← Chapters

အခန်း ၅၉၄

Vol. 43 Ch. 594

အခန်း ၅၉၄

Vol. 43 Ch. 594

အခန်း (၅၉၄) - ပြဇာတ်စတင်ခြင်း၊ ဂရုမစိုက်ခြင်းနှင့် အခွင့်ကောင်းယူခြင်း

နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုအတွက် ခဏတာ အသိစိတ်လွတ်သွားခြင်းဆိုသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။

ထိုအာနိသင်မှာ မပြင်းထန်လှဟု ထင်ရသော်လည်း အဆင့်တူညီသူများသာလျှင် ၎င်း၏အာနိသင်က မည်မျှအထိ ကောင်းကင်ဘုံကို အာခံနိုင်စွမ်းရှိသည်ကို သိရှိပေလိမ့်မည်။

နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုအတွက် စက္ကန့်ပိုင်းအချိန်လေးကပင် အောင်နိုင်ခြင်းနှင့် ရှုံးနိမ့်ခြင်းကို ဆုံးဖြတ်ရန် လုံလောက်ပေသည်။

စဉ်းစားကြည့်ပါ။ အကယ်၍ သူတို့နှစ်ဦးကြား တိုက်ပွဲဖြစ်ပွားနေစဉ်တွင် တစ်ဖက်လူက ကြိုတင်သတိမထားမိဘဲ ဧကရာဇ်ဖိနှိပ်ခေါင်းလောင်းကြောင့် နတ်ဘုရားဝိညာဉ် တုန်ခါသွားကာ တုံ့ပြန်နိုင်စွမ်း မရှိဖြစ်သွားမည်ဆိုလျှင် ထိုသူကို ပြင်းထန်စွာ ဒဏ်ရာရစေခြင်းနှင့် လုံးဝ ဖယ်ရှားပစ်ခြင်းမှာ လွယ်ကူလွန်းသော ကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်ပင်။

တိုတိုဆိုရလျှင် နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုအတွက် ဤအရာသည် တိုက်ပွဲ၏ ရလဒ်ကို ပြောင်းလဲပေးနိုင်သော 'ကြီးမားလှသည့် လက်နက်' တစ်ခုပင် ဖြစ်သည်။

" အရမ်းကောင်းတယ် "

ကုချန်၏မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာလေသည်။

ဤဧကရာဇ်ဖိနှိပ်ခေါင်းလောင်းကြောင့် သူ၏ ယုံကြည်မှုများက အနည်းငယ် ပို၍တိုးလာခဲ့၏။

အကယ်၍ ချီဖျန့်ဧကရာဇ် တစ်ဦးတည်းကိုသာ ရင်ဆိုင်ရမည်ဆိုလျှင် သူသည် ဤမျှများပြားသော နည်းလမ်းများ မလိုအပ်သော်လည်း ယခု သူသည် ချီဖျန့်ဧကရာဇ်ကိုသာမက နတ်ဆိုးဧကရာဇ်ကြီးကိုပါ စောင့်ကြည့်နေရခြင်း ဖြစ်သည်။

အကယ်၍ တိုက်ပွဲအခြေအနေများ ပြောင်းလဲသွားပြီး သူနှင့် နတ်ဆိုးဧကရာဇ်ကြီးတို့သည်လည်း ဆန့်ကျင်ဘက် အနေအထားသို့ ရောက်ရှိသွားပါက ဤဧကရာဇ်ဖိနှိပ်ခေါင်းလောင်းကို အသုံးပြုကာ တိုက်ပွဲကို ချက်ချင်း ပြောင်းလဲပစ်နိုင်ပေလိမ့်မည်။

" နောက်တစ်ဆင့်ကတော့ နတ်ဆိုးဧကရာဇ်ကြီးရဲ့ သတင်းကို စောင့်နေရုံပဲ "

ကုချန်သည် မျက်လုံးများကို အနည်းငယ် မှိတ်လိုက်ကာ သူ၏ ကျင့်ကြံမှုကို ဆက်လက်တည်ငြိမ်အောင် လုပ်နေလိုက်၏။

ယခု သူလုပ်ရမည့်အရာမှာ နတ်ဆိုးဧကရာဇ်ကြီး၏ သတင်းကို စောင့်ဆိုင်းရန်သာ ဖြစ်သည်။ ကုချန်မှာ အချိန်အကြာကြီး စောင့်ဆိုင်းလိုက်ရခြင်း မရှိပေ။

