အခန်း ၈၃
Vol. 9 Ch. 83
အခန်း (၈၃) အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့နေရခြင်း။
ကျိုးချန်ယဲ့က ဆက်လက်၍ စကားကိုလှည့်ပတ်မနေတော့ဘဲ လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်လေ သည်...။
"အန်တီဆွန်း... ဒီနှစ်အတွက် အနိမ့်ဆုံး နေထိုင်မှုစရိတ် ထောက်ပံ့ကြေး ရရှိမယ့်သူက..."
"ကျိုးချန်ယဲ့... ရပ်ကွက်ထဲက ဝင်ငွေနည်းပါးသူတွေအတွက် ထောက်ပံ့ကြေး အကဲဖြတ်မှုမှာ တင်းကျပ် တဲ့ စံနှုန်းတွေ ရှိတယ်နော်..."
ဆွန်းလီပင်းသည် ကျိုးချန်ယဲ့၏ စကားကို ဖြတ်ပြောလိုက်ပြီးနောက် သူမ၏ မျက်နှာပေါ်တွင် စိုးရိမ် ပူပန်မှုများ ချက်ချင်း ပေါ်လာကာ သူမ၏ လေသံမှာလည်း နူးညံ့သွားခဲ့လေသည်...။
"ကျိုးချန်ယဲ့... မင်း အခက်အခဲ တစ်ခုခု ကြုံနေရလို့လား... ပြဿနာ တစ်ခုခုရှိရင် အန်တီဆွန်းကို ပြောလေ... ငါတို့ အတူတူ နည်းလမ်း ရှာကြည့်ကြတာပေါ့..."
ဆွန်းလီပင်းအနေဖြင့် ကျိုးချန်ယဲ့၏ စွမ်းရည်များကို အထူးတလည် ရင်းနှီးကျွမ်းဝင်သည်ဟု မဆိုနိုင် သော်လည်း သူသည် ငွေကြေးပြတ်လပ်နေမည့်သူ မဟုတ်ကြောင်းကိုမူ သေချာပေါက် သိထားခဲ့ပေ သည်။
ယခုအခါ ၎င်းတို့သည် လူမှုဖူလုံရေး ထောက်ပံ့ကြေးများကိုပင် ပစ်မှတ်ထားလာကြရာ ၎င်းတို့အနေဖြင့် ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်နေရပုံပေါ်လေ၏။
"အန်တီဆွန်း... ဘာတွေ တွေးနေတာလဲ..."
ကျိုးချန်ယဲ့က ဆွန်းလီပင်း၏ စိုးရိမ်နေသော မျက်နှာအမူအရာကို ကြည့်ကာ သူမ နားလည်မှုလွဲသွား ကြောင်းကို သိလိုက်ရသော်လည်း သူ၏ ရင်ထဲတွင်မူ နွေးထွေးမှုကို ခံစားလိုက်ရလေသည်။
"မင်း ပြဿနာ တစ်ခုခုနဲ့ ကြုံနေရတာ မဟုတ်ဘူးလား... မင်းလို ကောင်ဆိုးလေးက စကားကိုတောင် ရှင်းအောင် မပြောတတ်ဘဲ ဘယ်လိုလုပ် သက်ပြင်းချတာတွေကို သင်လာရတာလဲ..."
ဤစကားကို ကြားသောအခါ ဆွန်းလီပင်းမှာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီးနောက် သူ့အား ပြုံးလျက် စူးရဲစွာ ကြည့်ကာ ပြောလိုက်လေ၏။
ကျိုးချန်ယဲ့က မတတ်သာသည့်ဟန်ဖြင့် ပခုံးတွန့်လိုက်ကာ ညင်သာစွာ ရှင်းပြလိုက်လေသည်...
"အန်တီဆွန်း... ကိစ္စက ဒီလိုပါ... ရှောင်ယာနဲ့ ကျွန်တော်က ရပ်ကွက်ကော်မတီရုံးကို ထောက်ပံ့ရေး ပစ္စည်းတချို့ လှူဒါန်းချင်လို့ပါ..."
