

"..."

မုဆိုးသုံးလေးယောက်သည် ခြေဆုံးခေါင်းဆုံး လီလန်အား အကဲခတ်နေကြပြီး ဤဂန္ထဝင်မုဆိုးအပေါ် အလွန်ပင် စပ်စုချင်နေကြသည်။

"အဖွဲ့ခေါင်းဆောင်ချန်... ပြန်တွေ့ရပြန်ပြီနော်..."

လီလန်နှင့် ချန်ဆန်းတို့သည် ရွှမ်းရွှေရွာ ကွန်မြူနစ်အဖွဲ့တွင် အကြိမ်ပေါင်းများစွာ တွေ့ဆုံဖူးသဖြင့် အကျွမ်းတဝင် ရှိကြသည်။

"အဖွဲ့ခေါင်းဆောင်လီ... ဒါက..."

ချန်ဆန်းသည် သေနတ်ကိုင်ကာ ခွေးကို ဦးဆောင်လာသော လီလန်အား ကြည့်ရင်း မျက်နှာတစ်ခုလုံး ဇဝေဇဝါ ဖြစ်နေတော့သည်။

"မောင်းအာတောင်ကို အမဲလိုက်ဖို့ သွားမလို့လား..."

သူက အလျင်အမြန် သတိပေးလိုက်ရင်း…

"အဖွဲ့ခေါင်းဆောင်လီ... ဒီရက်ပိုင်းအတွင်း သက်ကယ်ခင်းထဲမှာ ကျားသစ်တွေ ရှိနေလို့ မောင်းအာတောင်က အန္တရာယ်မကင်းဘူး တစ်စုံတစ်ယောက် တောင်ပေါ်တက်ပြီး အမဲလိုက်တာ ဒါမှမဟုတ် တောထွက်ပစ္စည်း ရှာတာမျိုး မလုပ်မိအောင် စောင့်ကြည့်ဖို့ တပ်ဖွဲ့ခေါင်းဆောင်ရှန်းက မှာထားတာ အဖွဲ့ခေါင်းဆောင်လီ... အမဲလိုက်ချင်ရင် တခြားနေရာကိုပဲ သွားဖို့ အကြံပြုချင်တယ်... မောင်းအာတောင်ကိုတော့ မသွားပါနဲ့..."

လီလနက ခေါင်းညိတ်လိုက်သည်။ တပ်ဖွဲ့ခေါင်းဆောင်ရှန်းသည် ကွန်မြူနစ်အဖွဲ့၏ ထုတ်လုပ်ရေးတပ်ဖွဲ့ခေါင်းဆောင်ဟူသော အမည်နာမနှင့်အညီ ရွာသားများအတွက် အမြဲတစေ တွေးတောပေးကာ ဤအချက်ကိုပင် ထည့်သွင်းစဉ်းစားပေးထားပေသည်။

ကျားသစ်များကြောင့် တစ်စုံတစ်ယောက် ဒဏ်ရာရရှိမည်ကို စိုးရိမ်သဖြင့် မောင်းအာတောင်ခြေတွင် စောင့်ကြပ်ရန် ပြည်သူ့စစ်အဖွဲ့ကို စေလွှတ်ထားခြင်း ဖြစ်သည်။ သို့သော် ဤသည်မှာ သဘာဝကျလှပေသည်။ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက မောင်းအာတောင်တွင် ကျားသစ်လူသားစားသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ဖူးသောကြောင့်တည်း။ ကွန်မြူနစ်အဖွဲ့၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် တပ်ဖွဲ့ခေါင်းဆောင်ရှန်းတွင် ဤကဲ့သို့ စိုးရိမ်ပူပန်မှုများ ရှိနေခြင်းမှာ လုံးဝ ပုံမှန်ပင် ဖြစ်၏။

ဤပြည်သူ့စစ်ရဲဘော်များကို ကြည့်ရင်း လီလန်က ပြောလိုက်သည်။

"ကျွန်တော် မောင်းအာတောင်ကို လာတာ အမဲလိုက်ဖို့ မဟုတ်ပါဘူး..."

"ဒါဆို အဖွဲ့ခေါင်းဆောင်လီ... ဒါက..."

ချန်ဆန်းမှာ မှင်တက်သွားရသည်။ သူသည် သေနတ်တစ်လက်နှင့် အမဲလိုက်ခွေးတစ်ကောင်ကိုပင် ခေါ်ဆောင်လာခဲ့ရာ မောင်းအာတောင်သို့ အမဲလိုက်ရန် လာခြင်းမဟုတ်ပါက အခြားဘယ်အတွက်ကြောင့် ဖြစ်နိုင်ဦးမည်နည်း။ နွေဦးရာသီ ရှုခင်းကြည့် အပန်းဖြေခရီး လာခြင်းလော။

"အဖွဲ့ခေါင်းဆောင်လီ... အစ်ကိုက ကျွမ်းကျင်တဲ့ မုဆိုးတစ်ယောက်ဆိုတာ ကျွန်တော် သိပါတယ်... ဒါပေမဲ့ အခုတစ်ကြိမ်မှာ ကျားသစ်တစ်ကောင်တည်း မဟုတ်ဘူး... နှစ်ကောင်တောင်ပဲ..."

"အရှေ့ဖျားကျားသစ် နှစ်ကောင်တည်း... အစ်ကိုတစ်ယောက်တည်းသွားလို့ တောင်ပေါ်မှာ အဲ့ကျားသစ်နှစ်ကောင်နဲ့ တိုးရင် ဘယ်လောက်တောင်

အန္တရာယ်များလိုက်မလဲ..."

"အမဲလိုက်ဖို့ တခြားနေရာကိုပဲ သွားပါ..."

"မဟုတ်ရင်လည်း အတူတူသွားဖို့ မုဆိုးအချို့ကို ခေါ်သွားပါ... တစ်ယောက်တည်းတော့ မသွားပါနဲ့..."

"လူတစ်ယောက်က ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ... ကျားသစ်နှစ်ကောင်ကို တစ်ပြိုင်နက်တည်း မတိုက်ခိုက်နိုင်ပါဘူး..."

All Chapters