ဧကရာဇ်ဖိနှိပ်ခေါင်းလောင်းကို ရရှိပြီး ရက်အနည်းငယ်အကြာမှာပင် နတ်ဆိုးဧကရာဇ်ကြီးထံမှ စာတစ်စောင်ကို သူ ရရှိခဲ့၏။ နတ်ဆိုးဧကရာဇ်ကြီး၏ ပြီးပြည့်စုံသော အစီအစဉ်ကို နားထောင်ပြီးနောက် ကုချန်သည် မည်သည့် တွေဝေမှုမျှမရှိဘဲ ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ်တို့ကို သူ၏ နတ်ဘုရားဝိညာဉ်ဖြင့် ချက်ချင်း ဆက်သွယ်လိုက်လေသည်။

" အရှင်သခင်… ကျွန်မ ဘာလုပ်ရမလဲ "

ကုချန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရှာနာနတ်ဆိုးဧကရာဇ်မှ ညွှန်ကြားချက် တောင်းခံလိုက်၏။

" ဘာလုပ်ရမလဲ ဟုတ်လား… ကျိန်းသေပေါက် ဘာမှမသိသလို ဟန်ဆောင်ပြီး အခြေအနေပေးတဲ့အတိုင်း ဆက်သွားလိုက်ရုံပဲ "

ကုချန်မှ ပြုံးလျက် ပြောဆိုလိုက်၏။

" အခြေအနေပေးတဲ့အတိုင်း… "

ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်လုံးများမှာ တဖြည်းဖြည်း တောက်ပလာပြီးနောက် လေးလေးနက်နက် ခေါင်းညိတ်ကာ ပြန်လည် ပြောဆိုလိုက်၏။

" ကျွန်မ နားလည်ပါပြီ! "

သူ၏အရှင်သခင် ဆိုလိုရင်းမှာ သူ့ကို အခြေအနေကို ပြောင်းပြန်လှန်ပြီး ချီဖျန့်ဧကရာဇ်၏ 'ထောင်ချောက်' ထဲသို့ ဝင်ရောက်သွားစေရန်သာ ဖြစ်သည်။

နောက်ပိုင်း ဘာဖြစ်လာမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ အရှင်သခင်က သူ့ဘာသာပဲ သဘာဝကျကျ ကိုင်တွယ်ဖြေရှင်းသွားလိမ့်မယ်!

ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ်တို့ကို ညွှန်ကြားချက်များ ပေးပြီးနောက် ကုချန်သည် ထုံထျန်းနတ်ဆိုးတောင်သို့ ချက်ချင်း အလျင်အမြန် သွားရောက်ခဲ့လေသည်။

အဘယ်ကြောင့်ဆိုသော် ချီဖျန့်ဧကရာဇ် ရောက်ရှိနေပြီဖြစ်ကြောင်း နတ်ဆိုးဧကရာဇ်ကြီးမှ သူ့အား ပြောပြီးဖြစ်၍ ဤပြဇာတ်ကြီး စတင်ရန် အချိန်ကျရောက်လာပြီဖြစ်သောကြောင့်ပင်။

ထုံထျန်းနတ်ဆိုးတောင်…..

ကုချန် ရောက်ရှိသွားချိန်တွင် ချီဖျန့်ဧကရာဇ်မှာ ကြိုတင်ရောက်ရှိနေပြီးဖြစ်သည်ကို တွေ့လိုက်ရ၏။

" ဒါက မင်းပြောတဲ့ လူငယ်လေးလား "

ချီဖျန့်ဧကရာဇ်မှာ ကုချန်ကို တစ်ချက်ကြည့်လိုက်သည်နှင့် အမြင်ကျယ်စေရန် ခေါ်လာမည်ဟု နတ်ဆိုးဧကရာဇ်ကြီး ပြောခဲ့သော အင်မော်တယ်ဘုရင်မှာ ဤလူငယ်ပင်ဖြစ်ကြောင်း ချက်ချင်း သိလိုက်၏။

သို့သော် သူသည် ကုချန်ကို တစ်ချက်မျှသာ ကြည့်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အင်မော်တယ်ဘုရင်အဆင့်သာရှိသော လူငယ်လေးတစ်ဦးမှာ အမှန်တကယ်ပင် သူ၏အာရုံစိုက်မှုကို ရရှိရန် မထိုက်တန်သောကြောင့်ပင်။

