← Chapters

အခန်း ၅၈၉

Vol. 43 Ch. 589

အခန်း ၅၈၉

Vol. 43 Ch. 589

အခန်း (၅၈၉) - ပါဝင်ပတ်သက်ခြင်း၊ အမှန်နှင့်အမှား၊ နတ်ဆိုးဧကရာဇ်ကြီး၏ ရည်ရွယ်ချက်

သို့သော် ချီဖျန့်ဧကရာဇ်သည် အရာအားလုံးကို တွက်ချက်ထားသော်လည်း အရေးကြီးသော အသေးစိတ်အချက်တစ်ခုကိုတော့ လွဲချော်သွားခဲ့၏။ ထိုအချက်မှာ နတ်ဆိုးဧကရာဇ်ကြီးက ဤမျှ လျှို့ဝှက်ထားရမည့်ကိစ္စကို ကုချန်အား အမှန်တကယ်ပင် ပြောပြလိမ့်မည်ဟူသော အချက်ပင်။

မည်သို့ပင်ဆိုစေကာမူ ချီဖျန့်ဧကရာဇ်သည် နတ်ဆိုးဧကရာဇ်ကြီးအား အမှန်အတိုင်း အားလုံး ပြောပြခဲ့ခြင်း မရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် နတ်ဆိုးဧကရာဇ်ကြီး၏ စကားများအရ ချီဖျန့်ဧကရာဇ် ပြောပြခဲ့သော အခြေအနေများတွင် ကုချန် ရှိနေကြောင်းကို လုံးဝ ထုတ်ဖော်ပြောဆိုထားခြင်း မရှိသောကြောင့်ဖြစ်သည်။

ထိုအစား ချူးဧကရာဇ်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့ကိုသာ ဖော်ပြထားခဲ့သည်။

ချီဖျန့်ဧကရာဇ် ဘာကြောင့် ဒီလိုလုပ်ခဲ့သလဲဆိုတာကိုတော့ ကုချန်လည်း သေသေချာချာ မသိခဲ့ပေ။

ချူးဧကရာဇ်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့အပြင် အခြားနတ်ဆိုးဧကရာဇ်များလည်း ပါဝင်ပတ်သက်နေကြောင်းကို နတ်ဆိုးဧကရာဇ်ကြီး သိသွားပါက ဤကိစ္စတွင် နတ်ဆိုးဧကရာဇ်ကြီး ဝင်မပါရဲတော့မည်ကို သူ စိုးရိမ်နေ၍များလော။

ဒါမှမဟုတ် ကုချန် ရှိနေခြင်းက အရေးမပါဘူးလို့ သူ ထင်နေလို့များလား။

မည်သို့ပင်ဖြစ်စေ ချီဖျန့်ဧကရာဇ်သည် နတ်ဆိုးဧကရာဇ်ကြီးကို အမှန်အတိုင်း မပြောခဲ့သည်မှာ သေချာပေသည်။

သို့သော် ကုချန်ကိုယ်တိုင်လည်း နတ်ဆိုးဧကရာဇ်ကြီးကို အမှန်အတိုင်း ပြောပြရန် သေချာပေါက် ရည်ရွယ်မထားခဲ့ချေ။ သူ ဘာပြောရမည်နည်း။ သူသည် နတ်ဆိုးဧကရာဇ်ကြီးကို ချီဖျန့်ဧကရာဇ်က သူ၏လက်ထဲမှ ကံကောင်းထောက်မစွာဖြင့် အသက်လုပြေးသွားနိုင်ခဲ့ကြောင်းနှင့် သူ ပစ်မှတ်ထားချင်သော ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ်တို့အားလုံးမှာ သူ၏ လက်အောက်ငယ်သားများ ဖြစ်ကြကြောင်း ပြောပြရမည်လော။

" ဒါဆို နတ်ဆိုးဧကရာဇ်ကြီးရဲ့ သဘောက…. "

နတ်ဆိုးဧကရာဇ်ကြီး၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကုချန်သည် သူ၏ သဘောထားကို ပြောပြရန် အလျင်စလို မလုပ်ဘဲ နတ်ဆိုးဧကရာဇ်ကြီး၏ သဘောထားကို အရင်မေးမြန်းလိုက်၏။

" ငါ့သဘောကတော့ တကယ်လို့ အခွင့်အရေးသာရှိရင် ချီဖျန့်ဧကရာဇ်ကို ကူညီပေးမယ်လို့ ပြောချင်တာပါ "

