အခန်း ၈၁
Vol. 9 Ch. 81
အခန်း (၈၁) အခြားနည်းလမ်းတစ်ခုကို စဉ်းစားကြည့်မယ်
"အစ်ကိုကျိုး၊ အစ်မရှောင်ယာ..."
ထျန်ရှောင်ယာ မော့ကြည့်လိုက်ရာ ဝမ်တာ့ကျွမ်းနှင့် သူ၏ မိသားစု ပြုံးရွှင်စွာဖြင့် ခြံဝင်းထဲသို့ ဝင်လာ သည်ကို မြင်လိုက်ရလေသည်။
ဝမ်တာ့ကျွမ်း၏ ဇနီးသည် လက်တစ်ဖက်တွင် ရွှေအိုရောင်သန်းကာ ကြွပ်ရွနေသော အသားလုံးကြော် ပန်းကန်ကို ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင် အငွေ့တထောင်းထောင်း ထနေသော ဆန်မုန့်ကြော် ပန်းကန်ကို ကိုင်ဆောင်ထားခဲ့လေသည်။
"အစ်ကိုဝမ်၊ မရီး... နောက်ဆုံးတော့ ရောက်လာကြပြီပဲ..."
သူမက ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်ပြီးနောက် သူမ၏နောက်မှ ခုန်ပေါက်ကာ ပြေးလိုက်လာသော ကလေးငယ်လေးကို ကြည့်ကာ ညင်သာစွာ လှမ်းခေါ်လိုက်လေသည်...။
"ထျဲ့တန်လေး... ဖြည်းဖြည်းလာလေ... ချော်လဲနေဦးမယ်..."
ထျဲ့တန်လေးသည် သူ၏ ခြေတံတိုလေးများဖြင့် ထျန်ရှောင်ယာဆီသို့ အပြေးအလွှား သွားရင်း အော်ဟစ်လိုက်လေသည်...။
"အန်တီ... သား ရောက်ပါပြီ... ဟင်..."
သူ စကားပြော၍ပင် မဆုံးသေးမီ ရုတ်တရက် အပေါ်သို့ မြောက်တက်သွားကာ သူ၏ ခြေထောက်လေး များမှာ မြေပြင်နှင့် ကင်းကွာသွားခဲ့လေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ထျန်ရှောင်ယာထက်ပင် များစွာ အရပ်ရှည်သွားခဲ့လေသည်။
သူ ဘာဖြစ်သွားမှန်းပင် မသိလိုက်မီ သူ၏ တင်ပါးလုံးလုံးလေးမှာ ညင်သာစွာ အရိုက်ခံလိုက်ရလေ တော့သည်။
အမှန်တကယ်တော့ ဝမ်တာ့ကျွမ်းသည် သူ၏သားဖြစ်သူ အရှိန်လွန်ကာ ပန်းကန်ကိုင်ထားသော ဇနီးဖြစ် သူနှင့် ဝင်တိုက်မိမည်ကို စိုးရိမ်သဖြင့် ကြိုတင်၍ လှမ်းဆွဲလိုက်ကာ သူ၏ ပခုံးပေါ်တွင် တည်ငြိမ်စွာ တင်လိုက်ခြင်းပင် ဖြစ်ပေတော့သည်။
"ဖေဖေ..."
ထျဲ့တန်လေးက အလိုအလျောက်ပင် ဖခင်ဖြစ်သူ၏ ခေါင်းကို ဖက်ထားလိုက်လေ၏။ သူ၏ ဖခင် ပခုံး ပေါ်တွင် ထိုင်နေရကြောင်းကို သိလိုက်ရသောအခါ သူ၏ မျက်လုံးလေးများ ပြူးကျယ်သွားကာ ခြေ ထောက်လေးများကို လေထဲတွင် လွှဲယမ်းလျက် မျက်နှာပေါ်၌ သိချင်စိတ်များနှင့် ဝမ်းသာပျော်ရွှင်မှုများ အပြည့်အဝ ဖော်ပြနေလျက်ရှိလေတော့သည်။
"ဟားဟား..."