အင်မော်တယ်ဘုရင်အဆင့်နှင့် နတ်ဆိုးဧကရာဇ်အဆင့်မှာ အဆင့်တစ်ဆင့်တည်း ကွာခြားသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ၎င်းတို့ကြားရှိ ကွာခြားချက်မှာ အင်မော်တယ်ဘုရင်တစ်ပါးနှင့် သာမန်လူတစ်ယောက်ကြားရှိ ကွာခြားချက်ထက်ပင် ပို၍ ကြီးမားဝေးကွာလှပေသည်။

နတ်ဆိုးနယ်မြေ၏ အဆုံးမဲ့ ရှေးဟောင်းခေတ်ကာလများတစ်လျှောက်လုံးတွင် မရေမတွက်နိုင်သော အင်မော်တယ်ဘုရင်များ မွေးဖွားလာခဲ့သော်လည်း အင်မော်တယ်ဘုရင်အဆင့်ထက် သာလွန်သော နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုများမှာမူ လက်ချိုးရေတွက်၍ရလောက်အောင် နည်းပါးလှပေသည်။

အင်မော်တယ်ဘုရင်အဆင့်မှ နတ်ဆိုးဧကရာဇ်အဆင့်သို့ တက်လှမ်းရန်ဆိုသည်မှာ ပြင်းထန်သော ကျင့်ကြံမှုတစ်ခုတည်းဖြင့် ရရှိနိုင်သောအရာ မဟုတ်ပေ။ ကြီးမားလှသော ကံကြမ္မာ၊ မိမိ၏ ကိုယ်ပိုင်ကံကြမ္မာနှင့် မွေးရာပါ ပါရမီ ဤအရာများထဲမှ တစ်ခုမျှ လစ်ဟင်း၍ မရချေ။

ထို့ကြောင့် အင်မော်တယ်ဘုရင် အများစုသည် နှစ်ပေါင်းများစွာ ကြာမြင့်စွာ ကျင့်ကြံအားထုတ်ပြီးနောက်မှာတောင် နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရှိရန် ခက်ခဲကြ၏။

ထို့ကြောင့် နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုအတွက် အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုဆိုသည်မှာ အလွန်အမင်း အာရုံစိုက်ရန် မထိုက်တန်သော လူငယ်လေးတစ်ဦးသာ ဖြစ်သည်မှာ သဘာဝပင်။

" ဟုတ်ပါတယ် "

နတ်ဆိုးဧကရာဇ်ကြီးသည် အနည်းငယ် ခေါင်းညိတ်လိုက်ကာ များစွာ ရှင်းပြမနေတော့ဘဲ ကုချန်ကို သူ့နောက်တွင် ရပ်ရန် အချက်ပြလိုက်၏။

သက်ဆိုင်ရာ အခြေအနေများကို နတ်ဆိုးဧကရာဇ်ကြီး၏ မိတ်ဆက်ပြောပြချက်ကြောင့် ကြိုတင်သိရှိထားပြီးဖြစ်သော ကုချန်သည် နတ်ဆိုးဧကရာဇ်ကြီး၏ နောက်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး စောင့်ဆိုင်းနေလိုက်လေသည်။

ယခင်က ကွေ့ရွှီးနယ်မြေတွင် ကုချန်သည် သူ၏ မျက်နှာအစစ်အမှန်ကို မပြသခဲ့သဖြင့် ချီဖျန့်ဧကရာဇ်၏အမြင်တွင် အင်မော်တယ်ဘုရင်အဆင့်သာရှိသော ဤလူငယ်လေးသည် သူ့ကို လက်ရှိအခြေအနေအထိ ရောက်ရှိသွားစေခဲ့သော တရားခံဖြစ်မည်ဟု ချီဖျန့်ဧကရာဇ် လုံးဝ မသိရှိခဲ့ပေ။

" အခု ငါတို့ တိတ်တဆိတ် စောင့်နေရုံပဲ… နတ်ဆိုးနယ်မြေရဲ့ နယ်စပ်နဲ့ ကပ်နေတဲ့ အဲ့ဒီ လျှို့ဝှက်တားမြစ်နယ်မြေအတွက် အစီအစဉ်တွေ အားလုံးကို ငါလုပ်ပြီးသွားပြီ… အဲ့ဒါက လှုပ်ရှားဖို့အတွက် နေရာကောင်းတစ်ခုဖြစ်တဲ့အပြင် တခြားနတ်ဆိုးဧကရာဇ်တွေရဲ့ အာရုံစိုက်မှုကိုလည်း လတ်တလောမှာ ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး "

ချီဖျန့်ဧကရာဇ်မှ မဲ့ပြုံးပြုံးလိုက်ပြီးနောက် သူ စီစဉ်ထားသော တားမြစ်နယ်မြေဆီသို့ နတ်ဆိုးဧကရာဇ်ကြီးနှင့် ကုချန်တို့ကို ရှေ့မှ ဦးဆောင် ခေါ်သွားလေသည်။

ထိုအချိန် ရှာနာနတ်ဆိုးဧကရာဇ်၏ နန်းတော်အတွင်း၌…..