နတ်ဆိုးဧကရာဇ်ကြီးမှ ဖြည်းညင်းစွာ ပြောဆိုလိုက်၏။

သူနှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့ကြားတွင် ရန်ငြိုးဟောင်းတစ်ခု ရှိနှင့်ပြီးဖြစ်ကာ မကြာသေးမီကလည်း ရှာနာနတ်ဆိုးဧကရာဇ်က သူ့ကို တစ်ဖန် 'လှည့်စား' သွားခဲ့သေးသည်။ နတ်ဆိုးဧကရာဇ်ကြီး၏ စိတ်သဘောထားက မည်မျှပင် ကောင်းမွန်နေပါစေ သူသည် လုံးဝ ဂရုမစိုက်သလိုမျိုး ကျိန်းသေပေါက် နေနိုင်မည်မဟုတ်ချေ။

ထို့ကြောင့် အကယ်၍ အခွင့်အရေးသာရှိပါက သူသည် ရှာနာနတ်ဆိုးဧကရာဇ်အပေါ် ကလဲ့စားချေလိမ့်မည်ပင်။

ထို့အပြင် ချီဖျန့်ဧကရာဇ်၏ ရှင်းပြချက်ကလည်း သူ့ထံ အန္တရာယ်ရှိနိုင်ခြေကို ခံစားလာရစေသည်။

ချူးဧကရာဇ်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့ ဘယ်လိုကြောင့် ပူးပေါင်းသွားကြသလဲဆိုတာကို နတ်ဆိုးဧကရာဇ်ကြီး မသိသော်လည်း ထိုအချက်မှတစ်ဆင့် အန္တရာယ် အရိပ်အယောင်တစ်ခုကိုတော့ သူ ခံစားလိုက်ရ၏။

အကြောင်းရင်းမှာလည်း ရိုးရှင်းလွန်းပါ၏။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း ချူးဧကရာဇ်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့ နှစ်ဦး လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေးယူနိုင်လိမ့်မည်ဟု မထင်ထားသောကြောင့်ပင်။ မည်သို့ပင်ဆိုစေကာမူ ထိုနှစ်ဦးကြားရှိ ရန်ငြိုးမှာ သူနှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့ကြားရှိ ရန်ငြိုးထက် မလျော့ဘဲ ပို၍ပင် ကြီးမားနေနိုင်ပေသည်။

ဤနှစ်ဦးသည် မည်သည့် အရိပ်အယောင်မျှ မပြဘဲ ပူးပေါင်းသွားခဲ့ကြ၏။

အကယ်၍ ရှာနာနတ်ဆိုးဧကရာဇ်မှ ၎င်းကို ထောင်ချောက်တစ်ခုအဖြစ် အသုံးပြုကာ ချူးဧကရာဇ်ကို ခြုံခိုတိုက်ခိုက်ရန် ဆွဲဆောင်ခဲ့ခြင်းဆိုပါက သူသည် အမှန်တကယ်ပင် ကျော့ကွင်းမိသွားလောက်ပေသည်။

ချီဖျန့်ဧကရာဇ်သည် အကောင်းဆုံးသော သာဓကပင်ဖြစ်၏။ သူသည် ရှာနာနတ်ဆိုးဧကရာဇ်ကို နှိမ်နင်းရန် ချူးဧကရာဇ်ကို ကူညီနေခဲ့သော်လည်း နောက်ဆုံးတွင် ကိုယ်တိုင်သာ နှိမ်နင်းခံလိုက်ရသူဖြစ်ခဲ့ရသည်။ နတ်ဆိုးဧကရာဇ်ကြီးသည် ထိုခံစားချက်ကို ကောင်းစွာ သိရှိထားသူဖြစ်၏။

ထို့ကြောင့် နောင်တွင် ဤကဲ့သို့သော အခြေအနေမျိုး ထပ်မံမဖြစ်ပေါ်စေရန် ရှောင်ရှားနိုင်မည့် အကောင်းဆုံးနည်းလမ်းမှာ ကျိန်းသေပေါက် အန္တရာယ်ကို အစောပိုင်းကတည်းက ခြေမှုန်းပစ်ထားခြင်းဖြစ်၏။ ရှာနာနတ်ဆိုးဧကရာဇ်ကို ပစ်မှတ်ထားရန် ချီဖျန့်ဧကရာဇ်နှင့် ယခုလို မဟာမိတ်ဖွဲ့ခြင်းက အကောင်းဆုံးသော အခွင့်အရေးပင်ဖြစ်သည်။