ထျန်ရှောင်ယာမှာ ထျဲ့တန်လေး၏ ပုံစံကြောင့် သဘောကျသွားကာ အသံထွက်၍ပင် ရယ်မောလိုက် မိလေတော့သည်။
"ဘာတွေ ရယ်နေကြတာလဲ... ပျော်စရာကြီးပါလား..."
လျူကျန့်ကော်သည် လက်တစ်ဖက်တွင် ဘိုင်ကျိုး နှစ်ပုလင်းကို ကိုင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် ဇနီးသည်ကို ဂရုတစိုက် တွဲကူပေးထားလေ၏။ သူသည် ကျိုးမိသားစုခြံဝင်း၏ တံခါးကို ကျော်ဖြတ် ဝင်ရောက်လာချိန်မှာပင် ထျန်ရှောင်ယာ၏ ကြည်လင်သော ရယ်သံကို ကြားလိုက်ရခြင်း ဖြစ်ပေသည်။
ဟျောင်ရှင်းရှင်းသည် မနက်ကမှ ပူပူနွေးနွေး ပေါင်းထားသော ကောက်ညှင်းဆန်မုန့် အိတ်တစ်အိတ်ကို ကိုင်ဆောင်လျက် ထျန်ရှောင်ယာအား ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်လေသည်...။
"ရှောင်ယာ... ဒီနေ့မနက်မှ ကောက်ညှင်းဆန်မုန့်တွေ ပေါင်းထားတာလေ... နင် မြည်းကြည့်လို့ရအောင် ငါ ယူလာခဲ့တယ်..."
"ရှင်းရှင်းရယ်... အားနာစရာကြီး... အပြင်မှာ အေးတယ်... အထဲဝင်ထိုင်ကြတာပေါ့..."
ထျန်ရှောင်ယာက အမြန်ရှေ့တိုးကာ ပစ္စည်းများကို လှမ်းယူလိုက်ပြီးနောက် ဘေးရှိ ဝမ်တာ့ကျွမ်း၏ ဇနီး ဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်လေသည်...။
"မရီး... ကျွန်မတို့ အထဲအရင်ဝင်ပြီး နွေးနွေးထွေးထွေး နေကြရအောင်..."
ထိုသို့ ပြောဆိုပြီးနောက် ၎င်းတို့ တစ်စုလုံးသည် ရယ်မော စကားပြောဆိုရင်း ဧည့်ခန်းမဆောင်ထဲသို့ အတူတကွ ဝင်ရောက်သွားခဲ့ကြလေသည်။
"အစ်ကိုတာ့ကျွမ်း၊ အစ်ကိုချင်းလင်း... ကျွန်တော် အရက် ယူလာပြီဗျို့... ဒီနေ့ညတော့ ကောင်းကောင်း သောက်ကြတာပေါ့... မူးပြီးမလဲမချင်း မပြန်ကြေးပဲနော်..."
လျူကျန့်ကော်က ခြံဝင်းထဲရှိ အမျိုးသားနှစ်ဦးကို အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။
ထိုဆူညံသံကို ကြားသောအခါ ကျိုးချန်ယဲ့သည် မီးဖိုချောင်ထဲမှ ထွက်လာခဲ့ပြီး ပြုံးလျက် လျူကျန့် ကော်၏ ရင်ဘတ်ကို ဖွဖွလေး ထိုးလိုက်လေသည်...။
"မင်းတို့ကလည်း နောက်ဆုံးမှ ရောက်လာတော့တယ်... မင်းတို့ကို စောင့်နေရတာနဲ့ ပွဲတောင် မစနိုင် သေးဘူး..."