"အဲ့ဒါတွေကို တစ်ကိုယ်တည်း နေထိုင်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ မိဘမဲ့ကလေးတွေကို သွားရောက် နှစ်သိမ့်ပေးဖို့ သီးသန့် အသုံးပြုပေးပါ... ဒါက ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်ကနေ တစ်စိတ်တစ်ပိုင်း ပါဝင်ကူညီတာပါ..."
"တကယ်လား..."
ဤစကားကို ကြားသောအခါ ဆွန်းလီပင်းသည် ချက်ချင်းပင် မတ်မတ် ထိုင်လိုက်ပြီး လေးနက်သော လေသံ ဖြင့် မေးလိုက်လေသည်...။
"ဒါက နောက်စရာ မဟုတ်ဘူးနော်..."
" တကယ်ပြောတာပါ..."
ကျိုးချန်ယဲ့က မတတ်သာသည့်ဟန်ဖြင့် ထပ်မံ ပြောလိုက်လေသည်။
"သိပ်ကောင်းတယ်... သိပ်ကောင်းတယ်... မဆိုးဘူးပဲ... စိတ်မပူပါနဲ့... ရပ်ကွက်ကော်မတီရုံးက ရဲဘော် ကောင်းတစ်ယောက်ကို ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ပါဘူး... မင်းအတွက် ဆုနဲ့ ဂုဏ်ပြုမှတ် တမ်းကို ငါကိုယ်တိုင် လျှောက်ထားပေးမယ်..."
ဆွန်းလီပင်းသည် ပြုံးလျက် ကျိုးချန်ယဲ့၏ ပခုံးကိုပုတ်ကာ အကြိမ်ကြိမ် ချီးမွမ်းလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် အန်တီဆွန်း... ဒါက ရှောင်ယာနဲ့ ကျွန်တော်တို့ဆီက ကျေးဇူးတင်တဲ့ အထိမ်း အမှတ်ပါ..."
ကျိုးချန်ယဲ့က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဆက်ပြောလိုက်လေသည်...။
"ကျွန်တော်တို့က သကြားညို ကျင်းနှစ်ဆယ်၊ ဝက်သား ကျင်းငါးဆယ်၊ ဂျုံမှုန့် ကျင်းတစ်ရာ၊ ပြောင်းဖူး မှုန့် ကျင်းနှစ်ရာ၊ ကန်စွန်းဥနဲ့ အာလူး တစ်မျိုးကို ကျင်းငါးရာစီရယ်၊ နည်းနည်း ချို့ယွင်းနေတဲ့ အထည် လိပ် နှစ်လိပ်ရယ်ကို လှူဒါန်းဖို့ စီစဉ်ထားပါတယ်..."
"များလိုက်တာ... ကျိုးချန်ယဲ့... ဒါက နောက်နေစရာ မဟုတ်ဘူးနော်... မင်း ဘယ်လိုလုပ်ပြီး... မင်း တရားမဝင်တာတွေ လုပ်လို့ မရဘူးနော်..."
ဆွန်းလီပင်းမှာ အလွန်အမင်း အံ့အားသင့်သွားကာ သူမ၏ အသံမှာလည်း သိသိသာသာ ကျယ် သွားခဲ့လေသည်။
"အန်တီဆွန်း... စိတ်မပူပါနဲ့... အရာအားလုံးက တရားဝင်တွေပါ..."
ကျိုးချန်ယဲ့က အလျင်အမြန်ပင် သူမအား စိတ်အေးစေရန် ပြောလိုက်လေသည်။
ဆွန်းလီပင်းမှာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး ရိုးသားပွင့်လင်းစွာ ပြောလိုက်လေ သည်...။
"ဒါဆိုလည်း ရပ်ကွက်ထဲက သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ ကိုယ်စား ငါက မင်းတို့ကို ကျေးဇူး တင်ပါတယ်ကွယ်..."
"အန်တီဆွန်း... ဒါက ကျွန်တော့်ရဲ့ ဒုတိယအစ်ကိုဆီက ကျေးဇူးတင်တဲ့ အထိမ်းအမှတ်ပါ..."