" ဒီတစ်ကြိမ် တာအိုမိတ်ဆွေကို ဒီကို ဖိတ်ခေါ်ရတာက တာအိုမိတ်ဆွေရော ပါဝင်ဖို့ စိတ်ဝင်စားမှုရှိမလားဆိုတာ သိချင်လို့ပါ "

နတ်ဆိုးဧကရာဇ်ကြီးသည် အဓိကအကြောင်းအရာသို့ ပြန်လှည့်လာပြီး ကုချန်၏ သဘောထားကို တိုက်ရိုက် မေးမြန်းလိုက်၏။

" တကယ်လို့ အခွင့်အရေးသာရှိရင်… အတိတ်က အငြိုးအာဃာတကိုတော့ ကျိန်းသေ ပြန်ဆပ်ချင်တာပေါ့ "

ကုချန်သည် ရယ်မောလိုက်ပြီး အတည်လည်းမပြုသကဲ့သို့ ငြင်းဆိုခြင်းလည်း မရှိချေ။

အပေါ်ယံကြည့်မည်ဆိုလျှင် သူနှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့ကြားတွင် ပြေလည်နိုင်စရာမရှိသော ရန်ငြိုးရန်စ ရှိနေဆဲဖြစ်သည်။ အကယ်၍ သူသာ ယခုအချိန်တွင် အလွန်အမင်း အေးဆေးတည်ငြိမ်နေပါက နတ်ဆိုးဧကရာဇ်ကြီး၏ သံသယကို နှိုးဆွလိုက်သကဲ့သို့ ဖြစ်သွားနိုင်၏။

ထို့အပြင် ကုချန်ကိုယ်တိုင်လည်း အမှန်တကယ် ပါဝင်ချင်နေခဲ့သည်။ ဤအခွင့်အရေးကို အသုံးပြုပြီး ရေနောက်တွင် ငါးဖမ်းကာ ချီဖျန့်ဧကရာဇ်ကို နောက်တစ်ကြိမ် ပြန်လည်ခြုံခိုတိုက်ခိုက်နိုင်မလားဆိုတာကို ကြည့်ချင်သောကြောင့်ပင်!

ချီဖျန့်ဧကရာဇ် ရှိနေခြင်းက ကုချန်အတွက် သေချာပေါက် ကြီးမားသော လျှို့ဝှက်အန္တရာယ်တစ်ခု ဖြစ်နေ၏။ ချီဖျန့်ဧကရာဇ်သည် ကုချန် မည်သူမည်ဝါဖြစ်ကြောင်းကို မသိသော်လည်း ကွေ့ရွှီးနယ်မြေအတွင်းက ကိစ္စများ ပေါက်ကြားသွားပါက နောက်ဆုံးတွင် လျှို့ဝှက်အန္တရာယ်တစ်ခု ဖြစ်လာမည်မှာ သေချာပေသည်။

ထို့ကြောင့် ချီဖျန့်ဧကရာဇ်ကို အမြန်ဆုံး နှိမ်နင်းနိုင်ပါက ကုချန်၏ စိတ်ထဲမှ ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့ကျသွားမည်ဖြစ်သည်။

ယခုကဲ့သို့သော အခွင့်အရေးမျိုး ပေါ်လာချိန်တွင် ကုချန်မှာ ဘယ်လိုလုပ်ပြီး လက်လွတ်ခံနိုင်မည်နည်း။

" တကယ်ပဲ... ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ "

ရှာနာနတ်ဆိုးဧကရာဇ်ကို ပစ်မှတ်ထားရန် ကုချန်မှ မတွန့်ဆုတ်ဘဲ သဘောတူလိုက်သည်ကို မြင်သောအခါ နတ်ဆိုးဧကရာဇ်ကြီး၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားခဲ့ပြီး သူ၏ယခင် ခန့်မှန်းချက်ကို နောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့သည့်အလား ဖြစ်သွား၏။

အကယ်၍ ကုချန်မှာ မည်သည့်နောက်ခံမှ မရှိဘဲ သာမန် အင်မော်တယ်ဘုရင်တစ်ပါးသာဆိုလျှင် နတ်ဆိုးဧကရာဇ်တစ်ပါးကို ဤမျှ မဆင်မခြင် ပစ်မှတ်ထားပြီး အကွက်ဆင်ရဲမည်မဟုတ်ချေ။

ဘာကိုမှ မကြောက်ရလောက်အောင် အံ့မခန်း နောက်ခံတစ်ခုရှိနေပြီး ယုံကြည်ချက်ရှိနေလို့သာ နတ်ဆိုးဧကရာဇ်တစ်ပါးကို အကွက်ဆင်ရဲခြင်း ဖြစ်ရမည်။