လူကြီးများက ခြံဝင်းထဲတွင် စကားပြောနေကြဆဲ အချိန်မှာပင် တီတီတာတာ စကားပြောတတ်သော ကလေးငယ်တစ်စုသည် တံခါးအပြင်ဘက်၌ စုရုံးနေကြပြီ ဖြစ်ပေသည်။
သူ၏ အိတ်ကပ်ထဲတွင် ဗျောက်အိုး အတွဲသေးသေးလေး တစ်တွဲကို ထည့်ထားသော ဆန်းဝါသည် ပျော်ပွဲ ရွှင်ပွဲထဲသို့ ဝင်ရောက်ရန် ပြင်နေစဉ် မော့ကြည့်လိုက်ရာ သူ၏ ဖခင်ပခုံးပေါ်တွင် ထိုင်နေသော ထျဲ့တန်လေးကို မြင်လိုက်ရလေ၏။ သူက ချက်ချင်းပင် လည်ပင်းကို ဆန့်ကာ အော်ခေါ်လိုက်လေ သည်...။
"ထျဲ့တန်... ငါ့ဆီ လာခဲ့လေ... ငါ့ဆီမှာ ဗျောက်အိုးတွေ ပါတယ်... သွားဖောက်ကြရအောင်..."
ဖခင်၏ ပခုံးပေါ်တွင် ထိုင်နေသော ထျဲ့တန်လေးသည် ရုတ်တရက် မျက်နှာလေး ဝင်းလက်သွားကာ သူ၏ လက်သေးသေးလေးဖြင့် ဆန်းဝါကို ထိုးပြရင်း ပြောလိုက်လေသည်...။
"ဗျောက်အိုးတွေ... သားလည်း ဖောက်ချင်တယ်... ဖေဖေ သားကို အောက်ချပေး... သား ဆန်းဝါနဲ့ သွားကစားချင်တယ်..."
ဝမ်တာ့ကျွမ်းမှာ ကလေး၏ အပြုအမူကြောင့် အူယားသွားကာ ရယ်မောရင်း သူ၏ ပခုံးပေါ်မှ ကလေး ကို အောက်သို့ ချပေးလိုက်လေသည်...။
"ဖြည်းဖြည်းသွား... ဖြည်းဖြည်းသွား... မပြေးနဲ့လေ... ချော်လဲနေပါ့မယ်..."
"ဟုတ်ကဲ့..."
ထျဲ့တန်လေးမှာ မြေပြင်နှင့် ခြေထောက် ထိသည်နှင့် တစ်ပြိုင်နက် ဆန်းဝါ၏ အနီးသို့ ပြေးသွားတော့ လေသည်။
ခေါင်းလုံးလုံးလေး နှစ်လုံးသည် တစ်ဦးနှင့်တစ်ဦး ကပ်လျက် ဗျောက်အိုးများကို မည်သို့ ဖောက်ရမည် ကို တိုးတိုးတိတ်တိတ် တိုင်ပင်နေကြလေသည်။ ၎င်းတို့၏ လက်သေးသေးလေးများကို ဟိုယမ်းဒီယမ်း လုပ်နေကြပြီး ၎င်းတို့၏ မျက်နှာအမူအရာများမှာ ကြောက်ရွံ့မှုနှင့် မျှော်လင့်တကြီး စိတ်လှုပ်ရှားမှုများ ရောယှက်နေကာ ခြံဝင်းထဲရှိ လူကြီးများအားလုံးကို ရယ်မောစေခဲ့လေတော့သည်။
ခြံဝင်းထဲတွင် ဝင်ထွက်သွားလာနေကြသော တက်ကြွလှုပ်ရှားနေသည့် မြင်ကွင်းကို ကြည့်ရင်း၊ ရယ်မော သံများနှင့် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်ကို မြင်လိုက်ရသောအခါ ဝမ်တာ့ကျွမ်း၏ မျက်လုံးများမှာ သတိမထားမိလိုက်ဘဲ အနည်းငယ် ပူနွေးလာခဲ့လေသည်။
သူသည် ကျိုးချန်ယဲ့အနီးသို့ လျှောက်သွားကာ အသံကို နှိမ့်လျက် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ပြောလိုက် လေသည်...။
"အစ်ကိုကျိုး... ကျွန်တော့် တစ်သက်မှာ ပီကင်းမှာ အခုလို စည်ကားသိုက်မြိုက်တဲ့ နှစ်သစ်ကူးပွဲတော် မျိုး ဆင်နွှဲရလိမ့်မယ်လို့ မထင်ထားခဲ့ဖူးဘူး..."