ကျိုးချန်ယဲ့က "ဒုတိယအစ်ကို" ဟူသော စကားလုံးကို ဖိပြောလျက် ထပ်မံ ပြောလိုက်လေသည်။
ဆွန်းလီပင်းက ကျိုးချန်ယဲ့အား အဓိပ္ပာယ်ပါပါ အကြည့်ဖြင့် ကြည့်လိုက်ပြီး ရင်ထဲတွင် သက်ပြင်းချ လိုက်မိလေသည်။ ဤကလေးက သူမ မသိဘူးဟု တကယ် ထင်နေပုံရသည်။ သို့သော် ချင်းလင်းမှာမူ ဤသို့သော ယောက်ဖမျိုး ရှိနေခြင်းက ကံကောင်းလှပေသည်။
သူမက ဆက်လက်၍ စကားမများနေတော့ဘဲ ကျိုးချန်ယဲ့ကို မော့ကြည့်ကာ ပြုံးလျက် ပြောလိုက် လေသည်...။
"ကောင်းပြီ... မင်းနဲ့ ချင်းလင်းတို့က ရဲဘော်ကောင်းတွေပဲ... အဖွဲ့အစည်းက မင်းတို့ကို သင့်လျော်တဲ့ ဆုလာဘ်တွေ သေချာပေါက် ပေးမှာပါ..."
ကျိုးချန်ယဲ့က အလျင်အမြန် လက်ကာပြလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အချိန်ကိုက် အပြုံးတစ်ခု ပေါ်လာကာ ပြောလိုက်လေသည်...။
"အန်တီဆွန်း... ကျွန်တော်က အဲ့ဒါတွေ မလိုပါဘူး... ဆန်းဝါက..."
"ဆန်းဝါ..."
ဆွန်းလီပင်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ချက်ချင်းပင် နားလည်သွားခဲ့လေသည်။
ထို့နောက် သူမက ဆက်ပြောလိုက်လေ၏...
"ကျိုးချန်ယဲ့... အခု ပီကင်းရဲ့ အိမ်ထောင်စုစာရင်း စနစ်က ဘယ်လောက် တင်းကျပ်နေလဲဆိုတာ မင်း သိသင့်တယ်..."
"အရင်က ရှောင်ယာ လုပ်လို့ရခဲ့တာက မင်းမှာ ပီကင်း အိမ်ထောင်စုစာရင်းနဲ့ မြို့ထဲမှာ အိမ်ရှိ နေလို့ လေ... ဒါပေမဲ့ ချင်းလင်းရဲ့ အခြေအနေကတော့ ကွာခြားတယ်လေ..."
"အန်တီဆွန်း... ကျွန်တော် နားလည်ပါတယ်... ကျွန်တော့်ရဲ့ ဒုတိယအစ်ကိုအတွက် သင့်လျော်တဲ့ အလုပ် များ ရှိမလားလို့ မေးချင်လို့ပါ... အမြဲတမ်း အလုပ်တစ်ခု ဖြစ်မယ်ဆိုရင် ဘယ်လိုအလုပ်ပဲဖြစ်ဖြစ် ရပါ တယ်..."
ကျိုးချန်ယဲ့က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဆက်ပြောလိုက်လေသည်။
ဆွန်းလီပင်းသည် ခေါင်းငုံ့ကာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သက်ပြင်းချလိုက်လေသည်...။
"ကျိုးချန်ယဲ့... မင်း သိတဲ့အတိုင်းပဲ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြန်လည်စတင်ကတည်း ကပညာတတ်လူငယ် အများအပြား ဇာတိကို ပြန်လာကြတယ်လေ... အမြဲတမ်း ဝန်ထမ်းတွေဆိုရင်
ပြောစရာတောင် မလိုဘူး... နေ့စားအလုပ်သမားတွေကိုတောင် လူအများကြီးက စောင့်ကြည့်နေ ကြတာ..."