" နတ်ဆိုးဧကရာဇ်ကြီးမှာ အစီအစဉ်တစ်ခုခုများ ရှိနေပြီလား "

ရှာနာနတ်ဆိုးဧကရာဇ်ကို ပစ်မှတ်ထားရန် ဆန္ဒရှိကြောင်း ဖော်ပြပြီးနောက် ကုချန်သည် ချက်ချင်းပင် မေးခွန်းတစ်ခု ဆက်၍ မေးမြန်းလိုက်၏။

ချီဖျန့်ဧကရာဇ်နှင့် နတ်ဆိုးဧကရာဇ်ကြီးတို့၏ အစီအစဉ်များကို သူ သိထားရန် လိုအပ်သည်။ သို့မှသာ သူ ကြိုတင်ပြင်ဆင်ပြီး တန်ပြန်အစီအမံများကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

" အင်း… တာအိုမိတ်ဆွေ ချီဖျန့်ကတော့ ငါ့ကို ဘာမှ မပြောသေးပါဘူး… အရာအားလုံးကို သူပဲ စီစဉ်ပေးမှာပါ… ငါကတော့ လိုအပ်ချက်တွေကို စစ်ဆေးပြီး ဖြည့်ဆည်းပေးရုံပါပဲ… တကယ်လို့ တာအိုမိတ်ဆွေက ရှာနာနတ်ဆိုးဧကရာဇ်ကို ပစ်မှတ်ထားဖို့ တကယ်ပဲ စိတ်ဝင်စားတယ်ဆိုရင် ချီဖျန့်ဧကရာဇ် အစီအစဉ်တွေ သေသေချာချာ ချမှတ်ပြီးတာနဲ့ ငါ အရာအားလုံးကို မင်းကို ပြောပြပါ့မယ် "

နတ်ဆိုးဧကရာဇ်ကြီးမှ ပြုံးရင်း ပြောဆိုလိုက်၏။

" ဒါဆိုရင်လည်း နတ်ဆိုးဧကရာဇ်ကြီးကိုပဲ ဒုက္ခပေးရတော့မှာပေါ့ "

ကုချန် ပြုံးလိုက်သော်ငြားလည်း ထိုအပြုံးထဲတွင် နားလည်ရခက်သော အဓိပ္ပာယ်တစ်ခု ပါဝင်နေလေသည်။

သူက နတ်ဆိုးဧကရာဇ်ကြီး၊ ချီဖျန့်ဧကရာဇ်တို့နဲ့ ပူးပေါင်းပြီး ရှာနာနတ်ဆိုးဧကရာဇ်ကို နှိမ်နင်းဖို့ လာခဲ့တယ်လို့ တကယ်ပဲ ထင်နေတာလား။

မှားသွားပြီ သူနဲ့ ရှာနာနတ်ဆိုးဧကရာဇ်က တကယ်တော့ တစ်ဖက်တည်းသားတွေပဲ!

နတ်ဆိုးဧကရာဇ်ကြီး ဦးနှောက်ခြောက်အောင် စဉ်းစားရင်တောင် ဒီထဲမှာ ပါဝင်ပတ်သက်နေတဲ့ ရှုပ်ထွေးလှတဲ့ ဆက်ဆံရေးတွေကို နားလည်နိုင်မှာ မဟုတ်ဘူးလို့ ကုချန် ယုံကြည်ထားတယ်!

" ကောင်းတယ် "

ကုချန် ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း နတ်ဆိုးဧကရာဇ်ကြီးမှ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

" သခင်ကြီး… ကျွန်တော်မျိုး နားမလည်နိုင်ဖြစ်နေတာက... ရှာနာနတ်ဆိုးဧကရာဇ်ကို နှိမ်နင်းဖို့အတွက် ဒီလူငယ်လေးက ဘာများ အရေးပါနေလို့လဲ "

ကုချန် ထွက်သွားသည်ကို မြင်သောအခါ နားထောင်နေခဲ့သော လိပ်အိုကြီးမှာ သူ၏ရင်ထဲရှိ သံသယများကို ဆက်လက်မဖိနှိပ်ထားနိုင်တော့ဘဲ မေးမြန်းလိုက်လေသည်။