ကျိုးချန်ယဲ့က သူ၏ ပခုံးကို အားပါပါဖြင့် ပုတ်ကာ ရင်ထဲမှလှိုက်လှဲစွာ ရယ်မောလိုက်လေသည်...။
"အစ်ကိုတာ့ကျွမ်းရာ... ခင်ဗျားကလည်း အားနာလွန်းနေပါပြီ... ယခုလို အားလုံး စုံစုံလင်လင် ရှိနေ ပြီဆိုတော့ မိသားစုတွေလိုပါပဲ... နှစ်တိုင်း အခုလိုပဲ ဆင်နွှဲကြတာပေါ့..."
"ကောင်းပါပြီ... အစ်ကိုကျိုး ပြောသလိုပဲ လုပ်ကြတာပေါ့..."
ဝမ်တာ့ကျွမ်းက ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရလျက် ခေါင်းကို အခိုင်အမာ ညိတ်ပြလိုက် လေသည်။
မွန်းတည့်ချိန် ကျော်လွန်သွားသည်နှင့် တစ်ပြိုင်နက် ခြံဝင်းတစ်ခုလုံးတွင် သင်းပျံ့သော မွှေးရနံ့များ ပြည့်နှက်လာခဲ့လေတော့သည်။
ငါးအချိုပေါင်း၊ ဝက်နံရိုးစွပ်ပြုတ်၊ မှိုကြက်သားဟင်း၊ အသားလုံးကြော်၊ ကြက်သွန်မြိတ် ကြက်ဥမွှေ ကြော်၊ သခွားသီးသုပ်၊ သကြားဖြူးထားသော ခရမ်းချဉ်သီးနှင့် သကြားခဲ ဝက်ခြေထောက်ပေါင်း အစရှိ သောဟင်းလျာများဖြင့် စားပွဲပေါ်တွင် ပြည့်နှက်နေလျက်ရှိပြီး မြင်ရုံမျှဖြင့် သွားရည်ယိုစေလောက် ပေသည်။
ကျိုးချန်ယဲ့သည် ဇနီးဖြစ်သူအား စားပွဲတွင် ဝင်ထိုင်စေရန် ခေါ်ဆောင်သွားပြီး သူမအတွက် ဟင်းများ ခပ်ထည့်ပေးရင်း ညင်သာစွာ သတိပေးလိုက်လေသည်...။
"ငါးများများ စားလေ... ကို မင်းအတွက် အရိုးတွေ အကုန်နွှင်ပေးထားတယ်... ဒါက ကျန်းမာရေး ပြန် ကောင်းဖို့ အထောက်အကူ ဖြစ်စေလိမ့်မယ်... ဒီဟင်းချိုကလည်း ပေါ့ပေါ့ပါးပါးနဲ့ နွေးထွေးစေတယ်... တစ်ပန်းကန်လောက် သောက်လိုက်ပါဦး..."
"ဟုတ်ကဲ့... ရှင်လည်း စားပါဦး... ကျွန်မအတွက်ချည်းပဲ ခပ်မနေနဲ့လေ..."
ထျန်ရှောင်ယာက မျက်နှာပေါ်တွင် အပြုံးနုနုလေး ဖော်ဆောင်လျက် ညင်သာစွာ ပြန်ပြောလိုက်လေ သည်။
ထိုအချိန်တွင် လျူကျန့်ကော်က စားပွဲပေါ်ရှိ အရက်ခွက်ကို ကောက်ကိုင်ကာ မတ်တတ်ရပ်လျက် ပြောလိုက်လေသည်...။
"ဒီနေ့က နှစ်သစ်ကူး အကြိုနေ့ဖြစ်ပြီး ကျွန်တော်တို့ မိသားစုတွေ အားလုံး အတူတကွ စုံစုံလင်လင် ရှိနေကြတာဟာ တကယ့်ကို ပြန်လည်ဆုံစည်းခြင်း တစ်ခုပါပဲ..."