သူ၏ အင်မော်တယ်ဘုရင်များထဲမှ တစ်ပါးသည် ဝမ်းသာအံ့ဩနေသော မျက်နှာဖြင့် ပြေးဝင်လာပြီး ရှာနာနတ်ဆိုးဧကရာဇ်၏ ရှေ့တွင် ဒူးထောက်ကာ ကျယ်လောင်စွာ အစီရင်ခံလေသည်။

" နတ်ဆိုးဧကရာဇ် အရှင်သခင်! အရှင်သခင် လိုအပ်မယ့်အရာတွေ ရှိနေနိုင်တဲ့ အထွတ်အထိပ် ရတနာနယ်မြေတစ်ခုကို ကျွန်တော်မျိုးမ ရှာတွေ့ခဲ့လို့ အမြန်လာပြီး အစီရင်ခံတာပါ! "

ထိုသူမှာ ကျိုးမေဟု အမည်ရသော အမျိုးသမီး အင်မော်တယ်ဘုရင်တစ်ပါးဖြစ်ပြီး ရှာနာနတ်ဆိုးဧကရာဇ်၏ အလေးထားမှုကို အမြဲခံရသူ ဖြစ်သည်။

" အို… "

ဤစကားကို ကြားသောအခါ ရှာနာနတ်ဆိုးဧကရာဇ်မှာ ချက်ချင်းပင် စိတ်ဝင်စားသွားသည့် အမူအရာကို ပြသလိုက်၍ သူ၏လက်အောက်ငယ်သားကို စူးစိုက်ကြည့်လိုက်သော်လည်း သူ၏ မျက်လုံးအနက်ရှိုင်းဆုံးနေရာတွင်မူ သတိမပြုမိနိုင်သော အေးစက်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။

ဤအရာမှာ ချီဖျန့်ဧကရာဇ်၏ အစီအစဉ်ဖြစ်လိမ့်မည်ကို သူ သိထား၏။ အဘယ်ကြောင့်ဆိုသော် ချီဖျန့်ဧကရာဇ် စတင်လှုပ်ရှားနေပြီဖြစ်ကြောင်း သူ၏ အရှင်သခင်က ယခုလေးတင် ပြောပြထားပြီးဖြစ်သောကြောင့်ပင်။

ကျိုးမေ သူ့ကို ခေါ်သွားချင်သည့်နေရာမှာ ချီဖျန့်ဧကရာဇ် ကြိုတင်စီစဉ်ထားပြီးဖြစ်သော တားမြစ်နယ်မြေ ဖြစ်မည်မှာ သေချာ၏။

သို့သော် ရှာနာနတ်ဆိုးဧကရာဇ် မျှော်လင့်မထားခဲ့သောအရာမှာ သူ အယုံကြည်ရဆုံး လက်အောက်ငယ်သားသည် တစ်ချိန်ချိန်ကတည်းက ချီဖျန့်ဧကရာဇ်၏ လူ ဖြစ်သွားခဲ့ခြင်းပင်ဖြစ်သည်။ ဤအရာမှာ ရှာနာနတ်ဆိုးဧကရာဇ် တစ်ခါမျှ မမျှော်လင့်ထားခဲ့သော ကိစ္စဖြစ်၏။

ကျိုးမေသည် ချီဖျန့်ဧကရာဇ်၏ အကြံအစည်ကြောင့် လှည့်စားခံလိုက်ရခြင်းဖြစ်မည်ဟု သူ မထင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကျိုးမေ အစီရင်ခံချိန်တွင် သူ၏ အမူအရာကို သေချာစွာ စောင့်ကြည့်ခဲ့ရာ အနည်းငယ် တင်းမာပြီး စိုးရိမ်ပူပန်နေသည်ကို သတိထားမိခဲ့သောကြောင့် ဖြစ်သည်။

အကယ်၍ သူသည် ရှာနာနတ်ဆိုးဧကရာဇ်ကို အမှန်တကယ် ဂရုစိုက်ပြီး ဤကဲ့သို့သော သတင်းကောင်းမျိုးကို အစီရင်ခံလိုခြင်းသာဖြစ်ပါက သူသည် ဝမ်းသာမှုကိုသာ ပြသမည်ဖြစ်သည်။