ကျိုးချန်ယဲ့က နားထောင်ရင်း တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်လေ၏။
"ဒါပေမဲ့ ငါတို့ လမ်းတွေကို သန့်ရှင်းရေးလုပ်ပေးနေတဲ့ လောင်ကျန်းကို မင်း သိတယ် မဟုတ်လား... သူက ဒီကုန် အငြိမ်းစားယူတော့မှာလေ..."
"လောင်ကျန်းက တစ်ယောက်တည်း နေတာဖြစ်ပြီး သူ့အလုပ်ကို ဆက်ခံမယ့် သားသမီးလည်း မရှိဘူး... သူက လွန်ခဲ့တဲ့ အချိန်တုန်းက ငါ့ဆီလာပြီး သူ့အလုပ်ကို လွှဲပြောင်းပေးချင်တယ်လို့ ပြောထားတယ်..."
ဤအချိန်တွင် သူမက တစ်စုံတစ်ခုကို သတိရသွားကာ အလေးအနက် ပြောလိုက်လေသည်...။
"ဒီအလုပ်က မနက်၊ နေ့လယ်နဲ့ ည တစ်နေ့ကို သုံးကြိမ် သန့်ရှင်းရေးလုပ်ဖို့ လိုအပ်တယ်... လမ်းပေါ်က အိမ်သာတွေကို သန့်ရှင်းရေးလုပ်တာလည်း ပါတယ်... လစာက တစ်လကို ယွမ်တစ်ဆယ့်နှစ်ယွမ် ဖြစ် ပြီးတော့ ပြေစာတချို့လည်း ရမယ်..."
"တကယ်လို့ ချင်းလင်းက သဘောကျတယ်ဆိုရင် ငါ့ကို တွေ့ဖို့ ရပ်ကွက်ကော်မတီရုံးကို လာခိုင်းလိုက် ပါ... ဒီကိစ္စနဲ့ ပတ်သက်ပြီး လောင်ကျန်းကို ငါ ပြောပေးပါ့မယ်..."
သူမ ဤသို့ မေးရခြင်း၏ အကြောင်းရင်းမှာ လူငယ်များအနေဖြင့် လမ်းလှည်းခြင်းနှင့် အိမ်သာဆေးခြင်း ကဲ့သို့သော အလုပ်များကို လုပ်ကိုင်ရန် ယေဘုယျအားဖြင့် ခက်ခဲတတ်ခြင်းကြောင့်ပင် ဖြစ်လေသည်။
"ပြဿနာ မရှိပါဘူး... လုံးဝ ပြဿနာ မရှိပါဘူး... အန်တီဆွန်းကို အများကြီး ကျေးဇူးတင်ပါတယ်..."
ကျိုးချန်ယဲ့က ပြုံးလျက် အလျင်အမြန် သဘောတူလိုက်လေသည်။
"ဒါဆိုလည်း ပြီးတာပါပဲ... မနက်ဖြန် မနက် ရှစ်နာရီမှာ ချင်းလင်းကို ရပ်ကွက်ကော်မတီရုံးဆီ အိမ်ထောင်စုစာရင်း ယူလာခိုင်းလိုက်ပါ... အဲ့ဒီအချိန်ကျရင် လောင်ကျန်းကိုပါ ခေါ်လိုက်ပြီး မင်းတို့နှစ်ယောက် အလုပ်လွှဲပြောင်းရေး ကိစ္စကို အတူတူ တိုင်ပင်ကြတာပေါ့..."
ဆွန်းလီပင်းက ခေတ္တရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်လေသည်...
"ဒါနဲ့... ကလေးတွေရဲ့ ကျောင်းကိစ္စ မနှောင့်နှေးရအောင် ရှောက်ထင်နဲ့ ဆန်းဝါရဲ့ အိမ်ထောင်စုစာရင်း တွေကိုပါ ယူလာခဲ့ပါ... အားလုံးကို တစ်ပေါင်းတည်း လုပ်ပေးလိုက်မယ်..."
"အို... အန်တီဆွန်းကို အများကြီး ကျေးဇူးတင်ပါတယ်..."