"ကျွန်တော်တို့ကို အဝေးရောက်နေပေမဲ့ အိမ်လို ခံစားရအောင် ဖန်တီးပေးတဲ့ ချန်ယဲ့ကိုလည်း ကျေးဇူး တင်ပါတယ်..."
"အားလုံးပဲ လာမယ့် နှစ်သစ်မှာ ကြီးပွားတိုးတက်ပြီး အောင်မြင်မှုတွေ ရရှိကြပါစေ... လူတိုင်းရဲ့ ဘဝ တွေလည်း ပိုပိုပြီး ကြွယ်ဝချမ်းသာလာကြပါစေလို့ ဆုတောင်းပေးပါတယ်..."
"ကောင်းတယ်... ပြောတာ သိပ်ကောင်းတယ်..."
"ဂုဏ်ပြုကြစို့..."
အားလုံးက ၎င်းတို့၏ ဖန်ခွက်များကို အတူတကွ မြှောက်လိုက်ကြလေ၏။ အချို့က အရက်၊ အချို့က ဆိုဒါနှင့် အချို့မှာ ရိုးရိုး ရေများ ဖြစ်ကြပေသည်။ ဖန်ခွက်များ တစ်ခုနှင့်တစ်ခု ထိခတ်သွားသောအခါ ကြည်လင်ပြတ်သားသော "ဒေါင်" ဟူသည့် အသံလေး ထွက်ပေါ်လာကာ လေထုထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားခဲ့လေတော့သည်။
ဆန်းဝါသည် သူ၏ ကြွေရေခွက်ငယ်လေးကို ကိုင်မြှောက်ထားကာ ခြေဖျားထောက်လျက် လူကြီး တစ်ဦးကို အတုခိုးကာ လေးနက်စွာဖြင့် အော်ဟစ်လိုက်လေသည်...။
"နေ့တိုင်း ပျော်ရွှင်ကြပါစေ..."
စားပွဲတစ်ဝိုင်းလုံး ရယ်မောသံများ ပဲ့တင်ထပ်သွားခဲ့ပြီး ဆန်းဝါနှင့် ထျဲ့တန်လေးတို့သည်လည်း အားလုံး ရယ်မောနေကြသည်ကို မြင်သောအခါ လိုက်လံ၍ တခစ်ခစ် ရယ်မောလာကြတော့လေသည်။
ထျန်ချင်းလင်းသည် ဇနီးဖြစ်သူအတွက် အရိုးမပါသော ငါးတစ်ဖတ်ကို ယူပေးလိုက်ပြီး ညင်သာစွာ မေးလိုက်လေသည်...။
"အဆင်ပြေရဲ့လား... အရမ်းအီနေတယ်ဆိုရင် အသီးအရွက်တွေ စားလို့ရတယ်နော်..."
ဒုတိယမရီး ကျောက်ရှောက်ထင်က ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ မျက်လုံးများမှာ နူးညံ့နေခဲ့လေ သည်...။
"အရမ်းကောင်းပါတယ်... ရှင်တို့အားလုံး ရှိနေတော့ ဘာစားစား အရသာရှိနေတာပါပဲ..."
ဤသည်ကို မြင်သောအခါ လျူကျန့်ကော်က ဟျောင်ရှင်းရှင်း၏ ပန်းကန်ထဲသို့ ဝက်နံရိုး အတုံးကြီး တစ်တုံးကို အမြန်ထည့်ပေးလိုက်ပြီး သူ၏ ရင်ဘတ်ကိုပုတ်ကာ ကြွားလုံးထုတ်လိုက်လေသည်...။
"ရှင်းရှင်း... မြည်းကြည့်ပါဦး... ဒီနံရိုးတွေကို ကိုကိုယ်တိုင်ခုတ်ထားတာလေ... တော်တော်လေး အားစိုက် ခဲ့ရတာ..."
"ဟားဟား..."