သူ နားမလည်နိုင်ပေ။ ဤရာထူးတိုးခါစ အဆုံးမဲ့ကောင်းကင်အရှင်ကို ကောင်းကင်ရောက်အောင် ချီးမွမ်းပြောဆိုနေလျှင်တောင်မှ သူသည် အင်မော်တယ်ဘုရင်တစ်ပါးမျှသာ ဖြစ်၏။

နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုတစ်ခု၏ ရှေ့တွင် အင်မော်တယ်ဘုရင်တစ်ပါးမှာ ကစားစရာတစ်ခု မဟုတ်လျှင်တောင်မှ ထိုအခြေအနေနှင့် သိပ်မကွာဝေးလှသဖြင့် မည်သည့်အခန်းကဏ္ဍကမှ ကူညီနိုင်မည်မဟုတ်ပေ။

ထိုသို့ဖြစ်ပါလျက်နှင့် သူ၏အရှင်သခင်က ဤအဆုံးမဲ့ကောင်းကင်အရှင်ကို ဖိတ်ကြားရန် အဘယ်ကြောင့် ဤမျှ အားထုတ်နေရသနည်း။ ထိုသူသည် ရှာနာနတ်ဆိုးဧကရာဇ်ကို နှိမ်နင်းရာတွင် မည်သည့်အခန်းကဏ္ဍကမျှ ကူညီနိုင်လိမ့်မည်မဟုတ်ပေ။

" ဒါက မင်း နားမလည်တဲ့ အပိုင်းပဲ… ငါက သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကြောင့် သူ့ကို စည်းရုံးချင်နေတာလို့ မင်း ထင်နေလား "

နတ်ဆိုးဧကရာဇ်ကြီးမှ လိပ်အိုကြီးကို မျက်စောင်းထိုးကြည့်လိုက်၏။ သူ၏ လေသံတွင်လည်း အထင်သေးမှု အရိပ်အယောင်တစ်ခု ပါဝင်နေလေသည်။

" အစောပိုင်းက ဒီလူဟာ ငါ့အကူအညီမပါဘဲ ရှာနာနတ်ဆိုးဧကရာဇ်ရဲ့ လက်ထဲကနေ လွတ်မြောက်နိုင်ခဲ့တယ်… ဒီလူငယ်လေးက ကံကောင်းရုံသက်သက်ပဲလို့ မင်း ထင်နေတာလား "

" အဲ… "

လိပ်အိုကြီးမှာ ခဏတာ စွန့်အသွားရ၏။

အမှန်တကယ်ပင် ဤအချက်ကို သူ ဘယ်လိုလုပ်ပြီး မေ့သွားရသနည်း။ အစောပိုင်းက ဤအဆုံးမဲ့ကောင်းကင်အရှင်သည် ရှာနာနတ်ဆိုးဧကရာဇ်၏ လက်ထဲမှ အသက်လုပြေးနိုင်ခဲ့သည်မှာ အမှန်တကယ်ပင် ရိုးရှင်းလှသည်မဟုတ်ပေ။

" ဒီလူရဲ့ နောက်ခံက ငါကိုယ်တိုင်တောင် နည်းနည်း လန့်သွားရလောက်တဲ့အရာပဲ "

နတ်ဆိုးဧကရာဇ်ကြီးမှ တီးတိုးရေရွတ်လိုက်၏။

သူသည် ကုချန်ကို ဤကိစ္စတွင် ပါဝင်ရန် ဖိတ်ကြားခဲ့ခြင်းမှာ ကုချန်၏ စွမ်းအားကြောင့် မဟုတ်ဘဲ ကုချန်၏ နောက်ခံကြောင့်သာ ဖြစ်သည်။

ရှာနာနတ်ဆိုးဧကရာဇ်ကို ပစ်မှတ်ထားသည့် ဤလုပ်ရပ်တွင် နတ်ဆိုးဧကရာဇ် အတော်များများ ပါဝင်ပတ်သက်နေ၏။ ခြေလှမ်းအနည်းငယ် မှားယွင်းသွားပါက ကွင်းဆက်တုံ့ပြန်မှုတစ်ခုကို ဖြစ်ပေါ်စေနိုင်ပြီး နတ်ဆိုးနယ်မြေတစ်ခုလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားနိုင်၏။

အကယ်၍ ရုတ်ရုတ်သဲသဲဖြစ်မှုသာ အရမ်းကြီးမားသွားပြီး အခြေအနေသာ ကြီးထွားလာပါက နတ်ဆိုးဧကရာဇ်ကြီး ကိုယ်တိုင်တောင်မှ နောက်ဆုံးမှာ ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလားဆိုတာ မသေချာပေ။

All Chapters