ကျိုးချန်ယဲ့က ပြုံးရွှင်စွာဖြင့် အလျင်အမြန် ကျေးဇူးတင်စကား ပြောလိုက်လေသည်။
"မင်းလို ကောင်ဆိုးလေးကတော့လေ..."
ဆွန်းလီပင်းမှာ စိတ်တိုရခက် ရယ်ရခက်ဖြစ်သွားကာ မတတ်သာသည့်ဟန်ဖြင့် သူ့အား လက်ညှိုးထိုးပြ လိုက်လေသည်။
————————
ကျိုးချန်ယဲ့သည် ရပ်ကွက်ကော်မတီရုံးထဲမှ ထွက်လာခဲ့ပြီး သူ၏ လက်ပတ်နာရီကို ကြည့်ရန် လက်ကို မြှောက်လိုက်ရာ အချိန်မှာ ဆယ်နာရီခွဲပင် ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
သူသည် ကျောင်းကို နေ့တစ်ပိုင်းသာ တိုင်ထားခဲ့သည်ကို သတိရသွားပြီး ချက်ချင်းပင် လှည့်ကာ ပျော်ရွှင်ခြင်းမုန့်ဆိုင်သို့ အလျင်အမြန် သွားခဲ့လေသည်။
သူသည် မုန့်ဆိုင်အပေါက်ဝသို့ ရောက်ရှိသွားချိန်တွင် ဒုတိယမရီးမှာ အမျိုးသမီး
ဒအနည်းငယ်အတွက် မုန့်များကို ချိန်တွယ်ပေးရန် အလုပ်များနေသည်ကို မြင်လိုက်ရလေ၏။ ဆန်းဝါ သည် သူ၏ လက်ထဲတွင် ပဲတီစိမ်းမုန့် တစ်ခုကို ကိုင်ထားလျက် ကောင်တာ၏ နောက်ဘက်၌ တိတ် ဆိတ်စွာ ထိုင်နေခဲ့လေသည်။
"ဦးလေး..."
ကျိုးချန်ယဲ့ အထဲသို့ ဝင်ရန် ပြင်လိုက်ချိန်မှာပင် ဆန်းဝါက သူ့အား မြင်သွားကာ သူ၏ လက်ထဲရှိ ပဲတီစိမ်းမုန့်ကို ချက်ချင်းချထားခဲ့ပြီး သူ၏ထံသို့ ပြေးလာခဲ့လေတော့သည်။
ကျိုးချန်ယဲ့သည် ကိုယ်ကိုကိုင်းကာ ဆန်းဝါကို ပွေ့ချီလိုက်ပြီး သူ၏ တင်ပါးလေးကို ဖွဖွလေး ပုတ်လျက် ပြုံးကာ မေးလိုက်လေသည်...။
"ဆန်းဝါ... မင်း ကျောင်းသွားချင်လား..."
"ဟုတ်ကဲ့... ဦးလေး... ဆန်းဝါ ကျောင်းသွားချင်တယ်..."
ဆန်းဝါက ကျိုးချန်ယဲ့၏ လည်ပင်းကို ဖက်ထားလျက် သူ့အား ဝင်းလက်နေသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်လေသည်။
"ကောင်းပြီ... ဆန်းဝါ ကျောင်းစတက်ရင် ကျောင်းမှာ ဝတ်ဖို့ အဝတ်အစားသစ် တစ်စုံ ဦးလေးက လက်ဆောင်ပေးမယ်... ကောင်းလား..."
ကျိုးချန်ယဲ့က ပြုံးလျက် ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် ဦးလေး..."
ဆန်းဝါက တခစ်ခစ် ရယ်မောရင်း ပြောလိုက်လေသည်။
ဒုတိယမရီး ကျောက်ရှောက်ထင်သည် ကျိုးချန်ယဲ့၏ စကားကို ကြားသောအခါ စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ရှေ့တိုးလာခဲ့လေသည်...။
"ယောက်ဖ... ဆန်းဝါရဲ့ ကျောင်းကိစ္စက..."