ဟျောင်ရှင်းရှင်းမှာ ချက်ချင်းပင် အသံထွက်ကာ ရယ်မောလိုက်မိတော့လေ၏။
ဘေးမှ စောင့်ကြည့်နေသော ဝမ်တာ့ကျွမ်း၏ ဇနီးဖြစ်သူမှာ သဘောကျသွားကာ မနောက်ပြောင်ဘဲ မနေနိုင်တော့ချေ...။
"အစ်ကိုကျန့်ကော်... ရှင် မသိဘူး မဟုတ်လား... ဒီနံရိုးတွေကို ကျွန်မတို့ ရှင်းရှင်းက ချက်ထားတာ လေ..."
ဟျောင်ရှင်းရှင်း၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားခဲ့လေသည်။ သူမက ဝမ်တာ့ကျွမ်း၏ ဇနီးကို မော့ကြည့်ကာ ချွဲနွဲ့သော အသံဖြင့် ပြောလိုက်လေသည်...။
"မရီးကလည်း..."
"ဟားဟားဟား..."
အခြားသူများလည်း ဤစကားကို ကြားသောအခါ ဝိုင်းဝန်းရယ်မောလိုက်ကြလေတော့သည်။
ပြတင်းပေါက် အပြင်ဘက်မှ ဗျောက်အိုးဖောက်သံများ ပဲ့တင်ထပ်နေပြီး စားပွဲပေါ်ရှိ အငွေ့တထောင်း ထောင်း ထနေသော ဟင်းလျာများ၏ ရနံ့ကလည်း လေထုထဲတွင် ပြည့်နှက်နေခဲ့လေပေသည်။
ရယ်မောသံများနှင့် စကားပြောသံများကြားတွင် အားလုံးသည် အနွေးထွေးဆုံးနှင့် စိတ်အချမ်းသာဆုံး နှစ်သစ်ကူးပွဲတော်ကို အတူတကွ ဖြတ်သန်းခဲ့ကြပေတော့သည်။
————————————
တရုတ်နှစ်သစ်ကူး ပွဲတော်၏ ပျော်ပွဲရွှင်ပွဲ အငွေ့အသက်များ လုံးဝ မပျောက်ကွယ်သွားမီမှာပင် ပီကင်း ၏ ဆောင်းရာသီ ကျောင်းပိတ်ရက်သည် တိတ်ဆိတ်စွာပင် ကုန်ဆုံးသွားခဲ့လေပြီဖြစ်ချေ၏။
လမ်းမများနှင့် လမ်းကြားများရှိ ကလေးငယ်များသည် ဆောင်းရာသီတစ်လျှောက်လုံး အသုံးမပြုဘဲ ထားခဲ့သော ၎င်းတို့၏ ကျောင်းလွယ်အိတ်များကို ပြန်လည်ထုတ်ယူလာကြပြီး၊ အချို့က အိမ်စာများ လုပ်နေကြကာ အချို့က ခဲတံများ သွေးနေကြပြီး အိမ်တိုင်းအိမ်တိုင်းတွင် ကျောင်းဖွင့်မည့် အကြောင်း ကိုသာ ပြောဆိုနေကြတော့လေသည်။
ပျော်ရွှင်ဖွယ် နှစ်သစ်ကူး ပွဲတော်ကြီး ပြီးဆုံးသွားကာ လူတိုင်းသည် နှစ်သစ်ဆီသို့ ချောမွေ့စွာ ချီတက် သွားသင့်ပေသည်။ သို့ရာတွင် စိတ်အနှောင့်အယှက် ဖြစ်စရာ ပြဿနာတစ်ခုကမူ ဒုတိယအစ်ကို ထျန်ချင်းလင်းနှင့် သူ၏ဇနီး ကျောက်ရှောက်ထင်တို့၏ ပခုံးပေါ်သို့ အခိုင်အမာ ကျရောက်လာခဲ့ပေ၏။ ၎င်းက သူမ၏ စိတ်ထဲတွင် စွဲထင်နေခဲ့လေတော့သည်။