သူသည် ယခုကဲ့သို့ ဘာကြောင့် တင်းမာ၍ စိုးရိမ်ပူပန်နေရမည်နည်း။

အစကတည်းက ဤအရာအားလုံးမှာ လှည့်စားမှုတစ်ခုမှန်း သူ သိနေခဲ့လို့သာ ဖြစ်ရမည်။

ငါအရှင်ကို လှည့်စားဖို့ ကြိုးစားရဲတာ တကယ့်ကို သတ္တိပဲ။

ရှာနာနတ်ဆိုးဧကရာဇ်မှာ စိတ်ထဲမှ မဲ့ပြုံးပြုံးလိုက်သော်ငြား အပြင်ပန်းတွင်တော့ သူ၏ မျက်နှာအမူအရာမှာမူ တည်ငြိမ်နေဆဲဖြစ်ကာ ထိုအရာအား သူ စိတ်ဝင်စား၍ မျှော်လင့်နေသည့် အရိပ်အယောင်မျိုးကိုသာ ပြသလိုက်လေသည်။

ကျိုးမေသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ရှာနာ၏ မျက်နှာအမူအရာကို သတိကြီးစွာဖြင့် မော့ကြည့်နေ၏။ သူ စိတ်ဝင်စားသွားသည့် အရိပ်အယောင်ကို ပြသလိုက်သည်ကို မြင်သောအခါ ကျိုးမေသည် ရင်ထဲတွင် ချက်ချင်း ဝမ်းသာသွားသော်လည်း သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းကာ ဆက်လက်အစီရင်ခံလေသည်။

" အခုလေးတင် ကျွန်တော်မျိုးမ အပြင်မှာ သွားလာနေရင်းနဲ့..… "

ကျိုးမေ၏ အကြောင်းပြချက်မှာ လုံးဝ အပြစ်ပြောစရာ မရှိချေ။ သူသည် အပြင်ဘက်တွင် သွားလာနေစဉ် လျှို့ဝှက်နယ်မြေတစ်ခု ပွင့်လာသည်ကို မတော်တဆ မြင်တွေ့ခဲ့ရကြောင်း၊ ထိုထဲမှ ယိုစိမ့်ထွက်လာသော ချီစွမ်းအင်မှာ ရှာနာနတ်ဆိုးဧကရာဇ်နှင့် အနည်းငယ် ဆင်တူသည်ဟု ဝေဝါးဝါး ခံစားခဲ့ရကြောင်း၊ ထို့ပြင် ထိုလျှို့ဝှက်နယ်မြေမှာ အလွန် အန္တရာယ်များကြောင်း ခံစားရသဖြင့် အစီရင်ခံရန် အလျင်အမြန် ပြန်လာခဲ့ခြင်းဖြစ်ကြောင်း စသဖြင့် ပြောပြလေသည်။

" အော်... ဒီလိုကိုး "

ကျိုးမေ၏ ရှင်းပြချက်ကို ယုံကြည်သွားသည့်အလား ရှာနာနတ်ဆိုးဧကရာဇ်မှ အနည်းငယ် ခေါင်းညိတ်လိုက်၏။

ထို့နောက် ရှာနာနတ်ဆိုးဧကရာဇ်သည် သူ၏ပလ္လင်ပေါ်မှ ထရပ်ကာ အေးဆေးစွာ ပြောဆိုလိုက်သည်။

" အခု ငါအရှင့်ကို အဲ့ဒီနေရာဆီ ခေါ်သွား… တကယ်လို့ မင်းပြောတာ မှန်တယ်ဆိုရင် ငါအရှင် မင်းကို ကြီးကြီးမားမား ဆုချမယ်! "

" ကျွန်တော်မျိုးမ ဘာဆုလာဘ်မှ မလိုချင်ပါဘူး… အရှင်သခင်ကို ကူညီနိုင်တယ်ဆိုရင်ပဲ ကျွန်တော်မျိုးမ ကျေနပ်ပါပြီ "

ကျိုးမေသည် ချက်ချင်းပင် မျက်နှာချိုသွေး၍ ပြောဆိုလိုက်ကာ ရှာနာနတ်ဆိုးဧကရာဇ် အမှန်တကယ် ထောင်ချောက်မိလိုက်ပြီဖြစ်၍ စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာနေလေတော့သည်။

All Chapters