ကျိုးချန်ယဲ့က ခေါင်းညိတ်ပြလိုက်ပြီးနောက် မေးလိုက်လေသည်...
"ဒုတိယမရီး... ဒုတိယအစ်ကိုရော... ကျွန်တော့်အိမ်မှာ နေ့လယ်စာ အတူတူ စားကြရင်း အဲ့ဒီကျမှ အသေးစိတ် ပြောကြတာပေါ့..."
"အေးပါ... အေးပါ... ကောင်းပါပြီ... မင်းရဲ့ ဒုတိယအစ်ကိုက နောက်ဖေးခြံဝင်းထဲမှာ ထင်းခွဲနေတယ် လေ... အခုပဲ သွားပြောလိုက်ပါ့မယ်..."
ဒုတိယမရီး ကျောက်ရှောက်ထင်က အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ အသံမှာ စိတ်လှုပ် ရှားမှုကြောင့် တုန်ယင်နေခဲ့လေသည်။
ကျိုးချန်ယဲ့သည် ပြုံးလျက် သူ၏ ရင်ခွင်ထဲရှိ ဆန်းဝါကို ငုံ့ကြည့်ကာ ပြောလိုက်လေသည်...။
"ဆန်းဝါ... ဦးလေးနဲ့ အိမ်ပြန်လိုက်မလား... ကျောက်ခဲလေးနဲ့ သွားကစားရအောင်လေ..."
"ဟုတ်ကဲ့... ကျောက်ခဲလေးဆီ သွားချင်တယ်... သား အကြိုက်ဆုံး ပဲတီစိမ်းမုန့်ကို သူ့အတွက် ယူသွား ပေးမယ်..."
ဆန်းဝါသည် ကျိုးချန်ယဲ့၏ လည်ပင်းကို ပို၍ တင်းကျပ်စွာ ဖက်ထားလိုက်ပြီး ဝမ်းသာအားရ အော်ဟစ် လိုက်လေသည်။
"ဟားဟား... ကောင်းပြီ... ဒုတိယမရီး... ကျွန်တော် ဆန်းဝါကို အရင်ခေါ်သွားလိုက်မယ်... အိမ်ပြန်ပြီး ဟင်းတွေ ပြင်ဆင်ထားလိုက်မယ်... နေ့လယ်ကျရင် လာခဲ့ကြနော်..."
ကျိုးချန်ယဲ့သည် ဒုတိယမရီးကို မော့ကြည့်လိုက်လေသည်။
"ကောင်းပါပြီ... ဆန်းဝါ... အန်တီနဲ့ ဦးလေး စကားကို နားထောင်နော်... ဆိုးဆိုးဝါးဝါး မလုပ်နဲ့... ကြား လား..."
ထို့နောက် ဒုတိယမရီးက ဆန်းဝါကို ကြည့်ကာ မှာကြားလိုက်လေသည်။
"ဟုတ်ကဲ့..."
ဆန်းဝါက သူ၏ ခေါင်းလေးကို အမြန်ညိတ်ပြလိုက်လေသည်။
ဒုတိယမရီးကို နှုတ်ဆက်ပြီးနောက် ကျိုးချန်ယဲ့သည် ဆန်းဝါကို ချီလျက် ကျိုးမိသားစုခြံဝင်းသို့ ပြန်လာ ခဲ့လေသည်။
အိမ်တံခါးဝသို့ ရောက်ရှိလာချိန်တွင် ဆန်းဝါ အာရုံလွှဲနေခိုက်ကို အခွင့်ကောင်းယူကာ သူ လွယ်ထား သော ဂုန်နီအိတ်ထဲသို့ လက်ကို တိတ်ဆိတ်စွာ နှိုက်လိုက်လေသည်။
စိတ်ထဲမှ တွေးလိုက်သည်နှင့် တစ်ပြိုင်နက် နေရာလွတ်ထဲမှ အပြည့်အမောက် ပါရှိသော ထမင်းချိုင့် အများအပြားသည် ဂုန်နီအိတ်ထဲသို့ ရောက်လာခဲ့တော့လေသည်။