ဇနီးမောင်နှံ နှစ်ဦးသည် အရာအားလုံးကို ပြီးပြည့်စုံစွာ စီစဉ်ထားခဲ့ပြီး ဆောင်းရာသီ ကျောင်းပိတ်ရက် ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် သူတို့၏ ကလေးကို ကျောင်းအပ်ရန် ရည်ရွယ်ထားခဲ့ကြလေသည်။ သို့ရာတွင် စာသင်နှစ်သစ် စတင်မည့် ရက်များ အရောက်တွင်မူ လက်တွေ့ဘဝက ၎င်းတို့ကို ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရလေတော့သည်။
ဤရက်ပိုင်းများအတွင်း ဒုတိယအစ်ကို ထျန်ချင်းလင်းသည် အနီးအနားရှိ မူလတန်းကျောင်း နှစ်ကျောင်း လုံးသို့ သွားရောက်ခဲ့လေ၏။
ဒုတိယအစ်ကိုက မည်သို့ပင် ပြောစေကာမူ ကျောင်းမှ ကျောင်းသားလက်ခံရေး တာဝန်ခံ ဆရာကမူ ကြားပြီးနောက် ခေါင်းကိုသာ ဆက်တိုက်ခါမ်းပြနေခဲ့ပြီး ပွင့်ပွင့်လင်းလင်းနှင့် ရိုးရှင်းစွာပင် ပြောလာခဲ့ လေသည်...။
"ကျွန်တော်တို့က ကျောင်းသား လက်မခံတာ မဟုတ်ပါဘူး... စည်းမျဉ်းတွေက အရမ်း တင်းကျပ် နေလို့ပါ..."
"ခင်ဗျားတို့မှာ ပီကင်း နေထိုင်ခွင့် အထောက်အထားလည်း မရှိဘူး... ပြီးတော့ ကုမ္ပဏီရဲ့ တရားဝင် ဝန်ထမ်းတွေလည်း မဟုတ်တော့ ကျောင်းအပ်ဖို့ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူး ဖြစ်နေတယ်..."
အကြိမ်ကြိမ် အခါခါ သွားရောက်ခဲ့သော်လည်း အကြိမ်တိုင်း၌ တူညီသော စကားများကိုသာ ကြားခဲ့ ရသဖြင့် ဒုတိယအစ်ကို ထျန်ချင်းလင်းမှာ အလွန်အမင်း စိုးရိမ်ပူပန်လာကာ သူ၏ ပါးစပ်တစ်ဝိုက်တွင် အဖုအပိမ့်များပင် ထွက်လာခဲ့ပြီး စကားပြောလျှင်ပင် နာကျင်နေခဲ့လေတော့သည်။
သူ အိမ်ပြန်ရောက်သောအခါ ဇနီးနှင့် ကလေးများရှေ့တွင် မည်သည့်ကိစ္စမျှ မဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင် နေခဲ့ပြီး ခြံဝင်းထဲတွင် ဆောင့်ကြောင့်ထိုင်ကာ တိတ်ဆိတ်စွာ ဆေးလိပ်သာ သောက်နေနိုင်ခဲ့လေ၏။
"ကလေးအဖေ... ဘယ်လိုနေလဲ... ကျောင်းက လက်ခံလိုက်ပြီလား..."
ကျောက်ရှောက်ထင်က ဖြည်းညင်းစွာ ထွက်လာခဲ့ပြီး နံရံကို မှီကာ မေးလိုက်လေသည်။ သူမ၏ မျက်နှာ မှာ ဖြူဖျော့နေပြီး မျက်လုံးများမှာလည်း သွေးကြောများ နီရဲနေခဲ့ပေသည်။
ထျန်ချင်းလင်းက ဆေးလိပ်ကို ဖိသတ်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခုကို ဖော်ပြ လိုက်သော်လည်း သူ၏ အသံမှာမူ အလွန်အမင်း ဩရှနေခဲ့ပေသည်...။
"နီးစပ်နေပါပြီ... ကိုယ် အခြားနည်းလမ်းတစ်ခုကို စဉ်းစားကြည့်ပါဦးမယ်..."